← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉)

အရှိန်မြှင့်တင်ခြင်း

ဝူချီမြို့တော်ဝန်၏ စံအိမ်တော်သည် သေချာစွာ ဆေးကြောသန့်စင်ထားသော်လည်း ညှီစို့စို့ သွေးညှိနံ့ကမူ စွဲကျန်နေဆဲ ဖြစ်သည်။

ဤအနံ့ကို ရရှိသောအခါ ဝမ်ကျင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး မိမိ၏ စစ်သည်များသည် စံအိမ်တော်အတွင်း၌ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း ဝမ်ကျင်းက ဘာမှမပြောခဲ့ပေ။ သတ်လျှင်လည်း သတ်ပါစေ၊ မည်သို့ပင်ဆိုစေ ထိုသူများကို အသက်ချမ်းသာပေးထားခြင်းက အပိုပင်ဖြစ်ပြီး သွေးဖြင့် ယဇ်ပူဇော်မှုအတွက် ပိုမိုများပြားသော ကျင့်ကြံခြင်းပစ္စည်းများ ရရှိခြင်းသာ ဖြစ်ပေသည်။

သို့သော် သူ၏အနောက်မှ လိုက်ပါလာသော စစ်ဗိုလ်ချုပ်များစုမှာမူ ဤအချက်ကို မသိရှိကြသဖြင့် ဝမ်ကျင်း စိတ်အလိုမကျဖြစ်နေသည်ဟု ထင်မှတ်သွားကြသည်။ အထူးသဖြင့် ချန်ကန်းသည် ဝမ်ကျင်း မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ ရင်ထိတ်သွားပြီး ရှေ့သို့ အလောတကြီး တိုးထွက်ကာ ဦးညွှတ်လိုက်တော့သည်။

"သခင်ကြီး... လက်အောက်ခံ စစ်သည်တွေဟာ သွေးဆာနေခဲ့ကြပါတယ်... အောက်ခြေတပ်တွေရဲ့ စစ်စည်းကမ်းကို တင်းကျပ်စွာ မကိုင်တွယ်နိုင်ခဲ့လို့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်..."

အနည်းငယ် ပူပန်သောကရောက်နေသော ချန်ကန်းကို ကြည့်ရင်း၊ မူလက ဂရုမစိုက်ဘဲ အေးတိအေးစက် ဖြစ်နေသော ဝမ်ကျင်းသည် အကြံတစ်ခု ရရှိသွားကာ လက်ကို ဝေ့ယမ်းပြလိုက်သည်။

"နောက်နောင် ဒါမျိုးမဖြစ်စေနဲ့... ဝူချီမြို့ရဲ့ ပြည်သူတွေဟာလည်း နောင်တစ်ချိန်မှာ မဟာကျင်းနိုင်ငံတော်ရဲ့ အရပ်သားတွေ ဖြစ်လာကြမှာ... စစ်စည်းကမ်း ပေါ့လျော့မှုအတွက် မင်းကိုယ်တိုင် ကြိမ်ဒဏ်အချက်နှစ်ဆယ် သွားရောက်ခံယူစေ..."

"နာခံလျက်ပါ သခင်ကြီး..."

ဤစကားကို ကြားလိုက်ရလျှင် မူလက စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေကြသော လော့နန်နိုင်ငံမှ လက်နက်ချလာသော ဗိုလ်ချုပ်များသည် သူတို့၏ မကျေနပ်မှုများကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲအတွင်း ကျဆုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နှင့် လူမျိုးတူ အရပ်သားများ ဝက်များ၊ ခွေးများကဲ့သို့ သတ်ဖြတ်ခံရခြင်းကို မြင်တွေ့ရသည်မှာ ကြေကွဲဝမ်းနည်းမှုကို ဖြစ်ပေါ်စေရုံမျှမက အပြစ်မဲ့ ပြည်သူများကို နှိပ်စက်ခြင်းက လူတို့၏ သနားဂရုဏာစိတ်ကို လွယ်ကူစွာ နှိုးဆွပေးနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားလှသော မျက်နှာသာပေးမှုတစ်ခု ဖြစ်ပြီး ကြိမ်ဒဏ် အချက်နှစ်ဆယ်မှာလည်း ယားရုံမျှသာ ရှိသော်လည်း၊ ဝမ်ကျင်းအနေဖြင့် ဤသို့ ပြောကြားကာ စစ်မိန့်ပေးလိုက်ခြင်းက သူသည် လော့နန်ပြည်သူများကို ဂရုစိုက်ကြောင်း သက်သေပြနေခဲ့သည်။ ဤမျှဆိုလျှင် လုံလောက်လှပြီ ဖြစ်ရာ သူတို့အနေဖြင့် ပိုမို၍ မတောင်းဆိုဝံ့ကြတော့ချေ။

ချန်ကန်းသည်လည်း မကျေနပ်မှု စိုးစဉ်းမျှ မရှိခဲ့ချေ။ ပြစ်ဒဏ်မှာ ကြိမ်ဒဏ် အချက်နှစ်ဆယ်မျှသာ ဖြစ်ကြောင်း ကြားရသောအခါ ဝမ်ကျင်း အမှန်တကယ် ဒေါသထွက်နေခြင်း မဟုတ်သည်ကို သိရှိသွားပြီး သက်ပြင်းချနိုင်ခဲ့တော့သည်။ သူသည် အခြားအရာကို မကြောက်ဘဲ ဝမ်ကျင်း မိမိအပေါ် စိတ်ပျက်သွားမည်ကိုသာ အကြောက်ဆုံး ဖြစ်သည်။

လူတိုင်း၏ တုံ့ပြန်မှုများကို အကဲခတ်မိသော ဝမ်ကျင်းသည် ချန်ကန်းကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ကဲ... ထလော့... ဒီညမှာ ငါတို့ အောင်ပွဲခံကြမယ်... စစ်မှုထမ်းကောင်း အောင်မြင်မှုရှိတဲ့သူတွေကို ဆုလာဘ်တွေ ချီးမြှင့်ပေးမယ်..."

"နာခံလျက်ပါ..."

အောင်ပွဲခံခြင်းနှင့် ဆုလာဘ်များအကြောင်း ပြောဆိုလိုက်သောအခါ မူလက အတန်ငယ် တင်းမာနေသော အခြေအနေမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှား လာခဲ့တော့သည်။ စစ်တပ်ထဲဝင်၊ တိုက်ပွဲဝင်ကာ သူတို့၏ အသက်ကို စွန့်စားရခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။ ရာထူးဂုဏ်သိက္ခာနှင့် အောင်မြင်မှုများ ရယူရန်အတွက်သာ မဟုတ်ပါလား။ ယခုအခါ စစ်မိန့်များကို အောင်မြင်စွာ ထမ်းဆောင်ပြီးပြီ ဖြစ်ရာ သူတို့အတွက် ဆုလာဘ်များကို ဆွတ်ခူးရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကောင်းမွန်စွာ စားသောက်ပြီး ပြင်းထန်စွာ သောက်စားကြပြီးနောက်၊ ဝမ်ကျင်းသည် ကိုယ်လက်သန့်စင်ကာ နားနေရန် ပြင်ဆင်နေစဉ်မှာပင် ကုရန်သည် ဆန်းပြားသော မျက်နှာထားဖြင့် တံခါးကို လာရောက်ခေါက်ခဲ့သည်။

"သခင်ကြီး... ဗိုလ်ချုပ် ချန်ကန်းက ဝင်ရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်..."

"အင်း... ဝင်ခွင့်ပြုလိုက်..."

"နာခံလျက်ပါ သခင်ကြီး..."

မကြာမီမှာပင် မျက်နှာတစ်ခုလုံး နီမြန်းနေသော ချန်ကန်းသည် လှပချောမောပြီး ညှို့ဓာတ်ပြင်းလှသော မိန်းမပျို ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ခေါ်ဆောင်လျက် ဝင်ရောက်လာခဲ့တော့သည်။ မိန်းမပျိုလေးများ၏ ဖုံးကွယ်မရနိုင်သော ကြောက်ရွံ့မှုများနှင့် တုန်ရီနေကြသည့် ခန္ဓာကိုယ်များကို ကြည့်ရင်း ဝမ်ကျင်းသည် ဘာဖြစ်နေသည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူသည် ညင်သာစွာ ရယ်မောလိုက်ပြီး ချန်ကန်းကို လက်ညှိုးထိုးကာ ခေါင်းကို ခါယမ်းလိုက်တော့သည်။

"မင်းကတော့လေ... ဘယ်အချိန်ကတည်းက ဒီလိုအတတ်တွေကို တတ်နေတာလဲ..."

ချန်ကန်းသည် ရှက်ကိုးရှက်ကန်းဖြင့် လက်နှစ်ဖက်ကို ပူးယှက်ကာ အရိုအသေပြုလိုက်သည်။

"သခင်ကြီး... စစ်တပ်ထဲက ဘဝက ပျင်းစရာကောင်းလှပြီး မင်းကြီးကို လုပ်ကျွေးပြုစုမယ့်သူလည်း မရှိပါဘူး... ဒါကြောင့် လက်အောက်ငယ်သားက မင်းကြီး သက်တောင့်သက်သာ ရှိစေဖို့ စဉ်းစားပေးတာပါ..."

သူ၏ စကားလုံးများသည် ရိုးရှင်းကာ တဲ့တိုးဆန်လှသည်။ ပြောပြီးနောက် သူသည် မိန်းမပျိုလေးများဆီသို့ ညွှန်ပြလိုက်သည်။

"ဒီမိန်းကလေးတွေဟာ လက်အောက်ငယ်သား ကိုယ်တိုင် သေချာရွေးချယ်ထားတာ ဖြစ်ပါတယ်... အားလုံးက စံအိမ်တော်ကဖြစ်ပြီး ရုပ်ရည်ရူပကာ အလွန်ထူးချွန်ကြပါတယ်... ပြီးတော့ သူတို့ရဲ့ မိသားစုတွေကလည်း ဒီမှာပဲ ရှိနေသေးတာမို့လို့ စိတ်မပါဘဲ မလုပ်ရဲကြပါဘူး..."

ပြောပြီးနောက် ချန်ကန်းသည် တိတ်ဆိတ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ ဤသို့သောကိစ္စမျိုးကို သူပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ရာ စိတ်ထဲတွင် အနည်းငယ် ဂယောက်ဂယက် ဖြစ်နေပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘ယန်ပေါ်... မင်း ငါ့ကို ဂျောက်ချလိုက်တာ မဟုတ်ပါစေနဲ့...’

ဝမ်ကျင်းသည် သူ့အား အသာအယာ ဦးခေါင်းညိတ်ပြလိုက်သည်။

"မင်း တော်တော်လေး စိတ်အားထက်သန်တာပဲ... ကောင်းပြီ... သူတို့ကို ဒီမှာပဲ ထားခဲ့လိုက်တော့..."

"နာခံလျက်ပါ သခင်ကြီး..."

ချန်ကန်း နောက်ဆုတ်သွားရန် ပြင်ဆင်လိုက်စဉ်မှာပင် ဝမ်ကျင်းသည် ရုတ်တရက် လက်ခုပ်တစ်ချက် တီးလိုက်သည်။

"အော်... ဒါနဲ့... စံအိမ်တော်ထဲကို ပထမဆုံး ချိုးဖျက်ဝင်ရောက်ခဲ့တာ ဘယ်သူလဲ..."

"ကျွန်တော့်ရဲ့ လက်အောက်က တပ်မှူးတစ်ယောက်ဖြစ်တဲ့ ယန်ပေါ် ပါ..."

"စံအိမ်တော်ထဲကို ပထမဆုံး ဝင်ရောက်နိုင်ခဲ့တာကတော့ တကယ့်ကို ရဲရင့်တာပဲ... တပ်မှူးအဆင့်မှာပဲ ဆက်ထားရတာ နှမြောစရာကောင်းတယ်... သူ့ကို ရာထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်၊ သံချပ်ကာဝတ်စုံတစ်စုံ၊ ဓားရှည်တစ်စင်း၊ ငွေစင်တစ်ထောင်နဲ့ စစ်မြင်းတစ်ကောင်ကိုပါ ဆုလာဘ်အဖြစ် ချီးမြှင့်စေ..."

"နာခံလျက်ပါ သခင်ကြီး..."

"ပြီးတော့ မင်းလည်း ဒီတိုက်ပွဲကို ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့တယ်... ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားပါ... မင်းရဲ့ အနာဂတ်က ဒီအဆင့်တင် ရပ်တန့်နေမှာ မဟုတ်ဘူး..."

ဤစကားကို ကြားလိုက်ရသောအခါ ချန်ကန်းသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။ ချန်ကန်း၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ရင်း ဝမ်ကျင်းက သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ကဲ... သွားတော့... စောစောနားချေတော့..."

"နာခံလျက်ပါ သခင်ကြီး..."

ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော ချန်ကန်းသည် လှည့်ထွက်သွားခဲ့တော့သည်။ မိမိ၏ ဤလှုပ်ရှားမှုမှာ မှားယွင်းခြင်းမရှိကြောင်း သူသိရှိသွားခဲ့ပြီ ဖြစ်ပြီး၊ အကျိုးကျေးဇူးကို မြည်းစမ်းခွင့်ရရှိသွားသဖြင့် ဤသင်ခန်းစာကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားထားလိုက်တော့သည်။

ချန်ကန်း၏ ပျော်ရွှင်စွာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ကျင်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး စစ်အခြေအနေမှာလည်း အလွန်ကောင်းမွန်နေခဲ့သည်။

ဝမ်ကျင်းကဲ့သို့ ကျင့်ကြံခြင်းတရားအပေါ် နက်ရှိုင်းသော နားလည်မှုမရှိသည့်သူတစ်ဦးအတွက်၊ မိမိ၏ လက်အောက်ငယ်သားက လှပသော မိန်းမပျိုများကို ဖမ်းဆီးဆက်သသည့် လုပ်ရပ်ကို လွန်ကဲသည်ဟု မယူဆခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ကျင်းသည် ဤကဲ့သို့သော လက်အောက်ငယ်သားမျိုးက မိမိကို စိတ်ထဲ၌ အလေးထားသည်ဟု ခံစားရစေသည်။ မည်သည့် လက်ဆောင်ဖြစ်စေ၊ ထိုလက်ဆောင်က မည်သို့သော ပုံစံရှိစေကာမူ အရေးမကြီးဘဲ အရေးကြီးဆုံးမှာ သူတို့က လာရောက်ဆက်သခြင်းပင် ဖြစ်သည်။

အတွေးအမြောက်အမြား လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက်၊ ဝမ်ကျင်းသည် လှည့်၍ မိန်းမပျိုလေးများကို ကြည့်ရှုလိုက်သည်။ သူတို့အားလုံးမှာ ရုပ်ရည်အတော်အတန် ချောမောကြပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ကျနလှပကြပေသည်။

"မင်းတို့အားလုံးက စံအိမ်တော်ရဲ့ အစေခံတွေပဲလား..."

ဝမ်ကျင်း၏ မေးခွန်းကို ကြားသောအခါ မိန်းမပျိုလေးများသည် အလွန်တရာ တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကိုယ်လုံးကိုယ်ပေါက် ထွားထိုင်းလှပသော မိန်းမပျိုလေးတစ်ဦးက ရှေ့သို့ ခြေလှမ်းလှမ်းကာ ဝမ်ကျင်းအား ဦးညွှတ်အရိုအသေပြုလိုက်သည်။

"သခင်ကြီးကို ဖြေကြားရပါက... ကျွန်မတို့အားလုံးဟာ စံအိမ်တော်ရဲ့ အစေခံတွေ ဖြစ်ကြပါတယ်... ကျွန်မတို့ ညီအစ်မတစ်စုဟာ ယခင်က သခင်မလေးနဲ့ သခင်မကြီးကို လုပ်ကျွေးပြုစုခဲ့ရတာပါ... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့တော်ဝန်မင်းဟာ သူ့ရဲ့ မိသားစုကို တော်ဝင်မြို့တော်ဆီသို့ ပို့ဆောင်လိုက်ပါတယ်... ကျွန်မတို့ ညီအစ်မတွေကတော့ မြို့တော်ဝန်မင်း ရာထူးတက်လာပြီးနောက်မှ ဝူချီမြို့မှာ အစေခံအဖြစ် စုဆောင်းခံခဲ့ရတာ ဖြစ်ပြီး ကျွန်မတို့ရဲ့ မိသားစုတွေကလည်း ဒီမှာပဲ ရှိနေတာကြောင့်... မြို့တော်ဝန်မင်းက ကျွန်မတို့ကို အတူခေါ်မသွားခဲ့တာပါ..."

"အင်း..."

ဝမ်ကျင်းသည် ဤအချက်ကို အံ့သြခြင်း မရှိခဲ့ပေ။ ယခင်က ဝူချီမြို့သည် တိုက်ခိုက်ခြင်းကိုသာ ရင်ဆိုင်ခဲ့ရပြီး ဝိုင်းရံပိတ်ဆို့ခြင်း မခံခဲ့ရသေးချေ။ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည် ဖြစ်ရာ ဇန်ယာအနေဖြင့် မိမိ၏ မိသားစုကို ရွှေ့ပြောင်းပေးလိုက်မည်မှာ သေချာလှပေသည်။ အစေခံများအဖို့မူ သူတို့သည် ထိုမျှ အရေးမပါလှဘဲ ယုံကြည်စိတ်ချရသော လူရင်းအချို့ကိုသာ ခေါ်ဆောင်သွားရန် လိုအပ်သဖြင့် မိသားစုများ ဝူချီမြို့၌ ရှိနေဆဲဖြစ်သော အစေခံလူစုကို အတူခေါ်ဆောင်သွားရန် မလိုအပ်ကြောင်း သဘာဝကျလှသည်။

"ဒီနေ့ကစပြီး ဝူချီမြို့ဟာ မဟာကျင်းနိုင်ငံတော်၏ နယ်မြေဖြစ်သွားပြီ... မင်းတို့နဲ့ မင်းတို့ရဲ့ မိသားစုတွေဟာလည်း မဟာကျင်းနိုင်ငံတော်ရဲ့ ပြည်သူတွေ ဖြစ်လာကြပြီ... ငါကလည်း အကျိုးအကြောင်းမသိတဲ့ လူတစ်ယောက် မဟုတ်ပါဘူး... အကယ်၍ ဒီမှာ ဆက်မနေချင်တဲ့သူရှိရင် လက်ညှိုးထောင်ပြနိုင်ပြီး မင်းတို့ဘာသာ လွတ်လပ်စွာ ထွက်ခွာသွားနိုင်တယ်..."

ထိုသို့ပြောပြီးနောက် ဝမ်ကျင်းသည် မိန်းမပျိုလေးများကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်ပြီး ရဲရင့်သောသူ ရှိမလားဟု စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း မိန်းမပျိုလေးများအားလုံးမှာ တိတ်ဆိတ်နေခဲ့ကြပြီး တစ်ဦးမျှ လက်မမြှောက်ဝံ့ကြချေ။ သူတို့သည် လူမိုက်များ မဟုတ်ကြချေ၊ ဤနေရာသို့ အပို့ခံလိုက်ရပြီးပြီ ဖြစ်ရာ ထွက်ပြေးနိုင်ဦးမည်ဟု ထင်မှတ်နေကြမည်လား။

ထို့အပြင် ဝမ်ကျင်းကို မြင်တွေ့ရကတည်းက သူတို့သည် ရွံရှာမုန်းတီးစိတ် မရှိခဲ့ကြချေ။ သူသည် ငယ်ရွယ်ပြီး ရုပ်ရည်ချောမောလှကာ ထူးခြားသော အရှိန်အဝါရှိပြီး မြင့်မြတ်သော ရာထူးကိုလည်း ပိုင်ဆိုင်ထားသည်။ ဤကဲ့သို့သော အမျိုးသားတစ်ဦးကို ပြုစုရခြင်းက ဘာနစ်နာစရာ ရှိပါသနည်း။ အမှန်အတိုင်း ပြောရလျှင် အကယ်၍ ဝမ်ကျင်းက ယနေ့ သူတို့နှင့် အတူမအိပ်ပါက၊ သူတို့၏ ဘဝတစ်သက်တာတွင် ဤမျှ ချောမောလှပသော အမျိုးသားတစ်ဦးနှင့် အတူအိပ်စက်ခွင့် ရရှိတော့မည် မဟုတ်ချေ။

တိတ်ဆိတ်နေသော မိန်းမပျိုလေးများကို ကြည့်ရင်း ဝမ်ကျင်းသည် သူတို့၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ သူသည် ရိုးရှင်းပြီး ရဲတင်းစွာဖြင့် မိမိ၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ကာ ကုတင်ပေါ်တွင် ဗလာကျင်းစွာ ထိုင်လိုက်ပြီး ရှက်သွေးဖြန်းကာ မျက်နှာနီမြန်းနေကြသော မိန်းမပျိုလေးများကို လက်ယပ်ခေါ်လိုက်တော့သည်။

"လာကြ... ငါ့ကို စိတ်ချမ်းသာအောင် ပြုစုကြစမ်း..."

ပျော်ပါးခွင့် ရရှိလာသည့် အချိန်တိုင်းတွင် ဝမ်ကျင်းသည် မည်သည့်အခါမျှ အလဟဿ အဆုံးရှုံးမခံခဲ့ချေ။

နောက်တစ်နေ့တွင် ပျော်ပါးပြီးနောက် လန်းဆန်းပေါ့ပါးသွားသော ဝမ်ကျင်းသည် စိတ်အခြေအနေ အလွန်ကောင်းမွန်စွာဖြင့် အခန်းထဲမှ ထွက်လာခဲ့သော်လည်း၊ သူ၏ စိတ်ကူးကောင်းများမှာ လျှို့ဝှက်စာတစ်စောင်ကြောင့် ကြာရှည်မခံဘဲ ပျက်စီးသွားခဲ့ရတော့သည်။

မိမိလက်ထဲရှိ စာစောင်ကို ကြည့်ရင်း ဝမ်ကျင်းသည် စိတ်ပျက်အားမလိုအားမရ ဖြစ်နေသော မျက်နှာထားဖြင့် သူ၏ဘေးတွင် ရှိနေသော ချန်ယွီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"လော့နန်နိုင်ငံရဲ့ ပထမမင်းသားဟာ ဘယ်လိုလူစားမျိုးလဲ... ဒီလိုအချိန်မျိုးမှာမှ မိမိကိုယ်ကို စတေးတဲ့ ကတ်ကို ထုတ်ကစားနေရတယ်လို့... သူကသာ အဲဒီလောက် တိုင်းပြည်ကို ချစ်မြတ်နိုးတယ်ဆိုရင် ဘာလို့ စောစောစီးစီး ကြိုးတစ်ချောင်းရှာပြီး ထုတ်တန်းမှာ သေကြောင်းမကြံခဲ့တာလဲ... မဟတ္တရား အသုံးမကျတဲ့ အမှိုက်ကောင်... အခုမှ ငါ့ကိုလာပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ဒီလိုမျိုး လာလုပ်နေတယ်..."

ဝမ်ကျင်း၏ ဆဲဆိုသံများကို နားထောင်ရင်း ချန်ယွီက သူ့ကို နှစ်သိမ့်လိုက်သည်။

"သခင်ကြီး... ဒေါသထွက်နေဖို့ မလိုပါဘူး... သူတို့ တိုက်ပွဲမဝင်ခဲ့ရင်တောင်မှ တူယာရွှီအနေနဲ့ အချိန်တိုအတွင်းမှာ ရာဇပလ္လင်ပေါ်မှာ မြဲမြံစွာ ထိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... အဲဒီမိုက်မဲတဲ့ ပထမမင်းသားရဲ့ လက်အောက်ငယ်သားတွေက သူ့ကို ယုံကြည်ကြမှာ မဟုတ်ပါဘူး... ဒါ့အပြင် သူတို့ အမှန်တကယ် ပူးပေါင်းနိုင်ခဲ့ရင်တောင်မှ ဘာဖြစ်မှာလဲ... သိုးတွေ ဘယ်လောက်ပဲ ပူးပေါင်းစုစည်းပါစေ သိုးအုပ်တစ်အုပ်ပဲ ဖြစ်နေမှာပါ... ပိုပြီးတော့ ကျွန်တော်တို့ဆီမှာ ကစားဖို့ ရှောင်းမိသားစု ဆိုတဲ့ ကတ်ပြား ရှိနေသေးတာပဲ မဟုတ်လား..."

ချန်ယွီ၏ စကားကို ကြားရသောအခါ ဝမ်ကျင်းသည် သူ၏ မေးစေ့ကို အသာသပ်လိုက်သည်။

"အမတ်ကြီး... ငါတို့ အရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီ ထင်တယ်... တော်ဝင်မြို့တော်ကို တတ်နိုင်သမျှ မြန်မြန် သိမ်းပိုက်ရမယ်... လော့နန်နိုင်ငံရဲ့ ပထမမင်းသားက ငါ့ကို ဒီလိုမျိုး နောက်ကွယ်ကနေ နှောင့်ယှက်လိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူး..."

ဤနေရာသို့ ရောက်သောအခါ ဝမ်ကျင်းသည် စကားကို ခေတ္တရပ်လိုက်ပြီး သူ၏ ဒေါသများမှာလည်း အတော်အတန် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

"ဒီကောင်က အနည်းငယ် မိုက်မဲပေမဲ့... ယောကျာ်းကောင်းတစ်ယောက်တော့ ဟုတ်သားပဲ..."

All Chapters