← Chapters

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း (၅၁၄) - ရတနာသေတ္တာ သားရဲကြီး အစွမ်းပြခြင်းနှင့် ဒုတိယမြောက် အလင်းတိုင်ကြီး ပေါ်ထွက်လာခြင်း (၃)

"ဟုတ်သားပဲ၊ ရတနာသေတ္တာ သားရဲကြီး ရှိသေးတာပဲ"

ရွှီရှင်းသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် အပြေး လှမ်းလိုက်ပြီး ၎င်းအား အပိုင်းက မည်သည့်နေရာတွင် ရှာတွေ့ခဲ့သလဲဆိုသည်ကို ချက်ချင်းပင် ပြန်လည်အမှတ်ရသွားခဲ့ချေပြီ။

သူသည် အာကာသလက်စွပ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး ရတနာသေတ္တာ သားရဲကြီးကို အပြင်သို့ ချက်ချင်းပင် ထုတ်လွှတ်ပေးလိုက်တော့သည်။

"ရှေ့က ကောင်လေးရဲ့ ကျောက်ဆစ်ရုပ်တုကို အမြန်ဆုံး ဝါးမြိုပစ်လိုက်စမ်း။ ဒါပေမဲ့ သူ့ကိုတော့ လုံးဝ မထိခိုက် စေနဲ့ဦးနော်"

ရတနာသေတ္တာ သားရဲကြီး အပြင်သို့ ထွက်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းအား ချက်ချင်းပင် အမိန့်ပေးလိုက်ပေသည်။

ရတနာသေတ္တာ သားရဲကြီးသည်လည်း ထိုစကားလုံးများကို ကြားလိုက်ရသည့် ခဏ၌ မိမိ၏ သေတ္တာအဖုံးကြီးကို ချက်ချင်းပင် အရှိန်ဖြင့် ဖွင့်လိုက်ပြီး ကြီးမားလှသော သွေးနီရောင် ပါးစပ်ကြီးကို အထင်အရှား ချပြလာခဲ့ချေပြီ။

၎င်းနောက်တွင်မူ သစ်ပင်အိမ်အမြုတေထက် များစွာ ပို၍ ထူထဲတောင့်တင်းလှသော သွေးရောင်မျဉ်း နွယ်ပင်ကြီး ဆယ်ပင်ကျော်ခန့်သည် ၎င်း၏ ဧရာမပါးစပ်ကြီးအတွင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြပြီး ၎င်းတို့၏ ပုံသဏ္ဌာန်မှာ လှပစွာ ဖူးပွင့်လာခဲ့သော အစိမ်းရောင် ပန်းပွင့်ကြီးတစ်ပွင့်အလား အရေအတွက် အများအပြား ရှိနေခဲ့ကြခြင်း ဖြစ်ပေသည်။

ဤနွယ်ပင်ကြီးများသည် ရှေ့မျက်နှာစာဆီသို့ လျင်မြန်လှသော အရှိန်ဖြင့် ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့ကြချေပြီ။

ဤသည်က ရွှီရှင်းအနေဖြင့် ရတနာသေတ္တာ သားရဲကြီး၏ ပါးစပ်အတွင်းမှနေ၍ နွယ်ပင်ကြီးများ ပေါ်ထွက်လာခဲ့သည့် မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

ဤမယုံကြည်နိုင်လောက်အောင် ထူထဲလှသော နွယ်ပင်ကြီးများ၏ လှုပ်ရှားမှု အရှိန်အဟုန်မှာမူ သူ ယခင်က မြင်တွေ့ဖူးခဲ့သမျှ အရာအားလုံးထက် များစွာ ပို၍ ထူထဲတောင့်တင်းလှရုံတင်မကဘဲ ပို၍ လျင်မြန်လွန်းလှပေသည်။

သူသည် ဤကောင်လေး၏ လက်တွေ့မြေပြင် အင်အားကို တကယ်ပဲ အထင်သေးမိသွားခဲ့ခြင်း ဖြစ်ပေသည်။

အစဦးပိုင်းတုန်းကတော့ မီမီသည် ၎င်း၏ ဘေးနား၌ သတိကြီးစွာဖြင့် အမြဲရှိနေခဲ့ခြင်းဖြစ်ပြီး ၎င်းအား သေတ္တာအဖုံးကိုပင် လုံးဝ ဖွင့်ခွင့်မပြုပါဘဲ ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သဖြင့် ထို့ကြောင့်သာ ၎င်းအား လွယ်ကူချောမွေ့စွာဖြင့် အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ၎င်းအား သေတ္တာအဖုံးကိုသာ ဤကဲ့သို့ အပြည့်အဝ ဖွင့်ခွင့် ပေးလိုက်မိမည်ဆိုပါက ၎င်းအား ပြန်လည်နှိမ်နင်းရန် ကိစ္စတွင် ခက်ခဲမှု အဆင့်အတန်းမှာ သေချာပေါက် အဆပေါင်းဆယ်ဂဏန်းခန့်အထိ မြင့်တက်လာတော့မည် ဖြစ်ပေသည်။

မီမီထံ၌ ၎င်းအပေါ် ပြင်းထန်လှသော ပိတ်ဆို့ဟန့်တားနိုင်စွမ်းရှိသည့် အထူးစွမ်းရည် သက်ရောက်မှုများ ရှိနေခြင်းဖြစ်ပြီး ၎င်းအနေဖြင့် မိမိ၏ ပါးစပ်အတွင်းက နွယ်ပင်ကြီးများကို အပြင်သို့ လုံးဝ မထုတ်နိုင်ခင် အချိန်အတွင်းမှာတင် ၎င်း၏ သေတ္တာအဖုံးကို အပေါ်မှနေ၍ ပြင်းထန်စွာ တိုက်ရိုက် ဖိနှိပ်ထားနိုင်သောကြောင့် ဖြစ်ပေသည်။

နွယ်ပင်ကြီးများသည် လေထုထဲ၌ တကယ့်ကို လျင်မြန်လှသော အရှိန်

ဖြင့် ရှောင်ဟုန်၏ နောက်ဆီသို့ အမီလိုက်သွားနိုင်ခဲ့ကြပြီဖြစ်ပြီး သူသည် ဧရာမမြေကျင်းကြီး၏ အစွန်းဆုံး ချောက်ကမ်းပါးနေရာဆီသို့ ရောက်လုဆဲဆဲ ခဏမှာတင် သူ၏ ကျောက်သားခန္ဓာကိုယ်တစ်ခုလုံးကို တင်းကြပ်စွာဖြင့် ရစ်ပတ်ပိတ်ဆို့လိုက်ကြပေသည်။

ရှောင်ဟုန်သည် ခန္ဓာကိုယ်အား အနောက်ဘက်ဆီသို့ ပြန်လည်ဆွဲခေါ်ခြင်းမျိုး လုံးဝ ခံလိုက်ရခြင်း မရှိပါချေ။

မည်သို့ပင်ဆိုစေ သူ၏ ကိုယ်ပိုင်ခွန်အား မှာ တကယ့်ကို ကြီးမားလွန်းလှသောကြောင့် ဖြစ်၏။

သို့သော်လည်း ရတနာသေတ္တာ သားရဲကြီး၏ စွမ်းဆောင်ရည်ဆိုသည်မှာ အရာဝတ္ထုများကို မိမိ၏ အနားဆီသို့ အတင်းအဓမ္မ ပြန်လည်ဆွဲယူခြင်း ကိစ္စတစ်ခုတည်း၌သာ အကျုံးဝင်နေခြင်း မဟုတ်ပါပေ။

၎င်းသည် ဤပြင်းထန်လှသော တုံ့ပြန်မှု ခွန်အားကို အပြည့်အဝ အသုံးချလိုက်ခြင်း ဖြစ်ပြီး နွယ်ပင်ကြီးများထံမှ ထွက်ပေါ်လာသော ခွန်အားများနှင့်ပါ စနစ်တကျ ပေါင်းစပ်လိုက်ကာ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို ရှေ့မျက်နှာစာဆီသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်ခြင်းဖြစ်၏။

၎င်းသည် ဧရာမပါးစပ်ကြီးကို အပြည့်အဝ ဖြဲထားလျက် ရှောင်ဟုန် ရှိနေသည့် တည်နေရာဆီသို့ လျင်မြန်လှသော အရှိန်ဖြင့် ပျံသန်းသွားခဲ့တော့သည်။

ရှောင်ဟုန်သည် ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်းဆီသို့ ချက်ချင်း ခုန်ချရန် ပြင်လိုက်သည့် ထိုခဏ၌ပင် ၎င်းသည် သူ၏ ခန္ဓာကိုယ်အထက်ဆီသို့ တိုက်ရိုက် ပျံသန်းရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ဧရာမသေတ္တာကိုယ်ထည်ကြီးတစ်ခုလုံးကို အပေါ်မှနေ၍ ပြင်းထန်စွာ မှောက်ချပစ်လိုက်ကာ သူ၏ ကျောက်သားခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း၏ ဧရာမပါးစပ်ကြီးအတွင်းသို့ တစ်ခဏချင်းအတွင်းအမိအရ ဝါးမြိုပစ်လိုက်တော့သည်။

ထို့နောက်တွင်မူ ၎င်း၏ အတွင်းပိုင်းက နွယ်ပင်ကြီးများသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကန်ကျောက်လျက် သေတ္တာကိုယ်ထည်ကြီးကို အထက်သို့ ပင့်ကာမြှင့်လိုက်ကြပြီး လေထုထဲ၌ ကိုယ်ကို ပြန်လည်လှည့်ပတ်လိုက်ကြပေသည်။

ရှောင်ဟုန်၏ အရိပ်အယောင်မှာမူ လေထုထဲ၌ ချက်ချင်းပင် လုံးဝ ကွယ်ပျောက်သွားခဲ့ရချေပြီ။

သူသည် ယခုအခါ ရတနာသေတ္တာ သားရဲကြီး၏ ဝမ်းဗိုက်အတွင်းဆီသို့ အပြည့်အဝ ဝါးမြိုသိမ်းဆည်း ခံလိုက်ရခြင်း ဖြစ်ပေသည်။

ရတနာသေတ္တာ သားရဲကြီးသည်လည်း ၎င်း၏ နွယ်ပင်ကြီးများကို ပါးစပ်အတွင်းသို့ ချက်ချင်းပင် လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်း၏ ဧရာမပါးစပ်ကြီးကိုလည်း ဒုန်းခနဲ အသံနှင့်အတူ နှစ်ကြိမ်ခန့် ဆက်တိုက် ဆွဲပိတ်လိုက်မိရာ ၎င်းပုံစံမှာ လူသားတစ်ဦး အစားအစာများကို အားရပါးရ စားသုံးလို့ ပြီးဆုံးသွားခဲ့ပြီးနောက် မိမိ၏ နှုတ်ခမ်းများကို အရသာခံလျက် လျှာဖြင့် ပြန်လည်ယက်သပ်နေသည့် အမူအရာမျိုးနှင့် တကယ့်ကို အလားသဏ္ဌာန် တူလှပေသည်။

ဤအတွဲညီလှသော လှုပ်ရှားမှု ဖြစ်စဉ်တစ်ခုလုံးမှာမူ စက္ကန့်အနည်းငယ်မျှသော အချိန်တိုလေးအတွင်းမှာတင် အပြီးတိုင် ပြီးမြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။

"တကယ်ကို အစွမ်းထက်လွန်းတာပါလား"

လီဝမ်ရှီးသည် စိတ်ထဲ၌ အလွန် အံ့ဩမှင်သက်စွာဖြင့် ချက်ချင်း အော်ဟစ်လိုက်မိပြီး

"ငါ... ငါကတော့ ဒီရတနာသေတ္တာ သားရဲကြီးက တော်တော်လေး အားနည်းလှတဲ့ အကောင်တစ်ကောင်လို့ပဲ အမြဲတမ်း ထင်မှတ်ထားခဲ့တာလေ" ဟု ဆိုရှာ၏။

သူမသည် ယခင်က ဤရတနာသေတ္တာ သားရဲကြီးအား အောင်မြင်စွာ ဖမ်းဆီးစည်းရုံးနိုင်ခဲ့သည့် ဖြစ်စဉ်မြင်ကွင်းတစ်ခုလုံးကို ကိုယ်တိုင် အသေအချာ မြင်တွေ့ခဲ့ဖူးခြင်းဖြစ်သည်မှာ မှန်သော်လည်း ထိုစဉ်တုန်းကမူ ၎င်းသည် ရွှီရှင်း၊ လုဖေးအာနှင့် အခြားသော သားရဲကြီးများ၏ ဝိုင်းဝံပိတ်ဆို့လျက် ရက်ရက်စက်စက် ရိုက်နှက်ဆုံးမခြင်းကိုသာ တစ်ဖက်သတ် ခံနေခဲ့ရရှာခြင်း ဖြစ်သောကြောင့် ဖြစ်ပေသည်။

ရွှီရှင်းသည်လည်း ၎င်းရှိရာ အရပ်ဆီသို့ ချက်ချင်းပင် အပြေးအလွှား သွားကာ ရှောင်ဟုန်တစ်ယောက် ရတနာသေတ္တာ သားရဲကြီး၏ ဝမ်းဗိုက်အတွင်းဆီသို့ ဘေးကင်းစွာ သိမ်းဆည်းခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သေသေချာချာ အတည်ပြုလိုက်နိုင်သည့် အခါကျမှသာ စိတ်ထဲ၌ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်တော့၏။

မည်သည့်အကြောင်းအရင်းကြောင့်မှန်း သူကိုယ်တိုင် သေသေချာချာ မသိသော်လည်း သူ၏ စိတ်ထဲ၌ ရှောင်ဟုန်အား ဤကဲ့သို့သော ပုံစံမျိုးဖြင့် ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်းဆီသို့ ဇွတ်အတင်း ဝင်ရောက်သွားခွင့်ကိုတော့ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုလို့ မဖြစ်နိုင်ဘူးဟု ခံစားနေခဲ့ရသောကြောင့် ဖြစ်ပေသည်။

၎င်းနောက်ကွယ်မှနေ၍ သူ့အား လက်ရှိအချိန်၌ အပြည့်အဝ ကြိုးကိုင်ထိန်းချုပ်နေခဲ့သည့်သူမှာ အမှန်တကယ်ပင် ချန်ယင်း နှင့် ရွှယ်လန်တို့နှစ်ဦးစလုံး ဖြစ်နေခဲ့ကြသည်မှာ သေချာနေခဲ့သည့်တိုင်အောင် ဖြစ်၏။

"ရွှီရှင်း... မင်းရော စောစောက သတိပြုမိလိုက်လား။ သူ ခုဏက ဇွတ်အတင်း ပြေးဝင်သွားခဲ့တဲ့ နေရာဆိုတာ၊ ဧရာမမြေကျင်းကြီးရဲ့ အတွင်းပိုကိုတိုက်ရိုက် ဦးတည်နေခဲ့တာမျိုး လုံးဝ မဟုတ်ဘူး။"

ကျိချောင်းယန်သည်လည်း သူ၏ ဘေးနားဆီသို့ လျှောက်လာခဲ့၏။

မြေကျင်းကြီး၏ အတွင်းပိုင်း အခြေအနေကို လှမ်း၍ စိုက်ကြည့်လိုက်ရင်း

"အကယ်လို့ သူ့ရဲ့ စိတ်ထဲကနေ မြေကျင်းကြီးထဲကိုပဲ ရိုးရိုးရှင်းရှင်း ဝင်သွားချင်တာ သက်သက်ဆိုရင်တော့ သေချာပေါက် အနီးစပ်ဆုံးနဲ့ အတိုဆုံး လမ်းကြောင်းကိုပဲ အသုံးပြုပြီး တည့်တည့်မတ်မတ် ခုန်ချသွားမှာ။ဒါပေမယ့် သူကတော့ အဲ့နေရာကို မဟုတ်ပဲ အခြားနေရာ တစ်ခုစီကို အသည်းအသန် ပြေးသွားခဲ့တာ။ အကယ်လို့ ဒီအတိုင်းသာ မဟုတ်ခဲ့ဘူးဆိုရင်တော့ မင်းလည်း သူ့ကို အချိန်မီ လှမ်းပြီးတော့ ဖမ်းဆီးနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ သူက မြေကျင်းကြီးထဲကို အစောကြီးကတည်းက ခုန်ချသွားခဲ့လောက်ပြီ" ဟု ဆိုလိုက်ပေသည်။

ရွှီရှင်းကလည်း ခေါင်းကို အသာအယာ ညိတ်လိုက်မိပေသည်။

သူကိုယ်တိုင်လည်း ရှောင်ဟုန် ပြေးလွှားသွားခဲ့သည့် တည်နေရာဆိုသည်မှာ အနီးစပ်ဆုံး လမ်းကြောင်းအတိုင်း မြေကျင်းကြီးအတွင်းသို့ တိုက်ရိုက် ဦးတည်နေခဲ့ခြင်း မဟုတ်ကြောင်းကို သေသေချာချာ သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။

ဒါဆိုရင် သူ ဘယ်နေရာကို သွားချင်နေခဲ့တာလဲ။

"အဲ့နေရာပဲ။"

ကျိချောင်းယန်သည် မြေကျင်းကြီး၏ အောက်ခြေမြေပြင် တည်နေရာတစ်ခုဆီသို့ လက်ညှိုးဖြင့် အသေအချာ လှမ်း၍ ညွှန်ပြလိုက်ပေသည်။

၎င်းမှာ ပြီးခဲ့သည့်အချိန်က ပင်ပန်းခံ တူးဆွထားခဲ့ကြပြီး ယခုအခါတွင်မူ ပြင်းထန်လှသော ပေါက်ကွဲမှု အရှိန်အဟုန်များကြောင့် အနည်းငယ် မည်းမှောင်နေခဲ့ပြီး အပေါ်၌လည်း ကျောက်မှုန့်အချို့ ပြန့်ကျဲလျက်ရှိနေသော ထိုအေးစက်လှသော သံတံခါးကြီး တည်ရှိရာ နေရာဖြစ်ပေသည်။

"သူက သံတံခါးကြီးရဲ့ အတွင်းပိုင်းဆီကို တည့်တည့်မတ်မတ် သွားချင်နေခဲ့တာ ဖြစ်ရမယ်"

ရွှီရှင်းသည် မိမိ၏ မျက်လုံးအစုံကို အနည်းငယ် ကျုံ့လိုက်မိပေသည်။

ကွက်တိပင် ဖြစ်၏၊

ရှောင်ဟုန် ဦးတည်ပြေးလွှားသွားခဲ့သည့် နေရာဆိုသည်မှာ ၎င်းတို့ လက်ရှိ ရောက်နေသော နေရာနှင့် တော်တော်လေး ဝေးကွာလှသော နေရာ၌ တည်ရှိနေသည့် ထိုသံတံခါးကြီး ရှိရာဆီသို့ တိုက်ရိုက် ဦးတည်နေခဲ့ခြင်း ဖြစ်ပေသည်။

ဖြစ်နိုင်တာကတော့ ဤသံတံခါးကြီး၏ အတွင်းပိုင်းထဲမှနေ၍ တစ်စုံတစ်ခုက သူ့အား လှမ်းပြီး ကြိုးကိုင်ထိန်းချုပ်လိုက်ခြင်းများလား မသိပါချေ။

"ရွှီရှင်း..."

လီဝမ်ရှီးသည်လည်း ၎င်းတို့၏ ဘေးနားဆီသို့ ဖြည်းည်းချင်း တိုးကပ်လာခဲ့ပြီး စကားအချို့ လှမ်း၍ ပြောရန် ပြင်လိုက်သည့် ခဏ၌ပင် အရှေ့ဘက် အရပ်မှနေ၍ ဆန်းကြယ်သည့် ဖြစ်စဉ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတော့သည်။

ခရမ်းနက်ရောင် အလင်းတိုင်ကြီးတစ်ခုသည် ကောင်းကင်ယံထက်ဆီသို့ ရုတ်တရက် ဒုန်းခနဲ ပြင်းထန်စွာ ထိုးတက်သွားခဲ့ပြီး ကောင်းကင်ပြင်ကြီးထက်ဆီသို့ တည့်တည့်မတ်မတ် ချဉ်းကပ်သွားခဲ့ချေပြီ။

မီတာသောင်းဂဏန်းခန့် မြင့်မားလှသော ကောင်းကင်ယံထက်က ထူထဲလှသော တိမ်တိုက်လွှာကြီးများမှာမူ ထိုပြင်းထန်လှသော အလင်းတန်းကြီး၏ ပတ်ဝန်းကျင်ဆီမှနေ၍ ခဏအတွင်း အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပြန့်ကျဲကွယ်ပျောက်သွားခဲ့ကြပြီး ဧရာမအပေါက်ကြီးတစ်ခုအလား ဖြစ်ပေါ်သွားခဲ့ရသဖြင့် ၎င်းပုံစံမှာ ကောင်းကင်ကြီးတစ်ခုလုံးကို ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်သွားအောင် ပြင်းထန်စွာ ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည့်အလား ထင်မှတ်ရပေသည်။

ဤသည်က ရွှီရှင်းအနေဖြင့် ကောင်းကင်ယံထက်သို့ ထိုးတက်သွားသောအလင်းတန်းကြီး၏ ဖြစ်စဉ်ကို အဝေးတစ်နေရာမှနေ၍ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင် အသေအချာ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်း။

အနီးကပ် မြင်တွေ့လိုက်ရသည့် မြင်ကွင်းထက်စာလျှင်မူ ဤအဝေးမှ လှမ်းကြည့်လိုက်ရသည့် မြင်ကွင်းသည် စိတ်အာရုံကို များစွာရိုက်ခတ်စေနိုင်စွမ်း ရှိပေသည်။

မည်သို့ပင်ဆိုစေ ဤနေရာမှဆိုလျှင်မူ ထိုအလင်းတိုင်ကြီးတစ်ခုလုံး၏ ခမ်းနားထည်ဝါလှသော ပုံသဏ္ဌာန်ကြီးကို အပြည့်အဝ ရှင်းလင်းစွာ မြင်တွေ့နိုင်သောကြောင့် ဖြစ်ပေသည်။

ဝမ်ကွေ့ရှင်းနှင့် အခြားသော သူများမှာမူ သေချာပေါက် အောင်မြင်သွားခဲ့ကြပြီ ဖြစ်ရပေမည်။

ဒုတိယမြောက် အလင်းတိုင်ကြီးသည် ယခုအခါတွင် အောင်မြင်စွာ အသက်ဝင်သွားခဲ့လေချေပြီ။

အခန်း ( ၅၁၄ ပြီး။

All Chapters