Chapters

အခန်း ၁၄၃၇

Vol. 96 Ch. 1437

အခန်း ၁၄၃၇

Vol. 96 Ch. 1437

အခန်း ၁၄၃၇: နတ်သမီးပုံပြင်တွေက အလိမ်အညာမဟုတ်! ၃

ရချိန်တန်သောအခါ စားဖိုမှူးက ဝန်ထမ်းကိုအချက်ပြပြီး ခရမ်းသီးဖုတ်လာယူခိုင်းသည်။ ဒီလောက်ကြီးတဲ့ခရမ်းသီးကိုသူတို့ဘာသာသူတို့ကုန်အောင်စားနိုင်ရင် အတော်အထင်ကြီးစရာကောင်းမည်။

အလားတူပင် ခရမ်းသီးမှာလည်း အရသာ +၁၊ အသား +၁ အရည်အသွေးရှိသည်။

ခရီးသည်များလည်း စားပြီးမျက်လုံးအရောင်တောက်သွား၏။

ဒီထူးခြားသောအတွေ့အကြုံကြောင့် အရသာနှင့်ခံတွင်းတွေ့မှုပိုကောင်းလာမည်မှာ အသေအချာပင်။ အထူးသဖြင့် ပထမဆုံးစားသုံးခွင့်ရသူများအဖို့ စိတ်ခံစားချက်က ထူးခြားနေမည်။

အရသာ +၂၊ အသား +၂ ရှိသောခရမ်းသီးတောင် ဒီလောက်အရသာမရှိ။

အလွန်ထူးဆန်းသောခံစားချက်ပင်။

ထို့ကြောင့် ခရမ်းသီးစားပြီး မချီးကျူးဘဲမနေနိုင်ကြ_

"ဒီခရမ်းသီးက အရသာရှိလိုက်တာ!''

"ဟုတ်ပါ့.. ရှောင်ချင်ရဲ့စားစရာက ကြည့်ကောင်းရုံတင်မဟုတ်ဘူး... အရသာကလည်း အံ့ဩစရာပဲ''

"ဒီထက်အရသာရှိတဲ့ခရမ်းသီးမျိုး မစားဖူးဘူး... ရှောင်ချင် ဒီလိုသီးနှံမျိုးတွေပိုပြီးပျိုးထောင်နိုင်ပါစေ''

"ရှောင်ချင်ရှိတဲ့နိုင်ငံမှာနေရတာ နကယ်ကံကောင်းသလိုခံစားရတယ်''

"ဒီခရမ်းသီးဘယ်တော့ရောင်းမလဲမသိဘူး... ကြိုက်လိုက်တာ''

မကြာမီ ဖရုံသီးများတည်ခင်းလာသည်။ သို့ရာတွင် ခရီးသည်များမှာ ဖရုံစေ့နှင့်ခရမ်းသီးဖုတ်တင် ဗိုက်ပြည့်လုနီးပါးဖြစ်နေသောကြောင့် လန့်နေ၏။

ဒါပြီးရင် သူတို့ဘာစားရမလဲ?

မဲပေါက်သောခရီးသည်များအဖို့ မယုံနိုင်စရာအတွေ့အကြုံဟုပြောရမည်။

နောက်ပြီး ခရီးသည်များက သီးနှံတိုင်းကိုဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ကြသည်။ ထို့ကြောင့် အုတ်အော်သောင်းတင်းဖြစ်လာသည်။

ထန်းသီးအရွယ်ဖရုံစေ့ဖြစ်စေ၊ ခရမ်းသီးဖုတ်ကိုအားရပါးရစားနေသောခရီးသည်များဖြစ်စေ၊ နှစ်မီတာကျော်ရှိသော​ခရမ်းသီးကြီးဖြစ်စေ...

ကံကောင်းသောခရီးသည်များတင်သည့်ဗီဒီယိုများ၊ အမွှမ်းတင်သည့်မှတ်ချက်များကြောင့် နာမည်ကြီးပြီးသားသီးနှံများမှာ ပိုစိတ်ဝင်စားစရာကောင်းလာသည်။

ချန်ရန်တို့သူငယ်ချင်းနှစ်ယောက်က သီးနှံများမြည်းပြီးနောက် ပိုးစုန်းကြူးများကြည့်ရန် ရှုမျှော်ခင်းထဲလျှောက်သွားသည်။

ပန်းအိမ်တွေ့သောအခါ ဝင်အနားယူသည်။ ထို့နောက် သူတို့ဖုန်းများထုတ်ပြီး ဗီဒီယိုများလိုက်ကြည့်သည်။ ဗီဒီယိုတချို့ကိုလည်း အလွန်စိတ်ဝင်စားမိသည်။

ဒီနေ့ ဧရာမသီးနှံမြေကွက်ကိုစဖွင့်ပေးသောနေ့ဖြစ်၍ အစောရောက်နေသောခရီးသည်များက ဝင်ကြည့်ပြီးကြပြီ။ ထိုခရီးသည်များက ဗီဒီယိုများရိုက်ပြီး လိုင်းပေါ်တင်ထားကြ၏။

ဖရုံသီးနောက်တွင်ရပ်နေသောခရီးသည်များကိုလည်းတွေ့နိုင်သည်။ ဖရုံသီးရှေ့မှာ သေးသေးလေးများဖြစ်နေပြီး တချို့က သူတို့အရပ်နှင့် ခရမ်းသီးကိုတိုင်းပြထားကြသည်။

ဒါသူတို့ငယ်ငယ်ကစိတ်ကူးယဉ်ဖူးသော နတ်သမီးကမ္ဘာနှင့်တူသည်။

ငယ်ငယ်တုန်းက ဒီလိုစိတ်ကူးမယဉ်ဖူးတဲ့သူရှိလား?

ဘာပဲဖြစ်ဖြစ် နတ်သမီးပုံပြင်များထဲတွင် ဒီလိုသီးနှံကြီးများပါတတ်သည်။ အခုတော့ ချင်းလင်ရှုမျှော်ခင်းက နတ်သမီးပုံပြင်များမှာအလိမ်အညာမဟုတ်ကြောင်း အားလုံးကိုသက်သေပြနေပြီ။

သီးနှံကြီးများကြည့်ရတာ အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူငယ်ချင်းနှစ်ယောက်သားစိတ်ဝင်စားပြီး နောက်နေ့သွားကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်။

သူတို့နှစ်ယောက်လိုတွေးမိသူများသည်။ အထူးသဖြင့် လိုင်းသုံးသူများပင်။

ဒီလိုတွေးမိသူများသောကြောင့်လည်း ရုံချန်းသို့အပြေးလာသောခရီးသည်များ ပိုများလာသည်။

ရုံချန်းယာဉ်ထိန်းရဲများမှာ ငိုချင်သော်လည်း မျက်ရည်မထွက်ကြ။ ရုံချန်းမှာ သူတို့အလုပ်အကိုင်က အခက်ခဲဆုံးဟုထင်မိသည်။