← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉ ကုမ္ပဏီ အစီရင်ခံစာနှင့် နှစ်ပတ်လည် ပွဲတော်

ဒုတိယနေ့တွင် ဆွန်ဖုန်းနှင့် လျန်ယင်သည် ဟိုင်ယန်မြို့ရှိ ဖုန်းရွေ့ သံမဏိ စက်ရုံသို့ ရောက်ရှိလာကြသည်။

ဆွန်ဖုန်းက ဖာရာရီကို မောင်းကာ လျန်ယင်ကို တင်၍ စက်ရုံဂိတ်ပေါက်သို့ ရောက်လာသောအခါ ဂိတ်ပေါက်ရှိ လုံခြုံရေး ဝန်ထမ်း နှစ်ဦးမှာ ဖာရာရီ စီးလာသူကို မြင်ပြီး အံ့ဩသွားကြသည်။

ကားမောင်းသူမှာ သူတို့၏ သူဌေး ဖြစ်နေသည်ကို တွေ့သောအခါ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာသော်လည်း သေချာ မယုံကြည်ရဲသေးပေ။

ဤသံမဏိ စက်ရုံ စတင် တည်ထောင်စက ဝန်ထမ်း သုံးဦးသာ ရှိခဲ့သည်။ တစ်ဦးမှာ ဝူမုန့်ရှင်း ဖြစ်ပြီး ကျန်နှစ်ဦးမှာ ဤဂိတ်ပေါက်မှ လုံခြုံရေး ဝန်ထမ်း နှစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အစောဆုံး ဝါရင့် ဝန်ထမ်းများဟု ဆိုနိုင်သည်။

"သူ... သူဌေး"

အရပ်အနည်းငယ် ရှည်သော လုံခြုံရေးက အမြန်လျှောက်လာပြီး ဂိတ်တံခါးကို ဖွင့်ကာ မသေချာသော မျက်နှာထားဖြင့် မေးလိုက်လေသည်။ ဆွန်ဖုန်းက ဤနေရာသို့ မလာသည်မှာ ခြောက်လခန့် ရှိပြီ ဖြစ်သည်။

"ဟားဟား... လောင်ကျောက်... အခြေအနေ ဘယ်လိုရှိလဲ"

ဆွန်ဖုန်းက ကားမှန်ကို ချကာ လျှောက်လာသော လောင်ကျောက်ကို ရယ်မော၍ မေးလိုက်လေသည်။

"အဆင်... အဆင်ပြေပါတယ် သူဌေး... သူဌေးက နောက်ဆုံးတော့ ပေါ်လာပြီပဲ... ကျွန်တော်တို့ သူဌေးကို မတွေ့ရတာ ခြောက်လတောင် ရှိသွားပြီ"

လောင်ကျောက်က ခေါင်းကုတ်ကာ ရိုးသားစွာ ပြုံး၍ ပြောလိုက်လေသည်။

"သူဌေး မင်္ဂလာပါ"

အခြား လုံခြုံရေး လောင်လီ ကလည်း လျှောက်လာပြီး ဆွန်ဖုန်းကို နှုတ်ဆက်လိုက်လေသည်။

"အင်း... အလုပ်ရှိသေးလို့ ခင်ဗျားတို့နဲ့ စကားမပြောသေးဘူး... ကျွန်တော် အရင် ဝင်သွားလိုက်ဦးမယ်"

ဆွန်ဖုန်းက လောင်ကျောက်နှင့် လောင်လီ ထံသို့ တရုတ်ပြည်ထုတ် စီးကရက် အကောင်းစား နှစ်ဘူးကို ပစ်ပေးလိုက်ပြီး ကားမောင်း ဝင်သွားလေသည်။

"ဝါး... တရုတ်ပြည်ထုတ် အကောင်းစား စီးကရက်တွေပဲ"

"ကျေးဇူးတင်ပါတယ် သူဌေး"

သူတို့ နှစ်ယောက်မှာ အလွန် ဝမ်းသာသွားပြီး ဆွန်ဖုန်းကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်ကြလေသည်။

ဆွန်ဖုန်းနှင့် လျန်ယင်တို့ ရုံးခန်း အဆောက်အအုံ အတွင်းသို့ ဝင်လာသောအခါ ပတ်ဝန်းကျင်ရှိ ဝါရင့် ဝန်ထမ်းများမှာ အံ့ဩသွားကြသော်လည်း နောက်တစ်စက္ကန့်တွင် အားလုံးက ဆွန်ဖုန်းနှင့် လျန်ယင်ကို ပြိုင်တူ နှုတ်ဆက်လိုက်ကြလေသည်။

"သူဌေး မနက်ခင်းပါ"

"မန်နေဂျာ လျန် မနက်ခင်းပါ"

"အားလုံးပဲ မနက်ခင်းပါ"

ဆွန်ဖုန်းက ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများကို ပြုံးပြလိုက်လေသည်။

ဝန်ထမ်းသစ် တချို့မှာ ဆွန်ဖုန်းကို မမြင်ဖူးကြသဖြင့် အံ့ဩ မှင်တက်သွားကြပြီး ဝါရင့် ဝန်ထမ်းများက ဆွန်ဖုန်းကို သူဌေး ဟု ခေါ်သည်ကို ကြားမှသာ သတိဝင်လာပြီး အလျင်အမြန် နှုတ်ဆက်ကြလေသည်။

"ဝါး... ငါတို့ သူဌေးက အရမ်း ငယ်ပြီး အရမ်း ချောတာပဲ... အရင်က ငါ သင်တန်းတက်တုန်းက သူဌေး နာမည် ဆွန်ဖုန်း လို့ပဲ သိထားတာ... ဓာတ်ပုံတောင် မမြင်ဖူးဘူး... အဘိုးကြီး တစ်ယောက်လို့ ထင်နေတာ... ဒီလောက် ငယ်ပြီး ချောမယ်လို့ မထင်ထားဘူး... ငါတော့ အရမ်း ကြိုက်သွားပြီ"

"ဟဲ့ကောင်မ... နင့်ရုပ်နဲ့ ငါတို့ သူဌေးကို သဘောကျချင်နေသေးတယ်... သူဌေးက ဒေါ်လာ သန်းချီတန်တဲ့ ဖာရာရီ စီးနေတာ မတွေ့ဘူးလား... သူက မိန်းမချောတွေ အများကြီး ရနိုင်တာ... နင့်လို ကောင်မကို သဘောကျပါ့မလား"

"အမလေး... သေနာမ... နင် ဘယ်သူ့ကို ပြောနေတာလဲ"

"နင့်ကို ပြောနေတာလေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဈေးကွက်ရှာဖွေရေး ဌာနကို ကောင်လေး ချောချောလေး တစ်ယောက် ရောက်လာတော့ နင်က သူ့ရှေ့သွားပြီး အီစီကလီ သွားလုပ်နေသေးတယ်မလား"

အောက်တွင် အမျိုးသမီး ဝန်ထမ်း တချို့က တီးတိုး ပြောဆိုနေကြလေသည်။

"မန်နေဂျာတွေ၊ ကြီးကြပ်ရေးမှူးတွေ အားလုံးကို အစည်းအဝေးခန်းထဲ ခေါ်လိုက်... ငါ အစည်းအဝေး တစ်ခု လုပ်ချင်တယ်"

ဆွန်ဖုန်းက လျန်ယင်ကို ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ"

ဆယ်မိနစ် အကြာတွင် အစည်းအဝေးခန်း အတွင်း၌ ရောက်သင့်သူများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

ဈေးကွက်ရှာဖွေရေး မန်နေဂျာ လောင်လီ၊ ထောက်ပံ့ရေး မန်နေဂျာ လောင်ဝမ်၊ ဝယ်ယူရေး မန်နေဂျာ လောင်ချန်၊ အုပ်ချုပ်ရေး မန်နေဂျာ လောင်ဟွမ် နှင့် ဘဏ္ဍာရေး မန်နေဂျာ ချင်ယန် တို့ ဖြစ်ကြသည်။

ချင်ယန် မှာ လျန်ယင်၏ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ပြီး အရည်အချင်း ရှိကာ စာရိတ္တလည်း ကောင်းမွန်သည်။

ထို့ကြောင့် ဝူမုန့်ရှင်းနှင့် လျန်ယင်တို့ ကနေဒါသို့ သွားရောက်ချိန်တွင် သံမဏိ စက်ရုံ၏ ဘဏ္ဍာရေး မန်နေဂျာ အဖြစ် လျန်ယင်က ချင်ယန်ကို တမင်သက်သက် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး အတော်လေး စိတ်ချရသည်။ အခြား သူများကို လွှဲအပ်ရန် လျန်ယင်နှင့် ဝူမုန့်ရှင်း တို့ နှစ်ယောက်လုံး စိတ်မချကြပေ။

"သူဌေး မင်္ဂလာပါ"

လူအားလုံး ရောက်ရှိပြီးမှသာ ဆွန်ဖုန်းက သူ၏ ရုံးခန်း အတွင်းမှ ထွက်လာခဲ့လေသည်။ ဝင်လာသည်နှင့် လူအားလုံးက ပြိုင်တူ မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြလေသည်။

ဆွန်ဖုန်းက ဤမန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများကို တစ်ချက် လိုက်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အားလုံးကို ထိုင်ရန် အချက်ပြလိုက်လေသည်။

"ငါ ဒီတစ်ခေါက် ပြန်လာတာက ပထမ အချက် အနေနဲ့ မင်းတို့ ဌာန အသီးသီးရဲ့ ဒီခြောက်လ အတွင်း အစီရင်ခံစာတွေကို နားထောင်ဖို့၊ ဒုတိယ အချက် အနေနဲ့ ဒုတိယ စက်ရုံခွဲရဲ့ ထုတ်လုပ်ရေး လိုင်းတွေ တပ်ဆင်ရေးနဲ့ စမ်းသပ် ထုတ်လုပ်ရေး ကိစ္စတွေကို စီစဉ်ဖို့ပဲ"

ဆွန်ဖုန်းက ထိပ်ဆုံးနေရာတွင် ထိုင်ကာ ဤဝန်ထမ်းများကို အထက်စီးမှ ကြည့်ရင်း ပြောလိုက်လေသည်။

မိမိ မရှိသည့် ကာလ အတွင်း အထူးသဖြင့် လျန်ယင်နှင့် ဝူမုန့်ရှင်း တို့ မရှိသည့် ကာလ အတွင်း ဤသူများက မိမိတို့၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာခဲ့ခြင်း ရှိမရှိ သူ သိချင်သည်။

အကယ်၍ ရှိခဲ့ပါက ဆွန်ဖုန်း အနေဖြင့် အားနာနေမည် မဟုတ်ဘဲ သူတို့ကို အလုပ်ထုတ်ကာ တရားစွဲဆိုမည် ဖြစ်သည်။

"ချင်ယန်... မင်းက စပြီး ဒီခြောက်လ အတွင်း ကုမ္ပဏီရဲ့ အမြတ်ငွေနဲ့ အသုံးစရိတ်တွေကို အစီရင်ခံပါ... ပြီးတော့ စာရင်းစာအုပ်တွေကိုလည်း ငါ့ကို ပြပါ"

ဆွန်ဖုန်းက မလှမ်းမကမ်းတွင် ထိုင်နေသော ချင်ယန်ကို ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ သူဌေး"

ချင်ယန်သည် လုပ်ရည်ကိုင်ရည် ရှိသော မိန်းကလေး တစ်ယောက် ဖြစ်ပြီး ရုပ်ရည် သိပ်မလှသော်လည်း အမျိုးသမီး လုပ်ငန်းရှင် တစ်ယောက်၏ အငွေ့အသက်မျိုး ရှိကာ အလုပ်လုပ်ရာတွင် လျင်မြန် တက်ကြွသော်လည်း အသေးစိတ်ကိုလည်း ဂရုစိုက်တတ်သည်။

ချင်ယန်က ကြိုတင် ပြင်ဆင်ထားသော ထူထဲသည့် စာရင်းစာအုပ်များကို ဆွန်ဖုန်းရှေ့သို့ ရိုသေစွာ ချထားပေးပြီးနောက် သူမ၏ နေရာသို့ ပြန်သွားကာ ဤခြောက်လ အတွင်း အရေးကြီးသော အမြတ်ငွေနှင့် အသုံးစရိတ်များကို နှုတ်ဖြင့် စတင် အစီရင်ခံလေသည်။

ဆွန်ဖုန်းက စာရင်းစာအုပ်များကို ကြည့်ရင်း ချင်ယန်၏ အစီရင်ခံမှုကို နားထောင်နေလေသည်။

ဤမျှ ထူထဲသော စာရင်းစာအုပ်များကို သာမန် လူတစ်ယောက်သာ ကြည့်ရပါက အနည်းငယ် ကြည့်ရုံဖြင့် ခေါင်းမူးသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလွန် များပြားသောကြောင့်ပင်။

တစ်လစာ အမှာစာ ဝင်ငွေများမှ အစ အိမ်သာသုံး စက္ကူ ဝယ်ယူသည့် အသုံးစရိတ် အထိ အသေးစိတ် မှတ်တမ်းတင်ထားရာ အလွန် အသေးစိတ်ကျလှပေသည်။ သို့သော် ဆွန်ဖုန်းက ဤသို့ ဖြစ်စေချင်ခြင်းပင်။

တကယ်တော့ ဆွန်ဖုန်းက စက္ကန့်အနည်းငယ်ခန့် ကြည့်ပြီးနောက် ဆက်မကြည့်တော့ဘဲ အသံလက်ထောက်ကို သူ၏ ကိုယ်စား စာရင်းများကို စစ်ဆေး အတည်ပြုပေးရန် တိုက်ရိုက် ခိုင်းလိုက်ပြီး သူက ချင်ယန်၏ အစီရင်ခံမှုကိုသာ နားထောင်နေလိုက်လေသည်။

ချင်ယန်သည် နာရီဝက်ခန့် အစီရင်ခံပြီးမှ ပြီးဆုံးသွားလေသည်။ အစီရင်ခံမှု ပြီးဆုံးချိန်တွင် အသံလက်ထောက်ကလည်း စစ်ဆေး အတည်ပြုပြီးသွားပြီ ဖြစ်ရာ ကြီးကြီးမားမား ပြဿနာ မရှိကြောင်း တွေ့ရသည်။

ဆွန်ဖုန်းသည် ချင်ယန်၏ အလုပ်လုပ်ပုံနှင့် ကျွမ်းကျင်မှုအပေါ် အတော်လေး ကျေနပ်မိပြီး ဤဘဏ္ဍာရေး မန်နေဂျာ နေရာကို သူမ အခိုင်အမာ ရရှိသွားပြီဟု ဆိုနိုင်သည်။

နောက်တစ်ခုမှာ ဝယ်ယူရေး ဌာနမှ လောင်ချန် ၏ အစီရင်ခံမှု ဖြစ်သည်။ လက်ရှိတွင် ဝယ်ယူရေး ဌာနမှာ အဓိကအားဖြင့် သံရိုင်းများကို ဝယ်ယူခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ အခြားသော အသုံးအဆောင် ပစ္စည်းများ ဝယ်ယူခြင်းလည်း ပါဝင်သည်။

သံရိုင်း ဝယ်ယူမှုကို ကနေဒါနိုင်ငံ မားစ် သံမဏိတွင်းမှ တိုက်ရိုက် ဝယ်ယူ၍ ပင်လယ်ရေကြောင်းဖြင့် သယ်ယူလာခြင်း ဖြစ်ရာ ကိုယ့်မိသားစုပိုင် သံရိုင်းများကို ပြန်ဝယ်ခြင်းဟု ဆိုနိုင်သည်။

ထို့ကြောင့် သံမဏိ စက်ရုံက သံရိုင်း မည်မျှ ဝယ်ယူခဲ့ကြောင်းကို ဆွန်ဖုန်း အသေအချာ သိရှိထားသဖြင့် ဤလောင်ချန် မှာ စည်းကမ်းဖောက်ဖျက်မှုများ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သိရှိပြီး သူ၏ အလုပ်လုပ်ပုံကိုလည်း ကျေနပ်မိလေသည်။

နောက်တစ်ခုမှာ ဈေးကွက်ရှာဖွေရေး ဌာနမှ လောင်လီ ဖြစ်သည်။

"သူဌေး... ဒါက ဇူလိုင်လ ကနေ ဒီဇင်ဘာလ အထိ အမှာစာ စာရင်းတွေပါ... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ"

လောင်လီက စာရင်းစာအုပ်များကို ရိုသေစွာ လှမ်းပေးရင်း ဆွန်ဖုန်းကို ကြည့်ရှုရန် ပြောလိုက်လေသည်။

ဇူလိုင်လ၏ အမှာစာမှာ တစ်သန်း ဖြစ်ပြီး ဤအမှာစာကြီးမှာ လျိုစစ်စစ် စက်ယန္တရား ထုတ်လုပ်ရေး ကုမ္ပဏီ၏ အထူး သံမဏိ ပထမဆုံး အမှာစာ ဖြစ်သည်။

ထို့နောက် လစဉ် အမှာစာများ တိုးတက်လာခဲ့ပြီး အတက်အကျများ ရှိသော်လည်း အထူး သံမဏိနှင့် သံမဏိတုံး၊ သံမဏိပြား အမှာစာများမှာ လစဉ် ပျမ်းမျှ အားဖြင့် နှစ်သန်းခန့် ရှိသဖြင့် အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

"အင်း... မဆိုးပါဘူး လောင်လီ... နောက်နှစ်မှာ ခင်ဗျားတို့ ဈေးကွက်ရှာဖွေရေး ဌာနက ပိုကြိုးစားပြီး အမှာစာတွေနဲ့ ဖောက်သည်တွေ ပိုရအောင် လုပ်ရမယ်...

ကျွန်တော်တို့ သံမဏိ စက်ရုံရဲ့ စက်ရုံခွဲကို တပ်ဆင်ပြီး စတင် ထုတ်လုပ်တော့မှာမို့လို့ အမှာစာတွေ အမီလိုက်နိုင်ဖို့ လိုတယ်... စက်ရုံခွဲကို အလုပ်မရှိဘဲ ထားလို့ မဖြစ်ဘူး"

ဆွန်ဖုန်းက လောင်လီကို အားပေးစကား ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ သူဌေး... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

လောင်လီသည် ဆွန်ဖုန်း၏ ချီးကျူးမှုကို ခံရသဖြင့် ချက်ချင်း သဘောထား ပြသကာ မျက်နှာပေါ်တွင် တက်ကြွမှုများ ပေါ်လာလေသည်။

"အင်း... အဲဒါဆို ကောင်းပြီ... ခင်ဗျားတို့ အားလုံးရဲ့ ဒီခြောက်လ အတွင်း အလုပ်လုပ်ပုံတွေကို ကျွန်တော် အကုန် မြင်ပါတယ်...

ကျွန်တော် ဒီမှာ မရှိလို့ ခင်ဗျားတို့ သဘောကျ လုပ်လို့ ရတယ်လို့ မထင်နဲ့... တစ်ယောက်ယောက်က နောက်ကွယ်မှာ အသေးအဖွဲ ကိစ္စလေးတွေ လုပ်နေတာကို ကျွန်တော် သိရင် အဲဒီလူကို ချက်ချင်း အလုပ်ထုတ်ပစ်မယ်"

ဆွန်ဖုန်း၏ အကြည့်များ စူးရှသွားပြီး လူအားလုံးကို နောက်တစ်ကြိမ် လိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။

လူအားလုံးမှာ ဆွန်ဖုန်း၏ အကြည့်ကြောင့် စိတ်ထဲတွင် ထိတ်လန့်သွားကြလေသည်။

"ကောင်းပြီ... ဒီလိုလုပ်ကြစို့... ခင်ဗျားတို့ရဲ့ ဒီခြောက်လ အတွင်း ကြိုးစား အလုပ်လုပ်ခဲ့မှု အတွက် ဆုချတဲ့ အနေနဲ့ မနက်ဖြန် ညနေပိုင်း ဝန်ထမ်း အားလုံးကို အလုပ်စောစော ဆင်းခွင့်ပြုမယ်...

အုပ်ချုပ်ရေး ဌာနက နှစ်ပတ်လည် ပွဲတော် တစ်ခု လုပ်ဖို့ စီစဉ်လိုက်... ဝန်ထမ်း အားလုံးကို စားသောက်ဆိုင်မှာ ဟင်းကောင်းကောင်း ကျွေးပြီး KTV မှာ တစ်ညလုံး သွားပျော်ကြမယ်...

ဪ... ကံစမ်းမဲ ဖောက်တာတို့၊ ဘာတို့လို အစီအစဉ်လေးတွေလည်း ထည့်လိုက်ဦး... ဝန်ထမ်းတိုင်းကို အန်ပေါင်း အကြီးကြီး တစ်အိတ်စီ ပေးမယ်... ကြိုတင် ကျင်းပတဲ့ နှစ်ပတ်လည် ပွဲတော်လို့ပဲ သဘောထားလိုက်ပါ...

အစီအစဉ် အသေးစိတ်ကိုတော့ အုပ်ချုပ်ရေး ဌာနက လောင်ဟွမ် တို့ ဌာနက ကိုယ့်ဖာသာ တိုင်ပင်ပြီး စီစဉ်လိုက်ပါ"

ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။

"ဝါး..."

"ကျေးဇူးတင်ပါတယ် သူဌေး"

All Chapters