← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅ ငါ့ရဲ့ သူငယ်ချင်းတွေ အားလုံး အံ့ဩ မှင်တက်သွားကြတယ်

နောက်ရက်များတွင် ဆွန်ဖုန်းနှင့် ဝန်ထမ်း ဆယ်ယောက်ခန့်သည် အတ္တလန္တိတ် သမုဒ္ဒရာနှင့် ဗီဂို ပင်လယ်အော် ဆုံရာ ရေပြင် တစ်ဝိုက်တွင် လှည့်လည် သွားလာနေကြလေသည်။

ဆွန်ဖုန်းသည် နေ့စဉ် ပင်လယ်ထဲ ဆင်းကာ ရေငုပ် လေ့ကျင့်လေသည်။ အကြောင်းရင်း တစ်ချက်မှာ ရေငုပ်ခြင်းကို လေ့လာရန် ဖြစ်ပြီး အခြား အကြောင်းရင်း တစ်ချက်မှာ သူ၏ အစီအစဉ်များ အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေသည်။ ဆွန်ဖုန်းသည် ဤရေပြင် တစ်ဝိုက်တွင် သိုလှောင်ရုံ အတွင်းရှိ သင်္ဘောပျက် ၁၇ စင်းကို ချထားရန် သင့်တော်သော ရေတိမ်ပိုင်း နေရာများကိုလည်း ရှာဖွေနေလေသည်။

လမသာ၊ လေမတိုက်သော ညတစ်ည...

ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို ထပ်မံ ဝတ်ဆင်ကာ ပင်လယ်အောက်ကြမ်းပြင်သို့ ဆင်းသွားလေသည်။ အဘယ်ကြောင့်ဆိုသော် သင့်တော်သော နေရာ တစ်ခုကို ရှာတွေ့ထားပြီ ဖြစ်သောကြောင့်ပင်။

"အရှင်ကို သတင်းပို့ပါတယ်... ဒီနေရာရဲ့ ရေအနက်က ၁၀၅ မီတာ ရှိပြီး... ကိုဩဒိနိတ်က လောင်ဂျီတွဒ် XX၊ လတ္တီတွဒ် XX ပါ... အတ္တလန္တိတ် နိုင်ငံတကာ ရေပိုင်နက် အတွင်းမှာ ရှိပြီး ဗီဂို ပင်လယ်အော်နဲ့ ရေမိုင် ၃၀ အကွာမှာ ပါ... ဒီနေရာက သင်္ဘောပျက် ၁၇ စင်းကို ချထားဖို့ အရမ်း သင့်တော်ပါတယ်... ပြီးရင် အရှင်ရဲ့ လက်အောက်ငယ်သားတွေကို ဆယ်ယူခိုင်းလို့ ရပါပြီ... ရေမနက်တဲ့ အတွက် ဆယ်ယူရတာ သိပ်မခက်ခဲနိုင်ပါဘူး... လူသားတွေရဲ့ စက်ယန္တရားတွေနဲ့ ဆယ်ယူဖို့ သင့်တော်ပါတယ်"

ဆွန်ဖုန်းသည် ပင်လယ်ရေအောက်တွင် ရှိနေပြီး အသံလက်ထောက်၏ အကြံပြုချက်ကို နားထောင်နေလေသည်။

"ကောင်းပြီ... ဒါဆိုရင် ဒီနေရာပဲ"

ဆွန်ဖုန်းသည် မဆိုင်းမတွပင် သိုလှောင်ရုံ အတွင်းရှိ ရွှေသင်္ဘောစု ၁၇ စင်းကို ရွှံ့နွံများနှင့် အတူ ဤပင်လယ်ပြင် တစ်ဝိုက်တွင် ချထားလိုက်လေသည်။

မကြာမီ ပျက်စီး ယိုယွင်းနေသော ရှေးဟောင်း သစ်သား သင်္ဘော ၁၇ စင်းသည် ရေအနက် ၁၀၅ မီတာ ရှိသော နေရာတွင် တိတ်ဆိတ်စွာ ပေါ်လာလေသည်။ ချထားသည့် နေရာများမှာလည်း အရင်ကအတိုင်းပင် ဝေးသော သင်္ဘောများမှာ ၃ - ၄ ကီလိုမီတာခန့် ကွာဝေးပြီး နီးသော သင်္ဘောများမှာ ၂ - ၃ ကီလိုမီတာခန့် ကွာဝေးကြသည်။

ဆွန်ဖုန်းသည် ထိုသင်္ဘောပျက်များ၏ အထက်သို့ တက်သွားကာ အားလုံး နေရာတကျ ဖြစ်သွားပြီကို မြင်သောအခါ မိမိ၏ သင်္ဘော ရှိရာသို့ ပြန်လာခဲ့လေသည်။ နောက်တစ်ဆင့် အနေဖြင့် သူ အနည်းငယ် သရုပ်ဆောင်ရမည် ဖြစ်သည်။ ရေငုပ်ရင်း ထိုသင်္ဘောပျက်များကို မတော်တဆ တွေ့ရှိခဲ့သည်ဟု ဟန်ဆောင်လိုက်ရုံသာ ဖြစ်သည်။

ဆွန်ဖုန်း အနေဖြင့် ဤနေရာတွင် သင်္ဘောပျက်များကို ချထားခြင်း အတွက် အခြားသူများ တွေ့သွားမည်ကို မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သင်္ဘောမှာ ဤနေရာနှင့် ရေမိုင် အနည်းငယ်သာ ကွာဝေးသဖြင့် ဤအစီအစဉ်ကို ချက်ချင်း အကောင်အထည် ဖော်နိုင်သောကြောင့်ပင်။

သင်္ဘောပေါ် ရောက်သောအခါ ဆွန်ဖုန်းက သင်္ဘောမောင်းသူကို ယခင်က သင်္ဘောပျက် ၁၇ စင်း ချထားခဲ့သော နေရာသို့ မောင်းနှင်ရန် ညွှန်ကြားလိုက်လေသည်။ ဤရက်ပိုင်းများ အတွင်း ပင်လယ်ပြင်တွင် လျှောက်သွားနေကြသဖြင့် မည်သူကမှ သံသယ မဝင်ကြပေ။ ဘယ်နေရာ သွားသွား အတူတူပင်ဟု ထင်မှတ်နေကြသည်။

မကြာမီ အထောက်အကူပြု သင်္ဘောမှာ သင်္ဘောပျက်များ ရှိရာ ရေပြင် အထက်သို့ ရောက်ရှိသွားလေသည်။

"ဟေး... ဆိုနာ ရဲ့ ပြသချက် အရ ဒီနေရာရဲ့ ရေအနက်က သိပ်မနက်ဘူး ထင်တယ်... ငါတို့ ရေငုပ် သွားကြရအောင်"

ဆွန်ဖုန်းသည် မောင်းနှင်ရေး အခန်း အတွင်းမှ ထွက်လာပြီး ဇာတ်ကား ကြည့်နေသော တယ်ကျီ နှင့် ပေကျိ ကို ပြောလိုက်လေသည်။

"သူဌေး... ကျွန်တော် ဇာတ်ကား ကြည့်နေတယ်... နောက်မှ သွားလို့ မရဘူးလား"

တယ်ကျီ မှာ အကောင်းဆုံး အခန်းသို့ ရောက်နေသဖြင့် ဆွန်ဖုန်းနှင့် အတူ ရေငုပ်ရန် မသွားချင်ပေ။

"ဟွန့်... မသွားရင်လည်း နေ... ငါ့ဘာသာ သွားမယ်"

ဆွန်ဖုန်းက သူတို့ နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ အခြား လူအချို့ကို ခေါ်ကာ ရေငုပ် စက်ပစ္စည်းများနှင့် လုံခြုံရေး ကြိုးများကို ပြင်ဆင်ခိုင်းလိုက်လေသည်။

ခဏအကြာတွင် တယ်ကျီ မှာ မတတ်သာသည့် အမူအရာဖြင့် တက်လာပြီး ဆွန်ဖုန်းနှင့် အတူ ရေငုပ်ရန် ပြောလေသည်။ တကယ်တော့ သူက ဆွန်ဖုန်း တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်သွားပါက သူ ဒုက္ခရောက်မည် ဖြစ်သည်။

"ဟဲဟဲ... တယ်ကျီ... ဇာတ်ကား ကြည့်ရတာ ဘာကောင်းလို့လဲ... နောက်ရက် ဗီဂိုမြို့ ပြန်ရောက်ရင် မင်း တစ်ယောက်တည်းကို ပညာတတ် လူကုံထံတွေ စုဝေးတဲ့ နေရာကို ခေါ်သွားပြီး အပျော်အပါး လုပ်ပေးမယ်"

ဆွန်ဖုန်းက တယ်ကျီ ကို မျှော်လင့်ချက် ကြီးကြီး တစ်ခု ပေးလိုက်လေသည်။

"တကယ်လား သူဌေး... ကျွန်တော် နောက်ဆို သူဌေးနဲ့ အမြဲတမ်း ရေငုပ် လိုက်မယ်"

တယ်ကျီ ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လင်းသွားပြီး ယခုချက်ချင်းပင် ဆွန်ဖုန်း အရှေ့တွင် စွမ်းဆောင်ရည် ပြသချင်နေတော့သည်။

"အင်း... သေချာ ကြိုးစား"

ဆွန်ဖုန်းက တယ်ကျီ၏ ပခုံးကို ပုတ်ကာ ကျေနပ်စွာ ပြောလိုက်လေသည်။

မကြာမီ သူတို့ နှစ်ယောက် ရေငုပ်ဝတ်စုံများ ဝတ်ဆင်ပြီး လုံခြုံရေး ကြိုးများ ချည်နှောင်ကာ သင်္ဘောဘေးမှ ခုန်ချလိုက်ကြလေသည်။ "ဗွမ်း" ခနဲ အသံနှင့်အတူ ပင်လယ်ရေထဲသို့ ရောက်ရှိသွားကြလေသည်။

ဆွန်ဖုန်းသည် ရေထဲ ရောက်သည်နှင့် ဟန်ဆောင်ပန်ဆောင်ဖြင့် ရေငုပ် လေ့ကျင့်နေပြီးနောက် ရေအောက်သို့ ဆက်လက် ငုပ်ဆင်းသွားလေသည်။ ဤတစ်ကြိမ်တွင် သူက အလေးစား ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဤဝတ်စုံဖြင့် ရေအောက် မီတာ ၁၅၀ အထိ ငုပ်ဆင်းနိုင်သည်။

သူ၏ ခေါင်းပေါ်တွင်လည်း မီးမောင်း တစ်ခု တပ်ဆင်ထားလေသည်။

တယ်ကျီ က မိမိ၏ သူဌေး ရေအောက်သို့ ပိုမို နက်ရှိုင်းစွာ ငုပ်ဆင်းသွားသည်ကို မြင်သောအခါ ရေနက်ပိုင်း ရေငုပ် လေ့ကျင့်နေသည်ဟု ထင်ကာ နောက်မှ လိုက်သွားလေသည်။

မီတာ ဆယ်ချီခန့် ငုပ်ဆင်းပြီးနောက် ဆွန်ဖုန်းသည် မီးမောင်း အလင်းရောင်ဖြင့် မိမိ ယခင်က ချထားခဲ့သော သင်္ဘောပျက်များ၏ ပုံစံကြမ်းကို မြင်တွေ့လိုက်ရလေသည်။

အချိန်ကျပြီဟု သိလိုက်သော ဆွန်ဖုန်းသည် အနောက်သို့ လှည့်ကာ တယ်ကျီ ကို လက်ဟန်ခြေဟန်ဖြင့် ရေအောက်တွင် အရေးကြီးသော အရာ တစ်ခုကို တွေ့ရှိကြောင်း အချက်ပြလိုက်လေသည်။

တယ်ကျီ က ဆွန်ဖုန်း၏ လက်ဟန်ခြေဟန်ကို မြင်သောအခါ အမြန် ငုပ်ဆင်းလာပြီး ဆွန်ဖုန်း ညွှန်ပြသော နေရာသို့ ကြည့်လိုက်ရာ ပင်လယ်အောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော သင်္ဘောပျက်များ၏ ပုံစံကြမ်းကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အံ့ဩ မှင်တက်သွားလေသည်။

ယခုအချိန်တွင် သူ အော်ဟစ်ချင်စိတ် ပေါက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်အောက်တွင် ငြိမ်သက်စွာ ရှိနေသော သင်္ဘောပျက်များကို သူ တွေ့လိုက်ရသောကြောင့်ပင်။ ရေအောက်တွင် မည်သည့် ခေတ်က သင်္ဘောပျက် ဖြစ်သည်ကို မသိရသော်လည်း ရှေးဟောင်း သင်္ဘောပျက် ဖြစ်သည်မှာ သေချာလှသည်။ ရှေးဟောင်း သင်္ဘောပျက် ဆိုသည်မှာ အတွင်းတွင် ရတနာများ ရှိနေနိုင်ခြေ အလွန် များပေသည်။

ရေအောက်တွင် ဖြစ်နေသဖြင့် တယ်ကျီ မှာ စကားပြော၍ မရဘဲ အတင်း အောင့်ထားရသဖြင့် သူ၏ မချောမောသော မျက်နှာကြီးမှာ နီရဲနေလေတော့သည်။

ဆွန်ဖုန်းသည် တယ်ကျီ ကို ခေါ်ကာ ထိုသင်္ဘောပျက်များ ပတ်လည်တွင် ဟန်ဆောင်ပန်ဆောင်ဖြင့် လိုက်လံ ကြည့်ရှုပြီးနောက် သင်္ဘောပေါ်သို့ အရင် တက်ရန် အချက်ပြလိုက်လေသည်။ သူ၏ အစီအစဉ် အောင်မြင်သွားပြီ ဖြစ်သည်။

"အရင် တက်မယ်"

ဆွန်ဖုန်းက တယ်ကျီ ကို လက်ဟန်ခြေဟန်ဖြင့် အရင်တက်ရန် အချက်ပြလိုက်လေသည်။

မကြာမီ သူတို့ နှစ်ယောက် ရေမျက်နှာပြင်သို့ ရောက်ရှိသွားကြလေသည်။

ရေမျက်နှာပြင်သို့ ရောက်သည်နှင့် တယ်ကျီ သည် အောက်ဆီဂျင် ပိုက်ကို တိုက်ရိုက် လွှင့်ပစ်ကာ အော်ဟစ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဟေး သူငယ်ချင်းတို့... ငါတို့ ဘာတွေ့ခဲ့လဲ ခန့်မှန်းကြည့်ကြစမ်း"

"ဘာတွေ့ခဲ့လို့လဲ"

အခြား လူများက တယ်ကျီ ရူးတော့မည့် ပုံစံကို ကြည့်ကာ စပ်စုစွာ မေးလိုက်ကြလေသည်။

"သင်္ဘောပျက်... ရှေးဟောင်း သင်္ဘောပျက်... ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ရာချီက သင်္ဘောပျက် ဖြစ်ဖို့ များတယ်... အဲဒါကို သူဌေးက အရင် တွေ့ခဲ့တာ"

တယ်ကျီ က အသံပြာကြီးဖြင့် အော်ဟစ်ကာ အလွန် စိတ်လှုပ်ရှားနေလေသည်။

"ဘာ... သင်္ဘောပျက်... လွန်ခဲ့တဲ့ နှစ်ရာချီက သင်္ဘောပျက်"

"ဟုတ်လို့လား... ငါ့ ဘုရား... သူဌေးနဲ့ မင်း ရေသွားငုပ်ရင်း ပင်လယ်အောက်မှာ သင်္ဘောပျက် တွေ့တယ် ဆိုတာ မပြောနဲ့နော်... ဒီကံတရားက... လခွီး... အရမ်း ကောင်းလွန်းနေပြီ"

"တယ်ကျီ... မင်း နောက်နေတာ မဟုတ်ဘူးမလား"

"သူ နောက်နေတာ မဟုတ်ဘူး... ပြီးတော့ တစ်စင်းတည်း မဟုတ်ဘူး ဆိုတာလည်း ငါတို့ တွေ့ခဲ့တယ်... ဒါပေမယ့် အဝေးကြီးမှာ ရှိနေတော့ ဘယ်နှစ်စင်း ရှိလဲ ဆိုတာ အတိအကျ မသိရသေးဘူး"

ထိုအချိန်တွင် ဆွန်ဖုန်း ကလည်း ရေပေါ်သို့ ပေါ်လာပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။

'ချလပ်'

ဆွန်ဖုန်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် လူတိုင်း၏ မေးရိုးများ ပြုတ်ကျသွားကြလေတော့သည်။

"ဒီကံတရားက... လန်းတယ်... တကယ်ကို လန်းတယ်"

"နောက်ဆို ငါ အားရင် ရေခဏခဏ သွားငုပ်ရမယ်... ရွှေသင်္ဘောစုကိုတောင် တွေ့ရင် တွေ့နိုင်သေးတယ်"

"သူဌေး... ခင်ဗျား အရမ်း တော်တာပဲ... ကံကောင်းခြင်း နတ်သမီးက ခင်ဗျားရဲ့ ကောင်မလေးများလား"

အမြဲတမ်း အေးဆေး တည်ငြိမ်တတ်သော ပေကျိ ပင်လျှင် ဤပေါက်ကွဲဖွယ်ရာ သတင်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး အလွန် အံ့ဩနေလေသည်။

"ဟားဟား... သူဌေး... ခင်ဗျားတော့ ကြီးပွားပြီ... ပြန်ရောက်ရင် ကျွန်တော်တို့ကို ပညာတတ် လူကုံထံတွေ စုဝေးတဲ့ နေရာကို သုံးကြိမ်... ဪ မဟုတ်ဘူး... ဆယ်ကြိမ်လောက် ခေါ်သွားပြီး သောင်းကျန်းပစ်ရမယ်"

ဆွန်ဖုန်းက အံ့ဩ မှင်တက်နေကြသော သူ၏ ဝန်ထမ်းများကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"သူဌေး... ကျွန်တော့် အကြံပြုချက်ကတော့... အခု ချက်ချင်း ပင်လယ်အောက်က သင်္ဘောပျက်ကို ဆင်းပြီး စစ်ဆေးကြည့်သင့်တယ်... ရတနာတွေ တကယ် ရှိမရှိ ကြည့်ရအောင်... ဒုတိယ အချက်ကတော့ ဗီဂိုမြို့မှာ အနားယူနေတဲ့ ဝန်ထမ်းတွေကို ချက်ချင်း ဆယ်ယူရေး သင်္ဘောနဲ့ လာခဲ့ဖို့ ခေါ်လိုက်ပါ"

ပေကျိ က အံ့ဩနေရာမှ သတိဝင်လာပြီး ဆွန်ဖုန်းကို ချက်ချင်း အကြံပြုလိုက်လေသည်။

"ကောင်းပြီ... ရတယ်"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။

All Chapters