အခန်း (၄၄)
Vol. 5 Ch. 44
အခန်း ၄၄ - မိစ္ဆာဘုရင်နှစ်ကောင်ကို သုတ်သင်ခြင်းနှင့် ကျရောက်လာသော ကောင်းကင်ကပ်ဘေး။
မိစ္ဆာကြီး၏ အအေးဓာတ် အသက်ရှူထုတ်မှုက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်ကို မြင်သောအခါ လီချန်ရှင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးစွမ်းများကို ချက်ချင်း တောက်လောင်စေပြီး သူ၏ စစ်မှန်သောစွမ်းအင်ကို အသုံးပြုကာ တစ်ကိုယ်လုံးကို နွေးထွေးလာစေသည်။
ထို့နောက် သူသည် အေးစက်လှသော လေပြင်းကို ကြံ့ကြံ့ခံလျက် ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်ပြီး ၎င်း၏ အသက်သွေးကြော အချက်အချာနေရာကို လှံဖြင့် တစ်ချက်တည်း ထိုးစိုက်ကာ အသက်ကို နှုတ်ယူလိုက်တော့သည်။
"တကယ်လို့ ဖျက်ဆီးလို့မရတဲ့ မိစ္ဆာချီတွေသာ တကယ် ရှိနေခဲ့ရင် မဟာယန် ဧကရာဇ်မြို့တော်ကြီးဟာ လွန်ခဲ့တဲ့အချိန်ကတည်းက ပျောက်ကွယ်သွားလောက်ပြီ။"
လီချန်ရှင်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သို့သော် ဤအချိန်တွင် အခြားတစ်ဖက်မှ မိစ္ဆာကြီးတစ်ကောင်သည် ခဲပိတ်နေသော မြစ်ရေပြင်ကို အသုံးချကာ ကမ်းတစ်ဖက်သို့ ကူးဖြတ်လာခဲ့သည်။
ဗိုလ်ချုပ် ချီယန်ကျုံးသည် သူ၏ လူများကို ကာကွယ်ရေးတန်းကို ထိန်းထားရန် အလျင်အမြန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်နှင့် ဗိုလ်ချုပ် ယဲ့ဖုန်း၊ ချန်းအာဝါတို့သည် ထိုမိစ္ဆာကြီးကို ကြားဖြတ်ဟန့်တားရန် ရှေ့သို့ ပြေးဝင်သွားကြတော့သည်။
"တကယ့် အနှောင့်အယှက်တွေပဲ။"
သို့သော်လည်း…
သွေးမန်းလှံသည် မိစ္ဆာကြီး၏ သွေးသားများကို စုပ်ယူပြီးနောက် အေးစက်လှသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
အကယ်၍ သူသာ ထိုမိစ္ဆာဘုရင် သုံးကောင်နှင့် ဤမိစ္ဆာကြီးများကိုပါ အမြစ်ပြတ် သုတ်သင်နိုင်ခဲ့လျှင် သွေးမန်းလှံအနေဖြင့် အသွင်ပြောင်းလဲခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်လိမ့်မည်ဟု သူ ကြိုတင်ခံစားမိနေသည်။
သူသည် ယခင်က သွေးမန်းလှံကို သယ်ဆောင်မလာခဲ့ခြင်းမှာ ၎င်းအနေဖြင့် အနားယူကာ အားဖြည့်ရမည့် အချိန်ကာလတစ်ခု လိုအပ်နေပုံရသောကြောင့် ဖြစ်သည်။ ယခုအခါ ရွှံ့နွံများနှင့် ဖုန်မှုန့်များကို သုတ်သင်ပြီးဖြစ်၍ ၎င်း၏ တောက်ပမှုကို ထွန်းလင်းစေရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
လီချန်ရှင်းသည် ရှေ့တန်းတွင် အပြင်းအထန် တိုက်ခိုက် သတ်ဖြတ်နေစဉ်နောက်တန်းမှ စစ်ပွဲကို ကြီးကြပ်ကွပ်ကဲနေကြသော ဒုတိယမင်းသားနှင့် ပထမမင်းသားတို့သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသည်။
"ဒီ လီချန်ရှင်းက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။"
"မိစ္ဆာအတတ်ပညာတွေကို ကြံ့ကြံ့ခံရင်း မိစ္ဆာကြီးတစ်ကောင်ကို အလွယ်တကူ လှံနဲ့ ထိုးသတ်နိုင်တယ်ဆိုတော့… သူက တကယ့်ကို သိုင်းသူတော်စင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်။"
"ဗိုလ်ချုပ် ချီယန်ကျုံးက ဘာတွေလုပ်နေတာလဲ။ သူက ဘာလို့ မိစ္ဆာနှိမ်နင်းရေး လေးမြှားကြီးတွေကို တပြိုင်နက်တည်း ပစ်ခတ်ပြီး မိစ္ဆာတွေရဲ့ စစ်ကြောင်းကို မနှိမ်နင်းဘဲ မိစ္ဆာတွေကို မြစ်ကမ်းပါးဆီအထိ ဖြတ်ကျော်ခွင့် ပေးထားရတာလဲ။"
ပထမမင်းသားက သူ၏ ဇဝေဇဝါဖြစ်မှုကို ထုတ်ဖော်ပြောဆိုလိုက်ရာဘေးတွင် ရပ်နေသော ဒုတိယမင်းသားက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ဒါက သဘာဝကျပါတယ် အစ်ကိုကြီး ဘာလို့လဲဆိုတော့ အဲဒီမြှားတွေထဲမှာ ကမ္ဘာပြင်ပ ဥက္ကာခဲ အစအနတွေ မပါဝင်လို့ပေါ့။"
"ဘာ ညီတော်… မင်းက ဒီလိုကိစ္စမျိုးကို လုပ်ဝံ့တယ်ပေါ့ ဟုတ်လား။ နောက်ကျရင် အပြစ်ပေး အရေးယူခံရမှာကို မကြောက်ဘူးလား။"
"ဟားဟား… အစ်ကိုကြီးကလည်း အတွေးလွန်နေပြန်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က တစ်မြို့တော်လုံးရဲ့ အသက်ဘေးနဲ့တော့ နောက်ပြောင်မှာ မဟုတ်ပါဘူး။"
ဒုတိယမင်းသားက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ပထမမင်းသား၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဒါဆို… ခမည်းတော် ဧကရာဇ်ရဲ့ အလိုဆန္ဒပေါ့ ဟုတ်လား။"
"ဒါကိုတော့ ကျွန်တော်လည်း မသိဘူး။ အစ်ကိုကြီးအနေနဲ့ ဒီကမ္ဘာပြင်ပ ဥက္ကာခဲတွေရဲ့ အသုံးဝင်မှုကို ဘယ်သူက အရင်ဆုံး စတင်သုတေသနပြုခဲ့လဲဆိုတာကိုပဲ တွေးကြည့်လိုက်ပါတော့။"
တာအိုနန်းတော်လား။
ထိုအချိန်တွင် ဧကရာဇ်မြို့တော်အတွင်း၌…
ဧကရာဇ် လီချန်နှင့် တာအိုဘိုးဘေးတို့သည် ဇရပ်တစ်ခုအတွင်း ထိုင်လျက် စစ်တုရင်ကို ကစားနေကြသည်။
ဧကရာဇ် လီချန်က အနက်ရောင် နယ်ရုပ်များကို ကိုင်ဆောင်ထားပြီး အရင်ဆုံး စတင်ရွှေ့လျက် ပြုံးကာ ပြောလိုက်သည်။
"တာအိုဘိုးဘေး… အခု ရွှေ့လိုက်တဲ့ ကွက်က တကယ့်ကို အကွက်စေ့လှပါတယ်။"
"နောက်ကျရင် အရှင့်အနေနဲ့ ဟွမ်ကျန်းကို ဘယ်လို ရှင်းလင်းချက် ပေးမလဲဆိုတာကိုပဲ စိုးရိမ်မိတယ်။ သူက တစ်မြို့တော်လုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။"
"တာအိုဘိုးဘေး… မင်းက လီချန်ရှင်းကို အရမ်း ကြောက်ရွံ့နေတာပဲ။ ဒါက ငါ့ရဲ့ ဧကရာဇ်မြို့တော် သူ့မြို့တော် မဟုတ်ဘူး။ လီချန်ရှင်းရဲ့ အောင်မြင်မှုတွေက ကောင်းကင်ယံအထိ မြင့်မားနေရင်တောင် ငါ့မှာ သူ့ကို တန်ပြန်ဖို့ အခွင့်အရေး လုံးဝမရှိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား။"
"ဒါပေမဲ့ ဟွမ်ကျန်းက ဒီမကျေနပ်မှုကို မြိုသိပ်ထားပြီး နောက်ပိုင်း ဘာဆက်ဖြစ်လာမလဲ။ တကယ်လို့ သူက လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ပြန်လာရင်တော့ အရှင်မင်းကြီးမှာ နည်းလမ်းရှိကောင်း ရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ လျှို့ဝှက်စွာနဲ့ လာရင်ကော။"
ဧကရာဇ် လီချန်သည် တာအိုဘိုးဘေး၏ စကားလုံးများထဲမှ ဆိုလိုရင်းကို ရိပ်မိသွားပြီး ပြုံးလျက် မေးလိုက်သည်။
"ငါ ဘာကြောင့် လီယင်ကို သူ့ဘေးနားမှာ ထားခဲ့လဲဆိုတာ တာအိုဘေးဘေး သိလား။"
တာအိုဘိုးဘေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"မဟုတ်မှလွဲရော… အရှင်မင်းကြီးကလည်း မဟာယန်ရဲ့ နိုင်ငံတော်ကံကြမ္မာအရှိန်အဝါအကြောင်းကို သိနေတာလား…"
"ငါ ဒါကို တောရိုင်းကမ္ဘာကြီး အပြောင်းအလဲ ဖြစ်ကတည်းက သိခဲ့တာ။ ဒါ့အပြင် တာအိုဘိုးဘေးအနေနဲ့ ငါ့ကို သာမန် လူသားဧကရာဇ်တစ်ပါးလို့ပဲ ထင်နေတာလား။"
စကားပြောနေစဉ်မှာပင် ဧကရာဇ် လီချန်က နယ်ရုပ်သုံးရုပ်ကို အလျင်အမြန် ချလိုက်ပြီး ဝဲဂယက်ကို ဝိုင်းရံကာ နဂါးကို သတ်ဖြတ်ရန် ကြိုးစားလိုက်တော့သည်။
ဤအကွက်ကို မြင်လိုက်ရသောအခါ တာအိုဘိုးဘေးသည် မချိပြုံး ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
"ကျွန်တော် ရှုံးပါပြီ။"
"လီချန်ရှင်းက တကယ်ပဲ သန်မာပါတယ် ဒါပေမဲ့ သူက ငါ့ကို အရင်တုန်းက သာမန်လူသား ဧကရာဇ်တစ်ပါး မဟုတ်တော့ဘူးဆိုတာကို မေ့နေပုံရတယ်။ ဒီက မိစ္ဆာတွေက လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ခဲ့ပေမဲ့ တစ်နေ့ကျရင် ငါ့ရဲ့ လက်ထဲမှာ ၎င်းတို့ဟာ ပြန်လည် တောက်ပလာရမယ်။"
ဧကရာဇ် လီချန်သည် ထရပ်ကာ ကြာပန်း ကန်ဆီသို့ လှမ်းကြည့်လိုက်သည်။
"တာအိုဘိုးဘေး… ငါနဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိရဲ့လား။"
"အရှင်မင်းကြီး ကြွမြန်းလိုတဲ့နေရာတိုင်းကို ဒီတာအိုဆရာ လိုက်ပါပါ့မယ်။"
တာအိုဘိုးဘေးသည် ထရပ်ကာ ဧကရာဇ် လီချန်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထိုအချိန်တွင် လီချန်ရှင်းသည် မြို့ပြင်၌ မရပ်မနား ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူ၏ လက်ချက်ဖြင့် သေဆုံးသွားသော မိစ္ဆာအရေအတွက်မှာ ဆယ်ဂဏန်းမကတော့ချေ။
ပြေးဝင်လာသော မိစ္ဆာကြီးအားလုံးနီးပါးကို သူ၏ ကိုယ်ပိုင်အစွမ်းဖြင့်သာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အနည်းငယ်မျှသော မိစ္ဆာများကိုသာ တစ်ဖက်ကမ်းသို့ ရောက်ရှိလာသော ဗိုလ်ချုပ် ချီယန်ကျုံးနှင့် အခြားနှစ်ဦးတို့က အဆုံးသတ်နိုင်ခဲ့ကြသည်။
လီချန်ရှင်းသည် စိတ်ထဲမှ တစ်ခုခု မှားယွင်းနေပြီဟု လျှို့ဝှက်တွေးတောမိသည်။
တိုက်ပွဲက အလွန်အမင်း ပြင်းထန်နေသော်လည်း လီချန်ရှင်း၏ ဆင်ခြင်တွေးတောနိုင်စွမ်းကိုမူ မသက်ရောက်စေချေ။
သူသည် အစောပိုင်းက ဗိုလ်ချုပ် ချီယန်ကျုံး သူ၏ထံသို့ လာရောက်ကာ အကူအညီတောင်းခံခဲ့သည့် အခိုက်အတန့်ကို ပြန်လည်အမှတ်ရပြီး တွေးတောလိုက်သည်။
လီချန်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကိစ္စက လုံးဝ မရိုးရှင်းဘူး။"
ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာတွေရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို ထပ်ပြောနေစရာ မလိုချေ။
"ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့က ငတုံးနှစ်ယောက် ဖြစ်နေရင်တောင် ဗိုလ်ချုပ် ချီယန်ကျုံးလို လူမျိုးက စစ်မထွက်ခင် ဒီလောက်အရေးကြီးတဲ့ လက်နက်ကိရိယာတွေကို သေချာမစစ်ဆေးဘဲ နေမှာမဟုတ်ဘူး။"
"ဒါဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်။"
"ဒါက ထောင်ချောက်တစ်ခုပဲ။"
"တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ မိစ္ဆာဒီရေလှိုင်းကို အသုံးချပြီး ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား။"
"ဘာကြောင့်လဲ။"
"နောက်ကျရင် ငါ ပြန်သတ်မှာကို သူတို့ မကြောက်ကြဘူးလား။"
"ဗိုလ်ချုပ် ချီယန်ကျုံး ၊အရာရှိ ချန်းအာဝါ၊ ဗိုလ်ချုပ်ယဲ့ဖုန်း၊ လီယင်၊ တာအိုဘိုးဘေး…"
"လီယင်..."
ရုတ်တရက် လီချန်ရှင်း၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူက ချက်ချင်းလှည့်ကာ မိစ္ဆာကြီးတစ်ကောင်ကို လှံဖြင့် ထိုးသတ်လိုက်ပြီးသွေးမန်းလှံအား ၎င်း၏ သွေးသားများကို စုပ်ယူခွင့်ပေးလိုက်သည်။
"ဧကရာဇ် လီချန်လား နိုင်ငံတော်ကံကြမ္မာအရှိန်အဝါရဲ့ ဖုံးကွယ်နိုင်စွမ်း… ဖြစ်နိုင်တာက ဧကရာဇ် လီချန်ဟာ အဲဒီညကတည်းက ငါ့ကို ရိပ်မိနေပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ အဲဒီလို လာပြောနေတာလား။"
"မဟုတ်ဘူး ဧကရာဇ် လီချန်က တကယ်ပဲ အစွမ်းတွေကို လျှို့ဝှက်ထားရင်တောင် ငါ ဧကရာဇ်မြို့တော်ကို ဖျက်ဆီးပစ်မှာကို သူ မကြောက်ဘူးလား။ လီယင်… လီယင်ရဲ့ ကိုယ်ပေါ်က နိုင်ငံတော်ကံကြမ္မာအရှိန်အဝါက ထောင်ချောက်တစ်ခုပဲ။"
လီချန်ရှင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
ဤနိုင်ငံတော်ကံကြမ္မာအရှိန်အဝါတွင် အခြားမည်သည့် အစွမ်းများ ရှိသေးသည်ကို သူ အတိအကျမသိသော်လည်း အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့လျှင် မိမိ၏ ထိန်းချုပ်မှုအောက်တွင်မရှိဘဲ နေ့စဉ် မိမိမျက်စိရှေ့၌ လှည့်လည်သွားလာနေကာ မိမိကို အချိန်မရွေး လုပ်ကြံနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်ရပါက လီချန်ရှင်းကိုယ်တိုင်လည်း စိတ်အေးလက်အေး နေနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် မိမိ၏ အစွမ်းက တစ်ဖက်လူထက် နိမ့်ကျနေရင်တောင် ၎င်းတို့၏ စွမ်းအားကို နှိမ်နင်းမည့် နည်းလမ်းကို ရှာဖွေရပေမည်။
ထို့ပြင် နိုင်ငံတော်ကံကြမ္မာအရှိန်အဝါသည် ထိုသို့သော သက်ရောက်မှုမျိုး ရှိနိုင်ပြီး အဝေးမှပင် ထိန်းချုပ်ကာ လီယင်ပေါ်ရှိ ချီအရှိန်အဝါများကို ရုတ်တရက် ပေါက်ကွဲစေပြီး သူ့ကို နောက်ကျောမှ ဓားဖြင့် ထိုးသကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
သူ ဒဏ်ရာရသွားပြီးနောက် သို့မဟုတ် သူ၏ စွမ်းအားကို ၎င်းတို့ ကိုင်တွယ်နိုင်သော အဆင့်အထိ နှိမ်နင်းပြီးသွားပါက ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားပါစေဦးတော့ ၎င်းတို့အတွက် လက်ခံနိုင်စရာ ဖြစ်သွားပေလိမ့်မည်။
ခက်တာက လီချန်ရှင်း နားမလည်နိုင်သည်မှာ သူသည် လောလောဆယ်တွင် ဧကရာဇ် လီချန်ကို လှုပ်ရှားရန် အစီအစဉ်မရှိသေးပါဘဲနှင့် ဘာကြောင့် ၎င်းတို့ဘက်က အစပျိုးပြီး ထောင်ချောက်ဆင်လာရသနည်း ဟူသောအချက်ပင်။
ဒါက စမ်းသပ်မှုတစ်ခု ဖြစ်နိုင်မလား။
ပိုမို နက်နဲသော စမ်းသပ်မှုတစ်ခုပေါ့။
အကယ်၍ ဧကရာဇ် လီချန်က သူ၏ လူသတ်စိတ်ကို အမှန်တကယ် ထုတ်ဖော်ပြသခဲ့ပါက ထိုမိစ္ဆာဘုရင် သုံးကောင်ကို မနှိမ်နင်းနိုင်သေးသရွေ့တော့ ယခုအချိန်သည် အကောင်းဆုံးအချိန် မဟုတ်သေးချေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့ချပစ်နိုင်သလို လီယင်ဟူသော နယ်ရုပ်ကိုလည်း ပိုမိုနက်ရှိုင်းစွာ မြှုပ်နှံထားနိုင်မည် ဖြစ်သည်။ သူ၏ဘက်မှ ပုန်ကန်မည့် အရိပ်အယောင် ပြသသည်နှင့် ၎င်းတို့က သေချာပေါက် ကြိုတင်လှုပ်ရှားကြလိမ့်မည်။
လီချန်ရှင်းသည် အရာများစွာကို တွေးတောလိုက်သော်လည်း ဤကိစ္စပြီးဆုံး၍ ဧကရာဇ်မြို့တော်သို့ ပြန်သွားသည့်အခါ သူ တကယ်ကြီး ဘေးကင်းနိုင်ပါ့မလား ဆိုသည်ကိုမူ အာမမခံနိုင်ချေ။
ဒါဆို သူ ဘာလုပ်သင့်သလဲ။
အားနည်းချင်ယောင် ဆောင်ရမလား…
လီချန်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤနည်းလမ်းက အနည်းငယ် အန္တရာယ်ရှိသော်လည်း လုပ်ဆောင်ရန် အခွင့်အလမ်း လုံးဝမရှိသည်တော့ မဟုတ်ချေ။
တစ်ဖက်ကမ်းရှိ မိစ္ဆာကြီးများကို အခြေခံအားဖြင့် ရှင်းလင်းပြီးသွားသောအခါ ဧရာမ မိစ္ဆာဘုရင် သုံးကောင်သည် မြစ်ကမ်းပါးသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ဤဘက်ကမ်းတွင် တိုက်ပွဲဝင်လို့ ပြီးသွားသော ဗိုလ်ချုပ် ချီယန်ကျုံးနှင့် အခြားလူများသည် ဒီအတိုင်း ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။ မိစ္ဆာနှိမ်နင်းရေး မြှားများသည် မိစ္ဆာဘုရင်များ၏ ပြင်ပကာကွယ်ရေးအလွှာကို မဖောက်ထွက်နိုင်ချေ။
အတိတ်တုန်းက မိစ္ဆာဘုရင်များနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည် ဝေးကွာသောနေရာမှ တိုက်ခိုက်ခြင်းဖြင့်သာ မောင်းထုတ်လေ့ ရှိကြသည်။
ဤတစ်ကြိမ်တွင်မူ လီချန်ရှင်းအနေဖြင့် ၎င်းတို့ကို ခြေမှုန်းနိုင်မလား ဆိုသည့်အချက်ပေါ်တွင်သာ မူတည်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အများအသိအမှတ်ပြုထားတဲ့ သိုင်းသူတော်စင် ဖြစ်သဖြင့် သူ၏ အစွမ်းကို သံသယဝင်နေစရာ မလိုချေ။
ရာဂဏန်းမကသော မိစ္ဆာများထဲမှ အများစုကို သူ၏ လှံတစ်ချောင်းတည်းဖြင့်သာ ဖြေရှင်းခဲ့ခြင်း ဖြစ်ရာ ၎င်းတို့အနေဖြင့် အခြားဘာကို စိုးရိမ်နေစရာ လိုဦးမည်နည်း။
"ဆရာ အားတင်းထားပါဦး။"
လီယင်က မြစ်တစ်ဖက်ကမ်းမှ လှမ်း၍ အော်ဟစ်အားပေးလိုက်သည်။
"သိုင်းသူတော်စင်… ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ သိက္ခာကို မြှင့်တင်ပေးပါ။"
ဗိုလ်ချုပ် ယဲ့ဖုန်းနှင့် အရာရှိ ချန်းအာဝါတို့ကလည်း အော်ဟစ်လိုက်ကြရာ ပတ်ဝန်းကျင်ရှိ စစ်သားများလည်း ထိုစိတ်ဓာတ်များ ကူးစက်သွားပြီး တပြိုင်နက်တည်း ဟစ်ကြွေးကြတော့သည်။
"သိုင်းသူတော်စင်… ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ သိက္ခာကို မြှင့်တင်ပေးပါ။"
"သိုင်းသူတော်စင်… ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ သိက္ခာကို မြှင့်တင်ပေးပါ။"
လီချန်ရှင်းမှာမူ ၎င်းတို့၏ ရှုပ်ထွေးလှသော အော်ဟစ်သံများကို နားထောင်ရန် စိတ်မပါတော့ချေ။ မိစ္ဆာဘုရင် သုံးကောင်သည် တကယ်ပဲ အားနည်းလှသည်မဟုတ်ဘဲ တစ်ကောင်ချင်းစီတွင် မိစ္ဆာချီများ ပြည့်လျှံနေသည်။
မီးတောက်များ သဲမုန်တိုင်းများနှင့် သံမဏိအမွေးအမျှင် အပ်များကဲ့သို့သော မိစ္ဆာအတတ်ပညာများက အဆက်မပြတ် တိုက်ခိုက်လာသဖြင့် လီချန်ရှင်း၏ အခြေအနေမှာ အလွန် အန္တရာယ်ကြီးလှသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သွေးမန်းလှံသည် မိစ္ဆာများ၏ သွေးသားများကို အလွန်အမင်း ဝါးမြိုထားခဲ့သဖြင့် ပိုမို ပြင်းထန်ထက်မြက်လာပြီး သက်ရှိတစ်ခုကဲ့သို့ပင် ပြောင်းလဲလာပုံရရာ လီချန်ရှင်းအတွက် အသုံးပြုရသည်မှာ ပိုမို အဆင်ပြေချောမွေ့လာခဲ့သည်။
စစ်မှန်သောစွမ်းအင်များ တိုးထွက်လာပြီး လှံအသွားက နဂါးတစ်ကောင်ကဲ့သို့ ထိုးစိုက်လိုက်သည်။
"ဒုန်း"
သူ၏ခန္ဓာကိုယ်တွင်းရှိ ဆေးစွမ်းများမှာ ကုန်ခမ်းသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် လီချန်ရှင်းသည် သူ၏ ရွှေအဆီအနှစ်အတွင်းရှိ စစ်မှန်သောစွမ်းအင်များကို အသုံးပြုလိုက်သည်။
သွေးမန်းလှံသည် သန့်စင်သော ရွှေရောင်အဆင်းဖြင့် တောက်ပသွားခဲ့သည်။
တစ်ချက်တည်းဖြင့်ပင် သူသည် ပြေးဝင်လာသော မီးလုံးကြီးကို ရိုက်ခွဲပစ်လိုက်ပြီး ပေါက်ကွဲမှု၏ အဟုန်ကို အသုံးချကာ လီချန်ရှင်းသည် နောက်တန်းရှိ မိစ္ဆာဘုရင်ထံသို့ ပျံသန်းဝင်ရောက်သွားခဲ့တော့သည်။
"အားနည်းချက်တွေ အများကြီး ရှိနေတာပဲ ကာကွယ်ရေးအလွှာကို ဖောက်ထွက်ဖို့ပဲ ခက်နေတာ။ သွေးမန်းလှံ ...မင်းအပေါ်မှာပဲ မူတည်တော့တယ်။"
သွေးမန်းလှံက တုန်ခါသွားခဲ့သည်။ လီချန်ရှင်းသည် လှံဦးကို မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ အားပြင်းစွာ ထိုးစိုက်လိုက်ရာ သုံးလက်မခန့်သာ ရှိသော လှံရိုးသာ ကျန်ရှိတော့သည်။
"ဝူးးး… ဝူးးး… ဝူးးး"
မိစ္ဆာဘုရင်က အစွမ်းကုန် ဟိန်းဟောက်အော်မြည်တော့သည်။ ထိုအချိန်တွင် လီချန်ရှင်း၏ စစ်မှန်သောစွမ်းအင်များ ပေါင်းစပ်ထားသော သွေးမန်းလှံသည် မိစ္ဆာဘုရင်၏ အသက်သွေးကြောနေရာကို အပြင်းအထန် မွှေနှောက်ဖျက်ဆီးပစ်လိုက်သည်။
ကံကောင်းစွာဖြင့် သွေးမန်းလှံသည် အချိန်အတန်ကြာ အနားယူခဲ့ပြီးဖြစ်ကာ ယခင်က ကောင်းချီးပေးမှုများနှင့် ပေါင်းစပ်လျက် ပိုမို ထက်မြက်လာခဲ့သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ၎င်း၏ ကာကွယ်ရေးကို ဖောက်ထွက်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
ဒါက လီချန်ရှင်းအနေဖြင့် မိစ္ဆာဘုရင် သုံးကောင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။ အတိတ်တုန်းက မိစ္ဆာဘုရင် တစ်ကောင်တည်းနှင့် ရင်ဆိုင်ရလျှင်ပင် အတော်လေး ရုန်းကန်ခဲ့ရသည်။
ယခုအခါ သွေးမန်းလှံက အောင်မြင်မှုရရှိသည်ကို မြင်သောအခါ ကောင်းမွန်သော လက်နက်တစ်ခုက လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်း လီချန်ရှင်း သဘောပေါက်သွားခဲ့သည်။
ထိုမိစ္ဆာဘုရင်သည် မြေပြင်ပေါ်သို့ လဲကျကာ တဆက်ဆက် တုန်ရင်နေခဲ့ပြီးသွေးမန်းလှံမှာမူ မိစ္ဆာဘုရင်၏ သွေးသားများကို အရူးအမူး စုပ်ယူနေတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် ကျန်ရှိနေသော မိစ္ဆာဘုရင် နှစ်ကောင်က အခြေအနေမလှသည်ကို ရိပ်မိသွားကြပြီး လီချန်ရှင်းထံသို့ အမျိုးမျိုးသော မိစ္ဆာအတတ်ပညာများကို အလျင်အမြန် ထုတ်လွှတ်လိုက်ကြတော့သည်။
"ဒုန်း ဘုန်း ဘုန်း ဘုန်း ဝုန်း ဒုန်း"
မိစ္ဆာအတတ်ပညာအမြောက်အမြားသည် လီချန်ရှင်း ရှိနေသော နေရာသို့ ဗုံးကြဲသကဲ့သို့ ကျရောက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် မြေပြင်ပေါ်လဲကျနေသော မိစ္ဆာဘုရင်ကိုပါ အပိုင်းပိုင်း ပြတ်ထွက်သွားစေခဲ့သည်။
ထိုသို့ ဖြစ်သွားတာတောင် ထိုမိစ္ဆာဘုရင်သည် အသက်အနည်းငယ် ကျန်ရှိနေသေးရာ မိစ္ဆာဘုရင်များကို သတ်ဖြတ်ရန် မည်မျှ ခက်ခဲကြောင်း ပေါ်လွင်လှသည်။
လီချန်ရှင်းသည် အသက်ကို ထိန်းချုပ်ကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း နေရာကို အဆက်မပြတ် ရွှေ့ပြောင်းနေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်…
လဲကျနေသော မိစ္ဆာဘုရင်၏ သွေးသားများကို ဝါးမြိုကာ သတ်ဖြတ်ပြီးသွားသော သွေးမန်းလှံကို ကြည့်လိုက်ရာ ၎င်း၏ အရှိန်အဟုန်က ပိုမို မြန်ဆန်လာခဲ့သည်။
"ဝုန်းးး"
ကောင်းကင်ယံတွင် ရုတ်တရက် မည်းမှောင်နေသော တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားခဲ့သည်။
လီချန်ရှင်း မျက်လုံးပြူးသွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"တောက် ကောင်းကင်ကပ်ဘေးပဲ။"
သွေးမန်းလှံသည် အရေးကြီးသော အလှည့်အပြောင်း အမှတ်သို့ ရောက်ရှိသွားပုံရပြီး ကောင်းကင်ပြစ်ဒဏ်၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။
မိုးကြိုးသံကို ကြားလိုက်ရသည့် ခဏတွင်ပင် ကျန်ရှိနေသော မိစ္ဆာဘုရင် နှစ်ကောင်မှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ချက်ချင်း လှည့်၍ ထွက်ပြေးကြတော့သည်။
သို့သော် လီချန်ရှင်းက သူတို့ကို ဤအခွင့်အရေးကို ပေးပါမည်လော။ သွေးမန်းလှံကို ကောင်းကင်ပြစ်ဒဏ်အား ဖြတ်ကျော်စေပြီး ထူးခြားဆန်းပြားကာ မြင့်မြတ်သော သန့်စင်ခြင်း ဂုဏ်သတ္တိများ ထည့်သွင်းရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
မိစ္ဆာဘုရင်ကို ဝါးမြိုပြီးသွားသော သွေးမန်းလှံကို မြေကြီးထဲမှ ဆွဲထုတ်လိုက်ပြီးနောက် လီချန်ရှင်းသည် ထိုအဝေးသို့ မရောက်သေးသော မိစ္ဆာဘုရင် နှစ်ကောင်နောက်သို့ တောအုပ်အနက်ပိုင်းအထိ တိုက်ရိုက် လိုက်လံ မောင်းနှင်ကာ အပြင်းအထန် ထိုးနှက်တော့သည်။
"ဆရာ..."
"ဘာလို့ ဆရာက ဆက်ပြီး လိုက်သတ်နေရတာလဲ။"
"ဒီလောက် ပြင်းထန်တဲ့ လူသတ်စိတ်… ဒီမည်းမှောင်နေတဲ့ တိမ်တိုက်တွေကကော ဘယ်လို့ ရုတ်တရက် ပေါ်လာရတာလဲ။"
ဗိုလ်ချုပ် ယဲ့ဖုန်းသည် ဟဲပြည်နယ် တွင် သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်အမှတ်ရမိပြီး အာမေဍိတ် မဆိုဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။
"ဆရာက နောက်ထပ်တစ်ကြိမ် သူတော်စင်အဆင့်ကို တက်လှမ်းတော့မှာလား။"
"ဘာ။"
"ဟဲပြည်နယ်တုန်းကလည်း အကြောင်းပြချက်မရှိဘဲ မည်းမှောင်နေတဲ့ တိမ်တိုက်တွေ ပေါ်လာပြီး မိစ္ဆာအမြောက်အမြားကို မောင်းထုတ်ခဲ့တာ။"
"အခု မင်းပြောမှ သတိရတယ် အဲဒီတုန်းက တကယ့်ကို ထူးဆန်းတဲ့ မိုးကြိုးသံတစ်ချက် ကြောင့် ငါတောင် မြင်းပေါ်ကနေ ပြုတ်ကျမတတ် လန့်သွားခဲ့တာ။"
အရာရှိ ချန်းအာဝါက ဘေးမှ ပြောလိုက်သည်။
ဗိုလ်ချုပ် ချီယန်ကျုံးကမူ မယုံနိုင်ဖြစ်နေသည်။
"နောက်ထပ်တစ်ကြိမ် သူတော်စင်အဆင့်ကို တက်လှမ်းတာ ဟုတ်လား။"
"သူတော်စင်အဆင့်ကို တက်လှမ်းတိုင်း မိုးကြိုးတွေကို အမြဲ ဆွဲဆောင်တတ်တာလား။"
"ဝုန်းးး"
မိုးကြိုးသံက ထစ်ချုန်းသွားခဲ့သည်။
သက်ရှိအမြောက်အမြား ထိတ်လန့်တုန်လှုပ်သွားကြရသည်။
မိုးကြိုးသံ၏ အောက်တွင် သွေးမန်းလှံပင်လျှင် တဆက်ဆက် တုန်ရင်နေခဲ့သည်။
တောအုပ်အနက်ပိုင်းတွင် လီချန်ရှင်းသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏ စစ်မှန်သောစွမ်းအင်များကို အရူးအမူး သုံးစွဲလျက် လှံကို အလျားလိုက် ဝှေ့ယမ်းကာ မိစ္ဆာဘုရင်တစ်ကောင်၏ လည်ပင်းကို ဖြတ်တောက်လိုက်တော့သည်။
"ဒုန်းးးး"
ဧရာမ ဦးခေါင်းကြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရာ ကမ္ဘာမြေနှင့် တောင်တန်းများပင် တုန်ဟည်းသွားခဲ့ရသည်။
လီချန်ရှင်းသည် သွေးမန်းလှံကို မိစ္ဆာဘုရင်၏ အလောင်းအတွင်းသို့ ထိုးစိုက်လိုက်ပြီး ဝေးကွာလှသော နေရာဆီသို့ နှမြောတသစွာ လှမ်းကြည့်လိုက်သည်။
အခြားတစ်ကောင်မှာမူ ဝေးကွာလှသော နေရာသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်ရာ သူ့တွင် လိုက်လံဖမ်းဆီးရန် အင်အား လုံးဝ မကျန်ရှိတော့ချေ။
သွေးမန်းလှံသည် မိစ္ဆာဘုရင်၏ သွေးသားများကို အရူးအမူး စုပ်ယူနေသည်။ ကောင်းကင်ကပ်ဘေးကြောင့် ထိတ်လန့်နေပြီး ၎င်းက ရူးသွပ်သွားသကဲ့သို့ မိစ္ဆာဘုရင်တစ်ကောင်လုံး၏ သွေးသားများကို မိနစ်အနည်းငယ်အတွင်းမှာပင် အကုန်အစင် ဝါးမြိုပစ်လိုက်တော့သည်။
"ဝုန်းးး"
ကောင်းကင်ကပ်ဘေးက ကျရောက်လာခဲ့ပြီ ဖြစ်သည်။