← Chapters

ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ

Vol. 24 Ch. 260

ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ

Vol. 24 Ch. 260

လီယွမ်သည် သူ၏ကိုယ်ပိုင် ကောင်းကင်ဘုံ နှလုံးသားကို ဝါးမြိုလိုက်ရာ... အသက်ရှူသံများ ပြင်းထန်လာပြီး လုံးဝဥဿုံ ရူးသွပ်သွားသည့် အလား ရှိနေတော့၏။ ဤအခြေအနေတွင် သူ၏ တိုက်ခိုက်မှုတိုင်း၊ လက်သီးချက်တိုင်းနှင့် ခြေကန်ချက်တိုင်းမှာ ရိုးရှင်းသော်လည်း အရာရာ၏ အစစ်အမှန် သဘာဝတရားသို့ ပြန်လည်ရောက်ရှိသွားသည့် အနှစ်သာရများ ကိန်းအောင်းနေပေသည်။

လက်သီးချက်နှင့် ခြေကန်ချက်များက အသားနှင့် သွေးသားကိုသာ ထိမှန်နိုင်သည် မဟုတ်ချေ။ သူသည် မိမိ၏ကိုယ်ပိုင် ကောင်းကင်ဘုံ ဖြစ်စဉ်များကိုပင် ဝါးမြိုနိုင်စွမ်း ရှိရာ... ပြိုင်ဘက်၏ ကောင်းကင်ဘုံ ဖြစ်စဉ်များကိုလည်း အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ခြေမွပစ်နိုင်ကာ ရုပ်ခန္ဓာ တိုက်ခိုက်ရေး နိယာမများကို အစွန်းကုန် ထုတ်ဖော်ပြသနိုင်လေတော့၏။

အချိန်အတော်ကြာပြီးနောက် လီယွမ်သည် မိမိ၏တွေဝေငေးမောနေမှုများမှ နိုးထလာပြီး ‘အာဏာရှင်’ အခြေအနေမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ နတ်ဘုရားနယ်ပယ်မှာ လုံလောက်စွာ အစွမ်းထက်နေသဖြင့်သာ ဖြစ်၏။ မဟုတ်ပါက သူသည် ရုပ်ခန္ဓာ၏ ကြောက်မက်ဖွယ် စွမ်းအားများကြားတွင် လမ်းပျောက်ကာ သာမန်အခြေအနေသို့ ပြန်မလာချင်တော့ဘဲ ဖြစ်သွားနိုင်ပေသည်။

ထိုကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ဗီဇစိတ်၊ ရှေးဦးဆန်လှသော ခွန်အားနှင့် ပြင်းပြသည့် ဆန္ဒများမှာ... မည်သည့် လှပဆန်းပြားသော နည်းစနစ်များဖြင့်မျှ အစားထိုး၍ မရနိုင်သည့် တုနှိုင်းမဲ့သော စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်လေ၏။

“တကယ့်ကို ထူးခြားတဲ့ ရစ်ပတ် အင်မော်တယ် ပဲ... သူ့ရဲ့ မူလ ရည်ရွယ်ချက်က ဘယ်တော့မှ မပြောင်းလဲဘူးပဲ...”

လီယွမ် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

ရစ်ပတ် အင်မော်တယ် ကူသည် သူ၏ ပခုံးသားများကြားမှ တွားထွက်လာပြီး သူ၏ အခွံပေါ်ရှိ နက်မှောင်သော အနီရောင်များမှာ မှေးမှိန်သွားတော့သည်။

သူ၏ စိတ်ထဲတွင်မူ... ‘တိုက်ခိုက်မယ်... အံ့ဩစရာပဲ...’ ဟူသော အတွေးတစ်ခုတည်းကသာ ဟိန်းဟောက်နေလေ၏။

ထိုသို့ဖြင့် ရစ်ပတ် အင်မော်တယ် ကူနှင့် သက်ဆိုင်သော ကောင်းကင်ဘုံ လျှို့ဝှက်နည်းစနစ်ကို အတည်ပြုလိုက်နိုင်လေပြီ။ ၎င်း၏ အမည်မှာ... ‘နောက်ဆုံးသော သွေးနတ် ခန္ဓာ’ ပင် ဖြစ်တော့၏။ ရစ်ပတ် အင်မော်တယ် ကူသည် ‘ရုပ်ခန္ဓာ၏ အထွတ်အထိပ်’ ဟု လူသိများပြီး ရုပ်ခန္ဓာကိုသာ အဓိက အမာခံအဖြစ် အမြဲတမ်း ထားရှိသည်။ သူ၏ အယူအဆတွင်မူ ရုပ်ခန္ဓာသည် စိတ်ဝိညာဉ် နယ်ပယ်ထက်ပင် သာလွန်ပေ၏။

ရုပ်ခန္ဓာသည် အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ပြီး ၎င်းသည် အရာအားလုံး၏ အဆုံးသတ်လည်း ဖြစ်ပေသည်။ ဤအခြင်းအရာမှာ ရစ်ပတ် အင်မော်တယ် ကူ၏ အကြွင်းမဲ့သော အလိုဆန္ဒပင် ဖြစ်၏။ ၎င်းသည် ရစ်ပတ် အင်မော်တယ် ကူတိုင်း မွေးဖွားလာကတည်းက ပါရှိလာသည့် ယုံကြည်ချက်လည်း ဖြစ်ပေသည်။ လီယွမ်သည် ရစ်ပတ် အင်မော်တယ် ကူ၏ ယုံကြည်ချက်ကို လေးစားမှု ရှိပေသည်။

သို့သော် ရစ်ပတ် အင်မော်တယ် ကူ၏ အတွေးများမှာ အစစ်အမှန် ဖြစ်နိုင်သော်လည်း... ထိုနယ်ပယ်သို့ ရောက်ရှိရန်မှာမူများစွာ လိုအပ်နေသေးကြောင်း သူ ကောင်းစွာ သိရှိထား၏။ တိကျစွာ ဆိုရလျှင် ထျန်းယွမ် တိုက်ကြီးပေါ်ရှိ လူသိများသော နယ်ပယ်များထဲတွင် မည်သူမျှ ဤသို့ မလုပ်ဆောင်နိုင်ခဲ့ကြချေ။ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံးသော ခန္ဓာကိုယ် ကျင့်ကြံသူများပင်လျှင် မအောင်မြင်ခဲ့ကြပေ။

လီယွမ်သည် ဆက်လက်တွေးတောမနေတော့ဘဲ... သူ လုပ်နိုင်သည်မှာ တိုက်ပွဲတွင် ရစ်ပတ် အင်မော်တယ် ကူကို အသုံးပြုသည့်အခါ အရာအားလုံးကို စွန့်လွှတ်ကာ အတူတကွ ရူးသွပ်ပေးရန်သာ ဖြစ်ပေသည်။

“ဒါဆိုရင်... အခု ငါလုပ်ဖို့ ကျန်တာက ရှောင်ချိုက် ရဲ့ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးဖို့ စောင့်ဆိုင်းပြီး စတုတ္ထမြောက် ကောင်းကင်ဘုံ လျှို့ဝှက်နည်းစနစ်ကို နားလည်အောင် လုပ်ဖို့ပဲ...”

ဤအရာအားလုံး အောင်မြင်သွားပါက သူသည် အင်ပါယာ နှလုံးသား သိုင်းကျမ်း၏ အမြင့်ဆုံးအဆင့် ဖြစ်သော ‘အတ္တကင်းမဲ့ ကူ’ကို ဆက်လက် ရှာဖွေရမည်။ ပြန်လည်ရှင်သန်ခြင်း ကူ၊ ဆန်းကြယ်ပုံရိပ် ကူ နှင့် ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ တို့နှင့် သက်ဆိုင်သည့် ကူအိမ်များကို တည်ဆောက်ရမည် ဖြစ်၏။

... ... ...

နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။ အနက်ရောင် အိုးကြီးမှာ ပိုမို ပြင်းထန်စွာ တုန်ခါလာပြီး ရောင်စုံအလင်းတန်းများနှင့် နက်နဲသော ချီများ ထွက်ပေါ်လာသည်။ လျှို့ဝှက် ဝါးတောအုပ်လေး၏ ကောင်းကင်ယံထက်တွင် ရောင်စုံတိမ်တိုက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။

ထို့နောက်တွင်မူ လေထုနှင့် ကောင်းကင်ယံ၏ အပူချိန်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ ထိုရောင်စုံတိမ်တိုက်များမှာ တိမ်တိုက်များနှင့် ဆင်တူသော်လည်း အစစ်အမှန် တိမ်တိုက်များ မဟုတ်ကြချေ။

၎င်းတို့မှာ မီးလျှံများ ဖြစ်ကြ၏။ ကောင်းကင်နှင့် မြေကြီးကြားရှိ ထူးဆန်းသော မီးလျှံ အမျိုးမျိုးမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး... အချို့မှာ အစစ်အမှန် ပုံသဏ္ဌာန်ဖြင့် ဖြစ်ကာ အချို့မှာမူ စိတ်ကူးယဉ်ဆန်သော ပုံစံများဖြင့် ရှိနေကြပေသည်။

ထိုထူးဆန်းသော မီးလျှံများ အားလုံးမှာ ခေါင်းငုံ့ကာ အရှုံးပေးနေကြသကဲ့သို့ ရှိ၏။ ၎င်းတို့သည် တစ်စုံတစ်ခုကို ဝိုင်းရံထားကြပြီး သူတို့၏ ဧကရာဇ် မွေးဖွားလာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။

“အိုး...”

လီယွမ်က ပြုံးလျက် စနောက်လိုက်သည်။

“ဝူမေ့... မင်း မွေးဖွားလာတုန်းကတော့ ပိုးဥပေါင်း သန်းချီပြီး ပေါက်ဖွားလာခဲ့ပြီး... ပိုးမွှား ချောက်နက်ကြီး တစ်ခုလုံးက ဒီဘုရင်မ မွေးဖွားလာတာကို ကြိုဆိုဖို့ ဦးညွှတ်ခဲ့ကြတယ် မဟုတ်လား... အခု ရှောင်ချိုက် ရဲ့ လှုပ်ခတ်မှုကလည်း မင်းထက် မနည်းဘူးနော့...”

“ကျီ... ကျီ...”

ဝူမေ့ကမူ... ရှောင်ချိုက်သည် သူ၏ အရှိန်အဝါကို ကျော်လွန်နိုင်ရန်အတွက် အချိန်အတော်ကြာကတည်းက တမင်တကာ အကွက်ဆင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်လေ၏။

ထူးဆန်းသော မီးလျှံ အမျိုးမျိုးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင်... အနက်ရောင် အိုးကြီးမှာ နောက်ဆုံးတွင် ပွင့်ဟသွားတော့သည်။ တစ်ချိန်တည်းမှာပင် လီယွမ်၏ စိတ်ထဲတွင် အသိပေးသံ တစ်ခု ထွက်ပေါ်လာ၏။

[သင်၏ ပင်မကူ ကိုးရောင်ခြယ် နဂါးမြို စပါးအုံးမြွေ သည် ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားခဲ့ပြီး... ထူးခြားကူ ‘ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ ’ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ]

“ရွှီး...”

အိုးအဖုံးမှာ ပွင့်ထွက်သွားပြီး ရှောင်ချိုက်သည် အိုးအတွင်းမှ ပျံသန်း ထွက်ပေါ်လာကာ လီယွမ်၏ ဘယ်ဘက် ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ သူမသည် ဦးစွာ လီယွမ်၏ လည်ပင်းကို အသာအယာ ပွတ်သပ်ကာ ချွဲနွဲ့ပြလိုက်ပြီးနောက်... ဝူမေ့ကို ကြည့်ကာ လျှာထုတ်၍ ပြောင်ချော်ချော် လုပ်ပြနေတော့၏။

ဆင့်ကဲပြောင်းလဲသွားသော ရှောင်ချိုက်သည် ‘ရောင်စုံ တစ်ထောင်’ ဟူသော အမည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ... သူမ၏ တစ်ကိုယ်လုံးမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူမ၏ နဖူးထက်တွင်သာ ရောင်စုံ အကြေးခွံ တစ်ခု ပါရှိသည်။ ထိုရောင်စုံ အကြေးခွံမှာ လွင့်မျော တိမ်တိုက်တစ်ခုကဲ့သို့ ရှိနေပြီး... အရောင်များမှာလည်း အစဉ်မပြတ် ပြောင်းလဲနေ၏။

[သင်သည် လုံးဝ အသစ်စက်စက် ဖြစ်သော ထူးခြားကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သဖြင့်... အမှတ် (၁၀၀၀၀)ကို ရရှိပြီး ၎င်းတို့ကို ရောင်စုံ အိုးအတွင်းသို့ ထည့်သွင်းပေးလိုက်ပါပြီ]

ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ သည် လုံးဝ အသစ်စက်စက် ဖြစ်သော ထူးခြားကူ တစ်ကောင် ဖြစ်ပေသည်။ ထျန်းယွမ် တိုက်ကြီး၏ ကူစာရင်းတွင် ဤကူကောင်နှင့် ပတ်သက်သည့် မှတ်တမ်း မရှိခဲ့ချေ။

အချက်အလက်များက သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့၏။

[ကူသခင် - လီယွမ်]

[အနက်ရောင် အိုး (အဋ္ဌမအဆင့် ၁၄၃၃/၁၆၀၀၀)]

[ရောင်စုံ အိုး - ၁၀၀၀၀]

[နယ်ပယ် - ရှစ်ကြိမ်မြောက် အပြောင်းအလဲ]

[စိတ်ဝိညာဉ်စွမ်းအင် - ချောက်နက် နယ်ပယ် အစောပိုင်း အဆင့်]

[ပင်မကူ - ရစ်ပတ် အင်မော်တယ် ကူ၊ ပြန်လည်ရှင်သန်ခြင်း ကူ၊ ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ ၊ ဆန်းကြယ်ပုံရိပ် ကူ၊ ရုပ်သေး ဘုရင်မ ကူ၊ ဓားနတ်သမီး၊ ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ]

[ကူအိမ် - ဘုရင်မမီးလျှံ ဂူ (သောင်း အဆင့် ကူအိမ်)၊ ပင့်ကူမျှင် နက်နဲသော နယ်မြေ (သောင်း အဆင့် ကူအိမ်)၊ သွေးနတ် အိမ်တော် (သောင်း အဆင့် ကူအိမ်)]

[ကောင်းကင်ဘုံ ဖြစ်စဉ် - အာဏာရှင် နှလုံးသား (ရစ်ပတ် အင်မော်တယ် ကူ)၊ ရောင်စုံတစ်ထောင် စပါးအုံးမြွေ၊ ရုပ်သေးဘုရင်မ (လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး) (ရုပ်သေးဘုရင်မ ကူ)၊ ကျောက်စိမ်းမြို့တော်မှ အင်မော်တယ် - ဆံကေသာ သုံးထောင်ဖြင့် နဂါးငွေ့တန်းကို ဖြတ်တောက်ခြင်း]

“ရှောင်ချိုက်... မင်းက ငါ့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ...”

လီယွမ်က ရှောင်ချိုက်ကို မြှောက်ကာ အလွန်တရာ ဝမ်းသာနေမိတော့၏။

အကယ်၍ ရှောင်ချိုက်သာ လုံးဝ အသစ်စက်စက် ထူးခြားကူ တစ်ကောင်အဖြစ် ပြောင်းလဲမသွားဘဲ... အမှတ် (၁၀၀၀၀)ကို မဆောင်ကြဉ်းပေးနိုင်ခဲ့ပါက... သဘာဝအလျောက် ကြီးထွားမှုကိုသာ အားကိုးရမည် ဖြစ်ရာ သူသည်လည်း မျိုးဆက်သစ် ကူလမ်းစဉ်၏ ‘ဘိုးဘေးကြီး’ တစ်ဦး ဖြစ်လာပေလိမ့်မည်။

ရှောင်ချိုက်က လမ်းခင်းပေးလိုက်ပြီ ဖြစ်ရာ... သူ လုပ်ရမည့်အရာမှာ ရှားပါးကူ အနည်းငယ် (သို့မဟုတ်) နောက်ထပ် ထူးခြားကူ တစ်ကောင်ကို ထပ်မံ ပျိုးထောင်ရန်သာ လိုအပ်တော့ပြီး... ထိုသို့ဆိုလျှင် နဝမအဆင့် နယ်ပယ်သို့ သူ ဝင်ရောက်နိုင်ပေလိမ့်မည်။

“ရွှီး...”

ရှောင်ချိုက်သည် အနည်းငယ် ဂုဏ်ယူနေပုံရပြီး နောက်ဆုံးတော့ သူမ လက်စားချေနိုင်ခဲ့လေပြီ။

“မင်းရဲ့ စွမ်းရည်တွေကို ပြစမ်းပါဦး ရှောင်ချိုက်...”

လီယွမ်က ရယ်လျက် တိုက်တွန်းလိုက်၏။

ရှောင်ချိုက်က သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး မီးလုံးတစ်လုံးကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ အလွန် သေးငယ်သော မီးလုံးလေး တစ်လုံးသာ ဖြစ်ပြီး... ထူးခြားသော တုန်ခါမှုများလည်း မရှိသဖြင့် သာမန် မီးလုံးလေး တစ်လုံးနှင့်သာ တူနေပေ၏။

‘ဒါက ဘာသဘောလဲ...’

လီယွမ် တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရသည်။

သို့သော် ထိုမီးလုံးလေးမှာ ရုတ်တရက်ကြီးထွားလာပြီး... သုံးလက်မခန့်မှ ခုနစ်လက်မခန့်အထိ ဖြစ်လာ၏။ မီးလုံး၏ အရောင်မှာလည်း ဝါဖျော့ဖျော့မှ အနီရင့်ရောင်သို့ ပြောင်းလဲသွားတော့၏။

ဤမီးလျှံမှာ လီယွမ်အတွက် ရင်းနှီးနေပေသည်။ ၎င်းမှာ ရှောင်ချိုက် ‘သုံးရောင်ခြယ် စပါးအုံးမြွေ’ ဘဝတွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည့် မီးလျှံပင် ဖြစ်၏။ သူက ထိုမီးလျှံကို ‘အလောင်းဖျက် သဲလွန်စဖျောက် မီးလျှံ’ ဟု ခေါ်ဝေါ်ခဲ့သေးသည် ။

ချက်ချင်းဆိုသလိုပင် အနီရင့်ရောင် မီးလျှံမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး... မြစိမ်းရောင်သို့ ပြောင်းကာ နှစ်ပေခန့်အထိကြီးထွားလာပြန်၏။ လီယွမ်၏ စောင့်ကြည့်မှုအောက်တွင် ထိုမီးလုံးမှာ တစ်ခဏအတွင်း အရောင်များ ပြောင်းလဲကာ ပိုမိုကြီးမားလာပြီး... နောက်ဆုံးတွင် ဝါးတောအုပ်လေး တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သည့် ဧရာမ မီးလုံးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

၎င်းမှာ ပေတစ်ထောင်ကျော်မျှ ရှည်လျားနေပုံ ရလေ၏။

ထိုကဲ့သို့သော မီးလုံးကြီးကို ထိန်းချုပ်ရာတွင်ပင် ရှောင်ချိုက်မှာ အလွန်တရာ လွယ်ကူနေလေသည်။

ဤအခြင်းအရာမှာ အစစ်အမှန် တိုက်ခိုက်ရေးသမား ဖြစ်သည့် ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ ထူးခြားကူအဖြစ် ပြောင်းလဲသွားပြီးနောက် ရရှိလာသည့် စွမ်းအားပင် ဖြစ်တော့၏။

“ဒီလောက်ကြီးမားတဲ့ မီးလုံးကြီးကို နယ်စပ် စစ်မြေပြင်မှာသာ ပစ်ချလိုက်ရင် ဘယ်လောက်တောင် အားရစရာ ကောင်းလိုက်မလဲ...”

ပေတစ်ထောင်ကျော် မြင့်သော မီးလုံးကြီး ပေါက်ကွဲသွားပါက... ၎င်းသည်ကြီးမားသော စစ်မြေပြင်တစ်ခုအတွက် အဏုမြူ တိုက်ခိုက်မှု တစ်ခုနှင့်ပင် တူနေပေလိမ့်မည်။

“ကောင်းပြီ... သိမ်းလိုက်တော့...”

ကျိုးကုန်း တောင်တန်းကြီးတွင် ရှောင်ချိုက်၏ ‘ပေတစ်ထောင် မီးလုံး’ကို စမ်းသပ်ရန် သင့်တော်သော နေရာ မရှိချေ။ အချို့သော စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် လီယွမ်သည် ရှောင်ချိုက်၏ စွမ်းရည်များကို ရှင်းလင်းစွာ နားလည်သွားခဲ့လေပြီ။

ထူးဆန်းသော မီးလျှံ အမျိုးမျိုးကို မိမိဆန္ဒရှိသလို ထုတ်လွှတ်နိုင်သည့်အပြင်... ရှောင်ချိုက်သည် သူမ၏ ပတ်ဝန်းကျင် အတိုင်းအတာ တစ်ခုအတွင်းရှိ မည်သည့် မီးလျှံကိုမဆို စိတ်ကြိုက်ကိုင်တွယ် လှုပ်ရှားနိုင်ကာ လီယွမ်ကိုလည်း မီးဓာတ် တိုက်ခိုက်မှု အားလုံးကို ခုခံနိုင်စွမ်း ရှိသည့် ခန္ဓာကိုယ်အသွင်ကို ပေးစွမ်းနိုင်သည်။

အစစ်အမှန် တိုက်ခိုက်ရေး သားရဲ တစ်ကောင်အနေဖြင့် ရှောင်ချိုက်သည် ဝူမေ့ကဲ့သို့ ဘက်စုံ မကျွမ်းကျင်သော်လည်း... တိုက်ခိုက်ရေး စွမ်းအားတွင်မူ ဤ ပေတစ်ထောင် မီးလုံး တစ်ခုတည်းနှင့်တင် သူမ၏ ခွန်အားကို ပြီးပြည့်စုံစွာ သက်သေပြနေပေသည်။

“အခုတော့ မင်းတို့နှစ်ယောက် တန်းတူ ဖြစ်သွားပြီပေါ့...”

“တစ်ယောက်က ပိုးမွှားအားလုံးကို အုပ်ချုပ်တဲ့ ဘုရင်မ... နောက်တစ်ယောက်က မီးအားလုံးကို ထိန်းချုပ်တဲ့ စပါးအုံးမြွေဘုရင်မ... ဟား ဟား... ငါတောင် ဧကရာဇ် မဖြစ်သေးဘူး... မင်းတို့ နှစ်ယောက်ကတော့ အရင် ဖြစ်နှင့်နေကြပြီပဲ...”

လီယွမ်က ရယ်လျက် ပြောဆိုလိုက်လေတော့၏။

All Chapters