← Chapters

သူက လူဆိုးတစ်ယောက်ဆိုတာ မင်းလဲ သိနေတာမဟုတ်လား

Vol. 26 Ch. 281

သူက လူဆိုးတစ်ယောက်ဆိုတာ မင်းလဲ သိနေတာမဟုတ်လား

Vol. 26 Ch. 281

အိပ်ခန်းအပြင်ဘက်က အစောင့်များမှာ တင်းကြပ်သည်။ ဒါပေမယ့် ဒီအရာတွေက မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့အား တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

သူတို့နှစ်ယောက်သည် အပြင်က အစောင့်များကို ဖယ်ရှားပြီး ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ အိပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။

မကြာသေးခင်က တောင်ပိုင်းနယ်စပ်မှာ ဖြစ်ပျက်ခဲ့သည့် အရာများ များပြားလွန်းသောကြောင့် ဧကရာဇ်က သူ၏ မိဖုရားများကို ချစ်ခင်ယုယဖို့ စိတ်မရှိခဲ့ချေ။

ကျယ်ဝန်းသော ကုတင်ပေါ်တွင် သူတစ်ယောက်တည်းသာ လှဲလျောင်းနေသည်။

မော့ကျိုးယွီ၏ ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်အပေါ် မုန်းတီးမှုသည် နှလုံးသားထဲက ထွက်ပေါ်လာခဲ့သည်။

ဧကရာဇ်က တာ့ရွှင်းကို ထပ်ခါတလဲလဲ တိုက်ခိုက်မှုတွေသာ မလုပ်ခဲ့လျှင် မော့မိသားစု၏ အမျိုးသားများ ဤသို့ ဆိုးရွားသည့် အခြေအနေထဲ ရောက်မသွားနိုင်ပေ။

သူသည် ယနေ့ အခွင့်အရေးရှိလျှင် ဧကရာဇ်အား သေစေမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ထိုသို့သော လုပ်ရပ်များသည် ဟဲကျစ်ယန်အတွက် မခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ် အိပ်ပျော်နေချိန်တွင် သူ၏ အကြောများကို ပိတ်ဆို့လိုက်ပြီး သူ့အား သူမ၏ နေရာလပ်နယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။

သူတို့နှစ်ယောက်သည် အိပ်ခန်းထဲတွင် ပတ်ရှာပြီး လက်လှမ်းမီနိုင်သော အရာအားလုံးကို ယူသွားလိုက်သည်။

အိပ်ခန်းတစ်ခုလုံး ဗလာဖြစ်သွားပြီးနောက် သူတို့နှစ်ယောက်သည် ဘယ်သူမှ သတိမထားမိခင် ထွက်ပြေးလိုက်ကြသည်။

နန်းတော်ထဲသို့ ခိုးဝင်ရသည့် ရည်ရွယ်ချက်မှာ ပြီးမြောက်သွားပြီဖြစ်သည်။

မနက်မိုးလင်းခါနီးဖြစ်နေပြီမို့ သူတို့သည် ထပ်မံ၍ မတုံ့ဆိုင်းနေတော့ဘဲ အစောင့်များကို ရှောင်တိမ်းရင်း နန်းတော်ကနေ ထွက်လာခဲ့သည်။

သူတို့သည် အရင်ဆုံး သူတို့ ငှားထားသည့် အိမ်ကို ပြန်သွားပြီး မော့ညီအစ်ကိုနှစ်ယောက်အား ဘေးကင်းကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။

ထို့နောက် အိမ်နောက်ဖေးသို့ တိတ်တဆိတ် သွားပြီး နေရာလပ်နယ်မြေထဲသို့ တိတ်တဆိတ် ဝင်သွားကြသည်။

ရုတ်တရက် မျက်စိရှေ့တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာချိန်မှာ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။

ထမင်းလုံးလေးသည် ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ ရင်ဘတ်ပေါ်တွင် ထိုင်ရင်း ဝါးမျှစ်ကြီးတစ်ခုကို သိမ်းထားပြီး အရသာခံပြီး စားနေသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ သူ၏ ဖင်သေးသေးလေးက အစိမ်းရောင် ဓာတ်ငွေ့များကို ထုတ်လွှတ်နေသည်...

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဟဲကျစ်ယန်သည် တစ်ညလုံး ခံစားခဲ့ရသော တင်းမာမှုများ ချက်ချင်း ပြေပျောက်သွားသည်။

သူမက ရယ်မောရင်း "ထမင်းလုံးလေး၊ သူက လူဆိုးတစ်ယောက်ဆိုတာ မင်းလဲ သိတယ်မဟုတ်လား၊ အဲ့ဒါကြောင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်နေတာလား။" ဟု ပြောလိုက်သည်။

"အင်း...အင်းဟင်း..." ထမင်းလုံးလေးက တစ်တီတီအသံတွေ ထုတ်ပြီး ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ကနေ လိမ့်ဆင်းလာသည်။

သူ၏ ခြေထောက်တိုတိုလေးများဖြင့် သခင်ရှိရာကို ဖြည်းညင်းစွာ ပြေးလာသည်။

ဟဲကျစ်ယန်သည် ထမင်းလုံးလေးကို အရင်ဆုံး ဖက်ပြီး နမ်းလိုက်သည်၊ ပြီးနောက် ဆဋ္ဌမမြောက်အစ်ကို၏ အခြေအနေအား စစ်ဆေးသည်။

သူမ၏ ခန့်မှန်းချက်အရ ဆဋ္ဌမမြောက်အစ်ကိုသည် တစ်နာရီလောက်နေလျှင် နိုးလာနိုင်သည်။

ဧကရာဇ်အား ဤနေရာတွင် ရှိနေတုန်း အမြန်စစ်ဆေးရန် လိုအပ်သည်။

မော့ကျိုးယွီသည် စိတ်အားထက်သန်စွာ ရှေ့တိုးလာပြီး ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်ကို အကြမ်းပတမ်း ကန်ကျောက်လိုက်သည်။

ဟဲကျစ်ယန်ကလည်း ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်ကို အိပ်ပျော်နေစေလိုသည့် ရည်ရွယ်ချက် မရှိခဲ့ချေ။

ကန်ကျောက်မှုကြောင့် နာကျင်မှုဖြင့် နိုးလာသော ဧကရာဇ်သည် စက္ကန့်အနည်းငယ် ရီဝေနေပြီးမှ သတိပြန်ရလာသည်။

သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ အရင်ဆုံး တောင့်တင်းသွားပြီး ထူးဆန်းသည့် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်က သူ့အား ငုံ့ကြည့်နေသည်အား တွေ့လိုက်ရသည်။

"မင်းတို့... ငါ ကိုယ်တော်ရှေ့မှာ ဒူးမထောက်ကြဘူးလား..."

ဒါကို ကြားလိုက်ရသည့်အခါ မော့ကျိုးယွီကက အေးစက်စက် ရယ်မောလိုက်သည်။

သူ၏ ရန်သူကြီးကို ရင်ဆိုင်ရချိန်တွင် အသုံးမကျသော စကားများနှင့် အချိန်ဖြုန်းချင်စိတ်တောင် မရှိခဲ့ချေ။

"ပြော၊ မင်းရဲ့ စာကြည့်ခန်းထဲက လျှို့ဝှက်အခန်းမှာ ဘယ်သူနေတာလဲ။"

ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် အလွန်အမင်း ထိတ်လန့်သွားသည်။

သူသည် မော့ကျိုးယွီကို ဂရုတစိုက် စစ်ဆေးကြည့်ရင်း ရင်းနှီးသည့် အရိပ်အယောင်များအား ရှာဖွေဖို့ ကြိုးစားမိသည်။

ဒါပေမယ့် သူ့ရှေ့မှာ ရှိသည့် လူနှစ်ယောက်အား သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ နောက်ပြီးတော့ ဒီလို မေးခွန်းမေးနိုင်ခြင်းမှာ သူတို့သည် စာကြည့်ခန်းထဲက လျှို့ဝှက်အခန်းအား ရှာဖွေတွေ့ရှိခဲ့ပြီဆိုတာကို ဆိုလိုသည်။

ပြီးတော့ သူကိုယ်တိုင်သည် တင်းကြပ်သော အစောင့်များနှင့် အိပ်ခန်းထဲတွင် အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုလုပ်ပြီး သူ သတိမထားမိဘဲ ဤနေရာကို ရောက်လာနိုင်ရတာလဲ။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် တွေးလေလေ ပိုကြောက်လာလေလေဖြစ်လာသည်။

သူ့ခေါင်းထိပ်ကနေ အေးစက်သော လေထုများ ထွက်ပေါ်လာသလို ခံစားရပြီး ကျောရိုးထဲတွင် အေးစက်စက် ခံစားရသည်...

"မင်းတို့က ဘယ်သူတွေလဲ။"

"မင်းကို သိသိသာသာနဲ့ သေစေဖို့၊ ငါက ဘယ်သူလဲဆိုတာ ပြမယ်။"

ထိုသို့ပြောပြီး မော့ကျိုးယွီသည် သူ၏ မုတ်ဆိတ်အတုကို ဖယ်လိုက်ပြီး သူ့နဖူးအား ဖုံးကွယ်ထားသည့် ဦးထုပ်ကို ချွတ်လိုက်သည်။

ထို့နောက် သူ့မျက်နှာပေါ်က မိတ်ကပ်တချို့အား လက်ဖြင့် ရိုးရှင်းစွာ သုတ်လိုက်ပြီး သူ၏ မူလပုံစံ အများစုကို ထုတ်ဖော်ပြသလိုက်သည်။

သူ့ရှေ့က လူအား မြင်လိုက်ရချိန်တွင် ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် သရဲတစ္ဆေတစ်ကောင်အား မြင်လိုက်ရသလို တုန်လှုပ်သွားသည်။

သူ၏ခန္ဓာကိုယ်အား အကြမ်းပတမ်း နောက်ပြန်ဆုတ်သွားရင်း "မင်း... မင်းက မော့ကျိုးယွီ..."

မော့ကျိုးယွီသည် တစ်စထက်တစ်စ သူ့ဆီ ချဉ်းကပ်လာသည်။ "ငါပဲ။”

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်အတွက် အကြောက်ဆုံးသူများဆိုလျှင် မော့မိသားစုဝင် အမျိုးသားများပင်ဖြစ်သည်။

သူသည် တာ့ရွှင်းကို တိုက်ခိုက်ရန် သူ၏ အရင်းအမြစ်များအားလုံးနီးပါးကို သုံးပြီးခဲ့သော်လည်း မော့ကျိုးယွီတို့သားအဖတွေက သူ၏ အကြံအစည်များကို အကြိမ်ကြိမ် ပိတ်ဆို့ခဲ့သည်။

ယခုအခါ မော့မိသားစုမှ အမျိုးသားတစ်ဦးသာ ကျန်ရှိတော့သော်လည်း မော့ကျိုးယွီသည် ရဲရင့်ပြီး တိုက်ပွဲတွင် ကျွမ်းကျင်သူ ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်သည် သတိမလျှော့ရဲခဲ့ပေ။ မကြာသေးမီက ဧကရာဇ်ရွှင်းဝူ၏ တော်ဝင်အမိန့်ပြန်တမ်းဖြင့် မော့မိသားစု၏ ပစ္စည်းများကို သိမ်းဆည်းပြီး နှင်ထုတ်ခံရသည်အား ကြားသိရချိန်တွင် သူသည် ကောင်းကင်က သူ့ကို ကူညီပေးနေသည်ဟု ထင်ခဲ့သည်။

အောင်မြင်ရန် အခွင့်အရေးရခဲ့ပြီဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ အလွန်သတိထားရသူဖြစ်သော မော့ကျိုးယွီ လက်ထဲသို့ ဖမ်းဆီးခံလိုက်ရသည်။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ ပထမဆုံးအတွေးမှာ မော့မိသားစု၏ ပြည်နှင်ဒဏ်အပေးခံရသည့် အမိန့်သည် အတုဖြစ်ရမည်ဟူသောအချက်ပင်။

၎င်းသည် ဧကရာဇ်ရွှင်းဝူက သူ့သတိကိုလျှော့ချရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ပြီး မော့ကျိုးယွီကို တောင်ပိုင်းနယ်စပ်သို့ စေလွှတ်ကာ သူ့ကို အသက်ရှင်လျက် ဖမ်းဆီးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သူသည် အလွန်ပေါ့ဆခဲ့ပြီး ဧကရာဇ်ရွှင်းဝူ၏ လှည့်စားမှုကို ယုံကြည်ခဲ့မိသည်။

အကယ်၍ ဟဲကျစ်ယန်က ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် ဤမျှလောက် စိတ်ကူးယဉ်တွေးတောနိုင်သည်ကို သိခဲ့လျှင် သူသည် စိတ်ကူးယဉ်ဝတ္ထုများ ရေးသားရန် အခွင့်အရေးကို မဖြုန်းသင့်ဟု ပြောလောက်သည်။

သေချာပေါက်၊ သူတို့နှစ်ဦးစလုံးသည် ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်က ဘာတွေးနေသလဲဆိုတာကို မသိခဲ့ပေ။

မော့ကျိုးယွီသည် ဤနေရာတွင် သူနှင့် အချိန်ဖြုန်းချင်စိတ် မရှိခဲ့ချေ။

"မင်း မြန်မြန်သေချင်ရင် ပြော၊ မင်းရဲ့ စာကြည့်ခန်းထဲက လျှို့ဝှက်အခန်းထဲမှာ ဘယ်သူနေတာလဲ။"

ဤအချိန်တွင် ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ အာရုံသည် မေးခွန်း၏ အဓိကအချက်ပေါ်တွင်ပင် မရှိခဲ့ပေ။

သူ ကြားလိုက်ရသည်မှာ “မြန်မြန် သေချင်ရင်” ဆိုသည့် စကားလုံးသာ ဖြစ်သည်...

"ငါက တိုင်းပြည် တစ်ပြည်ရဲ့ အုပ်စိုးသူပဲ။ မင်းတို့ ငါ့ကို သတ်လို့ မရဘူး။"

သတ်လို့မရဘူးဟူသည်မှာ မဖြစ်နိုင်ပေ။

မော့ကျိုးယွီသည် စိတ်ထဲတွင် အေးစက်စက်ရယ်မောလိုက်ပြီး ရှေ့သို့လှမ်းကာ ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ ဆံပင်ကို ဆွဲဆုပ်ကာ သူ့ကို ဆွဲထူလိုက်သည်။

ဧကရာဇ်သည် သူ၏ အိပ်ခန်းမှ ဖမ်းဆီးခံလာရပြီး ယခုအခါ ခါးအထက်ပိုင်းတွင် အဝတ်မပါဘဲ အောက်ပိုင်းတွင် ပါးလှသော အဝတ်တစ်စသာ ဝတ်ဆင်ထားသည်။

မော့ကျိုးယွီက ပြင်းထန်စွာ ဆွဲမလိုက်ချိန်တွင် သူ၏ အဝတ်စသည် ကျွတ်ကျလုနီးပါး ဖြစ်သွားသည်။

သူသည် ဆံပင်တွင် ခံစားရသော နာကျင်မှုကို ဂရုမစိုက်ဘဲ သူ့ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသေးသည့် တစ်ခုတည်းသော အကာအကွယ်ကို ဆုပ်ကိုင်ထားရန် အလျင်အမြန် လက်လှမ်းလိုက်မိသည်။

မော့ကျိုးယွီသည်လည်း ဤမြင်ကွင်းကိုမြင်ပြီး သူ့ဇနီးဖြစ်သူ၏ မြင်ကွင်းအား မသိစိတ်က ပိတ်ဆို့လိုက်သည်။

ဤမျှရုပ်ဆိုးသောမြင်ကွင်းသည် သူ့ချစ်ဇနီး၏ မျက်လုံးများကို ညစ်ညမ်းစေမိလိမ့်မည်...

ဟဲကျစ်ယန်လည်း ဆွံ့အသွားမိသည်။ သူမသည် ဆရာဝန်တစ်ဦးဖြစ်ပြီး အဝတ်မပါသော အမျိုးသားများကို များစွာ မြင်ဖူးသော်လည်း ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်၏ မည်းမှောင်ပြီး ဝဖြိုးသော ခန္ဓာကိုယ်သည် တကယ်ကို စားချင်စိတ် ပျောက်ဆုံးစေသည်။

စားချင်စိတ်ပျောက်ခြင်းအကြောင်း ပြောရလျှင် မကြာသေးမီ ရက်အနည်းငယ်အတွင်း ကိစ္စပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည့်အတွက်လားမသိ၊ အစားအသောက်များကို မြင်လျှင် အနည်းငယ် ပျို့အန်ချင်သလို ခံစားရသည်။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် သူ၏ အဝတ်စကို ဆုပ်ကိုင်ထားနိုင်ခဲ့သော်လည်း သူ့ဆံပင်ကို မော့ကျိုးယွီက ပြင်းထန်စွာ ဆွဲကိုင်ထားဆဲ ဖြစ်သည်။

သူသည် နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးလိုက်သည်။

"မော့ကျိုးယွီ... ငါ့ကိုလွှတ်လိုက်..."

သို့သော် မော့ကျိုးယွီတွင် သူ့ကိုလွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

ဤကဲ့သို့ အူမရှိသော သူရဲဘောကြောင်သူအတွက် ပိုမိုခံစားရလျှင် သူလိုချင်သော သတင်းအချက်အလက်များကို ရရှိရန် မခက်ခဲပေ။

သို့သော်လည်း သတိထားရန်အတွက် ဟဲကျစ်ယန်သည် ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်ကို အိပ်မွေ့ချရန် ဆုံးဖြတ်လိုက်သည်။

ဤနည်းဖြင့် ရရှိလာသော အဖြေများသည် စစ်မှန်ရုံသာမက အချိန်များစွာ သက်သာစေနိုင်သည်။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်က တစ်ခုခုပြောရန် ပြင်ဆင်နေစဉ်မှာပင် သူ့မျက်စိရှေ့တွင် လွှဲယမ်းနေသော အိတ်ဆောင်နာရီတစ်လုံးကို မြင်လိုက်ရသည်။

"ဒါကို မင်း မြင်ဖူးလား၊ အနောက်ပိုင်းသားတွေဆီက ဝယ်လာတာလေ။"

ဟဲကျစ်ယန်က သူမ လက်ထဲရှိ အိတ်ဆောင်နာရီကို လွှဲယမ်းရင်း ပြောလိုက်သည်။

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်သည် ထိုအိတ်ဆောင်နာရီကို စိုက်ကြည့်ရင်း ခဏတာ သတိလက်လွတ် ဖြစ်သွားသည်။

မကြာခင်မှာပင် သူ၏အကြည့်များသည် ပို၍လွတ်ကင်းလာပြီး အိပ်မွေ့ချခံရသည့် အခြေအနေသို့ လျင်မြန်စွာ ကျရောက်သွားသည်။

ယခုအခါ အတွေ့အကြုံရှိသူဖြစ်နေပြီဖြစ်သော မော့ကျိုးယွီသည် အိပ်မွေ့ချခြင်းအောင်မြင်မှု ရှိ မရှိ စစ်ဆေးနည်းကို သိထားပြီးပြီဖြစ်သည်။

ယခုအချိန်သည် မေးခွန်းများမေးရန် အချိန်ရောက်ပြီဖြစ်ကြောင်း သူသိသည်။

"မင်းရဲ့ စာကြည့်ခန်းထဲက လျှို့ဝှက်အခန်းထဲမှာ ဝှက်နေတဲ့သူက ဘယ်သူလဲ။"

ရှင်းကျန်းတောင်ပိုင်း ဧကရာဇ်: "သခင်စစ်မုန့်."

ဤအမည်ကို ကြားလိုက်ရချိန်တွင် နော့ကျိုးယွီနှင့် ဟဲကျစ်ယန် နှစ်ဦးစလုံး အံ့အားသင့်စွာ အသက်ရှုသံကို ထိန်းလိုက်ရသည်။

All Chapters