← Chapters

အခန်း ၁၄၃၁

Vol. 96 Ch. 1431

အခန်း ၁၄၃၁

Vol. 96 Ch. 1431

အခန်း ၁၄၃၁: ဘယ်လိုကြောင့်စိတ်မချရ? ဧရာမဖရုံသီးနှင့်မြင်း!

ချင်လင်မှာ သူပျိုးထောင်ထားသော မျိုးစေ့များ၏မှတ်ချက်နှင့် အချက်အလက်ကိုဖတ်ပြီး စကားမပြောနိုင်အောင်ဖြစ်သွားသည်။

မှတ်ချက်အဓိပ္ပာယ်က အလွန်ရှင်းသော်လည်း အသုံးမဝင်။

ချင်လင် သက်ပြင်းချလိုက်သည်။ စာအုပ်ထဲမှ စာလုံးများမှာ အပေါ်ယံသာရှိပြီး လက်တွေ့လုပ်ဆောင်ခြင်းကသာ စစ်မှန်သော အသိပညာကိုပေးနိုင်သည်ဟူသောအမှန်တရားကို သူနားလည်သွားသည်။

အံ့ဖွယ်ကျောက်စာမှတဆင့် အပင်မျိုးစိတ်ဆိုင်ရာဗဟုသုတများကို သူ ရရှိထားသော်လည်း၊ သူ့ဗဟုသုတများက ထိုနယ်ပယ်မှကျွမ်းကျင်ပါမောက္ခများကိုတောင် အနိုင်ယူနိုင်သော်လည်း၊ သူ့မှာ လက်တွေ့အတွေ့အကြုံနည်းနေသေးသည်။

အရင်က ဒီလိုပျိုးမထောင်ဖူးသောကြောင့်

အံ့သြစရာမျိုးစေ့များကို ချက်ချင်း ပျိုးထောင်နိုင်ရန်ခက်နေသည်။

သို့သော် ချင်လင်က စိတ်ဓာတ်ကျတတ်သူ မဟုတ်။ ဒီလိုဖြစ်လေလေ ပိုစိတ်ဝင်စားလာလေလေပင်။

ထို့ကြောင့် ဂိမ်းထဲမှထွက်ပြီး သူ့အလုပ်ခန်းထဲပြန်သွားကာ မျိုးစေ့ပျိုးထောင်သောဆေးရည်ကို စတင်ပြင်ဆင်သည်။

မျိုးစိတ်ပြောင်းလဲမှုကိုလှုံ့ဆော်ရန် အထူးဆေးရည်များအသုံးပြုခြင်းသည် ခေတ်သစ်ကမ္ဘာတွင် မျိုးစေ့ပျိုးထောင်နေကျ နည်းလမ်းတစ်ခုလည်းဖြစ်သည်။

သို့သော် မျိုးစေ့ပျိုးထောင်ရန်သုံးသည့်ဆေးရည်ကို ​အလွယ်တကူဖော်စပ်မရနိုင်။ ဆေးရည်ကို ဂရုတစိုက်ပြင်ဆင်ရန်လိုပြီး အသုံးပြုသည့် အထူးဆေးရည်ကလည်းကွဲပြားသည်။

ချင်လင်က နောက်ဆေးရည်တစ်မျိုးဖော်စပ်ပြီး မျိုးစေ့များကို ထိုအရည်ထဲစိမ်ထားလိုက်သည်။ အချိန်တန်ရင် တခြားဆေးရည်တစ်မျိုးထပ်မံဖော်စပ်ပြီး ထည့်ရန်သာစောင့်ရတော့မည်။

အချိန်အတော်ယူရမည်။

စမ်းသပ်ပျိုးထောင်ခြင်းက အချိန်ပေးရသည်။ အထူးသဖြင့် အပင်မျိုးစိတ်နှင့်ပတ်သက်လျှင် အချိန်ပိုကုန်သည်။

သို့သော် ဂိမ်းအချိန်ယန္တရားကို သူချက်ချင်း သတိရသွားသည်။ ပျိုးထောင်ထားသော မျိုးစေ့ကို ဂိမ်းထဲထည့်လိုက်ရင် စောင့်ဆိုင်းရမည့်အချိန်တိုတောင်းသွားမည်။

ထိုသို့တွေးမိပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ အချိန်တွက်ချက်ပြီးနောက် မျိုးစေ့ကိုပြန်ထုတ်ကာ ဆေးရည်ထည့်လိုက်သည်။

ဒီလိုနှင့် မျိုးစေ့ကို လျင်လျင်မြန်မြန်ပျိုးထောင်နိုင်သည်။

ဂိမ်းထဲတွင် မျိုးစေ့မှတ်ချက်ကိုလည်းတွေ့ရသည်:

(ပျိုးထောင်ထားသောသာမန်မျိုးစေ့: ပုံမှန်)

(ပျိုးထောင်ထားသောမျိုးစေ့များဖြစ်သည်။ ပျိုးထောင်သူမှာ ပိုစိတ်ချရသူဖြစ်သောကြောင့် မျိုးစေ့အထွက်နှုန်းတိုးလာသည်။)

ချင်လင်က ထိုမှတ်ချက်ကိုမြင်ပြီး နည်းနည်းစိတ်သက်သာရာရသွားသည်။

တိုးတက်မှုသိပ်မရှိသော်လည်း တိုးတော့ တိုးတက်သည်ပင်။

ဒါကြောင့်လည်း စာအုပ်ထဲမှသင်ယူခဲ့သောအရာများကို လက်တွေ့အသုံးချရမည်ဟု သူနားလည်လိုက်သည်။

အံ့ဖွယ်ကျောက်စာမှသူသင်ယူခဲ့သော ဗဟုသုတများမှာ သက်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များထက်သာသော်လည်း လက်တွေ့လုပ်ကြည့်သောအခါ သူအင်အားသိပ်မစိုက်ထုတ်နိုင်ပေ။

ဒါကလည်း အပင်မျိုးစိတ်ပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ကြောင်းသက်သေပြနေသည်။

တစ်ခါတလေ ချင်လင်နည်းနည်းခေါင်းမာတတ်သော်လည်း လုံးဝခေါင်းမာခြင်းမျိုးတော့မဟုတ်။ သူစိတ်ဝင်စားသည့်အရာမှန်သမျှ ပြီးဆုံးအောင်လုပ်တတ်သည်။

ဥပမာ ယခုမျိုးစေ့ပျိုးထောင်ခြင်းကို သူအလွန်စိတ်ဝင်စားနေသည်။

မျောကျောက်ကို သူချက်ချင်းသတိရသွား၏။

မျောကျောက်မှာ အသိဉာဏ်ပွင့်လင်းမှုနှင့် စိတ်ကူးသစ်များကိုဖြစ်ပေါ်စေနိုင်သော အစွမ်းသတ္တိရှိသည်။ နတ်ဘုရားမစမ်းရေကို လောင်းထည့်လိုက်သည်နှင့် အာနိသင် ပြလိမ့်မည်။ သို့သော် မျောကျောက်ကို အသုံးမပြုတာကြာခဲ့ပြီ။

ထိုသို့စဉ်းစားရင်း သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမစမ်းရေရှိရာသွားစေပြီး သူကရေပုံးတစ်ပုံးနှင့် ဂိမ်းထဲဝင်လိုက်သည်။

ထို့နောက် ရေပုံးထဲနတ်ဘုရားမစမ်းရေဖြည့်ပြီး ဂိမ်းထဲမှထွက်လာသည်။

စမ်းရေကိုအတွင်းဘက်မှသယ်လာပြီး မျောကျောက်ရှိရာ လူဖန်တီးထားသောစမ်းချောင်းထဲသို့ လောင်းထည့်လိုက်သည်။

ထို့နောက် သူက မှတ်ချက်ကိုကြည့်လိုက်သည်_

(မျောကျောက်: အထူး!)

(နတ်ဘုရားမစမ်းရေဖြင့် လောင်းထားသော အထူးကျောက်တုံး ဖြစ်သည်။ ထူးခြားသောအကျိုးသက်ရောက်မှုဖြစ်ပေါ်စေနိုင်သည်!)

မျောကျောက်၏အလင်းရောင်က မျှော်စင်ပေါ်ကိုလည်းကျရောက်နေသည်။

သို့သော် နတ်ဘုရားမစမ်းရေမရှိလျှင် ထိုအလင်းရောင်မှာ မည်သည့်အာနိသင်မှမရှိပေ။ နတ်ဘုရားမစမ်းရေနှင့်မှ အာနိသင်ပွင့်လာသည်။

ထို့ကြောင့် ချင်လင်က ဘောပင်နှင့်စာရွက်ယူပြီး မျှော်စင်ပေါ်တက်လိုက်သည်နှင့် ထူးခြားမှုကိုခံစားရသည်။ အလွန်နေရထိုင်ရကောင်းသောခံစားမှုဖြစ်ပြီး သူ့စိတ်ကြည်လင်သွားသည်။

သူက မျှော်စင်ထဲချက်ချင်းထိုင်ချပြီး မျိုးစေ့ပျိုးထောင်မည့်အကြောင်းကို စစဉ်းစားသည်။

မျိုးစေ့များကိုဘယ်လိုပြင်ဆင်ရမလဲဟုစိတ်ကူးတွေးတောသည်။

သူအပြင်သွားလျှင် မမှတ်မိမှာစိုးသောကြောင့် ထိုစိတ်ကူးသစ်များကိုမှတ်တမ်းတင်ထားရန် ဘောပင်အမြန်ယူလိုက်သည်။

ထိုအချိန်တွင် အသံနှစ်သံကြားလိုက်ရသည်။

ပါမောက္ခဝမ်နှင့်တော်ဝင်ပညာရှင်ဖန်းပင်။

"တော်ဝင်ပညာရှင်ဖန်း.. မျှော်စင်ထဲသွားကြစို့"

ပါမောက္ခဝမ်ကပြောသည်။

တော်ဝင်ပညာရှင်ဖန်းက ခေါင်းညိတ်ပြီး_

"ဟုတ်တယ်.. ကျုပ်အဲဒီအကြောင်းကြားဖူးတယ်… ချင်းလင်စံအိမ်ရဲ့ပတ်ဝန်းကျင်က အရမ်းကောင်းတယ်တဲ့… စိတ်ကို ကြည်လင်စေပြီး စဉ်းစားလို့ကောင်းတယ်… တော်ဝင်ပညာရှင်လင်းတို့လည်း ဒီမှာ အေးအေးဆေးဆေးစဉ်းစားပြီး စိတ်ကူးရဖူးတယ်တဲ့'’

ပါမောက္ခဝမ် အံ့သြသွားသည်_

"ဒါကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ… ဒီစံအိမ်မှာတည်းခိုတာလည်း ဒါ ပထမဆုံးအကြိမ်ပဲ"

သူတို့နှစ်ဦးမျှော်စင်ထဲဝင်လာစဉ် တခြားတဖက်တွင်ထိုင်နေသောချင်လင်က တစ်ခုခုရေးနေသည်ကိုတွေ့ရသည်။

တော်ဝင်ပညာရှင်ဖန်းက အံ့သြသွားပြီး_ "သူဌေးချင်ပဲ.. သူတစ်ခုခုရေးနေတာထင်တယ်… စိတ်ကူးအသစ်ရတာလားပဲ… သူ့ကို မနှောင့်ယှက်ဘဲ ဘေးကိုသွားရအောင်"

"ကောင်းပါပြီ"

ပါမောက္ခဝမ် ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦးက ဘေးသို့လျှောက်သွားပြီး ထိုင်လိုက်ကြသည်။ ထိုနေရာကိုလည်း မျောကျောက်အလင်းရောင်လွှမ်းခြုံထားသည်။

သူတို့ထိုင်လိုက်သည်နှင့် စိတ်ကြည်လင်မှုကိုခံစားရသည်။

နှစ်ဦးစလုံး အံ့သြသွား၏။

သူတို့ပိုအံ့ဩမိသည်က အာရုံခံစက်အကွာအဝေးအကြောင်းပြောနေစဉ် တော်ဝင်ပညာရှင်ဖန်းမှာ အကြံတစ်ခု ရလာခြင်းပင်_

"ပါမောက္ခဝမ်… လှိုင်းတွေအပေါ် အာရုံခံစက်ရဲ့ တုံ့ပြန်မှုကိုပြောင်းလဲလို့ရမယ်ထင်လား?’’

ပါမောက္ခဝမ်မှာလည်း မျောကျောက်အလင်းရောင်၏သက်ရောက်မှု ရှိနေသောကြောင့် တော်ဝင်ပညာရှင်ဖန်း၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်၍ ခေါင်းညိတ်ပြီး_

"အမှန်ပဲ… ဒါကအဖြေဖြစ်မယ်… တော်ဝင်ပညာရှင်ဖန်း.. ဖော်မြူလာနည်းနည်းရေးကြည့်ရအောင်"

All Chapters