အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း ၁၈၄ အိမ်အပြန်
ဆွန်ဖုန်းသည် ဟိုင်ယန်မြို့တွင် နောက်ထပ် တစ်ပတ်ခန့် နေပြီးနောက် လျန်ယင်နှင့်အတူ ကနေဒါသို့ ပြန်လာခဲ့ကြသည်။
ဗန်ကူးဗားတွင် သူတို့ နှစ်ယောက် လမ်းခွဲခဲ့ကြပြီး လျန်ယင်က လီယာဒက်ဘာ့ဂ် မြို့သို့ ပြန်ကာ မားစ် သံမဏိတွင်း ကိစ္စများကို ဆက်လက် တာဝန်ယူရမည် ဖြစ်သည်။
ဆွန်ဖုန်းကမူ ဗန်ကူးဗားရှိ အိမ်သို့ ပြန်ကာ မတွေ့ရသည်မှာ ကြာပြီ ဖြစ်သော ဟယ်မင်ယီ ကို သွားရောက် တွေ့ဆုံလေသည်။
အိမ်ပေါက်ဝသို့ ရောက်သောအခါ ဟယ်မင်ယီ သည် ဗီလာရှေ့ရှိ ပန်းခြံငယ်လေး အတွင်း လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။
ဗိုက်အကြီးကြီးနှင့် သူမသည် အနွေးထည် အထူကြီးကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ဒေါက်မပါသော ဖိနပ်ကို စီးထားကာ နားကြပ် တပ်ထားပြီး စိတ်ခံစားချက် ကောင်းမွန်နေပုံ ရသည်။
"မင်ယီ"
ဆွန်ဖုန်းက အဝေးမှနေ၍ လှမ်းခေါ်လိုက်လေသည်။
ဟယ်မင်ယီက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သောအခါ ဆွန်ဖုန်းက ပြုံး၍ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
"ရှင်... လူဆိုးကြီး နောက်ဆုံးတော့ ပြန်လာပြီပေါ့"
ဟယ်မင်ယီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလေသည်။
သူတို့ နှစ်ယောက် မတွေ့ရသည်မှာ တစ်လကျော်၊ နှစ်လ နီးပါး ရှိနေပြီ ဖြစ်ရာ လွမ်းဆွတ်မှု ဒီရေများက ရုတ်တရက် တက်လာလေတော့သည်။
"အင်း... ကိုယ်တို့ရဲ့ သားလေးကို လာကြည့်တာ... တကယ်တော့ မင်းကို လွမ်းလို့ပါ"
ဆွန်ဖုန်းက ဟယ်မင်ယီ၏ ဘေးသို့ လျှောက်သွားကာ လက်ထဲမှ ခရီးဆောင်အိတ်ကို ချထားလိုက်ပြီး လမ်းလျှောက်ရ ခက်ခဲနေသော ဟယ်မင်ယီကို တွဲပေးလိုက်လေသည်။
"ဟွန်း... စကားတတ်တိုင်း ပြောနေ... ရှင်သာ ပြန်မလာဘူး ဆိုရင် ကျွန်မ မိဘအိမ် ပြန်တော့မလို့... ကျွန်မ ကိုယ်ဝန်ဆောင်ထားရတာ လွယ်တယ်များ မှတ်နေလား... ယောက်ျား ဖြစ်ပြီးတော့ အနားမှာ မရှိဘူး... နောက်တစ်လ နေရင် ကလေးမွေးတော့မှာနော်"
ဟယ်မင်ယီက အနည်းငယ် စိတ်ဆိုးသံဖြင့် ပြောလိုက်လေသည်။
"သိပါတယ်... သိပါတယ်... ကိုယ် အကုန် မှတ်ထားပါတယ်... ကိုယ်က ကလေး နို့ဖိုး ရအောင် အလုပ်များနေလို့ပါ"
ဆွန်ဖုန်းက ဟယ်မင်ယီကို ဖက်ကာ ခရီးဆောင်အိတ်ကို ယူ၍ အိမ်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
အိမ်ထဲသို့ ဝင်သွားသောအခါ ယန်ရွှယ် က သိုးမွှေး အင်္ကျီ ထိုးနေသည်ကို တွေ့လိုက်ရသည်။
ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ သူမက ဝမ်းသာအားရဖြင့် လှမ်းနှုတ်ဆက်သည်။
"ပြန်လာပြီလား"
"အင်း"
ယန်ရွှယ် က လက်ထဲမှ ပစ္စည်းများကို ချထားကာ အမြန် လျှောက်လာပြီး ဆွန်ဖုန်းကို အိမ်စီး ဖိနပ် လဲပေးလေသည်။
ယန်ရွှယ်က ခါးကုန်း၍ ဖိနပ်လဲပေးနေချိန်တွင် သူမ၏ လုံးဝန်းသော တင်ပါးများနှင့် ရှေ့မှ အမွှာကို မြင်သောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် ရုတ်တရက် ပူနွေးသွားလေသည်။
ယန်ရွှယ်က ဖိနပ်လဲပေးပြီးနောက် ခရီးဆောင်အိတ်ကိုပါ ကူညီ သိမ်းဆည်းပေးလေသည်။
ဆွန်ဖုန်းက ဟယ်မင်ယီကို ဆွဲကာ ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။
ယခုအခါ ဟယ်မင်ယီမှာ အရင်ကထက် အနည်းငယ် ဝဖြိုးလာပြီး အသိသာဆုံးမှာ ထိုဗိုက်အကြီးကြီးပင် ဖြစ်သည်။
သူမ၏ သခွားစေ့ပုံ မျက်နှာလေးမှာလည်း အနည်းငယ် ဖောင်းအိလာပြီး မျက်နှာတွင် သွေးရောင် လွှမ်းကာ ကျန်းမာရေး ကောင်းမွန်နေပုံ ရသည်။ ကိုယ်ဝန် အတော်လေး ကောင်းမွန်စွာ ဆောင်ထားနိုင်ပုံ ရသည်။
"လာ... ကိုယ့် သားလေးရဲ့ အသံကို နားထောင်ကြည့်ဦးမယ်"
ဆွန်ဖုန်းက နားကို ဟယ်မင်ယီ၏ ဗိုက်ပေါ်သို့ ကပ်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းသည် ဗိုက်ထဲမှ အခြား နှလုံးခုန်သံ တစ်ခုကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ၏ သားလေး၏ နှလုံးခုန်သံပင် ဖြစ်သည်။ အသက်ကလေး တစ်ခု... မကြာမီ မွေးဖွားလာတော့မည်။
"ဒီရက်ပိုင်း သူက ဗိုက်ကို ခဏခဏ ကန်တယ်... တော်တော် ဆော့တယ်"
ဟယ်မင်ယီက ဆွန်ဖုန်း၏ ဆံပင်များကို နူးညံ့စွာ ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်လေသည်။
"ဟားဟား... ဒါဆို မင်း နေရခက်နေလား"
ဆွန်ဖုန်းက ဗိုက်ထဲမှ ကလေး၏ လှုပ်ရှားမှုများကို ဆက်လက် နားထောင်ရင်း မေးလိုက်လေသည်။
"ဒါပေါ့... အရင်က ကလေးမွေးရတာ သိပ်မကြောက်စရာ မကောင်းဘူးလို့ ထင်ခဲ့တာ... အခု ကိုယ်တိုင် ကြုံရမှ တော်တော် ပင်ပန်းမှန်း သိတော့တယ်... ညဘက်ဆိုရင်လည်း ခဏခဏ အိပ်မပျော်ဘူး"
ဟယ်မင်ယီက ဆွန်ဖုန်းကို ညည်းတွားပြလိုက်လေသည်။
"အင်း... မင်း ပင်ပန်းသွားပြီ... ကလေးမွေးပြီးရင် မင်းကို သေချာ ဂရုစိုက်ပေးပါ့မယ်"
ဆွန်ဖုန်းက ဟယ်မင်ယီ၏ ပခုံးကို ဖက်ကာ သူ၏ ကျယ်ပြန့် ခိုင်မာသော ပခုံးပေါ်တွင် မှီထားစေလိုက်လေသည်။
"ရှင်... ကျွန်မတို့ မင်္ဂလာဆောင် အတွက် ဘယ်လို ပြင်ဆင်ထားလဲ"
နောက်တစ်လ ဆိုလျှင် ကလေးမွေးတော့မည် ဖြစ်ပြီး ထိုအချိန်ကျပါက ကလေး တစ်လပြည့်ပွဲနှင့် မင်္ဂလာဆောင်ကို အတူတူ ကျင်းပမည် ဖြစ်သည်။
ဟယ်မင်ယီ အနေဖြင့် ကိုယ်တိုင် မင်္ဂလာဆောင် အတွက် မစီစဉ်နိုင်သဖြင့် ဆွန်ဖုန်း တစ်ယောက်တည်းသာ လုပ်ဆောင်ရမည် ဖြစ်သည်။
"အင်း... အဲဒါ ကိုယ် စီစဉ်လိုက်ပါ့မယ်... ဒါနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောသလို လျန်ယင် ကလည်း ကိုယ့်ရဲ့ လူ ဖြစ်သွားပြီ... နောက်ပိုင်း အတူနေတဲ့အခါကျရင် သူဌေးသမီး စိတ်မကောက်နဲ့နော်"
ဆွန်ဖုန်းက ဟယ်မင်ယီကို ကြိုတင် သတိပေးလိုက်လေသည်။
"သိပါတယ်... ရှင် ကျွန်မအပေါ် ကောင်းရင် ရပါပြီ"
ဟယ်မင်ယီက ပြောလိုက်လေသည်။
"အဲဒါဆို ကောင်းတာပေါ့"
"ဒါနဲ့... သားလေး နာမည် စဉ်းစားပြီးပြီလား"
ဟယ်မင်ယီက ခေါင်းမော့ကာ ဆွန်ဖုန်းကို ကြည့်၍ မေးလိုက်လေသည်။
"အဟမ်း... အဲဒါက... အလုပ်များနေလို့ အချိန်မရှိဘူး ဖြစ်နေတယ်"
ဆွန်ဖုန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ဖြေလိုက်လေသည်။
တကယ်တော့ သူလည်း ထိုကိစ္စကို စဉ်းစားနေခဲ့သော်လည်း နောက်ပိုင်း ကိစ္စတွေ အများကြီး ပေါ်လာသဖြင့် အချိန်မရှိ ဖြစ်သွားခဲ့သည်။
"အလုပ်များတယ်... အလုပ်များတယ် နဲ့... မိန်းကလေးတွေ လိုက်ပိုးဖို့ အလုပ်များနေတာ မဟုတ်လား"
ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။ "ရှင် နာမည် မပေးရင် ကျွန်မပဲ နာမည် ပေးလိုက်တော့မယ်... ကျွန်မက အချိန်တွေ အများကြီး ရှိတာကို"
"စဉ်းစားပြီးပြီလား"
"စဉ်းစားပြီးပြီ... ငါးခု ခြောက်ခုလောက်တောင် စဉ်းစားထားတာ"
ဟယ်မင်ယီက လက်ချောင်းလေးများကို ရေတွက်ကာ ပြောလိုက်လေသည်။
"ပြောကြည့်ပါဦး"
"ဆွန်ရှောင်မင်... ဆွန်အောက်ထျန်း..."
"မင်းက အင်တာနက် ဝတ္ထုတွေနဲ့ ဟာသတွေ ဖတ်တာ များသွားပြီ ထင်တယ်"
ဆွန်ဖုန်းမှာ ဘာပြောရမှန်းပင် မသိတော့ပေ။ နာမည်တွေက အရမ်း ရိုးလွန်းနေသည်။
"အဲဒါဆို... 'ဆွန်ရွှိုက်' (ဆွန် + ချောမောခြင်း) လို့ ပေးရင်ရော ဘယ်လိုလဲ"
ဟယ်မင်ယီက ရုတ်တရက် အကြံဉာဏ် ရသွားလေသည်။
"စဉ်းစားကြည့်လေ... ကျွန်မရဲ့ မျိုးရိုးဗီဇက အရမ်း ကောင်းတော့ မွေးလာမယ့် သားလေးကလည်း သေချာပေါက် အရမ်း ချောမှာပဲ... အင်း... 'ဆွန်ရွှိုက်' ပဲ"
"ကိုယ့်ရဲ့ မျိုးရိုးဗီဇကလည်း မဆိုးပါဘူး... ဟိုအရင်က ကိုယ်က မိန်းကလေး ထောင်သောင်းချီကို ဆွဲဆောင်နိုင်ခဲ့တာ... အခုလည်း အလှလေး သန်းချီကို ဆွဲဆောင်နိုင်တဲ့ ယောကျာ်း တစ်ယောက်ပဲ"
"ကောင်းပြီ... အဲဒီနာမည်ပဲ ပေးလိုက်မယ်"
ထိုအချိန်တွင် ယန်ရွှယ် ထွက်လာလေသည်။
လင်ဗန်း တစ်ခုကို ကိုင်ကာ သူတို့ နှစ်ယောက် ရှေ့သို့ လျှောက်လာပြီး ဆွန်ဖုန်းကို ရေနွေး တစ်ခွက် ပေးကာ ဟယ်မင်ယီကို နွားနို့ပူပူ တစ်ခွက် ပေးလေသည်။
"ရှင် မရှိတဲ့ အချိန်တွေမှာ ယန်ရွှယ် ကိုပဲ အားကိုးနေရတာ... ရှင် သူ့ကို ကျေးဇူးတင်သင့်တယ်"
ဟယ်မင်ယီက နွားနို့ကို ယူ၍ တစ်ငုံ သောက်လိုက်လေသည်။
"ဟဲဟဲ... ကျေးဇူးတင်စရာ မလိုပါဘူး... ဒါတွေ အကုန်လုံးက ကျွန်မ လုပ်သင့်တဲ့ အလုပ်တွေပါ"
ယန်ရွှယ် ကလည်း ဝင်ထိုင်လိုက်လေသည်။
မိန်းကလေး နှစ်ယောက်မှာ အတူနေလာပြီးနောက် ယခင်က စိတ်ဝမ်းကွဲမှုများ အကုန်လုံး ပျောက်ကင်းသွားပုံ ရပြီး အတော်လေး အဆင်ပြေနေပုံ ရသည်။
နောက်ပိုင်း မိသားစု ပြဿနာများ မဖြစ်လောက်တော့ဟု ဆွန်ဖုန်း တွေးလိုက်မိလေသည်။
"ရှင်လည်း ယန်ရွှယ်ကို ကိုယ်ဝန် ရအောင် လုပ်ပေးလိုက်ပါလား... နောက်နည်းနည်း ကြာရင် မွေးလာမယ့် ကလေးက 'ဆွန်ရွှိုက်' နဲ့ အဖော် ဖြစ်တာပေါ့"
ဟယ်မင်ယီက နောက်ပြောင်လိုက်လေသည်။
"ကောင်းတာပေါ့... ဒီည ကိုယ် ကြိုးစားလိုက်မယ်"
ဆွန်ဖုန်းက လက်တစ်ဖက်ဖြင့် ဟယ်မင်ယီကို ဖက်ကာ အခြား လက်တစ်ဖက်ဖြင့် မျက်နှာ နီရဲသွားသော ယန်ရွှယ်ကို ဖက်၍ ဟားဟားရယ်ကာ ပြောလိုက်လေသည်။
"ဟေး... ရှန်ကွမ်းဇီရှီး ပြန်သွားပြီလား"
ရုတ်တရက် ဆွန်ဖုန်းက ယခင်က မိမိအိမ်တွင် နေခဲ့သော အလှလေးကို သတိရသွားလေသည်။
"သူ ပြန်သွားတာ တစ်လလောက် ရှိပြီ"
"ဘာလဲ... ရှင်က ဘာအကြံအစည်တွေ ထပ်ရှိနေပြန်ပြီလဲ"
ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ မေးလိုက်လေသည်။
"မရှိပါဘူး... ဒီလိုပဲ မေးကြည့်တာပါ"
ရှန်ကွမ်းဇီရှီး မှာ စူပါ အလှလေး တစ်ယောက် ဖြစ်သော်လည်း သူ့အတွက် သင့်တော်မည် မထင်သလို သူမကလည်း သူ့ကို သဘောကျမည် မဟုတ်ပေ။
"ကျွန်မ ဈေးသွားဝယ်လိုက်ဦးမယ်... စကားပြောကြဦးလေ"
ယန်ရွှယ် က ခဏထိုင်ပြီးနောက် ဒီည ညစာ အတွက် ဈေးသွားဝယ်ရန် ပြင်လိုက်လေသည်။
"အင်း... သွားလေ... လမ်းမှာ သတိထားဦးနော်"
"ဟုတ်ကဲ့"
ယန်ရွှယ် ထွက်သွားပြီးနောက် ဟယ်မင်ယီက ဆွန်ဖုန်း၏ ရင်ခွင်ထဲတွင် လှဲလျောင်းကာ မေးလိုက်လေသည်။
"ရှင်... ရှင့်ရဲ့ ရေနံမြေ တူးဖော်ရေး အခြေအနေ ဘယ်လိုလဲ... အဆင်ပြေရဲ့လား"
"လောလောဆယ်တော့ တော်တော်လေး အဆင်ပြေပါတယ်... ဒါနဲ့ ကိုယ် အခု စူးမေးကို ပင်လယ်ရေအောက် သင်္ဘောပျက် ဆယ်ယူရေး ကုမ္ပဏီ တစ်ခု ထောင်ခိုင်းထားတယ်... အချိန်တန်လို့ တန်ဖိုးကြီး ပစ္စည်းတွေ ဆယ်ယူရရှိရင် မင်း အတွက် သေချာ ရွေးပေးမယ်"
"ကောင်းပြီ... ရှင် ဘာလုပ်လုပ် ကျွန်မ ထောက်ခံပါတယ်"
ဟယ်မင်ယီက အခြား အမျိုးသမီးများ ကဲ့သို့ ဆွန်ဖုန်းကို ရူးနေပြီဟု မထင်မှတ်ပေ။
ယခုအခါ ဟယ်မင်ယီသည် ဆွန်ဖုန်းကို သူမ၏ ကောင်းကင်နှင့် မြေကြီး အဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။
ထို့ကြောင့်သာ ယခင်က သူမ၏ မင်္ဂလာ လက်ဖွဲ့ငွေ ယွမ် ၁ ဘီလီယံ ကို ရေနံမြေတွင် ရင်းနှီးမြှုပ်နှံရန် ဆွန်ဖုန်းထံသို့ မစဉ်းစားဘဲ ပေးခဲ့ခြင်း ဖြစ်သည်။