ကူ စစ်တပ်ကြီး တည်ဆောက်ခြင်း
Vol. 24 Ch. 263
လီယွမ် နှင့် ပတ်သက်သော သတင်း အချက်အလက်များမှာ အလွန် နည်းပါးလှပေသည်။ ချီနျန်ချူ စုဆောင်းထားနိုင်သော အချက်အလက်များမှာ ဤမျှသာ ရှိသဖြင့် လီယွမ် ၏ အားနည်းချက်ကို ရှာဖွေနိုင်ရန်အတွက် သူမသည် အသေးစိတ် အချက်အလက်လေးများကိုပင် မကျန်စေဘဲ သေချာစွာ ခွဲခြမ်းစိတ်ဖြာ နေတော့၏။
“ယောက်ျား တစ်ယောက်ဟာ သာမန် အလှအပပေါ်မှာ စိတ်မညွတ်ရင်တောင်မှ... သူ့ရဲ့ စိတ်ကြိုက် အကြိုက်တွေကို သိနားလည်ပြီး နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီး တစ်ယောက်ကိုတော့ ဘယ်တော့မှ မခုခံနိုင်ဘူး...”
“သူက သိုင်းပညာ ကျင့်ကြံတာကို ဝါသနာပါတာ သေချာတယ်... ဒါကြောင့် အဲဒီအချက်ကနေပဲ စတင်ရမယ်...”
“သူ့ကို ဖြည်းဖြည်းချင်းပဲ စိတ်ဓာတ်ကျအောင် လုပ်ပါ... မင်းသမီးလေး ထီးနန်းမတက်ခင် လင်းရွှီ (၁၆) ခုရဲ့ သန့်စင်ခြင်း အခမ်းအနားတွေကိုသာ မင်း အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင်... မင်းဟာ ကန္တာရကြီးရဲ့ သူရဲကောင်း တစ်ယောက် ဖြစ်လာမှာပါ...”
ရှီဝမ် က မျက်မှောင်ကြုတ်လျက် “ကျွန်မ သူ့ကို ဘယ်လို ချဉ်းကပ်ရမလဲ ရှင့်...” ဟု မေးမြန်းလိုက်သည်။
“ကျွန်တော် သေချာ စဉ်းစားပြီးပြီ... လီယွမ် ဆိုတာ အားနည်းတဲ့သူ မဟုတ်ဘူး... သူ့ရဲ့ ယုံကြည်မှုကို ရယူပြီး အချိန်တိုအတွင်း မင်းကို သဘောကျလာအောင် လုပ်ချင်ရင်တော့... သူနဲ့ ရင်းနှီးပြီးသား အကြောင်းအရာတွေကနေပဲ စရမယ်...”
ချီနျန်ချူ က ခဏမျှ စဉ်းစားပြီးနောက် ဆက်လက် ရှင်းပြသည်။
“ကျွန်တော်တို့ ဒီလို လုပ်ကြတာပေါ့... မင်းက သတင်းလာပို့တဲ့ သူတစ်ယောက်အဖြစ် ဟန်ဆောင်လိုက်ပါ... မင်းသမီးလေး ဟာ လင်းရွှီ ထဲမှာ နတ်ဆိုးဝိညာဉ်တွေရဲ့ ထောင်ချောက်မိနေပြီး... ကန္တာရက အဘိုးအိုကြီးတွေက မင်းသမီးလေးကို ရန်ပြုချင်နေကြတယ် လို့ ပြောလိုက်...”
“ပြီးတော့ မင်းက အဲဒီ အဘိုးအိုတွေရဲ့ ပူးပေါင်း ကြံစည်မှုကို သိသွားလို့ အပြင်းအထန် ဒဏ်ရာရပြီး... ပြေးစရာ မြေမရှိလို့ တောင်ပိုင်းနယ်စပ်ကို ထွက်ပြေးလာရတယ် လို့ ဆိုလိုက်ပေါ့...”
“သူ ကျွန်မကို ယုံပါ့မလား ...”
ရှီဝမ် က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“မင်းကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အရေးမကြီးဘူး... သူ့ရဲ့ စိတ်ကို လှုပ်ခတ်အောင် လုပ်နိုင်သရွေ့တော့... သူ့နားကို ချဉ်းကပ်ဖို့ အခွင့်အရေး ရမှာပဲ...”
ချီနျန်ချူ က ရယ်လျက်
“ဘာပဲဖြစ်ဖြစ်... သူက အဲဒီသတင်းကို သွားပြီး အတည်ပြုဖို့ နေရာမှ မရှိတာပဲလေ...”
“နားလည်ပါပြီ...”
ရှီဝမ် က ခေါင်းညိတ် အတည်ပြုလိုက်၏။
ချီနျန်ချူ က ထပ်မံ၍ မှာကြားလိုက်သည်။
“ဒါပေမဲ့ မင်း မှတ်ထားရမှာက... ကျားကို ဖမ်းချင်ရင် ကျားဂူထဲ ဝင်ရမယ် ဆိုသလိုပဲ...ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ရမယ့် အချိန်ရောက်ရင်တော့ ပြတ်သားရမယ်...”
“သူ လိုချင်တာ မှန်သမျှကို တွန့်ဆုတ်မနေဘဲ ပေးလိုက်ပါ...”
“မင်းက ပိုပြီး သနားစရာကောင်းလေလေ... လီယွမ် ရဲ့ သတိဝီရိယက လျော့ကျလေလေ ဖြစ်မှာပဲ... သူ မင်းအပေါ် သနားစိတ် ဝင်လာတာနဲ့ တစ်ပြိုင်နက်... အဲဒါဟာ မင်းရဲ့ အောင်မြင်မှု အစပဲ...”
“အင်း..”
ရှီဝမ် တစ်ယောက် ဤအခြေအနေသို့ ရောက်မှတော့ ရွေးချယ်စရာ လမ်းမရှိတော့ချေ။
“နောက် (၃) ရက်အတွင်းမှာ မင်းကို ပင်လယ်ဖြတ်ကျော် ခေါ်သွားဖို့ ငါ လူလွှတ်လိုက်မယ်... ပြီးတော့ ကူသခင်တွေ နှစ်သက်တဲ့ ပစ္စည်းတချို့ကိုလည်း မင်းအတွက် ပြင်ဆင်ပေးထားတယ်... သတိထားပြီး လုပ်ဆောင်ပါ... လူတစ်ယောက်ရဲ့ နှလုံးသားကို ရယူနိုင်တာက အကောင်းဆုံး ဗျူဟာပဲ ဆိုတာ မှတ်ထားနော်...”
“လီယွမ် ရဲ့ နှလုံးသားဆီကို ရောက်မယ့် လမ်းကတော့ အမြဲတမ်း ရှိနေမှာပါ...”
“ကန္တာရကြီး အတွက်...”
ချီနျန်ချူ က သူမ၏ ညာလက်သီးကို ကျစ်လျစ်စွာ ဆုပ်ကိုင်လိုက်ပြီး ရင်ဘတ်ပေါ်သို့ တင်ကာ သုံးကြိမ်တိုင်တိုင် ညင်သာစွာ ပုတ်လိုက်သည်။
သူတို့သည် ရှီဝမ် အတွက် ကန္တာရ၏ အမြင့်ဆုံးသော အခမ်းအနားကို ပြုလုပ်ပေးကြတော့မည် ဖြစ်၏။
... ... ...
အမှတ် (၁၂) ဂူစံအိမ်။
ဝါးတောအုပ်လေး အတွင်း။
တိတ်ဆိတ် ငြိမ်သက်နေသော နှစ်ကာလများအတွင်း လီယွမ် သည် ဓားနတ်သမီး တစ်ယောက် အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ်ကို နားလည် သဘောပေါက်ရန် စောင့်ဆိုင်းနေ၏။ တစ်ဖက်မှာလည်း ကူအိမ် အသစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေခဲ့သည်။
ပြန်လည်ရှင်သန်ခြင်း ကူ၊ ဆန်းကြယ်ပုံရိပ် ကူ နှင့် ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ တို့ထဲမှ တစ်ခုခု အတွက် ကူအိမ် ပြီးမြောက်သွားသည်နှင့် တစ်ပြိုင်နက်... ဒါက သူ့အတွက် ကောင်းမွန်သော စိတ်ဝိညာဉ် ပစ္စည်းများကို သေချာပေါက် ထုတ်ပေးနိုင်ပေလိမ့်မည်။
ထို့နောက် သူသည် ကူနန်းတော် ၏ အတွင်းစည်း တံခါးသို့ လူလွှတ်ကာ သွေးနတ် သလင်းကျောက် တစ်လုံးကို ဘိုးဘေး ချီယန် ထံသို့ ပေးပို့စေခဲ့သည်။
နောက်ထပ် တစ်လုံးကိုမူ သူကိုယ်တိုင် ယူဆောင်ကာ အရှေ့ပိုင်း နယ်မြေသို့ စေလွှတ်လိုက်ပြီး ဒုတိယ နန်းတော်သခင် စီနီယာဦးလေး ယန်တျန် ထံသို့ လက်ဆောင်အဖြစ် ပေးအပ်လိုက်၏။
ဤခေတ်ကာလ၏ နောက်ဆုံးသော ခမ်းနားကြီးကျယ်မှုကြီး နီးကပ်လာသည်နှင့်အမျှ လီယွမ် သည် သူ၏ လူမှု ဆက်ဆံရေး နယ်ပယ်ကို စတင် ချဲ့ထွင်လာခဲ့ပြီး ပေါင်းသင်း ဆက်ဆံရေးများ ပိုမို ကျွမ်းကျင် လာတော့သည်။
‘စီနီယာဦးလေး ယန်တျန် ဟာ အနိုင်ယူလို့ မရတဲ့ အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးအဖြစ် နာမည်ကြီးသူပဲ ၊ သူ့ရဲ့ စွမ်းအားကြီး ခွန်အားတွေကိုလည်း ငါကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတယ်... အကယ်၍ စီနီယာဦးလေး သာ နဝမအဆင့်ကို ချိုးဖြတ် နိုင်မယ်ဆိုရင်... ကူသခင် အနွယ်ဝင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးတော့ ခိုင်မာ သေချာသွားမှာပါ…’
ထို့အပြင် လီယွမ် သည် ‘ဆန်းကြယ်ပုံရိပ် နယ်မြေ’ကို ပိုမို တိုးတက်လာစေရန်အတွက်လည်း အချိန်ပေးကာ လေ့လာ ကျင့်ကြံနေခဲ့၏။ ဤအခြင်းအရာမှာ သူ၏ ကျင့်ကြံခြင်း နယ်ပယ် အဆင့်မြင့်မား
လာစေရန်အတွက် သော့ချက် တစ်ခုလည်း ဖြစ်နိုင်ပေသည်။
နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။
လီယွမ် ဆန်းကြယ်ပုံရိပ် နယ်မြေကို လေ့လာနေစဉ်မှာပင် ရှောင်ချင်အာ နောက်တစ်ကြိမ် လာရောက် လည်ပတ်ခဲ့လေ၏။
“အစ်ကို လီယွမ်...”
ဝါးတောအုပ်လေးအတွင်း လီယွမ် နှင့် ဆုံတွေ့ရခြင်းမှာ ရှောင်ချင်အာ အတွက်တော့ ရှားပါးလှသော ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှု တစ်ခုပင် ဖြစ်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ အပြုံးများဖြင့် ဝေဆာနေတော့၏။
“ချင်အာ... မင်း ဘာလို့ နောက်တစ်ခေါက် ထပ်ရောက်လာတာလဲ...”
လီယွမ် မှာ သူ၏ သုတေသန လုပ်ငန်းများအတွင်း အာရုံစိုက်နေသဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
“ကြည့်ရတာ အစ်ကို လီယွမ် က ကျွန်မကို သိပ်ပြီး မကြိုဆိုချင်ဘူး ထင်တယ်... ကျွန်မက အစ်မ ရှောင်ကျောက် နဲ့ အတူတူ ထမင်းစားဖို့ လာလို့ မရဘူးလား ...”
ရှောင်ချင်အာ က သူ့ကို မျက်စောင်း ထိုးလိုက်ပြီး ပြန်လည် စနောက်လိုက်သည်။
“ရပါတယ်... ရပါတယ်...”
လီယွမ် က ရယ်လျက် ချော့မြူလိုက်၏။
“မင်း နယ်စပ် ကိစ္စတွေနဲ့ အရမ်း အလုပ်ရှုပ် နေမှာကို ငါ စိုးရိမ်လို့ပါ... ငါတို့ဆီကို ဒီလောက်အထိ လာလည်နေဖို့ မလိုပါဘူး...”
ချင်အာ ၏ အင်အားစုကြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကို သူ အမှန်တကယ်ပင် ထောက်ခံ အားပေးနေခြင်း ဖြစ်ပေသည်။ ယနေ့တွင် လောကရှိ သူရဲကောင်းများ အားလုံးက ရှောင်ချင်အာ ဦးဆောင်သော တောင်ပိုင်း ကင်းလှည့်စစ်တပ် သည် တာ့ယန် မင်းဆက် ၏ တတိယမြောက် အကြီးမားဆုံး အင်အားစု ဖြစ်ကြောင်း အသိအမှတ် ပြုထားကြလေပြီ။
နေ့စဉ်နှင့်အမျှ ကျန်းဟူ သိုင်းလောက မှ သူရဲကောင်းများနှင့် ထူးချွန်သူများစွာတို့သည် နယ်စပ်သို့ တဖွဲဖွဲ ရောက်ရှိလာကြပြီး တောင်ပိုင်း ကင်းလှည့်စစ်တပ် သို့ ဝင်ရောက် ပူးပေါင်းကြသဖြင့်... တောင်ပိုင်း ကင်းလှည့်စစ်တပ် မှာ တစ်နေ့ထက်တစ်နေ့ ပိုမို အင်အားကြီးမားလာပြီး အံ့မခန်း တိုးတက်လာတော့သည်။
“အစ်ကို လီယွမ် ဆီ လာလည်တာက ပထမ ဦးစားပေး ဆိုပေမယ့်... တကယ်တော့ ကျွန်မမှာ မေးစရာ မေးခွန်း သေးသေးလေး တချို့ ရှိနေလို့ အစ်ကို့ဆီကနေ အကြံဉာဏ် လာတောင်းတာပါ...”
ရှောင်ချင်အာ က ပါးနပ်စွာ ပြုံးပြလိုက်၏။
“ပြောပါဦး...”
ချင်အာ တစ်ယောက် ထမင်းစားဖို့ သက်သက် လာတာ မဟုတ်မှန်း လီယွမ် သိပြီးသား ဖြစ်ပေသည်။ ဤကောင်မလေးမှာ နယ်စပ် ကိစ္စများနှင့် သူမ၏ ရည်မှန်းချက်များ အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေသူ ဖြစ်ရာ... ထိုမျှလောက်အထိ အပျင်းကြီးမည့် သူ မဟုတ်ချေ။
“သေမင်းရုပ်သေးတွေ ဖန်တီးတဲ့ နေရာမှာ အခက်အခဲ တချို့ ရှိနေလို့ပါ...”
ရှောင်ချင်အာ က ရှင်းပြလိုက်၏။
“ကျွန်မ ဖန်တီးလိုက်တဲ့ သေမင်းရုပ်သေးတွေက အမြဲတမ်း သေခြင်းချီတွေ အရမ်း ပြင်းထန်နေတယ်... အဲဒါကြောင့် စစ်တပ်ထဲက အခြား အဖွဲ့တွေနဲ့ ပေါင်းစည်းဖို့ ဖြစ်ဖြစ်... တိုက်ပွဲမှာ အခြား အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ဖြစ်ဖြစ် တော်တော်လေး ခက်ခဲနေတယ် ...”
“အဲဒါကတော့...”
လီယွမ် က ဘာမှ မတတ်နိုင်သလို ရှင်းပြလိုက်၏။
“ငါ့ရဲ့ ရုပ်သေးစစ်တပ် မှာ သေခြင်းချီတွေ ယိုစိမ့်မနေတာက... ‘ယွမ်ချွမ်း မြေမှုန့်’ လို့ ခေါ်တဲ့ ပစ္စည်း တစ်မျိုး ပါဝင်နေလို့ပဲ... အဲဒီ ပစ္စည်းက ရှာရတာ အရမ်း ခက်တယ်လေ...”
၎င်းကို 'အင်မော်တယ် ကူ' အဖြစ် ပြောင်းလဲနိုင်သည့် အလားအလာ ရှိသော ကွေ့ရွှီ ယင်ဖို ကူ ထံမှ ခွဲထုတ် ရရှိထားခြင်း ဖြစ်သဖြင့် သာမန်နေရာများတွင် မရှိနိုင်ချေ။ ကူလမ်းစဉ် ၏ သမိုင်းမှတ်တမ်းများ အရ ယွမ်ချွမ်း မြေမှုန့်ကို ငရဲပြည် နှင့် အနီးဆုံးသော နေရာများတွင်သာတွေ့ရှိနိုင်သည် ဟု ဆိုထားသည်။
“နှမြောစရာပဲ...”
ရှောင်ချင်အာ က ဝမ်းနည်းစွာဖြင့် ညည်းတွားလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်မ တခြား နည်းလမ်း တစ်ခုခု စဉ်းစားရတော့မှာပေါ့...”
“ချင်အာ... ငါ့မှာ အကြံတစ်ခု ရှိတယ်...”
လီယွမ် က အကြံပြုလိုက်၏။
“အခု တောင်ပိုင်း ကင်းလှည့်စစ်တပ် က အင်အား တော်တော်ကြီးမားလာပြီ ဆိုတော့... မင်းအနေနဲ့ ကူသခင်တွေ သီးသန့် ပါဝင်တဲ့ စစ်တပ် တစ်ခုကို ဖန်တီးလိုက်ပါလား... အဲဒီ စစ်တပ်ကမှ သေမင်းရုပ်သေး စစ်တပ် နဲ့ ပူးပေါင်း တိုက်ခိုက်မယ် ဆိုရင်... အခြား အဖွဲ့တွေကို ထိခိုက်တာမျိုး မရှိတော့ဘူးပေါ့...”
“ကျွန်မလည်း အဲဒီလိုပဲတွေးမိသားပါ...”
ရှောင်ချင်အာ တွင်လည်း အစီအစဉ် ရှိပြီးသား ဖြစ်ပေသည်။
“ဒါပေမဲ့ တောင်ပိုင်း ကင်းလှည့်စစ်တပ် ထဲမှာ ကူသခင် အရေအတွက်က သိပ်မများဘူး... (၆၀၀၀) တောင် မပြည့်ဘူး... အလောင်း ထိန်းချုပ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ ကူသခင် ဆိုရင် ပိုပြီးတောင် နည်းပါသေးတယ် ...”
“ဒါက ပြဿနာ မဟုတ်ပါဘူး... မင်းသာ အကူအညီ တောင်းလိုက်မယ် ဆိုရင်... ကူနန်းတော်က သေချာပေါက် ကူညီမှာပါ...”
‘ချီလင်’ နှင့် ရှောင်ချင်အာ တို့သည် ရုပ်ခန္ဓာ၏ အထွတ်အထိပ် နှင့် စိတ်ဝိညာဉ်စွမ်းအင် ၏ အထွတ်အထိပ် တို့ကို အသီးသီး
ကိုယ်စားပြုနေကြသူများ ဖြစ်ပေသည်။
သူတို့ နှစ်ဦးစလုံးမှာ ကူလမ်းစဉ် ၏ အထူးချွန်ဆုံးသော လူငယ် ပါရမီရှင်များ ဖြစ်ကြပြီး... နဝမ ကူ နန်းတော် ၏ အမာခံ ဒေါက်တိုင်များ ဖြစ်ကာ ကူသခင်များစွာ၏ လေးစားမှုကို ရရှိထားကြသူများပင်။
ရှောင်ချင်အာ ၏ လက်ရှိ အဆင့်အတန်းနှင့် ဂုဏ်သတင်း အားဖြင့် ဆိုပါက... လူပေါင်း တစ်ထောင်ကျော် ပါဝင်သော ကူသခင် အဖွဲ့တစ်ဖွဲ့ကို စုဆောင်းရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
“ကောင်းပါပြီ...”
ရှောင်ချင်အာ က ခေါင်းညိတ် လိုက်သည်။
“ကျွန်မ .. ဘိုးဘေး ချီယန် ဆီကို စစ်သား စုဆောင်းမယ့် အမိန့် ထုတ်ပေးဖို့ လျှောက်ထားလိုက်ပါ့မယ်... အကယ်၍ ညီအစ်ကိုတွေထဲက ဘယ်သူမဆို တောင်ပိုင်း ကင်းလှည့်စစ်တပ်ကို ဝင်ချင်တယ် ဆိုရင်တော့... ကျွန်မဘက်က အကောင်းဆုံး စောင့်ရှောက်ပေးမှာပါ...”
“အခု မင်း စစ်တပ်ကို ပြန်လည် ပြင်ဆင်ပြီးသွားရင်... စန်းဟိုင်ဂိတ် တိုက်ပွဲကို စတင်ဖို့ အသင့်ဖြစ်ပြီလား ချင်အာ...” လီယွမ် က ထပ်မံ မေးမြန်းလိုက်၏။
“ဟုတ်ကဲ့... ဒီကိစ္စက အချိန်ဆွဲလေလေ ပိုပြီး ဆိုးရွားလေလေ ဖြစ်မှာပါ... တောင်ပိုင်း ကင်းလှည့်စစ်တပ်ကို သေချာ လေ့ကျင့်ပေးပြီးတာနဲ့... ကျွန်မတို့ ပြန်လည် တိုက်စစ်ဆင်ပြီး နယ်စပ်ကို ပြန်သိမ်းရမယ်...”
“စန်းဟိုင်ဂိတ်ကို လူသားမျိုးနွယ်တွေရဲ့ လက်ထဲ ပြန်မရောက်မချင်း ကျွန်မရဲ့ နှလုံးသားက အေးချမ်းမှာ မဟုတ်ဘူး...”
“အဲဒီနေရာက ရှေးယခင် ကတည်းက ကမ္ဘာပေါ်မှာ အရေးကြီးဆုံး ဂိတ်တစ်ခု ဖြစ်သလို... တာ့ယန် ရဲ့ အသက်သွေးကြော လည်း ဖြစ်တယ်လေ... နတ်ဆိုးတွေရဲ့ လက်ထဲမှာ ထာဝရ ရှိနေခွင့် ဘယ်ပေးနိုင်မှာလဲ...”
ရှောင်ချင်အာ ၏ မျက်နှာထားမှာ ပြတ်သားလွန်းလှပေသည်။
“ဒီရက်ပိုင်းအတွင်း တောင်ပိုင်း ကင်းလှည့်စစ်တပ် က တပ်မှူးတွေနဲ့ ကျွန်မ ဆွေးနွေးခဲ့ပြီးပြီ... အားလုံးကလည်း ကျွန်မသာ အလံကို မြှောက်လိုက်မယ် ဆိုရင်... ညဇီးကွက် သက်တော်စောင့်တွေ၊ ပိုင်ချန် နဲ့ ဘုရင်နှစ်ပါး တို့က လျစ်လျူရှု မထားနိုင်ဘူး လို့ ယုံကြည်နေကြတာ...”
“အင်အားစု သုံးခုက အချင်းချင်း အပြန်အလှန် ထိန်းချုပ်နေကြတာ... တစ်ဖက်စီကလည်း ဦးဆောင်သူ ဖြစ်ချင်ကြတာပဲ... ဒါပေမဲ့ ဘယ်သူမှ မလှုပ်ရှားကြရင်တော့ ဒီအတိုင်းပဲ ထာဝရ တစ်ဆို့နေမှာပေါ့...”
“ပြည်သူတွေရဲ့ ထောက်ခံမှုကို ရထားတဲ့ တောင်ပိုင်း ကင်းလှည့်စစ်တပ် ကသာ သေချာပေါက် ဦးဆောင်မှုကို အရယူနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်...”
ရှောင်ချင်အာ သည် အစကတည်းက ဤသို့တွေးတောခဲ့ခြင်း ဖြစ်ပြီး ထိုအတိုင်းပင် လက်တွေ့ အကောင်အထည်ဖော် နေခြင်းတည်း။
“ငါလည်း မင်းကို ယုံကြည်ပါတယ်...”
လီယွမ် က သူမကို အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြလိုက်၏။ “ပြည်သူတွေရဲ့ ဆန္ဒကသာ အကြီးမားဆုံးပဲ... တောင်ပိုင်း ကင်းလှည့်စစ်တပ် က သေချာပေါက် အနိုင်ရလိမ့်မယ်...”
“ချင်အာ... အကယ်၍ နောင်ကျရင် မင်းရဲ့ ကူသခင် စစ်တပ်အတွက် အရင်းအမြစ်တွေ ထပ်ဖြည့်ဖို့ လိုအပ်လာမယ် ဆိုရင်... အသား ကူ နဲ့ တခြား လိုအပ်တဲ့ အရာတွေကို ငါ အခမဲ့ ထောက်ပံ့ပေးပါ့မယ်...”
“တကယ်လားဟင်...”
ရှောင်ချင်အာ တစ်ယောက် အံ့အားသင့်ကာ ဝမ်းသာသွားတော့၏။
လီယွမ် ၏ ကူ သန့်စင်ခြင်း အတတ်ပညာကို သူမ ကောင်းစွာ သိရှိထားပေသည်။ လီယွမ် ၏ ပံ့ပိုးမှုသာ ရရှိမည်ဆိုပါက သူမ အနေဖြင့် အထူးချွန်ဆုံးသော ကူစစ်တပ်ကြီး တစ်ခုကို သေချာပေါက် တည်ဆောက်နိုင်ပေလိမ့်မည်။
“သေချာတာပေါ့...”
လီယွမ် က ရယ်လျက်
“တာ့ယန် က ငါ့ရဲ့ ဇာတိမြေပဲလေ... ဒီလို အရေးကြီးတဲ့ အချိန်မှာ ငါက ဘာလို့ တွန့်တိုနေရမှာလဲ...”
“ကျေးဇူးအများကြီး တင်ပါတယ် အစ်ကို လီယွမ်...”
ရှောင်ချင်အာ အလွန်တရာ ဝမ်းမြောက်သွားတော့၏။
“တာ့ယန်ကြီး ငြိမ်းချမ်းသွားတဲ့ တစ်နေ့မှာ... ပြည်သူတွေ၊ စစ်သည်တွေနဲ့ နောင်အနာဂတ်မှာ ပေါ်ထွန်းလာမယ့် စစ်မှန်တဲ့ နဂါး ဧကရာဇ် တို့ဟာ... အစ်ကို လီယွမ် ရဲ့ကြီးကျယ်တဲ့ စွမ်းဆောင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး…”