← Chapters

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈: ဘူတာနှင့်လေဆိပ်!

ချင်းလင်ရှုမျှော်ခင်း_

ဧရာမသီးနှံကြီးငါးမျိုးကို ခရီးသည်များအသည်းအသန်ဖြစ်နေစဉ် ရုံချန်းမှာ ယာဉ်လမ်းကြောပိတ်သည့်ဒဏ်ကိုခံစားနေရသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချန်လီမှာ မနက်စောစောစီးစီး စာဖိုင်နှစ်ခုနှင့် ချင်လင်ရုံးခန်းထဲရောက်လာသည်။

"သူဌေးချင်.. ဒီစာဖိုင်နှစ်ခုကိုတစ်ချက်ကြည့်ပါဦး... မင်းတို့ရှုမျှော်ခင်းက ပူးပေါင်းပေးဖို့လိုတယ်''

ချန်လီက ချင်လင်ကိုစာဖိုင်ပေးရင်းပြောသည်။

ချင်လင်က စာဖိုင်ယူပြီး ဇဝေဇဝါနှင့်ကြည့်လိုက်သည်။

"ရုံချန်းယာဉ်လမ်းကြောပြဿနာကိုဖြေရှင်းရန် ရုံချန်းမြို့ပြရထားအစီအစဉ်နှင့်ပတ်သက်၍...''

"ရုံချန်းလေဆိပ်ပရောဂျက်နှင့်ပတ်သက်၍...''

စာဖိုင်နှစ်ခုကိုမြင်ပြီး ချင်လင်နည်းနည်းအံ့ဩသွားကာ_

"ရုံချန်းမှာ ဘူတာရုံနဲ့လေဆိပ်ဆောက်တော့မယ်?''

အံ့ဩစရာသတင်းပင်။

မြို့ငယ်လေးများမှာ လေဆိပ်နေနေသာသာ ဘူတာတောင်မရှိကြ။

အခု စီရင်စုတစ်ခုမှာ မြို့ပြရထားနဲ့လေဆိပ်ဆောက်တော့မယ်!

လုံးဝအံ့ဩစရာသတင်း!

ချန်လီကသက်ပြင်းချပြီး_

"အားလုံးက မင်းကျေးဇူးတွေပါပဲ သူဌေးချင်... ချင်းလင်စံအိမ်မရှိဘဲ ရုံချန်းမှာလေဆိပ်ဆောက်ရမယ့်အခွင့်အရေးမျိုးရလာမှာမဟုတ်ပါဘူး!''

ချန်လီကပြောရင်းဆိုရင်း ပြုံးရွှင်နေသည်။

မြို့ပြရထားကို ရုံချန်းကဆုံးဖြတ်ခြင်းဖြစ်သည်။ ဖြုန်းတီးခြင်းမဟုတ်ရင် မြို့တော်ကအသာတကြည်ထောက်ခံပြီး တတ်နိုင်သရွေ့ရံပုံငွေတောင်ကူညီပေးဦးမည်။

လေဆိပ်ကမူ ဝန်ကြီးလုကြောင့်ဖြစ်ပြီး မြို့တော်မှစာဖိုင်များ တန်းရောက်ချလာ၏။

ဝန်ကြီးလုက ရယ်စရာပြောသည်ဟုသာထင်ပြီး တကယ်လုပ်ပေးမည်ဟုမထင်ခဲ့မိ။ တိုက်တိုက်ဆိုင်ဆိုင် ရုံချန်းမြို့ပြရထားအစီအစဉ်အတွက်အစည်းအဝေးထိုင်ပြီးချိန်ဖြစ်၍ တခါတည်းပြီးအောင်ဆောင်ရွက်တော့မည်။

လေဆိပ်နှင့်ဘူတာတပြိုင်တည်းဆောက်ခြင်းကို မင်မြို့တော်မှတခြားစီရင်စုများ အားကျကုန်လိမ့်မည်။

ဒါရုံချန်းအတွက်ကောင်းသောကိစ္စပင်။

လေဆိပ်တည်ဆောက်မည့်စာဖိုင်အရ နောက်လေးနှစ်အတွင်း ရုံချန်းက အရှိန်အဟုန်နှင့်တိုးတက်လာမည့်အရိပ်အယောင်ရှိနေသည်။

ချန်လီကရှင်းပြသည်_

"သူဌေးချင်.. မြို့ပြရထားရဲ့မူလအစီအစဉ်က ချင်းလင်ရှုမျှော်ခင်းကိုဖြတ်သွားဖို့ပဲ... အထူးသဖြင့် စာချုပ်အသစ်ချုပ်ထားတဲ့မြေကွက်တွေဘက်ပေါ့... အချိန်ကျရင် ရှုမျှော်ခင်းအတွက်သီးသန့်ဘူတာတစ်ခုဆောက်မယ်... ရှုမျှော်ခင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုတယ်''

ချင်လင်ကခေါင်းညိမ့်ပြီး လင်းလန်ဇီကိုဖုန်းဆက်ခေါ်လိုက်သည်။

လင်းလန်ဇီက ရှုမျှော်ခင်းတာဝန်ခံဖြစ်သည်။

ဒီကိစ္စတွေကို သူမတာဝန်လွှဲပြောင်းယူပြီး စောင့်ကြည့်ရန်လိုသည်။

လင်းလန်ဇီရောက်လာသောအခါ ချင်လင်ပေးသောစာဖိုင်များကိုဖတ်ပြီး အံ့ဩသွားသည်။

ဖြစ်ကြောင်းကုန်စင်သိပြီးနောက် သူမကစိတ်လှုပ်ရှားသံနှင့်_

"စိတ်မပူပါနဲ့ လက်ထောက်ချန်... ကျွန်မတို့ချင်းလင်ရှုမျှော်ခင်းက စီရင်စုနဲ့လုံးဝပူးပေါင်းပေးမှာပါ''

ဒါရှုမျှော်ခင်းအတွက်ဘယ်လောက်ကောင်းမှန်း သူမသိသည်။

ရှုမျှော်ခင်းက နောက်နှစ် 5A အဆင့်လျှောက်နိုင်တော့မည်။ အဲဒီနောက် မြို့ပြရထားနှင့်လေဆိပ်ပြီးလျှင် ရှုမျှော်ခင်းကိုဖြတ်သွားနိုင်မည်။ ပျော်စရာနှစ်ဆပင်။

ပြည်တွင်းက ဘယ်ရှုမျှော်ခင်းမှာ ဝင်ပေါက်ကိုတန်းရောက်တဲ့ရထား၊ ဝင်ပေါက်ကိုတန်းရောက်တဲ့လေဆိပ်လမ်းရှိပါသလဲ?

သူတို့ရှုမျှော်ခင်းတစ်ခုပဲမလား?

ရှိရင်တောင် များများစားစားမရှိနိုင်။

ထို့နောက် ချန်လီနှင့်လင်းလန်ဇီက အသေးစိတ်ဆွေးနွေးပြီး နှစ်ယောက်သား ချင်းလင်စံအိမ်အလုပ်ခန်းဘက်အတူတူသွားကြသည်။

တဖက်တွင် ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေသည်။ ထို့နောက် ဇာတ်ကွက်ရှိမရှိလိုက်ရှာစေ၏။

ဖြစ်ချင်တော့ ဘာမှမတွေ့။

အဲဒီနောက် မျိုးပြောင်းမြေကိုအဆင့်မြှင့်ရန်ကြိုးစားကြည့်သည်။

သူ့ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီးနောက် မျိုးပြောင်းမြေကို အဆင့်မမြှင့်နိုင်ဘဲဖြစ်နေသည်။ ပစ္စည်းလိုနေသည်ဆိုသောကြောင့် သူစိတ်ပျက်လာသည်။

အမှန်အတိုင်းပြောရရင် ဒီမျိုးပြောင်းမြေက ဘာလို့ဒီလောက်ထူးခြားနေလဲ သူသိချင်သည်။

အဖြေရှာမတွေ့သေးသောကြောင့် သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားပြီး နောက်တစ်လွှာတူးစေသည်။

ဒီတစ်ကြိမ်တွင် အထူးမြေကြီးတစ်အိတ်နှင့်ကမ္ဘာ့စမ်းရေတစ်ပုံးရသည်။

ဘာမှမရတာထက်စာရင် တော်သေးသည်။

လိုင်းပေါ်တွင် ဧရာမသီးနှံများရေပန်းစားမှုမှာ မြင့်တက်နေဆဲပင်။ လဝက်ခန့်ကြာမှ ရေပန်းစားမှုက ကျဆင်းလာသည်။ သို့သော် ရုံချန်းလမ်းများမှာပိတ်နေဆဲပင်။ အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်မဖြစ်နိုင်။ ဧရာမသီးနှံကြီးရေပန်းစားမှုမငြိမ်မချင်း လူအားလုံးက ချင်းလင်ရှုမျှော်ခင်းလာပြီး စပ်စုနေကြဦးမည်သာ။

ချင်းလင်ဓာတ်ခွဲခန်း၏ဓာတ်ခွဲခန်းအသစ်တစ်ခုတွင် တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်၏စိတ်လှုပ်ရှားသံများကိုကြားရသည်။

"ကောင်းတယ်..ငါအခုထိန်းချုပ်နိုင်ပြီ!''

"ဟား ဟား.. တော်ဝင်ပညာရှင်ဖန်း... နောက်ဆုံးတော့ ကျွန်တော်တို့အောင်မြင်ပြီ''

သူ့ဘေးတွင် အာရုံခံစက်တပ်ထားသောသုတေသီတစ်ဦးရှိသည်။ သူကလှုပ်ရှားနေ၏။

အာရုံခံစက်က အရင်နှင့်မတူ။ တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်အတူတူဖန်တီးထားသောစက်ဖြစ်သည်။

ထိုအာရုံခံစက်ကို ဂြိုဟ်တုနှင့်ချိတ်ဆက်ပြီး အဝေးထိန်းလုပ်ဆောင်ချက်ရနိုင်ပြီဖြစ်သည်။

ဝန်ထမ်းက လက်ရှိမြို့တော်မှာရှိသော Optimus Prime ကို ထိန်းချုပ်နေသည်။

ဝန်ကြီးလုက ထိုဒီဇိုင်းကို တရုတ်သိပ္ပံအကယ်ဒမီပြန်ယူသွားပြီး သူ့လူများကိုဖန်တီးခိုင်းသည်။

တရုတ်သိပ္ပံအကယ်ဒမီကလည်းလေ့လာပြီး ပုံစံအသစ်နှင့်အသုံးချချင်သည်။

ဘာပဲဖြစ်ဖြစ် ဒီနည်းပညာသုံးပြီး လက်*နက်လုပ်ရင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကောင်ပုံတွေကိုသုံးလို့မဖြစ်ဘူးမလား?

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နိုင်ငံရဲ့ပုံစံ၊အသွင်အပြင်ကိုသုံးရမည်။ ဒီဇိုင်းအသစ်ဖြစ်ဖြစ်၊ စွန်းဝူခုံးဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျူးပါကျဲဖြစ်ဖြစ်...

ဒီလိုပုံပြောင်းခြင်းက အလွန်ခက်ခဲလိမ့်မည်။ နည်းပညာအသေးစိတ်လည်း အများကြီးပါနိုင်သည်။

ဝန်ကြီးလုက သုတေသီများဆီမှစာတမ်းရပြီး သူဌေးချင်ကိုအကူအညီတောင်းချင်သော်လည်း နောက်ဆုံး စိတ်ထိန်းထားလိုက်သည်။

ဘာမဆို သူဌေးချင်ကိုအားကိုးနေလို့မဖြစ်။ ဒီပုံစံပိုင်းအတွက်နဲ့ သူဌေးချင်ကိုသွားရှာနေရင် သူတို့တရုတ်သိပ္ပံအကယ်ဒမီက ညံ့ဖျင်းရာမကျဘူးလား?

တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်က ဗီဒီယိုကောလ်ပြောနေသည်။ တဖက်မှာ ဝန်ကြီးလုဖြစ်ပြီး ဝန်ကြီးလုလည်း စိတ်လှုပ်ရှားနေပုံရသည်။

သူဌေးချင်ရဲ့ Optimus Prime နဲ့ Megatron နည်းပညာက အံ့ဩစရာကောင်းမှန်း သူသိသည်။ ဒီနည်းပညာအကြောင်း အများကြီးတွက်ဆထားပြီး ထိုတွက်ဆချက်များကို တော်ဝင်ပညာရှင်ဖန်း၏အဝေးထိန်းနည်းပညာပြီးမှသာ လက်တွေ့အသုံးချနိုင်မည်။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုလည်း လက်သီးတင်းတင်းဆုပ်ထားသည်။ Optimus Prime က ချင်းလင်ဓာတ်ခွဲခန်းမှသုတေသီလိုတထပ်တည်းလိုက်လုပ်နေကြောင်း သူတွေ့ရသည်။

မြို့တော်နှင့်ရုံချန်းကအလှမ်းဝေးသော်လည်း လှုပ်ရှားမှုကအဆင်ပြေချောမွေ့ပြီး သိပ်မကွာကြောင်းတွေ့ရသည်။

ဒါကိုအသုံးချနိုင်သည်။

ဝန်ကြီးလုကတွေးတောပြီး တော်ဝင်ပညာရှင်ဖန်းအား_

"တော်ဝင်ပညာရှင်ဖန်း.. ဒီအာရုံခံစက်ကိုသုံးကြည့်ရအောင်... အသုံးချလို့ရနိုင်လောက်တယ်''

သူကပြောရင်းဆိုရင်း Optimus Prime နှင့် Megatron ကိုကြည့်လိုက်သည်။

တရုတ်သိပ္ပံအကယ်ဒမီက ဒီအရုပ်နှစ်ရုပ်ကို အထူးသတ္တုနှင့်လုပ်ထားသည်။

ထိုသတ္တုမှာ အထူးတီထွင်ထားသောသတ္တုဖြစ်ပြီး ခုခံနိုင်စွမ်းက အံ့မခန်းပင်။

ဝန်ကြီးလုပြောသည့်အဓိပ္ပါယ်ကို တော်ဝင်ပညာရှင်ဖန်းကသဘောပေါက်သောကြောင့် အမှတ်တမဲ့မေးလိုက်သည်_

"ခင်ဗျားမှာ ပစ်မှတ်ရှိလား?''

"ပင်လယ်ထဲမှာ ဓားပြတွေအများကြီးပဲ''

ဝန်ကြီးလုကပြောသည်_

"ငါတို့ကိုရန်မစရဲပေမဲ့ သူတို့ကိုစမ်းသပ်လို့မရတာတော့မဟုတ်ဘူး... ဒါနဲ့ စမ်းသပ်တဲ့အတောအတွင်းမှာ သူဌေးချင်ကိုလာကြည့်ဖို့ဖိတ်ပေးပါ... ဘာပဲဖြစ်ဖြစ် သူကဒီနည်းပညာကိုတီထွင်တဲ့သူပဲ... သူလာကြည့်ရမှာပေါ့''

"နားလည်ပါပြီ''

တော်ဝင်ပညာရှင်ဖန်း ခေါင်းညိမ့်လိုက်သည်။

ရက်ပိုင်းကြာပြီးနောက်_

ချင်းလင်အပန်းဖြေစံအိမ်_

တော်ဝင်ပညာရှင်ဖန်းဆီမှဖုန်းရပြီးနောက် ချင်လင်က ရုံးခန်းအပြင်ထွက်လာသည်။ တော်ဝင်ပညာရှင်ဖန်းစကားနားထောင်ရင်း အံ့ဩပြီး သူလည်းစိတ်ဝင်စားလာသည်။

သူကကားပါကင်အမြန်ဆုံးသွားပြီး ကားထဲဝင်ကာ ချင်းလင်ဓာတ်ခွဲခန်းဘက်မောင်းလာ၏။

ချင်းလင်ဓာတ်ခွဲခန်းမှအဆောက်အဦးတစ်ခုဆီရောက်သောအခါ ပါမောက္ခဝမ်က အသင့်စောင့်နေသည်။ သူ့ကိုအထူးမာတီမီဒီယာအစည်းအဝေးခန်းထဲခေါ်လာ၏။

အထဲတွင် ဗီဒီယိုကောလ်ဖွင့်ထားပြီး တဖက်တွင် ဝန်ကြီးလုထိုင်နေသည်။

"သူဌေးချင်.. ပြန်ဆုံပြီနော်''

ဝန်ကြီးလုက ချင်လင်ကိုမြင်မြင်ချင်းနှုတ်ဆက်သည်_

"ဒီတစ်ခါ မင်းရဲ့ဒီဇိုင်းရလဒ်ကိုပြချင်လို့''

"ဝန်ကြီးလု.. ကျွန်တော်လည်းစောင့်နေပါတယ်''

ချင်လင်က တန်းပြောလိုက်သည်။

ရုပ်ရှင်ထဲတွင် Optimus Prime နှင့် Megatron ခေတ်ပေါ်လက်*နက်များနှင့်တိုက်ခိုက်သည်ကိုမြင်ဖူးသော်လည်း အပြင်မှာမမြင်ဖူး။

ဒီတစ်ခါ ကြည့်ရတော့မည်။ ဘာပဲဖြစ်ဖြစ် ဒီနည်းပညာကိုဂိမ်းထဲမှထုတ်လာသူက သူဖြစ်သောကြောင့် တကယ်မျှော်လင့်စောင့်စားမိသည်!

သူတို့ထဲမှတချို့က ဗီဒီယိုကောလ်နှင့်ခဏစကားပြောကြသည်။ ထို့နောက် ဗီဒီယိုတွင်ပုံရိပ်များတက်လာ၏။

မြင်ကွင်းပြောင်းလဲသွားပြီး အထူးပစ္စည်းတင်သင်္ဘောတစ်စီးပေါ်လာသည်။

ဂြိုဟ်တုမှပုံဖြစ်ပြီး သင်္ဘောပေါ်တွင် အမှတ်အသားလုပ်ထားခြင်းမရှိ။

ပင်လယ်ပြင်တွင် ဒီလိုပစ္စည်းများသယ်ပို့ကြောင်း တခြားနိုင်ငံများမရိပ်မိစေရန်ဖြစ်သည်။

အထူးသဖြင့် နိုင်ငံအမှတ်အသားမပါသောသင်္ဘောများကို ပင်လယ်ဓားပြများကပစ်မှတ်ထားကြသည်။

မကြာမီ ပစ္စည်းတင်သင်္ဘောက တစ်နေရာအရောက်တွင် အရပ်ရှစ်မျက်နှာမှသင်္ဘောများထွက်လာသည်။

ထိုသင်္ဘောများမှာ စပိဘုတ်သင်္ဘောငယ်လေးများဖြစ်ပြီး ပင်လယ်ဓားပြအလံများပါသည်။ ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။

စိတ်အရှည်ဆုံးမုဆိုးများလည်းဖြစ်သည်။ တစ်နေရာတွင် ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်ဆင်ထားတတ်သည်။ ကုန်တင်သင်္ဘောဝင်လာသည်နှင့် မုဆိုးများလိုလိုက်ပြီး သူတို့လက်မှလွတ်မြောက်ရန်မဖြစ်နိုင်သလောက်ပင်။

ဝန်ကြီးလုအသံလည်း ထွက်လာသည်_

"ငါအထူးတ*ပ်ဖွဲ့ကနေ သတင်းရထားတယ်... ဒီပင်လယ်ဓားပြအဖွဲ့က Brigade Duoba တဲ့... အဖွဲ့ခေါင်းဆောင်က Duoba!''

တချိန်တည်းမှာ တခြားအထူးဌာနများမှလူတချို့က ထိုဗီဒီယိုကိုကြည့်နေကြသည်။

ထိုဌာနများမှာ နည်းနည်းထူးခြားသလို သီးခြားနာမည်လည်းမရှိချေ။ သို့သော် ခေါင်းဆောင်တချို့က Optimus Prime နှင့် Megatron ပွဲထွက်သည်ကိုကြည့်ရုံသက်သက်လာကြသည်။

မဟုတ်ရင် ဒီနည်းပညာက နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း အခြေအနေကိုပြောင်းလဲပစ်လိမ့်မည်။

ဝန်ကြီးလုမိတ်ဆက်ပေးသောကြောင့် ချင်လင်လည်း ဗီဒီယိုကိုသေချာလိုက်ကြည့်သည်။ ဂြိုဟ်တုမှလွှင့်နေခြင်းပင်။ ပင်လယ်ဓားပြသင်္ဘောများက တစ်စီးချင်း ကုန်တင်သင်္ဘောနားကပ်လာသည်။ သူတို့ကချိတ်ကောက်များထုတ်ပြီး ကုန်တင်သင်္ဘောကိုလှမ်းပစ်ကြသည်။ သင်္ဘောအစွန်းကိုချိတ်မိသောအခါ တွယ်တက်လာကြ၏။

ပင်လယ်ပြင်ပေါ်၌_

ပင်လယ်ဓားပြအုပ်စုက တစ်ယောက်ပြီးတစ်​ယောက်အော်ကြသည်။

"ဒီတစ်ခါ ဒီလောက်ကြီးတဲ့ကုန်တင်သင်္ဘောမှာ အချီကြီးပါနိုင်တယ်''

"သွား သွား သွား.. အားလုံး ချီတက်!''

Douba က ချိတ်ကောက်ကြိုးနှင့်သင်္ဘောပေါ်တွယ်တက်ရင်းအော်သည်။

သို့သော် သူသင်္ဘောပေါ်ရောက်သောအခါ ဘာအတားအဆီးမှမရှိသောကြောင့် အံ့ဩသွားသည်။

မဟုတ်သေး။

ကုန်တင်သင်္ဘောဆိုရင်တောင် သူတို့နှင့်တွေ့ရင်ပြန်တိုက်မည့်လုံခြုံရေးများပါတတ်သည်။

လုံခြုံရေးမပါဘဲ ဒီလိုကုန်တင်သင်္ဘောတွေရွက်မလွှင့်ရဲ။

အခု ဒီလောက်ကြီးတဲ့ကုန်တင်သင်္ဘောမှာ အကာအကွယ်နည်းနည်းမှမပါဘဲ ပင်လယ်ပြင်မှာရွက်လွှင့်ရဲသည်။ ဒါ သူတို့ကိုအထင်သေးခြင်းပင်။

သို့ရာတွင် သင်္ဘောပေါ်ရောက်မှ ပိုပြီးမူမမှန်သလို Duoba ခံစားရသည်။

ဒီပေါ်မှာ ဘယ်သူမှမရှိ။

နောက်ပြီး ကုန်ပစ္စည်းလည်းမရှိ။

"ဒီသင်္ဘောက ဘာလဲ?''

Duoba မျက်မှောင်ကြုတ်လိုက်သည်။

"မစ္စတာ Duoba.. ဒီမှာနှစ်ခုရှိတယ်''

တစ်ယောက်ကအော်သည်။

Duoba က အပြေးသွားကြည့်ရာ ပိတ်စကြီးနှစ်စနှင့်အုပ်ထားသောရှည်မျောမျောအရာနှစ်ခုကိုတွေ့ရသည်။

"ဖွင့်ကြည့်လိုက်!''

Duoba က ချက်ချင်းအော်လိုက်သည်။

သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်တချို့ရှိနေဆဲ။ သင်္ဘောတစ်စီးလုံးမှာမှ ဒီနှစ်ခုပဲရှိတယ်ဆိုတော့ ဘာမှမရဘဲ အလွတ်မပေးလိုက်နိုင်ဘူးမလား?

မကြာမီ ပိတ်စနှစ်စလှပ်လိုက်သောအခါ ဖုံးထားသောအရာပေါ်လာသည်။

ကလန်ကလားကောင်ကြီးနှစ်ကောင်!

Optimus Prime နှင့် Megatron ဖြစ်ပြီး သတ္တုများနှင့်လုပ်ထားသည်။ ထိုနှစ်ရုပ်မှာကြီးလွန်း၍ နေရောင်အောက်တွင် သတ္တုရောင်များတလက်လက်တောက်နေ၏။

ပင်လယ်ဓားပြများက ဒီကောင်ကြီးနှစ်ကောင်ကိုသိသည်။ ဘာပဲဖြစ်ဖြစ် ပင်လယ်ဓားပြမဖြစ်ခင်က ရုပ်ရှင်များကြည့်ဖူးသောကြောင့် သူတို့မြင်နေရသောနှစ်ကောင်က ရုပ်ရှင်ထဲကအတိုင်း တထပ်တည်းနီးနီးတူမှန်းသိသည်။

ဒါပေမဲ့ ဒီနှစ်ကောင်က သူတို့အတွက်လုံးဝအသုံးမဝင်။

"ဒါက ဘာလဲ?''

Duoba ကြောင်သွားသည်။ သူကစိတ်ရှုပ်ရှုပ်နှင့် Optimus Prime ကို ကန်ပစ်လိုက်၏။

သို့သော် ကန်ပြီး တစ်ခုခုပုံမှန်မဟုတ်မှန်း သူသိလိုက်သည်။ သတ္တုသံထွက်လာပြီး သူ့ရှေ့မှ Optimus Prime က လှုပ်ချင်လာသည်။

All Chapters