← Chapters

တိုးချဲ့ခြင်း

Vol. 181 Ch. 2583

တိုးချဲ့ခြင်း

Vol. 181 Ch. 2583

ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်အာဏာစက်ကျောင်းတော်၌ ဆင်းသက်လာခဲ့သည်။ ကောင်းကင်အာဏာစက်မြို့အတွင်းရှိ လူတိုင်းက ပျော်ရွှင်သွားခဲ့ကြ၏။ ရီဖူရှင်းနှင့် အခြားလူများ ထွက်သွားစဥ်ကတည်းက ကောင်းကင်အာဏာစက်ကျောင်းတော်က သမိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံကလည်း ဖျက်ဆီးခံလိုက်ရ၏။ ဆယ်စုနှစ်များစွာ ကြာလာသည့်အခါ ဘုံက အဆက်မပြတ် နိမ့်ကျလာပေသည်။

၎င်းမှာ ကောင်းကင်အာဏာစက်ဘုံတစ်ခုတည်းသာ မဟုတ်ပေ။ မူလဘုံ၏ မဟာလမ်းစဥ် ဘုံသုံးထောင်သည်လည်း ရှင်းလင်းခံခဲ့ရပေသည်။ လောကအသီးသီးမှ ကျင့်ကြံသူများက ရှိသမျှ အရင်းအမြစ်များကို လုယူသွားခဲ့ကြ၏။

မဟာလမ်းစဥ် ဘုံသုံးထောင်က မူလဘုံ၏ အဓိကကျသော နယ်မြေမဟုတ်တော့ဘဲ စွန့်ပစ်ခံနယ်မြေဟောင်းများ ဖြစ်လာခဲ့သည်။

သူတို့သည် မူလဘုံကို တစ်ချိန်က စိုးမိုးအုပ်ချုပ်ခဲ့သော အုပ်ချုပ်သူက ပြန်ရောက်လာလိမ့်မည်ဟု သူတို့ မည်သည့်အခါကမှ တွေးထားခဲ့ဖူးခြင်း မရှိပေ။

ရီဖူရှင်းက သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကျယ်ပြောသည့် လေဟာနယ်အား လွှမ်းခြုံလိုက်သည်။ ကျန်းအော့နှင့် အခြားလူများက ပို၍ပင် ကြောက်ရွံ့လာကြသည်။ သို့သော် သူတို့က မလှုပ်ရှားရဲကြဘဲ သူတို့၏ အမူအရာတို့က ဖြူဖျော့သွားခဲ့ကြ၏။

ရီဖူရှင်းက မည်သို့ဖြစ်၍ ပြန်လာရဲရသနည်း။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံအတွင်း လမ်းစဥ်သင်ကြားပေးခဲ့ပြီး အဆင့်မြင့်ဘုံကိုးဘုံကို အုပ်စိုးခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့က အပြင်လူတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရတယ်။ ဒီနေ့မှာတော့ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိတယ်။”

ရီဖူရှင်းက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ရင်း ကျယ်လောင်သောအသံနှင့် ကြေညာလိုက်သည်။

“အရင်က ဒွန်ဟောင်အင်ပါယာနန်းတော်အ​နေနဲ့ ကျုပ်ကို သဘောမကျခဲ့ပေမယ့် အရှင်ဒွန်ဟောင် လမ်းစဥ်သင်ကြားပေးတဲ့ နည်းလမ်းကို ကျုပ် သဘောတူနေတုန်းပဲ။ သူ့ရဲ့ ရပ်တည်မှုက ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ အရှင်ဒွန်ဟောင်ရဲ့ ဆန္ဒကို ထိန်းသိမ်းပြီး အနာဂတ်မှာ မူလဘုံအတွင်း လမ်းစဥ် သင်ကြားမှုကို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်။ မဟာလမ်းစဥ်ဘုံသုံးထောင်ဘုံသုံးထောင်ဆိုတာ အရင်တုန်းက မူလဘုံအတွင်း ရှင်သန်နေထိုင်နေတဲ့ လူတွေအတွက် ကျင့်ကြံရာနယ်​မြေ ဖြစ်ခဲ့တာ။ အခုတော့ ဒီနေရာက ပျက်စီးသွားခဲ့ပြီ။ ဒါပေမယ့် ဒီနေ့ကစပြီး ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာလမ်းစဥ်ဘုံသုံးထောင်ကို တစ်ဖန်ပြန်အုပ်ချုပ်မယ်။ မဟာလမ်းစဥ်ဘုံသုံးထောင်ထဲမှာ ကျင့်ကြံတဲ့ ဘယ်ကျင့်ကြံသူမဆို ​​ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အမိန့်ကို လိုက်နာကြရမယ်။”

ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာလမ်းစဥ်သုံးထောင်ကို အုပ်ချုပ်ရန် ပြန်လာခဲ့ပြီ ဖြစ်လေသည်။

ကောင်းကင်အာဏာစက်ဘုံအတွင်းမှ ကျင့်ကြံသူအားလုံးက ထိတ်လန့်အံ့သြသွားကြသည်။ ရီဖူရှင်းက ထိုကဲ့သို့ မြင့်မားသည့် ရည်မှန်းချက်ရှိနေပေသည်။ လက်ရှိတွင် မူလဘုံက အရှုပ်အထွေးများစွာထဲ ရှိနေသည်။ ဘုံအသီးသီးမှ ထိပ်သီးအင်အားစုများ၏ ကျင့်ကြံသူတို့က လက်ရှိတွင် ဘုံကိုးဘုံ၌ ရှိမနေသော်လည်း တချို့တလေကျန်ရစ်ခဲ့သည့် အင်အားစုများက ဤနေရာ၌ ရှိနေဆဲဖြစ်သည်။ မဟာလမ်းစဥ် ဘုံသုံးထောင်က သိမ်းပိုက်ခံခဲ့ရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်၏။ ရီဖူရှင်းက တစ်ဖန် ပြန်လည်ရယူနိုင်ပါမည်လား။

အခြားဘုံမှ ကျင့်ကြံသူများကို အညံ့ခံလိုက်နာစေရန် သူက မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။

“ရီဖူရှင်း။”

တစ်စုံတစ်ယောက်က ခေါ်လိုက်သည်။ ထင်ထားသလိုပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူ၏ အရှိန်အဝါက အလွန်အမင်း အားကောင်းခြင်းမရှိသော်လည်း ခြောက်ခြားဖွယ် ခံစားချက်ကိုပေးစွမ်း၏။ သူက မှော်နက်လောကမှ ကျင့်ကြံသူတစ်​ယောက် ဖြစ်သည်။ ယခင်နေ့ရက်များတွင် သူက ကျူးကျော်မှုအတွင်း မှော်နက်လောကမှ အင်အားစုများနှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ယခု သူက မဟာလမ်းစဥ်ကို သူပိုင်ဆိုင်သကဲ့သို့ ပြုမူနေသည်။

ထိုနေရာ၌ ရပ်နေသည့် လူက ကျယ်လောင်စွာ မေးလိုက်သည်။

“မဟာလမ်းစဥ် ဘုံသုံးထောင်က ရှုပ်ထွေးတဲ့နေရာတစ်ခု ဖြစ်နေခဲ့တာ ကြာပြီ။ ဘယ်လူပုဂ္ဂိုလ် ဘယ်အင်အားစုကမှ ပိုင်ဆိုင်ထားတာမျိုး မရှိဘူး။ အရှင်ဒွန်ဟောင်တောင်မှ အုပ်ချုပ်ဖို့ အခွင့်အရေးမရှိဘူး။ မူလဘုံတစ်ခွင်လုံးအတွက်လည်း အတူတူပဲ။ မင်းက ဘယ်လိုလုပ် မဟာလမ်းစဥ်ဘုံသုံးထောင်ကို အုပ်စိုးဖို့ စီစဥ်နေရတာလဲ။”

ရီဖူရှင်းက မဟာလမ်းစဥ်ဘုံသုံးထောင်ကို အုပ်စိုးချင်နေသည်လား။ သူက ဤနေရာကို ပြန်လည်အုပ်စိုးချင်နေသည်ဆိုပါက သူ့တွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေသည်မှာ သေချာပေသည်။

ရီဖူရှင်းက တစ်ဖက်လူကို လှမ်းကြည့်လိုက်သော်လည်း မတုန့်ပြန်ခဲ့ပေ။ သူက ပြောလိုက်၏။

“လက်ရှိမှာ မူလဘုံက ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေတယ်။ မူလဘုံက လူတစ်ယောက်အနေနဲ့ ကျုပ်က မဟာလမ်းစဥ်ဘုံသုံးထောင်သာမကဘဲ မူလဘုံရဲ့ မူလအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ဆန္ဒရှိတယ်။”

သူသည် ဤအခွင့်အရေးကို အသုံးပြုကာ စီဝေ့ကြယ်ကမ္ဘာက မဟာလမ်းစဥ်ဘုံသုံးထောင်နှင့် ကောင်းကင်အာဏာစက်ဘုံသာမကဘဲ မူလဘုံတစ်ခွင်လုံးကို ပြန်လည်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တစ်လောကလုံးအား သိရှိစေမည် ဖြစ်သည်။

သူတို့​က မူလဘုံတစ်ခုလုံးအတွက် လုပ်ဆောင်ကြမည် ဖြစ်သည်။

“ရဲတင်းလိုက်တာ။”

မှော်နက်လောကမှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“အရှင်ဒွန်ဟောင်တောင် လုပ်ဖို့ ကျရှုံးခဲ့တဲ့ ကိစ္စကို မင်းက အောင်မြင်မယ်လို့ တကယ် ပြောရဲတယ်လား။”

“ကျုပ် အဲဒီလိုမလုပ်နိုင်ရင်တောင် အောင်မြင်နိုင်ဖို့ အားထုတ်မှာပါ။”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ရီဖူရှင်းဘေးရှိ ဟွာဂျီယူက ထိုလူအား တစ်ချက်လှမ်းကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် ထိုလူသည် သူမ၏ မျက်လုံးများက သူ့ စိတ်ဝိညာဥ်ထိ တိုက်ရိုက် ထိုးဖောက်လာသလို ခံစားလိုက်ရပေသည်။ ကြောက်မက်ဖွယ် စွမ်းအားက သူ့စိတ်ထဲသို့ ကျူးကျော်လာပြီး သူ၏ ခေါင်းအတွင်း၌ ပုံရိပ်များစွာ ပေါ်ပေါက်လာသည်။

“ရှင်က မူလဘုံအတွင်း အပြစ်မဲ့တဲ့လူတွေအများကြီးကို သတ်ဖြတ်ခဲ့တာပဲ။ ရှင် သေဖို့ထိုက်တန်တယ်။”

ဟွာဂျီယူက ပြောလိုက်သည်။ သူမ ပြောလိုက်ပြီးသည်နှင့် မှော်နက်လောကမှ ထိုကျင့်ကြံသူ၏ ပုံရိပ်က ချက်ချင်းပေါက်ကွဲသွားကာ သုတ်သင်ခံလိုက်ရပေသည်။

ခဏအတွင်း အနီးဝန်းကျင် လေဟာနယ်က ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့လေသည်။ မှော်နက်လောကမှ ကျင့်ကြံသူများအားလုံးလည်း တိတ်ဆိတ်သွားခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ကျင့်ကြံသူများက ထိုလှပသည့် ပုံရိပ်ကို လေးစားစွာ ကြည့်လိုက်ကြ၏။ သူမက အလွန် လှပသော်လည်း အေးစက်လွန်းလှသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျောင်းအုပ်ရာထူးကို စီဝေ့ကြယ်ကမ္ဘာ ကောင်းကင်အာဏာစက်နန်းတော်ရဲ့ အရှင်သခင် ဂူတုံးလျှိုက တာဝန်ယူလိမ့်မယ်။ သူက မဟာလမ်းစဥ်ဘုံသုံးထောင်နဲ့ ကောင်းကင်အာဏာစက်ဘုံးအတွင်း ကြီးကြပ်အုပ်ချုပ်မှာ ဖြစ်တယ်။”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ထိုသည်မှာ သူက ဟွာဂျီယူ၏ အပြုအမူကို မမြင်သယောင် ထင်မှတ်ရပေသည်။

သူ၏ တတိယအစ်ကို နတ်ဘုရားကပ်ဘေးအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီးနောက် ရီဖူရှင်းသည် ဟွာဂျီယူအား ရာထူးမှ ဆင်းရန် ခွင့်ပြုပေးခဲ့သည်။ ဂူတုံးလျှိုက သူမအစား ကောင်းကင်အာဏာစက်နန်းတော်၏ အရှင်သခင် ဖြစ်လာခဲ့သည်။ သူ့အထောက်အပံ့အဖြစ် ဒုတိယအစ်မ ရှိနေပြီး သူတို့ဇနီးမောင်နှံက အတူတကွ ကြိုးစားကြပေလိမ့်မည်။

ဟွာဂျီယူအတွက်မူ သူမက မည်သည့်ရာထူးကိုမှ တာဝန်ယူရန် လိုအပ်လိမ့်တော့မည် မဟုတ်ပေ။ သူမ၏ အဆင့်အတန်းနှင့် သူမက မည်သည့်တာဝန်မှ ယူရန် မလိုအပ်ပါချေ။

ရီဖူရှင်းက ဆက်ပြောလိုက်သည်။

“ကောင်းကင်အာဏာစက်ကျောင်းတော် ပြန်လည်တည်ဆောက်ပြီးတဲ့အခါ ကျောင်းတော်ကနေ မဟာလမ်းစဥ်ဘုံသုံးထောင်က လူတွေကို တပည့်အဖြစ် လက်ခံပေးမယ်။ နောက်ပိုင်းကျရင် ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာလမ်းစဥ်ဘုံသုံးထောင်နဲ့ ဆက်သွယ်ဖို့အတွက် အာကာသခရီးသွားဝင်္ကပါကို တည်ဆောက်ပေးမယ်။ ဘုံတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်သွားပြီး အလွယ်တကူ သွားလာနိုင်မှာမို့ ဘုံတွေအားလုံးက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားလိမ့်မယ်။”

ထိုစကားများကို ကြားသောအခါ ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူအားလုံးက စိတ်လှုပ်ရှားသွားကြ၏။

ကောင်းကင်အာဏာစက်ကျောင်းတော်က လမ်းစဥ်သင်ကြားပေးမည်ဖြစ်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်သည်လည်း တသားတည်းဖြစ်လာမည် ဖြစ်သည်။

လူတိုင်းက မဟာလမ်းစဥ်ဘုံသုံးထောင်၌ တစ်ဖန် ပြန့်ပွားလာတော့မည့် သိုင်းပညာရပ်တို့၏ အလားအလာကို ကြိုမြင်နေခဲ့ပြီ ဖြစ်သည်။

“တတိယအစ်ကို မဟာလမ်းစဥ်ဘုံသုံးထောင်ကို အစ်ကို့ဆီ အပ်ထားခဲ့မယ်။”

ရီဖူရှင်းက ဂူတုံးလျှိုကို ပြောလိုက်သည်။

ဂူတုံးလျှိုက ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံရိပ်က လေထဲသို့ မျောလွင့်သွားသည်။ သူက ကျန်းအော့နှင့် အခြားလူများကို တစ်ချက်ကြည့်လိုက်၏။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက အောက်ဘက်လေဟာနယ်ကို ဖြတ်သန်းကျဆင်းကာ ဖိနှိပ်လာပြီး ကျန်းအော့တို့ လူစုကို တုန်ယင်သွားစေပေသည်။

“ကျန်းအော့ ကောင်းကင်အာဏာစက်ကျောင်းတော်က ခင်ဗျားတို့အသက်တွေကို တစ်ကြိမ် ချမ်းသာပေးခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ခင်ဗျားတို့တွေက ချက်ချင်းပဲ ကျုပ်တို့အပေါ် သစ္စာဖောက်ခဲ့တယ်။ ခင်ဗျားတို့က သေဖို့ထိုက်တန်တယ်။”

ဂူတုံးလျှိုက ကြေညာလိုက်သည်။ ကျန်းအော့၏ အမူအရာက ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားခဲ့၏။ ခြောက်ခြားဖွယ် အရှိန်အဝါတစ်ခုက သူ့ထံသို့ ဖိနှိပ်ကျဆင်းလာပြီး သူအနေနှင့် မတ်တပ်ရပ်နေရန်ပင် ခက်ခဲလာစေသည်။ သူက ထွက်ပြေးသွားချင်သော်လည်း လှုပ်ရှား၍မရနိုင်သည်ကို သတိပြုမိလိုက်သည်။

ဂူတုံးလျှိုက မည်သို့ဖြစ်၍ ထိုမျှ အစွမ်းထက်လာနိုင်သနည်း။ ကျန်းအော့တို့လူစုက တူညီစွာပင် တွေးနေကြပြီး သူတို့ နှလုံးသားများကလည်း ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ဂူတုံးလျှို၏ စွမ်းရည်က မည်သည့်အဆင့်၌ ရှိနေသနည်း။

ကျန်းအော့၏ ကျင့်ကြံခြင်းနှင့် သူသည် တစ်ချိန်က မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့ဖူးသည်။ သို့သော်လည်း ဂူတုံးလျှို ထုတ်လွှတ်လာသည့် ဖိအားရှေ့တွင် ကျန်းအော့က လုံးဝခံနိုင်ရည်စွမ်း ရှိမနေသလို ထင်မှတ်ရပေသည်။

ဆယ်စုနှစ်များစွာကြာပြီးနောက် ဂူတုံးလျှိုက ထိုမျှထိ အလွန် အစွမ်းထက်လာသည်လား။

ရှောင်မုယွီနှင့် သောကျောက်တို့ကဲ့သို့ အခြားဂျူနီယာပုဂ္ဂိုလ်များ အားလုံးသည်ပင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားကြ၏။ သူတို့ထဲက မည်သူကမှ ကျန်းအော့ထက် နိမ့်ကျနေခြင်း မရှိပေ။ ကျန်းအော့က အမှန်တကယ် မှားယွင်းအကွက်ရွှေ့မိခဲ့ခြင်း ဖြစ်နိုင်သလား။

ယခင်က သူသည် ကောင်းကင်ဒေသသို့ အမြဲတမ်း ပြန်သွားချင်နေခဲ့သည်။ သူက သူ၏ ဂျူနီယာဖြစ်သော ကျန်းချင်းကျူအတွက် လမ်းဖောက်ပေးချင်ခဲ့သည်။ သို့သော် ယခုအခါတွင် သူသည် မူလဘုံအတွင်းရှိ ရီဖူရှင်းနောက် လိုက်ပါခဲ့ကြသူများအားလုံးက အလွန် အစွမ်းထက်နေခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူသာ ထိုစဥ်က ရီဖူရှင်းဘက်၌ ရပ်တည်ခဲ့ပါလျှင် ယခု မည်သို့ ဖြစ်နေပါလိမ့်မည်နည်း။

သူက အများကြီးတွေးမနေနိုင်ခဲ့ပေ။ ဂူတုံးလျှို၏ လက်ဝါးက သူရပ်နေသည့်နေရာသို့ ချက်ချင်း ကျဆင်းလာပေသည်။ ခဏချင်းပင် သူရပ်နေသည့်နေရာအား ဓားများဖြင့် ဝန်းရံလာခဲ့၏။ သူ့ခန္ဓာကိုယ်က လုံးဝမလှုပ်ရှားနိုင်တော့ပေ။ ဓားအလင်းတန်းများက သူ့ပုံရိပ်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

သူက ထိတ်လန့်ကြောက်ရွံ့နေသည့် အကြည့်တို့ ဖော်ပြလာသည်။ သူက ခက်ခက်ခဲခဲနှင့် ခေါင်းကိုငုံ့ကာ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ ထောင်သောင်းချီသည့် ဓားများနှင့် နှလုံးကို ထိုးဖောက်ခံခဲ့ရသည်မှာ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ သူ ရပ်နေသည့်နေရာအတွင်းရှိ သူ့နောက်သို့လိုက်ကာ ရီဖူရှင်းအား သစ္စာဖောက်ခဲ့သည့်သူအားလုံးလည်း တူညီသည့်ကံကြမ္မာကို တွေ့ကြုံခဲ့ကြရပေသည်။

“သေလိုက်တော့။”

ဂူတုံးလျှိုက ပြောလိုက်သည်။

သူ ပြောလိုက်သည်နှင့် ကျင့်ကြံသူများစွာက ချက်ချင်းပင် ဓားစွမ်းအားတို့၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အမှုန်အဖြစ် ပျက်စီး ပျောက်ကွယ်သွားခဲ့ပေသည်။

တစ်ချိန်က ထျန်းရှန်းကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည့် သူက ထိုကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခံလိုက်ရပေသည်။

ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့အားလုံး၏ နှလုံးသားများက ထိတ်လန့်မှုကြောင့် ခုန်ပေါက်သွားခဲ့သည်။ သူတို့သည် ကျန်းအော့က မည်သူဖြစ်ကြောင်း သတိပြုမိကြ၏။ သူသည် မဟာလမ်းစဥ်ဘုံသုံးထောင်အတွင်း နှစ်ပေါင်းများစွာတိုင်အောင် ကျော်ကြားခဲ့သည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့ကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က ဂူတုံးလျှို၏ အလွယ်တကူ သတ်ဖြတ်မှုကို ခံခဲ့ရပေသည်။

ယခု ဂူတုံးလျှိုက မည်မျှ အစွမ်းထက်နေခဲ့သနည်း။

သို့ဆိုလျှင် လက်ရှိ ရီဖူရှင်းက မည်မျှ အစွမ်းထက်နေလိမ့်မည်နည်း။

ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများစွာက ထိုအကြောင်းကို သိချင်နေကြ၏။ ယခင်က စစ်ပွဲအတွင်း ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် ကောင်းကင်အာဏာစက်ဘုံကို စွန့်ခွာသွားရန် ဖိအားပေးခံခဲ့ရသည်။ ယခု သူတို့က လုံလောက်အောင် အစွမ်းထက်လာသည့်အတွက် ပြန်ရောက်လာကြသည်လား။ သူတို့က ကောင်းကင်​ဒေသမှ ကျင့်ကြံသူများစွာနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်ရှိနေခဲ့ပြီလား။

ဂူတုံးလျှိုက ကျန်းအော့ကို သတ်ဖြတ်ပြီးနောက် ပြောလိုက်သည်။

“ကောင်းကင်အာဏာစက်နန်းတော်ရဲ့ လူတွေက ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အခြေစိုက်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်ကို ပြန်လည်ဖွဲ့စည်းမယ်။”

“အမိန့်အတိုင်းပါ။”

ကောင်းကင်အာဏာစက်နန်းတော်မှ ကျင့်ကြံသူများက ဦးညွှတ်အရိုအသေပြုကာ ပြန်ဖြေလိုက်သည်။ နန်းတော်လေးခုကို တည်ဆောက်စဥ်က ကောင်းကင်အာဏာစက်နန်းတော်တွင် အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်နှင့် အခြားအဖွဲ့များကဲ့သို့ ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများစွာ ပါဝင်သည်။ ထိုကဲ့သို့သော အင်အားစုက အလွန် အစွမ်းထက်နေခဲ့ပြီးဖြစ်သည်။

“သခင်ချန် ခင်ဗျားက ကောင်းကင်အာဏာစက်ဘုံမှာ နေခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ခရီးသွားဝင်္ကပါတွေ တည်ဆောက်ပြီးတဲ့အထိ ကြိုးစားပေးပါဦး။”

ရီဖူရှင်းက သခင်ချန်ကို ညွှန်ကြားလိုက်သည်။ သခင်ချန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“စိတ်ချပါ နန်းတော်သခင်။ ကျုပ် ဒီမှာနေပြီး ဂူတုံးလျှိုနဲ့အ​တူ ကြိုးစားလုပ်ဆောင်လိုက်ပါ့မယ်။”

“ဒါဆို ခင်ဗျားကို အပ်ခဲ့လိုက်မယ်။”

ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက အနီးရှိ လူများကို ကြည့်ကာ ပြောလိုက်၏။

“တတိယအစ်ကိုနဲ့ သခင်ချန်တို့က ဒီနေရာကို ပြန်လည်ဖွဲ့စည်းဖို့ အားထုတ်နေတဲ့အချိန် အရှင်မုရုံနဲ့ အရှင်မုတို့က စီဝေ့ကြယ်ကမ္ဘာကို စောင့်ရှောက်ပေးပါဦး။ စီနီယာအင်ပါယာရှီ၊ ဦးလေးထျယ်နဲ့ ချန်ယိတို့က ကျုပ်နဲ့ လိုက်ခဲ့ပေးပါ။”

“ကောင်းပါပြီ နန်းတော်သခင်။”

သူတို့က အမိန့်ကို လက်ခံသည့်အနေနှင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက သူတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို သေချာပေါက်သိရှိကြ၏။

သူတို့က ကောင်းကင်အာဏာစက်ဘုံအား ပြန်လည်ဖွဲ့စည်းရန် ဂူတုံးလျှိုနှင့် ကောင်းကင်အာဏာစက်နန်းတော်မှ လူများထံ အပ်ထားခဲ့မည် ဖြစ်၏။ သူတို့ကမူ စစ်ပွဲအတွင်း ပါဝင်ခဲ့သည့် အခြားအင်အားစုများနှင့် ရန်ကြွေးရှင်းလင်းရန် လိုအပ်ပေသည်။

ပထမဆုံးအနေနှင့် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုဖြစ်သည်။ သူတို့က ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုနှင့် မူလဘုံအကြား ဆက်သွယ်မှုတို့ကို ဖြတ်ပစ်ရန်လိုအပ်ပြီး ဤနေရာတွင် ရှိနေသည့် သူတို့၏ အရာအားလုံးကို ရှင်းလင်းပစ်ရပေမည်။

“နန်းတော်သခင် ဂရုစိုက်ပါ။”

သခင်ချန်က ရီဖူရှင်းကို သတိပေးလိုက်သည်။ ရီဖူရှင်းက ယခု မည်မျှ အစွမ်းထက်နေပြီကို မည်သူမှ မသိကြပေ။ နှစ်ဆယ့်ရှစ်နှစ်ကြာ သူ့ကိုယ်သူ ချိပ်ပိတ်ထားခဲ့ပြီး နောက်ထပ်သုံးနှစ်ကို ဆေးဖော်ခြင်း၌ နှစ်မြှုပ်ထားခဲ့သည့်အတွက် ရီဖူရှင်း၏ ကျင့်ကြံခြင်းက လျှို့ဝှက်ဆန်းကြယ်နေသည်။ သူက အဆင့်ကိုးရန်ဟောင်တစ်ပါးဖြစ်နေဆဲဖြစ်သော်လည်း ဒုတိယကပ်ဘေးအဆင့် နတ်ဘုရားတစ်ပိုင်းဆေးလုံးများကို ဖော်စပ်နိုင်ပေသည်။

သို့သော် ရီဖူရှင်း ရင်ဆိုင်ရန်လိုအပ်သည့် ရန်သူများမှာ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်များ၌ မူလဘုံသို့လာရောက်ရန်အတွက် လမ်းကြောင်းများရှိသည်။ သူတို့ ရင်ဆိုင်တွေ့ရမည့် ရန်သူမှာ မည်သည့်ကျင့်ကြံဆင့်ရှိသူဖြစ်ကြောင်း မခန့်မှန်းနိုင်ပေ။ သခင်ချန်က စိုးရိမ်နေသည်မှာ သဘာဝကျပေသည်။

“အင်း။”

ရီဖူရှင်းက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“သွားကြရအောင်။”

ထိုသို့​ပြောပြီးသည်နှင့် ရီဖူရှင်း၊ ဟွာဂျီယူ၊ မျက်မမြင်ထျယ်နှင့် ရန်ဝူချီတို့က ကောင်းကင်သို့ ဦးတည်လိုက်ကြသည်။ သူတို့ခြောက်ယောက်က မူလဘုံအတွင်းပိုင်း ကုန်းမြေများသို့ ဦးတည်သွားကြမည် ဖြစ်သည်။

အလင်းတန်းခြောက်ခု လင်းလက်လာပြီး ချက်ချင်းပင် သူတို့က လူအုပ်ကြီး၏ မျက်လုံးများရှေ့မှ ပျောက်ကွယ်သွားခဲ့ပေသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ကျင့်ကြံသူများအားလုံးက ကောင်းကင်သို့ မော့ကြည့်နေခဲ့ကြ၏။ သူတို့၏ အတွင်းစိတ်များထဲတွင် အံသြထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။ ရီဖူရှင်းက ပြန်ရောက်ရုံမျှသာ ရှိသေးသော်လည်း ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားခဲ့ပေသည်။

သူတို့၏ စကားများအရ သူသည် အစွမ်းထက်သော ရန်သူများကို ချေမှုန်းပြီး မူလဘုံအား ပြန်လည်ထိန်းသိမ်းရန် ထွက်သွားခြင်း ဖြစ်ပုံရပေသည်။

“နတ်ဘုရားရီ။”

လူငယ်လေးတစ်ယောက်က ရေရွတ်လိုက်သည်။

ထို့နောက် ပို၍ များပြားသော အသံများက ကောင်းကင်အာဏာစက်ဘုံတစ်ခွင်ကို ပဲ့တင်ထပ်လာခဲ့သည်။

ရီဖူရှင်းက မဟာလမ်းစဥ်ဘုံသုံးထောင်၌ ရပ်တန့်ရုံမျှသာ ဖြစ်သည်။ သူ၏ အစီအစဥ်က ကျယ်ပြောသော ကြယ်ကောင်းကင်သို့ ခရီးဆန့်ရန် ဖြစ်သည်။

All Chapters