← Chapters

အစီအစဥ်

Vol. 181 Ch. 2581

အစီအစဥ်

Vol. 181 Ch. 2581

ဒုတိယကပ်ဘေး နတ်ဘုရားတစ်ပိုင်းအဆင့် ဆေးလုံး...

နည်းလမ်းကျကျပြောရလျှင် ထိုအဆင့်ဆေးလုံးများကို ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နိုင်သည့် ကျင့်ကြံသူကသာ ဖော်စပ်နိုင်စွမ်းရှိသော်လည်း ၎င်းက အယူအဆသက်သက်သာ ဖြစ်သည်။ အမှန်တွင် ထိုအဆင့်မှ အာခီမီဆရာသခင်အားလုံးက ဒုတိယကပ်ဘေး နတ်ဘုရားတစ်ပိုင်းအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် စွမ်းရည်မရှိကြပေ။

သို့သော် ထိုအချိန်၌ ရှီးချီယောင်သည် ရီဖူရှင်း သူမအား ပေးခဲ့သည့် ဆေးလုံးများက ဒုတိယကပ်ဘေးအဆင့် ဆေးလုံးများဖြစ်နေသည်ကို မြင်သောအခါ မည်သို့ ထိတ်လန့်ခြင်းမရှိဘဲ နေနိုင်ပါမည်နည်း။

စီဝေ့ကြယ်ကမ္ဘာအတွင်း ထိပ်တန်းအာခီမီဆရာသခင်နှစ်ယောက်ဖြစ်သော ရီဖူရှင်းနှင့် တာအိုဘုန်းကြီးမူသာလျှင် ရှိသည်။ သို့သော် တာအိုဘုန်းကြီးမူ၏ ကျင့်ကြံခြင်းက နတ်ဘုရားကပ်ဘေး ပထမအဆင့်၌သာ ရှိပေသည်။

သို့ဆိုလျှင် ဤနတ်ဘုရားကပ်ဘေးဒုတိယအဆင့်ဆေးလုံးများကို မည်သူက ဖော်စပ်ခဲ့သန​ည်း။

ရှီးချီယောင်၏ လှပသော မျက်လုံးများက ရီဖူရှင်းပေါ် ကျရောက်လာသည်။

“ဒီဆေးလုံးတွေကို ရှင် ဖော်စပ်ထားတာလား။”

“နတ်မိမယ်ဆီကနေ ရတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ဆေးဖော်စပ်ပြီးရင် အနောက်အင်ပါယာနန်းတော်ဆီ တချို့တလေ ပို့ပေးဖို့ လူလွှတ်လိုက်မယ်။ မဟုတ်ရင်လည်း အနောက်အင်ပါယာနန်းတော်ကနေ တစ်ယောက်ယောက် လွှတ်ပြီး ယူခိုင်းလိုက်လို့ရတယ်။”

ရီဖူရှင်းက သူမ၏ မေးခွန်းကို တိုက်ရိုက်မတုန့်ပြန်လိုက်သော်လည်း သူ့စကားလုံးများက အနောက်အင်ပါယာနန်းတော်မှ လူများ၏ နှလုံးသားကို တုန်ယင်စေခဲ့သည်။

ဤသို့ စကားလမ်းကြောင်းလွှဲလိုက်ခြင်းက တိတ်တဆိတ် သဘောတူလိုက်ခြင်း ဖြစ်နိုင်ပါသလား။

သို့ဆိုလျှင် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများသည် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးအား ကြုံတွေ့ရခြင်းကို မကြာခဏ မြင်တွေ့ခဲ့ကြရသည်လား။ ထို့ကြောင့် သူတို့က အသားကျသွားခဲ့ကြသည်လား။

သိသာစွာပင် ယခင်က တစ်စုံတစ်ယောက် နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်ခဲ့သော်လည်း သူတို့က အမှုမထားသလို ပြုမူနေခဲ့ကြ၏။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မ ရှင်နဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ နေပြီး ကျင့်ကြံမယ်လို့ စီစဥ်ခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာတာတောင် အဲဒါကို တကယ် မလုပ်နိုင်ခဲ့သေးဘူး။ အခု ကျွန်မ စီဝေ့ကြယ်ကမ္ဘာမှာ ကျင့်ကြံဖို့ နေခဲ့မယ်ဆိုရင် ရှင်ဘယ်လို သဘောထားလဲ။”

ရှီးချီယောင်က ရီဖူရှင်းအား အပြုံးနှင့် ကြည့်ကာ မေးလိုက်သည်။ သူမက နောက်ပြောင်နေခြင်း မဟုတ်ပေ။ ၎င်းက သူမ၏ ဆန္ဒအစစ်အမှန်ဖြစ်လေသည်။

စီဝေ့ကြယ်ကမ္ဘာ၏ ပတ်ဝန်းကျင်က ကျင့်ကြံရန် ကောင်းမွန်ပြီး ကျင့်ကြံခြင်းအတွက် အထောက်အကူ ပြုနိုင်မည့် ဆေးလုံးများလည်း ရှိပေသည်။ ပို၍ အရေးကြီးသည်မှာ သူမက ယခု စီဝေ့အင်ပါယာနန်းတော်အတွင်း၌ မည်သည်တို့ဖြစ်ပွားနေကြောင်း မြင်တွေ့ချင်သည်။

စီဝေ့ကြယ်ကမ္ဘာ​က ၎င်း၏ အချုပ်အနှောင်မှ ဖောက်ထွက်လာနိုင်သည့် သတင်းက ကောင်းကင်ဒေသတွင် ပျံ့နှံ့လာပြီး ကောင်းကင်ဒေသမှ အင်အားစုများက ပြင်ဆင်မှုတို့ပြုလုပ်လာသည်။ သို့သော် အချိန်အတော်ကြာသည်အထိ စီဝေ့ကြယ်ကမ္ဘာက လှုပ်ရှားမှုရှိမလာသေးသည့်အတွက်ကြောင့် သူတို့သည် စီဝေ့အင်ပါယာနန်းတော်က အားနည်းနေဆဲ ဖြစ်သောကြောင့် လက်စားချေရန် နတ်ဘုရားတောင်တန်းသို့ သွားရောက်ဖို့ရာ မဝံ့ရဲကြခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယခု ထိုအင်အားစုများအားလုံးသည် ရီဖူရှင်းနှင့် သူ့လူများက စီဝေ့ကြယ်ကမ္ဘာအတွင်း အချိန်တစ်ခုထိ ဆက်လက်နေထိုင်ကာ သူတို့ကိုယ်သူတို့ တိုးတက်လာအောင် ဆက်လက်လုပ်ဆောင်နေကြမည်ဟု တွေးထားကြသည်။ ရီဖူရှင်းသည်လည်း မည်သည့်အန္တရာယ်မှ မဖြစ်ချင်သည့်အတွက် သတိထားနေသည်ဟု ယူဆထားကြ၏။

ကောင်းကင်ဒေသအတွင်း ထိပ်သီးအင်အားစုများ၏ ကျင့်ကြံသူများက စီဝေ့ကြယ်ကမ္ဘာအတွင်း လက်ရှိအခြေအနေက ထိုမျှ အောင်မြင်ခမ်းနားနေမည်ဟု မည်သို့ သိနိုင်ပါမည်နည်း။ သူတို့က နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူအများအပြားကို မွေးထုတ်ပေးနေပေသည်။

ရီဖူရှင်းက နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူစစ်တပ်ကို ဖန်တီးရန် စီစဥ်နေသ​ည်လား။

“နတ်မိမယ်က အဲဒီလိုလုပ်ဖို့ ဆန္ဒရှိရင် လုပ်နိုင်ပါတယ်။”

ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သူက ရှီးချီယောင် ဤနေရာ၌ ကျင့်ကြံသည်ကို စိတ်ထဲမထားပေ။ ယခု စီဝေ့ကြယ်ကမ္ဘာက ကောင်းကင်ဒေသတစ်ခုလုံးနှင့် ရန်သူဖြစ်နေခဲ့ပြီး အနောက်အင်ပါယာနန်းတော်ကသာ ရှားပါးသော မဟာမိတ်ဖြစ်ကာ အကူအညီများစွာ ပေးနိုင်သူများဖြစ်သည်။

“ကျွန်မက အဲဒီလိုလုပ်ချင်ပေမယ့် ရှင့်ကို အချိန်တိုင်း ဒုက္ခပေးနေမိမှာစိုးမိတယ်။”

ရှီးချီယောင်က အပြုံးနှင့် ပြောလိုက်သည်။ သူမက နေထိုင်ရန်အတွက် အလေးအနက်ဖြစ်နေသည်။ သူမက အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ရှင်တို့ ဆေးလုံးတွေ ယူပြီး အရင်ပြန်နှင့်။ ကျွန်မ ဒီမှာ နှစ်အနည်းငယ်ကျင့်ကြံနေမယ်လို့ သူတို့ကို အသိပေးလိုက်ပါ။”

“ကောင်းပါပြီ။”

ထိုလူများက ရှီးချီယောင် စီဝေ့ကြယ်ကမ္ဘာ၌ နေထိုင်စဥ် တစ်ခုခုဖြစ်လိမ့်မယ်ကို စိတ်ပူခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။ အပြင်ဘက်လောက၌ပင် ရှီးချီယောင်၏ လက်ရှိကျင့်ကြံခြင်းနှင့် သူမကို ထိနိုင်သူ များများစားစားရှိမနေပေ။

အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ထွက်ခွာသွားပြီး သူမက နေရစ်ခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေရသူအား ကြည့်လိုက်သည်။ ထိုသူမှာ ချန်ယိ ဖြစ်လေသည်။ သူက အလင်းအမွေအနှစ်ကို ဆက်ခံခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ရှိသည့်နောက် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို စတင်ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။

ချန်ယိ၏ နတ်ဘုရားကပ်ဘေးက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အလင်းကပ်ဘေး ဖြစ်သည်။ လူတိုင်းက ဆေးလုံးကပ်ဘေးများကို အကြိမ်ကြိမ် ကြုံတွေ့ပြီးနောက် နတ်ဘုရားကပ်ဘေးအား မြင်တွေ့ရသည်ကို အသားကျနေပြီဖြစ်သော်လည်း ထိုနတ်ဘုရားကပ်ဘေး ကျဆင်းလာသည်နှင့် လူအများက ချန်ယိ၏ ကပ်ဘေးကို အာရုံစိုက်နေဆဲ ဖြစ်သည်။ သူတို့သည် ချန်ယိက အလွန်အစွမ်းထက်လှသည်ကို မြင်နိုင်ကြ၏။

ကျင့်ကြံသူတိုင်းသည် မတူညီသော နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကာ သူတို့အားလုံးက တူညီမနေပေ။

ရီဖူရှင်းက နတ်ဘုရားကပ်ဘေးဒုတိယအဆင့် ကျင့်ကြံသူများ မွေးဖွားလာသည်ကို မြင်တွေ့ရန် စိတ်အားအထက်သန်ဆုံး ဖြစ်နေသော်လည်း သူသည် ၎င်းက အချိန်တိုအတွင်း ဖြစ်နိုင်ရန်ခက်ခဲမည်ကို သတိပြုမိသည်။

ယခင်က ပထမအဆင့်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူများမှာ ဟွာဂျီယူ၊ တာအိုဘုန်းကြီးမူ၊ မုရုံယွီနှင့် အင်ပါယာရှီသာ ရှိခဲ့သည်။ တာအိုဘုန်းကြီးမူနှင့် အင်ပါယာရှီက ထိုအဆင့်တွင် အရှည်ကြာဆုံး ရှိနေခဲ့သူများ ဖြစ်သည်။ သို့သော် ​သူတို့၏ ကျင့်ကြံဆင့်က လုံလောက်အောင် နက်ရှိုင်းခြင်းမရှိပေ။

ချန်ယိသည် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့ပြီးနောက် တံခါးပိတ်ကာ ဆက်လက်ကျင့်ကြံခဲ့သည်။ ရီဖူရှင်းအနီးမှ စောင့်ရှောက်ကာကွယ်သူလေးယောက်ကြားတွင် နတ်ဘုရားကပ်ဘေးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူ နှစ်ယောက်ရှိပြီး ထိုသူတို့မှာ မျက်မမြင်ထျယ်နှင့် ချန်ယိတို့ ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများ၏ အရည်အသွေးတို့က တစ်နေ့ထက်တစ်နေ့ ပို၍ အစွမ်းထက်လာသည်။ ယခု သူတို့၏ ခွန်အားက ရှေးဟောင်းနတ်ဘုရားကလန်များနှင့် ယှဥ်နိုင်လုနီးပါးပင် ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားကလန်များက မဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို ပိုင်ဆိုင်သော်လည်း စီဝေ့ကြယ်ကမ္ဘာတွင် စီဝေ့မဟာအင်ပါယာ၏ စိတ်ဝိညာဥ် ကျန်ရှိပေသည်။ နတ်ဘုရားကပ်ဘေး ပထမအဆင့်မှ ရှင်သန်နိုင်သူများအပြင် အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားတို့ကို ပိုင်ဆိုင်ထားသူတို့တွင် ရန်ဟောင်အထွတ်အထိပ်အဆင့်မှ သခင်ချန်နှင့် ရီဖူရှင်းကိုယ်တိုင်လည်း ပါဝင်သည်။

ဤကဲ့သို့သော အင်အားမျိုးက ရှေးဟောင်းနတ်ဘုရားကလန်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန်ပင် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ရီဖူရှင်းက ထိုနေရာ၌ ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ သူက ကျေနပ်ခြင်းမရှိသေးချေ။ စီဝေ့ကြယ်ကမ္ဘာ၏ ရန်သူများက ရှေးဟောင်းနတ်ဘုရားကလန် တစ်ခုတည်း မဟုတ်ဘဲ ကောင်းကင်ဒေသအတွင်းမှ နတ်ဘုရားကလန်ခြောက်ခုလုံးဖြစ်ကာ ကောင်းကင်ဒေသထဲရှိ အခြားထိပ်သီးအင်အားစု အချို့လည်း ပါဝင်သည်။

ထို့ကြောင့် သူတို့က ပိုမိုအားကောင်းလာရန် လိုအပ်သည်။

“ကြည့်ရတာ အာခီမီပညာရပ်က လက်နက်ပြုလုပ်တဲ့ ပညာရပ်ထက် ပိုသာတဲ့ပုံပဲ။”

ရှီးချီယောင်က ရေရွတ်လိုက်သည်။ ထိုထိပ်သီးအာခီမီဆရာသခင်တို့က အလွန်ပင် ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။

“အဲဒီလောက် ရိုးရှင်းမယ်လို့ မထင်နဲ့လေ။”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“စီဝေ့အင်ပါယာနန်းတော်မှာ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံခဲ့ရတဲ့ လူတွေက ထူးခြားပြောင်မြောက်တဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသူတွေချည်းပဲ။ သူတို့က ကိုယ့်ကိုယ်ကိုယ် အားကိုးရင်တောင် ဒီအတားအဆီးကို ကျော်​ဖြတ်နိုင်ကြဦးမှာပဲ။ ဆေးလုံးအကူအညီက သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ပိုတည်ငြိမ်ပြီးအချိန်ယူရတာ ပိုတိုတောင်းသွားရုံပဲ။ အဲဒါကြောင့် အချိန်တိုအတွင်း နတ်ဘုရားကပ်ဘေးကို ခဏခဏ မြင်ကြရတာပဲ။”

မျက်မမြင်ထျယ်၊ ရန်ဝူချီနှင့် ချန်ယိတို့ အားလုံးတွင် အလွန် အားကောင်းသည့် ကိုယ်ပိုင်အခွင့်အရေးတို့ ရှိကြ၏။

“ဆေးလုံးတွေက ရှင် ဖော်စပ်ထားတာဆိုတော့လည်း ရှင် ​ပြောသမျှ မှန်တာပေါ့။”

ရှီးချီယောင်က ရီဖူရှင်းကို ပြန်မချေပသော်လည်း အပြုံးနှင့် ကြည့်နေခဲ့သည်။ အနောက်အင်ပါယာနန်းတော်မှ နတ်မိမယ်တစ်ပါးဖြစ်သလို နတ်ဘုရားကပ်ဘေးအဆင့်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူမက မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် လေးစားမှုအချို့ ရှိနေခဲ့သော်လည်း ထင်ရှားခြင်းမရှိပေ။

သူမကဲ့သို့သော သူမျိုးမှာ လက်လှမ်းမမီနိုင်သည့် နတ်မိမယ်တစ်ပါးဖြစ်ပြီး  သြဇာအာဏာကို  ပိုင်ဆိုင်ထားသည်။

“နတ်မိမယ် စိတ်တိုင်းကျ ကျင့်ကြံပါ။ ကျုပ်လည်း ဆေးဖော်စပ်တာ ကျင့်ကြံဖို့ ပြန်သွားလိုက်ပါဦးမယ်။”

ရီဖူရှင်းက တမင်သက်သက် ရှီးချီယောင်၏ အကြည့်တို့ကို ရှောင်လိုက်သည်။ သူက ချက်ချင်းပင် လျစ်ခနဲ ထွက်ခွာသွားခဲ့သည်။

ရီဖူရှင်း၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း ရှီးချီယောင်က ရယ်သွမ်းသွေးလိုက်သည်။ ထိုလူက ရှက်ရွံ့သလို ခံစားသွားရခြင်း ဖြစ်နိုင်သလား။

ယခု ထိုသည်က အမှန်ပင် စိတ်ဝင်စားစရာကောင်းလှပေသည်။

ချန်ယိ နတ်ဘုရားကပ်ဘေးနှင့် ရင်ဆိုင်ပြီးသည့်နောက် ထပ်မံရင်ဆိုင်ခဲ့ရသည့် အခြားတစ်ယောက်မှာ ဟွာချင်းချင်း ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများတွင် သူမက အမြဲ လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်သည်။ သူမက နန်းတော်သခင်၏ ဇနီးဖြစ်သူ ဟွာဂျီယူနှင့် ညီအစ်မတော်စပ်ပြီး အပြင်ကို မကြာခဏ မထွက်တတ်ပေ။ အချိန်အများစုကို သူမက ဟွာဖန်းလူ၊ နန်ဒူဝမ်ရန်တို့နှင့် ကုန်ဆုံးတတ်သော်လည်း သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ စီနီယာများသည် ဟွာချင်းချင်းက ဗုဒ္ဓအရှင်၏ ကျင့်ကြံခြင်းတွင် အဖော်ပြုပေးခဲ့ကြောင်း သိရှိကြ၏။ အနောက်ဘက်ကောင်းကင်တွင် သူမက ဗုဒ္ဓတစ်ပါးအဖြစ် ဗုဒ္ဓအရှင်များပင် လေးစားရသူဖြစ်သည်။

ဟွာချင်းချင်းပြီးနောက် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့သည့် နောက်ထပ် ကျင့်ကြံသူ ရှိလာခဲ့ပြန်သည်။ ထိုအချိန်တွင် စီဝေ့အင်ပါယာနန်းတော်က အချုပ်အနှောင်မှ ချိုးဖျက်ထွက်လာသည်မှာ သုံးနှစ်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်၌ နတ်ဘုရားကပ်ဘေးကို ကျော်​ဖြတ်နိုင်ခဲ့သူမှာ ရီဖူရှင်းကို အံ့သြကျေနပ်စေခဲ့သည်။ ထိုသူမှာ ရီဖူရှင်း အမျှော်လင့်ထားဆုံးသူပင် ဖြစ်သည်။

နောက်ဆုံး၌ ဂူတုံးလျှိုမှာ နတ်ဘုရားကပ်ဘေးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

သုံးနှစ်ကြာပြီးနောက် ကျင့်ကြံသူငါးယောက် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ အများစုမှာ မဟာအင်ပါယာများ သို့မဟုတ် ထိုအဆင့်မှ ကျင့်ကြံသူများနှင့် တစ်ခုခု ပတ်သတ်မှု ရှိကြ၏။ မျက်မမြင်ထျယ်က ဆရာသခင်၏ သင်ကြားပြသပေးမှုကို ခံယူခဲ့ရပြီး နောက်ပိုင်းတွင် အင်ပါယာကြယ်တစ်ခု၏ အမွေအနှစ်ကို ဆက်ခံခဲ့ရသည်။ ဂူတုံးလျှိုက နတ်ဆိုးအရှင်သခင်ထံမှ အမွေအနှစ်ကို ဆက်ခံခဲ့ရသလို အင်ပါယာကြယ်ထံမှလည်း ရရှိခဲ့သည်များ ဖြစ်သည်။ ချန်ယိက အလင်းစွမ်းရည်ကို ဆက်ခံခဲ့ရပြီး ဟွာချင်းချင်းက ဗုဒ္ဓအားလုံး၏ အရှင်သခင်ကို ကျင့်ကြံခြင်းခရီးစဥ်တွင် လိုက်ပါခဲ့ရသည်။ ရန်ဝူချီသာလျှင် မည်သူမှ ထင်မှတ်မထားခဲ့သူ ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်အတွက် ၎င်းက အံ့အားသင့်ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း အမြဲတစေ ခပ်လျှိုလျှိုသာ နေတတ်ပြီး မည်သည်ကိုမှ ထုတ်ဖော်မပြတတ်သည့် ထိုဆိတ်ငြိမ်သည့်သူ ပြသခဲ့သည့် ပါရမီက အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ဂူတုံးလျှို မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့ပြီးနောက် စီဝေ့အင်ပါယာနန်းတော်အတွင်း နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူ အရေအတွက်က ဂဏန်းနှစ်လုံးသို့ ရောက်ရှိသွားသည်။

ဂူတုံးလျှို၏ နတ်ဘုရားကပ်ဘေးက လူအများကြီး စောင့်ကြည့်လာအောင် ဆွဲဆောင်နိုင်သည်။ စီဝေ့အင်ပါယာနန်းတော်ထဲမှ လူများသည် နန်းတော်သခင်က သူ၏ ဒုတိယစီနီယာအစ်မနှင့် အကြီးဆုံးစီနီယာအစ်ကိုကဲ့သို့ တတိယစီနီယာအစ်ကိုအပေါ် ထူးခြားသော ချစ်ခင်မှုရှိသည်ကို သိရှိထားကြ၏။ သူတို့သိသရွေ့ နန်းတော်သခင်သည် ငယ်ရွယ်စဥ်က များပြားလှသည့် ထိုစီနီယာအစ်ကိုအစ်မများ၏ စောင့်ရှောက်ပေးမှုကို ခံခဲ့ရသည်။ သူတို့က သူ့ကို အလွန် ကာကွယ်ပေးကြပြီး တစ်ယောက်နှင့် တစ်ယောက်ကြားတွင် နက်ရှိုင်းသော ချစ်ခင်မှုတို့ ရှိကြသည်။

ထိုသို့သော ခံစားချက်မျိုးမှာ ယခုတွင် သူတို့ နားလည်နိုင်သော တစ်စုံတစ်ရာမဟုတ်သော်လည်း အင်ပါယာနန်းတော်အတွင်းမှ လူများက အနည်းငယ် မနာလိုအားကျနေကြ၏။ သူတို့သည် ရီဖူရှင်း ငယ်စဥ်က မည်သို့ကလေးမျိုး ဖြစ်သည်ကို အမှန်တကယ် မြင်တွေ့ဖူးချင်သော်လည်း လူနည်းစုသာ ထိုသို့သော အတွေ့အကြုံကို ရရှိနိုင်ကြ၏။

ဂူတုံးလျှိုက ကြယ်ကောင်းကင်ထက်တွင် ရပ်နေခဲ့ပြီး နတ်ဘုရားကပ်ဘေး၏ နောက်ဆုံးအလင်းက ကျဆင်းလာကာ သူ၏ တစ်ကိုယ်လုံးက တောက်ပလင်းလက်နေခဲ့သည်။ သူ၏ အရှိန်အဝါက ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသည့် အရှိန်အဝါက နတ်ဘုရားကပ်ဘေးအဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ပြီး မည်သူကမှ သူ့ကို မနှောက်ယှက်ခဲ့ပေ။ ရီဖူရှင်းက သူ၏ အကြီးဆုံးစီနီယာအစ်ကို၊ ဒုတိယစီနီယာအစ်မတို့အပြင် အခြားလူများစွာနှင့်အတူ ရပ်နေခဲ့သည်။

“ငါတို့ ဆရာသာ ဒီနေ့ကို မြင်ခွင့်ရခဲ့ရင် သူက အပျော်ဆုံး ဖြစ်လိမ့်မယ်။”

သူတို့၏ အကြီးဆုံးစီနီယာအစ်ကို ဓားသခင်က အပြုံးနှင့် ပြောလိုက်သည်။ သူ့မျက်လုံးများတွင် ပျော်ရွှင်မှုတို့က အပြည့်ပင် ဖြစ်သည်။ သူက ထိုဂျူနီယာညီလေးများ ကြီးပြင်းလာမှုကို မြင်တွေ့ခဲ့ရသည်။

“အင်း။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“သေချာပေါက်ပဲ။”

“အစ်ကိုကြီး နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ပြီးရင် တစ်နေ့ကျ ကျွန်မတို့ ဆရာနဲ့တွေ့တဲ့အခါ ဒီလိုထူးချွန်တဲ့ တပည့်သုံးယောက် ရှိတဲ့အပေါ် အတော်ကျေနပ်နေလိမ့်မယ်။”

ကျူးကောမင်းယွီက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။ နှစ်ပေါင်းများစွာအတွင်း ဓားသခင်၏ ကျင့်ကြံခြင်းက သိသာစွာ တိုးတက်လာခြင်းမရှိသော်လည်း သူက အဆင့်ကိုးရန်ဟောင် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သူက သဘာဝပါရမီနှင့် ကောင်းချီးပေးခံရမှု အားနည်းသော်လည်း ရီဖူရှင်းက သူ့အား အဆင့်ဆင့် လမ်းညွှန်ပေးခဲ့ပြီး ဆေးလုံးများနှင့် သူ့ပါရမီကို ပုံဖော်ပေးခဲ့သည်။ သူသည် ယခင်က ပထမဆုံးအသုတ်မှ အကောင်းဆုံး ဆေးလုံးများကို ရရှိခဲ့သောကြောင့် ကျင့်ကြံခြင်းအခြေအနေက သိပ်ဆိုးဝါးလှခြင်းမရှိပေ။

သူသာလျှင်မကဘဲ ရီဖူရှင်း၊ ဓားသခင်လီဟန်၊ သောကျောက်နှင့် ရှောင်မုယွီတို့ကဲ့သို့ အခြားသူများသည်လည်း မည်သူမှ ကျင့်ကြံခြင်းတွင် အားနည်းခြင်းမရှိကြပေ။ ခြွင်းချက်မရှိ သူတို့သည်လည်း အဆင့်မြင့်ရန်ဟောင် သို့မဟုတ် အထွတ်အထိပ်ရန်ဟောင်အဆင့်၌ ရှိနေကြသည်။

ကောင်းကင်ဒေသ၏ အဆက်မပြတ် ခြိမ်းခြောက်မှုကြောင့် မဟုတ်လျှင် ဤအဖွဲ့မှ လူအနည်းငယ်သည် မူလဘုံ၏ အဆင့်မြင့်ဘုံကိုးဘုံကိုတစ်ခွင်ကို အုပ်စိုးရန်ပင် လုံလောက်ပေသည်။

“ငါက အဲဒီအဆင့်ထိ မရောက်သေးပါဘူး။”

ဓားသခင်က ပြောလိုက်သည်။

“ယူချင်း ဒီမှာရှိရင် ဖူရှင်းနဲ့ ယူချင်းက ပြိုင်ဘက်ကင်းအတွဲ ဖြစ်လိမ့်မယ်။ အဲဒါဆို စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံသူတွေနဲ့အတူ မဟာအင်ပါယာအဆင့်အောက် အင်အားစုတွေကို အနှေးနဲ့အမြန် ရှင်းလင်းနိုင်လိမ့်မယ်။”

“အစ်ကိုကြီးပြောသလိုဖြစ်ဖို့ ကျွန်မလည်း မျှော်လင့်တယ်။ အခု နတ်ဆိုးလောကမှာ ယူချင်းရဲ့ ကျင့်ကြံခြင်းအခြေအနေကို ဘယ်သူမှ မသိဘူး။”

ကျူးကောမင်းယွီက ရေရွတ်လိုက်သည်။ သူတို့သည် ယူချင်းအကြောင်း မည်သည့်အခါမှ စိတ်ပူခဲ့ခြင်းမရှိပေ။ အချိန်ကျလာသည့်အခါ ယူချင်းက ရီဖူရှင်းဘေးသို့ တစ်ဖန် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။

ဤလောကတွင် ယူချင်းနှင့် ဟွာဂျီယူက ရီဖူရှင်းနှင့် အရင်းနှီးဆုံး သူများဖြစ်ကြသည်။ ကော့တေးမှ တပည့်များက သူတို့နှစ်ယောက် နောက်မှ ဒုတိယနေရာသာလျှင် ရနိုင်ပေသည်။

“ယူချင်းလား။”

ရီဖူရှင်းက သူ့ညီအစ်ကိုကို တွေးမိကာ အပြုံးနှင့် ပြောလိုက်သည်။

“သူက ဘယ်လိုလုပ် နောက်ကျကျန်နေပါ့မလဲ။ နတ်ဆိုးလောကတစ်ခုလုံး အခုဆို ယူချင်း နာမည်က ကျော်ကြားနေလိမ့်မယ်။”

“နောက်ထပ် ဘာအစီအစဉ် ရှိလဲ။ ခွန်အားတိုးဖို့အတွက် ဆက်ပြီး တံခါးပိတ် ကျင့်ကြံမှာလား။”

ကျူးကောမင်းယွီက မေးလိုက်သည်။

“မဟုတ်ဘူး။”

ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။

“နှစ်ပေါင်းတော်တော်ကြာနေပြီ။ အခုအပြင်ထွက်ရမယ့် အချိန်ရောက်ပြီ။”

“ပထမဆုံးခြေလှမ်းက ဘာလဲ။”

ဟွာဂျီယူက မေးလိုက်သည်။

“ပထမခြေလှမ်းက မူလဘုံတစ်ခွင်ကို ရှင်းလင်းဖို့ ဖြစ်လိမ့်မယ်။”

ရီဖူရှင်းက ပြောလိုက်သည်။ တစ်ချိန်က မူလဘုံ၏ နယ်မြေသည် သူ့အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး သူက မူလဘုံ၏ ဘုရင်အဖြစ်ကျော်ကြားခဲ့သည်။ အခြားဘုံများမှ ကျူးကျော်လာမှုကြောင့် မူလဘုံအတွင်း အရှုပ်အထွေးပြဿနာများ ဖြစ်ခဲ့ရ၏။

နှစ်ပေါင်းများစွာကြာပြီးနောက် မူလဘုံကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပြီ ဖြစ်သည်။

All Chapters