← Chapters

အခန်း (၁၇၆-၁၇၇)

Vol. 15 Ch. 176-177

အခန်း (၁၇၆-၁၇၇)

Vol. 15 Ch. 176-177

အခန်း ( ၁၇၆ ) - အစ်ကိုကြီးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုပုံစံက အံ့မခန်းပဲ

ဖမ်းလီရွေ့ ထွက်သွားသောအခါ ဧည့်ခန်းထဲရှိ ဆူညံသံများ ပို၍ ကျယ်လာသည်။

လီရွေ့နှင့် စာချုပ်သက်တမ်းတိုးရန် အခွင့်အရေး နည်းပါးကြောင်း သိသော လူအချို့သည် သူတို့၏ ချဉ်းကပ်ပုံကို ပြောင်းလဲကာ ဝမ်ချွမ်းကို ချဉ်းကပ်ခြင်းဖြင့် သူ့ကို နှစ်သက်အောင် ကြိုးစားကြသည်။

"ဥက္ကဌဝမ်၊ တီကေက ကျွန်တော်တို့ ကုမ္ပဏီကို ခွဲဝေပေးတဲ့ ပစ္စည်းပမာဏက အမြဲတမ်း အနည်းဆုံးပဲ။ ကျွန်တော်တို့ကို နည်းနည်းပိုပြီး ဖြန့်ဝေပေးဖို့ စဉ်းစားပေးနိုင်မလား။ မင်းတို့ ကုမ္ပဏီက ဒီလောက်များတဲ့ ပမာဏကို တစ်ယောက်တည်း သုံးစွဲနိုင်မှာ မဟုတ်ဘူး မဟုတ်လား။"

တစ်စုံတစ်ယောက်က ချော့မော့သော စကားလုံးများဖြင့် စမ်းသပ်မေးမြန်းသည်။

"ဥက္ကဌဝမ်၊ မင်းတို့ ကုမ္ပဏီက အဆင့်မြင့်ပန်းရောင်းဝယ်ရေးဈေးကွက်ထဲကို အပြည့်အဝ ဝင်ရောက်တော့မှာလား။"

ဝမ်ချွမ်းသည် ပြုံးရုံ သို့မဟုတ် ခေါင်းညိတ်ရုံဖြင့် ပေါ့ပေါ့တန်တန် တုံ့ပြန်သည်။

ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင် သူသည် ရှန်းမူမူဆီသို့ လျှောက်သွားသည်။

"ဥက္ကဌရှန်း၊ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။"

ရှန်းမူမူက မျက်လုံးကို ပင့်ကြည့်လိုက်သောအခါ ဝမ်ချွမ်းသည် သူမဆီသို့ အတုအယောင် အပြုံးဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

သူမ စကားမပြောခင် ဝမ်ချွမ်းက "နောင်မှာ တီကေရဲ့ ပစ္စည်းတွေကို မရနိုင်တော့ပေမယ့် နှင်းဆီဥယျာဉ်မှာ နှင်းဆီပန်းတွေ အများကြီး ရှိပါတယ်။ တီကေနဲ့ ပူးပေါင်းဆောင်ရွက်လို့ မရရင် တခြား ရွေးချယ်စရာတွေ ရှာနိုင်ပါတယ်။" ဟု ပြောသည်ကို သူမ ကြားလိုက်ရသည်။

"ဥက္ကဌရှန်း၊ ဒီနေ့ကိစ္စကြောင့် စိတ်ဆိုးမှာ မဟုတ်ဘူး မဟုတ်လား။"

ရှန်းမူမူသည် အတွင်း၌ တည်ငြိမ်နေပြီး ရယ်ချင်စိတ်ပင် ပေါက်လာသည်။

ချန်ကျိုးက စိတ်မရှည်ဖြစ်ကာ ရှေ့သို့ တိုးလာပြီး ရှန်းမူမူကို သူ၏ ခန္ဓာကိုယ်တစ်ဝက်ဖြင့် ပိတ်ဆို့လိုက်သည်။

ဝမ်ချွမ်းထက် ခေါင်းတစ်လုံးစာ မြင့်သောကြောင့် သူသည် ထိန်းချုပ်ထားသော်လည်း မာနထောင်လွှားသော လေသံဖြင့် "ဥက္ကဌဝမ်၊ ရှန်ပိန်နဲ့ ပျော်ပွဲခံဖို့ စောလွန်းနေသေးတယ် မဟုတ်လား။" ဟု မေးလိုက်သည်။

ဝမ်ချွမ်းသည် အံ့အားသင့်သွားပြီး ချန်ကျိုး၏ ဆိုလိုရင်းကို နားမလည်ခဲ့ပါ။ "မင်း ဘာကို ဆိုလိုတာလဲ။"

ထိုအချိန်တွင် ဧည့်ခန်းတံခါး ပွင့်သွားသည်။

ဖမ်းလီရွေ့သည် သူ ထွက်သွားတုန်းကနှင့် မတူညီသော အမူအရာဖြင့် အလျင်အမြန် ဝင်လာသည်။

ဖမ်းလီရွေ့သည် ဝမ်ချွမ်းနှင့် မျက်လုံးချင်း ဆုံမိကာ သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။

သူက အသံကို နှိမ့်ကာ "ဥက္ကဌဝမ်၊ အရင်က ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေမှာ အပြောင်းအလဲအချို့ ရှိတယ်။ ကျွန်တော်တို့ မင်းနဲ့ သီးသန့်စာချုပ် မချုပ်နိုင်တော့ဘူး။" ဟု ပြောသည်။

"ဘာ" ဝမ်ချွမ်းသည် မယုံကြည်နိုင်သော အမူအရာကို ပြသသည်။

သီးသန့်စာချုပ် မရှိဘဲ နောက်ဆက်တွဲ ကြော်ငြာအစီအစဉ်များနှင့် သတင်းထုတ်ပြန်ချက်များအားလုံး ပျက်ပြယ်သွားကာ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။

အပြစ်ရှိသလို ခံစားရသော ဖမ်းလီရွေ့သည် သူ့လက်မောင်းကို ပုတ်ကာ ချော့မြှောက်ရန် ကြိုးစားပြီး တိုးတိုးလေး ပြောသည်၊ "သီးသန့်စာချုပ် မရှိပေမယ့် တီကေရဲ့ ပစ္စည်းတွေကို မင်းကို ဆက်လက် ထောက်ပံ့ပေးမှာ သေချာပါတယ်။"

"ငါတို့ အားလုံး သဘောတူပြီးသား မဟုတ်လား။" ဝမ်ချွမ်းသည် ဖမ်းလီရွေ့၏ လက်မောင်းကို ခါထုတ်ကာ သူ၏ မကျေနပ်မှုကို ဖော်ပြသည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူများသည် တစ်ခုခု မှားယွင်းနေကြောင်း အနည်းငယ် ခံစားမိကြသည်။

သူတို့၏ စကားပြောဆိုမှုကို မကြားနိုင်သော်လည်း သူတို့၏ လုပ်ဆောင်ချက်များနှင့် အမူအရာများမှ နှစ်ဦးကြားတွင် မသင်္ကာစရာ တစ်ခုခု ရှိနေရမည်ဟု ခန့်မှန်းနိုင်သည်။

ငွေကြေးနှင့် ပတ်သက်နိုင်ဖွယ်ရှိသည်။

ဖမ်းလီရွေ့သည် တီကေမှ အန်တိုနီနှင့် သူ၏ မကြာသေးမီက ဖုန်းပြောဆိုမှု၏ အကြောင်းအရာကို ပြန်လည်သတိရကာ ကျောပြင်တွင် ချွေးအေးများ စို့လာသည်ကို ခံစားလိုက်ရသည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ဖြန့်ဖြူးခွင့်များ ရရှိခြင်းနှင့် ပတ်သက်သော သတင်းဖြစ်မည်ဟု သူမျှော်လင့်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ဂျပန်နှင့် တောင်ကိုရီးယားတို့အတွက် အခွင့်အရေးများမှာ မျှော်လင့်ချက်မဲ့ရုံသာမက လက်ရှိ ဖြန့်ဖြူးခွင့်များလည်း ချည်မျှင်တစ်မျှင်ဖြင့် ချိတ်ဆွဲထားသည်။

ထိုဖုန်းခေါ်ဆိုမှုတွင် အန်တိုနီက သူသည် ထောက်ပံ့ရေးစာချုပ်ကို သီးသန့်စာချုပ်အဖြစ် ဘာကြောင့် ပြောင်းလဲခဲ့သနည်းဟု မေးခဲ့သည်။

ဤစကားကို ကြားသောအခါ သူသည် အံ့အားသင့်သွားသည်။

သူသည် လျှို့ဝှက်စွာ လာဘ်ယူခဲ့သော ကိစ္စ ပေါ်သွားပြီလား။

ဒါပေမယ့် အဲဒါ မဖြစ်သင့်ဘူး။

အခြားတစ်ဖက်မှ ဖုန်းကို ရုတ်တရက် ချသွားပြီးနောက် သူသည် ရှင်းပြရန် ပြန်ခေါ်ရန် ကြိုးစားသော်လည်း အဖြေမရခဲ့ပါ။

ဝမ်ချွမ်းနှင့် စာချုပ်မချုပ်ဆိုရသေးသော်လည်း ဖမ်းလီရွေ့သည် အခြေအနေကို ချက်ချင်း ပြုပြင်လိုသည်။

သူသည် ဝမ်ချွမ်းကို ဘေးဖယ်ထားကာ အခန်းထဲရှိ အခြားသူများကို လှမ်းကြည့်လိုက်သည်။

သူ၏ မျက်နှာတွင် ချောမွေ့သော အပြုံးဖြင့် သူသည် အသံကို မြှင့်ကာ ကြေညာသည်။

"လူကြီးမင်းတို့၊ လီရွေ့နဲ့ လူတိုင်းရဲ့ ထောက်ပံ့ရေးစာချုပ်က ပြီးခဲ့တဲ့နှစ်အတိုင်းပါပဲ။ ကျွန်တော်တို့ အရင်တိုင်း သက်တမ်းတိုးပေးမှာပါ။"

သူ၏ ပြောစကားများ ပြီးဆုံးသည်နှင့် ဧည့်ခန်းထဲတွင် ဆူညံသံများ ပေါ်လာသည်။

အချို့က ရှုပ်ထွေးသွားပြီး အချို့က ပျော်ရွှင်စွာ အံ့အားသင့်သွားကြသည်။

ဆူညံသံများ မငြိမ်သက်ခင်မှာပင် အဝေးမှ တည်ငြိမ်ပြီး ခံ့ညားသော အသံတစ်ခု တဖြည်းဖြည်း နီးကပ်လာသည်။

"မင်းပြောတာ အရေးမပါဘူး။"

အဆိုပါအသံနောက်သို့ လိုက်ကာ လူတိုင်းသည် ခေါင်းလှည့်ကြည့်လိုက်သောအခါ အညိုရောင်ဆံပင်ရှိ ချောမောသော ယောက်ျားတစ်ဦးသည် ဧည့်ခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။

သူသည် ကုလားအုတ်ရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ထူးခြားသော စိတ်နေစိတ်ထားကို ပိုမိုထူးခြားပြောင်မြောက်စေသည်။

သူ၏ အရပ်ရှည်ပြီး ဖြောင့်စင်းသော အသွင်အပြင်သည် ယုံကြည်မှုရှိပြီး အားကောင်းသည့် အသွင်ကို ပေါ်လွင်စေသည်။

တစ်စုံတစ်ယောက်က သူ့ကို မှတ်မိပြီး အံ့သြတကြီး တီးတိုးပြောသည်။

"ဖန်ချန်းအုပ်စုက မစ္စတာချန် မဟုတ်ဘူးလား။ သူက ဒီမှာ ဘာလုပ်နေတာလဲ။"

အခြားတစ်ယောက်က ထောက်ခံသည်၊ "ဖန်ချန်းအုပ်စု။ Wall Street မှာ နာမည်ကြီးနေတဲ့ ဖန်ချန်းအုပ်စုလား။"

"ဟုတ်တယ်၊ သူ့ရဲ့ အင်တာဗျူးတွေကို အရင်က မြင်ဖူးတယ်၊ အပြင်မှာ လူကိုယ်တိုင်မြင်ရတော့ ပိုချောပြီး အရပ်ပိုရှည်တယ်။"

ရှန်းမူမူ၏ မျက်လုံးများသည် အံ့သြတကြီး ပြူးကျယ်သွားသည်။

အာ။ အကြီးအကဲလား။

မဟုတ်ဘူး၊ သိပ်တော့ မဟုတ်ဘူး။

"အစ်ကိုကြီး။"

ချန်ကျိုးသည် ရှန်းမူမူကို မျက်ခုံးပင့်ကာ ပြုံးလိုက်သည်၊

"အစ်မ၊ မင်းပြောတာ မှန်တယ်၊ သူက ငါတို့ရဲ့ အစ်ကိုကြီးပဲ။ ချောတယ် မဟုတ်လား။"

မောင်နှမနှစ်ယောက် တီးတိုးပြောနေစဉ် ချန်ရှင်း၏ အကြည့်သည် သူတို့ဆီသို့ ရွေ့သွားသည်။

သူသည် မျက်ခုံးကို အနည်းငယ် ရှုံ့ကာ ခဏတာ အမူအရာ နူးညံ့သွားသည်။

ထို့နောက် သူသည် အကြည့်လွှဲကာ သူ၏ အေးစက်ပြီး ခပ်လှမ်းလှမ်းသော အမူအရာသို့ ပြန်သွားသည်။

သူက နှုတ်ဆက်ခြင်းတစ်ခု ပြုလုပ်ခဲ့ပုံရသော်လည်း မဟုတ်ပုံလည်း ရသည်။

ဖမ်းလီရွေ့၏ မျက်လုံးများသည် စိုးရိမ်တကြီး လှည့်ပတ်ကြည့်ရှုနေသည်။

အိုး မဟုတ်ဘူး။

ဖန်ချန်းအုပ်စုသည် ပြည်ပတွင် လွှမ်းမိုးမှုများစွာရှိပြီး တီကေ၏ မကြာသေးမီက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများအကြောင်းကိုပင် သူကြားဖူးသည်။

ဖန်ချန်းအုပ်စုမှ ချန်ကျိုးသည် ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာပြီး သူ ပြောခဲ့သည့် စကားကို ဘာကြောင့် အငြင်းစကား ဆိုခဲ့သနည်း။

အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။

သူ ဆက်မစဉ်းစားနိုင်ခင် ဖမ်းလီရွေ့သည် ဖားယားလိုသည့် အပြုံးဖြင့် ချဉ်းကပ်လာကာ လက်ကို ဆန့်တန်းလိုက်သည်။

"မစ္စတာချန်၊ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က..."

ချန်ရှင်းသည် မျက်ခုံးကြုတ်ကာ ဖမ်းလီရွေ့ ချဉ်းကပ်လာသည်ကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သူ၏ စိတ်မကျေနပ်မှုမှာ ထင်ရှားသည်။

တစ်ချက်ကြည့်ရုံဖြင့် သူ့ဘေးတွင်ရှိသော ဆံပင်ရွှေရောင် နိုင်ငံခြားသားလက်ထောက်သည် ချက်ချင်း နားလည်သွားပြီး ရှေ့သို့ တိုးလာကာ ဆန့်တန်းတော့မည့် ဖမ်းလီရွေ့၏ လက်ကို ပိတ်ဆို့ပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ မစ္စတာချန်မှာ အသန့်လွန်ရောဂါရှိပြီး သူစိမ်းတွေနဲ့ လက်ဆွဲနှုတ်ဆက်လေ့ မရှိပါဘူး။"

"အင်း... အာ..." ဖမ်းလီရွေ့၏ ဆန့်တန်းထားသော လက်သည် လေထဲတွင် ထူးထူးခြားခြား ရပ်တန့်သွားပြီး ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းကာ ပြုံးလိုက်သည်၊ "ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး။"

လူအုပ်ကြီးသည် သူတို့၏ ထိတ်လန့်မှုမှ တဖြည်းဖြည်း ပြန်လည်သက်သာလာသောအခါ၊ သူတို့သည် အုပ်စုငယ်များဖွဲ့ပြီး တီးတိုးပြောဆိုနေကြသည်။

"မစ္စတာချန်က စောစောက ပြောခဲ့တဲ့ စကားတွေရဲ့ အဓိပ္ပာယ်က ဘာလဲ။ 'ဥက္ကဌဖမ်း ပြောတာ အရေးမပါဘူး' ဆိုတာ ဘာကို ဆိုလိုတာလဲ။"

"သူက ကျွန်တော်တို့ရဲ့ တီကေနဲ့ စာချုပ်သက်တမ်းတိုးတာကို ရည်ညွှန်းနေတာလား။"

"မဖြစ်နိုင်ဘူး၊ စာချုပ်ကို နောက်တစ်ကြိမ် ထပ်ဆုံးရှုံးလို့ မဖြစ်ဘူး မဟုတ်လား။"

အရှုပ်ထွေးဆုံးသူများမှာ ဖမ်းလီရွေ့နှင့် ဝမ်ချွမ်းဖြစ်သည်။

ဝမ်ချွမ်းသည် ချန်ရှင်းကို သတိကြီးစွာ စောင့်ကြည့်နေပြီး သူတို့၏ သီးသန့်စာချုပ် ပျက်ပြယ်သွားခြင်းသည် ချန်ရှင်းရုတ်တရက် ပေါ်လာခြင်းနှင့် သေချာပေါက် ဆက်စပ်နေသည်ဟု ခံစားနေရသည်။

ဖမ်းလီရွေ့က အတင်းအကြပ် ပြုံးထားသည့် အပြုံးဖြင့် ချန်ရှင်းကို မေးသည်၊

"မစ္စတာချန်၊ စောစောက ပြောခဲ့တဲ့ စကားတွေရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကျွန်တော် သိပ်နားမလည်ဘူး။"

ထိုအကြောင်းကို ပြောသောအခါ ချန်ရှင်းသည် သူ၏ ရှည်လျားသော၊ စိတ်မရှည်သော မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

သူသည် စကားမပြောဘဲ လက်ကို အနည်းငယ် မြှောက်ကာ သူ၏ အင်္ကျီကော်လာကို ပေါ့ပေါ့ပါးပါး ချိန်ညှိလိုက်သည်။

ရွှေရောင်ဆံပင်ရှိ လက်ထောက်က သူ့ကိုယ်စား ပြောသည်၊

"တီကေရဲ့ ပြည်တွင်းကိုယ်စားလှယ်အခွင့်အရေးတွေဟာ လီရွေ့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ဆိုလိုတာပါ။ ဒီလိုပြောရင် နားလည်နိုင်မလား။"

ထိုစကားများ ဆုံးသွားသည်နှင့် အခန်း တစ်ခုလုံး တုန်လှုပ်သွားသည်။

အခန်း တစ်ခုလုံးရှိ ဆွေးနွေးမှုများ ပို၍ ကျယ်လောင်လာသည်။

ချန်ရှင်းသည် တီကေနေရာတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်ကို လူတိုင်းနီးပါး အံ့သြနေကြသည်။

ပို၍ပင် ထူးဆန်းသည်မှာ ချန်ရှင်းသည် ဤအကြောင်းကို ဆွေးနွေးရန်အတွက် ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။

ဒါဟာ လုံးဝ ယုတ္တိ မရှိဘူး။

လူအုပ်ထဲတွင် ရှန်းမူမူသည် ကျန်လူများထက် ထင်ရှားနေသည်။

သူမ၏ အာရုံစူးစိုက်မှုသည် အခြားသူများနှင့် မတူပါ။

သူမ၏ ကြည်လင်သော မျက်လုံးများက ချီးမွမ်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ဝိုး...။

အစ်ကိုကြီးက အာဏာရှင် စီအီးအို တစ်ယောက်ရဲ့ အတတ်ပညာကို ပြည့်စုံစွာ ကျွမ်းကျင်သွားပြီ။

စကားပြောတဲ့အခါတောင် သူ့ကိုယ်စား ပြောမယ့်သူ ရှိတယ်။

သူက အရမ်း အထင်ကြီးစရာကောင်းတယ်။

ရှန်းမူမူသည် တလက်လက် တောက်ပနေသည့် အကြည့်လေးဖြင့် ချန်ရှင်းကို ကြည့်နေလေသည်။

ချီမော့နှင့် အချိန်ဖြုန်းခြင်းသည် ရှန်းမူမူ၏ "အာဏာရှင် စီအီးအို"နှင့် ပတ်သက်သော စံနမူနာပုံစံကို ပြောင်းလဲစေခဲ့သည်။

သူမသည် အာဏာရှင်စီအီးအိုတစ်ဦးသည် ချီမော့ကဲ့သို့ အေးဆေးတည်ငြိမ်ပြီး ခပ်ဝေးဝေးနေသော်လည်း နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသည့် အပြုအမူမျိုး ရှိလိမ့်မည်ဟု အမြဲထင်ခဲ့မိသည်။

တီဗီဇာတ်လမ်းတွဲများတွင် ပုံဖော်ထားသူများအားလုံး အတုအယောင်များဖြစ်သည်။

ဒါပေမယ့် အခု အစ်ကိုကြီး ချန်ရှင်းကို မြင်တော့ အဲဒီအယူအဆက ပြောင်းလဲသွားပြီ။

တကယ်ကို ဒီလို စီအီးအိုမျိုးတွေ ရှိနေတာပဲ။

သူ၏ လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်းသည် မထီမဲ့မြင်ပြုမှုနှင့် "မင်း ငါ့ကို ဘာလုပ်နိုင်လဲ" ဟူသော အာဏာရှင်ဆန်သော မာနထောင်လွှားမှုကို ထုတ်လွှတ်နေသည်။

နည်းနည်း။ အေးစက်တယ်။

"အိုး မဟုတ်ဘူး၊ အိုး မဟုတ်ဘူး"

ဧည့်ခန်းအပြင်ဘက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

***

အခန်း ( ၁၇၇ ) – မူမူ၊ အစ်ကိုကြီးပေးတဲ့လက်ဆောင်ကို မင်းကြိုက်လား

"အိုး မဟုတ်ဘူး၊ အိုး မဟုတ်ဘူး ။"

ဖမ်းလီရွေ့၏ လက်အောက်ငယ်သားသည် စိုးရိမ်တကြီး ပြေးဝင်လာပြီး အသစ်ရရှိထားသော ဖက်စ်စာရွက်စာတမ်းအချို့ကိုကိုင်ထားကာ စာရွက်များသည် နွေးထွေးနေဆဲဖြစ်သည်။

သူ့လက်အောက်ငယ်သားသည် မောဟိုက်နေပြီး အသက်ရှုမဝမီ အမောတကောပြောလာခဲ့သည်။

"ဥက္ကဋ္ဌရွေ့ တီကေက ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ် အခွင့်အရေးကို ပယ်ဖျက်ပြီး ရပ်စဲစာ ပို့လိုက်တယ်။"

"မင်း ဘာပြောတာလဲ။" ဖမ်းလီရွေ့၏ မျက်လုံးများသည် စာရွက်များကို ဆွဲယူကြည့်လိုက်ပြီးသောအခါ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

၎င်းတို့ကို အကြိမ်အနည်းငယ် အမြန်ဖတ်ပြီးနောက် သူ၏ အမူအရာသည် ချက်ချင်း တောင့်တင်းသွားကာ တီးတိုးရေရွတ်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"

အဆိုပါ ရပ်စဲစာတွင် လီရွေ့၏ တီကေနှင့်ကိုယ်စားလှယ်အခွင့်အရေးကို ရပ်စဲကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖမ်းလီရွေ့ကို ပုဂ္ဂိုယ်ရေးအလွဲသုံးစားမှုလုပ်ကိုင်ထားသည့်အတွက် ကိုယ်တိုင်လျော်ကြေးပေးရန် တောင်းဆိုထားသည်။

အကြောင်းရင်းမှာ ဖမ်းလီရွေ့သည် တရားမဝင် အကျိုးအမြတ်များရရှိရန် တရားဝင်ခွင့်ပြုချက်မရှိဘဲ ကိုယ်စားလှယ်အခွင့်အရေးကို အလွဲသုံးစားလုပ်ကာ တီကေ၏ အမှတ်တံဆိပ်ပုံရိပ်ကို ထိခိုက်စေခြင်းကြောင့်ဖြစ်သည်။

ဖမ်းလီရွေ့သည် ချွေးများ စီးကျလာသည်အထိ စိုးရိမ်နေသည်။ သူ့ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေသေးသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဘေးနားသို့ လျှောက်သွားကာ တီကေကို သနားခံဖို့ ကြိုးစားရင်း အဆက်မပြတ် ဖုန်းခေါ်နေခဲ့သည်။

ထိုအချိန်တွင် တက်ရောက်လာသူများသည် ဘာဖြစ်ခဲ့သည်ကိုလည်း ခန့်မှန်းမိကြသည်။

တီကေက ကိုယ်စားလှယ်အခွင့်အရေးကို ဘယ်သူ့ကို ပေးသည်ဖြစ်စေ အရေးမကြီးပါ၊ အရေးကြီးသည်မှာ သူတို့သည် တီကေ၏ ပစ္စည်းများကို ဆက်လက်ရရှိနိုင်ခြင်း ရှိ မရှိ ဖြစ်သည်။

ဖမ်းလီရွေ့သည် လူတိုင်းအား စာချုပ်သက်တမ်းတိုးမည်ဟုကတိပြုခဲ့ပြီး နောက်တစ်စက္ကန့်တွင်ကိုယ်စားလှယ်အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။

သူတို့ အခု ဘာလုပ်သင့်လဲ။

လူအုပ်သည် ချက်ချင်း စိတ်မငြိမ်မသက်ဖြစ်လာပြီး ယင်ကောင်များကဲ့သို့ ကျွတ်စီကျွတ်စီ ပြောဆိုကြသည်။

"ဒါဆို ဒီနေ့ ငါတို့ ဒီကို လာတာ ဘာမှ မရလိုက်ဘူးလား။”

"စာချုပ်သက်တမ်းတိုးဖို့ ဘယ်သူ့ဆီ သွားရမလဲ။"

"အရမ်းစိတ်ပျက်စရာကောင်းတယ်၊ နောက်ဆုံးတော့ သက်တမ်းတိုးတာ မရခဲ့ဘူး။"

"အားလုံး စိတ်မပူပါနဲ့" ဟု ဆံပင်ရွှေရောင် လက်ထောက်က ရုတ်တရက် စကားပြောလာပြီး သူ၏ မျက်နှာသည် တည်ငြိမ်စွာဖြင့် လူတိုင်းအား "တီကေက ကိုယ်စားလှယ်အခွင့်အရေးကို မိတ်ဖက်ကုမ္ပဏီအသစ်ကို လွှဲပြောင်းပေးပြီးတဲ့နောက် သူတို့က လူတိုင်းနဲ့ သက်တမ်းတိုးကိစ္စတွေကို အမြန်ဆုံး ဆွေးနွေးပေးမှာပါ" ဟု ပြောသည်။

"တကယ်လား။" လူတိုင်း၏ အမူအရာများသည် စိုးရိမ်ပူပန်မှုမှ ဝမ်းသာအားရမှုသို့ တစ်စက္ကန့်အတွင်း ချက်ချင်း ပြောင်းလဲသွားသည်။

ရွှေရောင်ဆံပင်ရှိ လက်ထောက်က ခေါင်းညိတ်ကာ ချန်ရှင်းကိုယ်စား ဆက်လက်ပြောသည်၊

"ဒီကိုလာတဲ့လမ်းမှာ မစ္စတာချန်က တီကေကို အရင်ဆက်သွယ်ပြီးပြီ။ ဒီက အခြေအနေကို သူ နားလည်ပါတယ်။ အားလုံး စိတ်မပူပါနဲ့။"

"အရမ်းကောင်းတာပဲ။"

"မစ္စတာချန်၊ ကျွန်တော်တို့ရဲ့ စာချုပ်သက်တမ်း ညှိနှိုင်းပေးဖို့အတွက် ဒီနေ့ ဒီကို အထူးရောက်လာတာလား။"

တစ်ယောက်ယောက်က မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။

အခြားသူများက ရွှေရောင်ဆံပင်ရှိ လက်ထောက်ကို မေးသည်။

"ဟုတ်ကဲ့၊ နိုင်ငံခြားသားအစ်ကို၊ ကျွန်တော်တို့ရဲ့ သက်တမ်းတိုး မှာယူမှုပမာဏတွေက အရင်နှစ်တွေအတိုင်းပဲ ဆက်ရှိနေမှာလား။"

ရွှေရောင်ဆံပင်ရှိ လက်ထောက်သည် တုံ့ဆိုင်းသွားသည်။ သူသည် ဤမေးခွန်း၏ အဖြေကို မသိပါ။ သူသည် အကူအညီအတွက် သူ၏ သူဌေးကို ပြန်လှည့်ကြည့်လိုက်သည်။

ချန်ရှင်းသည် သူ၏ ကျဉ်းမြောင်းပြီး လှပတဲ့ မျက်လုံးများကို ပင့်ကာ မေးခွန်းမေးသူကို ကြည့်ပြီး အတိုချုံးဖြေသည်။ "မဟုတ်ဘူး။"

"အာ။ မဟုတ်ဘူးလား။"

"နည်းသွားတာလား များသွားတာလား။"

"မစ္စတာချန်၊ အတွင်းရေးအသေးစိတ်ကို သိလားလို့ မေးခွင့်ပြုပါ။"

"ကျွန်တော်တို့ကို အရိပ်အမြွက်လေး ပေးနိုင်မလား။"

ချန်ရှင်းသည် သူ၏ စကားများကို မနှမြောတော့ပေ။ သူ၏ အသံသည် အေးစက်စွာ ဖြည်းညှင်းစွာ ပြောသည်။

"လူတိုင်းရဲ့ သက်တမ်းတိုးစာချုပ်က အရင်အတိုင်း မဟုတ်ဘူး။"

"ယွဲ့ကျီးကို ချန်ထားပြီး ကျန်သူတွေရဲ့ သက်တမ်းတိုးစာချုပ်တွေက အရင်အတိုင်းပဲ။"

လူတိုင်း အံ့သြသွားသည်။

"….."

သူတို့၏ အမူအရာများသည် စိုးရိမ်ပူပန်မှုမှ သက်သာရာရမှုသို့ ပြောင်းလဲသွားပြီး ရုတ်တရက် အတင်းအဖျင်းပြောသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

ယွဲ့ကျီးက ဘာကြောင့် ခြွင်းချက်ဖြစ်ရတာလဲ။

ယွဲ့ကျီးလည်း တီကေကို စော်ကားခဲ့တာ ဖြစ်နိုင်လား။

လူတိုင်း ရမ်းသန်းခန့်မှန်းနေစဉ် ချန်ရှင်း၏ တည်ငြိမ်သော အသံကို ဆက်လက်ကြားလိုက်ရသည်။

"တီကေက ယွဲ့ကျီးကို သူ့ရဲ့ နှင်းဆီဥယျာဉ် သုံးခု ပေးလိုက်တယ်။ အခုကစပြီး ယွဲ့ကျီးက ကြားခံကိုယ်စားလှယ်တွေ မပါဘဲ တီကေနဲ့ တိုက်ရိုက် ဆက်ဆံနိုင်ပြီ၊ ဒါကြောင့် စာချုပ်တွေ မလိုတော့ဘူးပေါ့။"

သူ စကားမဆုံးခင် လူတိုင်း၏ အကြည့်များသည် ရှန်းမူမူဆီသို့ ရွေ့သွားသည်။

ချက်ချင်းဆိုသလို အခန်းတွင်း၌ ကျယ်လောင်သော ဆွေးနွေးသံများ ပေါ်ပေါက်လာသည်။

"ဝိုး၊ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။"

"အိုး ဘုရားရေ၊ နှင်းဆီဥယျာဉ် သုံးခု၊ ဒါတွေက ဘယ်လောက်တန်ဖိုးရှိလဲ။"

"ဒါက ပိုက်ဆံနဲ့ ဝယ်လို့ မရဘူး၊ ဒါက သာမန် ဆက်ဆံရေးရှိရုံနဲ့ ရနိုင်တဲ့ အရာ မဟုတ်ဘူး။"

"ချီအုပ်စုရဲ့ ဆက်ဆံရေးနဲ့ အလွယ်တကူ လုပ်နိုင်တယ်။"

"ဒါပေမယ့် ချီအုပ်စုက လုပ်တယ်ဆိုရင် သူတို့ အရင်ကတည်းက ရပြီးသား ဖြစ်မှာပေါ့။ ဥက္ကဋ္ဌရှန်းက ဒီနေ့ ကျွန်တော်တို့လို ဒီကို လာစရာ မလိုဘူး။"

"မင်းပြောတာ မှန်တယ်။"

လူတိုင်း အားကျစွာ တီးတိုးပြောဆိုနေစဉ် ဖမ်းလီရွေ့သည် စိတ်ပျက်လက်ပျက် လျှောက်လာသည်။

သူသည် တီကေနှင့် အဆက်အသွယ် မရခဲ့ပါ။ ယခု သူသည် နောက်ဆုံးကယ်တင်ရှင်ကိုသာ ဆုပ်ကိုင်ကာ ချန်ရှင်းကို တောင်းပန်သံဖြင့် မေးသည်။

"မစ္စတာချန်၊ မင်းနဲ့ တီကေရဲ့ ဥက္ကဋ္ဌနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်အတွက် ကောင်းတဲ့စကားလေးတွေ ပြောပေးပါလား။"

ချန်ရှင်းက သူ့ကို အေးစက်စွာ လှမ်းကြည့်ကာ စကားမပြောဘဲ နေသည်။

ဖမ်းလီရွေ့က ဆက်ပြောသည်။

"မစ္စတာချန်၊ ကျွန်တော်က မင်းကို တစ်နည်းနည်းနဲ့ စော်ကားမိလို့လား၊ ဖန်ချန်းအုပ်စုကို စော်ကားမိလို့လား။"

"တီကေရဲ့ ကိုယ်စားလှယ်အခွင့်အရေး မရှိရင် လီရွေ့တော့ ပြီးပြီ။"

"မစ္စတာချန်၊ ကျွန်တော်တို့ကို ကူညီပါလို့ တောင်းပန်ပါတယ်။"

"မင်း နိုင်ငံခြားက လာတာဆိုတော့ ကျင်းမြို့မှာ ဆွေးနွေးစရာ အလုပ်ရှိမှာပေါ့။ ဖန်ချန်းအုပ်စုနဲ့ နှိုင်းယှဉ်ရင် လီရွေ့က အရေးမပါဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် မင်း စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဘယ်လောက်သေးငယ်တဲ့ ကိစ္စပဲဖြစ်ဖြစ် ကျွန်တော် အစွမ်းကုန် လုပ်ပေးပါ့မယ်။"

"တီကေဆီ ကျွန်တော်တို့အတွက် ကောင်းတဲ့စကားလေးတွေ ပြောပေးပါ။"

ချန်ရှင်းက သူ့ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်ပြီး ဖမ်းလီရွေ့က နောက်နေသကဲ့သို့ ရယ်လိုက်သည်။

သူက အေးစက်သော လေသံဖြင့် "ငါ ကျင်းမြို့ကို ငါ့ညီမကို လာတွေ့တာ။ မင်း ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး" ဟု ပြောလာခဲ့သည်။

သူ စကားဆုံးသောအခါ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူ့ညီမကို တွေ့ဖို့ လာတာလား။

ဖန်ချန်းအုပ်စု၏ မစ္စတာချန်တွင် လူသိရှင်ကြား မိတ်ဆက်ခြင်း မရှိသော ညီငယ်တစ်ဦး ရှိကြောင်းသာ သူတို့ ကြားဖူးသည်။ ဘယ်အချိန်ကစပြီး ညီမလည်း ရှိလာတာလဲ။

ဖမ်းလီရွေ့သည်လည်း မျက်လုံးပြူးကာ အံ့သြသွားသည်။

မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်မခံလိုသောကြောင့် သူသည် အတင်းအပြုံးဖြင့် ပြောသည်။

"ကျွန်တော် ကူညီနိုင်တယ်၊ ကျွန်တော် ကူညီနိုင်တယ်။"

"မစ္စတာချန်၊ မင်း ကျင်းမြို့ကို အခုမှ ရောက်တာ မဟုတ်လား။ မင်းအတွက် ဟိုတယ်ဧည့်ခံပွဲကို ချက်ချင်း စီစဉ်ခိုင်းလိုက်မယ်၊ မင်းရဲ့ ညီမကို ခေါ်လာဖို့ လူတွေ စေလွှတ်လိုက်မယ်။ ကျွန်တော်လည်း..."

"မလိုဘူး" ဟု ချန်ရှင်းက ဖမ်းလီရွေ့၏ မောက်မာသော စကားကို ဖြတ်ပြောလိုက်သည်။

သူသည် ဧည့်ခန်း၏ နောက်ဘက်သို့ လျှောက်သွားသည်။

သူက ရှန်းမူမူ၏ အရှေ့တွင် ရပ်တန့်လိုက်သည်။

သူ၏ နက်ရှိုင်းသော မျက်ခုံးနှင့် မျက်လုံးများသည် တဖြည်းဖြည်း ပြေလျော့သွားလေ၏။ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးရိပ်တစ်ခု ထင်ဟပ်လာကာ သူ့နှုတ်ခမ်းတွေ အသာအယာ ကွေးညွှတ်သွားပြီး မေးလာခဲ့သည်။

"မူမူ၊ ငါ့ရဲ့ လက်ဆောင်တွေကို ကြိုက်လား။"

ရှန်းမူမူ: "….."

ရှန်းမူမူ၏ ယခု ခံစားချက်များကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြနိုင်သည်။ - အိပ်မက်မက်နေသလိုပဲ။

နှင်းဆီဥယျာဉ် သုံးခု၊ သူမ ဘယ်လို မကြိုက်ဘဲ နေနိုင်မှာလဲ။

သူမ တွေးလို့တောင် မရဘူး။

ရှန်းမူမူ အံ့အားသင့်စွာ တောင့်တင်းနေသည်ကို မြင်သောအခါ ချန်ရှင်းသည် လက်ကို ဆန့်ကာ သူမ၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။

ယခင်က အေးစက်ပြီး မထီမဲ့မြင်ပြုသော အမူအရာက လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများသည် ချစ်ခင်မြတ်နိုးမှု အပြည့်ဖြင့် ရယ်မောလိုက်သည်။

"ဘာဖြစ်တာလဲ၊ မင်းအစ်ကိုကြီးကို တွေ့ရတာ အရမ်းပျော်ပြီး ရူးသွားတာများလား။"

လူတိုင်း အံ့သြသွားသည်။ "….."

ဘာ။ ဥက္ကဋ္ဌရှန်းက မစ္စတာချန်ရဲ့ ညီမလား။

ဘယ်လောက်တောင် အံ့အားသင့်စရာ ကိစ္စလဲ။

ချန်ကျိုးသည် ချန်ရှင်းနှင့် ရှန်းမူမူ ကြားတွင် တောက်ပစွာ ပြုံးလိုက်သည်။

သူသည် ရှန်းမူမူကိုယ်စား တီးတိုးပြောသည်။

"အစ်ကို၊ ကျွန်တော်ထင်တာတော့ အစ်မက မင်းကို တွေ့ရလို့ ပျော်ရွှင်ပြီး ရူးသွားတာ မဟုတ်ဘူး၊ နှင်းဆီဥယျာဉ် သုံးခုကြောင့် ပျော်ရွှင်ပြီး ရူးသွားတာ ဖြစ်နိုင်တယ်။"

"ဖောင်း” ဆိုသည့် အသံနှင့်အတူ ချန်ကျိုးတစ်ယောက် သူ့ခေါင်းကို အချခံလိုက်ရသည်။

ရှန်းမူမူ သတိပြန်ဝင်လာပြီး သူ့မျက်လုံးများက လခြမ်းပုံသဏ္ဌာန် ကွေးညွှတ်သွားသည်။ သူမသည် ချန်ကျိုးကို တစ်ချက်ကြည့်ကာ "ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ" ဟု ဆိုသည်။

ချန်ကျိုးက နဖူးကိုကိုင်ကာ "အစ်မ။ မင်း ငါ့ကို လူအများကြီးရှေ့မှာ မရိုက်သင့်ဘူး" ဟု ပြောလာခဲ့သည်။

"…." ချန်ရှင်းသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ့ရင်ဘတ်ထဲမှ တီးတိုးညည်းသံများ ထွက်ပေါ်လာသည်။

လူတိုင်း၏ အကြည့်အောက်တွင် သူတို့သုံးဦးသား လှည့်ထွက်ကာ ဧည့်ခန်းမှ ထွက်သွားကြသည်။

ဧည့်ခန်းအတွင်း၌ ဆွေးနွေးမှုများသည် အချိန်အတော်ကြာ ဆက်လက်ဖြစ်ပေါ်နေသည်။

***

All Chapters