← Chapters

လုပေချိန်ဘက်က လှုပ်ရှားလာခြင်း

Vol. 174 Ch. 2462

လုပေချိန်ဘက်က လှုပ်ရှားလာခြင်း

Vol. 174 Ch. 2462

“ ကဲပါ …. အဲ့တာတွေ ထားပါ … အကုန်လုံးက ပြီးခဲ့ပြီးတဲ့ဟာတွေပဲ ….”

လင်းရီ မတ်တပ်ထရပ်ပြီး အနည်းငယ် အညောင်းဆန့်လိုက်သည်။

“ ဒါနဲ့ လတ်တလော ကုမ္ပဏီအခြေအနေရော အဆင်ပြေရဲ့လား ….”

“ ငါ့ဘက်ပိုင်းကတော့ အဆင်ပြေတယ် … ဒါပေမယ့် လင်းယွင်အုပ်စုကတော့ အခုတစ်လော အတော်လေး အလုပ်များနေတယ် ….” ကျီချင်းရန် ပြောလိုက်သည်။ “ တကယ်လို့ နင် အလုပ်မများဘူးဆိုရင် တစ်ချက် သွားကြည့်သင့်တယ် ….”

“ ချီရှန်းကျောက်က မဆက်သွယ်လာသေးဘူးဆိုတော့ သိပ်ပြီး အရေးကြီးကိစ္စ ဖြစ်မယ့်ပုံတော့ မပေါ်ဘူး … ငါ အချိန်ရရင် တစ်ချက် သွားကြည့်လိုက်ပါမယ် …”

“ အဲ့လိုလည်း ရတယ် …” ကျီချင်းရန် ညင်သာစွာ ပြုံးလိုက်ပြီး “ ဒီနေ့တော့ ဒီမှာပဲ ငါနဲ့အတူနေပေး …..”

“ အင်း ….”

ညနေခင်း တစ်ခင်းလုံး ကျီချင်းရန်၏ ရုံးခန်းထဲမှာပဲ အချိန်ကုန်ဆုံးရင်း စာရွက်စာတမ်းတစ်ချို့ကို ကူညီဖြေရှင်းပေးခဲ့၏။

ညနေပိုင်း အလုပ်လုပ်ပြီးနောက် ကျီချင်းရန်က ဟော်ယွမ်ယွမ်ကို ဖုန်းခေါ်လိုက်သည်။ ထို့နောက် လင်းရီကလည်း ချင်းဟန်နှင့် ကျန်သုံးဦးကိုလည်း ဖုန်းခေါ်လိုက်၏။

သူ့ဘက်က အတော်လေး အလုပ်များနေခဲ့သဖြင့် အချင်းချင်း ဆုံဖို့ အချိန်မရခဲ့ပေ။ ယခု သူပြန်လာပြီ ဖြစ်ရာ လူဆုံသင့်သည်ကတော့ သဘာဝကျကျပဲ ဖြစ်၏။

ယင်းက သူ၏ စိတ်ဖိစီးမှုကို ပြေလျော့စေသည့် နည်းလမ်းကောင်း တစ်ခုဆိုလည်း မမှားပေ။

စုဝေးပွဲကိုတော့ ကျီချင်းရန်၏ အမေအိမ်မှာပဲ ပြုလုပ်လိုက်သည်။

ရိုးရိုးရှင်းရှင်း ထမင်းလက်ဆုံစားပြီးနောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့က စားပွဲဝိုင်းမှ ထွက်သွားပြီး အခန်းထဲသို့ ဝင်သွားကာ မိန်းကလေးအချင်းချင်း တီးတိုးစကားတွေ ပြောနေကြလေသည်။

လင်းရီနှင့် အခြားသူများကတော့ အရက်သောက်ရင်း စကားလက်ဆုံကျနေခဲ့ကာ နောက်တစ်နေ့ နံနက်ခင်း ရောက်တော့မှ ရပ်တန့်လိုက်ကြ၏။ ညကိုတော့ ကျီချင်းရန်၏ အမေအိမ်မှာပဲ အဆင်ပြေသလို အိပ်လိုက်ကြသည်။

နောက်တစ်နေ့ နံနက်ခင်း ဆယ်နာရီကျော်သည်အထိ မည်သူကမျှ အိပ်ရာမထချင်ကြသေးပေ။ ဆယ့်တစ်နာရီ ကျော်တော့မှ မနက်စာစားပြီး အားလုံးက ကိုယ်စီ ထွက်သွားခဲ့ကြ၏။

နေ့လည်အချိန် ဝန်းကျင်တွင် ကျီချင်းရန်က အဝတ်အစားများလဲရင်း ဟော်ယွမ်ယွမ်နှင့်အတူ ဈေးဝယ်ထွက်ဖို့ အဆင့်သင့် ဖြစ်နေသည်။

လင်းရီကတော့ အခြား ဘာလုပ်စရာမျှ မရှိသည့်အတူတူ လီချူးဟန်ကို သွားတွေ့ဖို့ စီစဉ်ထားသည်။

သူမနှင့် မတွေ့ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။

ကလင် ကလင် ကလင် …

လင်းရီ ကားထဲသို့ ဝင်ထိုင်စအပြုမှာပဲ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ ကျန်းဟွေ့မှ ဆက်သွယ်လာခြင်း ဖြစ်၏။

“ ဟယ်လို အစ်ကိုဟွေ့ …..”

“ အေး … ရီလေး … မင်း အလုပ်အားလား …”

“ အားတယ် … ဘာကိစ္စရှိလို့ …. အခု လာခဲ့လိုက်ရမလား ….”

“ လာဖို့တော့ မလိုပါဘူး … ဖုန်းထဲနဲ့တင်လည်း အဆင်ပြေတယ် ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ စစ်တပ်ကလူတွေ ကျန်းလုံကို လာခေါ်သွားလို့ကွ ….”

“ စစ်တပ်က လာခေါ်သွားတယ် ဟုတ်လား … “ လင်းရီ အံ့အားသင့်သွားသည်။

“ ဘယ်တုန်းကလဲ ….”

“ မနေ့ညတုန်းက ရုတ်တရက် ရောက်ချလာတာပဲ … ငါတို့လည်း အတော်လေး အံ့အားသင့်သွားခဲ့တာ …. အဲ့တုန်းက အလွှဲအပြောင်း ကိစ္စတွေနဲ့ အလုပ်များနေတော့ မင်းဆီ ဖုန်းဆက်ဖို့ မေ့သွားခဲ့တာ ….”

“ သူတို့ ဘာပြောသေးလဲ … ဘာလို့ ခေါ်သွားတာလဲတဲ့ ….”

“ သူတို့ပြောတာတော့ ကျန်းလုံက စစ်တပ်နဲ့ ဆက်စပ်တဲ့ နောက်ထပ် အမှုတစ်နဲ့ ဆက်နွယ်နေတယ်ဆိုလား … အဲ့တာ သူတို့ဘက်က ကိုင်တွယ်ဖို့ စီစဉ်နေတယ်ဆိုပဲ ….” ကျန်းဟွေ့ ရှင်းပြလိုက်သည်။

“ လွှဲပြောင်းပေးတဲ့ ကိစ္စကလည်း ပြီးသွားပြီ ဆိုတော့ ကြည့်ရတာ ငါတို့ဘာမှလုပ်စရာ မလိုတော့ဘူးနဲ့တူတယ် …. တစ်ခြားတော့ မရှိပါဘူး … မင်း သိရအောင်လို့ ဖုန်းဆက်ပြီး အသိပေးတာ ….”

“ ဆိုတော့ အဲ့လိုကိုး … နားလည်ပြီ ….”

“ ကောင်းပြီ … မင်းလုပ်စရာရှိတာ ဆက်လုပ်လိုက်ဦး ….”

“ အိုကေ ….”

ပြောစရာရှိသည်ကို ပြောဆိုပြီးနောက် ကျန်းဟွေ့ ဖုန်းချသွားခဲ့သည်။

ထင်မှတ်မထားသည့် ကိစ္စဖြစ်သော်လည်း လက်တွေ့အမှန်တရားကို လင်းရီ လျင်လျင်မြန်မြန်ပဲ လက်သင့်ခံလိုက်၏။

ကျန်းလုံက စစ်တပ်နှင့် မည်သည့်အရာမျှ ဆက်စပ်နေခြင်း မရှိပေ။ အကယ်၍ ရှိခဲ့လျှင်လည်း ဖုန်းထျန်းကသာ ဆက်စပ်နေနိုင်သည်။

ထို့ပြင် လွန်ခဲ့သော ငါးနှစ်ကစပြီး သူကိုယ်တိုင် နှုတ်ထွက်ပြီး ဖြစ်၏။ မည်သည့် ဆက်စပ်မှုမျှ မရှိတော့သည်မှာ ကြာလေပြီ။ လူဘယ်လောက်များများပဲ သတ်သတ်၊ စစ်တပ်ဘက်က သူ့နောက် လိုက်လာစရာ အကြောင်းမရှိတော့ချေ။

အဖြေက တစ်ခုတည်းသာ ရှိ၏။

နင်ချဲ့က လျိုဟုန်ကို ဤအကြောင်းပြောပြလိုက်ပြီး လျိုဟုန်က လုပေချိန်ကို ထိုအကြောင်း ပြန်ပြောပြလိုက်ခြင်း ဖြစ်လိမ့်မည်။

မည်သူတစ်ဦးတစ်ယောက်၏ ညွှန်ကြားပြသမှု မရှိပါဘဲ မိမိကိုယ်ပိုင် အစွမ်းအစဖြင့် လင်းရီနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်အထိ လေ့ကျင့်နိုင်ခဲ့သည်။

နောက်ပြီး သန်မာအားကောင်းလှသည့် ထောက်လှမ်းရေး စွမ်းရည်နှင့် တန်ပြန်ထောက်လှမ်းနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ရုပ်ဖျက်စွမ်းရည်တို့ကလည်း တကယ့်ထိပ်တန်း ဖြစ်၏။

ထိုသို့သော လူစားမျိုးနှင့် ရင်ဆိုင်ရာ၌ လင်းရီပင် သူ့အစွမ်းအစများကို မလေးစားဘဲ မနေနိုင်ခဲ့ချေ။

လုပေချိန် လုပ်သွားသည်များကလည်း ကျိုးကြောင်းတော့ ဆီလျော်သည်။

စဉ်းစားကြည့်ပြီးနောက် လင်းရီ ဖုန်းထုတ်၍ လုပေချိန်ထံ ဖုန်းခေါ်လိုက်သည်။

လင်းရီ စကားမပြောနိုင်ခင်မှာပဲ လုပေချိန်က အလျဉ်ဦးအောင် ပြောလာသည်။

“ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး … အတွေးလွန်မနေနဲ့ ….”

လုပေချိန်၏ အစွမ်းအစဖြင့် လင်းရီ ဘာမျှ မပြောလျှင်ပင် ဘာဆိုတာ သူသိသည်။ မဟုတ်လျှင်လည်း လင်းရီ အဘယ်ကြောင့် ဖုန်းခေါ်လာလဲဆိုတာကို သူ့ဘက်က မှန်းဆထားပြီး ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။

“ သူ အခု ဘယ်မှာ ….”

“ ဆေးရုံမှာ ….”

“ ဆေးရုံမှာလား ….”

“ ငါ ကျန်းကျိန်းနန်ကို ခိုင်းပြီး သူ့ကို သင်ခန်းစာ ပေးခိုင်းလိုက်တယ်လေ .. မဆိုးပါဘူး … အလားအလာတွေ ရှိတဲ့ လူငယ်ပါပဲ ….”

“ ခင်များကတော့ တော်တော် မယဉ်ကျေးတဲ့လူပဲဗျ အဘိုးကြီးလု ….”

“ မင်းတောင် သူ့ကို အမှောက်သိပ်နိုင်ပြီးတော့မှ ငါက မလုပ်နိုင်ဘူးဆို ငါ့မျက်နှာပျက်တာပေါ့ကွ ….” လုပေချိန်က ရယ်မောရင်း ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် သူ့အကြောင်း စိတ်ပူနေတယ်ဆိုရင် ပူမနေနဲ့တော့ … ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသား … မင်းက မင်းကိစ္စ မင်းလုပ် ….”

“ အင်း … ကောင်းပြီလေ ….”

လင်းရီ ဘာမျှ များများစားစား ပြောမနေတော့ဘဲ သာမန်လျှံကာပဲ ဖုန်းပြန်ချလိုက်သည်။

လုပေချိန်၏ စကားလုံးများက လင်းရီအပေါ် တစ်နည်းနည်းဖြင့်တော့ စိတ်သက်သာမှု ရရှိစေသည်။

လုပေချိန်ကဲ့သို့သော လူစားမျိုးအတွက် ကျန်းလုံဆိုသည့်လူမှာ အင်မတန် အသုံးတည့်လှ၏။

အကယ်၍ ကျည်တစ်တောင့်ဖြင့် အဆုံးသတ်ပေးလိုက်မည်ဆိုပါက မတန်ပေ။

ဆုံးရှုံးမှုကြီး ဆုံးရှုံးသွားရလိမ့်မည်။

ဥပဒေ၏ တန်ဖိုးက လူတိုင်းအပေါ် တစ်ပြေးညီ သက်ရောက်သော်လည်း ပြဿနာရပ်တိုင်းကို ဖြေရှင်းနိုင်သည့် အန္တိမနည်းလမ်းတော့ ဟုတ်မနေပေ။

လုပေချိန် ပြုလုပ်သွားသည်က လစ်လပ်နေသည့် ကွက်လပ်နေရာများတွင် အဆင်ပြေသလို ဝင်ဖြည့်သွားခြင်းပင်။

လင်းရီ ပြုံးလျက် သူ့ကိုယ်သူ ရေရွတ်လိုက်၏။ “ ဒီလိုဆိုလည်း အတော်ကောင်းတာပဲ ….”

ဂီယာခလုတ်ပေါ် နင်းလျက် အရှိန်တင်လိုက်ပြီး ဟွာရှန်းဆေးရုံသို့ ဆက်လက် ဦးတည်လာခဲ့၏။

သို့သော် ယခု .. သူ အခြားပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းကတော့ အလုပ်အကိုင် အသစ်တစ်ခု စတင်ဖို့ပဲ ဖြစ်၏။

တာအိုရသေ့ တစ်ပါး ဖြစ်လာဖို့ကို စိတ်မကွက်သော်ငြားလည်း တကယ့်လက်တွေ့ ပြဿနာက လုံဟူတောင်သို့သွားပြီး တာအိုရသေ့ ဝတ်ရန်ပင်။

လုံဟူတောင်က ဟွာရှ၏ ရှီးကျန်း စီရင်စုထဲတွင် တည်ရှိပြီး ကျိုးဟိုင်နှင့် ကီလိုမီတာ ခြောက်ရာကျော် ဝေးကွာသည်။ တစ်နေ့တည်း နေ့ချင်းပြန် ခရီးသွားဖို့က အတန်ငယ် ခက်ခဲလှ၏။

သို့သော် လင်းရီအတွက်မူကား … ယင်းက ပြဿနာ တစ်ရပ် မဟုတ်။

တကယ့်ပြဿနာက ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့နှစ်ဦးလုံးက ကိုယ်ဝန်ကိုယ်စီနှင့် ဖြစ်နေကြပြီး ကိုယ်ဝန်သက်တမ်းကလည်း ငါးလ ရှိနေလေပြီ။

ရှေးလူကြီးတွေ ပြောကြသည်မှာတော့ ကိုယ်ဝန် ဆယ်လ ဆောင်ရသည်ဆိုသော်လည်း တကယ့်လက်တွေ့၌ ဒီလီလာပို့ပေးမည့် ရက်စွဲက ကိုးလဝန်းကျင်တွင် ရောက်လာတတ်သည်။

အကယ်၍ သူသာ ယခုအချိန်တွင် လုံဟူတောင်သို့ သွားပြီး တာအိုရသေ့ သွားဝတ်နေမည်ဆိုပါက မည်သို့ပဲ ကြည့်ကြည့် လျော်ကန်နေခြင်း မရှိပေ။

အခြားသူများက ဘာမျှ မပြောလောက်ဘူးဆိုသော်ငြား သူ့အမေကတော့ ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးနိုင်လောက်သည်။

အတန်ငယ် စဉ်းစားကြည့်ပြီးနောက် နောက်တော့မှပဲ သူ့အလုပ်အကိုင်အသစ်ကို စတင်ဖို့ လင်းရီ ဆုံးဖြတ်လိုက်၏။

ယခုကဲ့သို့ ထူးခြားသည့် ကာလအပိုင်းအခြားတွင် မိသားစုကိစ္စက ဦးစားပေးဖြစ်ပြီး အလုပ်တာဝန်က ဒုတိယပင်။

ကျွန်းပေါ်တွင် ဘေးကင်းလုံခြုံမှု ရှိရေးအတွက် တာဝန်ဆုလဒ်များ လိုအပ်လျှင်ပင် အနည်းငယ်တော့ စောင့်ဆိုင်းဖို့လိုသည်။

ဤသို့ စိတ်ပိုင်းဖြတ်ပြီးနောက် လင်းရီ၏ စိတ်အခြေအနေကလည်း အများအပြား တိုးတက်ကောင်းမွန်လာခဲ့သည်။

မကြာမီ ဟွာရှန်းဆေးရုံသို့ ရောက်လာခဲ့ပြီး အတွင်းလူနာ ဌာန အမှတ် ၈ ၏ နှလုံးခွဲစိတ်ဌာနသို့ ရောက်ရှိလာသည်။

“ ဒါရိုက်တာလင်း … ရှင် ရောက်လာတာလား ….”

လင်းရီ ဝင်လာသည်ကို မြင်တော့ ဌာနရှိ နာ့စ်များအားလုံးက သူ့ထံသို့ လာရောက်ဆီးကြိုကြသည်။

လင်းရီ ပြုံးလျက် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ “ ဒါရိုက်တာလီ ရှိတယ်မလား ….”

“ ဒီနေ့လာတာ ဘာမှလည်း သယ်မလာဘူး …. မုန့်မကျွေးရင် ကျွန်မတို့လည်း ပါးစပ်မဖွင့်ပေးနိုင်ဘူး …..”

“ အပေါ်ပါးစပ်လား ၊ အောက်ပါးစပ်လား … မင်းတို့တွေ ရှင်းအောင်ပြောနော် …” လင်းရီ ကျီစယ်လိုက်၏။

“ ခစ်ခစ် … ဒါရိုက်တာလင်းဆို အရမ်းဆိုးတာပဲ … ဆေးရုံမှာတောင် ကျွန်မတို့ကို စိတ်ပါအောင် လာဆွနေတယ် …”

“ ဘယ်တတ်နိုင်မှာ … ငါ့ရဲ့ သံချပ်ကာယာဉ်ကြီးက ဘယ်လမ်းမှာမဆို သေချာ အလုပ်လုပ်နိုင်တယ်လေ …”

နာ့စ်များက တခစ်ခစ် ရယ်မောလိုက်ကြပြီး “ နန်းဟွာ ဆေးတက္ကသိုလ်မှာ ဟောပြောပွဲ ရှိတယ်လို့ ကြားတယ် … ဒါရိုက်တာလီကလည်း အဲ့မှာ ဟောပြောပေးဖို့ ဖိတ်ကြားခံထားရတယ်လို့ ကျွန်မတို့ ကြားမိတယ် … အဲ့ကိစ္စနဲ့ ထွက်သွားတဲ့ပုံပဲ ….”

“ အိုကေ … သိပြီ ….”

လင်းရီ လက်ဝှေ့ယမ်းပြီး ထွက်ခွာဖို့ ဟန်ပြင်လိုက်သည်။ “ မင်းတို့ဖို့ ညနေစာ အချိုပွဲ မှာထားပေးပြီးသား … ခဏနေ လာပို့ပေးလိမ့်မယ် ….”

“ ကျေးဇူးပါ ဒါရိုက်တာလင်း .. မွ …..”

ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကားမောင်းရင်း နန်းဟွာ ဆေးတက္ကသိုလ်သို့ ထွက်လာခဲ့လိုက်သည်။

ထိပ်တန်းတက္ကသိုလ်ကြီးအနက် တစ်ခု ဖြစ်သည်နှင့် အညီ နန်းဟွာ ဆေးတက္ကသိုလ်သည် အင်မတန် နာမည်ကြီးပြီး လီချူးဟန်ကို လက်ချာလုပ်ပေးဖို့ ဖိတ်ခေါ်ကြသည်မှာလည်း မထူးဆန်းပေ။

ဟွာရှန်းဆေးရုံနှင့် တက္ကသိုလ်က သိပ်ဝေးလှခြင်း မရှိ။

နည်းနည်းပါးပါး လှည့်ပတ်လမ်းမေးပြီးနောက် လက်ချာလုပ်သည့် တည်နေရာကို ရှာတွေ့သွားခဲ့သည်။ မာ့စ်တစ်ခု ဝယ်ယူပြီး လူနှစ်ရာကျော် ဆန့်သည့် ခန်းမကြီးထဲသို့ လူအုပ်ကြီးနှင့်အတူ တိတ်တဆိတ် ဝင်ရောထိုင်နေလိုက်သည်။

လီချူးဟန်က စတိတ် စင်ပေါ်တွင် မတ်တပ်ရပ်နေပြီး မီးခိုးဖျော့ရောင် အဝတ်အစားလေးက သူမ၏ အေးစက်တည်ငြိမ်ပြီး ကျော့ရှင်းသည့် အလှတရားကို ပေါ်လွင်စေလှ၏။

ထိုအချိန်၌ လီချူးဟန်က PPT ကို ချိန်ညှိနေပြီး လက်ချာကလည်း စတင်တော့မည်။

မလှမ်းမကမ်းတစ်နေရာတွင် လင်းရီ သူမအား စောင့်ကြည့်နေလျက် ရှိသည်ကိုတော့ သူမလေး သတိမထားမိဘဲ ဖြစ်နေတော့၏။

All Chapters