← Chapters

အခန်း ၁၄၃၄

Vol. 96 Ch. 1434

အခန်း ၁၄၃၄

Vol. 96 Ch. 1434

အခန်း ၁၄၃၄: စင်ဒရဲလားရဲ့ဖရုံသီးမြင်းရထား?

“ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုမြန်မြန်ကြည့်ကြဦး!”

“ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ အံ့ဩစရာတစ်ခုရှိတယ်!”

“ချင်းလင်စံအိမ်တရားဝင်အကောင့်ကို မြန်မြန်သွားကြည့်”

ထိုမှတ်ချက်များကြောင့် အတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့်ဆီအာရုံရောက်သွားကြသည်။

ထိုအချိန်_

ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်လိုက်သောဗီဒီယိုကလည်း ရေပန်းစားလာသည်။

တရားဝင်အကောင့်တွင် ပရိသတ်အများအပြားရှိသောကြောင့် ထိုဗီဒီယိုက ချက်ချင်းဆိုသလို ရေပန်းစားလာခြင်းပင်။

ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောဗီဒီယိုမှာ ဖရုံသီးရထားလုံးပြုလုပ်ပုံဗီဒီယိုဖြစ်သည်။

ထိုဗီဒီယိုကိုမြင်သူတိုင်း အံ့အားသင့်သွားကြသည်။

ဗီဒီယိုအစတွင် ဧရာမဖရုံသီးကြီးတစ်လုံးပေါ်လာပြီး ချင်းလင်စံအိမ်ဝန်ထမ်းများက ထိုဖရုံသီးကြီးကိုစတင်တူးဆွကြသည်။

ဖရုံသီးအသားများကို တစ်ဖဲ့ချင်းကော်ထုတ်ကြ၏။

အလွန်အံ့ဩဖို့ကောင်းသည်။

ဖရုံသီးအသားများမှာ အတုမဟုတ်ဘဲ အစစ်ဖြစ်နေသောကြောင့်ပင်။

ဗီဒီယိုထဲတွင် ဖရုံသီးအသားတူးထုတ်သည့်လုပ်ငန်းစဉ်က အလွန်မြန်ဆန်ပြီး မကြာမီ ဝင်ရိုးတပ်ဆင်ကာ မြင်းနှင့်ချိတ်ဆက်သည့်အဆင့်ရောက်သွားသည်။

အားလုံးရှေ့တွင် ဖရုံသီးရထားလုံးတစ်စီးဖြစ်သွားသည်။

တနည်းပြောရရင် ဖရုံသီးရထားလုံးကို တကယ့်ဖရုံသီးအစစ်နဲ့လုပ်ထားတာပေါ့?

ဒါပေမဲ့ ဒီဖရုံသီးက မကြီးလွန်းဘူးလား?

အနည်းဆုံး ၂ မီတာကျော်မည်။

ဒီလိုဖရုံသီးမျိုးက တစ်သက်မှာတစ်ခါ မြင်ရခဲသည်ဟုဆိုရမည်။

ချက်ချင်းဆိုသလို ထိုဗီဒီယိုက လူပြောစရာကိစ္စဖြစ်သွားသည်!

"ဖရုံသီးက အစစ်လား? ပြောကြပါဦး"

"အစစ်ဖြစ်နိုင်တယ် အလိုလေး"

"ဒီလောက်ကြီးတဲ့ဖရုံသီးကြီး မယုံနိုင်စရာပဲ... ရှောင်ချင်က ဒီဧရာမဖရုံသီးမျိုးကိုသုတေသနလုပ်လိုက်တာလား?''

အတော်များများကစိတ်ဝင်စားပြီး အလွန်သိချင်နေကြသည်။

သို့သော် ချင်းလင်စံအိမ်ဘက်မှရှင်းပြခြင်းသိပ်မရှိသောကြောင့် လူတိုင်း၏စပ်စုချင်စိတ်က ငယ်ထိပ်ရောက်လာသည်။

လိုင်းပေါ်တွင် စိတ်ဝင်စားသူများပြားလာ၏။

အချိန်တိုအတွင်း ဖရုံသီးရထားလုံး၊ရှောင်ချင်နှင့်ဧရာမဖရုံသီးကြီးမှာ လိုင်းပေါ်တွင်ရေပန်းအစားဆုံးအကြောင်းအရာများဖြစ်လာသည်ဟုဆိုရမည်။

လူများကို သို့လောသို့လောဖြစ်အောင်လုပ်ထားခြင်းမှာ လင်းလန်ဇီ၏ရည်ရွယ်ချက်လည်းဖြစ်သည်။

ဆာလောင်မှုဗျူဟာသုံးပြီး စျေးကွက်ရှာဖွေခြင်း 'Hunger Marketing' နှင့်ဆင်သည်။

ထိုစိတ်ကြောင့် စိတ်ဝင်စားသူများလာခြင်းပင်။

ထို့ကြောင့် ဧရာမသီးနှံများစိုက်ပျိုးထားသောချင်းလင်ရှုမျှော်ခင်းသို့ ခရီးသည်များပိုမိုရောက်ရှိလာကြသည်။

လိုင်းပေါ်တွင်လည်း စပ်စုချင်သူများနေပြီဖြစ်သည်။

ရှုမျှော်ခင်းသို့ရောက်နေသောခရီးသည်များကလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုကြသည်။

သို့သော် ထိုနေရာကိုလုံခြုံရေးဝန်ထမ်းများက ပိတ်ဆို့ထားသောကြောင့် ခရီးသည်များအနီးကပ်သွားခွင့်မရ​ချေ။

ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် စည်းကမ်းကို အလေးထားသဖြင့် မည်သည့်ခရီးသည်မှ အတင်းဝင်ရောက်ခြင်းမရှိကြ။ ရှက်စရာကောင်းလိမ့်မည်။ လိုင်းပေါ်ပြန့်သွားရင် လူကြားထဲရှက်စရာကောင်းသည်။

လူအများရှေ့အရှက်ကွဲခံမည့်သူမှလွဲ၍ အသိဉာဏ်မဲ့စွာလုပ်မည့်သူမရှိနိုင်။

ထို့ကြောင့် ခရီးသည်များက လိုက်ကာများကိုသာ ဖုန်းနှင့်ဓာတ်ပုံရိုက်ကြသည်။

လူစိတ်ဝင်စားမှုအမြင့်ဆုံးအချိန်တွင် ချင်းလင်စံအိမ်ဝန်ထမ်းများက လိုက်ကာများကိုစတင်ဖယ်ရှားလိုက်သည်။

ဝန်ထမ်းများကသွက်သွက်လက်လက်လှုပ်ရှားသောကြောင့် လိုက်ကာများကိုမြန်မြန်ဆန်ဆန်ဖယ်ရှားပြီးစီးသွားသည်။

နောက်ဆက်မြင်ရသည့်မြင်​ကွင်းကြောင့် လူတိုင်းအံ့အားသင့်သွား၏။

အားလုံးထင်ထားသည့်အတိုင်း ထိုနေရာတွင် ဧရာမဖရုံသီးကြီးများအမှန်တကယ်ရှိနေသည်။ မြေကွက်တစ်ကွက်လုံးဖရုံသီးကြီးများပြည့်နေပြီး တစ်လုံးတစ်လုံးကို အနည်းဆုံး ၂ မီတာခန့်ရှိမည်။

ရှောင်ချင် တကယ်ဖန်တီးလိုက်ပြီ။

သို့ရာတွင် အမှန်တကယ်အံ့ဩရသည်က ဖရုံသီးများမဟုတ်။ ဖရုံံခင်းဘေးတွင် ခရမ်းသီးကြီးများရှိသည်။ ထိုခရမ်းသီးများမှာ အလွန်ကြီးမားပြီး အမြင်နှင့်ကြည့်လျှင် လူ့တရပ်ကျော်မည်။

ဒီလိုခရမ်းသီးမျိုး ဘယ်သူမြင်ဖူးပါသလဲ?

ပြီးတော့ ဘေးက နေကြာပန်းတွေ?

နေကြာပန်းဆိုပေမဲ့ သစ်ပင်လောက်ကြီးတဲ့နေကြာပန်းမျိုး ဘယ်သူမြင်ဖူးလဲ?

ထိုနေကြာပန်းများရှေ့တွင် အရင်ကအံ့ဩခဲ့ရသောဂျုံခင်းလိုချင်းလင်စပါးခင်းတောင် သိပ်မဆန်းတော့သလိုဖြစ်သွားသည်။

ဒီတော့ ဒါတွေအားလုံး ရှောင်ချင်သုတေသနလုပ်ထားတာလား?

ရှောင်ချင်က အံ့ဩစရာကောင်းလွန်းသည်ဟုသာပြောရတော့မည်။

ခရီးသည်များကမနေနိုင်ဘဲ ဧရာမသီးနှံများကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ကြသည်။

အချိန်တိုအတွင်း ထိုဗီဒီယိုများကလိုင်းပေါ်ပြန့်ပြီး လိုင်းပေါ်မှာအံ့ဩကြပြန်သည်။

ရှောင်ချင်က ဧရာမအပင်တစ်မျိုးမျိုးပျိုးထောင်ထားသလားဟုခန့်မှန်းမိကြသော်လည်း တစ်မျိုးမကကြောင်းကိုယ်တိုင်မြင်တွေ့ရသောအခါ အံ့ဩမှုကိုမထိန်းနိုင်ကြ။

"၆၆၆.. ရှောင်ချင်က ငါတို့ကိုစိတ်မပျက်စေဘူးဆိုတာသိသားပဲ"

"ဒီလောက်ကြီးတဲ့ဖရုံသီး ခရမ်းသီးနဲ့ နေကြာပန်းတွေ... ထန်းပင်လောက်ရှိတယ်မလား? စားဖိုမှူးတွေကိုသတ်နေတာလား?"

"ဒီအသီးကြီးတွေအရသာဘယ်လိုနေမလဲပဲ သိချင်တာ"

"အပေါ်ကလူ... အရသာကိုစိတ်မပူပါနဲ့... ရိုးရိုးအရသာဆိုရင်တောင် ကျုပ်တို့နိုင်ငံမှာဟိုယောင်ယောင်ဒီယောင်ယောင်တွေများနေမှာပဲ''

"မင်း ဘယ်သူ့ကိုစောင်းပြောနေတာလဲ?''

လိုင်းပေါ်တွင် ဧရာမသီးနှံများအကြောင်းပွက်လောရိုက်သွားသည်ဟုဆိုရမည်။

Linlin ဓာတ်ခွဲခန်း၌_

တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်တို့သုတေသနလုပ်ပြီးအနားယူနေစဉ် သုတေသီတချို့ ဖုန်းနှင့်စကားပြောနေသည်ကိုကြားလိုက်ရသည်။

"ဥက္ကဌချင်က တကယ်အံ့ဩဖို့ကောင်းတာပဲ"

"ဟုတ်တယ်.. သူရလဒ်ထွက်တိုင်း ဟိုးလေးတကျော်ကျော်ဖြစ်တာ!"

တော်ဝင်ပညာဖန်းနှင့်ပါမောက္ခဝမ်တို့လည်း ဧရာမအပင်များအကြောင်းသတင်းကိုတွေ့သွားသည်။

သူတို့နှစ်ယောက်လည်း စိတ်လှုပ်ရှားမိကြသည်။

"သူဌေးချင်ရဲ့အပင်မျိုးစိတ်သုတေသနကတော့ ပြိုင်ဘက်ကင်းပဲ"

တော်ဝင်ပညာဖန်းက ပြောသည်။

ပါမောက္ခဝမ်ကလည်းထောက်ခံသည်_

"ဟုတ်တယ်.. ဥက္ကဌချင်က ကျွန်တော်အလေးစားရဆုံးပုဂ္ဂိုလ်ပဲ''

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုလည်း သတင်းမြင်ပြီး ချင်လင်ကိုဖုန်းဆက်သည်_

"သူဌေးချင်.. ဂုဏ်ယူပါတယ်... နောက်ထပ်သီးနှံကောင်း ၅ မျိုးသုတေသနလုပ်လိုက်ပြန်ပြီ... နောက်ပြီး ၅ မျိုးလုံးက မျိုးစိတ်ပြောင်းလဲမှုကိုမူတည်ထားတာပဲ... ကမ္ဘာမှာ မင်းတစ်ယောက်ပဲ ဒါမျိုးလုပ်နိုင်လိမ့်မယ်... မင်းရှိနေသရွေ့ ဒီအပိုင်းကသုတေသီအားလုံးကိုအနိုင်ယူနိုင်မှာ''

ထိုစကားကြောင့် ချင်လင်ဆွံ့အသွားသည်။ ကျောက်ကပ်အားကောင်းတဲ့ရုံးပတီသီးကို ဝန်ကြီးလုဆီပေးလိုက်ရင် ဒီလိုဆက်ပြောဦးမလား သူသိချင်မိသည်။

လင်းလန်ဇီကလည်း ချင်းလင်ရှုမျှော်ခင်းတွင် ဧရာမသီးနှံခင်းများကိုလည်ပတ်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ ထို့အပြင် ပထမပတ်အတွင်း ကံထူးရှင်များကို နေ့စဉ်ရွေးချယ်ပြီး ထိုဧရာမသီးနှံများကိုအရင်ဆုံးမြည်းစမ်းခွင့်ပေးမည်ဖြစ်သည်။

ထိုသတင်းကြောင့် လိုင်းပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်ပြန်သည်။

လင်းလန်ဇီ၏ကြေညာချက်ကြောင့် ခရီးသည်များက ဖုန်းနှင့်ရုံချန်းလက်မှတ်များစဖြတ်ကြသည်။

ဘာပဲဖြစ်ဖြစ် "နံပါတ်တစ်"၊"ပထမဆုံး"ဆိုလျှင် လူများက အလုအယက်ကြိုးစားကြစမြဲပင်။

အခုဧရာမသီးနှံများကအလွန်ရေပန်းစားပြီး လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေသည်။ ဧရာမသီးနှံံများမှာပေါ်ခါစဖြစ်သောကြောင့် အရင်စားနိုင်သူမှာ ထူးထူးခြားခြားအဓိပ္ပါယ်ရှိသည်။

ထိုအဓိပ္ပါယ်ကြောင့်လည်း မြည်းစမ်းလိုခြင်းပင်။ စားနိုင်ရင် ကြွားနိုင်မည်။ နောက်နောင် ဒီအပင်ကြီးတွေပြန့်သွားရင် သူတို့ကပေါ်ပေါ်ချင်းစားဖူးသည်ဟု ယုံကြည်ချက်အပြည့်နှင့်ပြောနိုင်မည်။

သို့သော် လင်းလန်ဇီ၏ကြေညာချက်ကြောင့် ရုံချန်းယာဉ်ထိန်းရဲဌာနမှတာဝန်ရှိသူများမှာ လန့်နေကြသည်။ တာဝန်ခံမှာ ရင်ဆိုင်ရမည့်လူအုပ်ကြီးကိုတွေးမိပြီး ခေါင်းချွေးများပြန်လာတော့သည်။

All Chapters