အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း ၁၈၀ စက်ရုံခွဲ၏ ထုတ်လုပ်ရေး လိုင်းများ တပ်ဆင်ခြင်း
နှစ်ပတ်လည် ပွဲတော်သို့ ဆွန်ဖုန်း သွားရောက် ဆင်နွှဲခြင်း မရှိခဲ့ပေ။ စားသောက်ခြင်း၊ သီချင်းဆိုခြင်းမျှသာ ဖြစ်သဖြင့် သူ့အတွက် ဆွဲဆောင်မှု မရှိပေ။ သို့သော် ဝန်ထမ်းများ အတွက်မူ အခမဲ့ စားသောက်ရုံသာမက လက်ဆောင်များပါ ရရှိမည့် အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်သည်။
တတိယနေ့၊ ဆိုလိုသည်မှာ နှစ်ပတ်လည် ပွဲတော် ပြီးနောက် ဒုတိယနေ့တွင် ဆွန်ဖုန်းသည် သံမဏိ စက်ရုံခွဲ၏ ထုတ်လုပ်ရေး လိုင်းများကို စတင် တပ်ဆင်ရန် ပြင်ဆင်တော့သည်။
စိန့်ဖုန်းရေနံမြေတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီကတည်းက ဆွန်ဖုန်းသည် အထူး သံမဏိနှင့် သံမဏိတုံး၊ သံမဏိပြား ထုတ်လုပ်ရေး လိုင်းများ ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းများနှင့် ပစ္စည်းများကို ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။
ထိုစဉ်က အသံလက်ထောက်ကို အသုံးပြု၍ ရေအောက်တူးဖော်ရေး စနစ်ကြီး ရှိ အဆင့်မြင့် စက်ရုံတွင် အထူး သံမဏိ ထုတ်လုပ်ရေး လိုင်း သုံးခုနှင့် သံမဏိတုံး၊ သံမဏိပြား ထုတ်လုပ်ရေး လိုင်း ငါးခုကို ကြိုတင် ဖန်တီးထားခဲ့သည်။
လက်ရှိတွင် ဟိုင်ယန်မြို့ ဆင်ခြေဖုံးရှိ ဆွန်ဖုန်း အမြဲတမ်း ငှားရမ်းထားသော ဂိုဒေါင်ကြီး အတွင်းတွင် သိမ်းဆည်းထားသည်။ ထိုဂိုဒေါင်ကို ပုံမှန်အားဖြင့် ပစ္စည်းထားစရာ မရှိချိန်တွင် မားစ် သံမဏိတွင်းမှ ပင်လယ်ရေကြောင်းဖြင့် သယ်ယူလာသော သံရိုင်းများကို သိမ်းဆည်းရန် အသုံးပြုလေ့ ရှိသည်။
ယခုအခါ ဤထုတ်လုပ်ရေး လိုင်း ၈ ခုစာ တပ်ဆင်မည့် စက်ပစ္စည်း အစိတ်အပိုင်းများကို သံမဏိ စက်ရုံခွဲသို့ သယ်ဆောင်သွားကာ စက်ပစ္စည်း တပ်ဆင်ရေး ကုမ္ပဏီမှ လူများကို ခေါ်ယူ တပ်ဆင်ခိုင်းရုံသာ ဖြစ်သည်။
ဖုန်းရွေ့ သံမဏိ စက်ရုံခွဲကို ဟိုင်ယန်မြို့၏ နောက်ဆုံးပေါ် စက်မှုဇုန် ဖြစ်သော - ရှင်းရွေ့ စက်မှုဇုန်၏ အလယ်ဗဟိုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ဆွန်ဖုန်းသည် ထောက်ပံ့ရေး ဌာနမှ ဝန်ထမ်းများကို ကားတန်း တစ်ခု ငှားရမ်းရန် ညွှန်ကြားထားပြီး ယနေ့ မွန်းတည့်ချိန် မတိုင်မီ ထုတ်လုပ်ရေး လိုင်း ၈ ခု၏ စက်ပစ္စည်း အစိတ်အပိုင်း အားလုံးကို စက်ရုံသစ်သို့ သယ်ဆောင်လာရန် ခိုင်းထားခဲ့သည်။
မနေ့ကလည်း လျန်ယင်ကို စက်ပစ္စည်း တပ်ဆင်ရေး ကုမ္ပဏီ တစ်ခုနှင့် ဆက်သွယ်ကာ ထုတ်လုပ်ရေး လိုင်းများကို လာရောက် တပ်ဆင်ပေးရန် အကြောင်းကြားခိုင်းထားခဲ့သည်။ ဤတပ်ဆင်ရေး ကုမ္ပဏီက ယခင်ကလည်း ဆွန်ဖုန်း အတွက် နှစ်ကြိမ်တိုင်တိုင် တပ်ဆင်ပေးဖူးသဖြင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
နံနက်ပိုင်းတွင် ဆွန်ဖုန်းသည် ဖာရာရီကို မောင်းနှင်ကာ ရှင်းရွေ့ စက်မှုဇုန်ရှိ စက်ရုံသစ်သို့ ရောက်ရှိလာခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သောအခါ လွန်ခဲ့သော ခြောက်လခန့်က မြေဧက တစ်ထောင် ကျယ်ဝန်းသော ဤစက်ရုံသစ် နေရာမှာ ယခုအခါ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
လွန်ခဲ့သော ခြောက်လက ဤနေရာမှာ ဘာအဆောက်အအုံမှ မရှိသော မြေကွက်လပ် အလွတ်ကြီး သာ ဖြစ်သော်လည်း ယခုမူ အလွန် ကြီးမား မြင့်မားသော စတုဂံပုံ စက်ရုံ အဆောက်အအုံသစ် ၈ ခု ရှိနေပြီ ဖြစ်သည်။ ဤအဆောက်အအုံများသည် ထုတ်လုပ်ရေး လိုင်း ၈ ခုကို တပ်ဆင်ရန် အသုံးပြုမည့် နေရာများ ဖြစ်သည်။
ဤစက်ရုံ အဆောက်အအုံ ၈ ခု တည်ဆောက်မှုမှာ သိပ်မရှုပ်ထွေးလှပေ။ အုတ်မြစ်၊ နံရံ လေးဖက်၊ ထောက်တိုင်များနှင့် အမိုးမျှသာ ဖြစ်သည်။ အမိုးကို သံကူကွန်ကရစ်ဖြင့် မမိုးဘဲ နေကာ သတ္တုပြားများ၊ အပူခံပြားများဖြင့်သာ မိုးထားခြင်း ဖြစ်သည်။
ထုတ်လုပ်ရေး လိုင်း ၈ ခုကို နေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ပေးမည့် စက်ရုံ အဆောက်အအုံများ အပြင် ရုံးခန်း အဆောက်အအုံ အသေးလေး တစ်ခု၊ ဝန်ထမ်း အဆောင် တစ်ခု၊ သံရိုင်း သိုလှောင်ရုံ နှစ်ခု၊ ကုန်ချော သိုလှောင်ရုံ လေးခု စသည့် အဆောက်အအုံများလည်း ရှိသေးသည်။
"ဘယ်လိုလဲ... ဖုန်းကိုကို... ဒီစက်ရုံ အဆောက်အအုံတွေ မဆိုးဘူးမလား"
လျန်ယင်က ဆွန်ဖုန်း၏ ဘေးသို့ လျှောက်လာပြီး ရှေ့ရှိ အသစ်စက်စက် စက်ရုံ အဆောက်အအုံများကို ကြည့်ကာ ပြောလိုက်လေသည်။
"အင်း... မဆိုးပါဘူး"
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။
"ထုတ်လုပ်ရေး လိုင်းက စက်ပစ္စည်းတွေ အကုန် သယ်လာပြီးပြီလား"
"နောက်ဆုံး အသုတ်ပဲ ကျန်တော့တယ်... တစ်နာရီလောက် နေရင် အကုန် ရောက်လာလောက်ပါပြီ"
လျန်ယင်က ဖြေလိုက်လေသည်။
"အင်း... စက်ပစ္စည်း တပ်ဆင်ရေး ကုမ္ပဏီက လူတွေရော ရောက်နေပြီလား"
"ရောက်နေပါပြီ... သူတို့ ပထမဆုံး အထူး သံမဏိ ထုတ်လုပ်ရေး လိုင်းကို စပြီး တပ်ဆင်ဖို့ ပြင်နေကြတယ်... ကိုကို သွားကြည့်ဦးမလား"
"ကောင်းပြီ... သွားကြည့်ရအောင်"
ပထမဆုံး အထူး သံမဏိ ထုတ်လုပ်ရေး လိုင်းမှာ ဤသံမဏိ စက်ရုံသစ် ဂိတ်ပေါက်၏ ပထမဆုံး စက်ရုံ အဆောက်အအုံတွင် တည်ရှိသည်။
ဆွန်ဖုန်းနှင့် လျန်ယင် ဝင်သွားသောအခါ ပထမ အဆင့် တပ်ဆင်ရမည့် ထုတ်လုပ်ရေး လိုင်း၏ စက်ပစ္စည်း အစိတ်အပိုင်းများ အားလုံးကို စက်ရုံ အဆောက်အအုံ အတွင်းသို့ သယ်ဆောင်လာပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။
ဤစက်ပစ္စည်း တပ်ဆင်ရေး ကုမ္ပဏီက လူအယောက် တစ်ရာကျော်ခန့် စေလွှတ်ထားပြီး ယခုအချိန်တွင် သူတို့ အားလုံး အလုပ်များနေကြသည်။ အဆင့်မြင့် အင်ဂျင်နီယာများ၏ ညွှန်ကြားမှုဖြင့် ကနဦး တပ်ဆင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
"အို... သူဌေးဆွန်... ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်... စက်ရုံ အသစ် ထပ်ဖွင့်တာ ဂုဏ်ယူပါတယ်"
အထူး သံမဏိ ထုတ်လုပ်ရေး လိုင်း တပ်ဆင်ရေး လုပ်ငန်းများကို ကြီးကြပ်နေသော အထူး စက်ပစ္စည်း တပ်ဆင်ရေး အင်ဂျင်နီယာချုပ် လောင်ကျန်း ခေါ် ကျန်းချန် သည် ဆွန်ဖုန်း လျှောက်လာသည်ကို မြင်သောအခါ အလုပ်ကို ရပ်ကာ နှုတ်ဆက်လိုက်လေသည်။
"ဟားဟား... လောင်ကျန်း... မတွေ့ရတာ ကြာပြီပဲ"
ဆွန်ဖုန်းသည် ဤလောင်ကျန်း နှင့် အတော်လေး ခင်မင် ရင်းနှီးသည်။ ယခင်က သံမဏိ စက်ရုံ၏ အထူး သံမဏိနှင့် သံမဏိတုံး၊ သံမဏိပြား ထုတ်လုပ်ရေး လိုင်းများ နှစ်ကြိမ်တိုင်တိုင် တပ်ဆင်ရာတွင် ဤလောင်ကျန်း ကပင် တပ်ဆင်ရေး အင်ဂျင်နီယာချုပ် အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
သူ၏ အသက် ၄၀ ကျော်၊ ၅၀ အရွယ်ကို မကြည့်နှင့်၊ သူက ပညာတတ် တစ်ဦး ဖြစ်ပြီး အထူး အင်ဂျင်နီယာ တစ်ဦးလည်း ဖြစ်သည်။
"ဟဲဟဲ... စက်ရုံက အမြတ်ရလာလို့ ထုတ်လုပ်ရေး လိုင်းတွေ ထပ်တိုးဖို့ စီစဉ်လိုက်တာပါ... ပင်ပန်းသွားပြီနော်... ဒီည ခင်ဗျားကို ထမင်းကျွေးမယ်"
ဆွန်ဖုန်းက ရယ်မောကာ စီးကရက် တစ်ဘူး ထုတ်ပြီး လောင်ကျန်းကို တစ်လိပ် ကမ်းပေးလိုက်လေသည်။
လောင်ကျန်းက စီးကရက်ကို ယူ၍ မီးညှိလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အင်း... မဆိုးပါဘူး... ခင်ဗျားရဲ့ ဒီထုတ်လုပ်ရေး လိုင်းက ကျွန်တော် အခုထိ မြင်ဖူးသမျှ အဆင့်အမြင့်ဆုံးပဲ... အလိုအလျောက် စနစ်တွေ အကုန် ပါတယ်... ဘယ်ကနေ ရလာတာလဲ... ဥရောပနဲ့ အမေရိက ဘက်မှာလည်း ဒီလို ထုတ်လုပ်ရေး လိုင်း အသစ်တွေကို သုတေသန လုပ်နေကြပေမယ့် သိပ်မရင့်ကျက်သေးဘူးလို့ ကြားတယ်"
လောင်ကျန်းက ဗဟုသုတ ကြွယ်ဝသူ တစ်ဦး ဖြစ်သော်လည်း ဤမျှ အဆင့်မြင့်သော ထုတ်လုပ်ရေး လိုင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဟဲဟဲ... ဒါက ကျွန်တော့် သုတေသန ဌာနက တီထွင်ထားတာပါ... လောလောဆယ်တော့ စမ်းသပ် အဆင့်မှာပဲ ရှိပါသေးတယ်"
ဆွန်ဖုန်းက အလိုက်သင့် ပြန်ဖြေလိုက်လေသည်။
"ဟဲဟဲ... တော်တော် မဆိုးဘူးပဲ... အင်း... ကျွန်တော် အလုပ်ဆက်လုပ်လိုက်ဦးမယ်"
ဆွန်ဖုန်းက မပြောပြချင်သည်ကို မြင်သောအခါ လောင်ကျန်းကလည်း ဆက်မမေးတော့ဘဲ အလုပ်ကို ဆက်လုပ်လေသည်။
ရှေ့ရှိ ဤလူငယ်မှာ သာမန် မဟုတ်ကြောင်း သူ သိသည်။ နိုင်ငံခြားတွင် သံမဏိတွင်းသာမက ရေနံမြေတွင်ပါ ရင်းနှီးမြှုပ်နှံထားနိုင်သူ တစ်ယောက် အနေဖြင့် သုတေသန ဌာန တစ်ခု ဖွင့်လှစ်နိုင်ရန် ရန်ပုံငွေ ရှိခြင်းမှာလည်း မဖြစ်နိုင်စရာ မရှိပေ။
ထုတ်လုပ်ရေး လိုင်း ၈ ခုကို တပ်ဆင်ရန် ရက်အနည်းငယ်နှင့် မပြီးနိုင်ပေ။ ဆွန်ဖုန်းက သူတို့ကို တပ်ဆင်မှု အဆင့်ဆင့်နှင့် ပုံစံကြမ်းများ ပေးထားသလို၊ လောင်ကျန်း အနေဖြင့်လည်း ဤကဲ့သို့သော ထုတ်လုပ်ရေး လိုင်းများ တပ်ဆင်ဖူးသည့် အတွေ့အကြုံ ရှိသော်လည်း ဤထုတ်လုပ်ရေး လိုင်း ၈ ခုကို တပ်ဆင်ရန် အနည်းဆုံး ရက်ဝက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။
ဆွန်ဖုန်း လှည့်လည် ကြည့်ရှုပြီးနောက် ပြန်လာခဲ့လေသည်။
နောက်ထပ် ရက် ၂၀ ခန့် အကြာတွင် စတင် ထုတ်လုပ်နိုင်လောက်ပြီ ဖြစ်သည်။
အပြန်လမ်းတွင် ဆွန်ဖုန်းသည် စုန့်ကျဲ ထံသို့ ဖုန်းဆက်လိုက်လေသည်။ ပထမ အချက်မှာ ဤဘက်ရှိ ကိစ္စများ အားလုံး ဖြေရှင်းပြီးစီးသွားပြီ ဖြစ်ပြီး ထုတ်လုပ်ရေး လိုင်းများ တပ်ဆင်ပြီးသည်အထိ စောင့်ရန်သာ ကျန်တော့သဖြင့် ဆွန်ဖုန်းက ဟိုင်ထျန်မြို့ သို့ သွားကာ စုန့်ကျဲ နှင့်အတူ ရက်အနည်းငယ် သွားရောက် လည်ပတ်ရန် စဉ်းစားထားသည်။
ဒုတိယ အချက်မှာ ယခင်က သူ့ကို ပေးထားခဲ့သော အရည်အသွေး အမျိုးမျိုး ရှိသည့် ကျောက်စိမ်း ၂၀၀ ကျော် ရောင်းပြီးပြီလားဟု မေးရန် ဖြစ်သည်။
"ဟယ်လို... စုန့်ကျဲ လား... ကျွန်တော် ဆွန်ဖုန်း ပါ"
မကြာမီ ဖုန်းဝင်သွားလေသည်။
"ဟေ့... ညီလေးဆွန်... နောက်ဆုံးတော့ အစ်ကို့ဆီ ဖုန်းဆက်လာပြီပေါ့... ညီလေးက အစ်ကို့ဆီက ဒေါ်လာ သန်း ၁၀၀ ချေးပြီး ထွက်ပြေးသွားပြီလို့တောင် ထင်နေတာ"
ဖုန်းထဲမှ စုန့်ကျဲ၏ မျက်နှာပြောင်တိုက်သော အသံ ထွက်ပေါ်လာလေသည်။
"သောက်ရူး... ကျွန်တော်က အဲဒီလောက် သစ္စာမရှိတဲ့ ကောင်လား... ငွေလိမ်ပြီး ထွက်ပြေးမယ် ဆိုရင်တောင် ၁ ဘီလီယံ လောက် လိမ်ပြီးမှ ပြေးမှာပေါ့"
ဆွန်ဖုန်းက ရယ်မောကာ ဆဲလိုက်လေသည်။
"......"
"ကောင်းပြီလေ... ညီလေး နိုင်တယ်... ညီလေးရဲ့ စိန့်ဖုန်းရေနံမြေ တူးဖော်ရေး အခြေအနေ တော်တော်လေး ကောင်းနေတယ်လို့ ကြားတယ်... ရေနံတွင်း ၆ တွင်းတောင် တူးနိုင်ပြီ ဆိုတော့ တစ်နှစ် ထုတ်လုပ်မှုက စည်ပိုင်း တစ်သန်းကျော်တောင် ရှိနေပြီပဲ... အဲဒီလို ကြည့်ရရင် အစ်ကို ချေးထားတဲ့ ဒေါ်လာ သန်း ၁၀၀ ပြန်ရဖို့ သေချာနေပြီပေါ့"
စုန့်ကျဲက ရယ်မော၍ ပြောလိုက်လေသည်။
"မကဘူး... မကြာခင် ရေနံတွင်း ၁၀ တွင်း ဖြစ်လာတော့မှာ"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"၁၀ တွင်း... တော်တော် မဆိုးဘူးပဲ... မူလက ညီလေး ဒီကျောက်လွှာ ရေနံမြေမှာ ရင်းနှီးမြှုပ်နှံတာကို အစ်ကို သဘောမကျခဲ့ဘူး... ဒါပေမယ့် ညီလေး ကံကောင်းပြီး အခုလောက် အခြေအနေ ကောင်းလာမယ်လို့ မထင်ထားဘူး... အစ်ကို အစုရှယ်ယာ ဝင်ဖို့ စဉ်းစားသင့်ပြီလား မသိဘူး"
စုန့်ကျဲ က တစ်ဖက်မှနေ၍ လက်ပွတ်ကာ ပြောလိုက်လေသည်။
"ဪ... အမြဲတမ်း ကြိုဆိုပါတယ်... ဒါပေမယ့် ၁၀ တွင်း တူးပြီးရင် နောက်ပိုင်း ဆက်တူးတာ ဒီလို အဆင်ပြေပြေ ဖြစ်မယ်လို့တော့ အာမမခံနိုင်ဘူးနော်"
ဆွန်ဖုန်းက မဖွယ်မရာ ပြုံးကာ ပြောလိုက်လေသည်။
"လခွီး... အဲဒါဆို ထားလိုက်ပါတော့... အစ်ကို မကစားတော့ဘူး... ကျောက်မျက်ရတနာ လောင်းကစား လုပ်ရသလို အရမ်း ရင်ခုန်စရာ ကောင်းလွန်းတယ်"
စုန့်ကျဲ သည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ ချက်ချင်း လက်တွန့်သွားလေသည်။
"သတ္တိကြောင်လိုက်တာ"
ဆွန်ဖုန်းက အထင်သေးစွာ ပြောလိုက်လေသည်။
"အစ်ကို့ကို သတ္တိကြောင်တယ်လို့ ပြောတယ်ပေါ့... သောက်ကျိုးနည်း အစ်ကို့ပိုက်ဆံ ပြန်ဆပ်"
စုန့်ကျဲက အော်ပြောလိုက်လေသည်။
"အဟမ်း... အစ်ကိုကြီး... ကျွန်တော်တို့ တခြား အကြောင်း ပြောရအောင်"
ဆွန်ဖုန်းက စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်လေသည်။
သူတို့ နှစ်ယောက် အပြန်အလှန် နောက်ပြောင်ပြီးနောက် စုန့်ကျဲက ဆွန်ဖုန်းကို အတည်ပေါက်ဖြင့် ပြောလိုက်လေသည်။
"ညီလေးရဲ့ အဲဒီ ကျောက်စိမ်း အတုံး ၂၀၀ ကျော် အကုန် ရောင်းပြီးသွားပြီ... ညီလေးဆီ ငွေလွှဲပေးရမလား၊ ဒါမှမဟုတ် ကိုယ်တိုင် လာယူမလားလို့ အစ်ကို မေးမလို့... တကယ်လို့ လာယူမယ် ဆိုရင် ဒီဘက်မှာပါ ရက်အနည်းငယ်လောက် လာလည်ပေါ့"
"အင်း... ကျွန်တော် လာခဲ့မယ်လေ... ဘယ်လောက် ရလဲ"
"ယွမ် သန်း ၅၀၀"