← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) ငါက ရေအောက်ဂြိုဟ်သား ဖြစ်သွားတယ်)

ပထမအကြိမ် ရေနံခိုးခံရမှုတွင် အန်ဒါဆန်က အပြစ်တင်ခံရသည်မှာ မှန်ပေသည်။

သို့သော် ဒုတိယအကြိမ် ရေနံခိုးခံရမှုမှာမူ အန်ဒါဆန်၏ အမှားကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ဆွန်ဖုန်းကို သွားရောက် စော်ကားခဲ့သောကြောင့်ပင်။ ထိုသို့မဟုတ်ပါက ဆွန်ဖုန်းသည် ဒုတိယအကြိမ် အနေဖြင့် တစ်နေရာတည်းတွင် ရေနံသွားခိုးရန် အားနေမည် မဟုတ်ပေ။

ဆွန်ဖုန်းသည် ပင်လယ်ရေအောက်တွင် အခြားရေနံမြေ တစ်ခုကို ရှာဖွေပြီး လွတ်လပ်စွာ တူးဖော်နိုင်ပြီး ဤမျှလောက် ဂရုစိုက်စရာ မလိုပေ။

ယခုအချိန်တွင် ဒီအဲလ် ရေနံကုမ္ပဏီရှိ လူများအားလုံးသည် ဤကိစ္စမှာ သူတို့၏ ဒါရိုက်တာအဖွဲ့နှင့် အန်ဒါဆန်တို့၏ အမှားကြောင့် ဖြစ်ကြောင်း မသိကြပေ။

ထို့အပြင် သူတို့ခေါ်နေသော 'ရေနံခိုးသည့် ဂြိုဟ်သား' မှာ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ၏ သူဌေး ဆွန်ဖုန်း ဖြစ်ကြောင်းကိုလည်း မသိကြပေ။

အန်ဒါဆန်သည် မတ်တတ်ရပ်ကာ မျက်နှာမည်းကြီးဖြင့် သူ့လက်ထဲရှိ အစီရင်ခံစာကို ဖတ်ပြနေလေသည်။

ဤအစီရင်ခံစာမှာ မိုက်ကယ်နှင့် အန်တိုနီတို့ ပူးပေါင်း၍ ဒီအဲလ် ရေနံကုမ္ပဏီ ရုံးချုပ်သို့ ရေးသားပေးပို့ထားသော အစီရင်ခံစာ ဖြစ်သည်။

ဤအစီရင်ခံစာတွင် ယခုတစ်ကြိမ် ဖြစ်ပွားခဲ့သော အဖြစ်အပျက် အပြည့်အစုံနှင့် ခွဲခြမ်းစိတ်ဖြာမှု၊ ခန့်မှန်းချက်များကို အသေးစိတ် ရေးသားထားသည်။

အစည်းအဝေးခန်း အတွင်းရှိ လူတိုင်းသည် တိတ်ဆိတ်စွာ နားထောင်နေကြလေသည်။

မကြာမီ အန်ဒါဆန်က ဖတ်ပြပြီးသွားပြီး ဥက္ကဋ္ဌကို သနားစရာ မျက်နှာလေးဖြင့် ကြည့်ကာ မထိုင်ရဲဘဲ ရပ်နေလေသည်။

"တကယ်ကို မယုံနိုင်စရာပဲ ဒီကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ တကယ် ရှိနေတာလား ဂြိုဟ်သားတွေက ရေနံကို ဘာလို့ တူးနေတာလဲ ရေနံကို သူတို့ ဘာလုပ်မလို့လဲ ဂြိုဟ်သားတွေကလည်း ရေနံကို လောင်စာအဖြစ် သုံးနေတာလား..."

"ဘယ်သူ သိမှာလဲ... ငါက ဂြိုဟ်သားမှ မဟုတ်တာ ဘာပဲဖြစ်ဖြစ် အဲဒီ ဂြိုဟ်သားတွေက ငါတို့ရဲ့ ရေနံမြေကို နှစ်ကြိမ်တောင် လာခိုးသွားတယ်ဆိုတော့ ပြဿနာ အကြီးကြီး ဖြစ်နေပြီ..."

"သွားစမ်းပါကွာ... ဘာ ဂြိုဟ်သားလဲ ငါ ထင်တာတော့ ပင်လယ်ရေအောက်က ကောင်ဆိုးကြီးတွေ ဖြစ်ဖို့ များတယ် သူတို့က ရေနံကို အစာအဖြစ် စားတာ ဖြစ်မယ်..."

"မှားတယ်... အစီရင်ခံစာမှာ ပါတယ်လေ တစ်ဖက်လူမှာ အဆင့်မြင့် နည်းပညာတွေ ရှိတယ် ပြီးတော့ လက်နက်တွေလည်း ရှိတယ် ဂြိုဟ်သား မဟုတ်ရင်တောင် အင်္ဂါဂြိုဟ်သားပဲ ဖြစ်ရမယ်..."

အောက်တွင် အရူးအမူး တွေးတောနေသူများက တီးတိုး ဆွေးနွေးနေကြလေသည်။

"ဥက္ကဋ္ဌကြီး... အရင် ထိုင်ပြီး ရေနည်းနည်း သောက်လိုက်ပါဦး ဒီလိုကိစ္စမျိုး ဖြစ်လာတာကို ဘယ်သူမှ မမြင်ချင်ပါဘူး အခုချိန်မှာ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုကတောင် အခြေအနေကို နားမလည်သေးဘူး ဆိုတော့ အန်ဒါဆန်ကိုလည်း အပြစ်တင်လို့ မရပါဘူး..."

လီယိုက အခြေအနေ အနည်းငယ် တင်းမာနေသည်ကို မြင်သောအခါ မတ်တတ်ရပ်ကာ အန်ဒါဆန် အတွက် တရားမျှတအောင် ပြောပေးလိုက်လေသည်။

မိမိ၏ အထက်လူကြီးဟောင်းက ကူညီပြောပေးသည်ကို မြင်သောအခါ အန်ဒါဆန်က ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

ယခုအချိန်တွင် ဒီအဲလ် ဥက္ကဋ္ဌသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။

ဘာတွေလဲ... သူ ရင်းနှီးမြှုပ်နှံထားသော ပင်လယ်ရေအောက် ရေနံမြေကနေ သူ ကိုယ်တိုင် ရေနံ မတူးရသေးခင်မှာပဲ အမည်မသိ အဖွဲ့အစည်း တစ်ခုက နှစ်ကြိမ်တိုင်တိုင် လာခိုးသွားလေပြီ။ စုစုပေါင်း ရေနံတန်ချိန် သန်းဆယ်နဲ့ချီ ပါသွားပြီ။

ဒီအဲလ် ရေနံကုမ္ပဏီပိုင် ရေနံမြေကြီး တစ်ခု၏ တစ်နှစ်စာ ထုတ်လုပ်မှုက ဒီလိုပဲ အကြောင်းမဲ့ ပျောက်ကွယ်သွားလေပြီ။ ဒီအဲလ် ဥက္ကဋ္ဌက ဘယ်သူ့ကို သွားစော်ကားမိလို့ ဤမျှ ကံဆိုးနေရသနည်း။

မှန်ပေသည်။ သင်တို့က မစော်ကားသင့်သူကို သွားစော်ကားမိခြင်း ဖြစ်သည်။ ဆွန်ဖုန်းကို သွားစော်ကားမိခြင်း ဖြစ်သည်။

"ဟွန့်..."

ဒီအဲလ် ဥက္ကဋ္ဌက အေးစက်စက် နှာမှုတ်လိုက်ပြီး ဒေါသတကြီး ထိုင်ချလိုက်ကာ ရေသောက်ပြီး ဒေါသကို ဖြေလျော့လိုက်လေသည်။

"ဥက္ကဋ္ဌကြီး... ကျွန်တော့် အမြင်အရတော့ ရေနံတူးစင်ရဲ့ တူးဖော်ရေး လုပ်ငန်းတွေ အားလုံးကို အရင် ရပ်ဆိုင်းထားတာ အကောင်းဆုံးပဲလို့ ထင်တယ် ဒီလို ကိစ္စမျိုး ဖြစ်နေတာဆိုတော့ ဝန်ထမ်းတွေက အဲဒီမှာ ဆက်အလုပ်လုပ်နေရင် အသက်အန္တရာယ် တစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ ပိုပြီး ဆုံးရှုံးရလိမ့်မယ် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ စစ်တပ်က ဒီကိစ္စကို သေချာ စုံစမ်းပြီးမှပဲ ကျွန်တော်တို့ ဆက်ပြီး တူးဖော်ကြတာပေါ့..."

ဒါရိုက်တာ တစ်ဦးက အကြံပြုလိုက်လေသည်။

"ဟွန့်... အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုက အသုံးမကျတဲ့ ကောင်တွေကို သွားစုံစမ်းခိုင်းနေတာ... တကယ့် တရားခံကို ဘယ်တော့မှ ဖမ်းမိမှာလဲ အရင်တစ်ခေါက် ဖြစ်ပြီးကတည်းက အခုထိ လပေါင်းများစွာ ကြာနေပြီ သဲလွန်စလေး တစ်ခုတောင် မရသေးဘူး မရတာ ထားလိုက်တော့... အခု ဒီလို သိပ္ပံရုပ်ရှင်ဆန်တဲ့ ကိစ္စမျိုး ထပ်ဖြစ်လာပြန်ပြီ ငါတော့ အဲဒီ အသုံးမကျတဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုကို တိုင်ချင်စိတ်တောင် ပေါက်လာပြီ နိုင်ငံသားတွေရဲ့ အခွန်ငွေတွေကို ဖြုန်းတီးနေတာပဲ..."

ဒေါသကြီးသော ဒါရိုက်တာ တစ်ဦးက ဆဲဆိုလိုက်လေသည်။

"မှန်တယ်... အဲဒီ စုံစမ်းစစ်ဆေးရေးဗျူရိုက သဲလွန်စလေး တစ်ခုလောက် ရဖို့ ဘယ်အချိန်အထိ စောင့်ရမလဲ မသိဘူး ဒါပေမယ့် ငါတို့က ဒီရေနံမြေမှာ လူအင်အား ငွေအင်အား ပစ္စည်းအင်အား အများကြီး ရင်းနှီးမြှုပ်နှံထားပြီးပြီ အခုချက်ချင်း ရပ်လိုက်ရမယ်ဆိုတော့... အဲဒီကနေ ဆုံးရှုံးသွားတဲ့ ငွေတွေကို ဘယ်သူက လျော်ပေးမှာလဲ အချိန်ကြာလေ ငါတို့ရဲ့ ဆုံးရှုံးမှုက ပိုများလေပဲ..."

အခြား ဒါရိုက်တာ တစ်ဦးကလည်း ထောက်ခံလိုက်လေသည်။

"ဟုတ်တယ်... စစ်သင်္ဘောတွေတောင် ရောက်လာတယ်လို့ ကြားတယ် ဒါပေမယ့် တစ်ပတ်လောက် ပတ်ရှာတာတောင် ဘာမှ မတွေ့ဘူးတဲ့ ငါ ထင်တာတော့ အဲဒီ ရေနံခိုးတဲ့ ကောင်တွေက စစ်တပ်ကို ကြောက်လို့ ဖြစ်မယ် ငါတို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး... တူးဖော်ရေးကို ဆက်လုပ်သင့်တယ်..."

"ဒါပေမယ့် လူသေရင် ဘယ်လိုလုပ်မလဲ..."

"လူသေရင် လျော်ကြေးပေးရုံပေါ့... လူအနည်းငယ် သေလို့ ပေးရတဲ့ လျော်ကြေးက ဒီလို အလုပ်ရပ်နားထားလို့ ဆုံးရှုံးရတဲ့ ငွေထက် အဆပေါင်းများစွာ နည်းပါတယ်..."

"ခင်ဗျားက ဝန်ထမ်းတွေကို လူလို မသဘောထားတာပဲ..."

မန်နေဂျာ တစ်ဦးက ဒေါသတကြီး ပြောလိုက်လေသည်။

"ဟွန့်... ကြီးမားတဲ့ အကျိုးအမြတ်ရှေ့မှာ လူအနည်းငယ် သေတာ ဘာအရေးလဲ..."

"တော်ကြတော့... မငြင်းကြနဲ့တော့..."

ဒီအဲလ် ဥက္ကဋ္ဌသည် နားထောင်ရင်း ဒေါသထွက်လာသဖြင့် စားပွဲကို ရိုက်ကာ အော်လိုက်လေသည်။

"ရွှီး..."

နောက်တစ်စက္ကန့်တွင် အစည်းအဝေးခန်း တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။

"လီယို... မင်း စုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ ဆက်သွယ်ပြီး အခု လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ စုံစမ်းကြည့်... သေချာ သိရရင် အကောင်းဆုံးပဲ... သေချာ သိရသည်ဖြစ်စေ မသိရသည်ဖြစ်စေ အဲဒီက ရေနံတူးစင်ကို ဆက်ပြီး အလုပ်လုပ်ခိုင်းလိုက်... ဒီလထဲမှာ ရေနံ ထွက်လာအောင် ကြိုးစားခိုင်း..."

ဒီအဲလ် ဥက္ကဋ္ဌက လီယိုကို အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး..."

လီယိုက အမိန့်ကို ချက်ချင်း လက်ခံလိုက်လေသည်။

"ကောင်းပြီ... အစည်းအဝေး သိမ်းမယ်..."

......

သုံးရက်အကြာတွင် ဤစိတ်လှုပ်ရှားဖွယ် သတင်းသည် ကမ္ဘာ့ သတင်းခေါင်းကြီးပိုင်းများတွင် နောက်တစ်ကြိမ် ဖော်ပြခံရလေသည်။

ကမ္ဘာကျော် သတင်းစာ တစ်စောင်ဖြစ်သော 'ကမ္ဘာ့ ခေတ်သစ် သတင်းစာ' တွင် ဤသတင်းကို ဖော်ပြခဲ့လေသည်။

ကမ္ဘာ့ ခေတ်သစ် သတင်းစာ - တောင်တရုတ်ပင်လယ်တွင် ယခုနှစ်အတွင်း အလွန် လျှို့ဝှက်ဆန်းကြယ်သော ခိုးယူမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ရွှေတွင်း အခိုးခံရသည် သံတွင်း အခိုးခံရသည် ရေနံ အခိုးခံရသည် ယခု ရေနံ ဒုတိယအကြိမ် ထပ်မံ အခိုးခံရပြန်သည်။ အမေရိကန် ဖျက်သင်္ဘောများပင် ထွက်လာခဲ့သော်လည်း တစ်ဖက်လူ၏ အစစ်အမှန် မျက်နှာကို မဖော်ထုတ်နိုင်ခဲ့ပေ။ တရားခံမှာ မည်သူနည်း။ ဂြိုဟ်သားလော သို့မဟုတ် အင်္ဂါဂြိုဟ်သားလော။ သူတို့က ရေနံ၊ သံရိုင်း၊ ရွှေရိုင်းများကို ခိုးယူပြီး ဘာလုပ်မည်နည်း။ သို့မဟုတ် သူတို့က ဂြိုဟ်သားများ မဟုတ်ဘဲ လူသားများ၏ လက်ချက်လော။ လူသားများ ဖြစ်ပါက ဤမျှ မယုံကြည်နိုင်လောက်အောင် ဤမျှ လွန်ကဲသော လုပ်ရပ်များကို လုပ်ဆောင်နိုင်သူမှာ သိပ္ပံရုပ်ရှင်များထဲမှ ထွက်လာသော လူသားများလော။

တရုတ် သတင်းစာ - ဤသို့ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် တောင်တရုတ်ပင်လယ်ကို အဆင့်မြင့် သတိပေး ရေပြင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းသွားမည့် တရုတ် ကုန်သွယ်ရေး သင်္ဘောများ အားလုံးကို ရေတပ်က အစောင့်အရှောက်ဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်၏ မေတ္တာနှင့် ကြီးမြတ်မှုကို ပြသခြင်း ဖြစ်သည်။

မျောက်ညိုလေး နေ့စဉ်သတင်းစာ - ဖြစ်ရပ်တိုင်းသည် ကျွန်ုပ်တို့နှင့် သက်ဆိုင်နေသည်။ ထိုအထဲမှ သံတွင်း၊ ရွှေတွင်းနှင့် ရေနံမြေများ အားလုံးမှာ ကျွန်ုပ်တို့၏ ကမ်းရိုးတန်းရှိ တွင်းထွက် သယံဇာတများ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းက ဘာလို့ ကျွန်ုပ်တို့ကို အမြဲတမ်း ပစ်မှတ်ထားပြီး ဒုက္ခပေးနေရသနည်း။

ဗြိတိန် သတင်းစာ - ဤဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသော အထိတ်တလန့် ဖြစ်မှုများအပေါ် အခြေခံ၍ တောင်တရုတ်ပင်လယ်ကို နိုင်ငံပေါင်းစုံမှ ရေတပ်များ ပူးပေါင်း၍ အကြီးအကျယ် ရှာဖွေမှု ပြုလုပ်ရန် ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် တောင်းဆိုသည်။

ဂျပန် သတင်းစာ - ဤသည်မှာ ဂြိုဟ်သားများ ကျူးကျော်လာမည့် ရှေ့ပြေး နိမိတ်များ ဖြစ်နိုင်သည်... (သတင်းထဲတွင် ဓာတ်ပုံများစွာကိုလည်း ပူးတွဲ ဖော်ပြထားသည်။ ထိုဓာတ်ပုံများမှာ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော တွင်းကြီး နှစ်တွင်းနှင့် ယခင်က ဓာတ်ပုံများ ဖြစ်သည်။ ထို့အပြင် ရေနံတူးဖော်ပြီးနောက် မြေကြီးများ ပြန်လည် ဖုံးအုပ်ထားသော ဓာတ်ပုံများလည်း ပါဝင်သည်။)

အမေရိကန် သတင်းစာ - ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားနေခြင်းကြောင့် ပြည်တွင်းရှိ သတ္တဝါတွင်း ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် အထိတ်တလန့် ဖြစ်မှုများကို တိုက်ဖျက်ကာ တရားခံကို ဖမ်းဆီးရန်အတွက် ကျွန်ုပ်တို့သည် မျောက်ညိုလေးများနှင့် ပူးပေါင်းကာ တောင်တရုတ်ပင်လယ်တွင် ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်မည် ဖြစ်သည်။ တတိယ ရေတပ်ကို စေလွှတ်၍ တောင်တရုတ်ပင်လယ်တွင် အစောင့်အရှောက်နှင့် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်မည် ဖြစ်သည်။

ဤအရာများ အားလုံးမှာ သတင်း ဖော်ပြချက်များ ဖြစ်သည်။

အင်တာနက်ပေါ်တွင်မူ ယခုတစ်ကြိမ်တွင် အလွန် ကြီးမားသော ဆွေးနွေးမှုကြီး ဖြစ်ပေါ်လာလေသည်။ ဂြိုဟ်သားများ ကျူးကျော်လာခြင်း၊ အင်္ဂါဂြိုဟ်သားများ ကျူးကျော်လာခြင်း'၊ ပင်လယ်ရေအောက် ဂြိုဟ်သား အခြေစိုက်စခန်း၊ ကမ္ဘာပျက်မည့်နေ့ စသည့် သိပ္ပံရုပ်ရှင်ဆန်သော အကြောင်းအရာများကို ဆွေးနွေးနေကြလေသည်။

ဆွန်ဖုန်းသည် အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ကြည့်သောအခါ ရယ်မော၍ ခေါင်းခါကာ ပြောလိုက်လေသည်။

"ငါက ပင်လယ်ရေအောက် ဂြိုဟ်သား ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး..."

တစ်ချိန်တည်းမှာပင် ယခုနှစ်အတွင်း တောင်တရုတ်ပင်လယ်တွင် ဤသို့ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ခြင်းက အမှန်တကယ်ပင် အထိတ်တလန့် ဖြစ်မှုများကို အတော်လေး ဖြစ်ပေါ်စေခဲ့လေသည်။

All Chapters