← Chapters

မုရုံမျိုးနွယ်စုကို ပြန်လည် တိုက်ခိုက်ခြင်း

Vol. 23 Ch. 247

မုရုံမျိုးနွယ်စုကို ပြန်လည် တိုက်ခိုက်ခြင်း

Vol. 23 Ch. 247

မုရုံစု သည် မြို့တံခါးသို့ တည်ငြိမ်စွာ ရောက်ရှိလာပြီး မြင်းပေါ်မှ သူ့ဆီသို့ ချီတက်လာသော ရှောင်လျဲ့ ကို အနည်းငယ် အရိုအသေပေးလိုက်လေ၏။

“မင်းသား ရှောင်... ဂါရဝပြုပါတယ်...”

သူက လက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး ဆက်ပြောလိုက်သည်။

“မင်းသမီး ပြန်ရောက်လာတော့ ချန်းလန်နယ်မြေ က အမြင့်ဆုံးကို သေချာပေါက် တက်လှမ်းနိုင်တော့မှာပဲ...”

ရှောင်လျဲ့က မြင်းပေါ်တွင် ထိုင်လျက် သူ့ကို ငုံ့ကြည့်ကာ ပြန်လည် တုံ့ပြန်လိုက်၏။

“သခင်လေး မုရုံ... ခင်ဗျားလူတွေကို ခေါ်ပြီး မြို့ထဲ ဝင်ပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့...”

“ဟုတ်ကဲ့ပါ...”

မုရုံစု က ပြုံးလျက် “မင်းသား... မင်းသမီး... ကြွပါခင်ဗျာ...” ဟု ဖိတ်ခေါ်လိုက်သည်။

ရှောင် မောင်နှမ နှစ်ဦးသည် လီရော့ချန် နှင့် ကျိုးပုဖျင် တို့နှင့်အတူ မုရုံစု ၏ နောက်မှလိုက်ကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး စစ်သူကြီး စံအိမ် သို့ ရောက်ရှိလာခဲ့ကြလေ၏။

“သခင်လေး မုရုံ... အခြေအနေက အရေးကြီးနေတော့ ကျွန်တော် လိုရင်းကိုပဲ တိုတိုတုတ်တုတ် ပြောမယ်...”

ရှောင်လျဲ့က စကားစတင်လိုက်သည်။

“အစ်မက ကျွန်တော့်ကို ထောက်ခံဖို့ ဆန္ဒရှိပေမယ့်... သူ့မှာလည်း တောင်းဆိုချက်တွေ ရှိတယ်... ပြီးတော့ သူက ညဇီးကွက်ဘုရင် ရဲ့ ရန်သူအဖြစ် လုံးဝ မျက်စိစုံမှိတ်ပြီး မရွေးချယ်ချင်ဘူး...”

“ကျွန်တော် နားလည်ပါတယ်...”

မုရုံစု က ရှောင်ချင်အာ ကို ကြည့်ကာ ပြောလိုက်၏။

“မင်းသမီးက သာမန် ပြည်သူတွေကို ဂရုစိုက်ပြီး တကယ့်ကို ဖြောင့်မတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ လောကမှာ ရှားပါးတဲ့ သူတစ်ယောက်ပါ... ကျွန်တော် မင်းသမီးကို အလွန် လေးစားပါတယ်... မင်းသမီး ဘာလိုချင်လဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပါ...”

“ငါ့ရဲ့ တောင်းဆိုချက်က အရမ်း ရိုးရှင်းပါတယ်...”

ရှောင်ချင်အာက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“နင့်မှာ ညဇီးကွက်ဘုရင် ကို တကယ်ပဲ ခြိမ်းခြောက်နိုင်ပြီး သုံးပွင့်ဆိုင် အင်အား မျှခြေ တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိမရှိ... နင့်ရဲ့ အစစ်အမှန် အင်အားကို ဒီမင်းသမီး မြင်တွေ့ချင်တယ်...”

ထိုသို့ ပြောဆိုနေစဉ် သူမ၏ အကြည့်များက မုရုံစု နှင့် သူ၏ နောက်ပါများ အပေါ်သို့ ကျရောက်သွား၏။

“အကယ်၍ ဒီခွေးနဲ့ ကြောင် အကောင်လေး အနည်းငယ်ပဲ ရှိတယ်ဆိုရင်တော့ မေ့လိုက်ပါ... ညဇီးကွက် ကို လှုပ်ခါနိုင်မယ်လို့ အချည်းနှီး စိတ်ကူးမယဉ်ပါနဲ့...”

“ချန်းလန် ကို ကျွန်တော် ပေးနိုင်တဲ့ အကူအညီတွေက ဒီထက် အများကြီး သာလွန်ပါတယ်...”

ဟု မုရုံစု က အပြုံးမပျက်ဘဲ တုံ့ပြန်လိုက်သည်။

“နင့်ရဲ့ အသုံးမကျတဲ့ အနက်ရောင် မှော်ပညာ တွေကိုလည်း အဲဒီအထဲ ထည့်မတွက်နဲ့နော်... အဲဒီလိုသာဆိုရင် နင်က နိုင်ငံကို ပြန်လည် တည်ထောင်ဖို့ ကြိုးစားနေမယ့်အစား... အိမ်ပြန်ပြီး ဝက်ပဲ သွားမွေးနေလိုက်ပါ...”

ရှောင်ချင်အာ၏ စကားလုံးများက အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး အညှာအတာ ကင်းမဲ့လှ၏။

မုရုံစု ၏ မျက်နှာထားက အနည်းငယ် မည်းမှောင်သွားလေသည်။

“အဲဒါက နည်းလမ်းတွေထဲက တစ်ခုတည်းပါပဲ... ကျွန်တော့် မိသားစုရဲ့ အမွေအနှစ် က အရမ်းကို ရှည်ကြာတဲ့ သမိုင်းကြောင်း ရှိပြီးတော့ သူ့ရဲ့ အဓိပ္ပာယ်က ဒီထက် အများကြီး ပိုပါတယ်...”

“ဒီတိုက်ပွဲ ပြီးဆုံးသွားလို့ တောင်ပိုင်းနယ်စပ် ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှုံးနိမ့်သွားတဲ့ အခါကျရင်... ကျွန်တော့်ရဲ့ စေတနာ အမှန်ကို မင်းသမီးဆီ သေချာပေါက် ပြသပါ့မယ်...”

“ဘယ်လို...”

“လုံးဝ မကောင်းဘူး...”

ရှောင်ချင်အာက လှောင်ပြောင်လိုက်၏။

“ဘယ်သူမဆို စကားကြီး စကားကျယ်တော့ ပြောတတ်တာပဲလေ... နင့်ရဲ့ ပစ္စည်းတွေကို စားပွဲပေါ် ချမပြဘဲနဲ့ ချန်းလန်နယ်မြေ ကို နင်နဲ့အတူ ပူးပေါင်း ကြံစည်ခိုင်းလို့ ရမယ် ထင်နေတာလား... အိပ်မက်မက်နေတာပဲ... စေ့စပ်ဆွေးနွေးမှု ဆိုတာ အရင်းအနှီး လိုတယ်လေ...”

မုရုံစု တစ်ယောက် မကောင်းသော ခံစားချက် တစ်ခုကို ရရှိသွား၏။ ရှောင်ချင်အာ က သူ့ကို အကျပ်ကိုင် ခြိမ်းခြောက်နေသည်ဟု သူ ခံစားလိုက်ရသည်။

သူ၏ လေသံက ပိုမို လေးနက်သွားလေသည်။

“မင်းသမီး... အခု ကျွန်တော်တို့က မဟာမိတ်တွေ ဖြစ်နေပြီ... မင်းသမီးရဲ့ အပြုအမူတွေက သိပ်ပြီး ရန်လိုလွန်းနေတယ် မထင်ဘူးလား...”

“မင်းသမီး မရောက်လာခင်ကတည်းက... မင်းသား ရှောင် နဲ့ ကျွန်တော် ကိစ္စရပ် အားလုံးကို ဆွေးနွေးဖို့ သဘောတူထားပြီးသားပါ...”

“မင်းသမီးက ကျွန်တော့်ရဲ့ သက်သေ အထောက်အထားတွေကို လိုချင်ရင်တောင်... ပိုကြီးမားတဲ့ အခြေအနေကို အရင် ဦးစားပေးပြီး လက်ရှိ အကျပ်အတည်းကို အရင်ဆုံး ဖြေရှင်းသင့်တယ် မဟုတ်ဘူးလား...”

အကြိမ်ကြိမ် စစ်ဆေးမေးမြန်း ခံနေရသဖြင့် မုရုံစု အလွန်တရာ နေမထိထိုင်မသာ ဖြစ်လာတော့၏။

ရှောင်လျဲ့ နှင့် ပူးပေါင်းဆောင်ရွက်စဉ်က သူသည် အမြဲတမ်း ဦးဆောင်သူ နေရာတွင် ရှိခဲ့ပြီး အသာစီး ရမှုကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ထိန်းချုပ်မှု ကင်းမဲ့သွားသော ခံစားချက်မျိုးက အလွန်တရာ မနှစ်မြို့ဖွယ် ကောင်းလှပေ၏။

“နင် ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိဘဲနဲ့... ရိုးသားမှုလည်း မရှိဘူးဆိုရင်... ချန်းလန် ကနေ ထွက်သွားလိုက်...”

ရှောင်ချင်အာက အနည်းငယ်မျှပင် လေးစားမှု မပြသဘဲ အေးစက်စက် လေသံဖြင့် မောင်းထုတ်လိုက်လေသည်။

“မင်း...”

မုရုံစု က စားပွဲကို ရိုက်ချကာ ဒေါသတကြီး မတ်တတ်ရပ်လိုက်၏။

“မင်းသမီး... သိပ်ပြီး လွန်မလာနဲ့နော်...”

ထို့နောက် သူက ရှောင်လျဲ့ ကို လှည့်ကြည့်ကာ တောင်းဆိုလိုက်သည်။

“မင်းသား ရှောင်... တစ်ခုခု ပြောပါဦး... အကယ်၍ ကျွန်တော်က ချန်းလန် နဲ့ ပူးပေါင်းဖို့ မထိုက်တန်ဘူးလို့ မင်းသားလည်း ခံစားရပြီး... ညဇီးကွက်ဘုရင် ရဲ့ လက်အောက်မှာပဲ ဆက်ပြီး ခေါင်းငုံ့နေချင်တယ် ဆိုရင်လည်း... ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လမ်းခွဲကြတာပေါ့...”

“အဟား..သခင်လေး မုရုံ... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့...”

ရှောင်လျဲ့က ရယ်လျက် ဝင်ရောက် ဖြေရှင်းပေးလိုက်၏။

“အဲဒါက ကျွန်တော့်အစ်မရဲ့ စရိုက်ပဲလေ... သူက ချန်းလန် ပြည်သူတွေ အတွက်ပဲ စဉ်းစားပေးနေတာမို့ မနိုင်နိုင်တဲ့ စစ်ပွဲကို မတိုက်ချင်လို့ပါ...”

မုရုံစု က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဒီသခင်လေး ပြောခဲ့သလိုပဲ... တောင်ပိုင်းနယ်စပ် က ပူးပေါင်းတပ်ဖွဲ့တွေကို ငါတို့ အနိုင်ယူပြီးသွားရင်... ငါတို့ရဲ့ ရိုးသားမှုကို သေချာပေါက် ပြသပါ့မယ်... ယုံကြည်မှုဆိုတာ အပြန်အလှန် ရှိရမှာလေ... ဘာလို့ မင်းသမီးက ငါတို့ကို ဒီလောက်တောင် ဖိအားပေးနေရတာလဲ...”

“ဟက်...”

ရှောင်ချင်အာက သူ့ကို လှောင်ပြောင်လိုက်၏။

“နင်ရယ်.. နင့်ရဲ့ နောက်ပါ အနည်းငယ်ရယ်... အဲဒါက ဘယ်လို ရိုးသားမှုမျိုးလဲ... နင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ချန်းလန် ကတော့ အတူတူပါပဲ...”

“နင်က ဘယ်သူမို့လို့လဲ... ပြီးတော့ မင်းသမီး ဖြစ်တဲ့ ငါကရော ဘယ်သူလဲ... ဒါက ပူးပေါင်းဆောင်ရွက်မှု မဟုတ်ဘူး... နင်က သာမန် လက်အောက်ခံ တစ်ယောက်ပဲ...”

“မင်းလို သာမန် လက်အောက်ခံ တစ်ယောက်က... ဒီလို စကားမျိုး ပြောဖို့ ဘယ်သူက အခွင့်အရေး ပေးထားလို့လဲ... ထွက်သွား... အားလုံးပဲ ထွက်သွားကြစမ်း...”

ဤနေရာသို့ မလာရောက်မီကတည်းက အစ်ကို လီယွမ် နှင့် သူမ ကြိုတင် တိုင်ပင်ထားခဲ့ပြီး ဖြစ်သည်။

အကောင်းဆုံး နည်းလမ်းမှာ မလှုပ်ရှားမီ မုရုံ မျိုးနွယ်စု ၏ ခိုအောင်းရာ စခန်းကို အပြင်သို့ ဆွဲထုတ်ရန်ပင်။ သို့မှသာ ယခင်မင်းဆက်ဟောင်း၏ အကြွင်းအကျန်များကို အမြစ်ပြတ် ခြေမှုန်းနိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လည် ခေါင်းထောင်လာခြင်းမှ တားဆီးနိုင်မည် ဖြစ်၏။

ထို့အပြင် ရှောင်လျဲ့ ထံမှတစ်ဆင့် မုရုံစု ၏ လုပ်ရပ်များနှင့် ပတ်သက်၍လည်း သူမ လေ့လာ သိရှိထားခဲ့ပြီး ဖြစ်သည်။

မုရုံစု နှင့်အတူ ဟန်ဆောင် ကစားနေခြင်းက အချည်းနှီးသာ ဖြစ်ကြောင်း သိထားသဖြင့် ခက်ထန် ကြမ်းတမ်းသော ရပ်တည်ချက်ကိုသာ သူမ ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ မုရုံစု က အမှန်တရားကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်နေဆဲ ဆိုပါက အင်အားသုံး ဖြေရှင်းရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

“မင်းသား ရှောင်... တစ်ခုခု ပြောပါဦး...”

ထိုစဉ် မုရုံစု ၏ ရင်ထဲတွင် ပို၍ပို၍ နေမထိထိုင်မသာ ဖြစ်လာတော့၏။

ရှောင်ချင်အာ က သူ့ကို ဖိအားပေးလာသဖြင့် သူကလည်း ရှောင်လျဲ့ ကို ပြန်လည် ဖိအားပေးရန်သာ ရှိတော့သည်။ အကယ်၍ အရာအားလုံး အဆင်မပြေဖြစ်သွားပါက သူ၏ နောက်ဆုံး ရွေးချယ်မှုကိုသာ အသုံးပြုရတော့မည် ဖြစ်၏။

အဆိုးရွားဆုံး အခြေအနေ အတွက် သူ ကြိုတင် တွေးတောထားပြီးသားပါပင်။

ရှောင်လျဲ့ သည် သူ၏ အတန်ဖိုးဆုံးသော စတေးခံ နယ်ရုပ်လေး ဖြစ်ပြီး အထူး နည်းလမ်းများကို အသုံးပြုကာ မြင်ကွင်းကွယ်မှနေ၍ ကာလရှည်ကြာ ထိန်းချုပ်ထားခဲ့ပြီး ဖြစ်ရာ သူ၏ လက်တွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

“သခင်လေး မုရုံ...”

ရှောင်လျဲ့က ခါးသီးစွာ ပြုံးလျက် ဝင်ရောက် ဖြေရှင်းပေးလိုက်၏။ “ကျွန်တော့်အစ်မက စိတ်အေးချမ်းမှု ရချင်ရုံ သက်သက်ပါ... သူ့တောင်းဆိုချက်ကို လက်ခံပေးလိုက်ပါ...”

“ဒါဆိုရင်...ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေက တူညီမှု မရှိတော့ဘူး... ကျွန်တော်တို့ အတူတူ ပူးပေါင်း လုပ်ဆောင်လို့ မရတော့ဘူး...”

“နှုတ်ဆက်ပါတယ်...”

မုရုံစု ၏ မျက်နှာတွင် စိတ်ပျက်သွားသော အမူအရာ ပေါ်လွင်နေပြီး ထွက်ခွာရန် လှည့်ထွက်သွားလေ၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက်...

ဘေးတစ်ဖက်စီတွင် နေရာယူထားသော လီရော့ချန် နှင့် ကျိုးပုဖျင် တို့က ရုတ်တရက် ခုန်ထွက်လာကြပြီး ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ကာ သူ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်ကြတော့သည်။

ရှောင်လျဲ့ နှင့် ရှောင်ချင်အာ တို့ကလည်း သူတို့၏ နောက်မှ ကပ်ပါလာပြီး မုရုံစု ကို ထိုနေရာတွင်ပင် သတ်ဖြတ်ရန် ရည်ရွယ်လိုက်ကြ၏။

"ဘုန်း..."

မုရုံစု သည် ကြိုတင် ပြင်ဆင်ထားပုံ ရပေသည်။

“နဂါး... အကာအကွယ် အရှိန်အဝါ...”

ပဲ့တင်ထပ်နေသော နဂါးဟိန်းဟောက်သံကြီး နှင့်အတူ၊ ကြွယ်ဝသော ကောင်းကင်ဘုံ စွမ်းအားများ ရောနှောနေသည့် ရွှေရောင် အကာအကွယ် အရှိန်အဝါကြီး ရုတ်တရက် ပေါက်ကွဲထွက်လာကာ ကျိုးပုဖျင် နှင့် လီရော့ချန် တို့ကို တစ်ပြိုင်နက်တည်း လွင့်စဉ်သွားစေတော့၏။

“ငါ့ကို သတ်ချင်တာလား...”

သူက ရက်စက်စွာ ပြုံးဖြီးလိုက်သည်။

“မင်းတို့ လောက်နဲ့ကတော့ မလုံလောက်သေးပါဘူး...”

မုရုံစု လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ နောက်ပါ သုံးဦးကလည်း ရှောင် မောင်နှမ နှစ်ဦးကို တိုက်ခိုက်ရန် ပူးပေါင်း ပါဝင်လာကြလေ၏။

“ရှောင်လျဲ့... မင်းက လုံးဝကို အသုံးမကျတဲ့ ကောင်ပဲ... ညဇီးကွက်ဘုရင် ရဲ့ သစ္စာရှိတဲ့ ခွေးတစ်ကောင် ဖြစ်ဖို့ပဲ ထိုက်တန်တယ်... မင်းက ထာဝရ သူရဲဘောကြောင်တဲ့ ကောင်ပဲ...”

မုရုံစု က အသံကျယ်ကြီးဖြင့် ကျိန်ဆဲလိုက်ပြီး သူ၏ နောက်ပါ သုံးဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

“သူတို့ကို တားထားစမ်း...”

မြို့တံခါး ပြင်ပတွင် ချန်းလန်စစ်တပ် နှင့် တောင်ပိုင်း ကင်းလှည့်စစ်တပ် တို့မှ သိုင်းပညာရှင်များက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီး ပိတ်ဆို့မှုကြီး တစ်ခုကို ဖန်တီးထားလိုက်ကြ၏။

“ငါ့လမ်းကနေ ဖယ်ကြစမ်း...”

မုရုံစု က သူ၏ လက်များကို လွှဲယမ်းလိုက်ရာ သူ၏ လှုပ်ရှားမှုများက နဂါးတစ်ကောင်ကဲ့သို့ ချောမွေ့နေပြီး ပိတ်ဆို့ထားမှုများကို အင်အားသုံး ဖောက်ထွက်ကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

မုရုံစု ၏ နောက်ပါ အနည်းငယ်မှာမူ ထိုမျှ ကံမကောင်းခဲ့ကြချေ။ သူတို့အားလုံးသည် အဋ္ဌမအဆင့် သိုင်းသူတော်စင် များ ဖြစ်ကြသော်လည်း မူလအဆင့် စွမ်းဆောင်ရည်သာ ရှိသေးသဖြင့် အတားအဆီး များစွာကြောင့် နောက်ဆုံးတွင် ရပ်တန့်သွားရလေသည်။

ထိုနောက်ပါများသည် အကြောက်တရား ကင်းမဲ့ကာ နောက်ဆုတ်ရန် ငြင်းဆန်ခဲ့ကြ၏။

ဖောက်ထွက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိလိုက်ရသောအခါ သူတို့က အသက်စွန့်ကာ ပေါက်ကွဲထွက်လာကြပြီး ချန်းလန်စစ်တပ် နှင့် တောင်ပိုင်း ကင်းလှည့်စစ်တပ် တို့မှ တပ်မှူး အများအပြားကို အောင်မြင်စွာ တားဆီးထားနိုင်ခဲ့ကြသည်။

ရှောင်ချင်အာ နှင့် ရှောင်လျဲ့ တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆက်လက် လိုက်လံ ဖမ်းဆီးရန် ထွက်ခွာသွားကြလေ၏။

အကယ်၍ ဤတစ်ကြိမ်တွင် ကျားကို တောထဲသို့ ပြန်လွှတ်လိုက်ပါက မုရုံစု ၏ နည်းလမ်းများအရ သူသည် အမှောင်ထုထဲမှနေ၍ အတော်လေး ကြီးမားသော ပြဿနာများကို ဖန်တီးနိုင်ပြီး ချန်းလန် ကို ကြီးမားသော အန္တရာယ်များ ပေးစွမ်းနိုင်ပေလိမ့်မည်။

ဤအခြင်းအရာမှာ သူတို့ လုံးဝ မမြင်တွေ့လိုသော အရာပင် ဖြစ်၏။

အဝေးရှိ အရိပ်တစ်ခုသည် လေပြေတစ်ခုကဲ့သို့ ရွေ့လျားနေပြီး မုရုံစု နှင့် သင့်လျော်သော အကွာအဝေး တစ်ခုကို အမြဲတမ်း ထိန်းသိမ်းထားကြောင်းကိုမူ သူတို့ နှစ်ဦးစလုံး သတိမထားမိခဲ့ကြပေ။

ထိုသူမှာ အချိန်အတော်ကြာကတည်းက အမှောင်ထုထဲတွင် ပုန်းအောင်းနေခဲ့သော လီယွမ် ပင် ဖြစ်သည်။

ရှောင် မောင်နှမ ထက်ပင် မုရုံစု ကို သတ်ဖြတ်ရန် သူက ပိုမို အလိုရှိနေခဲ့၏။ အထူးသဖြင့် မုရုံစု က 'ကောင်းကင်နဂါး' ၏ အကာအကွယ် အရှိန်အဝါ ကို အသုံးပြုလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါတွင် ပို၍ပင် ပြင်းပြလာတော့သည်။

“ဂွတ်... ဂွတ်...”

လတ်ဆတ် တက်ကြွသော ရွှေရောင် ရတနာလေး ဖြစ်သည့် ရှစ်ခွင်လွှမ်း ကံကြမ္မာ ကောင်လေးက စတင် ထွက်ပေါ်လာတော့၏။

“မင်း စားချင်နေပြီလား...” လီယွမ်က မေးလိုက်သည်။

“ဂွတ်... ဂွတ်...”

ရွှေရောင် ရတနာလေးမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေပြီး သူ၏ လုံးဝန်းသော ခန္ဓာကိုယ် ပတ်ပတ်လည်မှာ အဖြူရောင် အရှိန်အဝါများ ရစ်ဝဲလာတော့၏။

လီယွမ်က ပြုံးလျက် ကတိပေးလိုက်သည်။

“ငါတို့က ချစ်ခင်ကြင်နာတတ်တဲ့ မိသားစုလေး တစ်ခုပါ... ဒါပေမယ့် မင်းကတော့ အထူးခြားဆုံးလေးပဲ... စားရတာကို သိပ်ကြိုက်တယ်... ပြီးတော့ ငါတို့အတွက် ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲလေ... မင်း လိုချင်တာကို ရအောင် ငါ သေချာပေါက် လုပ်ပေးပါ့မယ်...”

မုရုံ မျိုးနွယ်စု က အမြစ်ပြတ် မပျက်စီးသေးဘဲ တာ့ယန်မင်းဆက် ကြီး ကွဲပြတ်သွားသည့် ခေတ်ကာလအထိ ဆက်လက် တည်ရှိနေခြင်းက သူတို့၏ ကံကြမ္မာ အဆုံးမသတ်သေးကြောင်း သက်သေပြနေပေသည်။

“ဒါပေမယ့်...”

“ကျန်း အင်ပါယာ မင်းဆက် က တာ့ယန် မင်းဆက် ရဲ့ လက်ချက်နဲ့ နောက်ဆုံးမှာ ပျက်စီးသွားရမှာပဲ... ဒါက သူ့ရဲ့ ကံကြမ္မာပဲ... အင်ပါယာကို တည်ထောင်ခဲ့တဲ့ ဘုရင်ကြီး အတွက် နောက်ဆုံး ထိုးနှက်ချက်ကို ငါက ပေးအပ်ပြီး... အနာဂတ်က ပြဿနာတွေ အားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်မယ်…”

All Chapters