← Chapters

ဆင်းသက်လာရုံမှတစ်ပါး ရွေးစရာမရှိ

Vol. 98 Ch. 1367

ဆင်းသက်လာရုံမှတစ်ပါး ရွေးစရာမရှိ

Vol. 98 Ch. 1367

ရွှမ်းဖန်၏ပါးစပ်မှ စကားလုံးများ ထွက်သွားလျှင်ချင်း ကိုယ်ယောင်ပျောက်နေသော ကောင်းကင်ဘုံ (၇) ၊ ကောင်းကင်ဘုံ (၈) ၊ ကောင်းကင်ဘုံ (၉) နှင့် ကောင်းကင်ဘုံ (၃၃) ဘုံအထိတစ်လျှောက်လုံး တောက်ပလာသည်။

ထိုကောင်းကင်ဘုံတို့အတွက် ကိုယ်ယောင်ဖျောက်အခြေအနေမှ ထွက်လာဖို့ လအနည်းငယ်လိုသေးလေသည်။ သို့သော် သူတို့သည် ရွှမ်းဖန်၏စကားများကို ကြားနေရသလို ဖြစ်ပျက်ကုန်စင် မြင်ကြရ၏။

အမှန်တွင် သူတို့က ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို သေသေချာချာ စောင့်ကြည့်၍ မြင်ရသည်အပေါ်အခြေခံကာ တောင်ပင်လယ်လောကအား ကိုင်တွယ်ဖို့ ပြင်ဆင်နေခဲ့ကြပြီဖြစ်သည်။ ထို့အပြင် နေနှင့်လ မည်မျှအရေးပါကြောင်း သူတို့ သတိထားမိခဲ့သည်မှာလည်း ကြာခဲ့လေပြီ။

နေနှင့်လအနက် အရေးအပါဆုံးမှာ တကယ်တမ်း နေမဟုတ်ဘဲ လဖြစ်ကြောင်း သူတို့ပြောနိုင်ခဲ့သည်။

မှန်သည်၊ နေအစွမ်းကို ခြယ်လှယ်နေသော မန်ဟို၏ အတိုက်အခိုက်စွမ်းရည်နှင့် ပါရာဂွန်ရုပ်သေးရုပ်ကို ထည့်တွက်လျှင်တော့ မန်ဟိုသည် ပါရာဂွန်နှစ်ဦးကို ချုပ်ထားနိုင်သည်အထိ အရည်အချင်းပြည့်မှီ၏။

ထိုကဲ့သို့တောင်ပင်လယ်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံ ၃၃ ဘုံ လျစ်လျူမရှုနိုင်သော လူစားမျိုးဖြစ်၍ သူ့ကို ဦးစားပေးသတ်ရမည့်စာရင်းထဲ ထည့်ထားခဲ့လေသည်။

ရွှမ်းဖန်၏ကြွေးကြော်သံကို ကြားပြီးနောက် အနှစ်သာရ ၈ ခု ပါရာဂွန်နှစ်ဦးအပါအဝင် ကောင်းကင်ဘုံ (၇) မှ ကောင်းကင်ဘုံ (၃၃) ရှိ အစွမ်းထက်အပြင်သူပညာရှင်များအားလုံး အခြေအနေမည်သို့ဖြစ်လာမည်လဲ အာရုံစိုက်စောင့်ကြည့်နေကြသည်။ မန်ဟို့ကို သတ်ဖို့ကြိုးစားသည်ဖြစ်စေ၊ ခိတိဂဗ္ဗကို သတ်ဖို့ကြိုးစားသည်ဖြစ်စေ ... စစ်ပွဲတစ်ပွဲလုံး၏ ဗျူဟာအတွက်နှင့် ရွှမ်းဖန်နှင့်ဒဏ္ဍာရီနဂါးတို့၏ လုံခြုံရေးအတွက် ယခုဖြစ်ပျက်နေသောအရာသည် အရေးအပါဆုံးဖြစ်ပေ၏။

ထို့ကြောင့် ရွှမ်းဖန်သည် လွတ်လာပြီးနောက် ချက်ချင်းဆိုသလို အရူးလိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဆုတ်ခွာရန် နေရာမရှိအောင် မြေထုအားလုံးဖြင့် တိုက်ခိုက်လိုက်ခြင်းက ... ကောင်းကင်ဘုံ ၃၃ ဘုံအား သူ့ကို အစွမ်းကုန်ကူညီစေနိုင်လိမ့်မည်။

ထိုမှသာလျှင် ဤစစ်ပွဲက သူ့အတွက် မရှုမလှရှုံးနိမ့်မှုဟု ခေါ်နိုင်တော့မည်မဟုတ်ပေ။

“ငါ နေနဲ့လကို ဖျက်စီးနိုင်သရွေ့ .. ဒီစစ်ပွဲက အပြတ်အသတ်ရှုံးနိမ့်မှုမဖြစ်နိုင်တော့ဘူး” ပင်မကောင်းကင်ဘုံ (၃၃) မှ အလင်းတန်းတစ်တန်းက ဝုန်းခနဲ တောင်ပင်လယ်လောကထံ ထိုးဆင်းသွားသည်။

၎င်းသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာသည့်တိုင် ၎င်းအနားရောက်လာသည့်အချိန်မှာပင် နဝမတောင်မှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ထိုအလင်းတန်းနှစ်တန်းက တစ်တန်းထံတစ်တန်း ပြေးဝင်သွားပြီးနောက် တောင်ပင်လယ်လောက၏အပြင်တွင် ဝင်တိုက်သွား၏။

တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် ကောင်းကင်ဘုံ (၃၃) ဘုံမှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာသည်။ ထိုးဆင်းလာခဲ့သော အလင်းတန်းမှာ ဖြိုခွင်းခံလိုက်ရသဖြင့် ရွှမ်းဖန် ပြောခဲ့သော အင်မော်တယ်အကျဉ်းချဝင်္ကပါကို ဖော်ဆောင်ပေးနိုင်စွမ်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် ဒုတိယတောင်မှ ကျင့်ကြံသူပေါင်းများစွာသည် အပြင်သူများထံ ချီတက်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေ၏။

ပါရာဂွန်ဒဏ္ဍာရီနဂါးက ပါရာဂွန်ရုပ်သေးရုပ်၊ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ကိုးပင်လယ်နတ်လောကပင်လယ်နဂါးကို တစ်ပြိုင်တည်း တိုက်ခိုက်နေသည်။ သူသည် မြင့်မြတ်သောရေစီးဓားဂူကိုလည်း ဖိနှိပ်၍ အင်မော်တယ်ရှေးတာအိုဆရာအဖွဲ့မှ သက်လတ်ပိုင်းလူကိုပင် ချုပ်ထားသည်။

မှန်သည် ၊ ထိုအရာအားလုံးအတွက် သူလည်း မပေးဆပ်ရဘဲမနေပေ။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည့်တိုင် သူက နောက်မဆုတ်ဘဲ အကျည်းတန်စွာ ပြုံးရင်း လက်ဖြင့် သူ့ခေါင်းပေါ် ရိုက်ချလိုက်သည်။

ဝုန်းခနဲ မြည်သံကြီးနှင့်အတူ သူ့ထံမှ အနက်ရောင်အလင်းဖြာထွက်လာကာ သူ၏အတိုက်အခိုက်စွမ်းရည်ကို မြင့်တက်သွားစေ၍ သူ့ကိုယ်ပွားအားလုံး သန်မာလာကြသည်။

“နဂါးမိစ္ဆာဘုရင်ခန္ဓာ” ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်လုံးများ လင်းလက်သွားသည်။ “အဲဒါက စစ်ဝိညာဉ်ကို ခန္ဓာကို ပူးကပ်စေလိုက်ပြီး နတ်ဘုရားစွမ်းရည်နဲ့ မှော်သိုင်းကွက်ဒဏ်တွေ ခံနိုင်ရည်ရှိသွားစေတဲ့ ဒဏ္ဍာရီနဂါးမျိုးနွယ်စုရဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်ပဲ။ ဒါပေမဲ့ ဘုရင်ခန္ဓာစွမ်းအား ကုန်ခမ်းသွားတာနဲ့ ရထားတဲ့ ဒဏ်ရာတွေအားလုံး ရုတ်တရက် ပြင်းထန်ဆိုးရွားလာလိမ့်မယ်

“သူက ဒီတိုက်ပွဲမှာ သေဖို့ ပြင်ထားတာပဲ။ သူ၏နှောင့်နှေးမှုက အရေးနိမ့်စေခဲ့တာဆိုတော့ သူ့အသက်ကို ပြန်ပေးဆပ်နေတာပဲ...”

အဝေးရှိ ပါရာဂွန်ရွှမ်းဖန်သည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် တခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်၏။ သူက ခိုင်မာပြတ်သားသောမျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ကာ ပြေးဝင်လာသည်။ မန်ဟိုကလည်း မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် နောက်ဆုတ်မည့်အစား ရှေ့တက်လိုက်၍ မကြာခင် နှစ်ယောက်လုံး နတ်ဘုရားစွမ်းရည်များဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြတော့သည်။

မန်ဟိုက အတန်ငယ်အရေးသာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက ပါရာဂွန်များနှင့် တိုက်ခိုက်နိုင်သော်လည်း အနိုင်တော့မယူနိုင်ပေ။ သို့သော် ရွှမ်းဖန်ကို အချိန်ဆွဲထားဖို့က ခက်ခဲသည့်အရာမဟုတ်။

ဒဏ္ဍာရီနဂါး အရေးနိမ့်သွားလျှင် သို့မဟုတ် သူ တိုက်ခိုက်နေသောလူများကြောင့် သေဆုံးသွားလျှင် ရွှမ်းဖန်လည်း ဤစစ်ပွဲတွေ သေချာပေါက် ကျဆုံးရလိမ့်မည်။

“ခင်ဗျားတို့ ပါရာဂွန်နှစ်ယောက်ထဲက တစ်ယောက်တော့ ဒီမှာ သေရလိမ့်မယ်” မန်ဟိုက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် အေးစက်စက် ပြောသည်။ ဤသည်မှာ သူ့အတွက် ရွှမ်းဖန်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ရခြင်းမဟုတ်ပေ။ ပထမတိုက်ပွဲတုန်းက သူ့မှာ နောက်ဆုံးအခြေအနေအထိ တွန်းပို့ခံခဲ့ရသော်လည်း ယခုတွင် အကောင်းပကတိအတိုင်း သက်သာနေပြီဖြစ်သလို ပို၍ပင်သန်မာနေလေပြီ။

အပြင်သူစစ်တပ်အတွင်း၌ တအုန်းအုန်းပေါက်ကွဲသံများ၊ မချိတင်ကဲအော်ဟစ်များ ဆူညံနေသည်။ တောင်ပင်လယ်ကျင့်ကြံသူများသည် မညှာမတာ သုတ်သင်သတ်ဖြတ်နေပြီး သူတို့၏အင်အားမှာလည်း စစ်ကူဖြည့်ပေးနေသော ကျင့်ကြံသူများကြောင့် တစတစ များပြားလာသည်။

အပြင်သူများ၏ ကောင်းကင်ဘုံ (၂) မှ (၆) အထိသည် ကောင်းကင်ဘုံ (၁) ထက် တောင်ပင်လယ်လောကအတွက် အပျက်အစီးဆုံးရှုံးမှုများပြားစေခဲ့၏။ သို့သော် ကျဆုံးသွားခဲ့သော တောင်ပင်လယ်ကျင့်ကြံသူအရေအတွက်နှင့်ယှဉ်လျှင် ထိုပျက်စီးဆုံးရှုံးမှုမှာ မပြောပလောက်တော့ပေ။

ထိုစဉ် ကောင်းကင်ဘုံ (၇) မှ ကောင်းကင်ဘုံ (၃၃) တို့သည် ရွှမ်းဖန်နှင့် ဒဏ္ဍာရီနဂါး အသက်အန္တရာယ်ရှိနေကြောင်း ခံစားလိုက်ကြရ၍ ဒေါသတကြီးဟိန်းသံများ ပဲ့တင်ထပ်လာကာ လက်ရှိအခြေအနေမှ ထွက်ဖို့ ကြိုးစားကြတော့သည်။ သို့သော် ထိုအခြေအနေမှာ နှစ်ဖက်သွားဓားလို ဖြစ်သည်။ ၎င်းက သူတို့အား တောင်ပင်လယ်လောက၏ လျှပ်တပြက်တိုက်ကွက်မှ လွတ်မြောက်စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ထွက်မရအောင် ပိတ်ထားခဲ့လေသည်။

မြေထုငါးခု၏အင်အားက ... တောင်ပင်လယ်လောက၏ ဒုတိယခံစစ်ကြောင်းကိုပင် မထိုးဖောက်နိုင်ဘဲ နေလိမ့်မည်ဟု သူတို့ ထင်ကိုမထင်ထားခဲ့ကြပေ။ ထိုမျှသာမက အောက်ရှိစစ်ပွဲအတွင်း၌ အပြင်သူများမှာ အစုလိုက်အပြုံလိုက်သေဆုံးလျက် ခွက်ခွက်လန်အောင် အရေးနိမ့်နေသည်။

ကောင်းကင်ဘုံ (၇) မှ (၃၃) အထိတစ်လျှောက်လုံး မမြင်ရသော အတားအဆီးကို

ဝင်တိုက်နေကြသဖြင့် တအုန်းအုန်းမြည်သံကြီးများ နားကွဲလုအောင် ဆူညံနေသည်။ စစ်မြေပြင်ထက်တွင် တောင်ပင်လယ်လောကသည် သိသိသာသာ အသာစီးရနေပြီး အပြင်သူများမှာ ခွေးလိုဝက်လို သေနေကြ၏။ သူတို့မှာ ဆုတ်ပြီးရင်းဆုတ်နေရပြီး တောင်ပင်လယ်ကျင့်ကြံသူများကို ပြန်တိုက်ခိုက်နိုင်ပုံမပေါ်တော့ပေ။

ဒုတိယတောင်၏အရှေ့ရှိ ဒုတိယပင်လယ်လည်း ပျက်စီးသွားခဲ့၍ ၎င်းနေရာတွင် သွေးပင်လယ်တစ်စင်း အိုင်ထွန်းနေသည်။

ပါရာဂွန်ဒဏ္ဍာရီနဂါးမှာမူ သူ၏ခန္ဓာအားဖြည့်အတတ်ကို သုံးပြီးနောက် အစွမ်းကုန်တိုက်ခိုက်နေသော်လည်း အင်မော်တယ်အကျဉ်းချမန္တန်ဝင်္ကပါကို မဖော်ဆောင်နိုင်ခဲ့သည့်အတွက် သူ့နှလုံးသားထဲတွင် ခါးသီးမှုတို့ ပြည့်ကြပ်နေတော့သည်။ ၎င်းသာ အောင်မြင်ခဲ့လျှင် သူ့အခြေအနေ ဆိုးရွားမည်မဟုတ်ပေ။

လောလောဆယ်တွင် သူသည် တောင်ပင်လယ်လောက၏ ထိပ်သီးပညာရှင်အားလုံးကို ထိန်းထားသော်လည်း ပေးဆပ်ရမည့်တန်ဖိုးက သေမင်းခံတွင်းဝသို့ ဦးတည်စေသည်။

“ရွှမ်းဖန် မြန်မြန်လုပ်” ဒဏ္ဍာရီနဂါးက ဟိန်းဟောက်သည်။ ရွှမ်းဖန်မှာလည်း ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်ထားသည့်တိုင် မန်ဟိုနှင့်တိုက်ခိုက်နေရာမှ ရုန်းမထွက်နိုင်သေးပေ။ ရွှမ်းဖန်သည် ဒဏ်ရာရထားသည်သာမက မန်ဟိုကလည်း သူနှင့်တိုက်ခိုက်ဖူးထား၍ သူ၏လှည့်ကွက်များကို သိထားသည့်အတွက် သူ့အနေဖြင့် ရုန်းထွက်ဖို့က မလွယ်ကူလှပေ။

မည်မျှကြိုးစားကြိုးစား မထွက်နိုင်ဖြစ်နေသည်။

မန်ဟိုက မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင်ပြောင်းလျက် ကြယ်တာရာကောင်းကင်ကို ခွင်းကာ ၎င်း၏ခြေသည်းများဖြင့် တိုက်ခိုက်သည်။ သူသည် အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းနှင့်တကွ မဟာပေါက်ကွဲခြင်းအစွမ်းကို ထုတ်လွှတ်လိုက်၏။

မိစ္ဆာချုပ်နှောင်မန္တန်ကိုပင် ထုတ်လွှတ်လိုက်သည့်တိုင် တန်ပြန်ရိုက်ခတ်မှုက ယခင်လောက် မပြင်းထန်တော့ပေ။

လက်ရှိအချိန်တွင် အပြင်သူပါရာဂွန်နှစ်ဦးမှာ ရုန်းမထွက်နိုင်သလို၊ သူတို့ကို ကယ်ပေးမည့်လူလည်း မရှိ။ ကျန်ကောင်းကင်ဘုံများမှာ လွန်စွာစိတ်ပူနေကြသည်။ ဤအတိုင်းဆက်သွားလျှင် .... သူတို့၏ပါရာဂွန်တစ်ဦး ကျဆုံးပေတော့မည်။

မူလက ကောင်းကင်ဘုံ ၃၃ ဘုံတွင် ပါရာဂွန်ငါးဦး ရှိခဲ့သည်။ အောဂူမှာ ကျွန်ပြုခံထားရလေပြီ။ ပါရာဂွန်နောက်တစ်ဦး ထပ်မံဆုံးရှုံးရလျှင် နိုင်တော့နိုင်လောက်သေးသော်လည်း ပေးဆပ်ရမည့်အဖိုးအခမှာ အင်မတန်ကြီးမားလိမ့်မည်။

**

ရွှေတုန်းလျှိုသည် နဝမတောင်၏အပြင်၊ တောင်ကောင်းကင်ဂြိုဟ်အပေါ်တွင် ကြယ်တာရာကောင်းကင်အား အေးစက်စက် မော့ကြည့်နေ၏။ သူကား ဆုံးဖြတ်ရခက်နေသည့်အလား တွန့်ဆုတ်နေပုံပေါ်သည်။

အတန်ကြာသော် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ခြေတစ်လှမ်းပြန်ဆုတ်ကြည့်ရင် ဘယ်သူ့ကိုမှ စတေးလို့မဖြစ်တာ နားလည်လိမ့်မယ်... ငါ့ကိုယ်ငါတောင် စတေးလို့မရဘူး... ဒီလိုဆိုမှတော့ ... “ သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူ့လက်အား ဖြည်းညင်းစွာ ချလိုက်သည်။

“ဒီလိုဆိုမှတော့ ... မင်းတို့တွေ သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး အတားအဆီးကို ဖွင့်ခွင့်ပြုပေးမယ်။ အဲဒီနည်းနဲ့ … မင်းတို့လူတွေကို လွှတ်နိုင်မယ်။ ဒါပေမဲ့ အဖိုးအခအနေနဲ့ ကျန်တဲ့မင်းတို့တွေ အဝင်အထွက်ပိတ်ထားတဲ့အခြေအနေကနေ ထွက်လာနိုင်မယ့်အချိန် ပိုနောက်ကျမယ် ... အရေးအကြီးဆုံးက အပြင်အင်အားစုနှစ်စုရဲ့ ပူးကပ်တာခံထားရတဲ့ ပညာရှင်နှစ်ယောက် ... အခု အနှစ်သာရ ၈ ခုအဆင့်စွမ်းအား ပိုင်ဆိုင်ထားတဲ့နှစ်ယောက်ကတော့ ... ပိတ်လှောင်မှုအလျှင်းပွင့်လာတဲ့အချိန်မတိုင်မချင်း ဆင်းသက်လာလို့မရဘူး....” အတန်ကြာတွေးပြီးသော် ရွှေတုန်းလျှိုက သက်ပြင်းချသည်။

“တကယ်တမ်း အဆုံးသတ်ကျတော့ ကောင်းကင်ဘုံ ၃၃ ဘုံက ဘာမှမဟုတ်ဘူး။ ငါတို့အတွက် အခုအချိန်မှာ မရင်ဆိုင်နိုင်တဲ့ ရန်သူတွေက ... အဲဒီပူးကပ်ခံထားရတဲ့ ပါရာဂွန်နှစ်ဦးပဲ”

ဒုတိယတောင်၏အပြင်တွင် တိုက်ပွဲပြင်းထန်နေ၏။ ဒဏ္ဍာရီနဂါးမှာ အရေးနိမ့်ပြီးရင်း နိမ့်နေပြီး ထပ်မံတောင့်ခံထားနိုင်တော့မည့်ပုံပေါ်မပေ။ ခန္ဓာအစွမ်းမြှင့်အတတ်ကိုလည်း အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးပြီဖြစ်၍ သူ့ခန္ဓာကိုယ်မှာလည်း ပြိုကွဲစပြုနေလေပြီ။

ရွှမ်းဖန်မှာ မန်ဟို့ကို တွန်းဖယ်၍ ရုန်းမထွက်နိုင်သေးသဖြင့် ပိုပို၍ ခေါင်းနပန်းကြီးလာနေသည်။

သို့သော် ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်၌ အုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ဘုံ (၇)နှင့်အထက်ကောင်းကင်ဘုံများ မည်သည့်အဖိုးအခကို ပေးခဲ့သလဲ မပြောတတ်သော်လည်း ရုတ်တရက်ဆိုသလို ကောင်းကင်ဘုံ (၁၆) နှင့် အောက်ကောင်းကင်ဘုံများသည် ပိတ်လှောင်စွမ်းအား မငြိမ်မသက်ဖြစ်နေသည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။ ထို့နောက် ကောင်းကင်ဘုံ (၇) မှ ကောင်းကင်ဘုံ (၁၆) အထိ ... ဖျတ်ခနဲ ပေါ်လာသဖြင့် အရောင်အဝါများ ကြယ်တာရာကောင်းကင်တွင် တောက်ပလင်းလက်သွားတော့သည်။

ကြည့်ရသရွေ့ ကောင်းကင်ဘုံ (၁၇) နှင့်အထက်သည် ကောင်းကင်ဘုံ (၇) မှ (၁၆) ကို လွှတ်ပေးနိုင်ဖို့ ပိတ်လှောင်စွမ်းအားကို စုပ်ယူလိုက်ပုံပေါ်၏။

ကောင်းကင်ဘုံ (၇) နှင့်အတူ (၈)၊ (၉) အစရှိသည်တို့ ပြိုင်တူ ကျဆင်းလာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ စုစုပေါင်း ကောင်းကင်ဘုံဆယ်ထပ်ကား တောင်ပင်လယ်လောကအပေါ် ထိုးဆင်းလာနေလေပြီ။

တစ်ချိန်တည်းမှာပင် ထိုမြေထုများမှ အလင်းတန်းဆယ်တန်းက တောင်ပင်လယ်လောကထံ ထိုးဆင်းလာသည်။ တစ်တန်းက ဒဏ္ဍာရီနဂါးဆီ သွား၍ တောင်ပင်လယ်ပညာရှင်များနှင့်တိုက်ခိုက်နေသော သူ့အား ဆွဲခေါ်သွားသည်။ ဒုတိယတစ်တန်းက မန်ဟိုနှင့် ရွှမ်းဖန်၏တိုက်ပွဲထံ ရောက်လာကာ သူတို့နှစ်ယောက်အား လူချင်းခွဲပေးလိုက်သော ချီလှိုင်းကြီးတစ်လှိုင်းအား ဖန်တီးလိုက်သည်။

မန်ဟိုမှာ တောင်ပင်လယ်လောက၏နေထံသို့ ဆောင့်တွန်းခံလိုက်ရသည်။ သူ့ပါးစပ်မှ သွေးများစီးကျလာသည့်အချိန်မှာပင် လေးတန်းမြောက်က နေဆီ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပြေးဝင်လာလေပြီ။ မန်ဟို ကြည့်နေစဉ်မှာပဲ အလင်းတန်းက နေကို ဝင်တိုက်ကာ ကျင့်ကြံသူတစ်သိန်းအား ... ပြာချပစ်လိုက်၏။

နေမှာမူ တသိမ့်သိမ့်တုန်ခါသွားပြီးနောက် အက်ကွဲကြောင်းများက ၎င်း၏မျက်နှာပြင်တစ်လျှောက် ကြောက်မက်ဖွယ်ကောင်းစွာ ဖြာထွက်လာတော့သည်။

All Chapters