အခန်း ၁၄၃၉
Vol. 96 Ch. 1439
အခန်း ၁၄၃၉: တရားမျှတမှုရဲ့အရိပ်အယောင်? ၁
Duoba က Optimus Prime ကိုကြည့်လိုက်ရာ Optimus Prime ကလည်း သူ့ကိုပြန်ကြည့်နေသောကြောင့် လန့်သွားသည်။
"ဘာလဲဟ?''
Duoba က ပုံမှန်မဟုတ်ကြောင်းသိပြီး အမှတ်တမဲ့နောက်ပြန်ဆုတ်လိုက်သည်။
ထိုအချိန်တွင်_
"ဓားပြ''
Optimus Prime ကပြောသည်_
"ဒါငါတို့ပထမဆုံးဆုံခြင်းပဲ... မင်း ဓားပြတိုက်တဲ့အတွေ့အကြုံကောင်းရပါစေလို့ ငါဆုတောင်းပေးတယ်... ဒါမင်းရဲ့နောက်ဆုံးအကြိမ်ဆိုပေမဲ့ပေါ့''
ထိုအသံကြောင့် ဓားပြအားလုံးစိတ်ဝင်စားပြီး Optimus Prime ကိုကြည့်လိုက်ကြသည်။
Megatron လည်း လှုပ်ရှားလာ၏။
သူက သူ့ကျောပေါ်မှပုဆိန်ရှည်ကြီးကိုတောင်ထုတ်ပြီး ဓားပြများကိုအထက်စီးသံနှင့်ပြောလိုက်သည်_
"ဓားပြတွေ.. အဝိုင်းခံရတဲ့အတွက်ဂုဏ်ယူပါတယ်''
ဓားပြအားလုံးကြောင်သွားသည်။
ဘာတွေဖြစ်နေမှန်း သူတို့မသိတော့။
Optimus Prime နဲ့ Megatron က ကုန်တင်သင်္ဘောပေါ်ရောက်နေပြီး သူတို့ကိုဒီလိုတွေပြောနေတာ ဒါရန်စနေတာလား?
Optimus Prime နှင့် Megatron က အဝေးထိန်းစနစ်နှင့်စကားပြောနေခြင်းပင်။
သို့သော် ဓားပြများက တကယ်လန့်သွားသည်။
Optimus Prime နဲ့ Megatron က ရုပ်ရှင်ထဲက ဇာတ်ကောင်တွေ၊ သူတို့ကို ဘယ်လိုလုပ်စကားပြောမလဲ?
ဓားပြတစ်ယောက်က တစ်ခုခုတွေးမိပြီး ချက်ချင်းပြောလိုက်၏_
"မစ္စတာ Duoba.. ဒါမော်ဒယ်ပုံစံဖြစ်မယ်... သင်္ဘောပေါ်မှာ သူတို့ကိုထိန်းချုပ်နေတဲ့တစ်ယောက်ယောက်ပါရမယ်''
Duoba က ဖြစ်နိုင်သည်အထင်နှင့် သူတပည့်များကိုချက်ချင်းအော်လိုက်သည်_
"ဒါတွေကိုဖျက်ဆီးလိုက်! ဘယ်သူက ဒီလိုလုပ်ရဲတာလဲ?''
ဒီအရုပ်က ဘယ်လောက်ထူးဆန်းထူးဆန်း အလှပြရုံပဲ။ ဘာအသုံးဝင်မှာလဲ?
ဓားပြများက တုံ့ဆိုင်းမနေဘဲ သူတို့လက်*နက်များမြှောက်ပြီး Optimus Prime နှင့် Megatron ကိုပစ်ကြသည်။
ဒိုင်း ဒိုင်း ဒိုင်း!
သတ္တုချင်းတိုက်ခတ်သံများ ညံသွားသည်။ သို့သော် Duoba တို့ဓားပြများအံ့ဩစရာဖြစ်သွား၏။ သတ္တုချင်းတိုက်သံများညံပြီး မီးပွားများပွင့်ထွက်လာသော်လည်း Optimus Prime နှင့် Megatron က ဘာမှဖြစ်ပုံမပေါ်။
ထိုအချိန်တွင် ပုံမှန်မဟုတ်ကြောင်း ဓားပြများသိသွားသည်။
"ဘာတွေဖြစ်နေတာလဲ?''
"ဘာလို့ဒီလိုဖြစ်တာလဲ?''
"ဘာနဲ့လုပ်ထားတာလဲ?''
Megatron က သူ့ပုဆိန်ကြီးကိုကိုင်ပြီး အေးစက်စက်အသံနှင့်_
"ဓားပြတွေ.. မင်းတို့မကောင်းမှုလုပ်တာများသွားပြီ... အခုပေးဆပ်ချိန်တန်ပြီ... ငါ့ပုဆိန်ကိုမြည်းကြည့်ပါဦး''
သူ့ရှေ့မှဓားပြနှစ်ယောက်က ကြောင်သွားသည်။
သူတို့ကိုမကောင်းမှုလုပ်တာများပြီလို့ Megatron ကပြောတော့ ထူးဆန်းမနေဘူးလား?
တကယ်တော့ ဒါထိန်းချုပ်သူ၏စကားဖြစ်ပြီး Megatron နှင့်မဆိုင်ချေ။
ဓားပြနှစ်ယောက်မှာ ကြောက်လွန်း၍ဖြူဖျော့သွား၏။ သူတို့မလှုပ်ရှားနိုင်ခင် သူတို့ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန်သက်ရောက်မှုတစ်ခုကိုခံစားလိုက်ရသည်။ ထို့နောက် သင်္ဘောပေါ်မှလွင့်ပြီး လေထဲတွင်သွေးအန်ထွက်သွား၏။
Optimus Prime နှင့် Megatron လက်*နက်က ချွန်ထက်မနေ။
ချွန်ထက်ရင် သွေးချောင်းစီးပြီး မလိုလားအပ်တာဖြစ်နိုင်သည်။ အင်အားကြီးခြင်းသက်သက်ကိုပင် လူသားတို့ခံနိုင်ရည်မရှိချေ။
တိုက်*ပွဲထဲထည့်ရင်တော့ ချွန်ထက်မှရမည်။ အဓိပ္ပါယ်ခြင်းက မတူ။
သို့ဆိုရင်တောင် ဓားပြနှစ်ယောက်ဆီမှ အရိုးကျိုးသံများကြားရသေးသည်။ သွေးအန်ထွက်ပြီးနောက် အသက်ရှူရပ်ပြီး ပင်လယ်ထဲကျသွား၏။ ပြန်ပေါ်မလာတော့။
Megatron တိုက်သည်နှင့် Optimus Prime လည်း တိုက်သည်။ သူက သူ့ရှေ့ရောက်နေသော Duoba ကိုကန်လိုက်သည်။
Duoba မှာ တိုက်ကွက်ကိုတခဏချင်းရှောင်ရှားနိုင်သော ရုပ်ရှင်ထဲမှအဓိကဇာတ်ကောင်မဟုတ်သောကြောင့် Optimus Prime ကန်ချက်နှင့်ရင်ဆိုင်ရသောအခါ သူ့ရင်ဘတ်ရှေ့တွင် လက်ချင်းယှက်ပြီးသာကာလိုက်သည်။
ထိုအချိန် သူ့လက်မှာပြင်းပြင်းထန်ထန်ကန်ချက်ကိုခံစားရပြီး လူကလေထဲလွင့်သွား၏။
သူ့လက်များမှာ ချက်ချင်းကျိုးပြီး သွေးတလဟောထွက်သည်ထက်ပိုသောခံစားချက်မျိုးရလိုက်သည်။
Optimus Prime ၏ ကန်ချက်အစွမ်းပင်။
Duoba မှာ မြေပေါ်အုန်းခနဲကျပြီး ကြောင်နေသည်။
Optimus Prime နှင့် Megatron က ဓားရှည်နှင့်ပုဆိန်ရမ်းလိုက်သည်တွင် သူ့တပည့်များက ဘောလုံးများလိုလွင့်ထွက်နေသောကြောင့်ပင်။ သူတို့ကသွေးအန်ပြီးနောက် အသက်မရှူကြတော့။
ဒီလိုအဖြစ်မျိုးကြုံရမည်ဟု သူလုံးဝမတွေးမိပေ။
Optimus Prime နှင့် Megatron ရှေ့တွင် သူ့တပည့်များက ဟင်းရွက်ကန်ဇွန်းဖြစ်နေသည်။ သူ့တပည့်တစ်ယောက်က Megatron ကို အလုံးလေးတစ်လုံးနှင့်ပေါက်လိုက်သည်ကိုလည်းတွေ့ရသည်။ ထိုအလုံးလေးပေါက်ကွဲသွားသော်လည်း Megatron က ဘာမှမဖြစ်ချေ။
"မြန်မြန်ပုန်း.. သူတို့မသွားနိုင်ဘူး''
ဉာဏ်ကောင်းသောဓားပြတချို့ကအော်သည်။
တခြားဓားပြများက အသံကြားပြီး ချက်ချင်း Optimus Prime၊ Megatron နှင့်ဝေးရာပြေးကြသည်။
Optimus Prime နှင့် Megatron အကြောင်းနိုင်ငံတကာသတင်းများကို သူတို့မသိခြင်းပင်။ မဟုတ်ရင် ဒီလိုအတွေးမျိုးဝင်မှာမဟုတ်။
ထို့ကြောင့် ဓားပြများထင်မထားသောအရာဖြစ်လာသည်။ Optimus Prime နှင့် Megatron က ခြေလှမ်းသုံးလေးလှမ်းနှင့်တင် သူတို့ကိုအမီလိုက်လာ၏။ သူတို့ဓားနှင့်ပုဆိန်တစ်ချက်ရမ်းလိုက်ရာ ဓားပြတချို့ ပင်လယ်ထဲတန်းကျသွားသည်။ လှုပ်ရှားမှုမရှိတော့။
Megatron က လေထဲကျွမ်းပစ်ပြီး ခြေထောက်တစ်ဖက်တည်းနှင့် ဓားပြနှစ်ယောက်တောင်ကန်ပစ်လိုက်၏။
ထို့ကြောင့် ကျန်နေသောဓားပြများ လုံးဝသွေးဆုတ်သွားသည်။
ဘာလို့မလှုပ်နိုင်ရမှာလဲ?
သူတို့မလှုပ်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ?
မြင်လိုက်ရသောဓားပြအားလုံး ကြောက်ကြောက်လန့်လန့်နှင့်ပင်လယ်ဘက်တန်းပြေးပြီး ရေထဲခုန်ချလိုက်ကြသည်။
ထို့ကြောင့် Optimus Prime နှင့် Megatron ကိုထိန်းချုပ်နေသူများမတတ်နိုင်တော့။ လောလောဆယ် ရေအောက်ကို သူတို့လိုက်မတိုက်နိုင်သေး။
ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲကစက်ရုပ်များမှာတောင် အဓိကဇာတ်ကောင်အကူအညီလိုသေးသည်။ ထို့ကြောင့် လူသားနှင့်စက်ရုပ်ပေါင်းစပ်ဖို့လည်းလိုအပ်သည်။
ဒီလူတွေပေါ်လာမှ သူတို့နှင့်လုံးဝမယှဉ်နိုင်ကြောင်း ဓားပြများအလန့်တကြားသိရှိသွားကြသည်။ သူတို့အစွမ်းက အတော်ကြောက်စရာကောင်းသည်။