← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁ မင်းတို့ မျက်စိအောက်မှာပဲ ခိုးမယ်

"အရှင်... ကြည့်ရတာ တစ်ဖက်လူက ကျွန်တော်တို့ကို မျက်စိထဲက ဆူးတစ်ချောင်းလို သဘောထားနေပုံပဲ... ဒါပေမယ့် အံ့ဩစရာ ကောင်းတာက မျောက်ညိုလေးတွေက သူတို့ရဲ့ ပင်လယ်ပြင်မှာ အမေရိကန် စစ်သင်္ဘော သုံးစင်းကို ဝင်ခွင့်ပြုထားတာပဲ... တော်တော်လေး သည်းခံနိုင်လွန်းတာပဲ"

အသံလက်ထောက်က ပြောလိုက်လေသည်။

"ဟွန့်... အဲဒီ မျောက်ညိုလေးတွေနဲ့ အမေရိကန်က တောင်တရုတ်ပင်လယ်မှာ ဘောင်းဘီ တစ်ထည်တည်း အတူဝတ်တဲ့ ကောင်တွေ... မကောင်းကြံဖို့ ပူးပေါင်းထားတာလေ"

ဆွန်ဖုန်းက မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

"အခု ဘယ်လိုလုပ်ကြမလဲ... တစ်ဖက်မှာ စစ်သင်္ဘော သုံးစင်း ရှိတယ်... ခဏနေ ငါတို့ ရေနံ ဆက်ခိုးရင် ပြဿနာ တစ်ခုခုများ ဖြစ်နိုင်မလား"

ဆွန်ဖုန်းသည် ရေအောက်တူးဖော်ရေး စနစ်ကြီး၏ အကာအကွယ်ကြောင့် မိမိ၏ အသက်အန္တရာယ် မရှိနိုင်ကြောင်း ယုံကြည်ထားသော်လည်း စစ်သင်္ဘော သုံးစင်း၏ မျက်စိအောက်တွင် ရေနံခိုးရမည် ဆိုသဖြင့် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်မိသည်။ ယခင်က ဤသို့ တစ်ခါမျှ မလုပ်ဖူးသဖြင့် စိုးရိမ်မှု ရှိသည်မှာ သဘာဝပင် ဖြစ်သည်။

"အရှင်... မစိုးရိမ်ပါနဲ့... တစ်ဖက်လူက ကျွန်တော်တို့ကို မတွေ့သရွေ့ အကာအကွယ် အလွှာရဲ့ ကာကွယ်မှုနဲ့ ပင်လယ်ရေအောက် မီတာ ရာဂဏန်းမှာ တိတ်တဆိတ် အလုပ်လုပ်မယ်ဆိုရင် ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး... ဒီရေနံမြေရဲ့ ရေနံအလွှာက စတုရန်းကီလိုမီတာ လေးငါးဆယ်လောက် ကျယ်တယ်... ဒီတစ်ခေါက် ကျွန်တော်တို့ ရေနံစုပ်ဖို့ နည်းနည်း ခေါင်တဲ့ နေရာကို ရွေးမယ်... ဒီအဲလ် ရေနံကုမ္ပဏီရဲ့ ရေနံတူးစင်နဲ့ တတ်နိုင်သမျှ ဝေးဝေးနေမယ်ဆိုရင် ရပါပြီ"

"ကောင်းပြီ... အရင်ဆုံး တိတ်တဆိတ် ရေနံခိုးမယ်... ပြီးမှ အသံကျယ်ကျယ် ပေးပြီး ထွက်သွားမယ်"

ဆွန်ဖုန်းက မဖွယ်မရာ ပြုံးကာ ပြောလိုက်လေသည်။ ဤတစ်ကြိမ်တွင် တစ်ဖက်လူကို သွေးအန်လုမတတ် ဖြစ်သွားစေမည်ဟု သူ ယုံကြည်သည်။

"အသံလက်ထောက်... သင့်တော်မယ့် နေရာတစ်ခုကို ချက်ချင်း ရှာ... ငါတို့ ရေနံ စတင် တူးဖော်ကြမယ်"

ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။

"ကောင်းပါပြီ... ရှာဖွေရေး စနစ် ဖွင့်နေပါတယ်... အချက်အလက်တွေ ထည့်သွင်းနေပါတယ်... ရှာဖွေနေဆဲ... တီ တီ တီ... ပြီးပါပြီ"

"ဒီအဲလ် ရေနံတူးစင်ရဲ့ မြောက်ဘက် ကီလိုမီတာ နှစ်ဆယ် အကွာမှာ သင့်တော်တဲ့ နေရာတစ်ခု ရှိပါတယ်... အဲဒီနေရာမှာ ရေနံအလွှာအောက်က ရေနံစိမ်း သိုလှောင်မှု ပမာဏက အတော်လေး များပါတယ်"

"ကောင်းပြီ... ချက်ချင်း သွားမယ်"

မိနစ်နှစ်ဆယ်ခန့် အကြာတွင် ဆွန်ဖုန်းသည် ထိုနေရာသို့ ရောက်ရှိသွားလေသည်။

ဤနေရာမှာ ရေနံတူးစင်နှင့် ကီလိုမီတာ နှစ်ဆယ်ခန့် ကွာဝေးပြီး အနီးဆုံး ဖျက်သင်္ဘောနှင့် ကီလိုမီတာ ၂၁ သို့မဟုတ် ၂၂ ခန့် ကွာဝေးသည်။ တစ်ဖက်လူနှင့် အဝေးဆုံး နေရာဟု ဆိုနိုင်သည်။

"အကာအကွယ် အလွှာကို ကြီးအောင် ဖွင့်လိုက်... ရေနံခိုးဖို့ ပြင်မယ်... ခလောက်"

ဆွန်ဖုန်းက ပင်လယ်ကြမ်းပြင်ပေါ်တွင် ရပ်ကာ ဖွင့်ထားပြီးသော အကာအကွယ် အလွှာကို တဖြည်းဖြည်း ကြီးမားအောင် လုပ်လိုက်လေသည်။

"ကြီးမားအောင် လုပ်နေပါတယ်"

သာမန် လူတစ်ယောက်၏ သာမန် မျက်စိဖြင့် ဤအကာအကွယ် အလွှာကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။ သို့သော် ဆွန်ဖုန်းက ရေအောက်တူးဖော်ရေး စနစ်ကြီး၏ ဖန်သားပြင်မှတစ်ဆင့် ဤအကာအကွယ် အလွှာမှာ အဆက်မပြတ် ကြီးမားလာနေကြောင်း မြင်တွေ့နေရသည်။

လေမှုတ်ထားသော ပူဖောင်းကြီး တစ်ခုလို လျင်မြန်စွာ ဖောင်းပွ ကြီးမားလာလေသည်။ မကြာမီ ဤအကာအကွယ် အလွှာသည် ၅ ကီလိုမီတာ အချင်းဝက်ခန့်ကို လွှမ်းခြုံသွားလေသည်။

ပြင်ဆင်မှု အားလုံး ပြီးစီးပြီးနောက် ဆွန်ဖုန်းသည် သိုလှောင်ရုံ အတွင်းမှ S စီးရီး တူးဖော်ရေး စက်ကိရိယာ အလုံးလေးဆယ်နှင့် အထောက်အကူပြု စက်ရုပ် အလုံး ငါးရာကို ထုတ်ယူလိုက်လေသည်။

S စီးရီး တူးဖော်ရေး စက်ကိရိယာ အလုံးလေးဆယ်သည် အသံလက်ထောက်၏ အမိန့်ပေးချက် အရ အလိုအလျောက် စတင် ရွေ့လျားလာကြလေသည်။ ၎င်းတို့တွင် ရေနံအလွှာနှင့် ဘူမိဗေဒ ဖွဲ့စည်းပုံကို ရှာဖွေနိုင်သော စနစ်များ တပ်ဆင်ထားသည်။

ထိုစက်ကိရိယာများ အားလုံးသည် ရေနံတွင်း တူးရန် အကောင်းဆုံး နေရာများကို စတင် ရှာဖွေကြလေသည်။ နေရာကောင်း တစ်ခုသည် ရေနံ အများဆုံး စုပ်ယူနိုင်ရန် အထောက်အကူ ပြုနိုင်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဧရာမ သံမဏိ ပင့်ကူကြီးများနှင့် တူသော စက်ယန္တရားများ စတင် လှုပ်ရှားလာကြသည်။ နူးညံ့သော ပင်လယ်ကြမ်းပြင်ပေါ်တွင် သံမဏိ ခြေရာကြီးများ ထင်ကျန်ရစ်လေသည်။

ဤသတ္တဝါကြီးများမှာ ကြီးမား လေးလံပုံရသော်လည်း အလွန် လျင်မြန်စွာ လှုပ်ရှားနိုင်ကြသည်။ ဆယ်မိနစ်ခန့် အကြာတွင် စက်ယန္တရား အများစုမှာ သင့်တော်သော နေရာများကို ရှာဖွေတွေ့ရှိသွားကြသည်။

အထောက်အကူပြု စက်ရုပ် အလုံး ငါးရာကလည်း ရေနံစုဆောင်းရေး ပိုက်လိုင်းများနှင့် သယ်ယူပို့ဆောင်ရေး အလယ်အလတ် စခန်းများကို စတင် တပ်ဆင်ကြလေသည်။

ကြီးမားသော သံမဏိ ဘီလူးကြီး ဆယ်ဂဏန်းခန့်က ပင်လယ်ရေအောက်တွင် ဖြစ်ပေါ်စေသော လှုပ်ရှားမှုမှာ အလွန် ကြီးမားလှသော်လည်း အကာအကွယ် အလွှာ၏ ဖုံးကွယ်မှု အောက်တွင် အပြင်ဘက်မှ မည်သူမျှ မသိရှိနိုင်ပေ။

အကာအကွယ် အလွှာ အပြင်ဘက်တွင်မူ အရာအားလုံး ငြိမ်သက်နေဆဲပင်။ ယခုအချိန်တွင် ပင်လယ်ရေအောက်၌ လူရှိနေလျှင်တောင် အတွင်းရှိ အခြေအနေကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ ပင်လယ်ပြင်ပေါ်ရှိ စစ်သင်္ဘောများ ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

"အားလုံး ပြင်ဆင်ပြီးပါပြီ... ရေနံ စတင် တူးဖော်လို့ ရပါပြီ"

အသံလက်ထောက်က အားလုံး အသင့်ဖြစ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းကို ပြောလိုက်လေသည်။

"ကောင်းပြီ... စတင် တူးဖော်မယ်"

ဆွန်ဖုန်း၏ အမိန့်ပေးချက် ထွက်ပေါ်လာပြီးနောက် S စီးရီး တူးဖော်ရေး စက်ကိရိယာ အလုံးလေးဆယ်သည် ၎င်းတို့၏ ဝမ်းဗိုက်ပိုင်းမှ ကြီးမားသော ရေနံစုပ်ပိုက်ကြီး တစ်ခုစီကို ထုတ်လိုက်ကြပြီး ပိုက်ထိပ်ရှိ သေမင်းတမန် အလင်းတန်း ထုတ်လွှတ်သည့် ကိရိယာမှ စွမ်းအင်များကို စတင် စုဆောင်းလာကြလေသည်။

"ရွှီး"

အပြာရောင် သေမင်းတမန် အလင်းတန်းများသည် မြေအောက် ကျောက်လွှာများဆီသို့ အရှိန်ပြင်းစွာ ထိုးစိုက်သွားလေသည်။

သေမင်းတမန် အလင်းတန်းများက ကျောက်လွှာများကို ချက်ချင်း ဖောက်ခွဲပစ်လိုက်ပြီး နောက်မှ ရေနံစုပ်ပိုက်ကြီးများကလည်း အောက်သို့ ထိုးစိုက်ဝင်သွားလေသည်။

တစ်မိနစ်ခန့် အကြာတွင် ရေနံများ အဆက်မပြတ် စုပ်ယူ ရရှိလာလေသည်။

......

ရေနံတူးစင်ပေါ်တွင်...

စုံစမ်းစစ်ဆေးရေးဗျူရိုမှ အန်တိုနီနှင့် အိုနေးလ် တို့၏ အဖွဲ့နှစ်ဖွဲ့လုံးမှာ ရေနံတူးစင်ပေါ်တွင် ရှိနေကြသည်။ ယခုအချိန်တွင် မိုက်ကယ်နှင့် ဝန်ထမ်း အများစုမှာ ထိုနေရာမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

"စစ်သင်္ဘောတွေ ဘက်ကရော ဘာသတင်းကောင်းမှ မရသေးဘူးလား"

အန်တိုနီက ပတ်ဝန်းကျင်ရှိ ငြိမ်သက်နေသော ပင်လယ်ပြင်ကို ကြည့်ကာ ဘေးတွင် ရပ်နေသော ဂျန်းနီကို မေးလိုက်လေသည်။

"မရသေးပါဘူး... ဒီရက်ပိုင်း စစ်သင်္ဘော သုံးစင်းက နေ့ရော ညပါ ကင်းလှည့်နေပေမယ့် ရန်သူ့ အရိပ်အယောင်ကို မတွေ့ရသေးဘူး"

ဂျန်းနီက ဖြေလိုက်သည်။

"အန်တိုနီ... ငါတို့ ရေအောက်မှာ တပ်ဆင်ထားတဲ့ စစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး ရေဒါတွေကလည်း ဘာမှ အကျိုးမရှိဘူး... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့ လာတာကို မတွေ့ရဘူး"

အိုနေးလ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

"ငါ ထင်တာတော့ တစ်ဖက်လူက အရင်တစ်ခေါက် ဝင်ခိုးထားတာ မကြာသေးဘူး ဆိုတော့ ဒီလောက် မြန်မြန် ထပ်လာမှာ မဟုတ်ဘူး... ဘယ်တော့မှ လာမှာ မဟုတ်တော့တာလည်း ဖြစ်နိုင်တယ်... တကယ်လို့ လာရင်တောင် မကြာခင်တော့ ပေါ်လာမှာ မဟုတ်ဘူး"

ဂျန်းနီက ပြောလိုက်လေသည်။

"တကယ်လို့ မကြာခင် သူတို့ ထပ်မလာဘူး ဆိုရင် ဗိုလ်ချုပ် ကယ်ရီ က စိတ်မရှည်တော့ဘဲ ဒီမှာ ဆက်ပြီး ကင်းလှည့်နေတော့မှာ မဟုတ်ဘူး... သူတို့က လပေါင်းများစွာ ဆက်တိုက် စစ်သင်္ဘောတွေနဲ့ ဒီရေပြင်မှာ ကင်းလှည့်နေရမယ် ဆိုရင် ဘယ်လောက်တောင် ကုန်ကျစရိတ် များလိုက်မလဲ... စစ်သင်္ဘောတွေ ပြန်သွားရင် ငါတို့လည်း အလကား ဖြစ်ပြီပေါ့"

အန်တိုနီက သူ အစိုးရိမ်ဆုံး ကိစ္စကို ပြောပြလိုက်လေသည်။

"မတတ်နိုင်ဘူးလေ... ငါတို့က အခြေအနေကို မထိန်းချုပ်နိုင်ဘူး... သစ်ငုတ်တိုကို စောင့်ပြီး ယုန်ဖမ်းရုံပဲ ရှိတာ"

အိုနေးလ်က သက်ပြင်းချကာ ပြောလိုက်လေသည်။ ဤကိစ္စနှင့် ကြုံတွေ့ရသည်မှာ သူ၏ ဘဝတွင် ခေါင်းအကိုက်ရဆုံး ပြဿနာ ဖြစ်ကြောင်း သူ ကျိန်တွယ်ရဲသည်။

"တစ်ဖက်လူ မြန်မြန် ပေါ်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ"

အန်တိုနီက ဆုတောင်းလိုက်လေသည်။

အကယ်၍ အန်တိုနီ၏ ဆုတောင်းသံကို ဆွန်ဖုန်း ကြားပါက ဤသို့ ပြန်ပြောမည်မှာ သေချာသည်။

'ငါ အခု မင်းတို့ မျက်စိအောက်မှာပဲ ရေနံတွေကို ပျော်ပျော်ကြီး ခိုးနေတယ်... ငါ့ကို လာဖမ်းကြလေ' ဟူ၍ ဖြစ်သည်။

သုံးရက် အချိန်သည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

ပါလာဝမ်ကျွန်း အနီးရှိ ပင်လယ်ပြင်မှာ လေငြိမ်ရေသက် ဖြစ်နေဆဲပင်။ စစ်သင်္ဘော သုံးစင်းက နေ့စဉ် အသွားအပြန် ကင်းလှည့်နေကြရာ ဆီမည်မျှ ကုန်သွားပြီကိုပင် မသိတော့ပေ။

ဖျက်သင်္ဘော တစ်စင်း၏ ကုန်းပတ်ပေါ်တွင် ရေတပ် ယူနီဖောင်း ဝတ်ဆင်ထားသော သင်္ဘောသား အနည်းငယ်က ပျင်းရိစွာ စကားပြောနေကြလေသည်။

"ဟေ့... အထက်လူကြီးတွေက ခေါင်းများ ပျက်နေသလား မသိဘူး... ဒီလိုမျိုး နေ့တိုင်း ကင်းလှည့်နေလို့ ဘာအကျိုးရှိမှာလဲ... အဲဒီ ရေနံခိုးတဲ့ လျှို့ဝှက်ဆန်းကြယ် အဖွဲ့က ငါတို့ စစ်သင်္ဘော သုံးစင်းကို မြင်တာနဲ့ ကြောက်လန့်ပြီး ပြေးလောက်ပြီ... ဘယ်ပေါ်လာရဲတော့မလဲ"

"ဟုတ်တယ်... အင်တာနက်ပေါ်မှာလည်း လူတွေက ဂြိုဟ်သားတွေ ကျူးကျော်လာပြီတို့... တောင်တရုတ်ပင်လယ် အောက်မှာ ဂြိုဟ်သား အခြေစိုက် စခန်း ရှိတယ်တို့ ပြောနေကြတယ်... သွားစမ်းပါကွာ... တကယ်လို့ ဂြိုဟ်သားတွေ သာဆိုရင် ငါတို့ စစ်သင်္ဘော သုံးစင်း ဒီမှာ ပေါ်လာကတည်းက သူတို့က ငါတို့ကို ဖျက်ဆီးပစ်လောက်ပြီ... သူတို့ဆီမှာ အဆင့်မြင့် နည်းပညာတွေ... အဆင့်မြင့် လက်နက်တွေ ရှိတယ် ဆိုရင် ဘာလို့ ကမ္ဘာကို မသိမ်းပိုက်တာလဲ... ဘာလို့ ရေနံ လာခိုးနေတာလဲ"

"ဟွန့်... နောက်တစ်ခါ အဲဒီ ဂြိုဟ်သား ဆိုတဲ့ ကောင်တွေနဲ့ တွေ့ရင် ရေနက်ပိုင်း သုံး ဗုံး အလုံး ဆယ်ဂဏန်းလောက် ပစ်ချပြီး ပင်လယ်ရေအောက်မှာ မြှုပ်ပစ်လိုက်မယ်... အဲဒီအခါကျမှ သူတို့က တကယ် ဂြိုဟ်သား ဟုတ်မဟုတ် သိရမှာပေါ့... ဟားဟား"

......

ပင်လယ်ရေအောက်တွင်မူ ဆွန်ဖုန်းက ရေနံတန်ချိန် သန်း ၁၂၀ ကို နောက်တစ်ကြိမ် ခိုးယူပြီးသွားပြီ ဖြစ်သည်။ စက်ကိရိယာ အားလုံးကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် အကာအကွယ် အလွှာကို ရေအောက်တူးဖော်ရေး စနစ်ကြီးကိုသာ လွှမ်းခြုံနိုင်ရုံမျှ သေးငယ်အောင် ပြုလုပ်လိုက်လေသည်။

ထို့နောက် ဆွန်ဖုန်းသည် သေမင်းတမန် အလင်းတန်းကို နောက်တစ်ကြိမ် ပစ်ခတ်လိုက်ရာ ဒီအဲလ် ရေနံကုမ္ပဏီ၏ ပင်လယ်ပြင် ရေနံတူးစင် အနီးတွင် ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားလေသည်။

ယခုတစ်ကြိမ် ပေါက်ကွဲမှုမှာ ယခင်တစ်ကြိမ်ထက် ပိုမို ပြင်းထန်သည်။ အဘယ်ကြောင့်ဆိုသော် စုဆောင်းထားသော စွမ်းအင်က ပိုများသောကြောင့်ပင်။

"ဘုန်း..." ဟူသော ကျယ်လောင်သော အသံကြီး တစ်ချက် ထွက်ပေါ်လာလေသည်။

ရေနံတူးစင် ရှေ့ဘက် မီတာ တစ်ထောင် အကွာရှိ ပင်လယ်ပြင်ပေါ်တွင် မီတာ သုံးဆယ်ကျော် မြင့်သော ရေတိုင်ကြီး တစ်ခု ပန်းထွက်လာလေသည်။ ချက်ချင်းပင် ရေနံတူးစင် တစ်ခုလုံး တုန်ခါသွားပြီး ပင်လယ်ပြင်တွင်လည်း လှိုင်းလုံးကြီးများ ထကြွလာလေသည်။

အန်တိုနီတို့ အဖွဲ့သည် အသံကြားသည်နှင့် အပြင်သို့ ထွက်လာကြပြီး ကောင်းကင်သို့ ထိုးတက်သွားသော ထိုဧရာမ ရေတိုင်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် အလွန်အမင်း အံ့ဩ တုန်လှုပ်သွားကြလေသည်။

"အို ဘုရားသခင်... ရန်သူ ထပ်ပေါ်လာပြန်ပြီ"

"တစ်ဖက်လူက ဒီလောက်ထိ ရမ်းကားရဲတယ်ပေါ့... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

"ငါတို့ရဲ့ ရေဒါတွေက ဘာလို့ အသုံးမဝင်တာလဲ... စစ်သင်္ဘောရဲ့ ရေဒါကရော ဘာလို့ အသုံးမဝင်တာလဲ... တစ်ဖက်လူက ငါတို့ မျက်စိအောက်မှာ ပေါ်လာတာတောင် ငါတို့ မသိလိုက်ဘူး... စစ်သင်္ဘော ဘက်ကလည်း ဘာသတိပေးချက်မှ မရဘူး"

"တော်ပြီ... အများကြီး ပြောမနေနဲ့တော့... အနီးဆုံး စစ်သင်္ဘောကို ချက်ချင်း ဆက်သွယ်ပြီး ရန်သူကို လာချေမှုန်းခိုင်းလိုက်"

"ကောင်းပြီ... ဗိုလ်ချုပ် ကယ်ရီကို အခုချက်ချင်း ဆက်သွယ်လိုက်မယ်... သူ့ရဲ့ ဖျက်သင်္ဘောက ဒီနဲ့ အနီးဆုံးပဲ"

......

စစ်သင်္ဘောပေါ်တွင် ရုတ်တရက် အချက်ပေး ခေါင်းလောင်းသံများ ဆူညံစွာ မြည်ဟည်းလာလေသည်။

ခုနက စကားပြောနေကြသော ထိုလူများမှာ အချက်ပေးသံကို ကြားသည်နှင့် မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ အချက်ပေးသံ မြည်လာခြင်းမှာ ရန်သူ ပေါ်လာပြီဖြစ်ကြောင်း ညွှန်ပြနေပြီး ယခု ချက်ချင်း တိုက်ပွဲဝင် အသင့်အနေအထားသို့ ဝင်ရောက်ရမည် ဖြစ်သည်။

"သွား... သွား... သွား... ကိုယ့်နေရာကိုယ် ပြန်သွားကြ"

ထိုလူများမှာ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ မိမိတို့၏ တာဝန်ကျရာ နေရာများသို့ လျင်မြန်စွာ ပြေးသွားကြလေသည်။

စစ်သင်္ဘော၏ အမိန့်ပေးခန်း အတွင်းတွင်...

"ဟွန့်... တစ်ဖက်လူက နောက်ဆုံးတော့ ပေါ်လာပြီပေါ့... တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ... ရေနံ လာခိုးရဲသေးတယ်... ဖြစ်ပွားတဲ့ နေရာကို အမြန်ဆုံး အရှိန်နဲ့ သွားမယ်... အဲဒီ ဟန်ဆောင်ပန်းဆောင် လုပ်နေတဲ့ ကောင်တွေကို ဗုံးကြဲပြီး မြှုပ်ပစ်လိုက်မယ်"

ကယ်ရီက ကြောက်မက်ဖွယ် ကောင်းသော မျက်နှာဖြင့် အော်ပြောလိုက်လေသည်။

"အရာရှိ... အခု ရန်သူ ရှိတဲ့ နေရာကို သွားနေပါပြီ... ဌာန အားလုံး အသင့် ဖြစ်နေပါပြီ... ရန်သူကို တွေ့တာနဲ့ ချက်ချင်း အသေအကြေ တိုက်ခိုက်နိုင်ပါတယ်"

ဒုတိယ အရာရှိက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

"ကောင်းတယ်"

ယခုအချိန်တွင် ကယ်ရီ၏ ဤဖျက်သင်္ဘောမှာ ရေနံတူးစင်နှင့် နှစ်ကီလိုမီတာခန့်သာ ကွာဝေးသည်။ အခြား စစ်သင်္ဘော နှစ်စင်းက အပြင်ဘက်တွင် ကင်းလှည့်နေပြီး ကယ်ရီ၏ သင်္ဘောက ရေနံတူးစင် အနီးတွင် ကင်းလှည့်နေခြင်း ဖြစ်သည်။

ခုနက လှုပ်ရှားမှုကို သူတို့လည်း မြင်တွေ့လိုက်သည်။ ရေနံတူးစင်နှင့် မလှမ်းမကမ်းတွင် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင်ပေါ်တွင် မီတာ သုံးဆယ်ကျော် မြင့်သော ရေတိုင်ကြီး တစ်ခု ပန်းထွက်လာခဲ့ခြင်း ဖြစ်သည်။

ဤစစ်သင်္ဘောကြီးသည် ရေနံတူးစင်ဆီသို့ ကြောက်မက်ဖွယ် ကောင်းသော အရှိန်ဖြင့် ဦးတည်လာနေသည်။

မကြာမီ အန်တိုနီသည် စစ်သင်္ဘော ရောက်လာသည်ကို မြင်လိုက်သည်။ သူ၏ စိုးရိမ်နေသော စိတ်မှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားလေသည်။ စစ်သင်္ဘော ရှိနေသဖြင့် တစ်ဖက်လူမှာ ထိုမျှ ရမ်းကားရဲမည် မဟုတ်တော့ပေ။

"ဟားဟား... စစ်သင်္ဘော လာပြီပဲ... ငါ သူ့ကို နည်းနည်းလောက် စကြည့်ရမလား"

ဆွန်ဖုန်းသည် ယခုအချိန်တွင် ပင်လယ်ရေအောက်၌ ပုန်းအောင်းနေလေသည်။

အကာအကွယ် အလွှာ ရှိနေသဖြင့် တစ်ဖက်လူ၏ ရေဒါက သူ၏ တည်နေရာ အတိအကျကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။

All Chapters