← Chapters

ခရမ်းရောင်မြူထု ပေါင်းစည်းခြင်း…

Vol. 014 Ch. 694

ခရမ်းရောင်မြူထု ပေါင်းစည်းခြင်း…

Vol. 014 Ch. 694

ဝမ်လင်းက ပြုံးလိုက်၏။ သူက လက်နှစ်ဖက်ယှက်ကာ ကျောက်ရီကို ပြောလိုက်သည်။ “စီနီယာ ကျောက်ရီ…ဂျူနီယာတစ်ခု တောင်းဆိုချင်ပါတယ်…”

ကျောက်ရီက ဝမ်လင်းကို အာရုံစိုက်၍ ကြည့်ကာ မေးလိုက်သည် ။ “ပြောလေ…”

ဝမ်လင်းက ပြောလိုက်၏။ “စီနီယာက သင့်ရဲ့ဓားနတ်ဘုရားအာရုံကို ဒီမြူလွှာအတွင်းမှ ဖုံးကွယ်ပေးပြီး သင့်ရဲ့တည်ရှိမှုကို တက်နိုင်သမျှ ဝေဝါးအောင် လုပ်ပေးဖို့ပါ။ပြီးရင် ငါက လောဘကြီးနဲ့ တစ်ခြားလူတွေကို သွားတွေ့မယ်…”

ကျောက်ရီက ခေါင်းညိမ့်လိုက်၏။ “မင်း သေချာတော့ ဂရုစိုက်…” ကျောက်ရီ၏ စိတ်ရင်းနှင့်ပြောလိုက်သည့် ထိုစကားများက ဝမ်လင်းနှလုံးသားကို ကြီးစွာ ပြောင်းလဲသွားစေသည်။

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “စီနီယာ စိတ်သက်သက်သာသာနေပါ။အစောပိုင်းတုန်းက ငါတို့ကိုလှမ်းအော်လိုက်တဲ့အသံထဲမှာ သူက တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ဒီလူက သတိထားတက်တဲ့လူတစ်ယောက် ဖြစ်တယ်…”

ကျောက်ရီက သက်ပြင်းချလိုက်၏။ဝမ်လင်းကို ကြည့်နေသော သူ့မျက်လုံးထဲ၌ လေးစားမှုအရိပ်အမြွက်တို့ ဖြစ်ပေါ်လို့နေသည်။ ဝမ်လင်းက သဲလွန်စအနည်းငယ်ကပင် သည်လိုမျိုး ကောက်ချက်ဆွဲနိုင်ခဲ့သည် မဟုတ်လား။သည်အရာက သာမန်လူများ မလုပ်နိုင်သော အရာပင်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “စီနီယာ..ဂျူနီယာက ဒီလောဘကြီးရဲ့ ရည်ရွယ်ချက်က တုန်ကင်နဲ့ ပတ်သတ်နေမယ်လို့ ခန့်မှန်းမိတယ်။ဒီတုန်ကင်က စီနီယာချင်ရှောင်ရဲ့အဖေကို တွေ့ရဖို့အတွက် တစ်ခုတည်းသော လမ်းစလည်း ဖြစ်တယ်။ ဒါ့ကြောင့် စီနီယာက အလျင်စလို မလုပ်ဖို့ လိုပါလိမ့်မယ်…”

ကျောက်ရီ၏ မျက်လုံးများက အေးစက်လာကာ သူက အလေးအနက်ပြောလိုက်၏။ “ဝမ်လင်း မင်း သေချာလား…”

ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။သူက ကျောက်ရီထံသို့ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန် ပြုပြီးနောက် မြူထဲသို့ ခြေလှမ်းဝင်ကာ လောဘကြီးနှင့်သူ့လူများရှိသို့ လှမ်းသွားတော့သည်။

အမှန်တော့ သူတို့အတွက် သည်ခရမ်းရောင်မြူလွှာထဲ၌ ပုန်းအောင်နေခြင်းက ကောင်းမွန်သောအကြံဉာဏ်တစ်ခုတော့ မဟုတ်ပေ။ကျောက်ရီက သူတို့က သူ့ဓားနတ်ဘုရားအာရုံဖြင့် ရှာတွေ့ခဲ့ပေ၏။သို့ရာတွင် သူတို့ကိုလည်း လောဘကြီးက ရှာတွေ့သွားပြီးနောက် သူတို့က ပုန်းကွယ်နေတော့မည့်အစား သူက သွား၍ ထိုလူ့ကို လေ့လာကြည့်ရပေတော့မည်။

ဝမ်လင်းအတွက် နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းတစ်ခုက လောဘကြီးက သူ့ကို သိလား၊မသိလား သိချင်နေမိပေ၏။

ဝမ်လင်းက သူက လောဘကြီးနှင့် အရင်တုန်းက တစ်ကြိမ်မှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသည်မှာ သေချာနေပေ၏။

သည်မြူအတွင်း၌ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ရှေ့သို့ ဆက်ရွှေ့လျားလာ၏။သူ့အတွက် ငါးကီလိုမီတာက ဝေးကွာလှခြင်း မရှိပေ။ သိပ်မကြာခင်တွင် သူက ငါးကီလိုမီတာအလွန်ရှိ ဧရိယာတစ်ခုထဲသို့ ဝင်ရောက်လာခဲ့၏။

ဝမ်လင်း ထွက်ပေါ်လာသည်နှင့် အကြည့်ခြောက်ခုက သူ့အပေါ်သို့ ချက်ခြင်း လိုလို ကျရောက်လာ၏။

“မင်း…ဝမ်လင်း…” တာ့လော့ဓားကလန်မှ ငါးယောက်ထဲက တစ်ယောက်က ဝမ်လင်းကို ချက်ခြင်း သိရှိသွားသည်။

တာ့လော့ဓားကလန်မှ တပည့်များထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ချက်ခြင်း ထွက်ပေါ်လာခဲ့၏။တာ့လော့ဓားကလန်နှင့် ကောင်းကင်ကံကြမ္မာကလန်တို့သည် အမြဲတမ်း တစ်ခုနှင့်တစ်ခု ရန်စောင်နေတက်ကြ၏။သို့သော် သူတို့က အကြောင်းပြချက်မရှိဘဲ တစ်ယောက်နှင့်တစ်ယောက် စတင်သတ်ဖြတ်ခြင်းတော့ မပြုကြပေ။

ဝမ်လင်းက သူ့ရှေ့က လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။သူက တစ်ယောက်ချင်းစီကို ကြည့်လိုက်ခြင်းပင်။

လောဘကြီး၏အသွင်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။သူက ဝမ်လင်း ပေါ်ထွက်လာသည်ကို ခဏတာ ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။

ချန်လုံထံမှ စကားသံတစ်ခု ထွက်ပေါ်လာ၏။ “ငါက ချန်လုံပါ။ မင်းက ကောင်းကင်ကံကြမ္မာကလန် ခရမ်းရောင်အုပ်စုခွဲက ဝမ်လင်းလား…”

ဝမ်လင်းက ချန်လုံကို သာမန်အတိုင်း ကြည့်နေ၏။သူက စကားမဆိုဘဲ တာ့လော့ဓားကလန်မှ သည်လူများက သည်နေရာတွင် ပိတ်လှောင်ထားခြင်း ခံထားရသည်လား သို့မဟုတ် တမင်နေနေသည်လည်းကို စောင့်ကြည့်လို့နေ၏။သည်အရာက အလွန်အရေးကြီး၏။သူတို့က သည်နေရာတွင် တမင်နေလိုနေသည်ဖြစ်ပါက သူ့အစောပိုင်းခန့်မှန်းချက်များက မှားယွင်းသွားမည် ဖြစ်၏။

“ရိုင်းလိုက်တာ။ ငါ့စီနီယာအစ်ကို မင်းကို မေးနေတယ်လေ။ မင်းက ပြန်မဖြေဘဲ နေဝံ့တယ်ပေါ့…”

တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်က စိတ်မရှည်ဖြစ်လာပြီး ထပြောလိုက်၏။သူက သည်နေရာတွင် နှစ်ပေါင်းတစ်ရာလောက် ပိတ်လှောင်ခံထားရတာ ဖြစ်သည့်အတွက် စိတ်သိပ်မရှည်တော့ပေ။ခုချိန်၌ သူက အခွင့်ရေးရသည်နှင့် ချက်ခြင်းလှမ်းအော်ဟောက်ကာ ရှေ့သို့ ထွက်လာတော့၏။သူ့နောက်ကျောရှိ ရတနာဓားကလည်း ပျံသန်းထွက်လာကာ သူက ယင်းဓားကို ဆုပ်ကိုင်ပြီး လွှဲယမ်းလိုက်သည့်အခါ အနီအနက်အစင်းကျား မြင်းတစ်ကောင်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုမြင်း၏ နှာခေါင်းက အစိမ်းရောင်ရှိကာ မနှစ်မြိုဖွယ်အော်ရာကို ပေးစွမ်းလို့နေ၏။၎င်းက ဓားထဲသို့ ပျော်ဝင်ကာ ဓားစွမ်းအင်နှင့် ပေါင်းစပ်ပြီး ဝမ်လင်းထံသို့ တိုးဝင်လာချေသည်။

သည်လူ၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွင်သာ ရှိသေး၏။သို့သော် သူက ထိုအရာကို စိတ်ထဲထည့်မထားပေ။ သည်နေရာ၌ သူတို့ကလန်က လူများစွာ ရှိနေသည့်အပြင် သူ့စီနီယာအကိုပါ ရှိနေသည့်အတွက်ကြောင့် သူတို့က သူ့ကို မည်သို့ ထိခိုက်ခွင့် ပြုစေပါ့မည်နည်း။

“ဒါက မင်းတို့ ဧည့်သည်ကို ဆက်ဆံတဲ့ ပုံစံလား…” ဝမ်လင်းက ဓားစွမ်းအင်ကို ကြည့်ပင်မကြည့်ပေ။သူက ချန်လုံကိုသာ တည်ငြိမ်စွာ ကြည့်လို့နေ၏။ သူက ခုချိန်၌ သည်တာ့လော့ဓားကလန်မှ တပည့်များက သည်နေရာတွင် ပိတ်လှောင်ခံထားရခြင်းအပေါ် ပို၍ သေချာသွား၏။သူတို့က အချိန်အတန်ကြာ ပိတ်လှောင်ခံထားရသည့်အတွက်ကြောင့် မည်သို့စိတ်မရှည် မဖြစ်ဘဲ နေနိုင်ပါ့မည်နည်း။

သူ့နှဖူးပေါ်ရှိ အသက်ဓာတ်ချိပ်တံဆိပ် ဖျပ်ခနဲ တောက်ပသွားကာ သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွား၏။ ထိုအခါ မြင်းရိုင်းဓားစွမ်းအင်နှင့် ဝမ်လင်း၏ အသက်ဓာတ်ချိပ်တံဆိပ်အကာ တို့က တွေ့ဆုံသွားကြ၏။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားသည်။ဝမ်လင်းမျက်လုံးက အေးစက်လာသည်။အချို့အသက်ဓာတ်ချိပ်တံဆိပ်များက သတ်ဖြတ်ခြင်းစွမ်းအင်သို့ ပြောင်းလဲသွား၏။သည်နောက် သတ်ဖြတ်ခြင်းစွမ်းအင်များက ထိုမြင်းရိုင်းကို မြန်ဆန်စွာ ဝန်းရံလို့သွားသည်။

တာ့လော့ဓားကလန်မှ တပည့်များအားလုံးက မတ်တပ်ထရပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ သို့ရာတွင် သည်အခိုက်၌ ချန်လုံ အေးစက်စွာ အော်ဟောက်လိုက်သည်။ “မင်းတို့အားလုံး ပြန်ထိုင်စမ်း…”

သူက ထိုသို့ပြောလိုက်ရင်း သူ့လက်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေလိုက်သည်။သည်ဓားက သတ်ဖြတ်ခြင်းစွမ်းအင်ကို အလင်းတန်းအလား ထိုးစိုက်သွား၏။သူ့လက်ချောင်းထဲ၌ ထူးဆန်းသောမန္တာန်တစ်ခု ပါဝင်နေခဲ့သည်။ သတ်ဖြတ်ခြင်းစွမ်းအင် ဝင်ရောက်လာပြီးနောက် သူက ဝူမူကို သတ်ဖြတ်ခြင်းစွမ်းအင်ဝန်းရံထားမှုကနေ ကန်ထုတ်လိုက်၏။

သူက ပြန်လှည့်၍ သူ့အား ဝန်းရံထားသော သတ်ဖြတ်ခြင်းစွမ်းအင်များကို လစ်လျူရှုကာ ဝမ်လင်းထံသို့ ပြုံး၍ ပြောလာသည်။ “ရောင်းရင်းဝမ်…ငါ့ဂျူနီယာညီလေးက အဆင်အခြင်မဲ့သွားပါတယ်။ ဒီအတွက့် တောင်းပန်ပါတယ်…”

“ပြဿနာမရှိဘူး…” သည့်နောက် ချန်လုံကို သတ်ဖြတ်ခြင်းစွမ်းအင်များ ဝန်းရံထားရင်း ဝူမူ၏ ဓားကိုလည်း ထွေးခြုံထားစေလိုက်ရင်းဖြင့်ပင် ဝမ်လင်းအသံက တည်ငြိမ်လို့နေ၏။သည့်နောက် သတ်ဖြတ်ခြင်းစွမ်းအင်က ထိုဓားတစ်လျှောက် စီးဆင်းသွားပြီး ဝမ်လင်းထံသို့ ပြန်ရောက်လာခဲ့သည်။

ဝမ်လင်းက ချန်လုံရှေ့မှ ဓားကို လူတိုင်းရှေ့တွင်ပင် ဖမ်းဆုပ်လိုက်သည်။သူက ထိုဓားထံမှ နတ်ဘုရားအာရံကို ဖယ်ရှားပစ်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲသို့ အေးအေးဆေးဆေး ထည့်သွင်းလိုက်သည်။

ချန်လုံ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ဝူမူက သူ့ဓားကိုပါ ယူဆောင်ပြီး ဓားပေါ်ရှိ နတ်ဘုရားအာရုံကိုပါ ပယ်ဖျက်ခြင်း ခံလိုက်ရပေသည်။ထို့ကြောင့် သူ့စိတ်ဝိညာဉ်က ဒဏ်ရာရသွားကာ သူက သွေးအန်ထုတ်လိုက်ရ၏။သူက ဝမ်လင်းကို စူးရဲစွာကြည့်ကာ အော်ဟစ်လိုက်၏။ “မင်း…”

ဝမ်လင်းအသွင်က သဘာဝကျလှပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ရောင်းရင်းကျင့်ကြံသူချန်လုံရဲ့ ဂျူနီယာညီ ဖြစ်နေလို့ ငါက မင်းကို မသတ်လိုက်တာ။ငါက ဒီဓားကိုပဲ သတိပေးတဲ့အနေတဲ့ သိမ်းထားလိုက်တာ ဖြစ်တယ်…”

ချန်လုံ၏အကြည့်က ပြောင်းလဲသွားခြင်း မရှိပေ။သူက ပြုံး၍ ဆိုလာ၏။ “ဒါက ဖြစ်သင့်ပါတယ်…”

သူက နောက်သို့လှည့်ကာ ဝူမူကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “မင်း ပါးစပ်ပိတ်ထားလိုက်တော့။ရောင်းရင်းဝမ်က မင်း စော်ကားလို့ ရတဲ့လူမျိုး မဟုတ်ဘူး။မင်းက ဒီလိုဆက်လုပ်နေရင် ဆရာ့ရှေ့မှာ မင်းကျင့်ကြံမှုကို အချည်းနှီးဖြစ်သွားအောင် ငါ လုပ်ရလိမ့်မယ်…”

ဝူမူက ချန်လုံကို ကြောက်သည်မှာ သိသာပေ၏။ထို့ကြောင့် သူက ခေါင်းညိတ်၍ ဆိတ်ဆိတ်နေလိုက်တော့သည်။

ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်က အနည်းငယ် ကျုံ့သွားသည်။သူက သည်နေရာသို့ ဝင်လာပြီးကတည်းက တာ့လော့ဓားကလန်မှလူများကို တမင် ဒေါသထွက်အောင် ပြုလုပ်ခဲ့ခြင်းပင်။သည့်နောက် သူ ဝူမူ၏ဓားကိုပင် ယူဆောင်ခဲ့သေး၏။သို့သော် သည်အရာများအားလုံးက ချန်လံဒ၏ အမူအရာကို အနည်းငယ်ပင် ပြောင်းလဲမသွားစေခဲ့ပေ။

ချန်လုံက လိမ်မာပါးနပ် ဉာဏ်များလှသူ ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည်က သူက သူတို့သည် ဝမ်လင်း၏ အကူအညီကို လိုအပ်ကြောင်းကို သက်သေပြနေခြင်းလည်း ဖြစ်နေသည်။

သည်အခိုက်အတန့်၌ လောဘကြီးက မျက်လုံးဖွင့်လာခဲ့၏။သူက ဝမ်လင်းကို အေးစက်စွာကြည့်၍ ဆိုလာသည်။ “ကောင်လေး…မင်းမိတ်ဆွေက ဘာလို့ ထွက်မလာသေးတာလဲ…”

လောဘကြီးက ကြိတ်၍ ကျိန်ဆဲနေမိ၏။ခရမ်းရောင်မြူများကြား၌ ပုန်းအောင်နေသည့် နတ်ဘုရားအာရုံကို လန့်နေခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဝမ်လင်းပေါ်လာသည်နှင့် ချုပ်နှောင်ပစ်လိုက်ပြီ ဖြစ်သည်။

ဝမ်လင်း ထွက်ပေါ်လာသည့် သည်အချိန်တိုအတွင်း သူက သူ့မျက်လုံးကို မှိတ်ထားသော်လည်း သူ့မန္တာန်သုံးကို ပြင်ဆင်နေခဲ့ပေသည်။

သို့ရာတွင် ထိုသုံးချိန်လုံး သူက လှုပ်ရှားရန် ပြင်လိုက်သည်နှင့် မြူထဲရှိ နတ်ဘုရားအာရုံက သူ့ကို သတိပေးသည့်အလား ရုတ်တရက် ပေါ်ပေါ်လာခဲ့သည်။

လောဘကြီးက တုံ့ဆိုင်းသွားကာ လက်လျော့လိုက်တော့၏။

ဝမ်လင်းအသွင်က တည်ငြိမ်လှသော်လည်း သူက ပြောလာသည်။ “ငါ့မိတ်ဆွေရဲ့ စိတ်နေစိတ်ထားက အေးစက်တယ်။သူက လူတွေကို မနှစ်သက်တက်ဘူး။ ဒီစီနီယာကရော တာ့လော့ဓားကလန်က များလား...”

လောဘကြီးက ဝမ်လင်းကို ကြည့်၍ နှာခေါင်းရှုံ့လိုက်၏။

ချန်လုံက ဖျော့တော့စွာ ပြုံး၍ သူ့ကိုယ်သူ မိတ်ဆက်လာသည်။ “ရောင်းရင်းဝမ်…ဒီစီနီယာက လောဘကြီးလို့ ခေါ်တယ်။သူက ငါ့ဆရာရဲ့မျိုးဆက်မှာ ကျွမ်းကျင်တဲ့လူတစ်ယောက်ပဲ။ဒီစီနီယာကသာ ဒဏ်ရာရထားတာပြီး အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့် စွမ်းအားကိုသာ အသုံးပြုနိုင်တော့တာ မဟုတ်ရင် သူက ဒီလိုနေရာမှာ ဘယ်လိုလုပ် ရာစုနှစ်တစ်ခုနီးပါး ပိတ်လှောင်ထားခံရပါ့မလဲ…”

ဝမ်လင်းက စိတ်ထဲ၌ တွေးမိလိုက်သည်။ “ဒီချန်လုံက တကယ်မရိုးရှင်းဘူးပဲ…”

သည်လူက စကားအနည်းငယ်ဖြင့် အ‌ရေးကြီးသည့်အချက်အလက်များကို ထောက်၍ ပြောပြသွားနိုင်ခဲ့ပေသည်။

ချန်လုံက ဆက်ပြောလိုက်၏။ “စီနီယာလောဘကြီး…ရောင်းရင်းဝမ်နဲ့ သူ့မိတ်ဆွေတို့က ဒီရောက်ကို ရောက်လာပြီဆိုတော့ ငါတို့က အတူပူးပေါင်းပြီး ဖြတ်ကျော်ကြရင် မကောင်းဘူးလား။ငါတို့ ဒီသားရဲအုပ်ကြီး ဝန်းရံနေတဲ့ လှောင်ချိုင့်ထဲကနေ ချိုးဖျက် ထွက်သွားနိုင်လောက်မှာပါ…”

“သားရဲအုပ်…” ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိလို့နေဆဲပင်။သို့သော် သည်စကားက သူ့အား စိတ်ဝင်သွားစေ၏။

လောဘကြီး၏အသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ငြင်းဆိုရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။သူက သည်အခိုက်အတန့်၌ ပန်းရောင်မြူကအနည်းငယ် ကျုံ့သွားသည်ကို တွေ့မြင်လိုက်သလို ခံစားမိလိုက်သည်။

ချန်လုံကို ကြည့်လိုက်ပြီးနောက် လောဘကြီးက ခေါင်းညိမ့်၍ ပြောလာသည်။ “မင်းက ဒီအဘိုးအိုက ထပ်ငြင်းဆန်နေမှာကို စိတ်ပူနေတဲ့ပုံပဲ။ မင်းက ငါ့ကို မကောင်းတဲ့လူလို့ ထင်နေတာမလား။ ထားလိုက်ပါတော့လေ…ငါတို့ ထပ်ပြီး ချိုးဖျက်ဖို့ ကြိုးစားကြည့်ကြတာပေါ့…”

ချန်လုံက ခပ်သွက်သွက် ခေါင်းယမ်းပြလိုက်ပြီးနောက် ပြောလာသည်။ “ဂျူနီယာ မလုပ်ဝံ့ပါဘူး။ဒါပေမဲ့ ငါတို့က ဒီနေရာမှာ ပိတ်မိနေတာ တော်တော်လေး ကြာနေပြီလေ။ ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှိတဲ့ ငါ့ဂျူနီယာညီလေးတွေအတွက် စိတ်ပူနေလို့ပါ…”

လောဘကြီးက နှာခေါင်းရှုံ့ကာ မြေပြင်ထက်မှ ခုန်ထလာ၏။သူက ဦးဆောင်၍ မြူလွှာထဲသို့ တိုက်ရိုက် တိုးဝင်လို့သွားသည်။

ချန်လုံက အသက်ဝဝရှူသွင်းလိုက်သည်။သူက ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ ခပ်တိုးတိုး ပြောလာသည်။ “အကိုဝမ်…ငါတို့ကလန်မတူညီမှုကို ခဏဘေးဖယ်ထားကြရအောင်။ လူတစ်ယောက်က ဒီမြူထဲကို ဝင်သွားတာနဲ့ သူတို့က ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး။ဒီမြူကနေ ထွက်ပေါက်တစ်ခုပဲ ရှိတယ်။ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီထွက်ပေါက်ကို သွားတဲ့လမ်းနားမှာ သားရဲအုပ်တစ်ခု ရှိနေတာပဲ။ငါတို့ ထွက်သွားတာနဲ့ ငါတို့က ဒီသားရဲအုပ်ကို ချိုးဖျက်သွားမှ ရမှာ…”

ဝမ်လင်းက ခေါင်းညိမ့်ပြကာ ချန်လုံနှင့်အတူ လိုက်ပါပျံသန်းသွား၏။အခြားတာ့လော့ဓားကလန်မှ တပည့်များသည်လည်း လောဘကြီးနောက်သို့ လိုက်ပါသွားကြ၏။ ဝမ်လင်းက ပျံသန်းနေရင်း သူ့ခန္ဓာကိုယ်အား အသက်ဓာတ်ချိပ်တံဆိပ်များဖြင့် ခုခံထားလိုက်သည်။

အမှန်တော့ ထိုသို့ ပြုလုပ်သည်က သူတစ်ယောက်တည်း မဟုတ်ပေ။ချန်လုံသည်လည်း ဝမ်လင်း အလစ်အငိုက်တိုက်ခိုက်လာမည်ကို စိုးသဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် မန္တာန်တစ်ခုကို လျှို့ဝှက်အသုံးပြုထားပေသည်။ကျန်သည့်တာ့လော့ဓားကလန်က လူများကတော့ သူ့ကို ကြမ်းကြုတ်စွာ ကြည့်နေကြ၏။အထူးသဖြင့် ဝူမူပင် ဖြစ်သည်။

လူတိုင်းက ကိုယ်စီအကြံအစည်များနှင့် ခရမ်းရောင်မြူထဲသို့ ထွင်းဖောက်သွာနေရင် ထွက်ပေါက်ရှိရာသို့ ပျံသန်းနေကြသည်။

ရှေ့ဆုံးရှိ လောဘကြီးက သတိမပြတ်ထားနေ၏။သူက နတ်ဘုရားအာရုံတစ်ခု ပေါ်ထွက်လာသည်ကို ခပ်ရေးရေးခံစားမိနေသည်။သူက သူ့သတိ နည်းနည်းလွတ်သွားသည်နှင့် ထိုနတ်ဘုရားအာရုံက သူ့အား တိုက်ခိုက်လာလိမ့်မည်ဟု ခံစားမိနေသည်။

“သေစမ်း…ဒီဝမ်လင်းက ဘယ်အချိန်ကများ ဒီလောက်အားကောင်းတဲ့ ကူညီပေးသူ ရလာခဲ့တာလဲ…”

လူတိုင်းက မြန်ဆန်စွာ ရွှေ့လျားလို့နေသည်။ထို့ကြောင့် သိပ်မကြာခင်တွင် သူတို့က မြူလွှာ၏ ထွက်ပေါက်အစွန်းနားသို့ ရောက်ရှိလာကြ၏။ သည်နေရာရှိ မြူများက သိပ်သည်းလှခြင်း မရှိတော့သဖြင့် လူတစ်ယောက်က အပြင်ဘက်သို့ ခပ်မှိန်မှိန် တွေ့မြင်နိုင်ပေသည်။

သူတို့၏နတ်ဘုရားအာရုံကိုလည်း ဖြန့်ထုတ်နိုင်စွမ်း ရှိလာကာ အပြင်ဘက်ရှိ အရာအားလုံးကို မြင်နိုင်စွမ်း ရှိလာသည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ထုတ်လိုက်သည်။သူက အပြင်ဘက်ရှိအရာကို တွေ့မြင်လိုက်သည့်အခါ မှင်သက်သွားကာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ဖြစ်ပေါ်သွားသည်။

“ဒါ…ဒါက…”သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။

သူ့ရှေ့ရှိ မြင်ကွင်းက ဝမ်လင်းကို မယုံကြည်နိုင်ဖွယ် ဖြစ်စေ၏။သူက အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်ထဲရှိ မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ထိုမှတ်ဉာဏ်ထဲရှိ မြင်ကွင်းက ခြင်သားရဲများ ပြည့်နှက်နေသည့် ထူးဆန်းသောဂြိုဟ်တစ်ခုပင်။

ဝမ်လင်း၏ တုန်လှုပ်မှုကို ချန်လုံနှင့်အခြားလူများက မျှော်လင့်ထားပြီး ဖြစ်သည်။သို့ရာတွင် သူတို့က ဝမ်လင်းသည် သည်သားရဲများကို သိရှိနေသည်ကိုတော့ သူတို့က သိနိုင်လိမ့်မည် မဟုတ်ပေ။

လောဘကြီးပင် ထိုသို့ မျှော်လင့်ထားမိလိမ့်မည် မဟုတ်ပေ။

ခြင်သားရဲအုပ်စုကြီးက သိပ်သည်းစွာ အုပ်စုဖွဲ့လို့နေ၏။သူတို့က ကျယ်လောင်စွာ မြည်ဟီးလျက် ရှိကြသည်။သူတို့က လူများ ထွက်ပေါ်လာသည်ကို မြင်လိုက်သည့်အခါ သူတို့၏ ပါးစပ်များကို မော့၍ ကြမ်းကြမ်းမှု သဘောသဘာဝကို ထုတ်ဖော်လာကြသည်။

သည်အခိုက်၌ ထိုခရမ်းရောင်မြူများ၏ အခြားဘက်၌ ဝမ်လင်း၏ခြင်သားရဲက ၎င်းခန္ဓာကိုယ်တစ်ဝှက်ကို ထုတ်ဖော်ထား၏။၎င်းက သူ့ရှေ့ရှိ သိပ်သည်းသောခြင်သားရဲအုပ်ကြီးကို စူးစိုက်ကြည့်နေရင်း ရီဝေလို့နေ၏။

ထိုခြင်သားရဲက ဝမ်လင်းသိုလှောင်အိတ်ထဲတွင် ရှိစဉ်ကတည်းက ၎င်းက သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် စိတ်လှုပ်ရှားပူပန်မှု အော်ရာကို ခံစားခဲ့ရ၏။သို့ရာတွင် ထိုအော်ရာက သူနှင့်ရင်းနှီးနေကာ သူ့စိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။

သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာပြီးနောက် ၎င်းကခရမ်းရောင်မြူထဲ၌ အချိန်ဆွဲကာ တဝဲလည်လည် လုပ်လို့နေခဲ့၏။၎င်းက အနီးသို့ တိုးကပ်သွားလိုသော်လည်း ကြောက်လန့်နေမိပေ၏။

နှစ်ပေါင်းများစွာ အိမ်က ထွက်ကာ လျှောက်သွားသည့် လူတစ်ယောက်က သူ့မိသားစုကို ထပ်မံတွေ့လိုက်ရသည့်အခါ တွ့န်ဆုတ်သွားသကဲ့သို့ ဖြစ်၏။

ခြင်သားရဲအုပ်ကလည်း မြူအစွန်းနား၌ သူတို့နှင့် အမျိုးတူတစ်ကောင်ကို တွေ့လိုက်ရသည့်အခါ မှင်သက်သွားကြသည်သာ။သူတို့၏ အကြည့်များက ကြမ်းကြုတ်သွားကြလေ၏။သို့သော် ထိုကြမ်းကြုတ်မှုက ချက်ခြင်းပျောက်ကွယ်သွားပြီး သံသယဝင်သည့် အကြည့်က အစားထိုးဝင်လာခဲ့သည်။

သည်ခြင်သားရဲများက ညံစီစွာ အော်ဟစ်၍ ရှေ့သို ပျံသန်းလာကြသည်။သူတို့က ဝမ်လင်း၏ခြင်သားရဲကို ဝန်းပတ်၍ နှုတ်သီးကြီးများဖြင့် ထိတို့ကြည့်ကြသည်။သည့်နောက် သူတို့က ခြင်သားရဲအုပ်စု ရှိရာသို့ ပြန်လည် ပျံသန်းသွားကြ၏။

ဝမ်လင်း၏ ခြင်သားရဲက ခဏတာတုံ့ဆိုင်းသွားပြီးနောက် ထိုအုပ်စုနောက်သို့ လိုက်ပါသွားသည်။သည့်နောက် သူက ခြင်သားရဲအုပ်စုထဲ၌ ရောနှောသွားလေသည်။သည်မြင်ကွင်းကို မည်သူ့မျှ သတိပြုမိလိုက်ကြခြင်း မရှိပေ။

လောဘကြီးက မြူထုကို ထွင်းဖောက်လာရင်း အစွန်နားသို့ ရောက်သည့်အခါ ခဏရပ်တန့်သွား၏။သည်အခိုက်အတန့်၌ သူက ရုတ်တရက် ခေါင်းပြန်လှည့်ပြီး မြူထုထံသို့ စူးစိုက်ကြည့်လိုက်သည်။သည်မြူထုက ရုတ်တရက်စတင်လှည့်လည် လာချေ၏။

သည်လှည့်လည်မှုက မြူထု၏ အစိတ်အပိုင်းတစ်ခုတည်းတွင် ဖြစ်ပွားသွားခြင်း မဟုတ်ဘဲ တစ်ခုလုံး စတင်လှည့်လည်လာခြင်း ဖြစ်သည်။ထိုမြူထုထဲမှ ကျယ်လောင်သောအသံများလည်း ထွက်ပေါ်လာခဲ့သည်။

သည်ဖြစ်စဉ်က တာ့လော့ဓားကလန်မှလူများနှင့် ဝမ်လင်း၏ အာရုံကို ချက်ခြင် ဖမ်းစားသွားသည်။

လောဘကြီး၏မျက်လုံးထဲ၌ ကျေနပ်မှုတို့ ဖြစ်ပေါ်သွား၏။သူက သည်မြူနှင့်ပတ်သတ်၍ တစ်ခုခုမူမမှန်သည်ကို သတိပြုမိခဲ့ပြီး ဖြစ်သဖြင့် ချန်လုံတို့၏ တောင်းဆိုမှုကို သဘောတူညီခဲ့ခြင်းပင်။သည်အခိုက်အတန့်၌ သူက အသက်ဝဝရှူသွင်းကာ သေးငယ်သော ဆေးပြင်းမီးဖိုတစ်ခုကို ထုတ်ယူလိုက်၏။

သည်ဆေးပြင်းမီးဖိုက ခရမ်းရောင်မြူငွေ့တစ်ချို့ကို ထုတ်လွှတ်ပေးနေပြီး လောဘကြီးအား လွှမ်းခြုံလို့သွားသည်။သည့်နောက် သူက ခြေတစ်လှမ်းလှမ်း၍ ခရမ်းရောင်မြူထုထဲမှ လှမ်းထွက်လိုက်သည်။

သည်အခိုက်မှာပင် သူ့စိတ်ထဲက အမိန့်တစ်ခုပေးလိုက်ရာ မြူထုအပြင်ဘက်ရှိ ခြင်သားရဲများက ချက်ခြင်း ညံစီစွာ အော်ဟစ်လာကြသည်။သည်အသံက စိတ်ဝိညာဉ်ကိုပင် သက်ရောက်မှု ရှိနေသည်။၎င်းအသံက ခရမ်းရောင်မြူထုကို ဖြတ်ကျော်ကာ တာ့လော့ဓားကလန်မှ တပည့်များကို ပို၍ စိတ်မရှည်အောင် ပြုလုပ်နေပေသည်။

ခရမ်းရောင်မြူလွှာက ပို၍ လှည့်ပတ်လာလေ၏။လူတစ်ယောက်က တစ်ခြားရှု့ထောင်တစ်ခုမှ ကြည့်ပါက သည်မြူထုက လျှင်မြန်စွာ ကျုံ့နေသည်ကို တွေ့မြင်ရပေလိမ့်မည်။

ချန်လုံနှင့်သူ့လူများ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူတို့က မြူထုထဲကနေ အလျင်အမြန် တဟုန်ထိုး ထွက်သွားလိုကြ၏။သို့ရာတွင် သူတို့ လှုပ်ရှားလိုက်သည်နှင့် သူတို့က လောဘကြီး၏ ရယ်သံကိုသာ ကြားလိုက်ရချေသည်။သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ လေပြင်းလှိုင်းတစ်ခုက ချက်ခြင်း ပေါ်ထွက်လာခဲ့ပြီး တာ့လော့ဓားကလန်မှ လူများအား ရပ်တန့်သွားစေသည်။

“ဒီအဘိုးအိုက နှစ်တစ်ရာလောက် စောင့်နေခဲ့ရတာ။နောက်ဆုံးတော့ ဒီခရမ်းရောင်မြူက ထပ် ဖြစ်လာခဲ့ပြီ။မင်းတို့အားလုံးက ဒီအဘိုးအိုရဲ့ ဆန္ဒဖြည့်ဆည်းပေးဖို့အတွက် စတေးခံတွေ ဖြစ်လာလိမ့်မယ်…”

လောဘကြီး၏အသံက မြူအတွင်း၌ ပဲ့တင့်ထပ်သွားလေသည်။

ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။သည်အခိုက်အတန့်၌ ကျောက်ရီ၏အသံက သူ့စိတ်ထဲ၌ ပေါ်လာချေသည်။

“ဝမ်လင်း…ဒီခရမ်းရောင်မြူရဲ့အနားစွန်းမှာ ကျင့်ကြံသူအားလုံးကို ပိတ်ဆို့နိုင်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တစ်ခု ရှိနေတယ်။လူတစ်ယောက်က ကောင်းကင်ဘုံအရင်းမြစ် မရှိရင် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း ဒါကငါ့အပေါ်မှာတော့ သက်ရောက်မှု မရှိဘူး။ ဒါ့ကြောင့် ငါမင်းကို သယ်ဆောင်သွားပေးနိုင်တယ်…”

ဝမ်လင်းက တာ့လော့ဓားကလန်မှတပည့်များကို ကြည့်လိုက်သည်။သူက ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။သူက ကျောက်ရီသူ့ကို ချက်ခြင်း သယ်ဆောင်မသွားစေခဲ့ပဲ ဖြည်းဖြည်းချင်းသာ နောက်သို့ ဆုတ်လေ၏။

***

All Chapters