အခန်း ၅၂၀
Vol. 35 Ch. 520
အခန်း (၅၂၀) - စစ်ကူများ ရောက်ရှိလာခြင်းနှင့် နောက်ဆုံး၌ ဆုံစည်းမိကြခြင်း
အလင်းတန်းများ ပျောက်ကွယ်သွားပြီး အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာသည့် ခဏ၌ ၎င်းတို့ငါးဦးစလုံးသည် ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်းဆီသို့ ပြိုင်တူ လှမ်း၍ ငုံ့ကြည့်လိုက်ကြမိပေသည်။
ယခုတစ်ကြိမ်တွင်မူ ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ ဘေးပတ်ဝန်းကျင် လေထုထဲမှနေ၍ သံချပ်ကာဝတ်စုံကိုယ်စီ ဝတ်ဆင်ထားကြသော လူသားအမျိုးသား နှစ်ဦး ရုတ်တရက် ဖျတ်ခနဲ ပေါ်ထွက်လာခဲ့ချေပြီ။
၎င်းတို့နှစ်ဦးစလုံးသည် တယ်လီပို့စနစ်ကို အသုံးပြုလျက် ဤဖက်နယ်မြေဆီသို့ အောင်မြင်စွာ ကူးပြောင်းရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းတို့အနက် တစ်ဦးမှာမူ အမြင့် ၁.၉ မီတာခန့် ရှိပြီး ခန္ဓာကိုယ် အရွယ်အစား ပမာဏမှာလည်း တောင့်တင်းလှသော ဧရာမလူသန်ကြီးတစ်ဦး ဖြစ်ပေသည်။
သူ့ကို ကြည့်ရုံတင်ပဲ အလွန်သန်မာပြီး ကြီးမားတဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်ဆိုတာ သေချာလှပေသည်။
ထူထဲလှတဲ့ သံချပ်ကာဝတ်စုံကြီးကို ဝတ်ဆင်ထားခဲ့သည်မှာ မှန်သော်လည်း ၎င်းအောက်ခြေက ကျောက်တုံးကြီးတွေအလား မာကျောတောင့်တင်းလှတဲ့ ကြွက်သားထုကြီးများကို အသေအချာ ခံစားနေရဆဲ ဖြစ်ခြင်းဖြစ်ပြီး သူ၏ လက်သီးဆုပ်ကြီးမှာလည်း သဲအိတ်တစ်ခုအလား ဧရာမအရွယ်အစား ရှိနေခဲ့သဖြင့် ဖြစ်နိုင်တာကတော့ သူ၏ လက်သီးတစ်ချက်တည်းဖြင့်တင် မည်သည့်ဗီဇပြောင်းသတ္တဝါဆိုးကြီးရဲ့ ဦးခေါင်းခွံကိုမဆို တစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ရိုက်ခွဲပစ်နိုင်စွမ်း ရှိလိမ့်မည် ဖြစ်ပေသည်။
အကယ်၍သာ သူသည် အချိန်အတော်ကြာအောင် လျစ်လျူရှုထားခဲ့ပုံရပြီး ငှက်သိုက်တစ်ခုအလား ရှုပ်ပွနေတဲ့ ဆံပင်ရှည်ကြီးတွေကို ကတုံးအဖြစ်သာ အပြတ်အသတ် ရိတ်ပစ်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ အရှိန်အဝါက ဤထက် များစွာ ပိုပြီး ထိတ်လန့်ဖွယ် ကောင်းလာလိမ့်မည်။
သို့သော်လည်း သူ၏ ဘေးနား၌ မတ်တပ်ရပ်နေဆဲဖြစ်သော အခြားလူသားတစ်ဦး၏ ပုံစံကတော့ ၎င်းနှင့် လုံးဝ ကြီးမားစွာ ကွဲပြားခြားနားလှ၏။
ထိုအခြားသော လူသားတစ်ဦးမှာမူ ခန္ဓာကိုယ် တော်တော်လေး သွယ်လျဖျတ်လတ်လှသူ ဖြစ်ပြီး ထိုဧရာမလူသန်ကြီး၏ ဘေးနား၌ မတ်တပ်ရပ်နေခြင်း ဖြစ်သဖြင့် နှစ်ဦးကြားက ခန္ဓာကိုယ် အရွယ်အစား ကွာခြားမှုမှာ တကယ့်ကို သိသာထင်ရှားလွန်းလှပေသည်။
အဝေးကနေ လှမ်းကြည့်လိုက်ရုံမျှဖြင့်တင် ဖြစ်နိုင်တာကတော့ ဤကဲ့သို့သော လူ သုံးဦး သို့မဟုတ် လေးဦးခန့် ပေါင်းစပ်လိုက်ဦးတော့ ထိုလူသန်ကြီးတစ်ဦးတည်းကို မည်သို့မှ ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ကြောင်း သေချာလှ၏။
သူ၏ အရှိန်အဝါကတော့ တကယ့်ကို သာမန်လူသားတစ်ဦးအတိုင်း ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လူအုပ်ကြီးကြားထဲသို့သာ ဝင်ရောက်သွားခဲ့မည်ဆိုပါက ခဏအတွင်း လုံးဝ ရှာမတွေ့တော့ဘဲ ကွယ်ပျောက်သွားနိုင်စွမ်းရှိသလို ကိုယ်ပိုင်တည်ရှိမှု အရှိန်အဝါမျိုးလည်း လုံးဝ ရှိမနေရှာပါပေ။
သူတို့ကားဝမ်လေ့နှင့် ကျောက်ရှောင်ချွမ်းပင်။
၎င်းတို့နှစ်ဦးစလုံးသည် နောက်ဆုံး၌ ဤဖက်နယ်မြေဆီသို့ အောင်မြင်စွာ တယ်လီပို့လုပ်လျက် ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
"တောက်... တကယ်ပဲ ကြောက်စရာကြီး"
ခန္ဓာကိုယ် သေးသော ကျောက်ရှောင်ချွမ်းသည် ၎င်းကျောက်ဆစ်ရုပ်တုကြီးများကို မြင်တွေ့လိုက်ရသည့် ခဏ၌ ချက်ချင်းပင် မထိန်းနိုင်ဘဲ လန့်ဖျတ်စွာ အော်ဟစ်လိုက်မိရှာပေသည်။
၎င်းတို့ တယ်လီပို့လုပ်လို့ ပြီးစီးသွားခဲ့သည့် ခဏ၌ပင် သူတို့၏ ဘေးနား၌ ရှိနေကြပြီး ဖြည်းည်းချင်း လှုပ်ရှားလာနေကြဆဲဖြစ်သော ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုနှင့် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးကို တိုက်ရိုက် မြင်တွေ့လိုက်ရခြင်း ဖြစ်သဖြင့် စိတ်ထဲ၌ တကယ့်ကို ထိတ်လန့်အံ့ဩသွားခဲ့ရခြင်း ဖြစ်၏။
ဤသည်က ၎င်းတို့အနေဖြင့် ဤကဲ့သို့ ကိုယ်ပိုင်အသိစိတ်ဖြင့် လှုပ်ရှားသွားလာနိုင်စွမ်းရှိကြတဲ့ ထူးဆန်းလှတဲ့ ကျောက်ဆစ်ရုပ်တုကြီးများကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
"ဟို... ဒီကျောက်ဆစ်ရုပ်တုကြီးတွေရဲ့ လက်တွေ့အခြေအနေက ငါ စိတ်ထဲကနေ ကြိုတင်တွက်ထားခဲ့ဖူးတာထက် ပိုပြီးအန္တရာယ်များတယ်"
ဝမ်လေ့သည် တံတွေးတစ်ချက်ကို အားယူ၍ မျိုချလိုက်ပြီးနောက် အထက်က ထိုဧရာမရှူးပျံရုပ်တုကြီးရှိရာဆီသို့ လှမ်း၍ စိုက်ကြည့်လိုက်မိရင်း "သူ့ရဲ့ လှုပ်ရှားမှု ပုံစံက အခု ငါတို့ကို တိုက်ရိုက် ဝင်ပြီးတော့ တိုက်ခိုက်တော့မယ့် အနေအထားမျိုးလား မသိဘူး" ဟု ဆိုလိုက်ပေသည်။
ထို့နောက် ခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းပိုင်း အလင်းတန်းများမှာ နောက်တစ်ကြိမ် ပြန်လည်၍ လှုပ်ခါသွားခဲ့ပြန်ပြီး သံချပ်ကာဝတ်စုံကို အပြည့် ဝတ်ဆင်ထားဆဲဖြစ်သော ထူးခြားလှသည့် အမျိုးသမီးတစ်ဦးသည် ၎င်းအလင်းတိုင်ကြီး၏ အတွင်းပိုင်းမှနေ၍ လျင်မြန်စွာ ထွက်လာခဲ့ချေပြီ။
သူမ၏ မေးစေ့အမြင့်ခန့်မျှသာ ရှိသော ဆံပင်တိုလေးများမှာမူ သံခမောက်လုံးကြီး၏ အတွင်းပိုင်းဆီသို့ စနစ်တကျ သိမ်းဆည်းခြင်း ခံထားရခြင်း ဖြစ်ပေသည်။
သူမ၏ ခန္ဓာကိုယ် အရွယ်အစား နှင့် သွယ်လျလှသော ကိုယ်ဟန် အကွေးအကောက် အလှတရားများမှာမူ ဤထူထဲလှသော သံချပ်ကာဝတ်စုံကြီးအောက်၌ ဘယ်လိုမှ ဖုံးကွယ်ထားနိုင်ခြင်းမျိုး လုံးဝ မရှိကြပေ။
၎င်းအစား သူမထံမှ ထွက်ပေါ်နေသော ရဲရင့်ပြတ်သားလှသည့် စစ်သူရဲကောင်းတစ်ဦးအလား ထူးခြားလှတဲ့ အရှိန်အဝါကြီးကိုသာ ပို၍ သိသာထင်ရှားစွာ ပုံဖော်ပေးနေခဲ့ခြင်း ဖြစ်ပေသည်။
"ဘာမှ စိုးရိမ်မနေနဲ့ ရန်သူတွေ လာခဲ့မယ်ဆိုရင်တော့ ငါတို့ဖက်ကလည်း အပြတ်အသတ် ပြန်ပြီးတော့ ချေမှုန်းပစ်ကြရုံပဲ ရှိတာပေါ့"
ဝမ်ကွေ့ရှင်းပင်ဖြစ်၏။
၎င်းတို့ ရှင်ကျန်သူ အဖွဲ့သားအားလုံး၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော တိုက်ခိုက်ရေး ဘုရင်မကြီး သို့မဟုတ် ဧကရီကြီး ကိုယ်တိုင်
ယခုအချိန်တွင် ဤဖက်နယ်မြေဆီသို့ အောင်မြင်စွာ အပြည့်အဝ တယ်လီပို့လုပ်လျက် ရောက်ရှိလာခဲ့ချေပြီ။
နှစ်ဖက်စလုံးက လူအားလုံးမှာ တစ်ဦးကိုတစ်ဦး မျက်လုံးချင်း တိုက်ရိုက်ပင် လှမ်း၍ မြင်တွေ့လိုက်ကြရပေသည်။
"သူတို့တွေ တကယ်ကြီး ရောက်လာကြပြီ"
လီဝမ်ရှီးသည် စိတ်ထဲ၌ အလွန်ပင် ဝမ်းသာအားရဖြစ်စွာဖြင့် အော်ဟစ်လိုက်မိပြီး "အစ်မကွေ့ရှင်းပါ ရောက်လာခဲ့ပြီဆိုမှတော့ ငါတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကလည်း အဆပေါင်းများစွာ တိုးသွားပြီ" ဟု ဆိုလိုက်၏။
"ကြည့်ရတာ ဒီဖက်ကို ကူးလာတဲ့သူက သုံးယောက်တည်းပဲ ထင်တယ်"
ကျိချောင်းယန်က လေးနက်တည်ကြည်လှသော လေသံဖြင့် ဝင်၍ စကားဆိုလိုက်ပေသည်။
"ဒါလည်းအဆင်ပြေပါတယ်"
ရွှီရှင်းကတော့ ဤကိစ္စရပ်အပေါ် ကြီးမားလှသော စိုးရိမ်ပူပန်မှုမျိုး လုံးဝ ရှိမနေခဲ့ဘဲ
"ချင်ယွန်လုံနဲ့ သူရဲ့ အဖွဲ့သားတွေဆိုတာက အခြေခံအားဖြင့် ရေအောက်ကမ္ဘာ အခြေအနေတွေကိုပဲ အဓိက ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ကြတဲ့သူတွေ မဟုတ်လား၊ မြေပြင်ပေါ်က တိုက်ပွဲတွေမှာဆိုရင်တော့ သူတို့က သာမန်ရှင်ကျန်သူတွေနဲ့ ဘာမှ ကြီးကြီးမားမား ကွဲပြားခြားနားလှတာမျိုး လုံးဝ မရှိကြပါဘူး။ ဒါကြောင့်မို့လို့ သူတို့ကို ဒီနေရာဆီကို အပင်ပန်းခံပြီး ခေါ်လာခဲ့မယ်ဆိုရင်တောင်မှ ငါတို့ရဲ့ လက်ရှိတိုက်ပွဲအတွက် အကူအညီ ဘယ်လိုမှ ပေးနိုင်ကြမှာ မဟုတ်ဘူး" ဟု ဆိုလိုက်ပေသည်။
...
"ဟင်... ရွှီရှင်းက တကယ်ကြီး ချောတာပါလား။"
ဖြစ်နိုင်တာက မိမိ၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းရည်အပေါ် ရာနှုန်းပြည့် အကြွင်းမဲ့ ယုံကြည်ချက်များ ပြည့်နှက်နေခဲ့ခြင်းကြောင့်လား မသိပါချေ။
ဝမ်ကွေ့ရှင်းသည် ဘေးပတ်ဝန်းကျင်၌ ဖြည်းဖြည်းချင်း တိုးကပ်လာနေကြဆဲဖြစ်သော ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီး၏ ကိစ္စအပေါ် စိတ်ထဲ၌ ထိတ်လန့်မှုမျိုး လုံးဝ ရှိမနေခဲ့ပါပေ။
သူမသည် မီတာရာဂဏန်းခန့် ဝေးကွာလှသော ဧရာမမြေကျင်းကြီး၏ အစွန်းဆုံး ချောက်ကမ်းပါးနေရာရှိရာဆီသို့ တိုက်ရိုက်ပင် စူးစိုက်ကြည့်ပြီး မျက်လုံးအစုံကို ပြူးကျယ်လျက် "ဝါး... ဒါကြောင့်မို့လို့လည်း ဝမ်ရှီးလေးတစ်ယောက် သူ့အပေါ်မှာ ဒီလောက်အထိ စိတ်တွေ နစ်သွားခဲ့ရတာ ဖြစ်ရမယ်" ဟု စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပေသည်။
ဝမ်လေ့သည် မိမိတို့၏ ဘေးပတ်ဝန်းကျင်ဆီသို့ တဖြည်းဖြည်းချင်း တိုးကပ်လာနေကြပြီဖြစ်သော ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများ၏ အခြေအနေကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ပြီး ခန္ဓာကိုယ်ကိုပါ အနောက်ဘက်ဆီသို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်လည်ဆုတ်ခွာလိုက်မိပေသည်။
သို့သော်လည်း မိမိ၏ အနောက်တည့်တည့်၌ ဝမ်ကွေ့ရှင်း မတ်တပ်ရပ်နေဆဲဖြစ်ကြောင်းကို သိနေခဲ့သဖြင့် အကယ်လို့ သူ အနောက်သို့ ဆက်လက်ဆုတ်ခွာရင်း သူမ၏ ခန္ဓာကိုယ်အား မသိမသာ သွားရောက်တိုက်မိမိသွားခဲ့မယ်ဆိုရင်တော့ သူကိုယ်တိုင်လည်း တကယ့်ကို ကြီးမားလှတဲ့ ပြဿနာဆိုးကြီးနဲ့ သေချာပေါက် တိုက်ရိုက် ရင်ဆိုင်သွားရနိုင်ချေ ရှိပေသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် အနောက်သို့ ဆက်လက်ဆုတ်ခွာရန်အတွက်လည်း မလွယ်ကူလှသလို နေရာ၌တင် ငြိမ်သက်စွာ ရပ်တန့်နေရန်အတွက်လည်း တကယ့်ကို မသင့်တော်လှချေ။
"ဟာ... အစ်မကြီးရေ၊ လက်ရှိ မြေပြင် အခြေအနေက အန္တရာယ်များနေတာနော် သူ့ရဲ့ ရုပ်ရည်ကို ဒီနေရာမှာ လာပြီးတော့ အလန့်တကြား ချီးမွမ်းမနေပါနဲ့ဦး။ ဒီကျောက်ဆစ်ရုပ်တုကြီးတွေက အခု ငါတို့ဆီကို တဖြည်းဖြည်း ပိုပြီးတိုးကပ်လာနေကြပြီ မဟုတ်လား"
အမှန်ပင် မူလက ရွှီရှင်းတို့အဖွဲ့ ရှိနေကြသော နေရာဆီသို့ ဖြည်းဖြည်းချင်း မျက်နှာမူလျက် စတင်လှုပ်ရှားရန် ပြင်ဆင်နေခဲ့ကြသော ထိုကျောက်ဆစ်ရုပ်တုကြီး အားလုံးမှာမူ ယခုအခါတွင် ၎င်းတို့နှင့် ပို၍ နီးကပ်လှသော နေရာ၌ ရောက်ရှိနေကြပြီဖြစ်သည့် ဝမ်ကွေ့ရှင်းနှင့် သူမ၏ အဖွဲ့သားများ ရှိနေကြသော နေရာဆီသို့ ချက်ချင်းပင် လမ်းကြောင်းများ ပြောင်းလဲလိုက်ကြပြီး ၎င်းတို့ဆီသို့ စတင်၍ တိုးဝင်လာခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းတို့အုပ်စုသည် ဤကျောက်ဆစ်ရုပ်တုကြီးများ၏ တိုက်ရိုက် ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
"ဒီကောင်တွေက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးတွေ ဟုတ်လား။"
ဝမ်ကွေ့ရှင်းသည် မျက်မှောင်ကြီးကို အနည်းငယ် တွန့်ချိုးလိုက်မိပေသည်။
သူမအနေဖြင့် တကယ့်မြေပြင်က ဗီဇပြောင်းသတ္တဝါဆိုးကြီးများနှင့် လူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရမည့် ကိစ္စအပေါ် စိတ်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုမျိုး လုံးဝ ရှိနေလိမ့်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သော်လည်း လက်ရှိ ရှေ့က ဤကဲ့သို့ ထူးဆန်းလှသည့် ကျောက်ဆစ်ရုပ်တုကြီးများနှင့် ရင်ဆိုင်လိုက်ရသည့် အခါ၌မူ စိတ်ထဲ၌ မသိမသာသော စိတ်အနှောင့်အယှက်ဖြစ်မှု အချို့ကိုတော့ သေချာပေါက် ခံစားလိုက်ရရှာပေသည်။
ဤကျောက်ဆစ်ရုပ်တုကြီးများကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် ခဏ၌ပင် သူမ၏ စိတ်ထဲ၌ ပထမဆုံးအဖြစ် ထွက်ပေါ်လာခဲ့သော စူးစမ်းလိုစိတ် မေးခွန်းထုတ်စရာ အချက်မှာမူ မိမိ ပိုင်ဆိုင်ထားသော ထိုစိတ်ဝိဉာဉ် အဆိပ်အတောက် စွမ်းရည်များသည် ဤကျောက်ဆစ်ရုပ်တုကြီးများအပေါ်၌လည်း အမှန်အကန် အကျိုးသက်ရောက်မှု ရှိနေနိုင်မလားဆိုသည့် အချက်ပင် ဖြစ်၏။
အကယ်၍သာ မိမိ၏ စိတ်ဝိဉာဉ် အဆိပ်အတောက် စွမ်းရည်များသည် ဤရုပ်တုကြီးများအပေါ်၌ သက်ရောက်မှု ရှိမနေခဲ့ဘူးဆိုဦးတော့ ခန္ဓာကိုယ်၏ အခြေခံခွန်အား ပမာဏတစ်ခုတည်းကိုသာ သီးသန့် အသုံးချလိုက်ခြင်းဖြင့် ဤမျှအထိ အရေအတွက် များပြားလှသော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးတစ်ခုလုံးကို အပြတ်အသတ် ခြေမှုန်းပစ်ရမည့် ကိစ္စမှာ ဘယ်လိုမှ လွယ်ကူလိမ့်မည် မဟုတ်ပါချေ။
ထိုအချိန် သူမ၏ လက်ပတ်နာရီမှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြန်ချေပြီ။
သူမသည် မိမိ၏ လက်ကို မြှင့်လျက် လှမ်း၍ စစ်ဆေးကြည့်ရှုလိုက်မိရာ ၎င်းမှာ မီတာရာဂန်းခန့် ဝေးကွာလှသော နေရာက ရွှီရှင်းထံမှနေ၍ မိမိဆီသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလာခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် မိမိ၏ ခေါင်းကို အသာအယာ မော့လျက် အဝေးဆီသို့ လှမ်းကြည့်လိုက်မိရာ ၎င်းနေရာ၌မူ လီဝမ်ရှီးသည် မိမိရှိရာ အရပ်ဆီသို့ လက်ကလေးကို အဆက်မပြတ် ဝှေ့ယမ်းပြနေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသော်လည်း သူမသည်လည်း ပတ်ဝန်းကျင်က ရုပ်တုကြီးများကို သွားရောက်နှိုးဆော်မိမှာ စိုးရိမ်ပုံရသဖြင့် အပြင်သို့ မည်သည့်အော်ဟစ်သံမျိုးမျှ ထုတ်ဖော်ပြောဆိုရန် လုံးဝ မဝံ့ရဲရှာပေ။
သူမသည် ဖုန်းခေါ်ဆိုမှုကို ချက်ချင်းပင် လက်ခံလိုက်၏။
"နင်တို့ အဲ့ဒီနေရာကနေပြီးတော့ ငါတို့ရှိရာဆီကို အမြန်ဆုံး ဆုတ်လာခဲ့ကြ။ လက်ရှိအချိန်မှာကျောက်ဆစ်ရုပ်တု အားလုံးက နင်တို့ဆီ စပြီးတော့ လာနေကြပြီဆိုပေမယ့် နင်တို့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကိုတော့ အပြည့်အဝ ပိတ်ဆို့ထားနိုင်တာမျိုး လုံးဝ မရှိသေးဘူး။ ဒါကြောင့်မို့လို့ ရုပ်တုကြီးတွေ လုံးဝ မရှိသေးတဲ့ လမ်းကြောင်းကတစ်ဆင့် ငါတို့ရှိတဲ့ ချောက်ကမ်းပါးနေရာကို အမြန်ဆုံး ပြေးလာခဲ့ကြပါ။ ဧရာမရှူးပျံရုပ်တုကြီးနှစ်ခုရဲ့ ဘေးပတ်ဝန်းကျင်ဆိုတာက အန္တရာယ်များတဲ့နေရာ ဖြစ်လို့ပါ၊ ပြီးတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ အခြေခံခွန်အား ပမာဏက သေချာပေါက် အဆင့်မြင့် ဗီဇပြောင်းသတ္တဝါကြီးတွေထက် လုံးဝ အားနည်းမှာမဟုတ်ဘူး"
၎င်းတို့၏ ဘေးပတ်ဝန်းကျင် အနှံ့အပြားတွင်မူ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီး အားလုံးမှာ ၎င်းတို့၏ စူးစိုက်မှု အားလုံးကို ဝမ်ကွေ့ရှင်းနှင့် ဝမ်လေ့တို့ ရှိနေကြသော နေရာဆီသို့ တိုက်ရိုက်ပင် အပြည့်အဝ ပြောင်းလဲလိုက်ကြပြီ ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် မြေပြင်ပေါ်မှနေ၍ လေထုထဲသို့ အရှိန်ဖြင့် ပျံတက်ရန်အတွက် အသင့်ပြင်ဆင်ထားခဲ့ကြသော ထိုဧရာမရှူးပျံရုပ်တုကြီး နှစ်ခုစလုံးမှာမူ လောလောဆယ် ထူးခြားသော လှုပ်ရှားမှုကို ထပ်၍ ထုတ်ဖော်ပြသခြင်း လုံးဝ မရှိကြသေးပါပေ။
"ခဏလောက် စောင့်ပေးဦး၊ ငါ ဒီနေရာက အခြေအနေတစ်ခုကို အရင်ဆုံး သေသေချာချာ အတည်ပြုပါရစေဦး။"
ဝမ်ကွေ့ရှင်းသည် မိမိ၏ ခေါင်းကို မော့လျက် ဘေးနားက ထိုဧရာမရှူးပျံရုပ်တုကြီးရှိရာဆီသို့ လှမ်းကြည့်လိုက်ပြီး "နင်က ဒီကောင်ကြီးတွေရဲ့ ခွန်အားက အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေနဲ့ အဆင့်အတန်း တူတယ်လို့ ဆိုချင်တာလား" ဟု ဆိုလိုက်၏။
သူမသည် ရှေ့မျက်နှာစာဆီသို့ ခြေလှမ်းနှစ်လှမ်းခန့် သတိကြီးစွာဖြင့် တိုးကပ်သွားခဲ့မိပြီး မိမိ၏ လက်ကို ဆန့်ထုတ်လျက် မြေပြင်ပေါ်၌ ပြင်းထန်စွာ အားပြုထားဆဲဖြစ်သော ထိုဧရာမရှူးပျံရုပ်တုကြီး၏ ရှေ့ခြေတစ်ဖက်ပေါ်သို့ တိုက်ရိုက်ပင် အသာအယာ တို့ထိလိုက်မိကာ နှုတ်မှလည်း တိုးညှင်းလှသော လေသံလေးဖြင့် "ကျောက်ဆစ် ရှူးပျံရုပ်တုကြီး..." ဟု ရေရွတ်လိုက်မိပေသည်။
"နင်... နင်ကတော့ တကယ်ပဲ..."
အခန်း ( ၅၂၀ ပြီး။