← Chapters

ကောင်းကင်ကို ဆန်ကျင့်လိုနေခြင်းလော

Vol. 174 Ch. 2463

ကောင်းကင်ကို ဆန်ကျင့်လိုနေခြင်းလော

Vol. 174 Ch. 2463

“ ပါမောက္ခလီရဲ့ အရှိန်အဝါတွေက တကယ့်ကို အံ့မခန်းပဲနော် … ပြီးတော့ ငယ်ကလည်း ငယ်သေးတယ် …”

လင်းရီရှေ့တွင် ထိုင်နေသည့် မိန်းကလေးတစ်ချို့က အချင်းချင်း ပြောဆိုရင်း ထိုသို့ မှတ်ချက် ပြုလိုက်၏။

“ ငါကြားမိတာတော့ ပါမောက္ခလီက တကယ့်လူပါဆို သိလား … အသက်နှစ်ဆယ့်ငါးမှာ ဆေးပညာနဲ့ ဘွဲ့ရထားပြီ … ပြီးတော့ ဘယ်တက္ကသိုလ်ကလဲသိလား … ပြည်ထောင်စု ဆေးတက္ကသိုလ်ကပါဆိနေ …. ဘုရားရေ … ငါတော့ စိတ်ကူးတောင် မယဉ်ရဲဘူး ….”

“ အဲ့တာက ဘာဟုတ်သေးလို့ … အဓိကက ဘွဲ့ရပြီးတော့ Mayo Clinic မှာ အလုပ်သွားလုပ်ခဲ့တယ် … အဲ့မှာလည်း အရာအားလုံးက အဆင်ပြေပြေပဲ … ငါကြားတာတော့ ဟိုက တစ်နှစ်လစာ ဒေါ်လာတစ်သန်းတောင် ကမ်းလှမ်းခဲ့တယ်ဆိုပဲ … အားကျလိုက်တာနော် …..”

“ ငါတော့ ကျန်တာ ဘာမှ မသိချင်ဘူး … သူ ဘာလို့ ဒီလောက်တောင် လှပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ဘာလို့ အဲ့လောက် ကောင်းနေလဲဆိုတာပဲ သိချင်တယ် ဟီးဟီး ….”

“ ဘုရားသခင်က သူ့ကို ကောင်းကောင်း ဖန်ဆင်းပေးထားတာပဲ … ငါတို့ မနာလို ဖြစ်နေလို့လည်း အလကားပဲ ….”

ထိုစကားလုံးများကို ကြားတော့ လင်းရီ ပြုံးလိုက်မိ၏။

ဘုရားသခင်က သူမကို တကယ်ပဲ ကောင်းကောင်းဖန်ဆင်းပေးထားခဲ့တာရော ဟုတ်ရဲ့လား …

သူကိုယ်တိုင်ကပဲ ဇာတ်လမ်းအပြည့်အစုံကို နားလည်နေသောကြောင့်လားတော့ မသိ။

သူမတွင် လက်ရှိ ရှိနေသည့် အရာများအားလုံးကို သူမကိုယ်တိုင် တိုက်ခိုက် ရယူထားခြင်း ဖြစ်ပြီး မည်သည်နှင့်မျှ ဆက်စပ်နေခြင်း မရှိပေ။

အကယ်၍ အခြားသူများက မိုးမျှော်တိုက်ကြီး ဖြစ်မည်ဆိုလျှင် သူမကတော့ ခံတပ်အခိုင်အမာရှိသည့်၊ မထိုးဖောက်နိုင်သည့် Maginot line ကြီး ဖြစ်လိမ့်မည်။ မည်သူကမျှ သူမကို မလှဲချနိုင်ချေ။

“ ကျစ် ကျစ် ကျစ် … ပါမောက္ခလီရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကောင်းတာပဲ … ငါတောင် သွားရည်ယိုလာပြီ …”

ထိုအချိန်မှာပဲ မသတီဖွယ်ကောင်းသည့် အသံကြီးတစ်ခုက လင်းရီနားထဲသို့ ပျံ့လွင့်လာသည်။

လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက်ကို လှမ်းမြင်တွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် ထိုင်နေပြီး သူနှင့် မိန်းကလေးတစ်ဦးတည်းသာ ခြား၏။

ထိုလူနာမည်က လီစစ်ကျယ် ဖြစ်ပြီး ဖက်ရှင်ကျကျ ဝတ်ဆင်ထားကာ ဟိတ်ဟန်များလှသည့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကိုတော့ မသိမ်ငယ်စေပေ။

“ သွားရည်မယိုတဲ့ကောင်ကတော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်လိမ့်မယ် ….”

အခြားတစ်ယောက်လည်း ဝင်ပြောလာပြီး ထိုလူကတော့ ဆံပင်ကို ရွှေရောင်လိုလို၊ အဝါရောင်လိုလို ဆိုးထားသည်။ နာမည်ကတော့ ရန်ဖန်းဖြစ်၏။ နှစ်ဦးက အတူထိုင်နေပြီး လင်းရီ၏ ကိုယ်လုံးကိုယ်ပေါက်ကို သွားရည်ယိုရင်း ပါးစပ်အရသာခံ ပြောဆိုနေခဲ့ကြသည်။

“ ပါမောက္ခလီကြည့်ရတာ အသက်သုံးဆယ်ကျော်လောက်ပဲ ရှိဦးမယ် … ငါတို့ထက် အသက်ဘယ်လောက်မှ မကြီးသေးဘူး … တကယ်လို့ ငါလိုက်မယ်ဆို အခွင့်အရေး ရှိမယ်ထင်လား ….”

“ ငါတော့ အတော်လေး ဖြစ်နိုင်မယ်လို့ ထင်တယ် ….” ရန်ဖန်း ပြောလိုက်၏။

“ မင်းမိသားစုရဲ့ အခြေအနေကလည်း မဆိုးဘူးကွာ … ကျိုးဟိုင်မှာ ချမ်းသာတဲ့ မိသားစု ၊ ပါမောက္ခလီက ဘယ်လောက်ပဲ ဩဇာကြီးပါစေဦးတော့ တကယ်တမ်းလက်တွေ့ကျ ဒီတိုင်း ဌာနခေါင်းဆောင်လေး တစ်ယောက်ပဲဟာ .. သူ့တစ်နှစ်လစာက အကန့်အသတ်နဲ့ … တကယ်လို့ မင်းသာ အားစိုက်ထုတ်ရင် ကျိန်းသေပေါက် ပြဿာ မရှိလောက်ဘူး ….”

“ ပြဿနာက သူ့မှာ ရည်းစားရှိပြီး ဖြစ်မှာကို စိုးတာကွ ….”

“ ရည်းစားရှိတော့ ပိုမကောင်းသွားဘူးလား … ဒီတိုင်း ကစားဖို့ပဲမလား … မင်းသူ့ကို တကယ်ကြီး လက်ထပ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား …. မင်း ဘယ်တုန်းကများ ဒီလောက်ထိ ရယ်စရာတွေ ပြောတတ်လာတာ ….”

“ ဟားဟား … မင်းပြောတာမှန်တယ် …”

“ နင်တို့ နှစ်ယောက်က တကယ့် ရွံ့စရာပဲ ….”

ပြောလိုက်သူက သူတို့ဘေးတွင် ထိုင်နေသည့် မိန်းကလေး ဖြစ်ပြီး အမျိုးသားများ၏ လီချူးဟန်အပေါ် မရိုမသေ ၊ ရိုင်းပြသည့် မှတ်ချက်များကို ဆက်သည်းမခံနိုင်တော့သဖြင့် ဝင်ပြောလာခဲ့ခြင်းပင်။

“ အဲ့တာ မင်းနဲ့ ဘာဆိုင်လို့ … မကြိုက်ဘူးဆိုလည်း လျစ်လျူရှုထားလိုက်လေ ….”

“ မကောင်းတဲ့ကောင်တွေ ….”

ကျိန်ဆဲလျက် ၊ မိန်းကလေးက သူမ၏ မှတ်စုစာအုပ်ကို ယူပြီး ထိုင်ခုံကနေ ထပြန်သွားခဲ့ကာ ၎င်းတို့နှင့်အတူ ဆက်ပြီး မထိုင်ချင်တော့ပေ။

“ အဲ့ကောင်မကို လွှတ်ထားလိုက် .. ငါတို့ဘာငါတို့ ဆက်ပြီးပြောကြမယ် …” လီစစ်ကျယ် ပြောလိုက်သည်။

“ တကယ်လို့ ငါသာ ….”

“ မင်းတို့ကောင်တွေ မပြီးနိုင်သေးဘူးလား ….” လင်းရီ အသံနိမ့်ပြီး ရေရွတ်လိုက်၏။

အမျိုးသားနှစ်ဦးလုံး လင်းရီထံသို့ ခေါင်းလှည့်ကြည့်လာသည်။

“ မိန်းကလေးတွေ အတင်းပြောတယ်ဆိုလည်း တော်သေးတယ် … ဘာလို့ မင်းတို့နှစ်ယောက်ကသာ ယောက်ျားကြီးတွေတန်မဲ့ အဲ့လိုတွေ ပြောနေကြတာ ….”

“ စကားကို ကြည့်ကြပ်ပြီးပြော … မဟုတ်ရင် ကျောင်းထုတ်ခံရမယ် ….”

“ ဟမ် ….”

နှစ်ယောက်မှာ ခေတ္တမျှ တုန်လှုပ်သွားသော်လည်း ၊ ထို့နောက် အူနှိပ်ပြီး ရယ်မောလာခဲ့ကြသည်။

“ ဒီကောင် ဘာလားကွ … နေ့ခင်းကြီး အိပ်မက်လာယောင်နေတာလား ….” လီစစ်ကျယ် ပြောလိုက်ပြီး “ ငါ့ အဖေ ဘယ်သူလဲ မင်းသိလား … ရှင်းခုံအုပ်စုရဲ့ ဥက္ကဌကွ … ပြည်တွင်း‌ ဆေးပစ္စည်းကိရိယာတွေရဲ့ ဈေးကွက် သုံးပုံတစ်ပုံကို သိမ်းပိုက်ထားတာ … ပြီးတော့ မနေ့တုန်းကပဲ ငါ့အဖေက ကျောင်းကို ယွမ်သန်း ၂၀ လှူဒါန်းပေးထားတယ် … သူတို့ ငါ့ကို ကျောင်းထုတ်ရဲမယ်လို့ ထင်လား …..”

“ ဘာလို့ မထုတ်ရဲမှာ ….” လင်းရီ အေးစက်စွာ ဆိုလိုက်၏။ “ မင်းကိုတင် မဟုတ်ဘူး … ဘေးက မင်းကောင်ကိုပါ ထုတ်လို့ရတယ် ….”

“ သောက်ကျိုးနည်း ဟားဟား …..”

ရန်ဖန်း အားပါးတရ စတင် ရယ်မောလိုက်ပြီး “ ငါတို့ မိသားစုကလည်း လောင်စစ်တို့ မိသားစုလောက် ဆေးနယ်ပယ်ထဲ လွှမ်းမိုးမှု မရှိဘူးဆိုပေမယ့် … တော်ရုံတော့ မဟုတ်ဘူး … ငါတို့ကို‌ ကျောင်းထုတ်မယ် လာပြောနေတယ်ဆိုတော့ ဘဲရီး … မင်းရူးနေလား …”

“ အနောက်က ကျောင်းသားတွေ တိတ်မယ် … ခဏနေ လက်ချာစတော့မယ် …” ကျောင်းသားတွေကို ထိန်းသိမ်းဖို့ တာဝန်ယူထားသည့် ဆရာက လှမ်းပြီး သတိပေးလာသည်။

“ သူ့ကို ခေါင်းထဲထည့်မနေနဲ့ … ဒီကောင်က ရူးနေတာ ….” လီစစ်ကျယ် တီးတိုးပြောလိုက်ပြီး “ စောနက စကားဝိုင်းပဲ ဆက်ပြောကြရအောင် ….”

“ သူတို့ကို လျစ်လျူရှုထားလိုက် … ငါတို့ ခဏနေမှပဲ ဆရာတွေနဲ့ တိုင်ပြောလိုက်မယ် ….”

လင်းရီ ဘေးနားရှိ မိန်းကလေးက နှစ်သိမ့်ပေးလာသည်။

“ ဒီလိုလူတွေက နာမည်ကြီး တက္ကသိုလ်ထဲ ဘယ်လိုရောက်လာကြမှန်းလဲ မသိပါဘူး ….”

“ သူတို့က ချမ်းသာတဲ့ မိသားစုက အမွေဆက်ခံသူတွေလေ … သူတို့မိဘတွေကလည်း ဆေးနယ်ပယ်ထဲမှာ လွှမ်းမိုးမှုရှိတဲ့ ပုံရိပ်တွေ … ကျောင်းကိုလည်း ပိုက်ဆံတွေ အများကြီး လှူဒါန်းထားတာဆိုတော့ ဝင်ခွင့်အလကားရတာ မဆန်းပါဘူး …..”

“ နန်းဟွာ တက္ကသိုလ်ကို အိုးမဲသုတ်နေကြတဲ့ကောင်တွေပဲ ….”

“ ကျွန်မလည်း အဲ့လိုထင်တယ် … ပါမောက္ခလီရဲ့ လက်ချာကိုလည်း ကောင်းကောင်းနားမထောင်ဘဲ တဏှာရူးဖို့ပဲ စဉ်းစားနေတာကို ကြည့်ရင် ဆန်ကုန်မြေလေးတွေဆိုတာ တပ်အပ်ပြောလို့ရတယ် … ခဏနေကျရင်တော့ ကျိန်းသေပေါက် ဆရာတွေနဲ့ တိုင်ပြောမယ် …”

“ တိုင်မနေနဲ့ … ဆရာတွေလည်း ဒီကိစ္စ ဖြေရှင်းပေးနိုင်မှာမှ မဟုတ်တာ ….”လင်းရီ တိတ်တိတ်လေး ဆိုလိုက်သည်။

“ အာ … အမှန်ပဲ ….”

နန်ဟွား တက္ကသိုလ် ကျောင်းအုပ်၏ ဝီချက်အကောင့် မရှိသဖြင့် လင်းရီသည် မြောင်ကော်ဖုန်းကို ဆက်သွယ်ပြီး ဤကိစ္စ ကိုင်တွယ်ပေးဖို့ ပြောလိုက်သည်။

မကြာမီ လက်ချာစတင်လာသည်။

လီချူးဟန်က လေဆာပွိုင့်တာကို အသုံးပြုလျက် PPT ပေါ်တွင် ဟိုဟိုဒီဒီ ညွှန်ပြနေလျက် ရှိသည်။

သူမ၏ အတွေ့အကြုံများနှင့် အမြင်များကို တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများထံ ရှင်းပြနေလျက် ရှိ၏။

လက်ချာပေးနေစဉ်အတွင် လင်းရီ တစ်ခု သွားသတိပြုမိ၏။

လီချူးဟန်က ‘ တာဝန်ယူမှု ‘ (Responsibility) ဆိုသည့် စကားလုံးကို ထပ်ခါထပ်ခါ ဆက်တိုက် အသုံးပြုနေသည်။

လီချူးဟန်ကို နားလည်သည့် အပြုံးတစ်ခုက လင်းရီ၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။

သူမအဖို့ … ဆရာတစ်ယောက်အနေနဲ့ တာဝန်ယူမှု ရှိခြင်းက အရေးကြီးဆုံးပင်။

ချောင်ရှင်းကို လမ်းညွှန်ပြသစဉ်အခါကလည်း ထိုစကားလုံးကို မကြာခဏ ပြောဆိုခဲ့ဖူး၏။

ဒေါက် ဒေါက် ဒေါက် …

ထိုအချိန်မှာပဲ အခန်းတံခါးဝသို့ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာသည်။

လီချူးဟန် ဘာမျှ မပြောနိုင်သေးခင်မှာပဲ တံခါးက သူ့ဘာသူ တွန်းပွင့်လာခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ငါးယောက်၊ခြောက်ယောက်ခန့်က အခန်းထဲ ဝင်လာခဲ့ကြသည်။

“ ဟင် … ကျောင်းအုပ်ကျိုးက ဘာလို့ ရောက်လာတာပါလိမ့် ….”

ကျောင်းသားများ ပြောနေကြသည့် ကျောင်းအုပ်ကျိုးက နန်းဟွာ တက္ကသိုလ်တွင် ထိပ်ပိုင်းအာဏာကို ဆုပ်ကိုင်ထားသည့် ကျိုးလျန်ယွီပင်။

သူ့ဘေးတွင် ရပ်နေကြသူများကတော့ ဆေးတက္ကသိုလ်၏ အခြားသော ထိပ်ပိုင်းခေါင်းဆောင်ကြီးများ ဖြစ်ကြ၏။

“ သူတို့ရဲ့ အဆင့်အတန်းနဲ့ဆို ပါမောက္ခလီရဲ့ လက်ချာကို လာပြီး နားထောင်စရာ အကြောင်းမှမရှိဘဲ ….”

“ ငါလည်း အဲ့တာကို ဇဝေဇဝါ ဖြစ်နေတာပဲ … ဘာဖြစ်မလဲ ကြည့်ကြတာပေါ့ ….”

ထိုအုပ်စု ဝင်လာတာကို မြင်တော့ လင်းရီ လက်ဝှေ့ယမ်းလိုက်သည်။ ကျိုးလျန်ယွီနှင့် အခြားသူများကလည်း လင်းရီရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့ကြ၏။

“ ငိုးမသားက သောက်လက်ကို ယီးဖြစ်လို့ ယမ်းနေရတာလား …..” လီစစ်ကျယ် ကျိန်ဆဲလိုက်လေသည်။

“ ငါတို့ကို တိုင်မလို့လားမှ မသိတာ … ဒီကောင် တော်တော် အတိုင်ကြောထူတဲ့ကောင်ပဲ ….”

“ သောက်ကျိုးနည်း ဟားဟား ….” လီစစ်ကျယ် ရယ်မောလိုက်ပြီး “ အဲ့လိုဂိမ်းမျိုး ကစားသေးတယ်ပေါ့ ….”

ရန်ဖန်းက လင်းရီကို ကြည့်၍ “ ကိုယ့်လူ … မင်းက အခွင့်အရေးကို ဘယ်လို အသုံးချရမှန်း ကောင်းကောင်းသိသားပဲ … ကျောင်းအုပ်ကြီးနဲ့ တစ်ခြားလူတွေ ရောက်လာတာမြင်တော့ ဆရာတွေကို ပြေးတိုင်ချင်တယ်ပေါ့ …..”

“ လုပ်မနေနဲ့ … ပင်ပန်းတာပဲ အဖတ်တင်မယ် ….” လီစစ်ကျယ်က ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ငါ့အဖေက မနေ့တုန်းကလေးတင် ကျောင်းအုပ်ကျိုးနဲ့ ညစာ အတူစားပြီး ယွမ်သန်း ၂၀ လှူဒါန်းပေးခဲ့တာကွ … သူ ငါ့ကို တစ်ခုခု လုပ်ရဲမယ် ထင်လား ….”

“ ငါတော့ ကျောင်းအုပ်ကျိုးက တရားမျှတတဲ့လူဆိုတာ ယုံကြည်တယ် ….”

“ တရားမျှတတယ်လား ….” နှစ်ဦးလုံး အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသည့်နှယ် ရယ်မောသွားခဲ့ကြသည်။ “ သားရီ … ဒီကောင် တကယ်ရူးနေတာပဲကွ ဟားဟား ….”

ထိုအချိန်မှာပဲ ကျိုးလျန်ယွီက သူ့အုပ်စုနှင့်အတူ အနားသို့ ရောက်လာသည်။

လင်းရီ လက်ဆန့်တန်း၍ ကျိုးလျန်ယွီနှင့် နှုတ်ဆက်ရင်း “ သူတို့မိဘတွေကို ဖုန်းဆက်ပြီး ဒီကောင်တွေကို ကျောင်းထုတ်သွားခိုင်းလိုက်တော့ … တကယ်လို့ သူတို့ ငြင်းနေရင် ကျုပ်နာမည်ကို ထုတ်ပြောလိုက် … ပုပ်ပွနေတဲ့ အသီးတွေက တစ်ခြား ကျောင်းသားတွေဆီကိုပါ ကူးစက်ကုန်လိမ့်မယ် ….”

All Chapters