အခန်း ၁၄၃၆
Vol. 96 Ch. 1436
အခန်း ၁၄၃၆: နတ်သမီးပုံပြင်တွေက အလိမ်အညာမဟုတ်! ၂
ID ကတ်များနှင့်စာရင်းသွင်းပြီး မဲနှိုက်သောခရီးသည်များတန်းစီနေသည်။
ခရီးသည်အားလုံးစိတ်ပျက်နေပုံက စိတ်မကောင်းစရာ။ တစ်ယောက်မှမဲမပေါက်ကြ။
ချန်ရန်လည်း ID ကတ်ထုတ်ပြီး သူမသူငယ်ချင်းနှင့်အနောက်မှာတန်းစီသည်။
ထိုအခိုက်_
အံ့ဩတကြီးအော်သံကို သူတို့နှစ်ယောက်ကြား
ရသည်_
"အင်း.. ငါပေါက်ပြီ.. ဟား ဟား... ငါဒီနေ့ကံကောင်းမယ်မှန်းသိသားပဲ''
ဝဝတုတ်တုတ်နှင့်လူမှာ မဲပေါက်ပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ချန်ရန်တို့နှစ်ယောက်လည်း မျှော်လင့်စောင့်စားမိသည်။
သူတို့လည်း မဲပေါက်ချင်သည်။
ဘာပဲဖြစ်ဖြစ် တစ်နေ့လုံးလမ်းပိတ်ခဲ့တာ။ ချွေးသိပ်ဆုလေးရသင့်တယ်မလား?
တန်းစီပြီးခဏအကြာ နောက်ဆုံး ချန်ရန်တို့အလှည့်ရောက်လာသည်။
သူတို့ကချက်ချင်းရှေ့တိုးပြီး ID ကတ်ကို စာရင်းသွင်းသူထံပေးလိုက်သည်။
"အလှလေး.. မဲနှိုက်ဖို့ QR ကုတ်စကင်န်ဖတ်လို့ရပါပြီ... မဲပေါက်ရင် စာပို့ပါလိမ့်မယ်''
ဝန်ထမ်းကချက်ချင်း QR ကုတ်ထုတ်ပြီး ချန်ရန်တို့ကိုစကင်န်ဖတ်ခိုင်းသည်။
ချန်ရန်က လမ်းညွှန်ချက်အတိုင်း ဖုန်းထုတ်ပြီး QR ကုတ်ဖတ်သည်။
ခဏအကြာ အံ့ဩစရာဖြစ်ပျက်သွား၏။ ကုတ်ဖတ်ပြီးနောက် အသိပေးစာတက်လာသည်:
'ကံကောင်းသည့်အတွက်ဂုဏ်ယူပါတယ်... ကျွန်တော်တို့သီးနှံကြီးကိုမြည်းစမ်းခွင့်ရပါတယ်... မိသားစုဝင်၊မိတ်ဆွေများကိုလည်းခေါ်ယူခွင့်ရှိပါတယ်ခင်ဗျာ!'
ထိုစာဖတ်ပြီး ချန်ရန်တအံ့တဩရေရွတ်လိုက်သည်_
"ငါမဲပေါက်တယ်!''
သူမသူငယ်ချင်းလည်း အံ့ဩဝမ်းသာဖြစ်သွားသည်။
အနားမှခရီးသည်များအားလုံးက အားကျသောအကြည့်နှင့်ကြည့်လိုက်ကြသည်!
ဒီလောက်အကြာကြီးစောင့်ပြီးမှ ပေါက်နိုင်ခြေဘယ်လောက်နည်းမှန်း လူတိုင်းသိသည်။
ထို့နောက် ချန်ရန်လည်း သူမသူငယ်ချင်းကိုစာရင်းပေးခိုင်းရာ QR ကုတ်ဖတ်ပြီး ဘာမဲမှမပေါက်ချေ။
ကံကောင်းချင်တော့ မိတ်ဆွေခေါ်ခွင့်ရှိသောကြောင့် သူမသူငယ်ချင်းကိုခေါ်သွားလိုက်ရုံသာ။
ညပိုင်း!
ချင်းလင်ရှုမျှော်ခင်းမှာလည်း စိတ်ကူးယဉ်ဆန်ဆန်ကမ္ဘာဖြစ်လာသည်။ ပိုးစုန်းကြူးများတစ်ကောင်ပြီးတစ်ကောင်ထွက်လာပြီး အရေအတွက်များလာသည်နှင့်အမျှ စိတ်ဝင်စားစရာဖြစ်လာ၏!
ဒီပိုးစုန်းကြူးများက ချင်းလင်ရှုမျှော်ခင်း၏ထူးခြားချက်တစ်ခုလည်းဖြစ်သည်။
ထို့အပြင် ချင်းလင်ရှုမျှော်ခင်းပိုးစုန်းကြူးများက တခြားနေရာမှာမရှိသောထူးထူးခြားခြားခံစားချက်မျိုး၊ အလှအပနှင့်စိတ်ကူးယဉ်ဆန်မှုကိုပေးစွမ်းနိုင်သည်။ ပိုးစုန်းကြူးအသားပေးသောရှုမျှော်ခင်းများကိုတောင် အနိုင်ယူနိုင်သည်။
ထိုပိုးစုန်းကြူးများကို ချန်ရန်တို့နှစ်ယောက်ချက်ချင်းစိတ်ဝင်စားသွားသည်။
အရင်က ချင်းလင်ရှုမျှော်ခင်းမှပိုးစုန်းကြူးအကြောင်း သတင်းဖတ်ဖူးသည်။ ဒီတစ်ခါလာပြီး ပိုးစုန်းကြူးရော Optimus Prime နှင့် Megatron ကိုပါကြည့်ရသည်။
မကြာမီ ချန်ရန်တို့ကို ပွဲတာဝန်ခံဝန်ထမ်းက အသားကင်နေရာခေါ်လာ၏။
ထိုနေရာတွင် ဒီနေ့မဲပေါက်သောခရီးသည်များလည်းရောက်နေသည်။
ထိုခရီးသည်များမှာ မျှော်လင့်ချက်ပါသောအကြည့်များနှင့်။
သူတို့စောင့်ဆိုင်းနေစဉ် လှည်းတစ်စီးနှင့်ဝန်ထမ်းတစ်ဦးထွက်လာသည်။
စားသောက်ဆိုင်သွားစားရင် ဧည့်သည်များကို မြေပဲ၊ဖရုံစေ့များ အရင်တည်ခင်းတတ်သည်။
ခရီးသည်များစောင့်နေစဉ် ဝန်ထမ်းက ဖရုံစေ့များလာချသည်။
ပုံမှန်ထက်ထူးသည်က ခရီးသည်များမှာ ဖရုံစေ့တစ်ယောက်တစ်စေ့သာရသည်။ သို့သော် ထိုတစ်စေ့ကိုမြင်ပြီး ခရီးသည်အားလုံး ဟင်ခနဲဟာခနဲဖြစ်သွားသည်။
ဖရုံစေ့တစ်စေ့တစ်စေ့ကို ထန်းသီးလုံးလောက်ရှိမည်။
နေကြာပန်းပင်ကြီးများကိုလည်း မြင်ယောင်မိသည်။ တကယ့်သစ်ပင်ကြီးများပင်။ အရင်က နေကြာစေ့ဘယ်လိုပုံရှိမလဲဟု လူတိုင်းတွေးကြည့်ဖူးသည်။
ခရီးသည်တချို့က သူတို့ဖုန်းများနှင့် ဖရုံစေ့ကိုဓာတ်ပုံစရိုက်ကြသည်။
လိုင်းပေါ်တင်၊ သူတို့မိတ်ဆွေများကိုမျှဝေပြီး လူစိတ်ဝင်စားအောင်လုပ်မည်။
ခရီးသည်တချို့ကမူ ဖရုံစေ့ကိုကောက်ကိုင်ပြီး ဘယ်လိုစားရမလဲအကြံထုတ်နေကြ၏။
တချို့က ပါးစပ်ထဲထည့်ကြည့်သော်လည်း မကိုက်နိုင်။
ခေါက်ကြည့်ပြန်တော့လည်း အခွံကအတော်မာနေသည်။
"ဒါကိုဘယ်လိုစားမလဲ?''
တစ်ယောက်က မေးလိုက်သည်။
ဘေးမှဝန်ထမ်းက ချက်ချင်းပင်_
"ဒီဖရုံစေ့တွေက ကျွန်တော်တို့ရှုမျှော်ခင်းရဲ့အထူးဖရုံစေ့ပါ... ကျွန်တော်တို့မှာ အခွံခွဲကျွမ်းကျင်ရှိပါတယ်''
ဝန်ထမ်းကပြောပြောဆိုဆို စားပွဲပေါ်မှဓားကောက်ယူပြီး ခရီးသည်ကိုပြလိုက်သည်။
ထိုအချိန်တွင် တခြားခရီးသည်များလည်း သဘောပေါက်သွားသည်။
သို့သော် မကြာမီ အထဲမှဖရုံစေ့ကိုကြည့်ပြီး နည်းနည်းစိတ်ပျက်သွားသည်။ အထူးသဖြင့် ချန်ရန်တို့လိုမိန်းကလေးများပင်။
ဖရုံစေ့တစ်စေ့စားပြီး ဗိုက်ပြည့်တော့မည်။
သို့သော်လည်း ဒီလိုဖရုံစေ့မျိုးကို ခရီးသည်တိုင်းမစားကြည့်ဘဲမနေနိုင်။ သို့ဆိုရင်တောင် ဖရုံစေ့ကိုပါးစပ်ထဲမထည့်ခင် အစိတ်စိတ်အမွှာမွှာပိုင်းရသေးသည်။
ဖရုံစေ့ကိုမြည်းကြည့်ပြီး ခရီးသည်များမျက်လုံးကျယ်သွားသည်။ အကြောင်းမှာ ဖရုံစေ့တွင် အရသာ +၁၊ အသား +၁ ရှိသောကြောင့် သာမန်ဖရုံစေ့များထက်ပိုပြီးအရသာရှိနေသည်။
"ဒီဖရုံစေ့တွေက အရသာရှိလိုက်တာ!''
"အင်း.. ငါစားနေကျဖရုံစေ့ထက်တောင် ပိုကောင်းတယ်''
"ကြီးရုံတင်မကဘူး.. အရသာလည်းပိုကောင်းတယ်... ရှောင်ချင်က အံ့ဩစရာကောင်းလိုက်တာ''
မကြာမီ ခရမ်းသီးကြီးများတည်ခင်းလာသည်။ ခရမ်းသီးတစ်လုံးတစ်လုံးကို နှစ်မီတာခန့်ရှိမည်။
ခရမ်းသီးတစ်လုံးကို ခရီးသည်တစ်ယောက်တည်းမစားနိုင်။ လူအများကြီးစာလုံလောက်သည်။
ချင်းလင်စံအိမ်စားဖိုမှူးက ခရမ်းသီးကိုခုတ်ပိုင်းကာ အကင်စက်ကြီးများနှင့်ကင်ပြီးနောက် ဆော့စ်များဆမ်းသည်။
လူတိုင်း ခရမ်းသီးဖုတ်စားဖူးသည်။ အကင်ကြိုက်သူတိုင်း ခရမ်းသီးဖုတ်စားဖူးကြသည်။ အရသာတကယ်ကောင်းသည်။
သို့သော် ဒီလောက်ကြီးသောခရမ်းသီးဖုတ်ကိုပထမဆုံးအကြိမ်စားဖူးခြင်းပင်။ တစ်သက်လုံးမှာ ဒီတစ်ခါပဲမြင်ဖူးသည်။
တချိန်တည်းမှာ ခရီးသည်များကဖုန်းထုတ်ပြီးဓာတ်ပုံရိုက်ကြပြန်သည်။
အချိန်တိုအတွင်း ခရမ်းသီးဖုတ်နံ့သင်းလာ၏။ အထူးသဖြင့် အပေါ်မှာကြက်သွန်ဖြူအုပ်လိုက်သောကြောင့် သွားရည်များကျကုန်သည်။