မော့ရှို့ယန်၏ အတိတ်
Vol. 24 Ch. 262
မော့ရှို့ယန်သည် မော့ကျိုးယွီ ကျွေးသော ဆန်ပြုတ်ချိုကို တစ်ငုံ သောက်လိုက်သည်။
နွေးထွေးသော ဆန်ပြုတ်သည် သူ၏ ဗိုက်ထဲသို့ ရောက်သွားပြီး၊ ပုံမှန်အားဖြင့် သန်မာသည့် ထိုအမျိုးသားသည် မျက်ရည်များ ကျဆင်းလာခဲ့သည်။
ဤသည်မှာ မော့ကျိုးယွီ သူ၏ အကြီးဆုံးအစ်ကိုဖြစ်သူ မော့ရှို့ယန် မျက်ရည်ကျသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခြင်းဖြစ်သည်။
သူ့နှလုံးသား တစ်ခုလုံး သွေးယိုစီးနေသလို ခံစားရသည်။
“စတုတ္ထအစ်ကို၊ အရာအားလုံး ပိုကောင်းလာမှာပါ။ အမေနဲ့ စတုတ္ထမရီးတို့က မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရင် သေချာပေါက် အရမ်းပျော်မှာပဲ” ဟု မော့ကျိုးယွီက ပြောသည်။
မော့ရှို့ယန်သည် ခါးသီးစွာ ပြုံးပြီး “အခု ငါက မသန်စွမ်းတစ်ယောက်ပဲ။ အိမ်ပြန်ရင်လည်း မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရုံပဲ။ ငါစောစောသေတာက ပိုကောင်းလိမ့်မယ်” ဟု ဆိုသည်။
“စတုတ္ထအစ်ကို၊ အဲဒီလို မတွေးပါနဲ့။ ယန်ယန်ကို ယုံကြည်ထားပါ၊ သူက မင်းကို သေချာပေါက် ကုသပေးနိုင်ပါလိမ့်မယ်” ဟု မော့ကျိုးယွီက သူ့စတုတ္ထမြောက်အစ်ကို စိတ်ပျက်အားလျော့သော အတွေးများ မထားရန် တားမြစ်သည်။
သူ့ညီဖြစ်သူက သူ ဒီလိုဖြစ်နေတာကို မြင်ရတာ စိတ်မကောင်းဖြစ်နေမှန်း သိသောကြောင့် မော့ရှို့ယန်သည် အကောင်းဆုံး ပြုံးပြရန် ကြိုးစားသည်။
“ကောင်းပြီ၊ နဝမညီလေး ပြောတာကို နားထောင်မယ်” ဟု မော့ရှိုးယန်က ဆိုသည်။
ဘာပဲဖြစ်ဖြစ် သေဆုံးမည့်အချိန်မတိုင်မီ မိသားစုကို တစ်ဖန် တွေ့မြင်ရရုံဖြင့်ပင် ကောင်းမွန်သည်ဟု သူထင်သည်။
သို့သော် ဤဘဝတွင် သူ့မိခင်ကို ဘဝနေဝင်ချိန်အထိ ပြုစုစောင့်ရှောက်နိုင်တော့မည် မဟုတ်သလို၊ သူ၏ ဇနီးလေးကိုလည်း ဆက်လက် အဖော်ပြုပေးနိုင်တော့မည် မဟုတ်ပေ။
ဤအရာများသည် မော့ရှို့ယန်၏ စိတ်ထဲတွင်သာ ရှိသည့် အတွေးများ ဖြစ်သည်။
သူ၏ စိတ်ဓာတ်ကျသော အတွေးများက သူ့နဝမမြောက်ညီလေး၏ စိတ်ကို မထိခိုက်စေရန် သူ မပြဘဲ ထိန်းထားသည်။
မော့ကျိုးယွီသည် မျက်ရည်များကို အတင်းထိန်းရင်း မော့ရှို့ယန်အား ဆန်ပြုတ်ကို တစ်ဇွန်းချင်း ကျွေးမွေးနေသည်။
ထိုအချိန်တွင် ပစ္စည်းဝယ်ရန် ထွက်သွားခဲ့သော စွင်းကျစ်သည်လည်း ပြန်ရောက်လာသည်။
ဤလူငယ်သည် အတော်လေး ဉာဏ်ကောင်းသည်။ သံဒယ်အိုးကြီးတစ်လုံးအပြင်၊ သူသည် ဆန်နှင့် ဟင်းသီးဟင်းရွက်များလည်း ဝယ်ယူလာခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ သူ့ကို အပြင်ထွက်ဈေးဝယ်ရန် စေခိုင်းလိုက်ခြင်းသည် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် သူ ဘာတွေ ပြန်ယူလာသည်က ရေးကြီးခွင်ကျယ် မဟုတ်ပေ။
စွင်းကျစ်သည် ပစ္စည်းများကို နေရာတကျထားပြီး၊ မော့ရှို့ယန်၏ အခန်းထဲသို့ ဝင်လာကာ သူ့ကို ဂရုစိုက်ပေးမည်ဟု အမူအရာဖြင့် ပြသသည်။
မော့ကျိုးယွီသည် သူ့စတုတ္ထမြောက်အစ်ကို၏ အတွေ့အကြုံများကို မမေးရသေးသည့်အတွက် ထွက်သွားရန် မစီစဉ်သေးဘဲ စွင်းကျစ်ကို ပြန်လွှတ်လိုက်သည်။
စွင်းကျစ်သည် နာခံစွာ ထွက်သွားပြီး မော့ကျိုးယွီသည် မော့ရှို့ယန်၏ ကုတင်ဘေးတွင် ထိုင်လိုက်သည်။
“စတုတ္ထအစ်ကို၊ ဒီနှစ်တွေမှာ ဘာတွေဖြတ်သန်းခဲ့ရလဲ။” ဟု မော့ကျိုးယွီက မေးသည်။
မကြာသေးမီ နှစ်များအတွင်း အတွေ့အကြုံများကို ပြန်လည်သတိရရင်း မော့ရှို့ယန်၏ မျက်လုံးများသည် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် သူသည် မော့မိသားစုအား ဧကရာဇ်ရွှင်းဝူ၏ အမိန့်ဖြင့် အိမ်ခြံမြေတွေ ဘုရင့်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရပြီး ပြည်နှင်ခံရသည်ကို မသိသေးပေ။
သူသည် မော့ကျိုးယွီအား နယ်စပ်တွင် မစ်ရှင်တစ်ခု လုပ်ဆောင်ရင်း သူ့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့သည်ဟု ထင်သည်။
“ဒီလိုမင်းသားမျိုးနဲ့ တာ့ရွှင်းမင်းဆက်က အန္တရာယ်ရှိနေပြီ…” ဟု သူက ပြောသည်။
သူ့စတုတ္ထမြောက်အစ်ကိုသည် ဤသို့ ဖြစ်နေသော်လည်း နိုင်ငံနှင့် လူမျိုးအပေါ် စိတ်ပူပန်နေဆဲ ဖြစ်သည်ကို မြင်တော့ မော့ကျိုးယွီ၏ စိတ်ထဲတွင် ရောထွေးနေသည်။
“စတုတ္ထအစ်ကို၊ ငါတို့မော့မိသားစုက အခုအချိန်မှာ ပိုင်ဆိုင်မှုအားလုံး အသိမ်းခံရပြီး အနောက်မြောက်ဘက်ဒေသဆီ ပြည်နှဏ်ပေးတယ်လို့ ဧကရာဇ်ရွှင်းဝူက အမိန့်ချမှတ်ခဲ့တယ်။”
ဒါကိုကြားတော့ မော့ရှို့ယန်၏ မျက်လုံးတွေက မယုံကြည်နိုင်လောက်သည့်အသွင် ပြူးကျယ်သွားသည်။
“မင်း ဘာပြောလိုက်တယ်။ ငါတို့မော့မိသားစုက ပိုင်ဆိုင်မှုတွေ အသိမ်းခံရပြီး ပြည်နှင်ဒဏ်အပေးခံရတယ်လား။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။”
အတိတ်က သူဆိုရင်လည်း မော့ကျိုးယွီက ဒီအချက်ကို လက်ခံနိုင်မှာ မဟုတ်ဘူး။
အခုတော့ သူက သူ့မိန်းမရဲ့ လွှမ်းမိုးမှုကြောင့် ဒါကို လုံးဝ လက်လွှတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် သူ့ညီအစ်ကိုများကို တစ်ယောက်ပြီးတစ်ယောက် ရှာဖွေနိုင်ပြီးနောက်တွင် မိသားစုနှင့် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ခြင်းသည် မြင့်မားသောရာထူး သို့မဟုတ် မြင့်မားသောလုပ်ခလစာ မရှိရင်လည်း အဆင်ပြေတယ်ဟု သူ ခံစားခဲ့ရသည်။
“စတုတ္ထအစ်ကို၊ အိမ်ကိစ္စတွေကို ငါ ဖြည်းဖြည်းချင်း ပြောပြမယ်။ ငါတို့မိသားစု အခုအနောက်မြောက်ဘက်ဒေသမှာ ကောင်းကောင်းမွန်မွန် နေနေရတယ်၊ အမေလည်း ကျန်းမာနေတယ်”
“အခု ငါ မင်း ဒီနှစ်တွေအတွင်း ဘာတွေဖြတ်သန်းခဲ့ရလဲ သိချင်တယ်” ဟု မော့ကျိုးယွီက ဆက်မေးသည်။
မော့ရှို့ယန်သည် သူ့အကြောင်းများကို ဖြည်းညင်းစွာ ပြန်မပြောပြမီ အိမ်၏ အခြေအနေများအကြောင်းကို အပြင်းအထန် ခြေဖျက်နေခဲ့ရသည်။
“အရင်တုန်းက မင်းသားနန်ဟန်က ငါနဲ့အတူ တောင်ပိုင်းနယ်စပ်ကို စောင့်ကြပ်ဖို့ လိုက်လာခဲ့တယ်။ တိုက်ပွဲတစ်ခုမှာ အောင်မြင်မှုကြီး ရပြီးနောက်၊ သူက ငါ့ရဲ့ အကြံပေးမှုကို မနာခံဘဲ ရှင်းကျန်းတောင်ပိုင်းစစ်သားတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက ငါ အကြံပေးတာကို နားမထောင်ဘဲ လိုက်သွားတော့ ငါ သူ အန္တရာယ်ဖြစ်မှာကို စိုးရိမ်လို့ ငါက တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီး သူ့ကို အကူအညီပေးဖို့ လိုက်သွားခဲ့တယ်။
အဲဒီအချိန်မှာ မင်းသားနန်ဟန်က တောင်ပိုင်းသားတွေရဲ့ ထောင်ချောက်ထဲကို ရောက်နှင့်နေပြီ။ ငါတို့စစ်သားတွေနဲ့ ငါဟာ သူ့ကိုကယ်တင်ဖို့ အသက်ကို စွန့်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ နောက်ပိုင်းမှာ ငါ ဒဏ်ရာပြင်းထန်စွာ ရထားပြီး ထွက်ပြေးရင်း မတော်တဆ ချောက်ကမ်းပါးထိပ်ကို ရောက်သွားခဲ့တယ်။
ရန်သူတွေ အများကြီးရှိနေတဲ့အပြင် ငါက မသန်စွမ်းဖြစ်နေပြီမို့ သူတို့ကို တွန်းလှန်နိုင်စွမ်း မရှိတော့ဘူး။ သူတို့ဆီမှာ အကျဉ်းသားဖြစ်မသွားဖို့အတွက် ငါ ချောက်ကမ်းပါးကနေ ခုန်ချလိုက်တယ်။
ချောက်ကမ်းပါးကနေ ပြုတ်ကျရာက ငါ့ခြေထောက်နှစ်ဖက်လုံး ကျိုးသွားပြီး အဲဒီကနေ ထွက်မသွားနိုင်တော့ဘူး။ မင်းသားနန်ဟန်က ငါ့ကို ရှာဖို့ လူတွေကို အမြန်ပို့လိမ့်မယ်လို့သာ မျှော်လင့်နိုင်ခဲ့တယ်။ ဒါပေမယ့် တာ့ရွှင်းတိုင်းပြည်ရဲ့ ရှာဖွေရေးအဖွဲ့တွေ မရောက်လာခင်မှာ တောင်ပိုင်းစစ်သားတွေက ငါ့ကို တွေ့ပြီး ဖမ်းဆီးသွားခဲ့တယ်။
အဲဒီအချိန်မှာ ငါသေဖို့သာ ရှိတော့တယ်လို့ သိခဲ့ရတယ်။ မထင်မှတ်ဘဲ၊ ငါ့ကို ချောက်ထဲကနေ သယ်လာပြီးပြီးချင်း မေ့ဆေးအပေးခံရပြီး သတိလစ်သွားခဲ့တယ်။ ငါ နိုးလာတဲ့အခါ ငါ့ကိုယ်ငါ ဂူတစ်ခုထဲမှာ လဲလျောင်းနေတာကို တွေ့ရတယ်” ဟု ပြောပြသည်။
ဤသို့ကြားရသည့်အခါ မော့ကျိုးယွီသည် မနေနိုင်ဘဲ မေးလိုက်မိသည်။
“မင်းကို ကူပိုးကောင်အဆိပ်ခတ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက် ရှိလား။”
မော့ရှို့ယန်သည် ခေါင်းညိတ်ပြီး “ငါ သူတို့ရဲ့ စကားပြောသံကို မတော်တဆ ကြားလိုက်ရတယ်။ သူတို့က ငါ့ခြေထောက်တွေဟာ ပြန်မကောင်းနိုင်တော့တဲ့အထိ မသန်စွမ်းဖြစ်နေပြီလို့ ပြောတယ်။ ဒါကြောင့် ငါ့ကို ကူပိုးကောင်အဆိပ်ခတ်တာက အသုံးမဝင်တော့ဘူး။ လိုအပ်ရင် အသုံးဝင်နိုင်ဖို့အတွက် ငါ့ကို အိမ်ကြီးထဲမှာ ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့က ငါ့လက်မောင်းရဲ့ အရိုးနဲ့ အကြောတွေကို ဖြတ်တောက်ခဲ့တယ်။ ငါ့ခေါင်းကို အနက်ရောင်အဝတ်နဲ့ အုပ်ပြီးတော့ မင်းတို့နဲ့ တွေ့ခဲ့တဲ့ နေရာကို ခေါ်ဆောင်သွားခဲ့တယ်” ဟု ပြောပြသည်။
“အဲဒီနေရာမှာ နေ့အလင်းရောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ငါ အဲဒီမှာ ဘယ်လောက်ကြာကြာ လဲလျောင်းနေခဲ့ရလဲ မသိဘူး” ဟု မော့ရှို့ယန်က ဆက်ပြောသည်။
သူ့စတုတ္ထမြောက်အစ်ကို၏ ပြောပြချက်ကို နားထောင်ပြီးနောက် မော့ကျိုးယွီသည် အခန်းထဲရှိ တစ်ခုတည်းသော သစ်သားစားပွဲကို သူ၏ လက်သီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချိုးလိုက်သည်။
သစ်သားစားပွဲသည် ရိုက်ချိုးခံရသည့်အခါ အစိတ်အပိုင်းများ လေထဲသို့ ပြန့်ကျဲသွားသည်။
ဤသည်မှာ သူ၏ ဒေါသထွက်မှုကို ပြသရန် မည်မျှအားသုံးခဲ့သည်ကို ဖော်ပြသည်။
“စတုတ္ထအစ်ကို၊ ငါ မော့ကျိုးယွီ ကျိန်ဆိုတယ်၊ ငါတို့ မော့မိသားစုသားတွေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ သူတွေကို ငါရှာမယ်၊ သူတို့ကို ရှာတွေ့တဲ့အခါ သူတို့ခန္ဓာကိုယ်ကို အစိတ်စိတ် ပိုင်းပစ်မယ်…” ဟု သူကဆိုသည်။
ဟဲကျစ်ယန်သည် သူ့ရင်ဘတ်ကို လာရောက်ပွတ်သပ်ပြီး “စတုတ္ထအစ်ကိုကို တွေ့ရတာက ကောင်းတဲ့အရာပဲ။ ဒီလိုလူယုတ်မာတွေအတွက် ဒေါသထွက်ပြီး ကိုယ့်ကျန်းမာရေးကို မဖျက်စီးနဲ့” ဟု ဆိုသည်။
မော့ကျိုးယွီ၏ ကိုယ်ခန္ဓာသည် အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။
သူသည် ဟဲကျစ်ယန်၏ လက်သေးသေးလေးကို ဆုပ်ကိုင်ထားပြီး တည်ကြည်စွာ “ကိုယ် သိတယ်” ဟု ပြောသည်။
ဤမျှလောက် ပြောပြီးနောက် မော့ရှို့ယန်သည် အနည်းငယ် ပင်ပန်းနွမ်းနယ်လာပြီး အိပ်ပျော်သွားသည်။
မော့ကျိုးယွီသည် ကောင်းကင်ကို ကြည့်လိုက်ရာ ညနေစောင်းသာ ရှိသေးသည်။
သူသည် စွင်းကျစ်ကို စတုတ္ထမြောက်အစ်ကိုအား ဂရုစိုက်ရန် ခေါ်လိုက်ပြီး သူနှင့် ဟဲကျစ်ယန်သည် နေရာလပ်နယ်မြေထဲတွင် အနည်းငယ် အနားယူရန် သွားသည်။
တွက်ကြည့်လျှင် သူတို့သည် နှစ်ရက်နီးပါး မအိပ်နိုင်ခဲ့ပေ။
သူသည် သန်မာသူဖြစ်၍ ဒဏ်ခံနိုင်သော်လည်း သူ့ဇနီး၏ ကိုယ်ခန္ဓာ အလွန်ပင်ပန်းလွန်းမည်ကို စိုးရိမ်သည်။
ဟဲကျစ်ယန်သည် တကယ်ပင် အနည်းငယ် ပင်ပန်းနေသည်။
အကယ်၍ သူမကို နိုးကြားနေစေသည့် အဖြစ်အပျက်များ မရှိခဲ့ပါက သူမသည် မကြာခဏ အိပ်ပျော်နေလောက်ပြီဖြစ်သည်။
ယခုမူ အနည်းငယ် အနားယူနိုင်ခဲ့ပြီး၊ ညအချိန်လှုပ်ရှားမှုများအတွင်း အိပ်ငိုက်မသွားရန် သူမ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။
မော့ရှို့ယန်ကို တွေ့ရှိပြီးကတည်းက မော့ကျိုးယွီ၏ စိတ်သည် အလွန်တင်းမာနေခဲ့သည်။
ယခုအနားယူချိန်တွင်လည်း သူသည် အိပ်ချင်စိတ် လုံးဝ မရှိခဲ့ပေ။
သို့သော် ယနေ့ညတွင် ဘာဖြစ်လာမည်ကို မသိနိုင်သည့်အတွက် သူသည် စွမ်းအင်ကို ထိန်းသိမ်းရန် အတင်းကြိုးစားရမည်ဖြစ်သည်။
သူသည် ဟဲကျစ်ယန်ကို ဖက်ထားရင်း သက်တောင့်သက်သာရှိသော ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်ထားပြီး အနားယူလိုက်သည်။
အပြင်ကောင်းကင် မှောင်လာသည့်အခါ မော့ကျိုးယွီသည် သူ၏ အိပ်မောကျနေသော ဇနီးသည်ကို နှိုးလိုက်သည်။
ဟဲကျစ်ယန်သည် အိပ်မှုံစုံမွှား နိုးလာရင်း “အခု ဘယ်အချိန်လဲ” ဟု ရေရွတ်သည်။
မော့ကျိုးယွီသည် ညင်သာစွာ ပြန်ဖြေသည်။ “ရွှီရှစ်အချိန် ဖြစ်နေပြီ”
“အာ… ဒီလောက်တောင် နောက်ကျနေပြီလား။ ဘာလို့ ကျွန်မကို စောစောမနှိုးတာလဲ။ စတုတ္ထအစ်ကိုက ဆေးသောက်ရဦးမယ်၊ ဘာမှလည်း စားလို့ မရသေးဘူး” ဟု ဟဲကျစ်ယန်က ပြောရင်း ကုတင်ပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်သည်။
သူမသည် မီးဖိုချောင်တွင် ဆန်ပြုတ်ချက်ပြီး မော့ကျိုးယွီနှင့် ရိုးရှင်းစွာ စားသောက်ပြီးနောက် နေရာလပ်နယ်မြေမှ အတူထွက်လာသည်။
မော့ရှို့ယန်သည် ယခုအချိန်မှာ နိုးနေပြီဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ့နဝမမြောက်ညီလေးနှင့် ခယ်မဖြစ်သူတို့ ပင်ပန်းနေမှန်း သိသောကြောင့် စွင်းကျစ်အား သူတို့ကို မနှောင့်ယှက်ရန် ပြောထားသည်။
***