← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း ( ၁၈၅ ) – ကိုယ်က အဲ့ဒီလောက် သဘောထားကြီးသူ မဟုတ်ဘူး၊ လျော်ကြေးတချို့တော့ ပြန်ရရမယ်

သူမ၏ နောက်ကျောပေါ်ရှိ ထိုလူ၏ လက်ဖဝါးသည် ပူလောင်နေသည်။

ရှန်းမူမူသည် သူ၏ ပြင်းထန်သော အကြည့်ကြောင့် မမျှော်လင့်ဘဲ လောင်ကျွမ်းသွားသည်။

သူမ၏ ပါးပြင်များ နီရဲသွားသည်။

သူမသည် ထိုလူ၏ ကြွက်သားထူသော ခါးနှင့် ဝမ်းဗိုက်ကို သူမ၏ လက်ဖဝါးဖြင့် ဖိကာ ၎င်းတို့ကြားက အကွာအဝေးကို ချဲ့ရန် ကြိုးစားသည်။

သို့သော် သူမ၏ နောက်ကျောရှိ လက်သည် သူမကို လုံးဝ လှုပ်ရှားခွင့်မပြုကြောင်း တွေ့ရှိခဲ့သည်။

သူမသည် သူ့ကို အကြိမ်အနည်းငယ် တွန်းထုတ်ရန် ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။

"နောက်ထပ် သင့်တော်တဲ့ အကြောင်းပြချက် မရှိတော့ဘူးလား။" ချီမော့က သူမကို မျက်ခုံးပင့်ကာ မေးသည်။

"ကျွန်မမှာ အကြောင်းပြချက် ရှိပါတယ်" ဟု ရှန်းမူမူက ပြန်ပြောသည်။

သူမသည် သူ့ကို ပွတ်သပ်ပြီး ညှစ်လိုက်သည်။

လက်စားချေတာလား။

ထို့နောက် သူမသည် သူ၏ တုံ့ပြန်မှုကို ကြည့်ရန် မော့ကြည့်လိုက်သည်။

သို့သော် သူသည် နာကျင်နေပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်လုံးနှင့် ပါးစပ်ထောင့်မှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ပြောလာခဲ့သည်။

"ကောင်းပြီ၊ ပြောလက်စလေး ဆက်ပြောပါဦး။"

ရှန်းမူမူသည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ယောက်ျားနှင့် မိန်းမကြား ခွန်အား ကွာခြားမှုကို သိရှိသောကြောင့် သူမသည် ရုန်းကန်ခြင်းကို စွန့်လွှတ်လိုက်ကာ သူ့ကို မှီလိုက်သည်။

"ကျွန်မ စဉ်းစားပါရစေ" ဟု သူမက သူ့ကို မော့ကြည့်ပြီး သူ့ကို ဘယ်လို ပြန်လည်ချေပရမည်ကို စဉ်းစားနေသည်။

ရှန်းမူမူထံတွင် တစ်စုံတစ်ရာကို စဉ်းစားသောအခါ သူမသည် လက်ချောင်းများဖြင့် မေးစေ့ကို တောက်တတ်သည့် အကျင့်ရှိသည်။

ဤအနေအထားတွင် သူမ၏ လက်ချောင်းများသည် သူမ၏ မေးစေ့သို့ မရောက်နိုင်ပေ။

ဒါကြောင့် သူမ၏ လက်ချောင်းထိပ်များသည် ထိုလူ၏ ခါးဘေးကို ပေါ့ပေါ့ပါးပါး တောက်လိုက်သည်။

ထိုလူ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ အကြည့်သည် သူမကို ကြည့်ရင်း သူမထံမှ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခါးမှ ပျံ့နှံ့နေသော မခံမရပ်နိုင်သော ခံစားချက်ကို တင်းခံနေရသည်။

သူ၏ ရှည်လျားသော မျက်တောင်များသည် ရှင်းလင်းစွာ ထင်ရှားနေပြီး သူ၏ မျက်လုံးအောက်တွင် အရိပ်တစ်ခု ထင်ဟပ်နေသည်။

စားပွဲတင်မီးအိမ်မှ အလင်းရောင်သည် ဘေးဘက်မှ ဖြာလင်းနေပြီး သူ၏ အလွန်ချောမောသော မျက်နှာကို ထင်ရှားပြတ်သားနေစေသည်။

ရှန်းမူမူသည် မျက်မှောင်ကြုတ်လိုက်သည်။

သေစမ်း။

အောက်မှ မော့ကြည့်လျှင် မြင်ရသည့် ဤဆိုးရွားသော အနေအထားကတောင် ဒီလူက အရမ်းချောနေတုန်းပဲ။

ရှန်းမူမူသည် ညင်သာစွာ အသက်ရှူသွင်းကာ ထိုလူ၏ ဆွဲဆောင်မှုကို သူမကို လွှမ်းမိုးခွင့်မပြုခဲ့ပေ။ သူမ၏ ဆင်ခြင်တုံတရားကို ပြန်လည်စုစည်းလိုက်သည်။

ခဏကြာ စဉ်းစားပြီးနောက် သူမ၏ မျက်လုံးများ တောက်ပလာသည်။

သူမသည် တည်ငြိမ်စွာ ချေပခဲ့သည်။

"ရှင်ပြောတာ လက်ခံလို့ မရဘူး။"

"ပြီးတော့ ရှင်နဲ့ ကျွန်မ ညှိနှိုင်းနေတာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို အသိပေးနေတာ။ ကျွန်မလည်း စာချုပ်ကို လိုက်နာနေတာပဲ၊ ဒါဆို ဘယ်မှာ မတရားတာလဲ။"

ရှန်းမူမူသည် စကားပြောရင်း ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ပိုပိုပြီး ယုံကြည်လာပြီး ရဲရင့်လာသည်။

"ဒါ့အပြင် မတရားဘူးဆိုရင်တောင် ကျွန်မ ရှင့်ကို နည်းနည်းလောက် အနိုင်ကျင့်တာ ဘာဖြစ်လဲ။ ရှင်က ခွင့်မပြုဘူးလား။"

"……." ချီမော့သည် အနည်းငယ် အံ့အားသင့်သွားပြီး သူမကို မယုံနိုင်စွာ ကြည့်နေသည်။

ခဏကြာ တိတ်ဆိတ်ပြီးနောက် သူ၏ မျက်နှာသည် တဖြည်းဖြည်း လျော့ရဲလာသည်။

သူမကြောင့် အနည်းငယ် စိတ်မကျေနပ်မှု အရိပ်အယောင်လေး ပေါ်လာခဲ့သည်။

သူမရဲ့ ကျိုးကြောင်းဆင်ခြင်မရတဲ့ ဆင်ခြေတွေကြောင့် သူ လက်ခံလိုက်ရသည်။

သူမကို သူ ဘာလုပ်နိုင်မှာလဲ။

သူမက သူ့ကို ပွင့်ပွင့်လင်းလင်း အနိုင်ကျင့်ရင်တောင် သူ မညည်းညူနိုင်ဘူး။

တစ်သက်လုံး သူ့ကို အနိုင်ကျင့်ချင်လည်း ဖြစ်တယ်။

"ကောင်းပြီ" ဟု ချီမော့က ဝန်ခံသော်လည်း ခြေလှမ်း တစ်ဝက်သာ လက်ခံခဲ့သည်။ "ဒါပေမယ့် ကိုယ် စာချုပ်ရဲ့ ပထမစည်းမျဉ်းကိုပဲ လက်ခံတယ်။ ဒုတိယနဲ့ တတိယစည်းမျဉ်းတွေကိုတော့ လက်မခံနိုင်ဘူး။"

ဤသည်မှာ စီးပွားရေးလောကမှာ အတိုင်းအတာတစ်ခုအထိ တိုက်ပွဲနေတဲ့ ဒီလူအတွက် လက်ခံနိုင်သော အကြီးမားဆုံး လျှော့ပေါ့မှုပဲ။

သူမကို သူ့ထက် အလုပ်ကို ဦးစားပေးခိုင်းခြင်းသည် မဖြစ်နိုင်ပေ။

ရှန်းမူမူသည် ဖြည်းညှင်းစွာ မျက်တောင်ခတ်ကာ ပွင့်လင်းသော သဘောထားဖြင့် သူမက ပြန်ဖြေသည်။

"ကောင်းပြီလေ၊ ရှင်က သည်းခံပြီး အကြောင်းပြချက်ရှိရှိ လုပ်ပေးနေတာဆိုတော့ ကျွန်မလည်း သည်းခံပြီး ရှင့်ကို အရမ်း အမြတ်မထုတ်တော့ဘူး။ ပထမစည်းမျဉ်းကိုပဲ ထားလိုက်မယ်။"

တကယ်တော့ သူမသည် တတိယစည်းမျဉ်းအတွက် ဘာကို အဆိုပြုရမည်ကိုလည်း မစဉ်းစားမိခဲ့ပေ။

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ ချီမော့သည် ရုတ်တရက် မတ်မတ်ထိုင်ကာ ရှေ့သို့ကိုင်းလိုက်သည်။

သူ့နောက်တွင် တွယ်ကပ်နေသော ရှန်းမူမူလည်း မတ်မတ်ထိုင်လိုက်သည်။

အရင်က သူမ၏ နောက်ကျောကို ဖိထားသော လက်သည် သူမကို ထောက်ထားရန် ပြောင်းသွားသည်။

ရှန်းမူမူ မတုံ့ပြန်နိုင်ခင် သူမ၏ နှုတ်ခမ်းများ နူးညံ့နွေးထွေးသွားသည်။ သူက သူမကို နမ်းရှိုက်လာခဲ့သည်။

သူ၏ အနမ်းတွင် လက်တုံ့ပြန်ခြင်း၏ အရိပ်အယောင်များ ပါဝင်နေပြီး ပူလောင်ပြင်းထန်သည်။

သူ၏ လွှမ်းမိုးသော အငွေ့အသက်သည် သူမကို လွှမ်းခြုံသွားသည်။

လက်တစ်ဖက်က သူမ၏ နောက်ကျောကို တည်ငြိမ်စွာ ထောက်ထားပြီး အခြားတစ်ဖက်က သူမ၏ ခေါင်းနောက်ပိုင်းကို ဆုပ်ကိုင်ကာ သူမကို သူ့ရင်ခွင်ထဲတွင် လုံးဝ ပိတ်လှောင်ထားသည်။

သူသည် သူမ၏ အသက်ရှူသံကို လောဘတကြီး ခိုးယူသွားသည်။

အရင်က တည်ငြိမ်နေသော ထိုလူသည် ထိန်းချုပ်ခြင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းနေခြင်းရဲ့ အဓိပ္ပါယ်ကို မေ့လျော့သွားသည်။

မြို့တစ်မြို့ကို သိမ်းယူပြီး နယ်မြေကို သိမ်းပိုက်သလိုမျိုး သူသည် သူမကို ကိုက်ဝါးနေသကဲ့သို့ နမ်းရှုပ်ကာ သူ့အနမ်းတွေကို ပိုမိုနက်ရှိုင်းလာသည်။

အစပိုင်းမှာတော့ သူမ၏ နှုတ်ခမ်းကိုသာ အာရုံစိုက်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းနဲ့ သူမရဲ့ လည်ပင်းနဲ့ ညှပ်ရိုးကိုပါ နမ်းရှိုက်ဖို့ အာရုံစိုက်လာခဲ့သည်။

သူ၏ ပူနွေးသော အသက်ရှူငွေ့သည် သူမ၏ လည်ပင်းပေါ်သို့ ရောက်ရှိလာပြီး ရှန်းမူမူတစ်ယောက် ရှောင်လွှဲလို့ မရသလို တကယ်လည်း ရှောင်လွှဲလိုခြင်း မရှိပေ။

သူမ၏ လက်ဖဝါးများ အနည်းငယ် ချွေးစို့နေသည်။ သူမသည် ထိုလူ၏ အင်္ကျီအနားစွန်းကို မဆုပ်ကိုင်ဘဲ မနေနိုင်ခဲ့ပေ။

သူ၏ ရုတ်တရက် ပိုင်စိုးလိုစိတ်ကို ခံနိုင်ရည်ရှိနေရသည်။

သူမသည် သူ၏ လတ်ဆတ်ပြီး သန့်ရှင်းသော ရနံ့ကို ရှူရှိုက်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

သူမ ပိုလို့တောင် မူးဝေလာသလို ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားသည် လေဟာနယ်ထဲသို့ ပစ်ချခံရသကဲ့သို့ ပြင်းထန်စွာ တဒိတ်ဒိတ် ခုန်လှုပ်နေသည်။

သူမ၏ သွယ်လျသော လက်ကောက်ဝတ်များသည် မသိစိတ်ဖြင့် သူ၏ ကျယ်ပြန့်သော ပခုံးများကို တွယ်ကပ်ကာ ညင်သာစွာ မှီခိုနေသည်။

ဤနည်းဖြင့်သာ သူမသည် ခြေကုပ်တစ်ခု ရှာတွေ့နိုင်သကဲ့သို့ ထင်ရသည်။

ဤလုပ်ဆောင်ချက်သည် ချီမော့ကို အားပေးလိုက်ပုံရပြီး သူ့ကို အသာလေး တွန်းထုတ်နိုင်ဖို့ မဖြစ်နိုင်စေခဲ့ပေ။

ရုတ်တရက် ရှန်းမူမူသည် သူမ၏ ခါးတွင်ရှိသော လက်သည် ရွေ့လျားသွားသည်ကို ခံစားလိုက်ရသည်။

သူသည် သူမ၏ အင်္ကျီအောက်ပိုင်းသို့ လက်ကို လျှောသွင်းလိုက်သည်။

ထိုလူ၏ မျက်လုံးများတွင် ဖုံးကွယ်ထားသော မှောင်မိုက်မှုများ လှည့်ပတ်နေသည်။ သူ၏ အသက်ရှူသံသည် တဖြည်းဖြည်း ပို၍ ပူလောင်လာသည်။

သို့သော် သူ စိတ်လှုပ်ရှားနေသောကြောင့် သူ၏ လက်ချောင်းထိပ်များသည် အနည်းငယ် အေးစက်နေသည်။

ရှန်းမူမူ၏ ခန္ဓာကိုယ်သည် ထိတ်လန့်သွားသကဲ့သို့ တောင့်တင်းသွားသည်။ သူမသည် သူ၏ သန်မာသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ပြီးတော့ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

သူမသည် ယခုအချိန်တွင် ထိုအရာအတွက် အဆင်သင့် မဖြစ်သေးပေ။

ထိုလူသည် လှုပ်ရှားခြင်းကို ရပ်တန့်လိုက်သည်။ သူသည် သူမ၏ ညှပ်ရိုးနားတွင် ခေါင်းကို မြှုပ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီး သူ့စိတ်ကို တည်ငြိမ်သွားအောင် ပြုလုပ်နေသည်။

အချိန် အတော်ကြာ တိတ်ဆိတ်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ပြန်မတ်လိုက်သည်။

သူ့ရဲ့ ဖြောင့်တန်းတဲ့ နှာတံက သူမရဲ့ နှာတံထိပ်ကို ထိမိသွားတယ်။

သူ့ရဲ့ မည်းနက်တဲ့ မျက်လုံးတွေဟာ နားမလည်နိုင်စရာ၊ နက်ရှိုင်းတဲ့ အမှောင်ထုတွေနဲ့ ပြည့်နှက်နေတယ်။

သူ့အကြည့်တွေ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အကွာအဝေးကို အနည်းငယ် နောက်ဆုတ်လိုက်သည်။

သူ့လက်ချောင်းထိပ်ဖျားများဖြင့် သူမ၏ စိုစွတ်ပြီး အနည်းငယ် ဖူးယောင်နေသော နှုတ်ခမ်းများကို ညင်သာစွာ ဖိလိုက်သည်။

သူမကို အသက်ရှူချိန်ပေးသည့်ပုံပင်။

တစ်ချိန်တည်းမှာပင် သူသည် တိုးတိုးလေး ပြောလိုက်သည်။

"မင်းပြောသလောက် ကိုယ်က သဘောထားကြီးတဲ့သူ မဟုတ်ဘူး။ အပြန်အလှန် အကျိုးအမြတ်အချို့ ရမှဖြစ်မယ်။"

ရှန်းမူမူ၏ မျက်တောင်များသည် အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ အသက်ရှူသံသည် တည်ငြိမ်သွားခြင်း မရှိသေးပေ။

သူ၏ စူးရှသော မျက်လုံးများကို စိုက်ကြည့်ခြင်းက သူမ၏ ရင်ထဲ တဒိတ်ဒိတ် မြည်လာစေသည်။

"ဒီနေ့ ကိုယ် ယူတာ လုံလောက်ပြီ" ဟု ချီမော့၏ နှုတ်ခမ်းထောင့်သည် ဖြည်းညှင်းစွာ ကွေးတက်သွားပြီး သူ၏ အသံသည် ခပ်ရှရှနှင့် ဆွဲဆောင်မှုရှိသည်။

ဤအချိန်၌ပင် သူသည် ယဉ်ကျေးသော အမူအရာကို ထိန်းသိမ်းထားသည်။

အပေါ်ယံ ကြိုးစားအားထုတ်မှု တစ်ခုပါပဲ။

သူက စည်းကို ထပ်မကျော်တော့ပေ။

ရှန်းမူမူ သူ့ကို တည့်တည့်စိုက်ကြည့်ရင်း သူမ၏ ပါးပြင်တွေ ပူလောင်သွားသည်။

သူမ၏ နှလုံးသားသည် ယခင်က ထိုမျှ ပြင်းထန်စွာ မခုန်ခဲ့ဖူးပေ။

ဤအချိန်၌ ချီမော့၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုသည် သူမကို ယခင်ကထက် ပို၍ နက်ရှိုင်းစွာ ဆွဲဆောင်နိုင်ခဲ့သည်။

သူမသည် ရုတ်တရက် သူ၏ လည်ပင်းကို လက်ဖြင့် ချိတ်ကာ ခြေဖျားထောက်ရပ်ပြီး သူ၏ နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းလိုက်သည်။

ပြီးနောက် အမြန်ပြန်ခွာလိုက်သည်။

သူမက သူ့ကို မျက်လုံးတွေ မှိတ်သွားလုမတတတ် ချိုမြိန်စွာ ပြုံးပြလိုက်သည်။

"ကျွန်မ ရှင့်ကို နည်းနည်း ပိုပေးမယ်၊ ရှင် ကျွန်မကို နည်းနည်း ပိုနမ်းခွင့်ပေးမယ်။"

ထိုအမျိုးသား၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ မျက်လုံးများတွင် မမျှော်လင့်ထားသည့် ပျော်ရွှင်မှု အရိပ်အယောင်များ လင်းလက်သွားပြီး သူမကို ဆွဲဖက်ရန် သူ့ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်သည်။

ခွင့်ပြုချက်ရရှိပြီးနောက်။

သူသည် သူမကို ညင်သာစွာနှင့် အလျင်မလိုဘဲ နောက်တစ်ကြိမ် နမ်းရှိုက်လိုက်သည်။

သူတို့ သဘောတူညီချက် ပြုလုပ်ခဲ့သည့် မြင်ကွင်းကို စဉ်းစားသောအခါ ရှန်းမူမူ၏ မျက်နှာ နီရဲသွားသည်။

သူမသည် ခေါင်းခါကာ သူမ၏ အတွေးများကို ပစ္စုပ္ပန်သို့ ပြန်ဆွဲခေါ်လိုက်သည်။

သူမသည် ချီမော့ထံမှ သူမ၏ ဖုန်းပေါ်ရှိ စာကို ကြည့်လိုက်သည်။ "မင်းရဲ့ သဘောတူညီချက်စာချုပ်ကို သဘောတူခဲ့တာကို နောင်တရတယ်။"

ရှန်းမူမူသည် စိတ်ထဲ၌ ရယ်မောလိုက်ပြီး သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။

"ရှင်က အကျိုးအမြတ်တွေ ရပြီးသားကို ပြန်ပြောင်းချင်နေတယ်။ ဟွန့်၊ ယောက်ျားတွေများ။"

သူမ စကားဆုံးသည်နှင့် သူမ၏ ဖုန်းမြည်လာသည်။

သူမ၏ ဖုန်းမျက်နှာပြင်တွင် "ခင်ပွန်း" ဟု ပေါ်လာသည်။

ချီမော့က သူမကို ဖုန်းခေါ်နေသည်။

တကယ်ဆို သူမ စိတ်ထဲကနေတောင် သူ့ကို မစော်ကားသင့်ဘူးပဲ။

သူမ ဖုန်းကိုင်လိုက်သည်။

ချီမော့သည် ပုံမှန်ထက် ခပ်သွက်သွက် ပြောလာခဲ့ပေမယ့် သူ့အသံက တည်ငြိမ်အေးဆေးဆဲ ဖြစ်သည်။ သူ၏ ပထမဆုံး စကားမှာ -

"အခုက အလုပ်ချိန် မဟုတ်တော့ဘူး။"

ရှန်းမူမူသည် အံ့အားသင့်သွားပြီး သူမ၏ နာရီကို လှမ်းကြည့်လိုက်သည်။

ငါးနာရီထိုးပြီး ဆယ်စက္ကန့်သာ ရှိသေးကြောင်းကို သူမ တွေ့လိုက်သည်။

ရှန်းမူမူသည် ချီမော့က သူတို့ အလုပ်ချိန်ပြီးမှ သူမကို ဖုန်းခေါ်သောကြောင့် ၎င်းတို့၏ သဘောတူညီစာချုပ်၏ ‘ပထမစည်းမျဉ်း’ကို ချိုးဖောက်ခြင်း မရှိကြောင်း ချီမော့က ရှင်းပြနေသည်ကို ချက်ချင်း နားလည်လိုက်သည်။

ရှန်းမူမူသည် ရယ်မိမလို ဖြစ်သွားရသည်။

ဒီလူဟာ သူမရဲ့ ‘လေ့ကျင့်မှု’ ကြောင့် ပိုပိုပြီး ချစ်စရာကောင်းလာတယ်လို့ ခံစားလိုက်ရတယ်။

သို့သော် သူမသည် ဤအရာကို သူမ၏ စိတ်ထဲ၌သာ ပြောရဲပြီး ချီမော့ကို မပြောခဲ့ပေ။

သူမသည် မာနထောင်လွှားစွာ ဝန်ခံလိုက်လျှင် မည်သူက မည်သူ့ကို လေ့ကျင့်ပေးမည်ကို မသိသောကြောင့် ကြောက်ရွံ့နေသည်။

"ဘာသတင်းကောင်းလဲ။" ဟု ချီမော့က သူမကို မေးသည်။

"အိုး...၊ ဒီလိုပါပဲ။"

ရှန်းမူမူသည် သူမ၏ အပြုံးကို ထိန်းချုပ်ကာ သူ့ကို ပြန်ဖြေသည်။

"ရှင့်ကို စာပို့တုန်းကတော့ သတင်းကောင်းပဲ။ ဒါပေမယ့် အခုတော့ သတင်းဆိုး ဖြစ်သွားပြီ။"

"ဟမ်။"

"နောက်အပတ်ကစပြီး ချီရှောင်ပိုင်ကို ကျွန်မတို့ အလှည့်ကျ စာပြရမယ်။"

"….."

"တိတ်နေစရာ မလိုဘူး။ တိတ်နေရင်တောင် ရှင်စာပြပေးရမှာပဲ။"

***

အခန်း ( ၁၈၆ ) – ရှောင်ချီအား ပညာပေးခြင်း

ရှန်းမူမူက နောက်အပတ်မှ စမယ်ဟု ဆိုသော်လည်း ထိုည၌ပင် ချီရှောင်ပိုင်၏ တံခါးကို ခေါက်လိုက်သည်။

အခန်းထဲမှ ဆူညံသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

တစ်မိနစ်ခန့်ကြာပြီးနောက် ချီရှောင်ပိုင်သည် တံခါးဖွင့်ဖို့ ရောက်လာတယ်။

တံခါးကို တစ်ဝက်သာ ဖွင့်ထားသည်။

ချီရှောင်ပိုင်သည် သူ၏ ချောမောသော မျက်နှာပေါ်တွင် မရိုးမသား အသွင်အပြင်ဖြင့် တံခါးဘောင်ကို မှီကာ ပျင်းရိစွာ ပြောသည်။

"စာလုပ်နေတာ။ ဘာမှ မစားချင်ဘူး။"

ပုံမှန်အားဖြင့် ရှန်းမူမူသည် သူ၏ တံခါးကို ခေါက်သောအခါ ဆယ်ကြိမ်တွင် ကိုးကြိမ်မှာ သူ့အတွက် အစားအသောက် ယူလာပေးခြင်း ဖြစ်သောကြောင့် သူက ထိုသို့သာ တုံ့ပြန်ခဲ့သည်။

ရှန်းမူမူ၏ မျက်လုံးများသည် အခန်းထဲသို့ လှမ်းကြည့်သောအခါ ကျဉ်းမြောင်းသွားသည်။

ချီရှောင်ပိုင်သည် ရှန်းမူမူ၏ မြင်ကွင်းကို ပိတ်ဆို့ရန် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် သတိဝီရိယရှိစွာ ရွှေ့လိုက်သည်။

"မင်း…" ရှန်းမူမူသည် တစ်စက္ကန့်အတွင်း သူ့ကို ဖောက်ထွင်းမြင်လိုက်သည်။

ရှန်းမူမူသည် ချီရှောင်ပိုင်ဆီသို့ လက်ဖဝါးဖြန့်ကာ လေးနက်သောအသံဖြင့် "ငါ ဒေါသမထွက်ခင် ပစ္စည်းတွေကို ပေးလိုက်စမ်း" ဟု ပြောသည်။

ချီရှောင်ပိုင်၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားသည်။ သူသည် နားမလည်ဟန်ဆောင်ကာ "ဟင်…" ဟု အသံထွက်လာသည်။

ရှန်းမူမူ၏ မျက်ခုံးသည် မြင့်တက်သွားသည်။ သူ၏ အသေးစား အမူအရာကို ဖမ်းမိပြီး သူမသည် ရင်ဘတ်ပေါ် လက်ပိုက်လိုက်သည်။

သူမသည် ချီရှောင်ပိုင်ကို "မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲလား" ဟူသော အမူအရာဖြင့် ပြုံးပြလိုက်သည်။

"ခင်ဗျား ဘာတွေပြောနေတာလဲ။" ချီရှောင်ပိုင်က စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော် Legoတုံး ဆောက်နေတာ။ ဘာစာတွေလဲ။" ဟု ရုတ်တရက် ပြောလိုက်သည်။

သူ၏ ပါးစပ်မှ စကားများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အခြေအနေသည် တင်းမာသွားသည်။

တစ်စက္ကန့်။

နှစ်စက္ကန့်။

သုံးစက္ကန့်။

ရှန်းမူမူ: "………"

ချီရှောင်ပိုင်၏ မျက်လုံးများ တဖြည်းဖြည်း ပိုကျယ်လာသည်။ ……..

ငါ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်မိတာလဲ၊ သေစမ်းကွာ။

"ကျောင်းသား ချီရှောင်ပိုင်၊ မင်း အခုလေးတင် ပြောခဲ့တာကို ပြန်နားထောင်ချင်လား။"

ရှန်းမူမူသည် တည်ငြိမ်စွာ လက်ကို ဆန့်တန်းကာ ချီရှောင်ပိုင်၏ hoodieကို ဆွဲကိုင်လိုက်သည်။ သူမသည် သူ့ကို အခန်းထဲမှ အားပြင်းပြင်းဖြင့် ဆွဲထုတ်လိုက်သည်။

"ဒီကနေ သွား။"

"ဟေ့၊ မဆွဲနဲ့လေ။ ခင်ဗျား ကျွန်တော့်ကို လည်ပင်းညှစ်သတ်နေတာလား။"

ထိုအခြေအနေတွင် ချီရှောင်ပိုင်သည် နောက်ပြန်လျှောက်ရင်း သူ၏ ဖိနပ်တစ်ဖက် မတော်တဆ ကျွတ်သွားသည်။ ရှန်းမူမူ၏ တင်းမာသော အမူအရာကို မြင်သောကြောင့် သူသည် ကောက်ယူရန် ခဏရပ်ရန် မဝံ့ရဲပေ။

ရှန်းမူမူသည် ချီရှောင်ပိုင်၏ အော်ဟစ်သံများကို လျစ်လျူရှုခဲ့သည်။ သူမသည် ကျယ်ဝန်းသော ဧည့်ခန်းကို စေ့စေ့စပ်စပ် ကြည့်ရှုကာ ချီရှောင်ပိုင်ကို ဘယ်နေရာသို့ ဆွဲခေါ်သွားလျှင် အကောင်းဆုံးဖြစ်မည်ကို စဉ်းစားနေသည်။

မကြာသေးမီက ထိုကလေးသည် ပို၍ အရပ်ရှည်လာခဲ့သည်။ သူ့ကို မော့ကြည့်ကာ ဆူပူရခြင်းသည် သူမ၏ လွှမ်းမိုးသော အမူအရာကို လျော့နည်းစေသည်။

ခဏအကြာတွင် ရှန်းမူမူသည် ချီရှောင်ပိုင်ကို ဘေးခန်းရှိ ဆိုဖာပေါ်သို့ တွန်းချလိုက်သည်။

သူ၏ လည်ပင်းတွင် ခံစားနေရသော လည်ချောင်းနာခြင်း ပျောက်သွားသောကြောင့် သူသည် အကြိမ် အနည်းငယ်ခန့် ချောင်းဆိုးလိုက်သည်။

"အဟွတ် အဟွတ်"

ရှန်းမူမူသည် လက်နှစ်ဖက်ကို ချိတ်ကာ သူ့ရှေ့တွင် ရပ်နေပြီး မျက်နှာတင်းမာစွာဖြင့် မေးသည်။

"ပြောစမ်း။ မင်း မကြာသေးမီက Lego ဆောက်ဖို့ ဘယ်နှစ်ည မအိပ်ဘူးလဲ။"

"မဟုတ်ပါဘူး။”

ချီရှောင်ပိုင်သည် ရှန်းမူမူ၏ လက်သီးဆုပ်ထားသည်ကို မြင်လိုက်သည်။ သူသည် တံတွေးမျိုချကာ ထပ်မံ လိမ်ညာရန် မဝံ့ရဲပေ။

"ကျွန်တော် တစ်ညလုံး မအိပ်ဘဲတော့ မနေပါဘူး။ ကျွန်တော် အိပ်ပါသေးတယ်။"

"အတန်းထဲမှာ အိပ်တာကို အနားယူတယ်လို့ ခေါ်တာလား။" ရှန်းမူမူက သူ့ကို ငုံ့ကြည့်ကာ အသံမမြှင့်သော်လည်း ကြောက်စရာကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေဆဲဖြစ်သည်။

ချီရှောင်ပိုင်၏ အကြည့်သည် မတည်မငြိမ်ဖြစ်နေသည်။ "မဟုတ်ဘူး။ ကျွန်တော် ညဘက်မှာ နှစ်နာရီ သုံးနာရီလောက် အိပ်ခဲ့တယ်။"

ရှန်းမူမူသည် ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲတွင် "ကျွန်တော် မှားသွားတယ်ဆိုတာ သိပါတယ်" ဟု ချီရှောင်ပိုင်သည် သူမ၏ စကားကို ဖြတ်ကာ အသံကို မြှင့်တင်ပြီး သူ မှားကြောင်း အမြန်ဝန်ခံခဲ့သည်။

သူသည် သူမကို မော့ကြည့်သည်။ သူ၏ ပုံမှန်အားဖြင့် မရိုးမသား ချောမောသော မျက်နှာတွင် ယခု ရှန်းမူမူ မမြင်ဖူးသော သနားစရာကောင်းသော အမူအရာတစ်ခု ပေါ်နေသည်။

ချီရှောင်ပိုင်သည် သူ့ကိုယ်သူ ထပ်ပြောသည်။ "ကျွန်တော် မှားသွားတာ သိပါတယ်။"

ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "နောင်မှာ…"

"နောက်ထပ် မလုပ်ရဲတော့ပါဘူး။" ချီရှောင်ပိုင်က ဝင်ပြောသည်။

"….." ရှန်းမူမူသည် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။ သူမ၏ အပြန်အလှန် စကားပြောဆိုမှုကို နှစ်ခါပိတ်ဆို့ခံခဲ့ရသည်။

သူ့ကို ဘာနဲ့ ဆူရဦးမလဲ သူမ မသိတော့ပါ။

ဒီကလေးက အပြစ်ကို အတော်လေး မြန်မြန်ဆန်ဆန် ဝန်ခံလိုက်တာပဲ။

သူ ဘယ်က ဒါတွေ သင်ယူခဲ့တာလဲ မသိဘူး။

ချီရှောင်ပိုင်၏ အမှားကို ဝန်ခံရာတွင် ကောင်းမွန်သော သဘောထားကို မြင်သော ရှန်းမူမူ၏ ဒေါသသည် တစ်ဝက်ကျော် သက်သာသွားသည်။ သို့သော် သူမသည် သူ၏ Lego အားလုံးကို သိမ်းဆည်းကာ စတိုခန်းတွင် သော့ခတ်ထားလိုက်သည်။ သော့ကို သူမကိုယ်တိုင် သိမ်းဆည်းမည်ဖြစ်သည်။

အရာအားလုံးကို သေချာစီစဉ်ပြီးနောက် ရှန်းမူမူသည် ချီရှောင်ပိုင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

သူမသည် သက်ပြင်းရှည်ချကာ အရာရာကို သေချာစွာ ပြောဆိုဆွေးနွေးရန် လိုအပ်သေးသည်ဟု ဆုံးဖြတ်နေဆဲဖြစ်သည်။

ရှန်းမူမူသည် သူမ၏ ကိုယ်ဟန်အနေအထားကို လျှော့ချကာ ချီရှောင်ပိုင်၏ ပခုံးကို ပုတ်လိုက်ပြီး သူ့ကိုလည်း ထိုမျှ တင်းမာမနေရန် အချက်ပြလိုက်သည်။

"ကျောင်းသားချီ၊ မင်းရဲ့ တောင်းပန်မှုကို ငါ လက်ခံပါတယ်။ ဒါပေမယ့် ဒီနေ့ ဖြစ်ခဲ့တာရဲ့ နောက်ကွယ်က အကြောင်းအရာကို ငါတို့ ပြောဆိုဖို့ လိုတယ်။"

"မဟုတ်ရင် ဒီနေ့ ငါ့ရဲ့ ဒေါသဟာ အဓိပ္ပာယ်မရှိသလို မင်းရဲ့ တောင်းပန်မှုကလည်း အဓိပ္ပာယ်မရှိတော့ဘူး။"

"မင်းရဲ့ အတွေးတွေကို အရင်ပြော၊ စိတ်ထဲပေါ်လာတာ ဘာမဆို ပြောပါ။"

ချီရှောင်ပိုင်သည် ခေါင်းကို ငုံ့ထားကာ စိတ်ရင်းမှန်ဖြင့် ပြန်လည်ဆင်ခြင်သည်။ "ကျွန်တော် Lego နဲ့ တစ်ညလုံး ကစားပြီး အတန်းချိန်တွေကို ထိခိုက်စေခဲ့တာမို့ အဲလို မလုပ်ခဲ့သင့်ဘူး။"

"မဟုတ်ဘူး။" ရှန်းမူမူက ရုတ်တရက် သူ့ကို ဖြတ်ပြောလိုက်သည်။

ချီရှောင်ပိုင် တောင့်တင်းသွားပြီး သူမကို တည့်တည့်ကြည့်ရန် ခေါင်းထောင်လိုက်သည်။

မဟုတ်ဘူးလား။

"ဒါက ဒီမှာ အဓိက ပြဿနာ မဟုတ်ဘူး။"

ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းကို ဖိထားသည်။ သူမ၏ အကြည့်သည် နူးညံ့မှုအသွင် ပြောင်းသွားကာ ဖြည်းညှင်းစွာ ပြောသည်။

"တစ်ညလုံး မအိပ်ဘဲနေတာက အမှတ်တွေကို ထိခိုက်စေပေမယ့် နောက်ပိုင်းမှာ ပိုကြိုးစားပြီး အချိန်ကို ပြန်ယူနိုင်တယ်။"

"ငါ ပြောတာမှန်တယ်ဆိုရင် အဲဒါက မင်း တစ်ညလုံး မအိပ်ဘဲနေဖို့ ဆုံးဖြတ်တုန်းက မင်းရဲ့ အစီအစဉ်ပဲ။ ဟုတ်တယ်မလား။"

သူ၏ အတွေးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ချီရှောင်ပိုင်သည် ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

ရှန်းမူမူသည် အဓိကအချက်သို့ ရောက်သွားသည်။

"ဒီကျောင်းစတက်ကတည်းက မင်းရဲ့ Lego အားလုံးကို စတိုခန်းထဲ ထည့်လိုက်တုန်းက မင်းက 'တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေခင်အထိ ထပ်မကိုင်ဘူး' လို့ ရဲရဲတင်းတင်း ကြေငြာခဲ့တာ ငါ မှတ်မိတယ်။ အဲဒါ မှန်တယ် မဟုတ်လား။"

"အင်း။" ချီရှောင်ပိုင်သည် ဤအဖြစ်အပျက်ကို မှတ်မိသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် ထိုစဉ်က ချမှတ်ခဲ့သော ကတိကို တဖြည်းဖြည်း မေ့သွားခဲ့သည်။

ရှန်းမူမူက ညင်သာစွာ ပြောသည်။ "ကျောင်းသားချီ၊ မင်းရဲ့ အမှတ်တွေထက် မင်းရဲ့ ကတိကို ငါ ဂရုစိုက်တယ်။"

ချီရှောင်ပိုင်သည် သူမ၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်ခဲ့ပေ။

ရှန်းမူမူသည် ဆိုဖာပေါ်သို့ နောက်သို့ မှီထိုင်ကာ စပျစ်ရည်ဆိုဒါတစ်ဗူးကို သူ့အား ပေးလိုက်သည်။

သူမသည် အလွန်အမင်း ဆုံးမဩဝါဒ မပေးသော နည်းလမ်းဖြင့် သူမ စုစည်းခဲ့သော ဘဝသင်ခန်းစာများကို မျှဝေခဲ့သည်။

"ကတိတစ်ခု ပေးရင် အဆုံးထိ လုပ်ဆောင်သင့်တယ်။ မလုပ်နိုင်ဘူးလို့ ခံစားရရင် ဒါမှမဟုတ် မတည်နိုင်ဘူးလို့ ခံစားရရင် အစကတည်းက ကတိမပေးတာ အကောင်းဆုံးပဲ။"

"မင်း ကြီးပြင်းလာတဲ့အခါ ပေါ့ဆတတ်တဲ့ စကားလုံးတွေနဲ့ အလွယ်နားယောင်တတ်တဲ့ နားတွေကြောင့် နားလည်မှု လွဲမှားမှုတွေ အများကြီး ရှိလာလိမ့်မယ်။ လူတွေက မင်းကို ယုံကြည်စိတ်ချရပြီး အားကိုးထိုက်သူ ဟုတ် မဟုတ်ဆိုတာ အဲဒီလို အသေးစိတ် အချက်အလက်တွေပေါ်မှာ မကြာခဏ ဆုံးဖြတ်ကြလိမ့်မယ်။ နားလည်ပြီလား။"

ချီရှောင်ပိုင်သည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ရှန်းမူမူ ကမ်းပေးသော ဆိုဒါဘူးကို ဖြည်းညှင်းစွာ လှမ်းယူလိုက်သည်။

သူ၏ ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်နေသည်။ သူသည် သူမ၏ စကားများကို မှတ်သားနေသည်။

မကြာမီ ဆယ့်ရှစ်နှစ်ပြည့်တော့မည့် ထိုဆယ်ကျော်သက်သည် သူ၏ ဆယ်စုနှစ်ကျော် သက်တမ်းတစ်လျှောက် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုကဲ့သို့သော အရာများကို သင်ကြားပြသခြင်း မရှိခဲ့ပေ။

ထိုအရာများကို ရုတ်တရက် ကြားလိုက်ရသောအခါ သူ၏ နှလုံးသားရှိ "မိခင်မေတ္တာ" ဟု တံဆိပ်ကပ်ထားသော လွတ်နေသော နေရာသည် နွေးထွေးသော လက်တစ်စုံဖြင့် ပွေ့ဖက်ခံရသကဲ့သို့၊ သက်သာရာရစေသော နွေးထွေးမှု အနည်းငယ် လွင့်ပျံသွားသည်။

အခြေအနေအား ဝမ်းနည်းစရာ မဖြစ်စေလိုသော ရှန်းမူမူသည် ဆိုဖာပေါ်တွင် ခြေထောက်များကို ခေါက်ထိုင်ကာ ပို၍ ပေါ့ပေါ့ပါးပါး ထိုင်နေသော အနေအထားသို့ ပြောင်းသွားသည်။ သူမသည် တံတောင်ဖြင့် ချီရှောင်ပိုင်၏ လက်မောင်းကို တွန်းကာ မေးသည်။

"ဒါနဲ့ ကျောင်းသားချီ၊ နောင်မှာ ဘယ်လို အရွယ်ရောက်ပြီးသူ ဖြစ်ချင်လဲ။ အရင်က မင်းကို မမေးဖူးဘူး။"

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချီရှောင်ပိုင်သည် ချက်ချင်းနီးပါး ပြန်ဖြေသည်။

"ကျွန်တော့်အဖေလိုမျိုး ဖြစ်ချင်တယ်။"

ဤသည်မှာ ချီရှောင်ပိုင်သည် သူ၏ နှလုံးသားထဲတွင် အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့သော မေးခွန်းတစ်ခု ဖြစ်သည်။

တစ်ကြိမ်စီတွင် သူ့အဖေ၏ အရိပ်သည် သူ၏ စိတ်ထဲတွင် ပေါ်လာလေသည်။

"မိုက်တယ်။"

ရှန်းမူမူ၏ တောက်ပသော မျက်လုံးများသည် လခြမ်းပုံသဏ္ဌာန် ကွေးညွှတ်သွားသည်။ သူမသည် အကန့်အသတ်မရှိ ချီးမွမ်းခဲ့သည်။

"မင်းအဖေက အရမ်းတော်တယ်၊ အရမ်းမိုက်တယ်။ သူ့ကို မင်းရဲ့ ပန်းတိုင်အဖြစ်ထားရင် မင်းလည်း နောင်မှာ အရမ်းတော်လာလိမ့်မယ်၊ အရမ်းမိုက်တဲ့သူ ဖြစ်လာလိမ့်မယ်။ မင်းကို ငါ ယုံကြည်တယ်။"

ရှန်းမူမူသည် ချီရှောင်ပိုင်၏ အနာဂတ်ကို စီးပွားရေးသူဌေးကြီးနှင့် အမျိုးသားဇာတ်ဆောင်အဖြစ် သူမ၏ ထင်မြင်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နေသည် မဟုတ်ပေ။

သူမနှင့် အချိန်အတော်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ဤသည်မှာ သူမ၏ စိတ်ရင်းမှန်သော ထင်မြင်ချက် ဖြစ်သည်။

သူမသည် ချီရှောင်ပိုင်ကို ပညာပေးရန်အတွက် ချီမော့၏ ကောင်းမွန်သော အရည်အသွေးများကို အသုံးချရန် အခွင့်အရေးကို ရယူခဲ့သည်။

သူမသည် လက်ချောင်းများကို ရေတွက်ရင်း သူ့အတွက် စာရင်းပြုစုခဲ့သည်။

"ကျောင်းသားချီ၊ ကြည့်စမ်း။ ပထမဆုံး မင်းအဖေက အလွန်ယုံကြည်စိတ်ချရတဲ့သူပါ။ ဘယ်လောက် သေးငယ်တဲ့ကတိပဲဖြစ်ဖြစ် သူက အမြဲတမ်း မှတ်မိပြီး အဆုံးထိ ကတိတည်တယ်။ မင်း သူ့ဆီက ဒါကို သေချာပေါက် သင်ယူရမယ်။"

ချီရှောင်ပိုင် ခိုင်မာစွာ ခေါင်းညိတ်သည်။ "အင်း။"

ရှန်းမူမူသည် ဒုတိယလက်ချောင်းကို မြှောက်ပြသည်။

"ဒုတိယအနေနဲ့ မင်းအဖေက တော်ရုံတင် မဟုတ်ဘူး၊ ကြိုးစားအားထုတ်တဲ့သူလည်း ဖြစ်တယ်။ သူက ပိုက်ဆံတွေ အများကြီး ရှာထားပေမယ့် နေ့တိုင်း အလုပ်လုပ်နေတုန်းပဲ။ တခြားသူဆိုရင် အရင်ကတည်းက လက်လျှော့သွားလောက်ပြီ။ ဟုတ်တယ်မလား။"

ချီရှောင်ပိုင်သည် အမာခံ အဖေပရိသတ်တစ်ဦးဖြစ်သောကြောင့် ခဏခဏ ခေါင်းညိတ်သည်။ "ဟုတ်တယ်၊ မှန်တယ်။"

"ဒါကြောင့် မင်း ဒီအချက်ကိုလည်း သင်ယူသင့်တယ်။"

"အင်း။"

"တတိယအနေနဲ့ သူက ချောတယ်။" အချက်တွေကို စာရင်းပြုစုနေရင်း ရှန်းမူမူသည် ထူးဆန်းစွာ အာရုံကို လွှဲပြောင်းလိုက်သည်။

"အင်း၊ ခဏလေး။" ချီရှောင်ပိုင်သည် ခေါင်းကို စောင်းကာ ရှုပ်ထွေးသွားသည်။ "ဒါကိုလည်း သင်ယူရမှာလား။ ကျွန်တော် ရုပ်မချောလို့လား။။"

သူ၏ စကား မဆုံးသေးပေ။ ချီရှောင်ပိုင်၏ အကြည့်သည် ရုတ်တရက် တင်းမာသွားသည်။

သူ၏ မြင်ကွင်းသည် ရှန်းမူမူ၏ နောက်ကျောဘက် မဝေးသော နေရာတစ်ခုသို့ ရောက်သွားသည်။ သူ၏ မျက်လုံးသူငယ်အိမ်များသည် ဖြည်းညှင်းစွာ ကျယ်လာသည်။

သူသည် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"အဖေ။"

ရှန်းမူမူ လှည့်ကြည့်လိုက်သည်။

သူမသည် ချီမော့၏ အရပ်ရှည်သော ပုံရိပ်သည် ဆိုဖာနောက်မှီကို ပျင်းရိစွာ မှီနေသည်ကို မြင်လိုက်သည်။ သူ၏ အနက်ရောင် ကုတ်အင်္ကျီသည် သူ၏ လက်မောင်းများပေါ်တွင် လျော့ရဲစွာ လွှမ်းခြုံထားသည်။ သူ၏ ထင်ရှားသော မျက်ခုံးများနှင့် မျက်လုံးများသည် သူတို့ကို ကြည့်ရင်း ပြုံးနေသော အမူအရာကို ဖော်ပြနေသည်။

ရှန်းမူမူ အံ့အားသင့်သွားသည်။

"ဘယ်တုန်းက။ ဘယ်တုန်းက ပြန်ရောက်လာတာလဲ။"

ချီမော့၏ နှုတ်ခမ်းထောင့်များသည် မြင့်တက်တော့မည့်ဟန်ရှိသည်။ ချီမော့သည် လက်တစ်ဖက်ဖြင့် သူ၏ လည်စည်းကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"စဉ်းစားပါရစေဦး။"

သူ၏ အသံသည် အဆုံးတွင် နူးညံ့သွားပြီး ဖုံးကွယ်မရသော ပျော်ရွှင်မှု၏ အရိပ်အယောင်ကို ဖော်ပြနေသည်။

"မင်းက ငါ့ကို အလေးအနက်ထားတယ်။ ဂုဏ်သိက္ခာရှိတယ်၊ ရိုသေလေးစားမှုရှိတယ်လို့ ချီးမွမ်းတဲ့အချိန်က စတာ ထင်တယ်။"

***

All Chapters