← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈ အရှုံးပေးပြီလား

ညက အလွန် သာယာခဲ့ပြီးနောက် ဒုတိယနေ့ မနက်စောစောတွင် လျန်ယင်သည် မင်္ဂလာဆောင်ကာစ ဇနီးသည်လေး တစ်ယောက်လို အိပ်ရာမှ စောစောထကာ ဆွန်ဖုန်း အတွက် မနက်စာ ပြင်ဆင်ပေးလေသည်။ ခန္ဓာကိုယ် အားဖြည့်ရန်ဟု ဆိုကာ ကြက်ဥ အများအပြားကိုလည်း အထူး ကြော်ပေးခဲ့သည်။

ထိုသို့ ပြုစုမှုကြောင့် ဆွန်ဖုန်းမှာ စိတ်လှုပ်ရှားလာပြီး ထမင်းစားပွဲပေါ်တွင်ပင် နောက်တစ်ချီ ထပ်ဆွဲလိုက်လေသည်။

ပြီးသွားသောအခါ လျန်ယင်သည် မနက်စာ အနည်းငယ် စားပြီး ရေချိုးရန် ပြေးသွားလေသည်။

လျန်ယင် ရေချိုးပြီး ထွက်လာချိန်တွင် ဆွန်ဖုန်းလည်း မနက်စာ စားပြီးနေပြီ ဖြစ်ရာ သူမက လိမ္မာစွာဖြင့် ပန်းကန်များကို သိမ်းဆည်းလိုက်လေသည်။

"လျန်ယင်... မနက်ဖြန် ကိုယ်နဲ့ ဟိုင်ယန်မြို့ကို လိုက်ခဲ့ပါ"

ဆွန်ဖုန်းက ဆိုဖာပေါ်တွင် လှဲလျောင်းကာ ထမင်းစားပြီးခါစ စီးကရက် တစ်လိပ်ကို ဖွာရင်း နတ်စည်းစိမ် ခံစားနေသကဲ့သို့ ပြောလိုက်လေသည်။

"ကောင်းပြီလေ"

မီးဖိုချောင်ထဲမှ လျန်ယင်၏ အသံ ထွက်ပေါ်လာလေသည်။

လျန်ယင် ပန်းကန် ဆေးပြီးသောအခါ ဆွန်ဖုန်းက သူမကို ခေါ်လိုက်ပြီး မိမိ၏ ရင်ခွင်ထဲတွင် ထိုင်ခိုင်းလိုက်လေသည်။ သူတို့ နှစ်ယောက်မှာ ဤသို့ပင် ဖက်တွယ်ကာ တီဗီကြည့်ရင်း စကားပြောနေကြလေသည်။ မူလက ဆွန်ဖုန်းသည် သူမကို အပြင်သို့ ခေါ်သွားပြီး လည်ပတ်ရန် စဉ်းစားခဲ့သော်လည်း လျန်ယင်က ယခုလို နေရသည်က ပိုကောင်းသည်ဟု ပြောခဲ့သည်။

"ကိုယ့်ကို ဖက်ထားရတာ အရမ်း သဘောကျနေလို့ အပြင်မထွက်ချင်တာလား"

ဆွန်ဖုန်းက လျန်ယင်ကို ဖက်ထားရင်း သူမ၏ ဆံပင်မှ ရနံ့ကို ရှူရှိုက်ကာ မေးလိုက်လေသည်။

"နောက်ရက်တွေ ဆိုရင် ကိုကိုက နယူးဖောင်လန် ဘက်ကို သွားပြီး အလုပ်ရှုပ်နေတော့မှာလေ... ဘယ်တော့မှ ဒီဘက်ကို ပြန်လာဖြစ်မယ်မှန်းလည်း မသိရဘူး... ဒါကြောင့် ညီမက ကိုကို့ ရင်ခွင်ထဲမှာပဲ အချိန်ဖြုန်းချင်တာပါ"

လျန်ယင်က ခေါင်းကို ဆွန်ဖုန်း၏ ရင်ဘတ်ထဲ အပ်ကာ လက်ချောင်းလေးများဖြင့် ဆွန်ဖုန်း၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းလေးများ ရေးဆွဲရင်း နူးညံ့စွာ ပြောလိုက်လေသည်။

"ဟူး... မတတ်နိုင်ဘူးလေ... ကိုယ်လည်း ညီမနဲ့ နေ့တိုင်း အတူတူ နေချင်တာပါပဲ"

ဆွန်ဖုန်းက လျန်ယင်၏ ဆံပင်ကို ပွတ်သပ်ကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။ သို့သော် ထိုသို့ နေ၍ မရကြောင်း သူ သိထားသည်။ လူတစ်ယောက် အနေဖြင့် အချိန်တိုင်း ပျော်ပါးပြီး ငွေဖြုန်းနေ၍ မရပေ။ ထိုသို့သာ ဆက်သွားပါက ဝက်နှင့် ဘာကွာတော့မည်နည်း။ စားလိုက်၊ အိပ်လိုက်၊ ပြီးရင် မိန်းမတွေနဲ့ ပျော်ပါးလိုက်... အင်း... တကယ်တော့ မျိုးပွားဝက်ကြီး လို့ ပြောရမလား။

ယခင်က ဆွန်ဖုန်းသည် ရွှေလက်ချောင်း မရရှိမီ အချိန်က သဘာဝအတိုင်း နိုးလာသည်အထိ အိပ်ချင်ပြီး၊ လက်ညောင်းသည်အထိ ပိုက်ဆံ ရေချင်ခဲ့သည်။ သူ ရွှေလက်ချောင်း ရရှိပြီးနောက် အချိန်အတိုင်းအတာ တစ်ခု အထိ ထိုလူအများစု၏ အိပ်မက်များကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့သည်။

သို့သော် အချိန်တစ်ခု ကြာပြီးနောက် ထိုကဲ့သို့သော ဘဝသည် အလွန် ပျင်းရိစရာ ကောင်းပြီး ခြောက်ကပ်နေကြောင်း သူ တွေ့ရှိလာခဲ့သည်။ ဘဝတွင် ရည်မှန်းချက် မရှိတော့သလို ခံစားရသည်။ ကိုယ့်မှာ ပိုက်ဆံ ရှိနေပြီ၊ သဘာဝအတိုင်း နိုးလာသည်အထိ အိပ်နိုင်ပြီ၊ လက်ညောင်းသည်အထိ ပိုက်ဆံ ရေနိုင်ပြီ၊ သို့သော် အသက်ရှင်ရသည်မှာ အဓိပ္ပာယ် မရှိတော့သလို ခံစားရသည်။

လီကျားချန် လို လူမျိုးက ဘာလို့ ဒီလောက် အသက်ကြီးနေတာတောင် မိသားစု စီးပွားရေး အတွက် စိတ်ပူနေရတာလဲ။ အဲဒီ သူဌေးကြီးတွေက ဘာလို့ ပိုက်ဆံ ဒီလောက် များနေတာတောင် ပိုပြီး ရှာချင်နေရတာလဲ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ဘဝ ရည်မှန်းချက်သစ်တွေ တစ်ခုပြီး တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

လူတွေဆိုတာ ဒီလိုပဲ ဆိုးသွမ်းတတ်ကြသည်။ မရသေးခင်မှာ အရမ်း လိုချင်ကြပြီး ရပြီးသွားတော့မှ၊ ပျင်းရိသွားတော့မှ ဒါက ကိုယ်လိုချင်တဲ့ ဘဝ မဟုတ်ဘူးဆိုတာ သိလာကြတယ်။ မှန်ပါတယ်၊ လူတွေက ပြောင်းလဲတတ်ကြတယ်၊ လူဆိုတာ ရှုပ်ထွေးတဲ့ တိရစ္ဆာန်တွေပါပဲ။

"တကယ်လား"

လျန်ယင်က ဆွန်ဖုန်း၏ ရင်ခွင်ထဲတွင် အဆော့မက်စွာ လှုပ်ရှားလိုက်လေသည်။

"တကယ်ပေါ့"

ဆွန်ဖုန်းက ရယ်မောကာ နွားနို့လို နူးညံ့ချောမွေ့နေသော လျန်ယင်၏ ပါးပြင်လေးကို ညှစ်လိုက်လေသည်။ ယောက်ျားတွေက မိန်းမတွေ ကြားချင်တဲ့ ချစ်စကားတွေကို အမြဲ ပြောတတ်ကြတယ်။ မိန်းမတွေကလည်း အမြဲတမ်း ယောက်ျားတွေ ပြောတဲ့ စကားတွေကို နားထောင်ရတာ သဘောကျတတ်ကြတယ်။ ဒါကတော့ အချစ်ပါပဲ။

မသိမသာဖြင့် ဆွန်ဖုန်းသည် သူ၏ ပထမဆုံး အချစ်ကို ပြန်လည် သတိရသွားလေသည်။ ထိုအချိန်က သူတို့ နှစ်ဦးစလုံး အလွန် ချစ်ခဲ့ကြသည်။ ထိုအမျိုးသမီးက အမြဲတမ်း ပြောခဲ့ဖူးသည်မှာ...

"ကိုကိုက ညီမကို မစွန့်ပစ်သရွေ့ ညီမလည်း ကိုကို့ကို ခွဲမသွားဘူး"

ထိုအချိန်က ဆွန်ဖုန်းသည် အလွန် ရိုးအပြီး အပြစ်ကင်းစင်သဖြင့် တကယ်ပင် ယုံကြည်ခဲ့လေသည်။

တကယ်တော့ ထိုအချိန်က တစ်ဖက်လူ ပြောခဲ့သည်မှာလည်း အမှန်တကယ် ရိုးသားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးက အခြား တစ်ယောက်ကို ချစ်သွားခဲ့သည်။ နောက်ပိုင်း ဆွန်ဖုန်း ကြီးပြင်းလာသောအခါ ထိုအတွေ့အကြုံမှာ အရှုံးမရှိကြောင်း သိလာခဲ့သည်။ သူများ ဇနီးကို နှစ်နှစ်တိတိ အတူအိပ်ခဲ့ရသည် မဟုတ်လား... အရှုံးတော့ မရှိဘူးလေ။

"ဒါဆို ကိုကို ညီမဆီ ခဏခဏ လာလည်ဖို့ မမေ့နဲ့နော်"

လျန်ယင်ကလည်း ဆွန်ဖုန်း၏ နှာခေါင်းကို အဆော့မက်စွာ ဆွဲညှစ်လိုက်လေသည်။

"အင်း... ဒီလိုလုပ်ကြစို့... စိန့်ဖုန်းရေနံမြေ ဘက်က အလုပ်တွေ အစပျိုးပြီး အဆင်ပြေသွားပြီ ဆိုရင် ညီမ ဗန်ကူးဗား ဘက်ကို ပြောင်းလာခဲ့ပါလား... ဒါမှမဟုတ် နယူးဖောင်လန် ဘက်ကို ဖြစ်ဖြစ်... မာလ် သံမဏိတွင်းကိုတော့ တခြား သူတွေကို အုပ်ချုပ်ခိုင်းလိုက်မယ်"

ယခု လျန်ယင်မှာ သူ၏ အမျိုးသမီး ဖြစ်နေပြီ ဖြစ်ရာ သူမကို သူ့ထံမှ အဝေးကြီးတွင် တစ်ယောက်တည်း ထား၍ မဖြစ်တော့ပေ။

'အင်း... စူးမေး ဒါမှမဟုတ် ဝူမုန့်ရှင်း ကို မာလ် သံမဏိတွင်း ဘက်ကို လွှဲပြောင်းပေးလို့ ရတယ်’

"ကောင်းပြီလေ... ကိုကို့ သဘောပါ"

"ဟားဟား... ယခု ညီမက ကိုယ့်ရဲ့ ချစ်သူ ဖြစ်နေပြီပဲ... နှစ်သစ်ကူးရင် ကိုကိုနဲ့ အိမ်ကို လိုက်ခဲ့ရမယ်နော်"

ဆွန်ဖုန်းသည် နှစ်သစ်ကူးချိန်တွင် မိန်းကလေး တစ်အုပ်ကို အိမ်သို့ ခေါ်သွားရန် စီစဉ်ထားလေသည်။ ဟယ်မင်ယီ ကိုတော့ သေချာပေါက် ခေါ်သွားမည် ဖြစ်သလို ယန်ရွှယ် ကိုလည်း ခေါ်သွားမည် ဖြစ်သည်။ ယခု လျန်ယင် ကိုပါ ခေါ်သွားရမည် ဖြစ်ပြီး ဝူမုန့်ရှင်း တို့ မိသားစုလည်း ပါဝင်ဦးမည် ဖြစ်ရာ ဤတစ်ကြိမ် နှစ်သစ်ကူးပွဲမှာ အလွန် စည်ကားမည်မှာ သေချာပေသည်။

"အရမ်း မြန်မနေဘူးလား"

လျန်ယင်က အနည်းငယ် စိုးရိမ်သွားလေသည်။ ဆွန်ဖုန်း၏ မိဘများနှင့် တွေ့ရမည် ဖြစ်ရာ သူမ အနည်းငယ် ကြောက်ရွံ့နေမိသည်။

"မမြန်ပါဘူး... နောက်နှစ်ထဲမှာ ကိုယ်ဝန်ရအောင် ကြိုးစားရဦးမယ်လေ... ဟားဟား"

ဆွန်ဖုန်းက ရယ်မောလိုက်လေသည်။

"ရှက်စရာကြီး..."

လျန်ယင်က မျက်နှာ ရဲသွားလေသည်။

သို့သော် မကြာမီမှာပင် လျန်ယင်က ခေါင်းထောင်လာပြီး တီးတိုးလေး မေးလိုက်လေသည်။

"ဖုန်းကိုကို... ကိုကိုက ယောကျာ်းလေး လိုချင်တာလား၊ မိန်းကလေး လိုချင်တာလား"

ဆွန်ဖုန်း အနေဖြင့် ဤမျှ ရိုးအီနေသော မေးခွန်းမျိုးကို ထပ်ကြားရပြန်သဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။

"ယောကျာ်းလေးရော မိန်းကလေးရော အကုန်ချစ်တယ်"

ဆွန်ဖုန်းက စိတ်ထဲတွင် တွေးလိုက်မိလေသည်။

'ကိုယ့်ရဲ့ သွေးသားကို ကိုယ်က မုန်းစရာ အကြောင်း ရှိလို့လား... အဟမ်း... ဘေးအိမ်က မစ္စတာဝမ်ရဲ့ သွေးသား ဆိုရင်တော့ တစ်မျိုးပေါ့... ဒါပေမယ့် အဲဒါက မဖြစ်နိုင်ပါဘူးလေ'

"မင်ယီ က ယောကျာ်းလေး ကိုယ်ဝန် လွယ်ထားတယ်လို့ ကြားတယ်... ညီမက မိန်းကလေး မွေးပေးရင် ဘယ်လိုလဲ"

လျန်ယင်က မျှော်လင့်တကြီးဖြင့် ပြောလိုက်လေသည်။

"ကောင်းတာပေါ့... ညီမ ဘယ်လို မွေးချင်လဲ ဆိုတာ အပေါ်မှာ မူတည်ပါတယ်... ကိုယ်က အချိန်မရွေး အသင့်ပါပဲ"

ဆွန်ဖုန်းက မဖွယ်မရာ ပြုံးကာ နှာခေါင်းကို ပွတ်ရင်း ပြောလိုက်လေသည်။

"ဟွန်း"

"ဘာ ဟွန်း တာလဲ... အရိုက်ခံချင်လို့လား"

ဆွန်ဖုန်းက လျန်ယင်ကို ဆိုဖာပေါ်သို့ တွန်းလှဲလိုက်ပြီး ခေါင်းအုံး တစ်လုံးကို ယူကာ သူမ၏ တင်ပါးလေးကို ခပ်ကြမ်းကြမ်းလေး ရိုက်လိုက်လေသည်။

"အရှုံးပေးပြီလား"

ဆွန်ဖုန်းက မေးလိုက်လေသည်။

"အရှုံးမပေးဘူး"

လျန်ယင်က ရေဘဝဲ တစ်ကောင်လို ရုန်းကန်ကာ ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း အားအလွန်သန်သော ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ဖိထားသဖြင့် လှုပ်၍ပင် မရဘဲ ဆွန်ဖုန်း၏ ခေါင်းအုံးဖြင့် တင်ပါး ရိုက်ခြင်းကိုသာ ဆက်လက် ခံနေရလေသည်။

"အီးဟီး... ညီမ အရှုံးပေးပါပြီ"

နောက်ဆုံးတွင် လျန်ယင်က လက်နက်ချ အရှုံးပေးလိုက်လေသည်။

"အရှုံးပေးတယ် ဆိုရင် ဒူးထောက်ပြီး သီချင်းဆိုပြ"

ဆွန်ဖုန်းက အလွန် ဂုဏ်ယူစွာဖြင့် စီးကရက် တစ်လိပ်ကို မီးညှိကာ ရယ်မော၍ ပြောလိုက်လေသည်။

"......"

သူတို့ နှစ်ယောက် အပြန်အလှန် ကျီစယ်ရင်း နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့ပြီး ယခုအခါ အချစ်ရေး အလွန် ပြင်းထန်သော ချစ်သူ နှစ်ဦး အဖြစ်သို့ အမှန်တကယ် ရောက်ရှိသွားကြပြီ ဖြစ်သည်။

ဒုတိယနေ့ နံနက်စောစောတွင် ခရီးဆောင်အိတ်များ ပြင်ဆင်ပြီးနောက် ဆွန်ဖုန်းသည် လျန်ယင်ကို ခေါ်ကာ နိုင်ငံတွင်းသို့ အပြန် လေယာဉ်ပေါ်သို့ တက်ခဲ့ကြလေသည်။ နောက်ဆုံးတွင် သူတို့၏ မွေးရပ်မြေသို့ ပြန်လည် ရောက်ရှိတော့မည် ဖြစ်သည်။

နောက်ဆုံးတွင် ဟိုင်ယန်မြို့ သို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ပတ်ဝန်းကျင်တွင် အဝါရောင် မျက်နှာများကိုသာ တွေ့ရပြီး တရုတ်စကားပြောသံများကိုသာ ကြားရသောအခါ ဆွန်ဖုန်းမှာ အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်မိလေသည်။

'ကိုယ့် မွေးရပ်မြေကမှ အကောင်းဆုံးပဲ'

"ဟူး... နောက်ဆုံးတော့ ဒီကို ပြန်ရောက်လာပြီပဲ"

လျန်ယင်က ဆွန်ဖုန်း၏ လက်မောင်းကို ချိတ်ကာ ဆွန်ဖုန်းနှင့်အတူ လေဆိပ် အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

"ဟားဟား... အိမ်ကို လွမ်းနေပြီလား"

ဆွန်ဖုန်းက လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကို ဆွဲကာ အခြား လက်တစ်ဖက်ကို လျန်ယင်က ချိတ်ထားလျက် လေဆိပ် အပြင်ဘက်တွင် အငှားယာဉ် ငှားရန် ပြင်နေလေသည်။

"လွမ်းတာပေါ့... ညီမ အိမ်မပြန်ဖြစ်တာ အတော်ကြာပြီလေ... အမေ့ကို လွမ်းနေပြီ"

လျန်ယင်က လွမ်းဆွတ်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"အင်း... ဒီဘက်က အလုပ်တွေ ပြီးတာနဲ့ ညီမ အိမ်ကို ခဏ ပြန်သွားလည်ပေါ့"

ဆွန်ဖုန်းက လျန်ယင်၏ နှာခေါင်းကို ညှစ်ကာ ရယ်မော၍ ပြောလိုက်လေသည်။

"အင်း..."

မကြာမီ သူတို့ နှစ်ယောက် အငှားယာဉ် ရသွားပြီး ဟိုင်ယန်မြို့ ရှိ ဗီလာ အကြီးကြီးဆီသို့ ထွက်ခွာလာခဲ့ကြလေသည်။

ဗီလာ သို့ ပြန်ရောက်သောအခါ အိမ် တစ်အိမ်လုံး ဖုန်တွေ တက်နေသည်ကို တွေ့လိုက်ရသည်။ ပစ္စည်းများကို ချထားပြီးနောက် သန့်ရှင်းရေး လုပ်ရန် အချိန်ပိုင်း အလုပ်သမား တစ်ဦးကို ဖုန်းဆက် ခေါ်လိုက်လေသည်။ ထိုအချိန် အတွင်း ဆွန်ဖုန်းနှင့် လျန်ယင် တို့သည် အပြင်သို့ ထွက်ကာ ထမင်းသွားစားကြလေသည်။

ဖာရာရီ ကားပေါ်တွင် လျန်ယင်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။

"ကိုယ့် မွေးရပ်မြေရဲ့ အရသာလေး... ညီမ လာပြီဟေ့... ဟီးဟီး"

All Chapters