← Chapters

အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ်

Vol. 25 Ch. 274

အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ်

Vol. 25 Ch. 274

နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီးချုပ် ပိုင်ချန်နှင့် ပတ်သက်သော ဒဏ္ဍာရီပေါင်းများစွာကို လီယွမ် ကြားဖူးခဲ့ပြီး ဖြစ်၏။

လူငယ် စစ်ဗိုလ်လေး တစ်ဦး ဘဝမှ တာ့ယန် မင်းဆက်၏ စစ်နတ်ဘုရား တစ်ပါး အဖြစ်သို့.. နယ်စပ်မှ သာမန် စစ်သည် တစ်ဦး ဘဝမှ ကောင်းကင်ကို ထမ်းပိုးထားသော မဏ္ဍိုင်ကြီး တစ်ခု အဖြစ်သို့..

လောက၏ သူရဲကောင်းများနှင့် ရဲရင့်သူများ အကြောင်းကို ဆွေးနွေးကြလျှင် ပိုင်ချန် ဟူသော အမည်နာမကို မည်သူမျှ လျစ်လျူမရှုရဲကြပါချေ။

စစ်တလင်းတွင် ပိုင်ချန်သည် ယုံမှားဖွယ်မရှိ နံပါတ်တစ် ပင်တည်း။

တော်ဝင် သွေးချောင်းစီးပွဲကြီး မတိုင်မီ အချိန်အတော်ကြာ ကတည်းက ပိုင်ချန်သည် သိုင်းသူတော်စင် တစ်ဦး ဖြစ်နေခဲ့ပြီး နဝမအဆင့် ပညာရှင်များကိုပင် စစ်ရေးစွမ်းရည်ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့ကြောင်း လီယွမ် မှတ်မိနေ၏။

ယုတ္တိဗေဒအရ ဆိုရလျှင် ပိုင်ချန်သည် အချိန်အတော်ကြာ ကတည်းက အဆင့်ချိုးဖြတ်ပြီး ဖြစ်နေသင့်သည်။ သို့သော် သူသည် ဤနယ်ပယ်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့၏။

အချို့က ထင်ကြေးပေးကြ၏။ ပိုင်ချန်သည် လူသတ်လွန်းသဖြင့် ကောင်းကင်ဘုံ၏ အပြစ်သင့်ခံရသည်ဟု ယူဆကြ၏။ တာ့ယန်မင်းဆက် မကျဆင်းမီက တိုက်ပွဲတစ်ခုတည်းတွင် နတ်ဆိုး ငါးသိန်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည် ။

အချို့ကလည်း ယုံကြည်ကြ၏။ ပိုင်ချန်သည် နဝမအဆင့်သို့ တက်လှမ်းရန် စစ်ရေးအာဏာကို အသုံးပြုခဲ့ပြီး လမ်းစဉ်နှစ်ခုကို ပူးတွဲ ကျင့်ကြံခဲ့သည်ဟု သတ်မှတ်ကြ၏။ စစ်ရေးအာဏာသည် အခြားသူများ၏ ခွန်အားအပေါ် အလွန်အမင်း မှီခိုနေရသဖြင့် အခြေခံအုတ်မြစ် မပြည့်စုံဘဲ နဝမအဆင့်၏ နိယာမများကို မခံနိုင်တော့ခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ပို၍ ယုတ္တိရှိသော ကောလာဟလ တစ်ခုလည်း ရှိသေး၏ယ ပိုင်ချန်သည် နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီးချုပ် ဖြစ်ရာ နိုင်ငံတော်၏ ကံကြမ္မာနှင့် ဆက်နွှယ်နေသည်။

တော်ဝင် မိသားစု ပြိုလဲခြင်း... နယ်စပ် ကျဆင်းခြင်းနှင့် နတ်ဆိုးများ ဝင်ရောက်လာခြင်းတို့ကြောင့် တာ့ယန်၏ ကံကြမ္မာမှာ ပျက်စီးသွားခဲ့ရ၏။ ထို့ကြောင့် စစ်သူကြီးချုပ် အနေဖြင့် တည်ထောင်သူ ထိုက်ဇူဧကရာဇ်၏ အလိုဆန္ဒအရ အပြစ်ပေးခံရကာ ရှေ့ဆက် တက်လှမ်းခွင့် မရတော့ခြင်း ဖြစ်သည်ဟု ကောလာဟလ ထွက်နေပြန်၏။

ပို၍ အဓိပ္ပာယ်မရှိသော ပြောဆိုချက်များလည်း ရှိသေး၏။ တော်ဝင် သွေးချောင်းစီးပွဲ ပြီးနောက် မြို့တော်ကို ကာကွယ်ရန်ဟု အကြောင်းပြကာ မြို့တော်သို့ ကပျာကယာ ပြန်လာခဲ့သော ပိုင်ချန်၏ လုပ်ရပ်မှာ အမှန်တကယ်တွင် ပုန်ကန်ပြီး ထီးနန်းလုရန် အကြံအစည် ဖြစ်သည်ဟု ဆိုကြ၏။

ညဇီးကွက်ဘုရင်၏ တားဆီးခံလိုက်ရပြီးနောက် သူ၏ စိတ်နှလုံးမှာ ထိခိုက်သွားပြီး နှလုံးသား နတ်ဆိုး ၏ နှောင့်ယှက်မှုကြောင့် ရှေ့မဆက်နိုင်တော့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။

ကောလာဟလ မျိုးစုံနှင့် ဆန့်ကျင်ဘက် အမြင်များစွာ ရှိခဲ့ကြသည်။

ယခုမူ ပိုင်ချန် နဝမအဆင့်သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် ထိုအရာအားလုံးမှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့ချေပြီ။

'အခြေအနေတွေက တဖြည်းဖြည်းနဲ့ အကွေ့အကောက်တွေ များလာပြန်ပြီ... ကောလာဟလ တွေထဲက ဘယ်ဟာက အမှန်လဲ ဆိုတာတောင် မသေချာတော့ဘူး...'

ယခင်က ပိုင်ချန်ကို သူ သိပ်ဂရုမစိုက်ခဲ့သော်လည်း ယခုမူ အလေးအနက် ထားရတော့မည် ဖြစ်၏။

'ဒီလိုဆိုရင် အဓိက အင်အားစုကြီး သုံးခုရဲ့ ခေါင်းဆောင်တွေထဲမှာ... ချင်အာ က သနားစရာကောင်းလောက်အောင် အားနည်းနေတုန်းပဲ... ကွာဟချက်က သိသာလွန်းပြီး သူမ ကြီးထွားလာဖို့ အချိန် သိပ်မကျန်တော့ဘူး...'

ရှောင်ချင်အာ ခြေကုပ်ရယူနိုင်ခဲ့ခြင်းမှာ ပြည်သူများ၏ ဆန္ဒကို လိုက်နာခြင်းကြောင့်သာမက ကူနန်းတော်မှ အဘိုးအို ၏ ထောက်ခံမှုကြောင့်လည်း ဖြစ်သည်။

သို့သော် လေထဲက ဖယောင်းတိုင်မီးလို ဖြစ်နေသော အဘိုးအို မည်မျှကြာကြာ တောင့်ခံနိုင်မည်ကို မည်သူမျှ မသိကြချေ။

'ဒါပေမဲ့ ပိုင်ချန်ရဲ့ အဆင့်ချိုးဖြတ်မှုက ရှန်းဟိုင်ဂိတ် တိုက်ပွဲကို ရှေ့ဆက်ဖို့အတွက် အလွန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်...'

နဝမအဆင့်ကို ယှဉ်ပြိုင်ရန် စစ်ရေးအာဏာကို အသုံးပြုခြင်းသည် စစ်မှန်သော နဝမအဆင့်သို့ ဝင်ရောက်ခြင်းနှင့် မည်သို့မျှ မတူညီပေ။ ထို့ပြင် ပိုင်ချန်သည် နဝမအဆင့်သို့ ဝင်ရောက်ပြီးနောက်တွင်လည်း စစ်ရေးအာဏာကို ဆက်လက် အသုံးပြုနိုင်သေးသည် မဟုတ်ပါလော။

တာ့ယန် မင်းဆက်၏ ဤကြီးမြတ်လှသော စစ်နတ်ဘုရားသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် စစ်တလင်းတွင် သူ၏ စွမ်းပကားကို တစ်ဖန် ပြန်လည် ပြသ‌လေတော့မည်။

သာယာသော နေ့တစ်နေ့။

ကောင်းကင်ယံတွင် တိမ်တစ်လိပ်မျှ မရှိဘဲ ကြည်လင်နေသည်။

ခြံဝင်းအတွင်း၌ လီယွမ်သည် ရှီဝမ်နှင့် အတူ မဖြစ်နိုင်သော တာဝန် အကြောင်းကို ဆွေးနွေးနေ၏။ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း ရှီရှား နိုင်ငံ အကြောင်းကိုလည်း အခွင့်အရေးယူကာ လေ့လာခဲ့သည်။

အဓိက ရည်ရွယ်ချက်မှာ ရှီရှား နိုင်ငံ၏ ဒေသထွက် ပစ္စည်းများကို လေ့လာရန်ပင်။

ဥပမာအားဖြင့်... အချိန်သဲမှုန်။

"သခင်လေး... အချိန်သဲမှုန် က တကယ်ကို အဖိုးတန်ပေမယ့်... ကျွန်မ သိထားသလောက်ကတော့ အချိန်သဲ လင်းရွှီ ဟာ သီးခြား အခြေအနေ တစ်ခုအောက်မှာ အချိန်နိယာမတွေကို အမြောက်အမြား စုစည်းနိုင်တယ်... အဲ့ဒီနောက် အထူး သတ္တုတွေ ထူးဆန်းတဲ့ ကျောက်တုံးတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ပိုပြီး ရှားပါးတဲ့ ရတနာတစ်ခု ဖြစ်လာတယ်..."

"အို... မင်းတို့ ရှီ မိသားစုမှာကော ရှိလား..."

လီယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ကံကောင်းထောက်မစွာနဲ့ တစ်ခု ရခဲ့ဖူးတယ်... ဘိုးဘေးတွေရဲ့ မှတ်တမ်းတွေ အရဆိုရင်... ဒီအရာက လက်သန်းလောက်ပဲ အရွယ်အစား ရှိပြီး အချိန်သဲ လင်းရွှီ ရဲ့ အမြင့်ဆုံး ထွက်ကုန်ပဲ... ကျွန်မတို့ မိသားစုရဲ့ ဘိုးဘေးကြီးက ဒါကို ဟင်းလင်းပြင် အချိန်သဲ လို့ ခေါ်တယ်..."

ရှီဝမ်က ခေါင်းညိတ်ပြလိုက်၏။

လီယွမ် ဤအရာကို အမှန်တကယ် လိုချင်မိသည်။ ၎င်းကို ကန္တာရ၏ အလှဆုံးသော နေရာ ဟုပင် သူ ခေါ်ဆိုချင်၏။

"မင်းပြောတဲ့ သီးခြား အခြေအနေ ဆိုတာနဲ့ ပတ်သက်ပြီး သဲလွန်စတွေ ရှိလား..."

လီယွမ်က ထပ်မံ မေးမြန်းလိုက်သည်။

"ရှိပါတယ်... အဲ့ဒီ ကာလတုန်းက လင်းရွှီ ဆယ့်ခြောက်ခု စလုံးမှာ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်လာတယ်လို့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်တွေမှာ ပါတယ်... ဘိုးဘေးကြီးက အဲ့ဒါကို ကန္တာရ နတ်ဘုရား ကိုယ်ထင်ပြတာလို့ ပြောတယ်..."

လီယွမ် ဆွံ့အသွားရ၏။

ကန္တာရ တစ်ခုလုံးက ကန္တာရ နတ်ဘုရား တစ်ပါးတည်းကိုသာ ကိုးကွယ်ကြသည်မှာ အတော်လေး ရှားပါးလှသည်။

တာ့ယန် နှင့် မတူချေ။ တာ့ယန်၏ ဘိုးဘေးများတွင် စစ်နတ်ဘုရား သို့မဟုတ် ကူအင်မော်တယ် တို့ ပါဝင်ပြီး သူတို့သည် ဘိုးဘေးကြီးကို ကိုးကွယ်ကြသည်။ ထိုသို့ မဟုတ်လျှင်လည်း စစ်မှန်သော နဂါး... ချီလင် နှင့် ဖီးနစ် ကဲ့သို့သော ရှေးဦး နတ်ဘုရားများကို ကိုးကွယ်ကြ၏။ ထို့ပြင် ရိုးရာ ဒဏ္ဍာရီများ သို့မဟုတ် ဒေသခံ နတ်ဘုရား မျိုးစုံကိုလည်း ကိုးကွယ်ကြသေးသည်။

"မင်း ပြန်ရောက်တဲ့အခါ သေချာ စောင့်ကြည့်ဖို့ မမေ့နဲ့... အကယ်လို့ လင်းရွှီ ဆယ့်ခြောက်ခု စလုံးမှာ တစ်ပြိုင်နက်တည်း ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်လာတာကို တွေ့ရင်... ငါ့ဆီ ချက်ချင်း စာပို့လိုက်ပါ..."

လီယွမ်က မှာကြားလိုက်သည်။

"ဒီအစေခံ..သခင်လေးရဲ့ မှာကြားချက်တွေကို မှတ်ထားပါ့မယ်..."

ရှီဝမ်က ရိုသေစွာဖြင့် တုံ့ပြန်လိုက်၏။

သူတို့နှစ်ဦး အားရပါးရ စကားပြောနေစဉ် လီယွမ်သည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး အလွန်တရာ ဝမ်းသာသွားတော့သည်။

"ရှီ မိန်းကလေး... မင်း သွားနားလိုက်တော့..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လီယွမ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လျှို့ဝှက် ဝါးတော အတွင်းသို့ ရောက်ရှိသွားလေ၏။

အပြင်ဘက်ရှိ တောက်ပသော နေရောင်ခြည်၊ ကြည်လင်သော ကောင်းကင်နှင့် နှိုင်းယှဉ်လျှင် ဝါးတော အတွင်း၌ နှင်းပွင့်များ ကျဆင်းနေပြီး အလွန်တရာ အေးခဲသော နေရာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။

သူသည် အရှေ့ဘက်ရှိ ရင်သပ်ရှုမောဖွယ် ကောင်းလှသော ပုံရိပ်လေးကို ငေးကြည့်လိုက်၏။

"တိုင်းတိုင်း... မင်း လုပ်နိုင်ခဲ့ပြီပဲ..."

"လီ... ယွမ်... ကျွန်မ... လုပ်နိုင်ခဲ့ပြီ..."

သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်ရင်း တစ်ပြိုင်နက်တည်း နီးပါး စကားဆိုလိုက်ကြသည်။

ဓားနတ်သမီး၏ အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ် သည် နှင်းပွင့်ကြွေဓား ကို အခြေခံထားပြီး အဓိက အကြောင်းအရာမှာ နှင်း နှင့် ဓား ဖြစ်သည်။

လီယွမ် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ယံရှိ ကျောက်စိမ်းနန်းတော်ဖြူကြီး ပြိုကျတော့မည်ကို မြင်တွေ့လိုက်ရ၏။ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော အက်ကွဲကြောင်းကြီး တစ်ခုက ကျိုးပဲ့နေသော ခေါင်မိုးပေါ်တွင် ပေါ်လာပြီး ကျောက်စိမ်းနန်းတော်၏ အရောင်အဝါများက တစ်လွှာပြီးတစ်လွှာ ကွာကျနေတော့သည်။

ကောင်းကင်ဘုံ နန်းတော်ကြီး ပြိုကျသွားပြီး ရွှေအုတ်များ... ငွေမှုန့်များ လွင့်စင် ကျဆင်းလာရာ... လူ့လောကမှ နတ်ပြည်သို့ ပြောင်းပြန် ဇောက်ထိုး ကျဆင်းနေသော နှင်းမုန်တိုင်းကြီး တစ်ခုနှင့်ပင် တူနေတော့၏။

ဓားချီ များက နတ်ဘုရား တစ်ပါးအလား နှင်းမုန်တိုင်းကို ဆန့်ကျင်လျက် ပျံသန်းနေပြီး ပြိုကျနေသော ကောင်းကင်ယံကို ဖြတ်သန်းကာ လွတ်လပ် ပေါ့ပါးစွာဖြင့် တဟုန်ထိုး ကူးလူးနေကြသည်။

"ဓား... လာစမ်း..."

ပြိုကျနေသော ကောင်းကင်ယံ၏ နောက်ခံအောက်တွင် ဓားနတ်သမီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီး တစ်ပါးနှင့် အမှန်တကယ် တူနေပြီး လောကီ အညစ်အကြေးများနှင့် ကင်းစင်ကာ အလွန်တရာ လှပ ကျော့ရှင်းနေတော့၏။

ဓားနတ်သမီးက နှင်းပွင့်ကြွေဓား ကို ဆုပ်ကိုင်လိုက်သော အခိုက်အတန့်။

“ဝီ…”

ကောင်းကင်ဘုံ နန်းတော်ကြီး၏ ပြိုကျနေသော အပိုင်းအစများ အားလုံးသည် ရုတ်တရက် လေထဲတွင် ရပ်တန့်သွားပြီး ကြည်လင်နေသော ဓားချီ သန်းပေါင်းများစွာ အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားကာ... လောကရှိ အရာအားလုံး အေးခဲသွားတော့သည်။

‘ကောင်းကင်ဘုံ နန်းတော် ပြိုကျသွားတာလား... ဒါမှမဟုတ် လူ့လောကက နှင်းတွေ ပြောင်းပြန် ဇောက်ထိုး ဖြစ်ပြီး ကောင်းကင်ပေါ်ကို တက်သွားတာလား…’’

ဤအရာအားလုံးက မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ပြီး ဓားနတ်သမီး၏ ဆုံးဖြတ်ချက် တစ်ခုတည်း အတိုင်းပင် ဖြစ်လေ၏။

လီယွမ်သည် ဓားနတ်သမီးကို ငေးမောကြည့်နေမိသည်။ ဓားနတ်သမီး ထိုင်းမှိုင်း မနေချိန်တွင် သူမသည် အမှန်တကယ်ပင် သမိုင်း တစ်လျှောက် မတွေ့ဖူးလောက်အောင် လှပသော အလှဘုရင်မ တစ်ပါး ဖြစ်သည်။

“ရွှမ်း…”

ဓားနတ်သမီးက သူမ၏ ဓားချက်ကို ထုတ်ဖော်လိုက်သည်နှင့် လေထဲတွင် ဝဲပျံနေသော ဓားချီ များက တဟုန်ထိုး ပြေးဝင်လာကြတော့၏။

'ငါ တစ်ချက်လောက် စမ်းကြည့်မယ်...'

အတွေးတစ်ခု လီယွမ်၏ ခေါင်းထဲသို့ ဝင်လာသည်။ အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ် ၏ စွမ်းအားကို သူ တိတိကျကျ မခန့်မှန်းနိုင်သေးရာ ဓားနတ်သမီးနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခြင်းက အသင့်တော်ဆုံးပင်။

ဓားနတ်သမီး၏ ပါရမီနှင့် ဆိုလျှင် သူတော်စင် နယ်ပယ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့လျှင်ပင် ဝါရင့် သူတော်စင်များထက် လုံးဝ အားနည်းမည် မဟုတ်ချေ။

"နောက်ဆုံးသော သွေးနတ် ခန္ဓာ..."

လီယွမ်သည် သူ၏ အစွမ်းထက်ဆုံး ရုပ်ခန္ဓာ ကို တိုက်ရိုက် ထုတ်ဖော်လိုက်ကာ ရစ်ပတ် အင်မော်တယ် ပူးကပ်မှု ၏ ဒုတိယ ပုံစံအား အသက်သွင်းလိုက်လေ၏။ ပြင်းထန်လှသော သွေးချီ စွမ်းအားများက ထပ်မံ လွင့်စင်မနေတော့ဘဲ ကောင်းကင် ဖြစ်စဉ် တစ်ခုအဖြစ် ပေါင်းစပ်သွားကာ သူ၏ ခန္ဓာကိုယ် အတွင်း၌ ဖိသိပ်ထားလိုက်သည်။

ဤအခြေအနေတွင် လီယွမ်၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိသွားတော့၏။

“ဘုန်း…”

သူက မရေမတွက်နိုင်သော ဓားအရိပ်များကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဓားချီ များက နှင်းမုန်တိုင်း အလား ပြိုကျလာပြီး ဓားချက်တိုင်းတွင် အံ့မခန်း အအေးဓာတ်များ ပါဝင်နေသည်။ သန့်စင်သော နယ်ပယ် ကလည်း သူ့ကို တိုက်စားနေသဖြင့် ခုခံရန်အတွက် နယ်ပယ် ကို အတင်းအကျပ် ထုတ်ဖော်လိုက်ရလေ၏။

“ချွင်... ချွင်... ချွင်…”

များပြားလှသော ဓားချီ များ ကျိုးပဲ့ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ကြည်လင်သော ရေခဲတိုင်များ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လီယွမ်က လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထိုးနှက်နေသော်လည်း အအေးဓာတ်၏ သက်ရောက်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပို၍ပို၍ တောင့်တင်းလာခဲ့သည်။

"ရှောင်ချိုက်..."

သူ၏ ခန္ဓာကိုယ်မှ မီးတောက်များ မြင့်တက်လာပြီး အအေးဓာတ်များကို ဖယ်ရှားပစ်လိုက်၏။

ဓားနတ်သမီးက ဒုတိယမြောက် ဓားချက်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်လိုက်ရာ မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော ရေခဲ အစအနများက တုန်ခါလာပြီး နောက်ဆုံးတွင် ဓားချီ များအဖြစ် တစ်ဖန် ပြန်လည် ပေါင်းစည်းသွားကြပြန်သည်။

ပိုမို သိမ်မွေ့ ပိုမို ထက်မြက်သော ဓားချီများ လာလေပြီ။

"ဒါက... အဆုံးအစ မရှိဘူးလား..."

လီယွမ်မှာ လန့်ဖျတ်သွားရသည်။

နတ်ဘုံနန်းတော် ပြိုကျ၍ မြေပြင်ပေါ်သို့ မကျဆင်းမီ ဓားနတ်သမီး၏ ဓားချက်တိုင်းက အဆုံးမဲ့ ဓားချီ များကို စုစည်းနိုင်ပြီး ၎င်း၏ သတ်ဖြတ်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ပိုမိုများပြားသော ဓားချီ များက တဟုန်ထိုး ပြေးဝင်လာကြ၏။

"ပျက်သုဉ်းခြင်းပြာ..."

နောက်ဆုံးသော သွေးနတ် ခန္ဓာ အခြေအနေတွင် လီယွမ်သည် သူ၏ ဒုတိယမြောက်နှင့် အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေး နည်းစနစ်ကို အတင်းအကျပ် အသုံးပြုလိုက်တော့သည်။

သူ၏ လက်ဝါးက ဓားချီ တစ်မျှင်ကို ထိတွေ့လိုက်သော အခိုက်အတန့်။

“ဝုန်း…”

အဆုံးမဲ့ မီးတောက်များ မြင့်တက်လာပြီး လီယွမ် ထံမှနေ၍ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသော ဧရာမ ကတော့ပုံစံ မီးပင်လယ်ကြီး တစ်ခုနှယ် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တော့၏။

အင်မော်တယ် ဓားချီ များလည်း ပျက်စီးသွားခဲ့သည်။

"လူ့လောကရဲ့ နှင်းပွင့်များ..."

ဓားနတ်သမီးက ခေါင်းကို စောင်းလိုက်ပြီး အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ် ၏ အမည်ကို ရေရွတ်လိုက်ကာ နှင်းပွင့်ကြွေ နတ်ဘုရားဓား ကို ညင်သာစွာ ထပ်မံ မြှောက်လိုက်ပြန်လေတော့၏။

All Chapters