← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၅၆) လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ် နောက်တစ်ကြိမ် ပေါ်လာပြန်ပြီ

မလှမ်းမကမ်းရှိ ပင်လယ်ပြင် ရေနံတူးစင်ပေါ်တွင်

"ငါတို့ ဒီလိုမျိုး ထိုင်စောင့်နေလို့ အဆင်မပြေဘူး တကယ်လို့ ထိုင်စောင့်လို့ တွေ့ခဲ့ရင်တောင် ဖမ်းနိုင်ချင်မှ ဖမ်းနိုင်မှာ ငါတို့ရဲ့ ဒီလောက်လေးရှိတဲ့ အင်အားနဲ့ ရေအောက်မှာ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းကို ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ စစ်သင်္ဘောတွေ လွှတ်မှပဲ ရမှာ ဒါပေမယ့် စစ်သင်္ဘောတွေကလည်း တောင်တရုတ်ပင်လယ်မှာ နေ့တိုင်း ကင်းလှည့်နေလို့ မဖြစ်ဘူးလေ အဲဒီလိုဆိုရင် လအနည်းငယ်အတွင်း စစ်သင်္ဘောတွေ သုံးရတဲ့ ကုန်ကျစရိတ်က အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို နောက်ထပ် နှစ်ခုလောက် ဖွဲ့လို့ရတဲ့ ပမာဏလောက် ရှိသွားလိမ့်မယ်"

ဂျန်းနီက ပြောလိုက်လေသည်။

"ဟုတ်တယ် ငါ့ရဲ့ လက်ရှိ အဖွဲ့ခေါင်းဆောင် ရာထူးနဲ့ဆို အရင်တစ်ခေါက်ကလို အရေးပေါ် အခြေအနေမျိုး ကြုံမှသာ တောင်တရုတ်ပင်လယ်က စစ်သင်္ဘောတွေကို ဒီဘက်ကို လာပြီး ခြိမ်းခြောက်ပေးဖို့ ခေါ်လို့ရတာ မဟုတ်ရင် အဲဒီလို ခေါ်လို့မရဘူး"

အန်တိုနီက မျက်နှာပျက်ကာ ပြောလိုက်လေသည်။

အထက်လူကြီးများက ဖိအားပေးနေသော်လည်း သူ့လက်အောက်တွင် အသုံးပြုနိုင်သော အရင်းအမြစ်များက နည်းပါးလှသည်။

အင်အားကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့များကို မချထားနိုင်ဘဲ ထိုပင်လယ်ရေအောက်မှ လျှို့ဝှက်ဆန်းကြယ်သော ရေနံခိုးသည့် အဖွဲ့အစည်းကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

"လတ်တလောမှာ ငါတို့က တစ်ဖက်လူရဲ့ အချက်အလက် အနည်းငယ်ကိုပဲ သိရသေးတယ် ပထမအချက်က အခုချိန်အထိ တောင်တရုတ်ပင်လယ် တစ်ဝိုက်မှာပဲ လှုပ်ရှားတာ တွေ့ရသေးတယ် ဒုတိယအချက်က တစ်ဖက်လူမှာ အဆင့်မြင့် နည်းပညာတွေ ရှိတယ် ဘယ်လောက်အထိ အဆင့်မြင့်လဲ ဆိုတာတော့ ငါတို့ မသိဘူး ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျက်နှာကိုတောင် ငါတို့ မမြင်ဖူးသေးဘူး တတိယအချက်က တစ်ဖက်လူက ပင်လယ်ရေအောက်က တွင်းထွက်ပစ္စည်းတွေကိုပဲ စိတ်ဝင်စားပုံရတယ် အခုချိန်အထိ လူတွေကို သတ်ဖြတ်တာမျိုး မရှိသေးဘူး"

အက်ဘီက ခွဲခြမ်းစိတ်ဖြာပြီးနောက် ပြောလိုက်လေသည်။

"တတိယအချက်ကတော့ ကောင်းပါတယ် အနည်းဆုံးတော့ အခုချိန်အထိ ငါတို့ လူသားတွေနဲ့ ရန်သူ မဖြစ်သေးဘူး အဲဒီအထဲမှာ ငါ နားမလည်နိုင်ဆုံးက တစ်ဖက်လူက ဘယ်လိုလုပ်ပြီး တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ပင်လယ်ရေအောက်ကနေ ရေနံတန်ချိန် သန်းဆယ်နဲ့ချီပြီး မြန်မြန်ဆန်ဆန် ခိုးယူသွားနိုင်တာလဲ ဆိုတာပဲ ပင်လယ်ရေအောက်မှာ ရေနံတူးဖော်ရတာက ကုန်းပေါ်မှာ တူးဖော်ရတာထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်ဆိုတာ သိထားရမယ်"

"ကုန်းပေါ်မှာဆိုရင်တောင် အဲဒီလို ရေနံမြေ အကြီးကြီးတွေက တစ်နှစ်ကို ရေနံတန်ချိန် သန်းဆယ်နဲ့ချီပြီးပဲ ထုတ်လုပ်နိုင်တာ တစ်ဖက်လူကတော့ တစ်လတောင် မပြည့်သေးဘူး ရေနံတန်ချိန် သန်းဆယ်နဲ့ချီပြီး ခိုးသွားနိုင်တယ် သူများတွေရဲ့ ရေနံမြေ အကြီးကြီးတွေမှာ အလုပ်သမား ထောင်ချီ သောင်းချီပြီး တစ်နှစ်လုံးလုံး ကြိုးစားပမ်းစား အလုပ်လုပ်မှ ရတဲ့ ပမာဏကို တစ်ဖက်လူက တစ်လလောက်နဲ့ ရသွားတယ် တစ်လတောင် မကြာလောက်ဘူး"

"ငါ ထင်တာတော့ လက်ရှိ လူသားတွေရဲ့ နည်းပညာနဲ့ဆို ဒါက လုံးဝ မဖြစ်နိုင်ဘူး တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တောင် အမေရိကန်က ကမ္ဘာပေါ်မှာ နံပါတ်တစ် အင်အားအကြီးဆုံး နိုင်ငံ မဟုတ်တော့ဘူး"

ဂျေ ကလည်း သူ၏ အမြင်ကို ဆက်လက် ပြောပြလေသည်။

သူတို့ အားလုံး ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် လက်ရှိ လူသားများ အနေဖြင့် ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

ထို့ကြောင့် သူတို့က အဓိက သံသယရှိသူအဖြစ် ဂြိုဟ်သားများနှင့် အမည်မသိ သက်ရှိများကို သတ်မှတ်လိုက်ကြသည်။

ဤကိစ္စမှာ ယုတ္တိမတန်သလို ထင်ရသော်လည်း လက်တွေ့တွင် ဖြစ်ပျက်နေပြီဖြစ်သည်။

အမေရိကန်နိုင်ငံ အနေဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားလျှင်ပင် လုပ်ဆောင်နိုင်မည် မဟုတ်သော ကိစ္စကို အခြား မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်နိုင်မည်နည်း။

"ဒီလိုဆိုမှတော့ ငါတို့ ဆုတ်ခွာကြတာပေါ့ ငါတို့ တပ်ဆင်ထားတဲ့ ရေဒါစောင့်ကြည့်ရေး ကိရိယာတွေကရော တစ်ဖက်လူကို ရှာတွေ့နိုင်ပါ့မလား မသိဘူး တစ်ဖက်လူရဲ့ နည်းပညာက ဒီလောက် မြင့်မားနေတာ ငါတို့ရဲ့ ရေဒါစောင့်ကြည့်ရေး ကိရိယာတွေက အလကား ဖြစ်နေမလား မသိဘူး"

အန်တိုနီက ပြောလိုက်လေသည်။

မည်သည့် သဲလွန်စမျှ ရှာမတွေ့သလို တစ်ဖက်လူကိုလည်း မဖမ်းနိုင်သဖြင့် ဤသို့ ဆက်လက် အချိန်ဖြုန်းနေရန် မလိုအပ်တော့ပေ။

ထို့ကြောင့် အန်တိုနီသည် သွားကြိတ်ကာ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်လေသည်။

ထိုအချိန်ကျလျှင် အထက်လူကြီးများက အပြစ်တင်လာပါကလည်း သူ ဘာမှ မတတ်နိုင်ပေ။

ဤကိစ္စမှာ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

တကယ်တော့ အန်တိုနီ ယခုလေးတင် ပြောလိုက်သော စကားမှာ မှန်ကန်နေသည်။

ယခုအချိန်တွင် ဆွန်ဖုန်းသည် သူတို့ တပ်ဆင်ထားသော ရေဒါစောင့်ကြည့်ရေး ကိရိယာများကို လုံးဝ ဂရုမစိုက်ဘဲ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ဝင်ရောက်လာသကဲ့သို့ ပင်လယ်ရေအောက်တွင် လွတ်လပ်စွာ ရေနံခိုးနေလေသည်။

"ကောင်းပြီ ဒီနှစ်ရက်အတွင်း ငါတို့က ရေနံတူးစင် အောက်က ပင်လယ်ကြမ်းပြင် ပတ်လည်မှာ တပ်ဆင်ထားတဲ့ ရေဒါစောင့်ကြည့်ရေး ကိရိယာတွေကို ပြန်သိမ်းပြီး ဆုတ်ခွာကြမယ်"

အန်တိုနီက ထိုသုံးယောက်ကို ပြောလိုက်လေသည်။

"ကောင်းပြီ သဘောတူတယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

သုံးရက် အချိန်က အလွန် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

ဆွန်ဖုန်း ပင်လယ်ရေအောက်တွင် ရေနံခိုးရသည်မှာ အလွန် အဆင်ပြေပြီး မည်သည့် ပြဿနာမျှ မဖြစ်ပေါ်ခဲ့ပေ။

ဒီသုံးရက်အတွင်းမှာပဲ အန်တိုနီတို့သည်လည်း ရေနံတူးစင်အောက် ပင်လယ်ကြမ်းပြင်အနီးရှိ စက်ပစ္စည်းများကို တဖြည်းဖြည်း ပြန်လည်သိမ်းဆည်းခဲ့ကြသည်။

ဒီရက်ပိုင်းအတွင်း အန်တိုနီတို့၏ လှုပ်ရှားမှုများ အားလုံးကို ဆွန်ဖုန်းက မြင်တွေ့နေရသည်။

အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းက ရေအောက်တူးဖော်ရေးစနစ်ကြီး၏ ၃၅၀ ကီလိုမီတာ အချင်းဝက်ကို လွှမ်းခြုံနိုင်သော ရှာဖွေရေးစနစ်ကို အမြဲတမ်း ဖွင့်ထားသောကြောင့်ပင်။

ထို့ကြောင့် အန်တိုနီတို့က ပင်လယ်ရေအောက်မှ ထိုစက်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနေစဉ် ဆွန်ဖုန်းက ရေအောက်တူးဖော်ရေးစနစ်ကြီး၏ ဖန်သားပြင်မှတစ်ဆင့် အားလုံးကို မြင်တွေ့နေရခြင်း ဖြစ်သည်။

"ကြည့်ရတာ ဒီကိစ္စမှာ တခြားသူတွေ ဝင်စွက်ဖက်နေတာ သေချာသွားပြီ အဖွဲ့အစည်း တစ်ခုခုကို အာရုံစိုက်မိသွားအောင် လုပ်လိုက်သလို ဖြစ်သွားပြီ ဒါပေမယ့် ဒီလူတွေက ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ မသိဘူး နိုင်ငံခြားသားတွေရဲ့ အဖွဲ့အစည်း ဖြစ်ဖို့တော့ များတယ်"

ဆွန်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ဟေ့ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး ပင်လယ်ရေအောက်မှာဆိုရင် ကျွန်တော်တို့ကို လုံးဝ ဒုက္ခမပေးနိုင်ပါဘူး"

အသံလက်ထောက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"ဟိုးအရင်တုန်းကဆို ကျွန်တော်တို့က ကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ဖူးတယ် အစွမ်းထက်တဲ့ ကျွန်တော်က တစ်ပတ်တည်းနဲ့ ဂြိုဟ်တစ်လုံးရဲ့ သယံဇာတတွေကို အကုန်တူးဖော်နိုင်ခဲ့တာ"

အသံလက်ထောက်က သူ၏ အတိတ်က အောင်မြင်မှုများကို ပြန်လည် ကြွားလုံးထုတ်နေပြန်လေသည်။

"အခု မင်းမှာ အဆင့်မြင့် စွမ်းအင် သုံးစရာ မရှိဘူး မင်းကို အနှစ် ၂၀ အချိန်ပေးရင်တောင် ကမ္ဘာမြေရဲ့ သယံဇာတတွေကို အကုန်တူးဖော်နိုင်မှာ မဟုတ်ဘူး"

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"ကျွန်တော့်ကို စိတ်ဓာတ်မကျအောင် လုပ်လို့ မရဘူးလား"

"တော်ပြီ မင်းနဲ့ စကားများမနေချင်တော့ဘူး အဲဒီ တူးဖော်ရေးစက် အလုံးလေးဆယ်က အားကုန်သွားပြီ ငါတို့ အလုပ်သိမ်းလို့ ရပြီ"

ဆွန်ဖုန်းသည် အသံလက်ထောက်၏ ကြွားလုံးထုတ်မှုများကို ဆက်မနားထောင်ချင်တော့ဘဲ စက်ရုပ် ငါးရာကျော်နှင့် တူးဖော်ရေးစက် အလုံးလေးဆယ် ရေနံစုဆောင်းရေး ပိုက်လိုင်းများ စသည်တို့ကို သိုလှောင်ရုံ အတွင်းသို့ စတင် သိမ်းဆည်းလိုက်လေသည်။

မကြာမီ ဆွန်ဖုန်းသည် အားလုံးကို သိမ်းဆည်းပြီးသွားလေသည်။

"ဟဲဟဲ ရေနံတန်ချိန် သန်း ၁၂၀ ရသွားပြီ"

ဆွန်ဖုန်းက ထိုနေရာကို တစ်ချက်ကြည့်ကာ ကျေနပ်စွာဖြင့် ပြောလိုက်လေသည်။

"ဟေ့ အရှင် အခု ကျွန်တော်တို့ရဲ့ အစီအစဉ်ကို စလို့ ရပြီ"

"ကောင်းပြီ အကာအကွယ်အလွှာကို ရုပ်သိမ်းလိုက်"

ဆွန်ဖုန်းက ရေအောက်တူးဖော်ရေးစနစ်ကြီးကို အမိန့်ပေးလိုက်လေသည်။

"ရုပ်သိမ်းပြီးပါပြီ"

အသံလက်ထောက်က ပြောလိုက်သည်။

"ကောင်းပြီ လက်နက်စနစ်ကို ဖွင့်လိုက်"

ဆွန်ဖုန်းက ရေအောက်တူးဖော်ရေးစနစ်ကြီး၏ လက်နက်စနစ်ကို တိုက်ရိုက် ဖွင့်လိုက်လေသည်

"ခလောက် ခလောက်"

အနီရောင် ရေအောက်တူးဖော်ရေးစနစ်ကြီး၏ သံမဏိ လက်မောင်းကြီး နှစ်ဖက်ပေါ်တွင် အပြာရောင် အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး ပင်လယ်ရေအောက်တွင် အလွန် တောက်ပနေလေသည်။

"သေမင်းတမန် အလင်းတန်း ပစ်ခတ်"

"ရွှီး ရွှီး"

ရေအောက်တူးဖော်ရေးစနစ်ကြီး၏ လက်မောင်း နှစ်ဖက်မှ အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုသည် အလွန် လျင်မြန်စွာ ထွက်ပေါ်လာပြီး ထိုအရှိန်မှာ အလင်းအမြန်နှုန်းထက်ပင် ပိုမို မြန်ဆန်လေသည်။

"ဘုန်း ဘုန်း"

နောက်တစ်စက္ကန့်တွင် သုံးကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင် ရေနံတူးစင်၏ ရှေ့ဘက် မီတာ တစ်ထောင် အနက်ရှိ ပင်လယ်ကြမ်းပြင်တွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး နှစ်ကြိမ် ဖြစ်ပေါ်ခဲ့လေသည်။

သေမင်းတမန် အလင်းတန်းများ၏ ပစ်ခတ်မှုကြောင့် ပင်လယ်ကြမ်းပြင်တွင် ကြီးမားသော တွင်းကြီး နှစ်တွင်း ဖြစ်ပေါ်သွားလေသည်။

"ဝုန်း ဝုန်း"

ထိုအချိန်တွင် ပေါက်ကွဲမှုနှင့် အနီးဆုံးဖြစ်သော ရေနံတူးစင်ကြီးသည် အလွန်အမင်း တုန်ခါသွားလေသည်။

ကုန်းပတ်ပေါ်ရှိ အလုပ်သမားများမှာ အင်အား ရစ်ချ်တာစကေး ၆ ရှိသော မြေငလျင် လှုပ်သကဲ့သို့ ခံစားလိုက်ရပြီး အလွန် ထိတ်လန့်ကာ ကြောက်ရွံ့ တုန်လှုပ်သွားကြလေသည်။

"ဒါ မြေငလျင်လား"

"အရင်တစ်ခေါက်ကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုးများလား"

ရေနံတူးစင်ပေါ်ရှိ လူအများအပြားမှာ အလွန် ထိတ်လန့်သွားကြပြီး ဤကိစ္စကြောင့် သေးထွက်ကျလုမတတ် ဖြစ်သွားကြလေသည်။

သို့သော် ဤတုန်ခါမှုမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ပြီး ပြီးဆုံးသွားလေသည်။

"အားလုံးပဲ မလန့်ကြနဲ့ မလန့်ကြနဲ့ မြေငလျင်ဆိုရင်တောင် ငါတို့ရဲ့ ရေနံတူးစင်က ငလျင်ဒဏ်ခံနိုင်တဲ့ စနစ်ပါတယ် မကြောက်ကြနဲ့ အားလုံး မကြောက်ကြနဲ့"

မိုက်ကယ်က ဘယ်နေရာမှ ရောက်လာမှန်း မသိဘဲ အနီးအနားရှိ အလုပ်သမားများကို အော်ပြောလိုက်လေသည်။

"ခေါင်းဆောင် ဒါက မြေငလျင်လား ဘာလား"

"ဟုတ်တယ် ခေါင်းဆောင် ကျွန်တော် ကြောက်တယ် အိမ်ပြန်ချင်တယ်"

အလုပ်သမားများ၏ စိတ်ခံစားမှုမှာ အလွန် ထိတ်လန့်နေကြောင်း သိသာနေပြီး လူအများအပြားမှာ ဤကြောက်မက်ဖွယ် ကောင်းသော နေရာမှ ချက်ချင်း ထွက်သွားချင်နေကြလေသည်။

All Chapters