← Chapters

လူသားသဘာ၀ အကောင်းနှင့်အဆိုး

Vol. 174 Ch. 2456

လူသားသဘာ၀ အကောင်းနှင့်အဆိုး

Vol. 174 Ch. 2456

ဖုန်းထဲတွင် လင်းရီနှင့် ကျန်းဟွေ့တို့မှာ နာရီဝက်ခန့်ကြာ ဖုန်းပြောနေခဲ့ကြပြီး စစ်ဆင်ရေးအသေးစိတ်ကို ဂရုတစိုက် ဆွေးနွေးခဲ့ကြ၏။

ဖမ်းဆီးမည့် အချိန်၊ လူအင်အား မည်မျှ ခေါ်သွားဖို့ ၊ ဖမ်းဆီးမည့် စစ်ဆင်ရေးကို မည်သူက ဦးဆောင်ဖို့၊ အစရှိသဖြင့် အရာအားလုံးကို အသေးစိတ် တိုင်ပင်ခဲ့ကြသည်။

ဖုန်းချပြီးနောက် လင်းရီသည် ကားပေါ်မှ မဆင်းသေးဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သေး၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းကို ပြန်ထုတ်ပြီး နင်ချဲ့ထံ ဆက်သွယ်လိုက်သည်။

" မင်း အလုပ်များနေလား ... "

" ဟိုတယ်မှာ ... မများပါဘူး ... " နင်ချဲ့ ခွန်းတုံ့ပြန်လာခဲ့ပြီး " နင် ရန်ကျင်း လာနေတာလား ... "

" ရန်ကျင်းကို ဘာကိစ္စ လာရမှာ ... မင်းဆီ အကူအညီ တောင်းချင်တာလေးရှိလို့ ဆက်သွယ်လိုက်တာ ... "

" အကူအညီ ... နင်ဘာလိုလဲ ပြောလေ ... "

" မင်းနဲ့ ချိန်ကောတို့ ကျင်းလင် လာခဲ့ပါလား ... ခဏနေကျရင် ငါ လိပ်စာ ပို့ပေးလိုက်မယ် ... မနက်ဖြန် နေ့လည်ခင်းလောက် ရောက်လာရင် အဆင်ပြေတယ် ... "

" ငါ သူ့အချိန်ဇယားကို မေးကြည့်ရဦးမယ် ... "

" တကယ်လို့ အဆင်ပြေတယ်ဆို ကျန်းချောင်ယွဲ့ပါ ခေါ်ခဲ့ပေးစမ်းပါ ... "

" အိုကေ ... ဒါဆို ငါတို့က ဘာလုပ်ပေးရမှာ ။။။ "

" မင်းတို့ ကျင်းလင်ကို ရောက်လာပြီးတာနဲ့ ............ "

ထို့နောက် မိနစ်နှစ်ဆယ်ကျော်ကြာ အချိန်ပေးပြီး လင်းရီ သူ၏ အကြံအစဉ်ကို ရှင်းပြလိုက်သည်။

နင်ချဲ့မှာ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေမိ၏။ သို့သော် လင်းရီဘက်က ယခုကဲ့သို့ တောင်းဆိုလာသဖြင့် သူ့အကြောင်းအရင်းနှင့်သူ ရှိမည်မှာ ကျိန်းသေသည်။

ထွေထူးမေးမြန်းမနေတော့ဘဲ အစီအစဉ်အတိုင်းသာ လိုက်နာလိုက်သည်။

အသေးစိတ်အကြောင်းအရာများအားလုံး ဆွေးနွေးတိုင်ပင်ပြီးနောက် လင်းရီ ကားထဲတွင် အညောင်းဆန့်လိုက်၏။ ထို့နောက် ဖုန်းထုတ်၍ ကျင်းလင်သို့ လေယာဉ်လက်မှတ်ဖြတ်ကာ ကားလှည့်ပြီး လေဆိပ်သို့ ဦးတည်လိုက်တော့သည်။

အရာအားလုံး စီစဉ်ပြီးသည်နှင့်အတူ လင်းရီ သူ့ပခုံးထက်တွင် ၀န်အတော်ပေါ့သွားကြောင်း ခံစားလိုက်ရသည်။

မူလက ကျီချင်းရန်၏ အိမ်ကို သွားလည်ချင်သော်လည်း ဘေးကင်းလုံခြုံရေးအတွက် မသွားတော့ဖို့ ဆုံးဖြတ်လိုက်၏။

လီဟုန်ကျူး ကိစ္စတွင် သူ အတော်‌‌ သင်ခန်းစာ ရခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ... မည်သည့် အမှားအယွင်းမျှ ဖြစ်ပျက်လို့ မရပေ။

နောက်ဆက်တွဲ ငါးရက်တွင် အရာအာလုံးကို တိတ်ဆိတ်ငြိမ်သက်နေသည်။

ဘ၀ကြီးက ရေသေအိုင်ကြီးတစ်ခုကဲ့သို့ လှိုင်းကြပ်ခွပ် အနည်းငယ်မျှပင် မရှိဘဲ ငြိမ်၀ပ်နေလျက်ရှိ၏။

မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက်တစ်ခုကတော့ ဖန်းကျစ်ဖျင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သတင်းမီဒီယာများအတွက် တင်ပြစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့လေသည်။

သို့ပေမယ့်လည်း ထိုဖြစ်ရပ်က လူတို့၏ မှတ်ဉာဏ်ထဲ တစ်ရက်ထက် ပိုမခံခဲ့ပေ။

လူသတ်မှုများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး အချိန်တိုင်းတွင် လူတို့၏ အသက်ကို ယူငင်နေလျက် ရှိ၏။

ဤသို့သော ကိစ္စမျိုးကို မြင်တွေ့ရပါများလွန်း၍ ထုံကျဉ်စပြုလာပြီဟုတောင် ဆိုနိုင်သည်။

အနှီငါးရက်အတောအတွင်း လင်းရီသည် ယွမ်ပေါ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပုန်းအောင်းနေလျက်ရှိပြီး ထောက်ချိန်နှင့် နင်ချဲ့တို့ကလည်း သူနှင့်အတူ ရှိနေသည်။

သို့သော် ထောက်ချိန်၏ အခန်းကတော့ သီးသန့်ဖြစ်၏။

လင်းရီနှင့် နင်ချဲ့တို့ ဟိုတယ်တွင် ပုန်းအောင်းရင်း ဘာတွေ ပြုကြမလဲဆိုတာကတော့ ...

မပြောလည်း ‌နားလည်နေမည့် အရာများပင်။

" ဒီနေ့နဲ့ဆို ငါးရက် ရှိနေပြီ မဟုတ်လား ..."

ညနေခင်း ခြောက်နာရီအချိန် ၊ ကောင်းကင်က ဖြည်းဖြည်းချင်း မှောင်ရီပျိုးစ ပြုလာနေပြီး သုံးယောက်အတူ ညနေစာ စားနေကြ၏။

" တိတိကျကျဆို လေးရက်မြောက်နေ့ ... "

" အမှန်ပဲ ... ငါတို့ လှုပ်ရှားခဲ့ကြတာ ဒုတိယမြောက်နေ့မှာလေ ... " နင်ချဲ့ ပြောလိုက်ပြီး " ဒါပေမယ့် အရေးကြီးတာက အဲ့တာ မဟုတ်ဘူး ... တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါတို့ ပြင်ဆင်ထားတာတွေ အကုန် အချည်နှီး ဖြစ်ကုန်မှာနော် ...."

" မဖြစ်ပါဘူး ... လူသတ်သမား ဘယ်သူဆိုတာ ငါသိတယ် ... ဒီနည်းလမ်းသုံးတာက ငါ့ရဲ့ မှန်းဆချက်ကို အတည်ပြုချင်ရုံသပ်သပ်ကြောင့်ပဲ ... "

လင်းရီ ပြောလိုက်ပြီး

" တကယ်လို့ သူ ပေါ်မလာဘူးဆိုရင် ငါကိုယ်တိုင် သူ့ကို သွားဖမ်းမယ် ... လုပ်ရမှာတွေက ရှုပ်တယ်ဆိုပေမယ့် နောက်ဆုံးရလဒ်ကတော့ အတူတူပါပဲ ... "

" လူသတ်သမားကို နင် နားအလည်ဆုံးပဲလေ ... သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်နေအကျင့်စရိုက်နဲ့ဆိုရင် သာမန် ကျိုးကြောင်းဆက်စပ်ပြရုံလောက်နဲ့တော့ အဆင်မပြေဘူးနော် ... "

" လူသားတွေမှာ မွေးရာပအ ‌ကောင်းစိတ်နဲ့ဆိုးစိတ်ဆိုပြီး ရှိတယ် ... တကယ်လို့ မကောင်းတဲ့စိတ်က ‌ကောင်းတဲ့စိတ်ရဲ့ ထောက်ပံ့ပေးမှုကို မရဘူးဆိုရင် လောကကြီးထဲ မရှင်သန်နိုင်ဘူး ...." လင်းရီ ပြောလိုက်သည်။ " ပြောင်းပြန်အနေနဲ့ တကယ်လို့ ကောင်းတဲ့စိတ်မှာလည်း မ‌ကောင်းစိတ်က ချို့တဲ့နေမယ်ဆိုရင် သူလည်း မရှင်သန်နိုင်ဘူး ... ဒါပေမယ့်လည်း အကောင်းအဆိုး အချိုးအစားက လူတစ်ယောက်နဲ့တစ်ယောက် တူညီတာတော့ မဟုတ်ဘူး ..."

နင်ချဲ့ လင်းရီကို ကြည့်၍ " ဒါဆိုနင်က သူ့ရဲ့ ကောင်းစိတ်အပေါ် လောင်းကြေးထပ်နေတယ်ပေါ့ ... "

လင်းရီ ခေါင်းညိတ်လိုက်သည်။

" ဒါက သူ လူသားတစ်ယောက် ဖြစ်နေသေးကြောင်း နောက်ဆုံး သက်သေပြစရာပဲလေ ... သူ ကျိန်းသေပေါက် လာမယ်လို့ ငါယုံတယ် ... "

" ဒါပေမယ့် သူ့ရဲ့ လူသားသဘာ၀ထဲမှာရိတဲ့ ကောင်းစိတ် နည်းနည်းလေးက တစ်ယောက်တည်းလာအောင် တကယ်ပဲ လုပ်နိုင်ပါ့မလားနော် ... "

" သူ့ကို ဒီလာအောင် တိုက်တွန်းနှိုးဆော်စေမယ့် အရာက မွေးရာပါ ကောင်းစိတ်အနည်းငယ်ကြောင့် မဟုတ်ဘူး ... သူ့ရဲ့ နောက်ထပ် ကိုယ်ကျင့်စရိုက် တစ်ခုပဲ ... "လင်းရီ သက်ပြင်းချလိုက်သည်။

" ဒီမတိုင်ခင်တုန်းက လူသတ်သမားက ငါ့ကို အတော်လေး ခေါင်းခဲစရာတွေ ပေးခဲ့တယ် ... သသ ဘယ်သူလဲဆိုတာ လုံး၀ ဖမ်းဆုပ်လို့ မရခဲ့ဘူး ... "

" သူ့ခန္ဓာကိုယ်ထဲမှာ ရိုးသားပြီး ကြင်နာတတ်တဲ့ စိတ်ကိုယ်ပွားအပြင် သွေးအေးပြီး ရက်စက်တဲ့ နောက်ထပ် စိတ်ကိုယ်ပွားတစ်ခုလည်း ရှိနေတယ် ... စိတ်ကိုယ်ပွားနှစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ အတူနေထိုင်နေလိမ့်မယ်ဆိုတာငို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကအထိ ငါ ယုံတောင် မယုံနိုင်ခဲ့ဘူး ... ဒီလိုရှိနေတာကြောင့်လည်းပဲ လူသားသဘာ၀ရဲ့ အကောင်းအဆိုးကို ပြည့်ပြည့်၀၀ အသုံးချနေနိုင်တာပဲ .... "

စကားကို ခေတ္တရပ်နားထားပြီး ... လင်းရီ ဆက်ပြော၏။

" သူ လာမှာ ကျိန်းသေတယ် ... ကောင်းတဲ့စိတ်က သူ့ကို ရှောင်ပြေးခွင့် ပေးမှာ မဟုတ်ဘူး ... ဒါပေမယ့် ငါ့ကို မြင်ပြီးသွားရင်တော့ ဆိုးသွမ်းတဲ့စိတ်က ထွက်ပေါ်လာမယ် ... ပြီးရင် ငါနဲ့ သေတဲ့အထိ တိုက်ခိုက်လိမ့်မယ် ... "

" ဒါဆို အဲ့တာကြောင့် နင်သူနဲ့ ပထမဆုံးတွေ့တဲ့အချိန် သူ့ကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ်ကိုယ်ပွားကို နင်က သတိမပြုမိခဲ့တာပေါ့ ဟုတ်လား .... "။

လင်းရီ ခေါင်းညိတ်လိုက်သည်။ " အဲ့တုန်းက သူက ဒီတိုင်း ... ရိုးသားတဲ့ ‌လူကောင်းတစ်ယောက် ပုံစံပဲ ... ဘယ်သူမှလည်း မသင်္ကာ မဖြစ်မိကြဘူး ... "

" စိတ်ဝိဉာဏ်နှစ်ခုကို ဒီလောက် လွတ်လွတ်လပ်လပ် ဖလှယ်နေနိုင်တယ်ဆိုတော့ ဒီလူ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလဲဆိုတာ ငါ တကယ်ပဲ မတွေးတတ်တော့ဘူး ... "

" အဲ့တာကြောင့်လည်း သူက လေးစားဖို့ ထိုက်တန်တဲ့ ပြိုင်ဘက်ပါဆိုပြီး ငါ ပြောတာပေါ့ ... စွမ်းရည်ရော ၊ စိတ်ဓာတ်ရောက ပြောစရာ မရှိဘူး ... "

ထောက် ...

နင်ချဲ့ စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး " အဲ့လိုလူစားမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတော့ နင် စိတ်မရှုပ်ဘူးလား ... "

" အမှန်ပဲ ... ဒါပေမယ့် ဒီလိုပြိုင်ဘက်မျိုးက ကြုံရခဲတယ် ... "

" ငါ နင့်ကို ယုံပါတယ် ... ဒါပေမယ့် အဲ့နောက်ရော ... " နင်ချဲ့ မေးလိုက်ပြီး " နင် သူ့ကို တကယ်ပဲ သတ်နိုင်မှာလား .... "

" သူ့လိုလူစားမျိုးက သနားပေးနေစရာ မလိုဘူး ... ကိုယ့်အကောင်းဆုံးကြိုးစားပေးတာက လေးစားမှုပေးတာပဲ ... "

" မင်းတို့နှစ်ယောက် ဘာအကြောင်းတွေ ပြောနေကြတာ ... ငါ ဘေးနားက ထိုင်ရင်း နားရှုပ်လာပြီ ... "ထောက်ချိန် ပြောဆိုလိုက်၏။

" အဲ့တာကြောင့် နင့်ကို စာအုပ်များများဖတ်ပါလို့ ပြောတာပေါ့ .... " နင်ချဲ့က ပြုံးလျက် အရွှန်းဖောက်လိုက်သည်။

ညစာ စားပြီးနောက် ၊ သုံးယောက်သား အခန်းထဲနေရင်း ကတ်ဂိမ်းကစားနေကြကာ မည်သူမျှ အပြင်မထွက်ကြပေ။

ည ရှစ်နာရီထိုးတော့မှ ထောက်ချိန် သူ့အခန်းသူ ပြန်သွားခဲ့လေသည်။

လင်းရီနှင့် နင်ချဲ့ကတော့ အတူထိုင်နေရင်း ငယ်ဘ၀က ရယ်စရာ ကောင်းသည့် အဖြစ်အပျက်တစ်ချို့ကို အချင်းချင်း ဖလှယ်နေခဲ့ကြသည်။

ပြောပလောက်စရာ ကိစ္စရပ်များ မဟုတ်သော်လည်း နှစ်ယောက်က ညသန်းခေါင်အချိန်ရောက်သည်အထိ ပျော်ပျော်ပါးပါး စကားတွေ ပြောနေခဲ့ကြပြီး ထိုနောက်ပိုင်းတွင်မှ အနားယူခဲ့ကြ၏။

ချလပ် ...

ပိန်း‌ပိတ်မှောင်နေသည့် ညအမှောင်ထုထဲ ၊ ပုံမှန်မဟုတ်သည့် ဆူညံသံတစ်ခုက အခန်းတံခါးဝမှ ထွက်ပေါ်လာသည်။

လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မျက်လုံးပွင့်လာခဲ့ကြသည်။

သို့သော် တစ်ဦးမျှ တုတ်တုတ်မလှုပ်ခဲ့ကြ။

လူသတ်သမား ရောက်လာပြီဆိုတာကို နှစ်ဦးလုံး သိနေခဲ့ကြ၏။

တံခါး‌သော့ဖွင့်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ၊ တံခါးပွင့်လာသည့်အသံက မကြားရလုနီးပါးပင်။

၎င်းနောက် .... အနက်ရောင် လူရိပ်တစ်ခုက အခန်းထဲသို့ လမ်းလျှောက်၀င်လာသည်။

မှောင်မဲသည့် ဟင်းလင်းပြင် လေဟာနယ်ကြီး တစ်ခုကဲ့သို့ နေရာတွင် မတ်တပ်ရပ်နေခဲ့၏။

ထိုအချိန်အခိုက်အတန့်၌ လင်းရီနှင့်နင်ချဲ့တို့က သူ့မျက်လုံးထဲတွင် သားကောင်များ ဖြစ်လို့နေလျက်ပင်။

တက် ...

ရုတ်တရက် ဆိုသလို အခန်းမီး ခလုတ်များ ပွင့်လာခဲ့ပြီး အခန်းတစ်ခုလုံး တောက်ပစွာ လင်းထိန်သွားခဲ့သည်။

လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံး အိပ်ရာပေါ်မှ ကောက်ကာငင်ကာ ထလိုက်ကြသည်။

လူသတ်သမားက အနက်ရောင်ခေါင်းစွပ် အင်္ကျီ ၊ ဂျင်းဘောင်းဘီ အပြာနှင့် မျက်နှာကိုလည်း မာ့စ်နှင့် နေကာမျက်မှန်များတပ်ပြီး ဖုံးအုပ်ထားလေသည်။ နှစ်ဘက်ကြား အကွာအဝေးက သုံးမီတာပင် မရှိသော်လည်း လူသတ်သမား၏ မျက်နှာကိုတော့ မမြင်နိုင်သေးပေ။

သို့သော် လူသတ်သမားမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံးက အ၀တ်အစား အပြည့်အစုံ ၀တ်ဆင်ထားကြသောကြောင့်ပင်။

ထောင်ချောက် .... မကောင်းတော့ဘူး ...

သူ ပြေးထွက်သွားတော့မည့် အချိန်မှာပဲ အပြင်ဘက်မှနေ၍ နောက်ထပ်လူတစ်ဦး အထဲသို့ ရောက်လာသည်ကို သတိထားမိလိုက်သည်။

ထောက်ချိန် ၀င်လာခဲ့ပြီး တံခါးကို ‌သော့ခတ်လိုက်ကာ လူသတ်သမား၏ ပြေးပေါက်များအားလုံးကို ပိတ်ဆို့ထားလိုက်လေသည်။

" ခင်များ တကယ် ရောက်လာခဲ့တာပဲ ... ကျုပ်ကို စိတ်မပျက်စေဘူးပဲ ... “

All Chapters