← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃)

တုန်လှုပ်ချောက်ချားခြင်း

ခန္ဓာကိုယ်တစ်ခုလုံးတွင် ခရမ်းနက်ရောင် အကာအကွယ်ချီအရှိန်အဝါများ ရစ်သိုင်းနေသော ယွဲ့ကျင်းသည် မြင်းတပ်သား ရှစ်ထောင်ကို ဦးဆောင်ကာ မိုးကုပ်စက်ဝိုင်းဆီမှ ရုတ်တရက် ပေါ်ထွက်လာသောအခါ မြို့ရိုးထက်မှ စစ်သည်များထံမှ ကြွေးကြော်သံများ ချက်ချင်းပင် ဟိန်းထွက်သွားခဲ့တော့သည်။

မြို့ရိုးပေါ်ရှိ စစ်သည်များ ဝမ်းသာအားရ ကြွေးကြော်ကြသည့် အကြောင်းပြချက်မှာ ရိုးရှင်းလှပေသည်။ စစ်ကူများ ရောက်ရှိလာပြီဖြစ်၍ သူတို့ စစ်ပွဲကို အနိုင်ရနိုင်တော့မည်ဖြစ်ကာ သူတို့ထဲမှ လူအများအပြားလည်း သေဆုံးရတော့မည် မဟုတ်ချေ။ သစ္စာစောင့်သိမှုနှင့် အသက်ရှင်လိုသည့် ဆန္ဒဟူသည်မှာ တစ်ခုနှင့်တစ်ခု လုံးဝ သက်ဆိုင်ခြင်း မရှိကြချေ။

စနစ်မှ ခေါ်ယူထားသော ကိုယ်ရံတော်ရဲမက် နှစ်ထောင်ကျော်သည် ဝမ်ကျင်းအတွက် အသက်ပေး၍ နောက်ဆုံးအချိန်အထိ တိုက်ခိုက်ရန် အသင့်ရှိကြသည်မှာ မှန်သော်လည်း အသက်ရှင်ခွင့် ရှိနေပါက မည်သူကမျှ မသေလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စနစ်၏ စစ်သည်တော်များအဖြစ် ဆင့်ခေါ်ခြင်းခံရသည့် အခိုက်အတန့်မှစ၍ သူတို့သည်လည်း သွေးသား၊ ခန္ဓာကိုယ်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြသော လူသားစင်စစ်များ ဖြစ်လာခဲ့ကြပေသည်။

ကျိကျုန်း၊ လူရှီ၊ စွန်းစုနှင့် အခြားသူများနှင့်အတူ မြို့ကိုကာကွယ်ရန် ဆင့်ခေါ်ထားသော မျိုးနွယ်စုကြီး သုံးခုမှ သန်မာသော လူငယ်များနှင့် ကိုယ်ရံတော်များသည် ဤစစ်ကူများ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် အခြေအနေကို မယုံကြည်နိုင်လောက်အောင် အံ့ဩမှင်သက်သွားကြရတော့သည်။ ဝမ်ကျင်း၏ တည်ငြိမ်အေးဆေးသော အမူအရာနောက်ကွယ်တွင် သေချာပေါက် ဝှက်ဖဲတစ်ချပ် ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ဤဝှက်ဖဲက ဤမျှအထိ ခမ်းနားကြီးကျယ်လိမ့်မည်ဟုမူ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

မြင်းတပ်ဖွဲ့ကြီး...။

အဆုံးမရှိသယောင် ထူထပ်လှသော မြင်းတပ်ဖွဲ့ကြီးပင် ဖြစ်တော့သည်။ ထို့အပြင် စစ်သည်တိုင်းက သံချပ်ကာများ ဝတ်ဆင်ထားကြပြီး ၎င်းတို့ကို ကန်းချီနယ်ပယ်၏ စစ်သူကြီးတစ်ဦးက ဦးဆောင်လာခြင်း ဖြစ်၏။

ဤသည်မှာ သူတို့၏ နားလည်နိုင်စွမ်းနှင့် အမြင်ကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ယွဲ့ပြည်နယ်တွင် မြင်းအလွန်ရှားပါးပြီး သာမန်မြင်းအိုများကိုပင် တွေ့ရခဲလှရာ ရတနာကဲ့သို့ အဖိုးတန်သော စစ်မြင်းကောင်းများကိုမူ ဆိုဖွယ်ရာ မရှိတော့ချေ။ သူတို့သည် ဤမျှများပြားသော မြင်းများကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသလို ဤမျှအင်အားကြီးမားသော မြင်းတပ်ဖွဲ့ကိုလည်း ပို၍ပင် မမြင်ဖူးခဲ့ကြချေ။ တစ်ချက်ကြည့်ရုံမျှဖြင့် ထောင်နှင့်ချီသော ဤမြင်းတပ်ဖွဲ့ကြီးကို တည်ဆောက်ရန်အတွက် မည်မျှအထိ များပြားလှသော ရွှေငွေဓနများနှင့် အရင်းအမြစ်များကို အသုံးပြုခဲ့ရမည်နည်း။

ယခုအခိုက်အတန့်တွင် ဝမ်ကျင်း ထုတ်ဖော်ပြသလိုက်သော အင်အားကြောင့် သူတို့၏ နှလုံးသားများမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီ ဖြစ်သည်။ သူတို့သည် စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ချေ။

"နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ လန်ယာဝမ်မျိုးနွယ်စုရဲ့ မွန်မြတ်လှတဲ့ သခင်လေး ဖြစ်တာနဲ့အညီ အမှန်တကယ်ပဲ အရှိန်အဝါ ကြီးမားလှပေတယ်"

ဤသည်မှာ ထိပ်တန်းဩဇာကြီး မိသားစုကြီးတစ်ခု၏ အခြေခံအုတ်မြစ်နှင့် အမွေအနှစ်ပင် ဖြစ်သည်။ ယခုအချိန်တွင် ဝမ်မျိုးနွယ်စုကြီးက ဝမ်ကျင်းအပေါ် မည်မျှအထိ တန်ဖိုးထား အလေးဂရုပြုသည်ကို မည်သူကမျှ သံသယဝင်ရဲတော့မည် မဟုတ်ချေ။ ဤကိစ္စ၏ နောက်ကွယ်တွင် ဝမ်မျိုးနွယ်စုကြီး မရှိဟု ဆိုပါကလည်း သူတို့ လုံးဝ ယုံကြည်ကြမည် မဟုတ်ပေ။ သာမန်စီရင်စုမြို့ငယ်လေးတစ်ခုသို့ ခွဲထွက်၍ ဆုတ်ယုတ်သွားခဲ့သော မိသားစုခွဲလေးတစ်ခုအနေဖြင့် မြင်းတပ်ဖွဲ့တစ်ခု တည်ဆောက်ဖို့ နေနေသာသာ၊ မချိုမချဉ် ပြောရမည်ဆိုလျှင် သူတို့၏ ဘိုးဘွားပိုင် အိမ်ရာကြီးကို ရောင်းချလျှင်ပင် ဤထောင်ချီသော စစ်မြင်းများ၏ တန်ဖိုးကို တတ်နိုင်ကြမည် မဟုတ်ချေ။

ဤအခြေအနေက ကျိကျုန်းနှင့် အခြားလူနှစ်ဦးကို အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာသွားစေခဲ့သည်။ သူတို့၏ လောင်းကြေးထပ်မှုက အမှန်တကယ်ပင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဝမ်ကျင်း ယခုထုတ်ပြလိုက်သော အင်အားက သူတို့ကို လုံးဝ ဥဿုံ သိမ်းပိုက်ရယူသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူ့ကို သစ္စာဖောက်ရန် နေနေသာသာ၊ သူတို့အား အတင်းမောင်းထုတ်လျှင်ပင် ထွက်သွားကြတော့မည် မဟုတ်ချေ။

မြစ်ရိုးထက်မှ စိတ်လှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့် မြို့ရိုးအောက်ခြေရှိ သူပုန်စစ်တပ်တစ်ခုလုံးမှာမူ တစ်ကိုယ်လုံး စိမ့်ခနဲ ဖြစ်သွားခဲ့ရပြီး ခြေဖဝါးမှသည် ဦးခေါင်းအထိ အေးမြလှသော အအေးဓာတ်တစ်ခု တိုးဝင်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

အထူးသဖြင့် ပေါင်မန် ပင် ဖြစ်သည်။ အခြားသူများသည် မြင်းတပ်ဖွဲ့၏ တိုက်ခိုက်မှု မည်မျှအထိ ပြင်းထန်ပြီး သေကြေပျက်စီးစေနိုင်သည်ကို မသိရှိကြသော်လည်း နယ်စပ်စောင့်တပ်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သူကမူ ကောင်းစွာ နားလည်ထားပေသည်။

ခရမ်းနက်ရောင် အကာအကွယ်ချီအရှိန်အဝါများ တောက်ပနေပြီး ရှေ့ဆုံးမှ ဦးဆောင်ချီတက်လာသော စစ်သူကြီးနှင့် လူရောမြင်းပါ သံချပ်ကာအပြည့် တပ်ဆင်ထားသည့်အပြင် အတွင်းအပြင် သံကွင်းချပ်ကာများနှင့် အကြေးခွံသံပြားချပ်ကာများကိုပါ ဝတ်ဆင်ထားသော သူ၏ကိုယ်ရံတော် မြင်းတပ်သားများ (ကျားသစ်ကျားရဲမြင်းစီးတပ်ဖွဲ့) ကို ကြည့်ရင်း ပေါင်မန်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်လာခဲ့တော့သည်။

သူတို့ မတိုက်ခိုက်နိုင်တော့ချေ... လုံးဝ မယှဉ်နိုင်တော့ချေ။ စစ်ပွဲ၏ ရလဒ်က အဖြေထွက်သွားခဲ့ပြီဖြစ်ရာ သူတို့ ရှုံးနိမ့်ရန် သေချာသွားခဲ့ပြီ ဖြစ်သည်။ ဤကိစ္စကို ပေါင်မန် လုံးဝ သံသယ မရှိခဲ့ချေ။ ပေါင်မန်သည် အံ့ဩမှင်သက်လျက် အသိတရား ပြန်မဝင်သေးသော ဝူချုံးယွန်းကို ကြည့်လိုက်ပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် သူ၏မြင်းကို ဝူချုံးယွန်းရှိရာဆီသို့ အပြင်းနှင်သွားခဲ့တော့သည်။

"သခင်ကြီး... စစ်ပွဲ ရှုံးနိမ့်သွားခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ ဒီလို ထိပ်တန်း မြင်းတပ်ကို လုံးဝ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ နယ်စပ်စောင့်တပ်ရဲ့ ထိပ်တန်းစစ်သည်တွေ ရောက်လာရင်တောင် အရာထင်မှာ မဟုတ်တော့ပါဘူးဘုရား။ ဒါကြောင့် အတင်းဖောက်ထွက်ပါတော့ သခင်ကြီး။ ကျွန်တော်မျိုးဟာ သခင်ကြီးအတွက် နောက်ဆုံး သွေးတစ်စက်အထိ ရင်းပြီး သွေးလမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးပါ့မယ်။"

ပေါင်မန်၏ အော်ဟစ်သံက မိန်းမောတွေဝေနေသော ဝူချုံးယွန်းကို နိုးကြားလာစေခဲ့သည်။ သူသည် ပေါင်မန်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ရင်း

"ဟားဟား... ဖောက်ထွက်မယ် ဟုတ်လား။ ငါတို့ ဖောက်ထွက်နိုင်ပါဦးမလား။"

ပေါင်မန် တိတ်ဆိတ်သွားခဲ့ရသည်၊ သူ၏စိတ်ထဲတွင်လည်း မည်သို့မျှ ယုံကြည်ချက် မရှိချေ။ တိတ်ဆိတ်သွားသော ပေါင်မန်ကို ကြည့်ရင်း ဝူချုံးယွန်းသည် လက်လှမ်း၍ သူ၏ပုခုံးကို အသာအယာ ပုတ်လိုက်ကာ

"မင်း သွားတော့... မင်းဘာမင်း လွတ်အောင်ပြေးတော့၊ ငါကတော့ မသွားတော့ဘူး။ ငါဟာ ငါ့ရဲ့ ဖူယန်စီရင်စုက ညီအစ်ကိုတွေနဲ့အတူ သေအတူ ရှင်မကွာဖြစ်ချင်တယ်။"

ဝူချုံးယွန်း၏ လေယူလေသိမ်းက အလွန်ပင် ပြတ်သားလှပေသည်။ သူသည် ရွဲ့ပြောင်းပြောဆိုနေခြင်း မဟုတ်သလို ပေါင်မန်ကို လှည့်စား၍ အတင်းဆွဲထားရန် ကြိုးပမ်းနေခြင်းလည်း မဟုတ်ချေ။ သူသည် အမှန်တကယ်ပင် ထွက်မသွားလိုတော့ဘဲ သူကိုယ်တိုင် လက်တွဲပျိုးထောင်ခဲ့သော ဤသစ္စာရှိလှသည့် လက်အောက်ငယ်သားကိုသာ ဘေးကင်းရာသို့ လွတ်မြောက်စေချင်ခြင်း ဖြစ်သည်။

သူ့အတွက်မူ ထွက်ပြေးစရာ လမ်းမရှိတော့ဟု ယုံကြည်ထားပေသည်။ အကယ်၍ အံ့ဖွယ်တစ်ခု ဖြစ်ပျက်၍ သူ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့လျှင်ပင် ဝမ်ကျင်း၏ ကွပ်ကဲမှုအောက်တွင်ရှိသော ကွက်ရက်ဟု ခေါ်သည့် လျှို့ဝှက်အဖွဲ့အစည်း၏ လိုက်လံလုပ်ကြံမှုအောက်တွင် သေဆုံးရမည်သာ ဖြစ်ချေသည်။ သူသည် လမ်းဘေးမှ လေလွင့်ခွေးအိုတစ်ကောင်ကဲ့သို့ အဖမ်းခံရပြီး အရှက်တကွဲ အကျိုးနည်း မဖြစ်လိုချေ။ ဤကဲ့သို့ အရှက်ရဖွယ် သေဆုံးခြင်းထက် စစ်မြေပြင်တွင် မတ်မတ်ရပ်လျက် သေဆုံးရခြင်းက ပို၍ မြတ်ပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ သိက္ခာကို ထိန်းသိမ်းနိုင်ပေလိမ့်မည်။

ပေါင်မန်သည် ဝူချုံးယွန်းကို ဦးညွှတ်ဂါရဝပြုလျက် နက်ရှိုင်းစွာ အလေးပြုလိုက်တော့သည်။

"သခင်ကြီး... ကျွန်တော်မျိုး လုံးဝ ထွက်မသွားပါဘူး။ ကျွန်တော်မျိုးဟာ သခင်ကြီးရဲ့ စောင်မကြည့်ရှုမှုကြောင့် ဒီနေ့လို အဆင့်အတန်းမျိုး ရောက်ရှိခဲ့တာ ဖြစ်လို့ ဒီလို ကြီးမားလှတဲ့ ကျေးဇူးတရားကို ဆပ်လို့ ကုန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးဟာ သခင်ကြီးနဲ့အတူ နောက်ဆုံး အသက်ရှူသံအထိ အတူတကွ တိုက်ပွဲဝင်သွားပါ့မယ်။"

"ထွက်သွားစမ်း... ဒါဟာ စစ်မိန့်ပဲ။"

ပေါင်မန်သည် သူ၏ခါးမှ စစ်ဓားကို ဆွဲထုတ်ကာ သူ၏လည်ပင်းတွင် တင်လိုက်ပြီး—

"သခင်ကြီး... အကယ်၍ သခင်ကြီးက ကျွန်တော်မျိုးကို အတင်းထွက်သွားခိုင်းမယ်ဆိုရင်တော့ ကျွန်တော်မျိုးဟာ သခင်ကြီးရဲ့ သိတတ်မြော်မြင်တဲ့ ကျေးဇူးတရားကို ဆပ်ဖို့အတွက် ဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါ့မယ်။"

ဤစကားကို ကြားသောအခါ ဝူချုံးယွန်းသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပေါင်မန်၏ ပုခုံးကို ပြင်းထန်စွာ တစ်ချက်ထိုးလိုက်ရင်း

"ဒါဆိုရင်လည်း... ငါတို့ အတူတူ စစ်ကြောင်းဖွင့် တိုက်ခိုက်ကြတာပေါ့။"

သူတို့နှစ်ဦး၏ ပြတ်သားလှသော တိုက်ခိုက်လိုစိတ်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် မြင်းတပ်ဖွဲ့၏ တိုက်စစ်ဆင်မှုကို တစ်ခါမျှ မကြုံတွေ့ဖူးကြသေးသော သုံးသောင်းမျှရှိသည့် စီရင်စုစစ်သည်များနှင့် တစ်သောင်းမျှရှိသည့် လူသန်ကြီးများတပ်စခန်းမှာမူ ယခုအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ အထူးသဖြင့် တဟုန်ထိုး ပြေးဝင်လာနေသော မြင်းတပ်ဖွဲ့ကြီးနှင့် တိုက်ရိုက် ရင်ဆိုင်နေရသည့် နောက်တန်းစစ်သည်များ ပို၍ ဆိုးရွားလှပေသည်။ စစ်သည်အမြောက်အမြားသည် တရိပ်ရိပ် နီးကပ်လာနေသော မြင်းတပ်ဖွဲ့ကြီးကို ကြည့်ရင်း လက်နက်များကို ဆုပ်ကိုင်ထားသော ၎င်းတို့၏ လက်ချောင်းများမှာ အနည်းငယ် တုန်ရင်လာခဲ့ကြတော့သည်။

ဤသည်မှာ ထိုစစ်သည်များ အားလုံးက သူရဲဘောကြောင်နေကြ၍ မဟုတ်ဘဲ ဘေးအန္တရာယ်ကို ရှောင်ရှားလိုသည့် လူသားတို့၏ မွေးရာပါ သဘာဝတရားကြောင့်သာ ဖြစ်သည်။ သေချာပေါက် သေဆုံးရမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မည်သူမဆို ရှောင်လွှဲလိုကြသည်မှာ အမှန်ပင် ဖြစ်၏။ တစ်ကိုယ်လုံးသာမက ၎င်းတို့၏ စစ်မြင်းများကိုပါ သံချပ်ကာများ အပြည့်ဖုံးလွှမ်းထားသော ထိုမြင်းတပ်သားများသည် ၎င်းတို့၏ လက်နက်များကို ဝှေ့ယမ်းရန်ပင် မလိုချေ။ တဟုန်ထိုး ပြေးဝင်လာသော မြင်းများနှင့် တိုက်မိရုံမျှဖြင့်ပင် အသက်ရှင်ရန် လမ်းမရှိကြောင်းကို အဝေးမှ ကြည့်ရုံရုံဖြင့် သိနိုင်ပေသည်။

သူပုန်များထဲမှ အောက်ခြေအရာရှိများသည် တဖြည်းဖြည်း ပျက်ပြားကာ လျော့ရဲလာနေသော စစ်ဗျူဟာအပြင်အဆင်ကို ကြည့်ရင်း ပျာပျာသလဲ အော်ဟစ်လိုက်ကြသည်။

"မထိတ်လန့်ကြနဲ့... မပြာကြနဲ့။ လှံအရှည်တွေကို တင်းတင်းဆုပ်ကိုင်ထားကြစမ်း။ စစ်ဗျူဟာကို မပျက်စေနဲ့။"

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဤစီရင်စုစစ်သည်များသည် သွေးနှင့် မီးကြားတွင် လေ့ကျင့်ပျိုးထောင်ထားပြီး ပြတ်သားသော တိုက်ခိုက်လိုစိတ်ရှိသည့် စစ်ပြန်ဟောင်းများ မဟုတ်ကြချေ။ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူတို့၌ အသက်စွန့်၍ တိုက်ခိုက်လိုသော သတ္တိနှင့် စိတ်ဓာတ်များ လုံးဝ ကင်းမဲ့နေခဲ့ကြပေသည်။

စစ်မြင်းကို စီးနင်းလျက် တဟုန်ထိုး ချီတက်လာသော ယွဲ့ကျင်းသည် မိမိတို့၏ မြင်းတပ်အရှိန်အဝါကြောင့် ပျက်ပြားယိုင်နဲ့နေသော ရန်သူတို့၏ စစ်ကြောင်းကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်လှသော သွေးဆာမှု အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။ သူသည် လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လှံရှည်ကို မြှောက်ကိုင်လျက် ဟိန်းဟောက်လိုက်တော့သည်။

"သတ်ကြစမ်း..."

သူ၏နောက်ကွယ်မှ ကျားသစ်ကျားရဲမြင်းစီးတပ်ဖွဲ့၊ ကျားရဲမြင်းစီးတပ်ဖွဲ့ နှင့် ဝေရဲရင့်သောမြင်းစီးတပ်ဖွဲ့တို့သည် ၎င်းတို့၏ စစ်မြင်းများကို အရှိန်ထပ်မြှင့်ကာ စစ်နှုန်းကို အမြင့်ဆုံးသို့ တင်လိုက်ကြတော့သည်။ လှံရှည်များကို ရှေ့သို့ တညီတညွတ်တည်း ချိန်ရွယ်ထားကြရာ ထိုအေးစက်ထက်မြက်လှသော လှံဖျားများသည် မကြာခင် သွေးချင်းချင်းနီတော့မည် ဖြစ်၏။

ရှေ့ဆုံးမှ ဦးဆောင်လာသော ယွဲ့ကျင်းသည် သူပုန်စစ်တပ်၏ ရှေ့တန်းဆီသို့ ပထမဆုံး ရောက်ရှိသွားခဲ့သည်။ သူ၏ အကာအကွယ်ချီအရှိန်အဝါများ ဖုံးလွှမ်းနေသော လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ခရမ်းနက်ရောင် ချီအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်သွားခဲ့သည်။ ထိုချီအရှိန်အဝါ ဖြတ်သန်းသွားရာ နေရာတိုင်း၌ လက်နက်များ ကြေမွပျက်စီးသွားခဲ့ရပြီး၊ ချပ်ကာများ အပိုင်းပိုင်းပြတ်ကာ သွေးသားများနှင့် အသားစများ လွင့်စင်သွားခဲ့ရတော့သည်။

နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကျားသစ်ကျားရဲမြင်းစီးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လှံရှည်များကို ရှေ့သို့ တည့်တည့်ဆန့်ထုတ်လျက် မြင်းများ၏ ပြင်းထန်လှသော အရှိန်အဟုန်ကို အသုံးပြုကာ ရှေ့တွင်ရှိသော သူပုန်စစ်သည်များ၏ ရင်ဘတ်များကို တွန်းထိုးစိုက်သွင်းလိုက်ကြရာ လူသားများကို သစ်သီးများသဖွယ် တန်းစီ၍ ဖောက်ထွက်သွားခဲ့တော့သည်။ သူပုန်လောင်းများ၏ ရုပ်အလောင်းများ ဆွဲကပ်နေသော လှံရှည်များကို လက်လွှတ်လိုက်ပြီးနောက် ကျားသစ်ကျားရဲမြင်းစီးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ စစ်ဓားများကို ဆွဲထုတ်ကာ မြင်းပေါ်မှနေ၍ အထက်စီးဖြင့် တရစပ် ခုတ်ပိုင်းကြတော့သည်။

မြင်းတပ်ဖွဲ့၏ တိုက်စစ်ဆင်မှု၊ အထူးသဖြင့် သံချပ်ကာဝတ် မြင်းတပ်ကြီး၏ ရက်စက်လှသော သတ်ဖြတ်မှုအောက်တွင် သူပုန်စစ်တပ်သည် ခုခံရန် ခွန်အား လုံးဝ ကင်းမဲ့နေခဲ့ရပြီ ဖြစ်သည်။ ရန်သူတို့၏ လက်နက်များက သင့်ခန္ဓာကိုယ်ကို ဖောက်ထွက်သွားနိုင်သော်လည်း သင်၏ လှံထိုးချက်များကမူ ၎င်းတို့၏ သံချပ်ကာကို ခြစ်ရာမျှပင် ထင်အောင် မစွမ်းဆောင်နိုင်ချေ။

အကယ်၍ ကောင်းကင်ထက်မှ ငုံ့ကြည့်မည်ဆိုပါက ယွဲ့ကျင်း၏ တိုက်စစ်ဆင်မှုမှာ ထက်မြက်လှသော သံမဏိဓားတစ်ချပ်ဖြင့် အသားတုံးကို လှီးဖြတ်လိုက်သကဲ့သို့ ပျော့ခွေနေသော စစ်ဗျူဟာအပြင်အဆင်ကို အလယ်တည့်တည့်မှ ဖြတ်တောက်ကာ နှစ်ပိုင်းကွဲသွားစေခဲ့သည်။ သံချပ်ကာဝတ် မြင်းတပ်ကြီးက သာမန်ခြေလျင်တပ်ကို အရှိန်ပြင်းစွာ ဝင်တိုက်သည့် ဖြစ်စဉ်ကို စကားလုံး လေးလုံးဖြင့်သာ ဖော်ပြနိုင်ပေသည်။

"အနှိုင်းမဲ့ အောင်နိုင်ခြင်း" သို့မဟုတ် "တားဆီး၍မရခြင်း" ပင် ဖြစ်တော့သည်။

တားဆီး၍ မရနိုင်တော့သော ဤမြင်းတပ်ဖွဲ့ကြီးကို ရင်ဆိုင်ရသောအခါ သူပုန်အမြောက်အမြားသည် တိုက်ခိုက်လိုစိတ် လုံးဝ ပျက်ပြားသွားခဲ့ရပြီး ၎င်းတို့၏ လက်နက်များကို ပစ်ချကာ အရပ်မျက်နှာအသီးသီးသို့ ကျောပြင်ကို ဖွင့်ပေးလျက် အသက်လု ထွက်ပြေးကြတော့သည်။ အရာရှိများက မည်မျှပင် ထိန်းသိမ်းရန် အော်ဟစ်နေပါစေကာမူ လုံးဝ အရာမထင်တော့ချေ။

မျက်ဝန်းများ သွေးရောင်လွှမ်းနေသော သူပုန်တပ်မှူးတစ်ဦးသည် ထွက်ပြေးနေသော သူပုန်စစ်သည် သုံးလေးဦးကို ဓားဖြင့် ခုတ်သတ်လိုက်ရင်း

"မပြေးကြနဲ့... မပြေးကြနဲ့။ ခြေနှစ်ချောင်းနဲ့ လူက ခြေလေးချောင်းနဲ့ မြင်းကို အပြေးပြိုင်လို့ လွတ်မှာတဲ့လား။ လက်နက်တွေကို ပြန်ကောက်ကြစမ်း။ လက်နက်တွေကို ကိုင်ပြီး ငါနဲ့အတူ ရှေ့ကို တိုးကြစမ်း။"

သို့သော်လည်း စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားခဲ့ပြီဖြစ်သော သူပုန်စစ်သည်များအတွက်မူ သူ၏ အော်ဟစ်သံများသည် လေထဲ၌သာ ပျောက်ကွယ်သွားခဲ့ရတော့သည်။

All Chapters