အခန်း ၁၄၃၅
Vol. 96 Ch. 1435
အခန်း ၁၄၃၅: နတ်သမီးပုံပြင်တွေက အလိမ်အညာမဟုတ်!
လူသားများက သက်ရှိအားလုံး၏အထွတ်အမြတ်ဖြစ်ခြင်းမှာ တချို့အရာများတွင် ဇွဲနပဲကြီးသောကြောင့်ပင်။ နံပါတ်တစ်နေရာကိုတောင် အစွဲအလမ်းကြီးကြသည်။
အရင်ကမရှိဖူးသောသီးနှံကိုမြည်းရမည့်ပထမဆုံးအခွင့်အရေးကိုပါ စိတ်စွဲနေကြ၏။
ထိုစိတ်ကို လင်းလန်ဇီကအမိဖမ်းပြီး ကံကောင်းသောခရီးသည်က ဧရာမသီးနှံကိုမြည်းရမည်ဟူသောပွဲတစ်ခုဖန်တီးလိုက်သည်။
သို့သော် လိုင်းပေါ်တွင်ပို့စ်တစ်ခုထွက်လာပြီးနောက် ထိုအစွဲအလမ်းကြီးမှုက ပိုပြင်းထန်လာသည်။
ကံကောင်းသောခရီးသည်အနည်းငယ်သာ အစားအစာကိုရမည်ဖြစ်ကြောင်းသိကြသော်လည်း သိန်း ၅၀ ထီပေါက်မည်ဆိုပါက မထိုးဘဲနေကြမည်လား?
ထိုပို့စ်တွင် ရေးထားသည်မှာ_
”ဒီဧရာမအပင်ကြီးပေါ်ထွက်လာတာ သမိုင်းစာအုပ်ထဲမှာ သေချာပေါက်မှတ်တမ်းတင်ခံရမှာ... ဒါကိုပထမဆုံးမြည်းခွင့်ရတဲ့လူတွေလည်း သမိုင်းစာအုပ်ထဲမှာနာမည်ကြီးသွားနိုင်တယ်“
ထို့ကြောင့် စိတ်ဝင်စားသူပိုများလာသည်။
နောက်တစ်နေ့ ရုံချန်းယာဉ်လမ်းကြောမှာ အရင်လိုဖြစ်နေဆဲပင်။
ချန်လီက အစီရင်ခံစာရပြီး စွန်းရှန်ဆီအရင်သွားသည်။
စွန်းရှန်လည်း သူ့ဖုန်းနှင့်သတင်းကြည့်နေသည်။ ချန်လီကိုမြင်သည်နှင့် သူကမေးသည်_
"အားလုံးပိတ်သွားပြီလား?''
ချန်လီကခေါင်းညိမ့်ပြီး_
"အားလုံးပိတ်သွားပြီ... အရမ်းဆိုးတယ်... သူဌေးချင်က ဧရာမသီးနှံကြီးတွေပျိုးထောင်လိုက်တာနဲ့ လူတွေဒီလောက်အသည်းအသန်ဖြစ်ကြမယ်လို့်ထင်မလဲ?''
"ဟင်း''
စွန်းရှန်က သက်ပြင်းချပြီး_
"ဒီနှုန်းနဲ့ဆို ပတ်လမ်း ၆ ခုလည်း အလုပ်ဖြစ်မယ်မထင်ဘူး''
"ဒါပေမဲ့ ကျွန်တော်တို့က စီရင်စုလေ... ပေကျင်းမှာ ဘယ်ပတ်လမ်းတွေရှိလဲ?''
ချန်လီကြောင်သွားသည်။
တကယ်တော့ ပေကျင်းနှင့်သူတို့မတူ။ ပေကျင်းပတ်လမ်းတိုင်း၏အကျယ်နှင့်အရှည်က သူတို့ထက်အများကြီးသာသည်။ သို့ရာတွင် စီရင်စုငယ်လေးမှာ အပြင်ပတ်လမ်းတွေရှိတာ သူတို့ပထမဆုံးပင်။
သူတို့နှစ်ဦးစကားပြောနေစဉ် ခရီးသည်များမှာ ဒုက္ခရောက်နေကြသည်။ အရင်ဆုံးထွက်လာသောခရီးသည်တချို့မှလွဲ၍ ကျန်ခရီးသည်အားလုံးလိုလိုပိတ်မိနေကြသည်။
ချန်ရန်လည်း အပါအဝင်ပင်။
သူမက အလှအပပြင်ပြီး သူမအရင်းနှီးဆုံးသူငယ်ချင်းနှင့် အစားအသောက်ကောင်းကောင်းစားရသည်ကိုသဘောကျသည်။
ချင်းလင်စံအိမ်ကိုလည်း လာချင်သည်။
အရင်ကတည်းက ချင်းလင်စံအိမ်သို့လာလည်ရန် ဆန္ဒပြင်းပြခဲ့သည်။
ဒီတစ်ခေါက် သီးနှံကြီးများကိုမြင်ပြီး လာမည်ဟုဆုံးဖြတ်လိုက်သည်။
ရုံချန်းလက်မှတ်ကို သူမ မဖြတ်နိုင်ခဲ့။ အမြန်ရထား၊ ကျည်ဆန်ရထား၊ ရုံချန်းသို့တိုက်ရိုက်ဖြစ်စေ၊ ရုံချန်းဘူတာကိုဖြတ်သွားသောရထားဖြစ်စေ၊ လက်မှတ်အားလုံးကုန်သွားပြီ။
လုံးဝအသည်းအသန်ဟုပြောရမည်။
မတတ်သာသည့်အဆုံး သူမသူငယ်ချင်းနှင့်တစ်ယောက်တစ်လှည့်ကားမောင်းပြီးထွက်လာကြသည်။
သို့သော် သူတို့ရောက်သောအခါ သူငယ်ချင်းနှစ်ယောက်သားကြောင်သွားသည်။ ရုံချန်းထဲတောင်မဝင်ရသေးဘဲ လမ်းပိတ်နေပြီ။
မွန်းတည့်ခါနီးမှသာ ရုံချန်းထဲဝင်လာပြီး ချင်းလင်ရှုမျှော်ခင်းသို့မောင်းလာခဲ့သော်လည်း သူတို့က အစပိုင်းသာရှိသေးသည်။
အနောက်မှာ ကားပိတ်နေသေး၏။
"ရှောင်ရန်.. ငါမအောင့်နိုင်တော့ဘူး... ဒီနားသန့်စင်ခန်းရှိလား?''
သူမသူငယ်ချင်းကလောလောနှင့်ပြောသည်။
ချန်ရန်က ပိတ်နေသောလမ်းကိုကြည့်လိုက်သည်။
ဘာလုပ်ရမှန်း ဘယ်သိမလဲ?
လိုင်းပေါ်မှာ ရုံချန်းက ချင်းလင်ရှုမျှော်ခင်းကိုဆွဲချနေတဲ့အကြောင်း၊ လမ်းပိတ်တဲ့အကြောင်း သူမသတင်းဖတ်ဖူးသည်။ အခုတော့ လက်တွေ့သဘောပေါက်လိုက်ပြီ။
ချင်းလင်ရှုမျှော်ခင်းလိုရေပန်းစားတဲ့နေရာမျိုးရှိတာ၊ လမ်းကိုနည်းနည်းပါးပါးမပြင်နိုင်ဘူးလား? ချင်းလင်ရှုမျှော်ခင်းက အကျိုးအမြတ်ကိုပဲယူပြီး ဘာမှမလုပ်ဘဲနေလို့မရဘူးမလား?
ဒီခရီးသွားရတာ စိတ်ပျက်စရာမကောင်းဘူးလား?
လူတွေက အချင်းချင်းသဘောပေါက်ပုံရသည်။ သူတို့အချင်းချင်းပြုံးပြုံးနှင့်ကြည့်ပြီး သူတို့လက်ထဲမှရေဘူးများကို အမှိုက်ပုံးထဲအလိုက်တသိပစ်လိုက်ကြသည်။
ချန်ရန် သဘောပေါက်သွားသည်။ သူမက ရေဘူးအလွတ်တစ်ဘူးယူပြီး သူမသူငယ်ချင်းကိုပေးလိုက်သည်။
"ရှောင်ရန်.. ဘာလို့ငါ့ကိုရေဘူးလွတ်ကြီးပေးတာလဲ?''
သူငယ်ချင်းက ဇဝေဇဝါနှင့်မေးသည်။
ချန်ရန်က သူမသူငယ်ချင်းကို ***ဆွဲဖွင့်ပြီးသရုပ်ပြလိုက်သည်။
သူမကိုကြည့်ပြီး သူငယ်ချင်းမျက်လုံးပြူးသွား၏။
ဒီလိုရောဖြစ်လား?
မကြာမီ_
ချန်ရန်လည်း ရေဘူးယူပြီး ကားထဲမှထွက်သွားသည်။ သူမက ရှက်ကိုးရှက်ကန်းနှင့် အမှိုက်ပုံးနားလျှောက်သွား၏။ တခြားသူများလည်း ရေဘူးများနှင့်ရောက်လာကြသည်။
ချန်ရန်ကိုမြင်သောအခါ နည်းနည်းအံ့ဩသွား၏။
အမျိုးသမီးက ဘယ်လိုလုပ်မှန်း သူတို့နားမလည်သော်လည်း လက်မထောင်ပြလိုက်ကြသည်။
ချန်ရန်က အရမ်းရှက်သွားပြီး သူမပစ္စည်းများကိုချက်ချင်းပစ်ချကာ ကားပေါ်ပြန်ပြေးပြီး ပိတ်နေသောလမ်းပေါ်ပြန်ရောက်သွားလေသည်။
ယာဉ်လမ်းကြောက ညနေတိုင်အောင်ပိတ်နေ၏။
တနည်းပြောရရင် ရုံချန်းမှာတစ်ရက်အလကားဖြစ်သွားပြီ။ ကားပေါ်မှာတစ်ရက်အချိန်ကုန်သွားသလိုပင်။
သို့သော် ချင်းလင်ရှုမျှော်ခင်းရောက်သောအခါ အထဲတန်းဝင်ရသည်။ တစ်ရက်လုံးလုံးလမ်းပိတ်ပြီးမှ နောက်ပြန်မလှည့်နိုင်။ မနက်ဖြန်မှပြန်လာရင်လည်း လမ်းပိတ်ဦးမယ်မလား?
ကားပါကင်ထိုးပြီးနောက် ချန်ရန်တို့သူငယ်ချင်းနှစ်ယောက် ကားပေါ်မှဆင်းလိုက်သည်။
ချင်းလင်ရှုမျှော်ခင်းဝင်ပေါက်ရောက်ရောက်ချင်း လိုင်းပေါ်တွင်ပေါက်နေသော Optimus Prime နှင့် Megatron ကိုတွေ့ရသည်။
Optimus Prime နှင့် Megatron က မိုက်ကရိုဖုန်းကိုင်ပြီး ခရီးသည်များကိုအော်နေသည်_
"ဒီနေ့ ရှုမျှော်ခင်းမှာအထူးပွဲတစ်ခုရှိပါတယ်... ခရီးသည်များ ID ကတ်သုံးပြီး မဲနှိုက်နိုင်ပါတယ်! မဲပေါက်ရင် ကျုပ်တို့ရှုမျှော်ခင်းရဲ့နောက်ဆုံးပေါ်သီးနှံကြီးတွေကိုမြည်းခွင့်ရမှာပါ''
Optimus Prime က အကျယ်ကြီးအော်နေသည်_
"ပထမဆုံးမြည်းခွင့်ရမှာလည်းဖြစ်ပါတယ်''
ထိုအချိန် Megatron က ဖြတ်ပြော၏_
"မှတ်ထားနော်... တစ်ယောက်မှတစ်ခါပဲ... ခဏခဏမဲနှိုက်ပြီး အချိန်မဖြုန်းကြနဲ့... အလှည့်မကျော်နဲ့... မဟုတ်ရင် စက်ရုပ်ဖြစ်တဲ့ကျုပ် Megatron က အထင်သေးမိလိမ့်မယ်''
Optimus Prime နှင့် Megatron က ဦးဆောင်လမ်းပြသောကြောင့် အနားဝန်းကျင်ရှိခရီးသည်များအံ့ဩနေကြသည်။ သူတို့ခန္ဓာကိုယ်လှည့်လိုက်သောအခါ သတ္တုအချင်းချင်းပွတ်တိုက်သံ၊ လှုပ်ရှားသံများကိုတောင်ကြားရသည်။
ချန်ရန်လည်း အံ့အားသင့်နေသည်။ မထင်ထားသောအံ့ဩစရာလိုခံစားရသည်။
ဒီလိုမြင်ကွင်းမျိုးကို တခြားနေရာမှာမတွေ့နိုင်။
အောက်က မဲနှိုက်ရမည့်လမ်းညွှန်ဆိုင်းဘုတ်ကိုလည်း သူတို့နှစ်ယောက်တွေ့ရသည်။
ဆိုင်းဘုတ်အတိုင်းသွားပြီး မဲနှိုက်ရမည့်နေရာရောက်လာ၏။
ချန်ရန်က သူမသူငယ်ချင်းကိုခေါ်လာရာ မကြာမီအထူးခန်းမတစ်ခုသို့ရောက်လာသည်။ ထိုနေရာတွင် စာလုံးများနှင့်အမှတ်အသားလုပ်ထားသောပလက်ဖောင်းတချို့ရှိသည်:
'ကံစမ်းမဲ'