← Chapters

အခန်း ၁၄၃၂

Vol. 96 Ch. 1432

အခန်း ၁၄၃၂

Vol. 96 Ch. 1432

အခန်း ၁၄၃၂: ဘယ်လိုကြောင့်စိတ်မချရ? ဧရာမဖရုံသီးနှင့်မြင်း! ၂

သူတို့မှာ ဘောပင်နှင့်စာရွက်မရှိသောကြောင့် တော်ဝင်ပညာရှင်ဟောင်တို့လို မြေကြီးပေါ်ချရေးကြသည်။

ရုတ်တရက်ဆိုသလို သူတို့အခက်တွေ့နေသောပြဿနာကြီးက ပြေလည်သွားသလိုပင်!

ဒီပြဿနာကိုဖြေရှင်းဖို့ ဒီလောက်လွယ်ကူလိမ့်မည်ဟု သူတို့တစ်ခါမှမတွေးမိ။ ရုတ်တရက် သူတို့ကိုယ်သူတို့ အရင်ကနည်းနည်းတုံးခဲ့သလို ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်လုံး စိတ်ကူးဉာဏ်ကွန့်မြူးလာပြီး ခက်ခဲသောပြဿနာများကိုကျော်ဖြတ်နိုင်မည့်အရေးတွင် စိတ်နှစ်မြုပ်ထားကြသည်!

ချင်လင်မှာ စိတ်ကူးဉာဏ်ရပြီးနောက် မြန်မြန်ဆန်ဆန်သတိပြန်ဝင်လာသည်။ စာရွက်ပေါ်တွင်လည်း မျိုးစေ့ပျိုးထောင်သောဆေးရည်စပ်နည်းများပြည့်နေပြီဖြစ်သည်။

အံ့သြဖို့ကောင်းစွာပင် ဆေးရည်စပ်နည်းကို နားလည်သဘောပေါက်သွားသည်နှင့် စီးမျောနေသောစိတ်ကူးဉာဏ်အာရုံထဲမှ သူလည်းနိုးထလာသည်။

ချင်လင်မတ်တပ်ထရပ်လိုက်သောအခါ တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်က အသည်းအသန်ဆွေးနွေးနေကြသည်ကိုတွေ့ရသည်။

သိပ်စဉ်းစားနေစရာမလို၊ သူတို့နှစ်ယောက်အပေါ် မျောကျောက်၏သက်ရောက်မှုရှိသောကြောင့် စိတ်ကူးဉာဏ်ပွင့်နေကြပြီ။

သူတို့နှစ်ယောက်လုံး ကံကောင်းသည်ဟုဆိုရမည်။

ချင်လင်က သူတို့နှစ်ယောက်ကိုမနှောင့်ယှက်ချင်သောကြောင့် အပြင်ထွက်ပြီးအလုပ်ခန်းထဲပြန်လာသည်။ စာရွက်ပေါ်မှပျိုးထောင်ရည်၏ကုန်ကြမ်းပစ္စည်းများကိုကြည့်ပြီးနောက် ဓာတ်ခွဲခန်းမှရှန်လီဆီဖုန်းဆက်လိုက်သည်။

လောလောဆယ် သူ့မှာထိုကုန်ကြမ်းပစ္စည်းများမရှိသောကြောင့် ရှန်လီပြင်ဆင်ပြီးပို့ပေးရန် အကူအညီတောင်းရသည်။

နောက်တစ်နေ့အထိ သူစောင့်ရမည်။

ရှန်လီကလည်း မြန်မြန်ဆန်ဆန်ပင်။ နောက်တစ်နေ့မနက်ပိုင်းတွင် ကုန်ကြမ်းပစ္စည်းအားလုံးပို့ပေးလိုက်သည်။

ချင်လင်ကကုန်ကြမ်းများရသည်နှင့် ပျိုးထောင်ဆေးရည်ကိုချက်ချင်းစပ်ပြီး အလုပ်ခန်းထဲမှမျိုးစေ့တချို့ထုတ်ယူလိုက်သည်။

သူကမျိုးစေ့အများကြီးပြင်ဆင်ထားသော်လည်း ဘာမျိုးစေ့မှန်း သူကိုယ်တိုင်တောင်မသိချေ။ ဒါပေမဲ့ ကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် ဘယ်မျိုးစေ့ကိုမဆို သူပျိုးထောင်မည်။

သူကပျိုးထောင်ဆေးရည်ထဲမျိုးစေ့ထည့်ပြီး ဂိမ်းထဲယူသွားလိုက်သည်။

ဒီတစ်ကြိမ်မှာ မျိုးစေ့များကိုပြုစုပျိုးထောင်ရန် ပျိုးထောင်ဆေးရည်ကို အဆင့်ဆင့်ခွဲထားရသေးသည်။

ထို့ကြောင့် အချိန်ကိုသူတွက်ချက်ရသည်။

အချိန်ပြည့်သောအခါ ဂိမ်းထဲဝင်ပြီး မျိုးစေ့များထုတ်ယူကာ ဒုတိယအဆင့်ဆက်လုပ်သည်။

အဲဒီနောက် တတိယအဆင့်...

သူက ဂိမ်းအချိန်စနစ်ကိုသုံးပြီး မျိုးစေ့ပျိုးထောင်ရာ တစ်ရက်ကုန်သွားသည်။ ပြီးလျှင် မှတ်ချက်ကို​​ကြည့်လိုက်သည်_

(အထူးပျိုးထောင်ထားသောရုံးပတီသီးမျိုးစေ့: အဆင့် ၂)

ဒီတစ်ခါပျိုးထောင်တာ ရုံးပတီသီးမျိုးစေ့ဖြစ်နေမည်ဟု ချင်လင်မထင်မိ။

အလွယ်တကူရအောင် မျိုးစေ့အများကြီး ဝယ်ထားခြင်းသာ။ သီးခြားစီခွဲမထားသလို မှတ်ချက်ရေးထားခြင်းလည်းမရှိပေ။

ထို့အပြင် သူပျိုးထောင်လိုက်သောမျိုးစေ့က အဆင့် ၂ ရှိနေသောကြောင့် သူအလွန်စိတ်လှုပ်ရှားသွားသည်။

ထိုရုံးပတီသီးမျိုးစေ့များမှာ တကယ့်လက်တွေ့ဘဝမှဖြစ်သောကြောင့် သာမန်မျိုးစေ့များသာဖြစ်သည်။ အခုတော့ အဆင့် ၂ မျိုးစေ့ဖြစ်သွားပြီ။

ဒါ သူဘယ်လောက်အံ့ဩစရာကောင်းလဲ သက်သေပြနေတာမလား?

ချင်လင်က ရုံးပတီသီးမျိုးစေ့၏ထူးခြားသောမှတ်ချက်များကို ချက်ချင်းကြည့်လိုက်သည်။

[စိတ်မချရသောသုတေသီတစ်ယောက်ပျိုးထောင်ထားသောမျိုးစေ့ဖြစ်သည်။ ကြီးထွားရင့်မှည့်လာသောအခါ အထူးအာနိသင်ရှိလာမည်:

ရင်သားပိုင်းဆိုင်ရာထိန်းညှိမှု +၁၊ အရည်လှည့်ပတ်မှု +၁၊ ကျောက်ကပ်နှင့်ယောကျာ်းစွမ်းအင်ဖြည့်တင်းခြင်း -၂!]

“???”

မှတ်ချက်ဖတ်ပြီး ချင်လင်ဆွံ့အသွားသည်။

ရင်သားပိုင်းဆိုင်ရာ ထိန်းညှိမှု +၁ နဲ့ အရည်လှည့်ပတ်မှု +၁ တိုးလာတာ ထားပါတော့။ ရုံးပတီသီးမှာ ဒီလိုအာနိသင်တွေရှိတာပဲ။

ဒါပေမဲ့ ‘ကျောက်ကပ်နှင့်ယောကျာ်းစွမ်းအင် ဖြည့်တင်းခြင်း -၂’ ဆိုတာက?

+၂ ဖြစ်သင့်တာ မဟုတ်လား?

-၂ ဆိုရင် တန်းသေမသွားနိုင်ဘူးလား?

ချင်လင်က ‘စိတ်မချရသောသုတေသီ’ ဆိုသည့်အကဲဖြတ်မှတ်ချက်ကိုပြန်ကြည့်ပြီး နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

သော*က်မျိုးစေ့ပျိုးထောင်ရည်ကို မျောကျောက်အာနိသင်အားကိုးနဲ့လုပ်ခဲ့ပေမဲ့ ဒီလိုအကူအညီနဲ့တောင် အာနိသင်လျော့ကျအောင်လုပ်မိတယ်ပေါ့။

တကယ်အရှက်ရစရာ။

သူသုတေသနလုပ်သင့်ရဲ့လားဟုတောင် သူ့ကိုယ်သူသံသယဝင်မိသည်။

မှတ်ချက်ထဲမှအာနိသင်များကိုကြည့်ပြီးနောက် ရုံးပတီသီးမျိုးစေ့များကို ချက်ချင်းဖျက်ဆီးပစ်လိုက်၏။

ဒီရုံးပတီသီးမျိုးစေ့တွေသာအပြင်ရောက်သွားရင် လူဘယ်နှစ်ယောက်ရဲ့လိ*င်ပိုင်းဆိုင်ရာသာယာပျော်ရွှင်မှုတွေပျက်စီးသွားမလဲဆိုတာ ဘယ်သိနိုင်မလဲ?

တကယ့်အပြစ်ကြီးတစ်ခုဖြစ်သွားမည်။

ချင်လင်က အလုပ်ခန်းထဲမှထွက်ပြီး သူ့ရုံးခန်းထဲပြန်လာသည်။ ထိုစဉ် တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်က လောလောနှင့်ဝင်လာ၏။

ပါမောက္ခဝမ်ကလည်းဘေးမှာရပ်ပြီး အရမ်းဝမ်းသာနေသည်။

သူမနေ့ညက တော်ဝင်ပညာရှင်ဖန်းနှင့်အတူ ဒီနည်းပညာကိုဖော်ထုတ်နိုင်ခဲ့ပြီး တော်ဝင်ပညာရှင်ဖန်းလိုလူမျိုးနှင့် စိတ်ကူးစိတ်သန်းချင်းတူညီအောင်လိုက်နိုင်ခဲ့သည့်အတွက် အောင်မြင်သလိုခံစားနေရသည်။

ဒါ ဥက္ကဌချင်ဆီကတစ်ခုခုရယူပြီး သူ့ကိုယ်ပိုင် သုတေသနအဖြစ် လူအထင်လွဲခံရသောအောင်မြင်မှုမျိုးနှင့်မတူ။

ချင်လင်ကခေါင်းညိတ်ပြီး ရှန်လီဆီချက်ချင်း ဖုန်းဆက်လိုက်သည်။

ထူးထူးဆန်းဆန်းအရည်အသွေး ၂ ရှိသောရုံးပတီသီးကို သူပျိုးထောင်မိသလို တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်တို့လည်း မျောကျောက်အာနိသင်ရပြီး သူ့လိုကံမဆိုးကြပါစေနှင့်ဟု သူမျှော်လင့်မိသည်။

သူ့ကိုနှုတ်ဆက်ပြီးနောက် တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်က ချင်းလင်ဓာတ်ခွဲခန်းသွားကြသည်။

ချင်လင်ကမူ အပန်းဖြေစံအိမ်ထဲမှထွက်ပြီး ဦးထုပ်ဆောင်း၊နှာခေါင်းစည်းတပ်ကာ ချင်းလင်စံအိမ်တဝိုက်လမ်းလျှောက်ထွက်သည်။

ပထမဆုံးရောက်သောနေရာမှာ အဝင်အထွက် ဂိတ်ပေါက်ဖြစ်သည်။

Optimus Prime နှင့် Megatron က လုံခြုံရေးတာဝန်များကို သစ္စာရှိရှိဆောင်ရွက်နေဆဲပင်။ သူတို့က လော်စပီကာကိုင်ပြီး ခရီးသည်များကို သတိထားရမည့်အချက်များ အမြဲသတိပေးနှိုးဆော်နေသည်။

ခရီးသည်အားလုံးကလည်း ဖုန်းနှင့်ဓာတ်ပုံများရိုက်နေပြီး ဓာတ်ပုံရိုက်ချင်သောခရီးသည်တန်းကြီးမှာ အရှည်ကြီးဖြစ်နေပြီ။

Optimus Prime နှင့် Megatron ၏ရေပန်းစားမှုက ထိပ်ဆုံးရောက်နေသည်။ ချင်းလင်ရှုမျှော်ခင်းမှာတင် လူတန်းရှည်တာမဟုတ်၊ ရုံချန်းမှာပါ ယာဉ်ကြောပိတ်ဆို့ပြီး ယာဉ်တန်းရှည်နေပြီဖြစ်သည်။

ထို့နောက် ချင်လင်က ပလာဇာအသစ်ဆီသွားသည်။

သူရောက်သွားချိန်တွင် Optimus Prime နှင့် Megatron က တိုက်ပွဲပြကွက်နှင့်ဖျော်ဖြေနေသည်။ စက်ရုပ်အချင်းချင်းပြင်းပြင်းထန်ထန် တိုက်နေသောလှလှပပပြကွက်​ကြောင့် ဘေးပတ်လည်မှခရီးသည်များ အံ့သြတကြီးရေရွတ်နေကြသည်။

Optimus Prime မှာ ချင်းလင်ရှုမျှော်ခင်းအတွက်ထူးထူးခြားခြားအရာတစ်ခုဖြစ်လာသည်ဟုဆိုရမည်။ ထို့အပြင် ဒီရှုမျှော်ခင်းမှာသာရှိသောထူးခြားမှုတစ်ခုဖြစ်သည်။ တခြားနေရာတွေမှာ ဒီလိုထားချင်ရင်တောင် ငွေဘယ်လောက်ရှိရှိ တတ်နိုင်မည့်အရာမဟုတ်ပေ။

ထို့ကြောင့် Elba အဖေအလုပ်လုပ်ရင်လုပ်သလို လက်ရှိစာချုပ်ချုပ်ထားသောမြေကွက်မှာ စိတ်ကူးယဉ်သိပ္ပံရှုမျှော်ခင်းဌာနတစ်ခု အနှေးနှင့်အမြန်ဖွံ့ဖြိုးတိုးတက်လာတော့မည်။

အချိန်ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်ဆုံးသွားသည်။

မနက်စောစောစီးစီး ချင်လင်ရုံးခန်းထဲရောက်ချိန်တွင် ယွီရွှေ့ဖုန်းဆက်လာသည်။

“တကယ်လား?”

သူကအံ့သြပြီးမေးလိုက်သည်။

“ဟုတ်ပါတယ်... မန်နေဂျာလင်းလည်း ရောက်နေပါပြီ... သူက အများပြည်သူအတွက်ဆိုင်ဖွင့်ဖို့ စဉ်းစားနေပါတယ်”

ယွီရွှေ့ကပြောသည်။

“ကောင်းပြီ.. အခုချက်ချင်းလာခဲ့မယ်”

ချင်လင်ကဖုန်းချပြီး ဧရာမကောက်ပဲသီးနှံများစိုက်ပျိုးထားသောမြေကွက်ဆီသွားလိုက်သည်။

ယွီရွှေ့က ဧရာမကောက်ပဲသီးနှံများရင့်မှည့်နေပြီဖြစ်၍ရိတ်သိမ်းနိုင်ကြောင်း ဖုန်းဆက်အသိပေးခြင်းဖြစ်သည်။

အခုလင်းလန်ဇီက လူများခေါ်ထားပြီး ဧရာမ ကောက်ပဲသီးနှံဇုံဖွင့်ရန်စဉ်းစားနေခြင်းပင်။

လင်းလန်ဇီက စိတ်ဝင်စားစရာသတင်းကောင်းတစ်ခုဖန်တီးတော့မည်မှန်း သူကောင်းကောင်းသိသည်။ ဒီအမျိုးသမီးက သူ့ထက်အများကြီးပိုပြီးအရည်အချင်းရှိသည်။ အနည်းဆုံး ပွဲလမ်းသဘင်များစီစဉ်ကျင်းပခြင်းနှင့်ပရောဂျက်အသစ်များနာမည်ကြီးအောင်လုပ်သည့်နေရာတွင် သူ့ထက်အများကြီးသာသည်။

ထို့ကြောင့် ကျောက်မိုချင်းတာဝန်ခံရာထူးမှနုတ်ထွက်ပြီး လင်းလန်ဇီကိုလွှဲပြောင်းပေးခဲ့တာ မမှားပေ။

အရည်အချင်းရှိတဲ့ဝန်ထမ်းတစ်ယောက်ရှိရင် အလုပ်ရှင်လည်းသက်သာသည်။

မကြာမီ ဧရာမကောက်ပဲသီးနှံများစိုက်ပျိုးထားသောနေရာသို့ ချင်လင်ရောက်သွားသည်။

ထိုနေရာကိုလိုက်ကာများနှင့်ပတ်ပတ်လည်ကာရံထားသောကြောင့် အပြင်ကလူများမမြင်နိုင်။

ထိုမြေကွက်မှာ လိုင်းပေါ်တွင်လူပြောများနေဆဲဖြစ်သည်။ အထဲမှာဘာတွေဖြစ်နေလဲ အားလုံးသိချင်နေသောကြောင့် အစောင့်ကြီးစောင့်ခဲ့ရသော်လည်း ဖွင့်မပေးသေး။

သူတို့တစ်ခုခုလုပ်နေတယ်ဆိုရင်တောင် အခုလောက်ဆိုပြီးသင့်ပြီမလား?

“အဲဒါ ရှောင်ချင်ပဲ!”

“သူ အထဲဝင်သွားပြီ၊”

“တကယ် သူပဲ!”

ချင်လင် ဧရာမကောက်ပဲသီးနှံအကွက်ထဲဝင်သွားသည်ကို ခရီးသည်တချို့ကမြင်ပြီး ပိုစပ်စုမိကြသည်။ ရှောင်ချင်က အပင်မျိုးစိတ်ပညာရှင်မှန်း အားလုံးသိကြသည်။ ရုတ်တရက် သူဒီရောက်လာခြင်းမှာ တစ်ခုခုကိုသုတေသနလုပ်နေတာဖြစ်နိုင်သည်။

ထို့ကြောင့် ခရီးသည်များက ဗီဒီယိုအသည်းအသန်ရိုက်ထားပြီး လူစိတ်ဝင်စားခံရအောင် လိုင်းပေါ်တင်ကြသည်။

ချင်လင်အထဲဝင်လိုက်သောအခါ ယွီရွှေ့နှင့်လင်းလန်ဇီကိုတွေ့ရသည်။

လင်းလန်ဇီက လူတချို့နှင့်အတူ မြင်းနှစ်အုပ်ကို စောင့်ကြည့်နေပြီး မြင်းထိန်းသမားက မြင်းများငြိမ်သက်အောင်လုပ်ပေးနေသည်။

ဘေးတွင် ယွီရွှေ့တို့က ဧရာမရွှေဖရုံသီးကြီးတစ်လုံးနှင့်အလုပ်ရှုပ်နေကြသည်။

ကြီးတာလည်းမပြောနှင့်။ နှစ်မီတာကျော်၊ နှစ်မီတာခွဲနီးပါးခန့်ရှိသည်။

ပုံမှန်အားဖြင့် ဧရာမရွှေဖရုံသီးက ဒီလောက်မကြီးတတ်သော်လည်း လက်တွေ့က ဂိမ်းတစ်ခုမဟုတ်။ စိုက်ပျိုးထားသောရွှေဖရုံသီးများမှာ ဂိမ်းထဲကအရွယ်အစားအတိုင်းမဖြစ်နိုင်။ အရွယ်အစားကွာခြားမှုသေချာပေါက်ရှိနိုင်သောကြောင့် ဒီထက်ပိုကြီးတာထွက်လာလည်း မဆန်းပေ။

သူတို့က ရွှေဖရုံသီးအတွင်းသားအားလုံးခြစ်ထုတ်ထားပုံရပြီး ရွှေဖရုံသီးပေါ်တွင် တံခါးနှင့်ပြတင်းပေါက်လိုအပေါက်တချို့တောင်ဖောက်ထားကြသည်။

ထိုမြင်ကွင်းကြောင့် ချင်လင်နည်းနည်းဇဝေဇဝါ ဖြစ်သွားသည်။

သူဘာလုပ်နေတာလဲ?

All Chapters