← Chapters

အခန်း ၅၁၂

Vol. 35 Ch. 512

အခန်း ၅၁၂

Vol. 35 Ch. 512

အခန်း (၅၁၂) - ရတနာသေတ္တာ သားရဲကြီး အစွမ်းပြခြင်းနှင့် ဒုတိယမြောက် အလင်းတိုင် ပေါ်ထွက်လာခြင်း

"ကောင်းလိုက်တာ နောက်ဆုံးတော့ အားလုံး ပြီးသွားခဲ့ပြီ"

လီဝမ်ရှီးသည် မိမိ၏ ဒူးလေးကို အပေါ်သို့ မြှင့်လိုက်ရင်း ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် ပုခုံးပေါ်၌ ရှိနေသော ခဲခဲလေးကို လှမ်းယူလျက် ရင်ခွင်အတွင်းသို့ ဆွဲသွင်းကာ တင်းကြပ်စွာ ဖက်လိုက်တော့၏။

"အီး အီး အီး..."

ရွှီရှင်းသည်လည်း စိတ်ထဲ၌ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပေသည်။

သူ၏ ခြေဖဝါးအောက် တွင်မူ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်နေသော်လည်း သေဆုံးခြင်းမရှိသေးသော ကျောက်ဆစ်ရုပ်တုအချို့ ရှိနေဆဲ ဖြစ်ပေသည်။

သူသည် မိမိ၏ လက်ထဲက လှံရှည်ကြီးကို ပေါ့ပေါ့ပါးပါးပင် အသာအယာ ဝှေ့ယမ်းလိုက်ပြီး ၎င်းတို့၏ ရင်ဘတ်နေရာများဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်ရာ ထိုလှုပ်ရှားနေသော ရုပ်တုများအားလုံးမှာ ခဏအတွင်းမှာတင် ကျောက်မှုန့်ပုံကြီးများအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ကြရရှာတော့သည်။

"ဒါက လုံးဝ ပြီးသွားတာမျိုး မဟုတ်သေးဘူး၊ အတွင်းထဲမှာ ဒီ့ထက် ပိုပြီးတော့ သန်မာတဲ့ ကျောက်ဆစ်ရုပ်တုကြီးတွေ ကျန်နေသေးတယ်။"

ရွှီရှင်းသည် ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်းစီသို့ စူးစိုက်ကြည့်လိုက်မိရာ ၎င်းအတွင်း၌မူ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများ၏ ကျောက်ဆစ်ရုပ်တုကြီးများမှာ မြေပြင်ပေါ်၌ အပြည့်အဝ ခွေဝပ်နေကြဆဲဖြစ်သလို ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုလည်း ရှိနေဆဲ ဖြစ်ပေသည်။

အကယ်၍ ဤကောင်ကြီးတွေသာ အသက်ဝင်ပြီး လှုပ်ရှားလာခဲ့ကြမယ်ဆိုရင်တော့ ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စမှာ ဘယ်လိုနည်းနဲ့မှ လွယ်ကူလှမည် မဟုတ်ပါချေ။

"ဟိဟိ... လောလောဆယ်တော့ ပြီးသွားတာပဲလေ။ ဟင်း... ငါ့ရဲ့ လက်မောင်းနှစ်ဖက်စလုံးလည်း မြှားတံတွေ တပ်ပြီး အဆက်မပြတ်ပစ်ခဲ့လို့တော်တော်လေး ညောင်းညာကိုက်ခဲနေပြီ"

လီဝမ်ရှီးသည် မိမိ၏ လက်မောင်းများကို အသာအယာ နှိပ်နယ်ရင်း ရွှီရှင်း၏ ဘေးနားသို့ လျှောက်သွားကာ မြေကျင်းကြီး၏ ချောက်ကမ်းပါးနေရာ၌ မတ်တပ်ရပ်လျက် အတွင်းပိုင်းက အခြေအနေအားလုံးကို ငုံ့ကြည့်ကာ

"ဒီကျောက်ဆစ်ရုပ်တုတွေ အားလုံးကတော့ လုံးဝကို မှုန့်မှုန့်ညက်ညက် ကြေသွားပြီ။ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် အကုန်လုံး တစ်စစီ ဖြစ်သွားခဲ့ရတာ..." ဟု ဆိုလိုက်ပေသည်။

လုဖေးအာသည်လည်း သူတို့ရှိရာဆီသို့ ချဉ်းကပ်လာခဲ့ကာ ဓားမြှောင်တိုကြီးကိုလည်း ခါးကြားသို့ စနစ်တကျ ပြန်လည်သိမ်းဆည်းထားခဲ့ပြီးသား ဖြစ်ပေသည်။

သူမ၏ မျက်နှာပေါ်တွင်မူ လက်ရှိအချိန်အထိ မသိမသာ နီမြန်းမှုအချို့ ပြည့်နှက်နေဆဲဖြစ်ပြီး လေယူလေသိမ်းအတွင်း၌လည်း စိတ်လှုပ်ရှားတက်ကြွမှု အရှိန်များ မပြယ်သေးဘဲ "သတ်ဖြတ်ရတာက... လူကို တကယ် အားရကျေနပ်စေတာပဲ..." ဟု ဆိုလိုက်၏။

ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့နှစ်ဦးစလုံးမှာလည်း ၎င်းတို့၏ ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြပေသည်။

ချီရွှယ်ဖေး၏ လက်မောင်းနှစ်ဖက်စလုံးမှာမူ လက်ရှိအချိန်အထိ ခပ်ဖျော့ဖျော့ တုန်ရီနေဆဲ ဖြစ်ခြင်းဖြစ်ပြီး လက်တစ်ဖက်မှာ ခန္ဓာကိုယ်အရှေ့၌ အားနည်းလှစွာဖြင့် တွဲလောင်းကျနေခဲ့ကာ အခြား လက်တစ်ဖက်ဖြင့် မိမိ၏ ညောင်းညာနေသော လက်မောင်းလေးကို ဆက်လက်နှိပ်နယ်ပေးနေ၏။

သေချာတာက မြှားတံများ ဆက်တိုက် တပ်ဆင်ပစ်ခတ်ခဲ့ရခြင်း ဖြစ်သဖြင့် သူမ၏ လက်မောင်းနှစ်ဖက်စလုံးအပေါ် ကြီးမားလှသော ဒဏ်များ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပေသည်။

သူမ ပိုင်ဆိုင်ထားသော ခွန်အားအဆင့်အတန်းမှာလည်း အဆပေါင်းများစွာအထိ မြင့်မားနေခြင်းမျိုး မဟုတ်သဖြင့် ယခုအခါတွင်မူ စိတ်အာရုံများ ပြန်လည်ပြေလျော့သွားခဲ့သည်နှင့်အမျှ တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေခဲ့ရခြင်း ဖြစ်၏။

လီဝမ်ရှီးကတော့ သူ့ထက်စာလျှင် များစွာ ပိုမိုကောင်းမွန်လှပေသည်။

သူမသည် မိမိ၏ လက်မောင်းနှစ်ဖက်စလုံး တော်တော်လေး ညောင်းညာကိုက်ခဲနေခဲ့ရသည်ဟု ဆိုခဲ့သည်မှာ မှန်သော်လည်း သူမ၏ လက်မောင်းများကို အကြိမ်အနည်းငယ်မျှ နှိပ်နယ်လိုက်ရုံမှတစ်ပါး အခြားသော မောဟိုက်နွမ်းနယ်မှုမျိုး လုံးဝ ရှိမနေပါချေ။

မည်သို့ပင်ဆိုစေ သူမသည် ဤကမ္ဘာအတွင်းသို့ မရောက်ရှိလာခင် အချိန်ကတည်းကပင် မိမိ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အခြေအနေကို ကောင်းမွန်အောင် ထိန်းသိမ်းထားလေ့ရှိခြင်းဖြစ်ပြီး အားကစားရုံ ဆီသို့လည်း အမြဲတမ်း ပုံမှန်လိုလို သွားရောက်လေ့ရှိသောကြောင့် ဖြစ်ပေသည်။

ဒါတင်မကသေးဘဲ ဤကမ္ဘာအတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင်လည်း သူမသည် နေ့စဉ်နှင့်အမျှ သတ္တုတွင်းများကို စဉ်ဆက်မပြတ် တူးဖော်နေခဲ့ခြင်း ဖြစ်ပေရာ ခန္ဓာကိုယ် ခွန်အားပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အခြေအနေများတွင်မူ တစ်နေ့လုံး သစ်ပင်အိမ်အတွင်း၌သာ အမြဲတမ်း ခိုအောင်းလျက် ဆေးဝါးများ ဖော်စပ်နေတတ်သော ချီရွှယ်ဖေးထက်စာလျှင် ပို၍ သန်မာနေခဲ့ခြင်း ဖြစ်ပေသည်။

ကျိချောင်းယန်သည် ဧရာမမြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးများအား သေသေချာချာ စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် စိတ်ထဲ၌ ဇဝေဇဝါဖြစ်မှုများနှင့်အတူ "ပတ်ဝန်းကျင်တစ်ခုလုံးက ဒီလောက်အထိ ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် သူတို့တွေက ဘာဖြစ်လို့ တုံ့ပြန်မှု လုံးဝ ရှိမနေရတာလဲ။ ဖြစ်နိုင်တာက ငါတို့တွေ မြေကျင်းကြီးထဲကို လူကိုယ်တိုင် ဝင်ရောက်လိုက်မှပဲ သူတို့တွေက အသက်ဝင် နိုးထလာကြမယ့် သဘောမျိုးလား မသိဘူး" ဟု မေးမြန်းလိုက်ပေသည်။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာမူ လက်ရှိအချိန်အထိ ဧရာမမြေကျင်းကြီး၏ အစွန်းနေရာ၌ ဆက်လက်မတ်တပ်ရပ်နေကြဆဲ ဖြစ်ပေသည်။

၎င်းတို့သည် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများ၏ ကျောက်ဆစ်ရုပ်တု အဝိုင်းနှင့် ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုရှိရာ နေရာဆီသို့ ခန္ဓာကိုယ်များကို တင်းကြပ်စွာ ထားလျက် သတိကြီးစွာဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ သတိထားမှုကို လုံးဝ လျှော့ချခြင်း မရှိကြသေးပေ။

သေချာသည်မှာ ၎င်းတို့သည် ယခင်က တိုက်ပွဲကြီးအတွင်း၌ ကိုယ်တိုင်ဝင်ရောက်၍ ပါဝင်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ကြသည်မှာ မှန်သော်လည်း မိမိတို့၏ ဧရာမခေါင်းကြီးများကို နောက်သို့ ပြန်လည်လှည့်လျက် ဤဖက်က ရှင်ကျန်သူများရှိရာဆီသို့ မျက်လုံးများဖြင့် အသေအချာ လှမ်း၍ စိုက်ကြည့်နေခဲ့ကြပေသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ...။

"ဟင်..."

ရွှီရှင်း၏ မျက်စိသူငယ်အိမ်များမှာ မသိမသာ ကျုံ့သွားခဲ့ရပြီး "အလယ်ဗဟိုက ရှူးပျံရုပ်တုကြီးက အခု လှုပ်သွားခဲ့တာလား" ဟု ဆိုလိုက်ပေသည်။

အခြား ကျောက်ဆစ်ရုပ်တုကြီး အားလုံးမှာမူ မည်သည့်ပြောင်းလဲမှုမျိုးမှ ရှိမနေခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သော်လည်း အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော ထိုဧရာမရှူးပျံရုပ်တုကြီးသည်သာ လွန်ခဲ့သည့် ခဏအတွင်း မသိမသာသော လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ပေသည်။

ဤဧရာမမြေကျင်းကြီး၏ အလယ်ဗဟိုနယ်ပယ်အတွင်း၌ ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခု တည်ရှိနေကြခြင်း ဖြစ်ပြီး ၎င်းတို့အနက် အနည်းငယ် ပို နီးသော နေရာ၌ ရှိနေသည့် အကောင်ကြီးမှာမူ မိမိတို့အား ကျောပြင်ကြီး ပေးထားခြင်း ဖြစ်သော်လည်း အခြားသော တစ်ကောင်မှာမူ မိမိတို့ သော နေရာဆီသို့ အပြည့်အဝ မျက်နှာမူထားခြင်း ဖြစ်ပေသည်။

ယခုအခါ မိမိတို့အား မျက်နှာမူထားသော ရှူးပျံရုပ်တုကြီး၏ ဧရာမခေါင်းကြီးမှာမူ အပေါ်သို့ ဖြည်းည်းချင်း မော့တက်လာရုံမကဘဲ မိမိတို့ငါးဦး ရှိနေကြသော နေရာဆီသို့လည်း အနည်းငယ် စောင်းလျက် ၎င်း၏ ကျောက်သားမျက်လုံး အစုံဖြင့် ၎င်းတို့အား တည့်တည့်မတ်မတ် စိုက်ကြည့်နေလေခဲ့ပြီ။

"လှုပ်ရှားသွားတယ် ဟုတ်လား။ ဟင်..."

လီဝမ်ရှီးသည် အလယ်ဗဟိုက ထိုရှူးပျံရုပ်တုကြီးရှိရာဆီသို့ လှမ်း၍ စိုက်ကြည့်လိုက်မိရာ သူမ၏ မျက်လုံးအစုံမှာ အနည်းငယ် တုန်ရီသွားရှာပြီး "အဲ့တာကြီးက... အဲ့တာကြီးက အခု ငါတို့ကို လှမ်းပြီးတော့ သေသေချာချာ စိုက်ကြည့်နေတာလားဟင်" ဟု မေးမြန်းလိုက်၏။

ကျိချောင်းယန်သည်လည်း မျက်မှောင်ကို တင်းကြပ်စွာ တွန့်ချိုးလိုက်မိပြီး "သေချာပေါက် လှုပ်သွားခဲ့တာပဲ။ ဖြစ်နိုင်တာက ရှူးပျံရုပ်တုကြီးက ခုနကတည်းက ငါတို့ရဲ့ တိုက်ပွဲကြီးတစ်ခုလုံးကို နောက်ကွယ်ကနေပြီး သေသေချာချာ စောင့်ကြည့်နေခဲ့တာများလား မသိဘူး။ မဟုတ်ရင်တော့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေပြီး ရုပ်တုကြီးကတစ်ဆင့် ငါတို့ရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေတာကော မဖြစ်နိုင်ဘူးလား" ဟု ဆိုလိုက်ပေသည်။

လုဖေးအာသည် ထိုရှူးပျံရုပ်တုကြီးရှိရာဆီသို့ တစ်ချက် စိုက်ကြည့်လိုက်မိရာ ခဏအတွင်းမှာပင် သူမ၏ မျက်နှာပေါ်တွင် ရှိနေခဲ့သော နီမြန်းမှု အားလုံးမှာ လုံးဝ ပျောက်သွားခဲ့ပြီး နှုတ်ခမ်းများနှင့် ပါးပြင်နှစ်ဖက်စလုံးမှာ ဖြူလျော့သွားခဲ့ကာ ခန္ဓာကိုယ်ပါ အနောက်ဘက်သို့ ခြေလှမ်းတစ်လှမ်း ချက်ချင်းပင် ဆုတ်လိုက်ရရှာပေသည်။

"ရှူးပျံရုပ်တုကြီးက... သန်မာလွန်းတယ်"

လုဖေးအာသည် တံတွေးတစ်ချက်ကို အားယူ၍ မျိုချလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ရွှီရှင်း၏ ကျောပြင်ကြီးအနားဆီသို့ အလိုအလျောက်ပင် တွန်းကပ်လိုက်မိကာ "ငါ ပြီးခဲ့တဲ့ အချိန်တုန်းက အဲ့တာကို လှမ်းပြီး ကြည့်တာဒီလိုခံစားချက်မျိုး လုံးဝ ရှိမနေခဲ့ဘူး။ ဒါပေမဲ့ အခုချိန်မှာ အဲ့တာကြီးကနေ မယုံနိုင်လောက်အောင် ပြင်းထန်လှတဲ့ အရှိန်အဝါတွေကို ခံစားနေရတယ်။ ငါ့ရဲ့ အင်အားနဲ့ဆိုရင်တော့ အဲ့တာကို ဘယ်လိုနည်းနဲ့မှ ဆက်ပြီးတော့ ယှဉ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး" ဟု ဆိုရှာ၏။

ဩော်....

ရွှီရှင်းသည် စိတ်ထဲ၌ ချက်ချင်းပင် နိုးကြားသွားခဲ့ရပေသည်။

ယခင်က မည်သည့်ခံစားချက်မျိုးမျှ ရှိမနေခဲ့ဘဲ လက်ရှိအချိန်ကျမှသာ ဤမျှအထိ ပြင်းထန်လှသော ခံစားချက်ဆိုးကြီး ပေါ်ထွက်လာ၏။

ဤအချက်အရဆိုလျှင်မူ ထိုရှူးပျံရုပ်တုကြီးသည် ယခုအခါတွင် အမှန်တကယ်ပင် အသက်ဝင်လျက် နိုးထလာခဲ့ခြင်း ဖြစ်ရမည်ဖြစ်ပြီး ထို့ကြောင့်သာ ဤမျှအထိ ပြင်းထန်လှသော ဘေးအန္တရာယ် အာရုံခံစားမှုကြီး ပေါ်ထွက်လာခြင်း ဖြစ်ရပေမည်။

"ခဲခဲလေး... ရှူးပျံရုပ်တုကြီးက အန္တရာယ်များတာ ဟုတ်ရဲ့လား"

ရွှီရှင်းသည် လီဝမ်ရှီး၏ ရင်ခွင်အတွင်း၌ သက်တောင့်သက်သာဖြစ်အောင် ပွေ့ချီခြင်း ခံထားရသော ခဲခဲလေးအား လှမ်း၍ မေးမြန်းလိုက်ပေသည်။

"အီး..."

ခဲခဲလေးသည် မိမိ၏ ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ထိုအလယ်ဗဟိုက ရှူးပျံရုပ်တုကြီးရှိရာဆီသို့ လှမ်း၍ သေသေချာချာ စူးစိုက်ကြည့်ရှုလိုက်ပေသည်၊ ပြီးနောက် သူမ၏ မျက်လုံးလေးများဖြင့် အခြေအနေအားလုံးကို စစ်ဆေးကြည့်ရှုလိုက်ပြီးမှ ခေါင်းလေးကို ဘေးသို့ အသာအယာ ခါယမ်းပြလိုက်ပြီး "အီး" ဟု ဆိုရှာ၏။

"ခဲခဲလေးရဲ့ ဆိုလိုရင်းက ဒီနေရာမှာ ဘာအန္တရာယ်မျိုးမှ ရှိမနေဘူးလို့ဆိုတာလားဟင်"

ချီရွှယ်ဖေးသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ခဲခဲလေး၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း လှမ်း၍ မေးမြန်းလိုက်ပေသည်။

"အီး..."

"ဟိုလေ... ငါက အဲ့တာကြီးကနေ တကယ့်ကို အစွမ်းထက်လှတဲ့ ခွန်အားတွေကို ခံစားနေရတယ်လို့ပဲ ပြောပြတာပါ အဲ့တာက ငါတို့ကို လာပြီးတော့ တိုက်ခိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ လုံးဝ မပြောခဲ့ပါဘူး။"

လုဖေးအာသည် မိမိကိုယ်မိမိ အလျင်အမြန် ပြန်လည်ကာကွယ်လိုက်ပေသည်။

သူမသည် ထိုရှူးပျံရုပ်တုကြီးရှိရာ အရပ်ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ လှမ်းကြည့်လိုက်မိပြန်ရာ မျက်နှာပေါ်တွင် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ပြန်လည်ပြလာခဲ့ပြီး "ငါတို့ကို သေသေချာချာ စိုက်ကြည့်နေတဲ့ ရှူးပျံရုပ်တုကြီး တစ်ခုတည်းကပဲ ငါ့ကို ဒီလို ခံစားချက်မျိုး ပေးနိုင်တာ အခြား တစ်ကောင်ကနေတော့ ဘာကိုမှ မခံစားရဘူး။ ဒီခံစားချက်က ဗီဇပြောင်းသတ္တဝါတွေရဲ့ စိတ်ထဲကနေ ငါတို့ထက် အများကြီး ပိုအဆင့်မြင့်တဲ့ သတ္တဝါကြီးတစ်ကောင်ကို အလိုအလျောက် ဦးညွှတ်ပြီး ကြောက်ရွံ့မိတဲ့ ခံစားချက်မျိုးအတိုင်းပဲ။ ရှူးပျံရုပ်တုကြီးပေါ်မှာ သေချာပေါက် ပြဿနာတစ်ခုခု ရှိနေရမယ်" ဟု အသေအချာ ရှင်းပြလိုက်ပေသည်။

ကျိချောင်းယန်ကလည်း ဝင်၍ စကားဆိုလာခဲ့ကာ "ဖြစ်နိုင်တာကတော့ ရှူးပျံရုပ်တုကြီးကတစ်ဆင့် ငါတို့ရဲ့ လှုပ်ရှားမှုအားလုံးကို နောက်ကွယ်ကနေ စောင့်ကြည့်နေတဲ့သူ တစ်ယောက် သေချာပေါက် ရှိနေတာပဲ ဖြစ်ရမယ်။ အမှန်အတိုင်း ပြောရရင်တော့ ငါတို့ ဒီတယ်လီပို့စနစ်ကြီးကို စတင်ပြီး အသက်သွင်းလိုက်ကတည်းက ဧရာမမြေကျင်းကြီးရဲ့ ပတ်ဝန်းကျင်အတွင်း ရောက်နေတဲ့ အချိန်တိုင်း တစ်စုံတစ်ယောက်က ငါတို့ကို နောက်ကွယ်ကနေပြီး သေသေချာချာ စိုက်ကြည့်နေသလိုမျိုး ခံစားချက်ဆိုးကြီးကို ငါ ခံစားနေရတာ။ ဒါပေမယ့်လည်း ငါ့ရဲ့ စိတ်ခံစားမှုသက်သက်လည်း ဖြစ်နေနိုင်ပါတယ်"

"အား... ကြောက်စရာကြီး..."

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်မောင်းကြီးကို သူမ၏ လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆွဲကိုင်လိုက်မိပြီး "နားထောင်ရတာ လူကိုတကယ် ထိတ်လန့်စေတာပဲရှင်... ဒါဆိုရင် ငါတို့ အခု ဘာဆက်လုပ်ကြမလဲဟင်။ အတွင်းပိုင်း မှာ ရှိနေကြတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးတွေကိုကော ဆက်ပြီးတော့ တိုက်ခိုက်ကြဦးမှာလား" ဟု မေးမြန်းလိုက်၏။

အမှန်အတိုင်း ဝန်ခံရမည်ဆိုပါက ရွှီရှင်းကိုယ်တိုင်လည်း လက်ရှိအချိန်၌ မည်သို့သော နည်းလမ်းကို အသုံးပြုလျက် ရှေ့ဆက်လုပ်ဆောင်ရမလဲဆိုသည်ကို စိတ်ထဲ၌ အနည်းငယ် ဇဝေဇဝါဖြစ်လျက် ဆုံးဖြတ်ချက် မချနိုင်ဘဲ ရှိနေခဲ့မိပေသည်။

ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည် ၎င်းတို့ထက် များစွာ ပို၍ အတွင်းပိုင်းကျလှသော နေရာအတွင်း၌သာ စနစ်တကျ ရှိနေကြဆဲဖြစ်သည်မှာ မှန်သော်လည်း ၎င်းတို့၏ စုစုပေါင်း အရေအတွက် ပမာဏမှာမူ လက်ရှိအချိန်အထိ များပြားလွန်းလှဆဲ ဖြစ်ပြီး စုစုပေါင်း ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျော်ခန့်အထိ ရှိနေနိုင်ပေသည်။

ဤမျှအထိ အရေအတွက် များပြားလှသော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အုပ်စုကြီးကိုတော့ အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း ယခင်က မည်သည့်အခါမှ တိုက်ရိုက် ရင်ဆိုင်ကြုံတွေ့ဖူးခြင်းမျိုး လုံးဝ မရှိခဲ့ဖူးသေးသောကြောင့် ဖြစ်၏။

အခန်း ( ၅၁၂ ပြီး။

All Chapters