← Chapters

အခန်း ၁၄၄၀

Vol. 96 Ch. 1440

အခန်း ၁၄၄၀

Vol. 96 Ch. 1440

အခန်း ၁၄၄၀: တရားမျှတမှုရဲ့အရိပ်အယောင်? ၂

Duoba လည်း သူ့ဘဝပြီးသွားပြီမှန်းသိလိုက်သည်။

သူကစွန့်စားပြီး သူ့ခန္ဓာကိုယ်ပေါ်မှခလုတ်ကိုနှိပ်လိုက်၏။

ထိုခလုတ်မှာ ပြန်ပေးဆွဲငွေတောင်းခံရန်အတွက် ဗီဒီယိုမှတ်တမ်းတင်ရန်သီးသန့်အသုံးပြုသောကင်မရာတစ်လုံးဖြစ်သည်။

ပင်လယ်ဓားပြအတော်များများပြင်ဆင်ထားတတ်သောအရာပင်။ ဘယ်ဓားစာခံ ဒါမှမဟုတ် ဘယ်ကုန်တင်သင်္ဘောကို အောင်မြင်စွာလုယက်နိုင်ခဲ့ပါပြီဟု သက်သေပြချင်သောကြောင့်ဖြစ်သည်။

ထို့နောက် ထိုဗီဒီယိုကို ထိုနိုင်ငံများ၏မီဒီယာများထံတိုက်ရိုက်ပေးပို့ကာ ပြန်ပေးဆွဲငွေတောင်းခံပြီး လူထုအမြင်ကိုဖန်တီးကြသည်။

ဒီတစ်ကြိမ်တွင်မူ ပြင်ပနှင့်အဆက်အသွယ်ရှိသော ကမ္ဘာတဝန်းရှိသတင်းမီဒီယာများထံတိုက်ရိုက်ပေးပို့ရန်ရွေးချယ်လိုက်သည်။

Optimus Prime က သူ့ကိုတိုက်ခိုက်သောကြောင့် သူကသွေးရူးသွေးတန်းနှင့်ပြောသည်:

"Optimus prime နဲ့ Megatron က တကယ်ရှိတယ်... ကမ္ဘာပေါ်ဆင်းလာပြီ... သူတို့နဲ့ပူးပေါင်းတဲ့လူတွေရှိတယ်... Optimus Prime က မကောင်းဘူးနော်... အဲဒါကြောင့် လူသားတွေပြင်ဆင်ထားရမယ် ဟူး ဟူး''

သူသေသွားရင်တောင် ဒီသတင်းကိုရအောင်ပေးရမည်။ ဒီဂြိုဟ်သားတွေအောင်မြင်ခွင့်မပေးနိုင်။

ပေကျင်း_

ဝန်ကြီးလုက ဗီဒီယိုကြည့်ရင်း ပြုံးရွှင်နေသည်။ ဖုန်းတစ်ခုဝင်လာပြီးနောက် သူပိုပြီးပြုံးနေ၏။ အထူးဌာနတစ်ခုမှဖုန်းဆက်ခြင်းပင်။

Optimus Prime နှင့် Megatron ၏အရည်အချင်းကို အပြည့်အဝအသိအမှတ်ပြုကြသည်။

ချင်းလင်ဓာတ်ခွဲခန်းထဲ၌_

ချင်လင်နှင့်ပါမောက္ခဝမ်က ဗီဒီယိုကြည့်ပြီးအံ့ဩနေသည်။

အထူးသတ္တုများနှင့်လုပ်ထားသော Optimus Prime နှင့် Megatron က အတိုင်းအတာတစ်ခုအထိ သ*တ်ဖြတ်နိုင်သောအစွမ်းထက်လက်*နက်များဖြစ်နေသည်။ အနီးကပ်တိုက်*ပွဲတွင် လုံးဝအထိအခို​က်မရှိဘဲ ရန်သူအားလုံးကိုချေမှုန်းနိုင်လောက်သည်။

"သူဌေးချင်.. ခင်ဗျားဖန်တီးထားတဲ့ဟာက ခေတ်လွန်နေပြီ''

တော်ဝင်ပညာရှင်ဖန်းက ပြောသည်။

ချင်လင် မတုံ့ပြန်မိ။ Optimus Prime နှင့် Megatron က အားလုံးကိုသ*တ်လိုက်သောမြင်ကွင်း​ကြောင့် သူအာစေးမိနေသည်။ ဒါ ကောင်းသလား၊ဆိုးသလားမပြောတတ်။

နယ်ပယ်တစ်ခုမှတစုံတရာကို လက်ရှိခေတ်ကာလနှင့်မကိုက်ညီသောအဆင့်တစ်ခုရောက်အောင် သူဆွဲတင်မိလိုက်သလိုခံစားရသည်။

သို့သော် ထိုခံစားချက်က ခဏသာခံပြီး ပုံမှန်ပြန်ဖြစ်သွား၏။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လက်ထဲမှာရှိပြီး ရန်သူလက်ထဲမရောက်ရင်ကောင်းသည်။

အနည်းဆုံး ကိုယ့်လက်ထဲကိုင်ထားရင် ရန်လာစသူများကို ပိုပြီးခြောက်လှန့်နိုင်မည်။

ချင်လင်သက်ပြင်းချနေစဉ် တခြားနေရာမှလူများက အံ့ဩနေကြသည်။

ဝန်ကြီးလုလည်း အပါအဝင်ပင်။

သက်ဆိုင်ရာမီဒီယာမှ ဗီဒီယိုတစ်ပုဒ်ရကြောင်း သူသတင်းရသည်။

ပင်လယ်ဓားပြပို့လိုက်သောဗီဒီယိုပင်။

များသောအားဖြင့် ပင်လယ်ဓားပြများသည် သူတို့လုယက်သည့်ဗီဒီယိုများကို ကမ္ဘာ့ပြည်သူများသိစေရန် သက်ဆိုင်ရာမီဒီယာသို့ဖြစ်စေ၊ မသက်ဆိုင်လျှင်လည်းဖြစ်စေ ပေးပို့လေ့ရှိကြသည်။

နိုင်ငံအတော်များများမှနိုင်ငံခြားမီဒီယာများတွင် တစ်နှစ်အတွင်း ဒီလိုသတင်းမျိုးမြောက်များစွာရကြသည်။

ဝန်ကြီးလုက သတင်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထိုဗီဒီယိုမှာ Optimus Prime နှင့် Megatron က ပင်လယ်ဓားပြများကိုတိုက်ခိုက်ပြီး အစွမ်းအစထုတ်ပြထားသောဗီဒီယိုဖြစ်နေသောကြောင့်ပင်။

ဒီဗီဒီယိုကိုပေါက်ကြားအောင် ပင်လယ်ဓားပြတွေကလုပ်ခဲ့တာလား?

ဗီဒီယိုအဆုံးတွင် ဓားပြက အခိုင်အမာပြောထားသည်_

"Optimus prime နဲ့ Megatron က တကယ်ရှိတယ်... ကမ္ဘာပေါ်ဆင်းလာပြီ... သူတို့နဲ့ပူးပေါင်းတဲ့လူတွေရှိတယ်... Optimus Prime က မကောင်းဘူးနော်... အဲဒါကြောင့် လူသားတွေပြင်ဆင်ထားရမယ်''

ဟူး! ဟူး!

ဝန်ကြီးလု နည်းနည်းစိတ်ရှုပ်သွားသည်။

ဓားပြတစ်ယောက်က မသေခင် ဒါမျိုးလုပ်လိမ့်မယ်လို့ဘယ်ထင်မလဲ? ကမ္ဘာကြီးကိုကယ်တင်ဖို့တဲ့လား?

ဒါ လူ့စိတ်ကိုသေချာနားမလည်ခဲ့သောကြောင့်ပင်။

ထို့အပြင် တခြားနိုင်ငံများအာရုံစိုက်မှုကိုမခံရစေရန် အချက်ပြကိရိယာများလည်း လုံးဝအသုံးမပြုခဲ့။

ဘာပဲဖြစ်ဖြစ် ဒီလိုပင်လယ်ဓားပြများကို နိုင်ငံအသီးသီးက ဂြိုဟ်တုများနှင့်စကင်န်ဖတ်ပြီး စောင့်ကြည့်တတ်ကြသည်။

အကယ်၍ ပုံမှန်မဟုတ်သောလှိုင်းအချက်ပြမှုများရှိလျှင် ချက်ချင်းစကင်န်ဖတ်မိနိုင်သည်။

တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မည်။

မဟုတ်ရင် ဒီဓားပြတွေရဲ့တည်နေရာကို သူတို့ဘယ်လိုလုပ်သိမလဲ?

ဒီလိုပင်လယ်ဓားပြတွေကို ဘာကြောင့်အမြစ်ပြတ်မချေမှုန်းနိုင်တာလဲ?

ဝန်ကြီးလုလည်း ရယ်လိုက်သည်။

ဒါကိစ္စမရှိ။

ဘာပဲဖြစ်ဖြစ် Optimus Prime နှင့် Megatron ကိုထုတ်ပြထားပြီး တစ်ကမ္ဘာလုံးကသိထားသည်။

Optimus Prime နဲ့ Megatron ရဲ့အသုံးဝင်ပုံကို မသိဘဲနေမလား?

မသိရင် သက်ဆိုင်ရာတာဝန်ကိုယူနိုင်မည့်သူ မဟုတ်ပေ။

ဒါ Optimus Prime နှင့် Megatron မှာ ဒီလိုအစွမ်းရှိကြောင်း၊ အစွမ်းကကြောက်စရာကောင်းလောက်အောင်ဖြစ်ကြောင်း သက်သေပြထားခြင်းသာ။

အနည်းဆုံးတော့ အချိန်တိုအတွင်း ဒီနည်းပညာကိုအနိုင်ယူရန်ခက်မည်။

ဒီဖြစ်ရပ်က ဒီနည်းပညာပိုင်းတွင် တခြားလူများကိုလှုပ်နှိုးလိုက်သလိုဖြစ်ပြီး စက်ရုပ်သုတေသနယှဉ်ပြိုင်မှုများစတင်လာမည်။ တခြားနိုင်ငံများ၏သိပ္ပံသုတေသနအစီအစဉ်နှင့်တိုးတက်မှုဖြစ်စဉ်များပါ အနှောင့်အယှက်ဖြစ်သွားမည်။

Briar နဲ့ Bramble နှစ်ခြမ်းကွဲသွားရတာ ဘာကြောင့်လဲ?

နည်းပညာသုတေသနယှဉ်ပြိုင်မှုကြောင့်ပင်။

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားတစ်ကားကြောင့် 'သူတို့မှာအဲဒီလိုနည်းပညာမျိုးတကယ်ရှိနေပြီ' ဟုထင်မှတ်ပြီး စိုးရိမ်ပူပန်မှုများဖြစ်လာသည်။ ဒီအပိုင်းမှာ သုတေသနရံပုံငွေများအသည်းအသန်ရင်းနှီးမြှုပ်နှံရင်း နောက်ဆုံး စီးပွားရေးပါပြိုလဲပျက်စီးခဲ့ရသည်။

ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်ပြန်ရောက်လာပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်တက်လမ်းသွားစေပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

သူကချက်ချင်း Elba နှင့်တွေ့ခဲ့သောတောနက်ထဲဦးတည်သွားသည်။

Optimus Prime နှင့် Megatron က ဓားပြများကိုဘယ်လိုကိုင်တွယ်ကြောင်းမြင်ပြီးနောက် Elba က ဒေါက်တာ Dott ၏ BUG ထက် ပိုအစွမ်းထက်မည်ဟု သူထင်သည်။

ဒီတစ်ခါ Elba နှင့်မတွေ့ရတာ နှမြောစရာ။

သူက လာလမ်းအတိုင်းပြန်လာပြီး ဂိမ်းထဲမှပြန်ထွက်လိုက်ရသည်။

Elba ပေါ်လာတတ်တဲ့ပုံစံကို သူအခုထိမှန်းမရသေး။

ချင်လင်က သူ့ရုံးခန်းထဲပြန်ရောက်လာပြီး ဖုန်းထုတ်ကာ ဗီဒီယိုများလျှောက်ကြည့်လိုက်သည်။ ထိုအခါ လိုင်းပေါ်တွင်နောက်ဆုံးရေပန်းစားနေသောသတင်းဗီဒီယိုတစ်ပုဒ်ကိုမြင်ပြီး သူကြောင်သွားသည်။

“Optimus Prime နဲ့ Megatron ကမ္ဘာကြီးပေါ်ရောက်လာပြီ?”

ခေါင်းစဉ်က တစ်ခုခုမှားနေသလိုလို။ Optimus Prime ကြောင့် ရုံချန်းမှာအံ့ဩသွားကြတဲ့ဖြစ်ရပ်လား?

သတင်းဗီဒီယိုကိုနှိပ်ကြည့်ပြီးမှ ဒီလိုမဟုတ်မှန်း သိလိုက်ရသည်။ ကုန်တင်သင်္ဘောပေါ်တွင် Optimus Prime နှင့် Megatron က ပင်လယ်ဓားပြများကိုတိုက်ခိုက်သောဗီဒီယိုဖြစ်နေသည်။

ဗီဒီယိုမှတဆင့် Optimus Prime နှင့် Megatron ဘယ်လောက်စွမ်းကြောင်း သေချာမြင်နိုင်သည်။

ပင်လယ်ဓားပြများ၏လက်နက်မှာ အသက်အန္တရာယ်ဖြစ်လောက်အောင်ပြင်းထန်သည်ဟုပြောရမည်။ အကယ်၍ တခြားလူသာဆိုရင် ကျည်ဆန်ရာဗလပွနှင့်ပျားအုံလိုဖြစ်သွားမည်။

အခု Optimus Prime နှင့် Megatron ကမူ သတ္တုချင်းရိုက်ခတ်သံတချွင်ချွင်မြည်ရုံသာရှိသည်။ ဘာထိခိုက်ပျက်စီးမှုမှမဖြစ်ပေ။

အသေးစားလက်*ပစ်ဗုံးများတောင် အသုံးမဝင်ချေ။

ထိုမြင်ကွင်းက ရုပ်ရှင်ထက်ပိုပြီးအံ့ဩစရာကောင်းနေသည်။

ရုပ်ရှင်ထဲတွင် Optimus Prime က ထိုလက်*နက်များ၏မိုးပျံကျည်ဆန်များအောက်တွင်ပြေးလွှားရှောင်တိမ်းခဲ့သော်လည်း သူကမူ ရှောင်ဖို့တောင် စိတ်ကူးမရှိ။

ထိုသတင်းက တရုတ်နိုင်ငံအင်တာနက်စာမျက်နှာပေါ်မှာသာ တက်လာခြင်းမဟုတ်။ ပြည်ပနိုင်ငံများတွင်လည်း တက်လာသည်။ ထို့အပြင် ပြည်ပမှာပိုရေပန်းစားသည်။ ထိုထိုသတင်းမီဒီယာများက သတင်းလက်ခံရရှိသည်နှင့် ချက်ချင်းထုတ်လွှင့်ကြသည်။

Duoba ပို့လိုက်သောဗီဒီယိုကိုကြည့်ပြီးနောက် အရှေ့တိုင်းနိုင်ငံက ဒီနည်းပညာကိုပိုင်နိုင်သည်ဟုသာကြိုမသိထားရင် တကယ့် Optimus Prime နှင့် Megatron အစစ်ဟုထင်ကောင်းထင်နိုင်သည်။

ရုပ်ရှင်ထဲကခုန်ထွက်လာတာလား? မဟုတ်ရင် ဘယ်လိုလုပ်ဒီလောက်စွမ်းမလဲ?

စိတ်ဝင်စားစရာအကောင်းဆုံးက ဓားပြ၏နောက်ဆုံးစကားပင်_

"Optimus prime နဲ့ Megatron က တကယ်ရှိတယ်... ကမ္ဘာပေါ်ဆင်းလာပြီ... သူတို့နဲ့ပူးပေါင်းတဲ့လူတွေရှိတယ်... Optimus Prime က မကောင်းဘူး!''

ထိုအော်သံကြောင့် အားလုံးကြောင်သွားသည်။

ပင်လယ်ဓားပြဖြစ်ပြီး လူသားအားလုံးကိုကယ်တင်ချင်သတဲ့လား? လူတိုင်း မင်းထက်ပိုသိတာပေါ့။

သို့သော် ထိုဗီဒီယိုကြောင့် အိပ်မပျော်နိုင်သူများလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအတိုက်အခိုက်စွမ်းရည်မျိုးက ဘယ်လောက်ကြောက်စရာကောင်းလဲ တချို့ကစဉ်းစားမိသည်။

လက်ရှိသူတို့စက်ရုပ်နည်းပညာနှင့်တဖက်ကနည်းပညာဘယ်လောက်ကွာလဲ သူတို့စဉ်းစားရသည်။

ဒါနောက်တစ်ခေတ်ရဲ့သုတေသနဦးတည်ချက်ဖြစ်လာလိမ့်မည်။

အခု တဖက်က နောက်တစ်ခေတ်ရောက်နေသော်လည်း သူတို့က ဒီနေရာမှာသာရှိနေသောကြောင့် စိတ်မလုံမခြုံဖြစ်လာသည်။

နောက်ဆက်တွဲအနေနှင့် နေရာအတော်များများတွင် မူလအစီအစဉ်များပျက်သွားသောကြောင့် အစည်းအဝေးများစထိုင်ကြသည်။

နိုင်ငံတိုင်းက Optimus Prime နှင့် Megatron အကြောင်းသိကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းရဲ့ထုတ်ကုန်ဖြစ်နေသည်။

အခု ဒီပစ္စည်းကကြောက်စရာကောင်းလွန်း၍ ချင်းလင်ရှုမျှော်ခင်းမှ Optimus Prime နှင့် Megatron ကိုတွေးမိကြပြီး ချင်းလင်စံအိမ်ကိုစိတ်ဝင်စားသူပိုများလာသည်။

ပြန်ကောင်းခါစ ရုံချန်းယာဉ်လမ်းကြောမှာ ပြန်လည်ပိတ်ဆို့သွားပြန်သည်။

ချင်းလင်ရှုမျှော်ခင်း_

ခရီးသည်များက လိုင်းပေါ်မှဗီဒီယိုကိုမြင်ပြီး ချင်းလင်ရှုမျှော်ခင်းဝင်ပေါက်သို့ အမှတ်တမဲ့အပြေးသွားကြသည်။ လုံခြုံရေးတံဆိပ်တပ်ပြီး ခရီးသည်များကိုမိုက်နှင့်အော်နေသော Optimus Prime နှင့် Megatron ကိုမြင်သောအခါ သူတို့အကြည့်များထူးဆန်းသွားသည်။

ပင်လယ်ဓားပြတွေနဲ့ချတာ ဒီနှစ်ကောင်မလား? ဒါပေမဲ့ အခုကျ ချင်းလင်ရှုမျှော်ခင်းမှာ လုံခြုံရေးလုပ်နေတယ်ပေါ့?

Optimus Prime နဲ့ Megatron က လက်*နက်ဘုရင်တွေဖြစ်တဲ့အပြင် လုံခြုံရေးအစောင့်လည်းလုပ်နေတော့...

အဓိကက ဒီနှစ်ကောင်စိတ်ရိုင်းဝင်လာရင် လက်*နက်ထုတ်ပြီး လူခုတ်မှာလား?

ဒါဆို ချင်းလင်ရှုမျှော်ခင်းမှာ ဘယ်သူပြဿနာရှာရဲမှာလဲ?

ခရီးသည်တချို့ကမူ ချင်းလင်ရှုမျှော်ခင်းမှ Optimus Prime နှင့် Megatron ကို လက်*နက်ကိုင်ဆောင်ခွင့်မပြုရန် အဆိုတင်သွင်းရမလားဟုတောင် တွေးကြလေသည်။

All Chapters