ရှီဝမ်ကို စမ်းသပ်ခြင်း
Vol. 25 Ch. 266
တောင်တန်းကြီးမှာမူ တိတ်ဆိတ် ငြိမ်သက်လျက် ရှိ၏။ လီယွမ်သည် နေ့ရက်ပေါင်းများစွာ ကြိုးပမ်း ကျင့်ကြံပြီးနောက် ပြန်လည် ရှင်သန်ခြင်း ကူ နှင့် ဆန်းကြယ်ပုံရိပ် ကူ တို့နှင့် သက်ဆိုင်သော ထောင်အဆင့် ကူအိမ်ကို ဆက်တိုက် တည်ဆောက်နိုင်ခဲ့၏။
ပြန်လည် ရှင်သန်ခြင်း ကူ အတွက် ကူအိမ်ကို ချန်ချန်းရွှီ ဟု အမည်ပေးလိုက်၏။ ဆန်းကြယ်ပုံရိပ် ကူ အတွက် ကူအိမ်ကိုမူ ရုပ်မဲ့နန်းတော် ဟု အမည်သတ်မှတ်ခဲ့၏။
ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ ဖြစ်သည့် ရွှေရောင်ရတနာလေး နှင့် သက်ဆိုင်သော ကူအိမ် တည်ဆောက်ရေးမှာမူ အနှေးကွေးဆုံး ဖြစ်နေပြီး ယခုထိ မပြီးဆုံးသေးချေ။ ကံကြမ္မာ အမျိုးအစား ကူ များမှာ အလွန်တရာ ထူးခြားလွန်းလှခြင်းကြောင့် ဖြစ်သည်။ လီယွမ်မှာမူ ၎င်းအတွက် စိုးရိမ်ပူပန်ခြင်း မရှိပါ။ ရွှေရောင်ရတနာလေး သည် ယခုအခါတွင် ရုပ်သေးရုပ် တစ်ခုအဖြစ်သာ မဟုတ်ဘဲ အခန်းကဏ္ဍ တစ်ရပ်မှ စတင် အသုံးဝင်လာပြီ ဖြစ်သော်လည်း သုံးခွင့်ရဖို့ အလွန်ပင် ခဲယဉ်းလှ၏။
‘အချိန်နှင့် ဟင်းလင်းပြင် အမျိုးအစား ထူးခြားကူ တွေကို အဋ္ဌမမြောက် နဲ့ နဝမမြောက် ပင်မကူ အဖြစ် ပျိုးထောင်ဖို့ ငါ အမြဲ စိတ်ကူးထားခဲ့တာ... အောင်မြင်သွားရင်တောင် သူတို့ရဲ့ ကူအိမ်တွေ တည်ဆောက်ဖို့ ခက်ခဲလွန်းလှမှာပဲ...’
လီယွမ် တွေးတောလိုက်သည်။
ထူးခြားကူ အမျိုးအစား များမှာလည်း ထိုနည်းတူပင် အလွန်တရာ ထူးခြားသော ကန့်သတ်ချက်များ ရှိနေပြန်၏။ လီယွမ်သည် လျှို့ဝှက် ဝါးတောအုပ်လေး အတွင်းရှိ ကူအိမ်သစ် နှစ်ခုကို ငေးကြည့်နေမိတော့သည်။ ချန်ချန်းရွှီ ၏ တည်ဆောက်ပုံမှာ ထူးဆန်းလှပြီး အဆုံးမရှိသော လမ်းကြောင်းအလား စိတ်မသက်မသာ ဖြစ်ဖွယ် ကောင်းလှ၏။ ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းမှာ ပြန်လမ်းမရှိတော့ဘဲ လူတိုင်းမှာ အထီးကျန်ဆန်မှုများဖြင့်သာ ကျန်ရစ်ခဲ့တော့မည့်အလား ပုံဖော်ထားသည်။
ချန်ချန်းရွှီ မှ ထွက်ပေါ်လာသည့် ဝိညာဉ် အနှစ်သာရမှာမူ လီယွမ် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သော်လည်း သူ အံ့အားသင့်မိသေး၏။ ၎င်း၏ အမည်မှာ နိဗ္ဗာန် ငှက်မွှေး ဖြစ်၏။ အမည်နှင့် လိုက်ဖက်စွာပင် ၎င်းသည် ငှက်မွှေး တစ်ချောင်းနှင့် တူနေသည်။ အမှုန့်ကြိတ်ကာ တိုက်ရိုက် သောက်သုံးလိုက်ပါက အသက်ကို (၁၀) နှစ်အထိ တိုးမြှင့်ပေးနိုင်စွမ်း ရှိ၏။
(၁၀) နှစ် ဆိုသည်မှာ မရေရာသော အပိုင်းအခြား တစ်ခု ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ အာနိသင်များမှာလည်း ကွဲပြားခြားနားသွားနိုင်သည်။
‘ထုတ်လုပ်နိုင်ပြီ ဆိုရင်တော့ ငါ့ရဲ့ အဘိုး နဲ့ ဘိုးဘေးကို စမ်းသပ်ခိုင်းကြည့်ဦးမှပါ...’
လီယွမ် စဉ်းစားလိုက်၏။
သူ၏ ဘိုးဘေးမှာမူ အသက်ရှည်စေသော ရတနာများကို အကြိမ်ကြိမ် သုံးစွဲခဲ့ပြီး ဖြစ်ရာ အာနိသင် မရှိတော့ကြောင်း ကိုယ်တိုင် ပြောကြားထားခဲ့သည်။ သူ၏ အဘိုးဖြစ်သူ အန်းထိုယွမ် မှာလည်း နယ်ပယ် ချိုးဖြတ်မှသာ ဖြေရှင်းနိုင်သော 'နတ်ဘုရား ပြစ်ဒဏ် ' ကို ခံစားနေရသူ ဖြစ်ရာ အသက်ရှည်ဆေးများနှင့် မဖြေရှင်းနိုင်ပေ။
သို့သော်လည်း ၎င်းမှာ မျှော်လင့်ချက် တစ်ခု ဖြစ်နေဆဲပင်။ ချန်ချန်းရွှီ ကို အနာဂတ်တွင် ကူအိမ် တစ်သောင်း သို့မဟုတ် ကူအိမ် တစ်သိန်း အထိ ဆင့်ကဲ ပြောင်းလဲနိုင်ပါက အံ့ဖွယ်များကို ဖန်တီးနိုင်မည်မှာ မလွဲဧကန် ဖြစ်တော့၏။
ထို့နောက် လီယွမ် သည် ဆန်းကြယ်ပုံရိပ် ကူ နှင့် သက်ဆိုင်သော ရုပ်မဲ့နန်းတော် ကို ကြည့်လိုက်ပြန်သည်။ ရုပ်မဲ့နန်းတော် ၏ ပုံစံမှာ အလွန်တရာ ထူးဆန်းလှ၏။ ပထမဆုံး မြင်လိုက်ရချိန်တွင် ဧရာမ ဦးခေါင်းခွံ တစ်ခုနှင့် တူနေသော်လည်း စိတ်ကို ငြိမ်သက်စွာ ထား၍ စူးစိုက်ကြည့်လိုက်ပါက အခြားပုံစံများသို့ ပြောင်းလဲသွားပြန်၏။ သူ၏ စိတ်ခံစားမှု ပြောင်းလဲသည့်အလိုက် လီယွမ် မြင်ရသည့် မြင်ကွင်းမှာလည်း တစ်ခါနှင့်တစ်ခါ မတူညီပေ။
၎င်းက ဆန်းကြယ်ပုံရိပ် ကူ ၏ ဂုဏ်သတ္တိများနှင့် ရုပ်မဲ့နန်းတော် ဟူသော အမည်နှင့် ကိုက်ညီလှ၏။ ရုပ်မဲ့နန်းတော် မှ ထွက်ပေါ်လာသော ဝိညာဉ် အနှစ်သာရမှာမူ ရုပ်မဲ့ရေ ဖြစ်သည်။ ၎င်းကို ကိုယ်ခန္ဓာတွင် လိမ်းကျံလိုက်ပါက စိတ်ဝိညာဉ် စူးစမ်းမှုအားလုံးကို ဖုံးကွယ်နိုင်ပြီး အသွင်ပြောင်းခြင်း နည်းစနစ်များနှင့် ပေါင်းစပ်ကာ မိမိ၏ စစ်မှန်သော ရုပ်သွင်ကို ခေတ္တမျှ ဖုံးကွယ်ထားနိုင်သည်။
ယခု လီယွမ် အတွက်မူ ဤအာနိသင်မှာ သာမန်မျှသာ ဖြစ်၏။ သူတွင် စီနီယာ ဒေါ်လေး ယန်ဝူရုန် ပေးထားသော လူ့ရေခွံ မျက်နှာဖုံး ရှိပြီးဖြစ်သလို ဆန်းကြယ်ပုံရိပ် ကူ လည်း ရှိနေသဖြင့် ရုပ်မဲ့ရေ အသုံးပြုရန် မလိုအပ်ပေ။
“စီနီယာ ဒေါ်လေး ယန် လာရင် သူ့ကို ပေးလိုက်ရမှာပဲ... ဒီအရာက ဆဌမနန်းတော် အတွက် အသုံးဝင်လိမ့်မယ်...”
လွန်ခဲ့သော ရက်အနည်းငယ်က လီယွမ် သည် ကန္တာရ၏ ကိစ္စရပ်များမှာ မှန်ကန်ခြင်း ရှိ၊ မရှိ စုံစမ်းပေးရန် ယန်ဝူရုန် ကို တောင်းဆိုခဲ့သည်။ ဆဌမနန်းတော် က သူ့ကို ကြီးမားသော အကူအညီများ ပေးခဲ့၏။ ၎င်းက သူ တောင်ပေါ်တွင် နေနေရုံဖြင့် လောက အခြေအနေကို သိရှိနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။
လီယွမ် သည် သူ၏ ဘိုးဘေးမှာ အာဏာကို လွှဲပြောင်းပေးကာ ကူသခင် အနွယ်ဝင်တို့အား တဖြည်းဖြည်း လက်ခံလာစေရန်နှင့် ကူလမ်းစဉ်၏ သာယာဝပြောရေး တာဝန်ကို ထမ်းဆောင်စေလိုကြောင်း သိရှိထား၏။ သူကမူ ၎င်းကို ကန့်ကွက်ခြင်း မရှိပေ။ နဝမနန်းတော် ကူနန်းတော် ကို လက်ခံပြီး ကူလမ်းစဉ် ကို ပြန်လည် မြှင့်တင်ခြင်းမှာ သူ၏ အနာဂတ် အစီအစဉ်များနှင့် ဆန့်ကျင်ဘက် မဟုတ်ပါ။
ဝမ်ကျောက်ကျောက် နှင့် လီယွမ်တို့ ထမင်းစားနေရင်း သူမက သာမန် သဘောမျိုးဖြင့် စကားစလိုက်၏။
“အစ်ကိုယွမ်... ရှီဝမ် က ညီမရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ချင်တယ် တဲ့ရှင့်... သူ့ရဲ့ ဒဏ်ရာတွေလည်း သက်သာသွားပြီမို့လို့ အစ်ကိုယွမ်ကို တရားဝင် ကျေးဇူးတင် စကားပြောချင်လို့ပါတဲ့... ညီမ သူမကို ခေါ်လာပေးရမလား...”
“ရှီဝမ် ဆီမှာ နောက်ဆုံးရက်ပိုင်းအတွင်း ထူးခြားတာ ဘာများ ရှိသေးလဲ...” လီယွမ်က မေးလိုက်၏။
“မရှိပါဘူး...” ဝမ်ကျောက်ကျောက်က ခေါင်းခါလျက်
“ရှီဝမ်က တကယ်ကို သဘောကောင်းတဲ့သူပါ... သူမက စီနီယာအစ်မကြီး ဟုန်ယွီ အကြောင်းကိုပဲ မကြာခဏ ပြောနေပြီး တာ့ယန် က ကျန်းဟူ သိုင်းလောက အကြောင်းတွေကိုလည်း တစ်ခါတစ်ရံ မေးလေ့ရှိပါတယ်...”
“ခေါ်လာခဲ့လိုက်ပါ...”
အမှန်တရား မပေါ်ပေါက်သေးခင်အထိ လီယွမ်မှာ သံသယ ရှိနေဆဲပင် ဖြစ်၏။ ကန္တာရမှာ လွန်စွာ ဝေးကွာလွန်းလှသည်။ ဆဌမနန်းတော် ၏ ထောက်လှမ်းရေး အဖွဲ့အစည်းမှာ တောင်ပိုင်းနယ်စပ် အထိသာမက တာ့ယန် ဒေသ အနှံ့အပြားအထိ ရောက်ရှိနေသော်လည်း ကန္တာရနှင့် ပတ်သက်လာလျှင်မူ အနည်းငယ် လှမ်းမမီ ဖြစ်နေရသည်။
နောက်တစ်နေ့တွင် ဝမ်ကျောက်ကျောက်သည် ရှီဝမ်ကို ဝါးတောအုပ်လေး အတွင်းသို့ ခေါ်ဆောင်လာခဲ့၏။
“သခင်လေး လီ...”
လီယွမ်ကို မြင်လိုက်ရသည်နှင့် ရှီဝမ်သည် သူမ၏ လက်သီးကို ရင်ဘတ်ပေါ်သို့ တင်ကာ သုံးကြိမ်တိုင်တိုင် ညင်သာစွာ ပုတ်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ကန္တာရ၏ အမြင့်မြတ်ဆုံး အခမ်းအနားဖြင့် နှုတ်ဆက်လိုက်၏။
“သခင်လေး လီ နဲ့ ညီမလေး ရှောင်ကျောက် တို့ရဲ့ ဂရုစိုက်မှုကို ခံယူခဲ့ရလို့ ကျွန်မရဲ့ ဒဏ်ရာတွေ သက်သာသွားပါပြီ... အတိုင်းမသိ ကျေးဇူးတင်ပါတယ်...”
“ယဉ်ကျေးစရာ မလိုပါဘူး...” လီယွမ်က အနီးရှိ သစ်သား ကုလားထိုင်ကို ညွှန်ပြလိုက်သည်။
“ထိုင်ပါ...”
“ရှင်တို့ နှစ်ယောက် စကားပြောနေကြပါဦး... ညီမ ဟင်းချက်လိုက်ဦးမယ်...”
ဝမ်ကျောက်ကျောက်က မီးဖိုချောင်ထဲသို့ ဝင်သွားတော့၏။ ရှီဝမ်က သက်ပြင်းချလျက်
“ညီမလေး ရှောင်ကျောက် က တကယ်ကို စိတ်သဘောထား ပြည့်ဝတဲ့ အမျိုးသမီးကောင်း တစ်ယောက်ပါပဲ...”
“ဟုတ်ပါတယ်...”
လီယွမ်က ပြုံးလျက် “ကျွန်တော် ငယ်ငယ်လေးကတည်းက ရှောင်ကျောက် ကပဲ ကျွန်တော့်ရဲ့ နေ့စဉ် ဘဝကို ဂရုစိုက်ပေးခဲ့တာပါ...”
“ငယ်ငယ်လေးကတည်းက သိကျွမ်းပြီး အတူတူ ဒုက္ခခံလာကြတဲ့ ဆက်ဆံရေးမျိုးက တကယ်ကို ကောင်းတာပဲနော်...” ရှီဝမ်က တောင့်တသော လေသံဖြင့် ဆိုလိုက်၏။
လီယွမ်မှာမူ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေတော့သည်။
၎င်းကို မြင်သောအခါ ရှီဝမ်က ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းကို တာ့ယန် ရှိ အခြေအနေ၊ အင်ပါယာ နန်းတော်နှင့် ကျန်းဟူ သိုင်းလောက အကြောင်းများသို့ လွှဲပြောင်းလိုက်၏။
သို့သော်လည်း အပေါ်ယံမျှသာ ဖြစ်ပြီး အနက်အဓိပ္ပာယ် ပါဝင်ခြင်း မရှိချေ။
ဝမ်ကျောက်ကျောက်က ဟင်းချက်ပြီးသည်နှင့် စားပွဲပေါ်သို့ တင်ပေးလိုက်၏။ သူတို့သုံးဦးမှာ ဝိုင်အနည်းငယ် သောက်သုံးကြသည်။
ထိုအခိုက် လီယွမ်က ကန္တာရ၏ အခြေအနေကို စုံစမ်းရန် စကားလမ်းကြောင်း လွှဲလိုက်လေ၏။
“သခင်မလေး ရှီ... ကျွန်တော် ကြားဖူးတာတော့ လင်းရွှီ ရဲ့ နတ်ဆိုးဝိညာဉ်တွေ အကြောင်းပါ... အဲဒါတွေက ဘာတွေလဲ...”
“ကျွန်မလည်း တိတိကျကျ မသိပါဘူး…”
ရှီဝမ်က ခေါင်းခါလျက်
“ဒါပေမဲ့ ကန္တာရကြီး ရုတ်တရက် ပြောင်းလဲသွားရတာက အဲဒီ နတ်ဆိုးဝိညာဉ်တွေ ပေါ်လာလို့ပါပဲ... ဆယ့်ခြောက်ပြည်ထောင် က ပူဇော်ခြင်း လင်းရွှီ အရှင်သခင်တွေ အားလုံးကတော့ သူတို့ဟာ နတ်ဆိုးနယ်မြေ ကနေ လျှို့ဝှက် နည်းလမ်းတွေနဲ့ စေလွှတ်လိုက်တဲ့ နတ်ဆိုး သတ္တဝါတွေလို့ ဆိုကြပါတယ်...”
“အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား...”
ဤစကားမှာ လီယွမ်ကို အရှေ့ပိုင်း နယ်မြေ ရှိ ရတနာသိုက် တွင် သူ မြင်ခဲ့ရသော 'နတ်ဆိုးချီ' ကို ပြန်လည် သတိရစေ၏။ ဒါဟာ ကန္တာရရဲ့ နတ်ဆိုးဝိညာဉ်များနှင့် တစ်နေရာတည်းမှ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါသလား။
“နတ်ဆိုးဝိညာဉ်တွေက လင်းရွှီ ကို ညစ်ညမ်းစေတယ်... ဝိညာဉ် မျိုးဆက် ရဲ့ တော်ဝင် သွေးမျိုးဆက်ကသာ သူတို့ကို နှိမ်နင်းနိုင်တာ...”
ရှီဝမ်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ကန္တာရ မှာ အရင်က သူတော်စင် မင်းသမီး (၄) ပါး ရှိခဲ့တယ်... သူတို့ရဲ့ သွေးမျိုးဆက်က နင်ဟုန်ယွီ လောက် မသန့်စင်ပေမယ့်လည်း ကန္တာရရဲ့ အုပ်စိုးရှင် ဖြစ်ဖို့ အရည်အချင်း ရှိကြတယ်...”
“နတ်ဆိုးဝိညာဉ်တွေ ပေါ်လာပြီးနောက်မှာတော့ မင်းသမီးလေး လေးပါးဟာ နတ်ဆိုးဝိညာဉ်တွေကို နှိမ်နင်းပြီး လင်းရွှီ ကို တည်ငြိမ်အောင် လုပ်ဆောင်ရင်း အထဲမှာ ပိတ်မိသွားခဲ့ကြတယ်...”
“ဆယ့်ခြောက်ပြည်ထောင်မှာလည်း သူတော်စင် မင်းသမီးလေး အသစ်တွေကို ရှာဖွေဖို့ သို့မဟုတ် ပျိုးထောင်ဖို့ ကြိုးစားခဲ့ကြတယ်... အဲဒါကြောင့်ပဲ ချီနျန်ချူ က ပင်လယ်ကို ဖြတ်ကျော်ပြီး တာ့ယန် ဆီ လာခဲ့ရတာ...”
ရှီဝမ်က မည်သို့မျှ ဖုံးကွယ်မထားဘဲ အမှန်တရားကို ဖွင့်ဟလိုက်တော့၏။
“ဒါဆိုရင် စီနီယာအစ်မ ကလည်း အဲဒီလို အခြေအနေမျိုးနဲ့ ကြုံနေရတာလား...” လီယွမ်က မေးလိုက်၏။
“မတူပါဘူး...”
ရှီဝမ်က ခေါင်းခါလျက် ရှင်းပြလိုက်သည်။
“နင်ဟုန်ယွီ ရဲ့ သွေးမျိုးဆက်မှာ သန့်စင်မှု ရှိပြီး ကန္တာရ နတ်ဘုရား နဲ့ အနီးဆုံး ဖြစ်တာမို့လို့ သူ ပိတ်မိမှာ မဟုတ်ဘူး... သူ့ကို ပိတ်မိအောင် လုပ်လိုက်တာက လူသားတွေရဲ့ စိတ်ဓာတ်တွေပါပဲ...”
သူတို့ စကားပြောနေကြရင်း ဝိုင်ခွက်များကို အကြိမ်ကြိမ် သောက်သုံးကြ၏။
အရက်ရှိန်ကြောင့် ရှီဝမ်၏ နုနယ်လှသော ကိုယ်မှာ လီယွမ်၏ ရင်ခွင်သို့ ရံဖန်ရံခါ ယိမ်းယိုင်ကာ မှီတွယ်လာနေပြီး သူမ၏ တိုက်စစ်ကို တဖြည်းဖြည်း စတင်လိုက်တော့၏။
ရိုးရိုးရှင်းရှင်း ဖြားယောင်းခြင်းက အလုပ်မဖြစ်ကြောင်း သူမ သိ၏။ လီယွမ်၏ နှလုံးသားကို ပိုင်ဆိုင်နိုင်ရန် သူ၏ အကြိုက်ကို လိုက်၍သာ ချဉ်းကပ်ရပေတော့မည်။