← Chapters

ရှောင်ချင်အာ၏ အစီအစဉ်

Vol. 22 Ch. 245

ရှောင်ချင်အာ၏ အစီအစဉ်

Vol. 22 Ch. 245

“သ..သခင်လေး က... ချန်းလန်နယ်စပ်မှာ ရှိနေတာပါ...”

ဖမ်းဆီးခံထားရသော မှော်ဆရာ၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး လျှပ်တစ်ပြက်အတွင်း အရှင်လတ်လတ် ဖမ်းဆီးခံလိုက်ရခြင်းအတွက် လုံးဝ ကြိုတင် မပြင်ဆင်ထားနိုင်ခဲ့ပေ။

စစ်ဆင်ရေး မစတင်မီ သခင်လေးက သူ့အား အထူးတလည် ညွှန်ကြားထားခဲ့၏။

အင်ပါယာ မင်းဆက်ကြီး ပြန်လည် နိုးထလာရေးအတွက် အရေးကြီးသော အခိုက်အတန့်တွင် မိမိကိုယ်ကို စတေးရန်..သို့မှသာ သူ၏ မိသားစုကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး သူ၏ ကလေးများလည်း ကြီးပွားတိုးတက်လာနိုင်မည်ပင် ဟူ၍ပင်။

“သူ တကယ်ပဲ ချန်းလန်နယ်စပ်မှာ ရှိနေတာလား...”

လီယွမ် အံ့အားသင့်သွားပြီး မှတ်ချက်ချလိုက်၏။

“ဒါကြောင့် ရှောင်လျဲ့ က အမြဲတမ်း အရူးလုပ်ခံနေရတာကိုး... မင်းရဲ့ သခင်က တော်တော် ပါးနပ်တာပဲ၊ သူ့ကိုယ်သူ အပြစ်ကင်းကြောင်း သက်သေပြဖို့ ဘယ်လို အကွက်ဆင်ရမလဲ ဆိုတာကိုတောင် သိနေတယ်...”

“နှမြောစရာပဲ...”

“ငါ လာနေတယ် ဆိုတာကို သူ မသိလိုက်ဘူးလေ...”

“မင်းရဲ့ အင်ပါယာ မင်းဆက် က ဒီမြို့တော်ထဲမှာ သူလျှို ဘယ်နှယောက်လောက် ထပ်ပြီး စိုက်ပျိုးထားသေးလဲ...”

“ကျွန်... ကျွန်တော် မသိပါဘူး...” မှော်ဆရာက ခက်ခဲစွာဖြင့် ဖြေကြားလိုက်သည်။

“အစီအစဉ်တစ်ခုလုံးမှာ မင်း သိတာ ဒီလောက်လေးပဲလို့တော့ ငါ့ကို မပြောနဲ့နော်...” လီယွမ်က ထပ်မံ မေးမြန်းလိုက်၏။

“ဟုတ်... ဟုတ်ကဲ့...”

“ဖောင်း”

ပင့်ကူမျှင်များက ရုတ်တရက် တင်းကျပ်သွားပြီးနောက် အလောင်းတစ်လောင်းသည် သွေးမြူများအဖြစ် ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

မုရုံစု သည် အစကတည်းက ကြိုတင် ပြင်ဆင်ထားပုံ ရ၏။ သူ၏ အစီအစဉ် အပြည့်အစုံကို မည်သူမျှ မသိရှိကြသလို သူ့ထံမှ မည်သည့် အချက်အလက်ကိုမျှ ဆွဲထုတ်နိုင်မည် မဟုတ်ချေ။

မှော်ဆရာကို နှိမ်နင်းပြီးနောက် လီယွမ်သည် ရှောင်ချင်အာ နှင့် ပြန်လည် တွေ့ဆုံရန် မြို့ပြင်သို့ ထွက်လာခဲ့သည်။

“ချင်အာ... ကျိန်စာတိုက်နေတဲ့ မှော်ဆရာကိုတော့ ဖမ်းမိပြီ... ဒါပေမဲ့ သူ့ဆီကနေ ဘာသတင်းမှတော့ မရလိုက်ဘူး... မင်းဘက်က အခြေအနေ ဘယ်လိုရှိလဲ...”

“လောလောဆယ်တော့ တည်ငြိမ်သွားပါပြီ...”

ရှောင်ချင်အာက ရှင်းပြလိုက်၏။

“ဒါပေမဲ့ အခြေအနေကတော့ သိပ်မကောင်းလှသေးဘူး... ညဇီးကွက် သက်တော်စောင့် တွေရော မုရုံ မျိုးနွယ်စု ကပါ ရေကို နောက်ချင်နေကြတာ...”

“ညဇီးကွက်ဘုရင် ကတော့ အရင်ကလိုပဲ ရက်စက်တုန်းပဲ...”

လီယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူ့ကို ခြိမ်းခြောက်နိုင်မယ့် အရာဆိုရင် သေးငယ်တဲ့ အရာလေး တစ်ခုတောင် အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး... ချန်းလန်စစ်တပ် ကို အင်အားနည်းအောင် လုပ်ရမယ့်အပြင် မင်းရဲ့ ကူလမ်းစဉ် နှလုံးသားကိုပါ ရိုက်ချိုးပစ်ချင်နေတာ...”

“သူ အောင်မြင်အောင် ညီမ ခွင့်ပြုမှာ မဟုတ်ဘူး...”

ရှောင်ချင်အာက လေးနက်သော အသံဖြင့် ပြတ်သားစွာ ပြောဆိုလိုက်၏။

“ဟင်...”

လီယွမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်း ဘာတွေ စီစဉ်ထားလို့လဲ...”

“ဒီစစ်ပွဲသာ မဖြစ်လာရင် ညဇီးကွက်ဘုရင် ရဲ့ အစီအစဉ်တွေက သူ့အလိုလို ပြိုလဲသွားလိမ့်မယ်... ချန်းလန်စစ်တပ် ကို သူ 'သိမ်းသွင်း' ပြီးသွားရင်တောင် ညီမကိုတော့ သူ ထိရဲမှာ မဟုတ်ဘူး...”

ရှောင်ချင်အာက ရယ်မောလျက် ဆက်ပြောလိုက်၏။

“ကျွန်မ.. ရှောင်ချင်အာ မှာ အားနည်းချက်တွေ ရှိသလို ညဇီးကွက်ဘုရင် မှာလည်း ရှိတယ်လေ...”

“သူ့ရဲ့ အားနည်းချက်က ဘာများလဲ...”

လီယွမ်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“ညဇီးကွက်ဘုရင် ရဲ့ အားနည်းချက်က သူ လုံးဝ မျက်နှာပြောင်တိုက်ပြီး အကုန်လုံးကို မပစ်ပယ်ရဲတာပဲ... သူလုပ်သမျှ ကိစ္စတိုင်းမှာ တော်ဝင် မိသားစုရဲ့ နာမည်ကို အကာအကွယ်အဖြစ် အမြဲတမ်း အသုံးပြုလေ့ရှိတယ်...”

“နောင်ကျရင် ညီမကို နှိမ်နင်းဖို့ သူ အကွက်တွေ အများကြီး ထပ်ဆင်လာနိုင်ပေမယ့်... အနည်းဆုံးတော့ ဒီတစ်ကွက်မှာ သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ညီမမှာ ရှိနေတယ်...”

“ချန်းလန်စစ်တပ် ကို ပေါင်းစည်းပြီးသွားရင်... ချန်းလန်နဲ့ တောင်ပိုင်းနယ်စပ် ကြားက နယ်စပ်ဒေသကို ညီမ စောင့်ကြပ်နေသရွေ့... ပြီးတော့ စစ်သူကြီးချုပ်၊ ဟန်ဘုရင် နဲ့ ချန်ဘုရင် တို့ရဲ့ အနောက်ဘက် နယ်စပ်ဒေသကို မျက်နှာမူထားသရွေ့... ညီမတို့တွေ ပူးပေါင်းပြီး ညဇီးကွက် သက်တော်စောင့် တွေကို အပြန်အလှန် ထိန်းချုပ်ထားနိုင်တယ်...”

“ဒါက ချန်းလန်ဘုရင် ရှောင်လျဲ့ ရဲ့ နေရာကို ညီမ အစားထိုး ဝင်ယူလိုက်သလိုပဲ...”

“ကွာခြားချက်ကတော့ ညီမက တခြားသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ခံရမှာ မဟုတ်ဘူး... ဆန့်ကျင်ဘက် အနေနဲ့ ညီမမှာ ပိုမို ကြီးမားတဲ့ လှုပ်ရှားခွင့် ရှိနေပြီး အပြန်အလှန် ထိန်းချုပ်ထားတဲ့ အခြေအနေ တစ်ခုအောက်မှာ စန်းဟိုင်ဂိတ် တိုက်ပွဲ ရဲ့ ဖြစ်စဉ်ကို ရှေ့ဆက် တွန်းအားပေးနိုင်တယ်...”

လီရော့ချန် ၏ ဖွင့်ဟ ရှင်းပြပေးမှု အပြီးတွင် ရှောင်ချင်အာ ၏ အစီအစဉ်များက များစွာ ပိုမို ရှင်းလင်းလာခဲ့သည်။

“အဓိက အင်အားစုကြီး နှစ်ခု ကြားက အားပြိုင်မှုကနေ သုံးပွင့်ဆိုင် ထိပ်တိုက် ရင်ဆိုင်မှု အဖြစ် ပြောင်းလဲသွားမယ်ပေါ့... စိတ်ဝင်စားစရာပဲ...”

မိမိသည် ကြီးကျယ်သော ဗျူဟာမြောက် စီမံကိန်း ရေးဆွဲသူ တစ်ဦး မဟုတ်ဘဲ အကွက်ဆင် တိုက်ခိုက်မှုများနှင့် ပတ်သက်လာလျှင် ရှောင်ချင်အာ လောက်ပင် တော်ချင်မှ တော်မည် ဖြစ်၏။ ထို့ကြောင့် ဤအကြံအစည်က အတော်လေး ကောင်းမွန်သည်ဟု လီယွမ် တွေးတောမိသည်။

“အင်း...”

ရှောင်ချင်အာက ခေါင်းညိတ် ထောက်ခံလိုက်၏။

“ကျွန်မက အားအနည်းဆုံး ကွင်းဆက် ဖြစ်နေပေမယ့် အခြေအနေတွေကို အချိန်အတိုင်းအတာ တစ်ခုအထိတော့ တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်...”

“ညဇီးကွက်ဘုရင် က သူ့ရဲ့ အပေါ်ယံ ဟန်ဆောင်မှုတွေကို ဆွဲဖြဲပြီး ကျွန်မကို တိုက်ရိုက် လာသတ်တာ မျိုးလည်း ဖြစ်နိုင်တယ်...”

“ဒါမှမဟုတ် ဟန်ဘုရင် နဲ့ ချန်ဘုရင် တို့ကို အရင် သတ်ပစ်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ညီမ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့...”

သူမ မည်မျှပင် ယုံကြည်မှု ရှိနေပါစေ..ညဇီးကွက်ဘုရင် သည် နောက်ဆုံးတွင် ဤမလှုပ်မသာ အခြေအနေကို ချိုးဖျက်ရန် နည်းလမ်း ရှာတွေ့သွားမည် ဖြစ်ကြောင်း ရှောင်ချင်အာ ကောင်းစွာ သိရှိထားသည်။

“ဒါပေမဲ့... မင်း အဲဒီလို လုပ်လိုက်လို့... ညဇီးကွက်ဘုရင် နဲ့ ပိုင်ချန် တို့ စန်းဟိုင်ဂိတ် ကို အရင် သိမ်းပိုက်ပြီး နတ်ဆိုးတွေကို မောင်းထုတ်ဖို့ လမ်းကြောင်း မပြပေးနိုင်ရင်... အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားပြီး မင်းရဲ့ မူလ ရည်ရွယ်ချက်ကနေ သွေဖည်သွားလိမ့်မယ်နော်...”

လီယွမ်က ထောက်ပြလိုက်၏။

“ညဇီးကွက်ဘုရင် နဲ့ စစ်သူကြီးချုပ် မှာ နယ်စပ်ကို အရင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး... သူတို့ထက် ပိုပြီး မင်း အချိန်ဆွဲထားနိုင်မယ်လို့ သေချာလို့လား...”

“အချိန်ဆွဲမယ်... ဟုတ်လား...”

ရှောင်ချင်အာက ပြုံးလိုက်သည်။

“စိုးရိမ်ပူပန်နေရမှာက ညီမ မဟုတ်လောက်ဘူး... သူတို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်ရှင့်...”

“အဲဒါက ဘာကို ဆိုလိုတာလဲ...” လီယွမ်က စပ်စုချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။

“အစ်ကို လီယွမ်... တာ့ယန် ရဲ့ အစစ်အမှန် မင်းသားငယ်လေး သေချာပေါက် ပြန်လာလိမ့်မယ် ဆိုတာကို အစ်ကို တစ်ခါလောက် တွေးကြည့်ဖူးလား...”

“မင်းသားငယ်လေး ပြန်လာရင် သူ့အတွက် ဗဟို အမာခံ အဖွဲ့အစည်း တစ်ခု လိုအပ်လာမှာ မဟုတ်ဘူးလား...”

“ဒါဆို... အစ်ကို လီယွမ် ဘယ်လို ထင်လဲ... ညဇီးကွက်ဘုရင် ပိုင်ချန်၊ ဘုရင်နှစ်ပါး နဲ့ ညီမတို့ထဲမှာ... ဘယ်သူက မင်းသားငယ်လေးရဲ့ ယုံကြည်မှုကို အများဆုံး ရနိုင်ခြေ ရှိလဲ...”

“အဟင်း...”

သူမက ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ ပြုံးလိုက်ပြီး “အဲဒါဆိုရင်တော့ ညီမပဲ ဖြစ်ရမှာပေါ့...” ဟု အားတက်သရော ဖြေဆိုလိုက်သည်။

“ဒီအခြေအနေအထိ ရောက်လာရင်တော့ ဇာတ်ကွက်က လုံးဝ ပြောင်းပြန် ဖြစ်သွားပြီ... တရားဝင် အမွေဆက်ခံသူ ဖြစ်တဲ့ မင်းသားငယ်လေး က သူ့ရဲ့ လက်အောက်ခံတွေ ဖြစ်တဲ့ ညဇီးကွက်ဘုရင် နဲ့ ပိုင်ချန် တို့ထက် သေချာပေါက် ပိုပြီး သြဇာလွှမ်းမိုးနိုင်ရမယ်...”

“အင်အားစု နှစ်ခုစလုံးမှာ လျှို့ဝှက် ရည်ရွယ်ချက်တွေ ရှိနေရင်တောင်... သူတို့ အချင်းချင်း အပြန်အလှန် ထိန်းချုပ်ထားကြလိမ့်မယ်... အဲဒါက မင်းသားငယ်လေး အတွက် အကျိုးအရှိဆုံးပဲ...”

“ပြီးတော့ ညီမရဲ့အဖွဲ့အစည်းသာ မရှိရင်... မင်းသားငယ်လေးရဲ့ အခြေအနေက ဘယ်လောက်တောင် ခက်ခဲသွားမလဲ ဆိုတာကို တွေးကြည့်စမ်းပါ...”

“သူတို့ အားလုံးက သစ္စာရှိတဲ့ လက်အောက်ခံတွေ ဆိုရင်တော့ အရာအားလုံးက အဆင်ပြေသွားမှာပေါ့... ဒါပေမဲ့ အဲဒါက လုံးဝ မဖြစ်နိုင်ပါဘူး... ညဇီးကွက်ဘုရင် နဲ့ ပိုင်ချန် တို့က အခြေအနေပေါ် မူတည်ပြီး ကစားသွားကြမှာ သေချာတယ်... ဆက်ပြီး ခေါင်းငုံ့ခံမလား ..ဒါမှမဟုတ်...”

သူမက ဘာမှ မတတ်နိုင်သလို ပခုံးတွန့်ပြလိုက်၏။

“အဲဒါက ကျွန်မ ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်တော့ဘူး... မင်းသားငယ်လေးရဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်တော့တယ်...”

“ဟားဟား... မင်း တော်တော် ဝေးဝေးကို တွေးထားတာပဲ...”

လီယွမ်က လက်ခုပ်တီးလိုက်သည်။

“ချင်အာ... မင်း ပြောတာတွေ အားလုံး မှန်ပါတယ်... ဒါပေမဲ့ ကြီးမားတဲ့ ပြဿနာ တစ်ခု ရှိနေတယ်...”

“မင်းသားငယ်လေး သေချာပေါက် ပြန်လာလိမ့်မယ်လို့ ဘာက မင်းကို ယုံကြည်သွားစေတာလဲ...”

“သူ သေသွားတာလည်း ဖြစ်နိုင်တာပဲလေ...”

“မဖြစ်နိုင်ဘူး...” ရှောင်ချင်အာက ပြတ်သားစွာ ငြင်းဆန်လိုက်၏။

“သူ သေချာပေါက် အသက်ရှင်နေဦးမှာပဲ...”

‘မင်း ဘယ်လိုလုပ် ဒီလောက် သေချာနေရတာလဲ...’

အကယ်၍ လီယွမ်သာ ရှောင်ချင်အာကို မသိကျွမ်းခဲ့လျှင် သူ၏ ပုဂ္ဂိုလ်ရေး ပေါက်ကြားသွားပြီလား ဟုပင် သံသယ ဝင်မိပေလိမ့်မည်။

“ခစ်ခစ်…အရမ်း ရိုးရှင်းပါတယ်...”

ရှောင်ချင်အာက ရယ်မောလျက် ရှင်းပြလာသည်။

“ပထမဆုံး အချက်က... တာ့ယန် ရဲ့ ကံကြမ္မာ အရှိန်အဝါ တွေ မပျောက်ကွယ်သွားသေးဘူး ဆိုတာက... စစ်မှန်တဲ့ နဂါး က ဒီမှာ ရှိနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါပေမဲ့ ဒါက အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ စကားရပ် ဖြစ်ပြီး သိပ်တော့ အားကိုးလို့ မရဘူး...”

“အဓိက သက်သေ အထောက်အထား ကတော့ ညဇီးကွက်ဘုရင် ဆီမှာပဲ ရှိနေတယ်...”

“မြို့တော်မှာ စစ်မှန်တဲ့ နဂါး ဧကရာဇ် မရှိဘူးဆိုတာ အခု သေချာသွားပြီ... ဒါဆို ဘာလို့ ညဇီးကွက်ဘုရင် က တာ့ယန် ရဲ့ အခြေခံ အုတ်မြစ်ကို ထိန်းသိမ်းထားဖို့ ဒီလောက်တောင် အားထုတ်နေရတာလဲ...”

“ဧကရာဇ်ကို ဓားစာခံလုပ်ပြီး မှူးမတ်တွေကို အမိန့်ပေးဖို့လား.

..ညီမတော့ အဲဒီလို မထင်ဘူး...”

“အစစ်အမှန် အဖြေက တစ်ခုတည်းပဲ ရှိတယ်... အဲဒါက စစ်နတ်ဘုရား ရဲ့ ရတနာသိုက် အတွက်ပဲ...”

“သူက သစ္စာရှိဟန်ဆောင်ပြီး အစစ်အမှန် မင်းသားငယ်လေး ကို ဆွဲထုတ်ပြီးတော့ ရတနာသိုက် ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ... အဲဒီ ရတနာသိုက် က ညဇီးကွက်ဘုရင် ကို ဆွဲဆောင်နိုင်တဲ့ လောကရဲ့ တစ်ခုတည်းသော အရာ ဖြစ်နိုင်တယ်...”

“ညီမရဲ့ ကိုယ်ပိုင် ခန့်မှန်းချက်တွေကို ညီမ သံသယ ဝင်နိုင်ပေမယ့် ညဇီးကွက်ဘုရင် ရဲ့ နည်းလမ်းတွေကိုတော့ ညီမ လုံးဝ သံသယ မဝင်ဘူး... မင်းသားငယ်လေး အသက်ရှင်နေသေးတယ် ဆိုတာကို အတည်ပြုနိုင်မယ့် နည်းလမ်းတစ်ခု သူ့ဆီမှာ သေချာပေါက် ရှိရမယ်... ဒါကြောင့်မို့လို့ပဲ တစ်လောကလုံးကို ဖြန့်ကျက်ပြီး အကွက်ဆင်ဖို့ သူ ဒီလောက်တောင် အားထုတ်နေခဲ့တာပေါ့”

ရှောင်ချင်အာ ၏ ခွဲခြမ်းစိတ်ဖြာချက်များက ယုတ္တိဗေဒ အရ အလွန် မှန်ကန်နေသည်။

“အင်း...”

လီယွမ် အံ့အားသင့်သွား၏။

“အကြောင်းပြချက် ခိုင်လုံပြီး သက်သေ ပြည့်စုံသလို... ယုံကြည်လောက်စရာလည်း ကောင်းတယ်...”

ထို့နောက် သူက ထပ်မံ မေးမြန်းလိုက်သည်။

“ချင်အာ... အကယ်၍ မင်းသားငယ်လေး က သာမန် ပြည်သူတွေကို ဂရုမစိုက်တဲ့.. ရက်စက်ပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ...”

ရှောင်ချင်အာ ၏ မျက်လုံးများထဲတွင် ဒေါသ အရိပ်အယောင်များ ဝင်းလက်သွားတော့၏။

“ဒါဆိုရင် ညီမ.. သူ့ကို အရင် သတ်ပစ်မယ်... ပြည်သူတွေ အပေါ် သနားကြင်နာမှု မရှိရင်တော့ ညီမဆီကနေ ဘာအကူအညီမှ ရမှာ မဟုတ်ဘူး...”

“ဟား ဟား...”

လီယွမ်က ပြုံးလိုက်သည်။

ရှောင်ချင်အာ ကလည်း လိုက်ပါ ရယ်မောရင်း ဆက်ပြောလိုက်၏။

“ဒါပေမဲ့... ဘယ်သူ သိမလဲ... အဲဒီအချိန်ကျရင် အစ်ကို လီယွမ် က ကူအင်မော်တယ် တစ်ပါး ဖြစ်နေလောက်ပြီလေ... ဧကရာဇ်က အသုံးမကျရင်... ညီမတို့တွေ လောကကြီးကို ပြောင်းလဲပစ်ဖို့ ရဲဝံ့ကြတာပေါ့...”

“အင်း...”

စကားဝိုင်းက ဘယ်မှ မရောက်တော့ဘူးဟု လီယွမ် ခံစားလိုက်ရသည်။

“ဟီးဟီး...”

ရှောင်ချင်အာ ပို၍ပင် အားတက်သရော ဖြစ်လာတော့၏။

“ညီမ သိပါတယ်... အစ်ကို လီယွမ် က နန်းဆောင် သုံးခုနဲ့ ခြံဝင်း ခြောက်ခု ရှိတဲ့၊ ဝိုင်ရေကန်တွေနဲ့ အသားတောတွေ ကြားမှာ နေထိုင်ရတဲ့၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အကွက်ဆင် တိုက်ခိုက်နေကြရတဲ့ ဘဝမျိုးကို မနှစ်သက်ဘူး ဆိုတာ...”

လီယွမ် - “...”

‘တစ်ခါတလေကျတော့ အဲဒါကို မနှစ်သက်တာ မဟုတ်ပါဘူး..အဓိက အကြောင်းရင်းက သေရမှာ ကြောက်လို့ပါ’

Book 22 end.

All Chapters