← Chapters

အခန်း ၅၂၄

Vol. 35 Ch. 524

အခန်း ၅၂၄

Vol. 35 Ch. 524

အခန်း ( ၅၂၄ - တိတ်တဆိတ် ကိုယ်ယောင်ဖျောက်ခြင်း ၂

လီဝမ်ရှီးသည် ထိုစဉ်က ရေငတ်နေခဲ့ခြင်းဖြစ်သဖြင့် ကျောပိုးအိတ်အတွင်းမှ ရေသန့်ဘူးတစ်ဘူးကို ဆွဲထုတ်ကာ အားရပါးရ မော့သောက်ရန် ပြင်လိုက်သည့် အချိန်တွင် ကျောက်ရှောင်ချွမ်း၏ အဆင်အခြင်မဲ့လှသည့် နောက်ပြောင်သော စကားလုံးများကို ချက်ချင်း ကြားလိုက်ရ၏။

သူမသည် မိမိ၏ ပါးစပ်အတွင်းက ရေမှန်သမျှကို လေထုထဲသို့ ချက်ချင်းပင် မထိန်းနိုင်ဘဲ တိုက်ရိုက် မှုတ်ထုတ်လိုက်ရ၏။

"အဟွတ်... အဟွတ်... နင်... နင်က လက်ရှိ အချိန်မှာ ဘာကိစ္စတွေကို လျှောက်ပြီးတော့ ပြောနေရတာလဲ" ဟု ဆိုကာ ပြင်းထန်စွာ ချောင်းဆိုးရှာပေသည်။

သူမ၏ ဘေးပတ်ဝန်းကျင်၌ ရှိနေကြသော အခြားသော သူများအားလုံးမှာမူ ၎င်းမြင်ကွင်းကြောင့် စိတ်ထဲ၌ မထိန်းနိုင်ဘဲ အားရပါးရ ပြိုင်တူ ရယ်မောမိလိုက်ကြပေသည်။

ရွှီရှင်းကိုယ်တိုင်လည်း ၎င်းကိစ္စအပေါ် မတတ်သာလှစွာဖြင့် မိမိ၏ခေါင်းကိုသာ ဘေးသို့ အသာအယာ ခါယမ်းလိုက်မိ၏။

ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးကြီးအထက်၌ မှီကပ်နေရင်း ခေါင်းလေးကို အနည်းငယ် စောင်းလိုက်မိပြီး ၎င်းနောက် မိမိ၏ ခေါင်းလေးကို ဖြည်းဖြည်းချင်း လှည့်လိုက်ကာ မြေပြင်ပေါ်၌ ရှိနေဆဲဖြစ်သော ထိုအေးစက်လှသည့် သံတံခါးကြီးရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်၏။

မျက်တောင်လေးများကို အသာအယာ ခတ်ပြရှာကာ "အီး..." ဟု မေးမြန်းလိုက်ပေသည်။

"ဒါဆိုရင်... မင်းအနေနဲ့ ဒီပြဿနာကို ဘေးကင်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို တွေ့သွားခဲ့ပြီလား"

ကျိချောင်းယန်က ဘေးမှနေ၍ တည်ကြည်လှသော လေသံဖြင့် လှမ်း၍ မေးလိုက်ပေသည်။

ရွှီရှင်းသည် မိမိ၏ ညာဘက်လက်ကောက်ဝတ်ပေါ်၌ ဝတ်ဆင်ထားဆဲဖြစ်သော ထိုအာကာသလက်ကောက်ကြီးကို အပေါ်သို့ မြှောက်ပြလိုက်ပြီး "ငါတို့တွေ ဒီအာကာသလက်ကောက်ကြီးရဲ့ ထူးခြားတဲ့ အာကာသနယ်ပယ် စွမ်းဆောင်ရည်ရယ်၊ ဒါတင်မကသေးဘဲ ကျောက်ရှောင်ချွမ်းရဲ့ အထူးစွမ်းရည်ကိုပါ စနစ်တကျ ပေါင်းစပ်ပြီး အပြည့်အဝ အသုံးချကြရုံပဲ ရှိတာပေါ့" ဟု ဆိုလိုက်ပေသည်။

[ရှေ့အပိုင်းတွေက အာကသလက်စွပ်လို့ပဲရေးထားပေမယ့် နောက်ပိုင်း မူရင်းမှာ အာကာသလက်ကောက် လို့ပြောင်းသုံးထားတာကြောင့် ပြောင်းဖတ်ပေးကြပါဗျ]

ကျိချောင်းယန်သည် မိမိ၏ မျက်လုံးကို အနည်းငယ် ပင့်လိုက်ပြီးနောက် ရွှီရှင်း၏ စိတ်ထဲက အစီအစဉ်တစ်ခုလုံးကို တစ်ခဏချင်းအတွင်းမှာတင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သဖြင့် မျက်နှာတွင် တကယ့်ကို စိတ်အေးသွားသော အပြုံးတစ်ခု ပေါ်လာရင်း ခေါင်းညိတ်ပြလိုက်မိကာ "ကြည့်ရတာဒီနည်းလမ်းက တကယ်အောင်မြင်နိုင်ချေ ရှိလိမ့်မယ်လို့ ထင်တယ်" ဟု ဆိုလိုက်ပေသည်။

"ဘာတွေပြောနေကြတာလဲ။ ဘာအစီအစဉ်က အောင်မြင်အောင် လုပ်ဆောင်နိုင်မှာလဲ"

ကျောက်ရှောင်ချွမ်းကတော့ စိတ်ထဲ၌ ဇဝေဇဝါဖြစ်လျက် ရှိနေဆဲ ဖြစ်ပြီး "မင်းတို့တွေ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကိုပဲ အားကိုးကြမယ် ဟုတ်လား။ ဒါနဲ့... မင်းရဲ့ လက်ကောက်ဝတ်ပေါ်က အာကာသလက်ကောက်ကြီးကရော လက်ရှိ အခြေအနေနဲ့ ဘာတွေ ဆက်စပ်မှု ရှိနေလို့လဲ" ဟု မေးမြန်းလိုက်၏။

"အား... ငါ သဘောပေါက်သွားပြီ"

လီဝမ်ရှီးသည် ယခင်က ထိုအာကာသလက်ကောက်ကြီး၏ အတွင်းပိုင်း အာကာသနယ်ပယ်ထဲသို့ လူကိုယ်တိုင် ဝင်ရောက်ဖူးခဲ့သည့် အတွေ့အကြုံများစွာ ရှိနေခဲ့ပြီးသား ဖြစ်ပေသည်။

ထို့ကြောင့် သူမသည် ရွှီရှင်း၏ စကားများကို ကြားလိုက်ရသည့် ခဏအတွင်းမှာတင် သူ၏ အဓိက ရည်ရွယ်ချက် အားလုံးကို ချက်ချင်းပင်သဘောပေါက်သွားခဲ့ရ ခြင်းဖြစ်၏။

သူမ၏ လက်ဝါးလေးနှစ်ဖက်ကို အားရပါးရ ပြိုင်တူ တီးလိုက်မိပြီး စိတ်ထဲ၌ တကယ့်ကို အလွန်စိတ်လှုပ်ရှားစွာဖြင့် "တကယ်လို့ ဒီနည်းလမ်းအတိုင်းသာ သေသေချာချာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ငါတို့တွေ ရှေ့က ဒီကျောက်ဆစ်ရုပ်တုကြီး အားလုံးကို ပင်ပန်းခံပြီးတော့ ဖျက်ဆီးပစ်စရာ လုံးဝ မလိုတော့ဘူး၊ ဒါတင်မကသေးဘဲ နောက်ပိုင်းကျ ငါတို့နယ်မြေအချင်းချင်းကြား အပြန်အလှန် တယ်လီပို့လုပ်ပြီး သွားလာဆက်သွယ်ကြမယ့် ကိစ္စတွေအပေါ်မှာလည်း ထိခိုက်တာမျိုး သေချာပေါက် ပေါ်လာတော့မှာမဟုတ်ဘူး" ဟု ဆိုလိုက်၏။

ဘေးပတ်ဝန်းကျင်၌ ရှိနေကြသော အခြား အဖွဲ့သားအားလုံးမှာမူ လက်ရှိအချိန်အထိ ဇဝေဇဝါဖြစ်လျက် ရှိနေကြဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ရွှီရှင်းသည် မိမိ၏ လက်ကောက်ပေါ်က ထူးခြားသော အာကာသသိမ်းဆည်းခြင်း အထူးစွမ်းရည်များ အားလုံးကို လူတိုင်းအား တိကျစွာ ရှင်းပြလိုက်၏။

မိမိ၏ စိတ်ထဲက အဓိက စစ်ဆင်ရေး အစီအစဉ်ကြီးကိုပါ တစ်ပါးတည်း ဖွင့်ဟပြောဆိုလိုက်တော့သည်။

သူ၏ အဓိက စစ်ဆင်ရေး အစီအစဉ်ဆိုသည်မှာ ရွှီရှင်းကိုယ်တိုင်က သူ၏ ဤအာကာသလက်ကောက်ကြီးအတွင်းက အာကာသနယ်ပယ်ထဲသို့ အရင်ဆုံး ဝင်ရောက်လျက် ငြိမ်သက်စွာ ခိုအောင်းနေခဲ့ရန် ဖြစ်ပေသည်။

၎င်းနောက် ကျောက်ရှောင်ချွမ်းကိုယ်တိုင်က ၎င်းအာကာသလက်ကောက်ကြီးကို သူ၏ လက်တွင် စနစ်တကျ ဝတ်ဆင်ထားခဲ့ရမည် ဖြစ်ပြီး သူ၏ ထူးခြားလှသော ကိုယ်ယောင်ဖျောက်ခြင်း အထူးစွမ်းရည်ကို အပြည့်အဝ အသက်သွင်းကာ ထိုပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးများ၏ သတိပြုခြင်းမှ ရှောင်တိမ်းလျက် အလယ်က ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းပိုင်းဆီကို တိတ်တဆိတ် ခိုးဝင်သွားရန် ဖြစ်ပေသည်။

၎င်းနောက် တယ်လီပို့စနစ်ကြီးကို အသုံးပြုလျက် တစ်ဖက်နယ်မြေဆီသို့ ကူးပြောင်းသွားရန် ဖြစ်ပေသည်။

သူသည် လွန်ခဲ့သည့်ခဏတုန်းကတင်ပဲ ကျောက်ရှောင်ချွမ်း ပိုင်ဆိုင်ထားသော ထိုကိုယ်ယောင်ဖျောက်ခြင်း အထူးစွမ်းရည်၏ အစွမ်းထက်မှုကို လူကိုယ်တိုင် သေသေချာချာ မြင်တွေ့စစ်ဆေးခဲ့ဖူးပြီးသား ဖြစ်ပေသည်။

သူ့အနေဖြင့် ထိုအထူးစွမ်းရည်ကို အပြည့်အဝ အသက်သွင်းထားဆဲ အချိန်အပိုင်းအတွင်း၌မူ သူ၏ ခန္ဓာကိုယ် တည်ရှိမှု အရှိန်အဝါမှန်သမျှမှာ ပတ်ဝန်းကျင်က မည်သူ့အတွက်မဆိုလုံးဝ ကွယ်ပျောက်နေခဲ့ခြင်း ဖြစ်ပေသည် မဟုတ်ပါလား။

ဒါတင်မကသေးဘဲ ရွှီရှင်း၏ ကျောပိုးအိတ်အတွင်း၌မူ လက်ရှိအချိန်အထိ တယ်လီပို့ တည်နေရာကူးစက်တစ်ခု ကျန်ရှိနေသေးခြင်း ဖြစ်ပေသည်။

တစ်ဖက်နယ်မြေဆီသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီဆိုသည်နှင့်တစ်ပြိုင်နက် ၎င်းတယ်လီပို့စနစ်ကြီးနှင့် အနီးဆုံး ဖြစ်နေသော ဝမ်ကွေ့ရှင်း၏ သစ်ပင်အိမ်ရှိရာ နယ်မြေ၏ ဘေးနား၌ ၎င်းတည်နေရာကူးပြောင်းစက် ကို စနစ်တကျ ချထားလိုက်ရုံမျှသာ ရှိတော့ပေသည်။

ပြီးနောက် ၎င်းစက်ကို အပြည့်အဝ အသက်သွင်းလိုက်မည်ဆိုပါက နှစ်ဖက်စလုံးက သစ်ပင်အိမ်များကြား၌ ဤစက်မှတစ်ဆင့် ဘေးကင်းချောမွေ့လှသော ကိုယ်ပိုင်တယ်လီပို့ လမ်းကြောင်းအသစ်တစ်ခုကို အလွယ်တကူ ထပ်မံ တည်ဆောက်နိုင်လိမ့်မည် ဖြစ်ပေသည်။

၎င်းလမ်းကြောင်းကြီးကိုသာ အောင်မြင်အောင် တည်ဆောက် ပြီးသွားခဲ့ပါက ၎င်းတို့အနေဖြင့် ဤစက်ကို တိုက်ရိုက် အသုံးပြုလျက် နှစ်ဖက်စလုံးကြား၌ အပြန်အလှန် တယ်လီပို့လုပ်ကာ စိတ်ကြိုက် လွတ်လပ်စွာ ဆက်သွယ်သွားလာနိုင်ကြတော့မည် ဖြစ်ပေသည်။

ဤသို့ဆိုလျှင်မူ ၎င်းတို့အနေဖြင့် လက်ရှိအချိန်၌ တယ်လီပို့စနစ်ကြီး၏ ဘေးပတ်ဝန်းကျင်၌ စနစ်တကျ ပိတ်ဆို့ထားကြဆဲဖြစ်သော ထိုအလယ်အလတ်အဆင့် ကျောက်ဆစ်ရုပ်တုအုပ်စုကြီးတစ်ခုလုံးကို အပင်ပန်းခံကာ ဝင်ရောက်ချေမှုန်းနေဖို့ လုံးဝ လိုအပ်တော့မည် မဟုတ်ပါချေ။

မည်သို့ပင်ဆိုစေ ၎င်းတို့ ပိုင်ဆိုင်ထားတဲ့ လက်တွေ့မြေပြင် တိုက်ခိုက်ရေး ခွန်အား ပမာဏက အလွန်ပြင်းထန်လွန်းလှသဖြင့် ၎င်းတို့ကို ခြေမှုန်းရမည့် ကိစ္စကြီးကိုနောက်ပိုင်း ရေရှည်စီမံကိန်းကြီးတစ်ခုအဖြစ်သာ သီးသန့် သတ်မှတ်လျက် ဖြည်းဖြည်းချင်း ဖြေရှင်းသွားရုံပဲ ရှိတော့ပေသည်။

ဤပြောင်မြောက်လှသော စစ်ဆင်ရေး အစီအစဉ်ကောင်းကြီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်အတွက်မူ သေချာပေါက် ရွှီရှင်းနှင့် ကျောက်ရှောင်ချွမ်းတို့ နှစ်ဦးစလုံး၏ ပူးပေါင်းလုပ်ဆောင်မှုများအပြင် ယခုတစ်ကြိမ် အသစ်ရရှိထားခဲ့သော ဤအာကာသလက်ကောက်ကြီး၏ ထူးခြားလှသော အာကာသနယ်ပယ် စွမ်းဆောင်ရည်ကိုပါ စနစ်တကျ တွဲဖက်အသုံးပြုနိုင်မှသာ လျှင် သေချာပေါက် ဖြစ်ပေါ်လာနိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။

"နင်ပြောတဲ့ သဘောတရားက တကယ်ပဲယုတ္တိရှိပါတယ်"

ကျောက်ရှောင်ချွမ်းသည်လည်း ၎င်းစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ စိတ်ထဲ၌ ခဏအတွင်း အပြည့်အဝ သဘောပေါက်သွားခဲ့ရပြီ ဖြစ်သည်။

ရွှီရှင်း၏ လက်ကောက်ဝတ်ပေါ်၌ ဝတ်ထားသော ထိုအာကာသလက်ကောက်ကြီးရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်မိရင်း

"ဒီအာကာသလက်ကောက်ကြီးက ဒီလောက်အထိ ထူးခြားတဲ့ အာကာသနယ်ပယ် စွမ်းဆောင်ရည်မျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ်ကြီး မထင်ထားမိခဲ့ဘူး" ဟု အံ့ဩတကြီး ဆိုလိုက်ပေသည်။

"ငါ့အနေနဲ့ကတော့ ဒီအစီအစဉ်က တကယ် ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထောက်ခံပေးချင်ပါတယ်။"

ဝမ်ကွေ့ရှင်းသည်လည်း ဤစစ်ဆင်ရေး အစီအစဉ်အပေါ် စိတ်ထဲကနေ ရာနှုန်းပြည့် အပြည့်အဝ ထောက်ခံအားပေးနေခဲ့ခြင်း ဖြစ်ပြီး "အဲ့ဖက်နယ်မြေက တယ်လီပို့စနစ်ကြီးနဲ့ အနီးဆုံးဖြစ်တဲ့ သစ်ပင်အိမ်ဆိုလို့ ငါပိုင်တဲ့ သစ်ပင်အိမ်တစ်လုံးတည်း ရှိတာ။ အဲ့တာကြောင့် နင့်အနေနဲ့ တယ်လီပို့ အမှတ်အသား သင်္ကေတကိုငါ့ရဲ့ သစ်ပင်အိမ်နယ်မြေမှာပဲ စိတ်ကြိုက် ချထားလိုက်ပေါ့။ အဲ့တာဆို ငါလည်း မကြာခင်မှာ နင်တို့အားလုံးနဲ့ အိမ်နီးနားချင်းဖြစ်သွားတော့မှာပေါ့" ဟု ဆိုလိုက်ပေသည်။

သူမ၏ ဘေးပတ်ဝန်းကျင်၌ ရှိနေကြသော အခြား အဖွဲ့သားများအားလုံးထံ၌လည်း ကန့်ကွက်လိုသည့် ဆန္ဒမျိုး လုံးဝ ရှိမနေခဲ့ကြချေ။

လူတိုင်းက ဤကဲ့သို့သော နည်းလမ်းကြီးက အလွန်ဘေးကင်းချောမွေ့လှသော ထိပ်တန်း အစီအစဉ်ကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု ပြိုင်တူ တွက်ချက်လိုက်ကြမိပေသည်။

နောက်ဆုံးတွင်မူ ၎င်းတို့အဖွဲ့သား အားလုံးသည် ဤကိစ္စအတွက် အားလုံး အတူတူ လှုပ်ရှားသွားလာနေဖို့ လုံးဝ မလိုအပ်ပါကြောင်းအပြီးတိုင် ဆုံးဖြတ်လိုက်ကြတော့သည်။

ကျောက်ရှောင်ချွမ်းတစ်ဦးတည်းကသာ ရွှီရှင်းအား အာကာသလက်ကောက်အတွင်းသို့ ထည့်သွင်းလျက် တစ်ဖက်နယ်မြေဆီသို့ ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ဆောင်သွားရုံသာ ရှိတော့မည်ဖြစ်ပြီး အခြား အဖွဲ့သားများအားလုံးမှာမူ ရွှီရှင်း၏ သစ်ပင်အိမ် ရှိရာ နယ်မြေ၌ ဆက်လက်စောင့်ဆိုင်းနေခဲ့ကြရန် ဖြစ်ပေသည်။

"ငါကတော့ အဲ့ဒီဖက်နယ်မြေဆီကို လောလောဆယ် ပြန်တော့ မသွားသေးပါဘူး၊ ငါကိုယ်တိုင်လည်း ဒီဖက်နယ်မြေကိုအခုတင်ပဲ ပင်ပန်းခံ ကူးပြောင်းလာတာကို။"

ဝမ်ကွေ့ရှင်းသည် လက်ဝါးကို လေထုထဲ၌ အသာအယာ ဝှေ့ယမ်းပြလိုက်ပေသည်။

၎င်းတို့အနေဖြင့် ကူးပြောင်းစက်ကို သူမ၏ သစ်ပင်အိမ် နယ်မြေ၌သာ ထားကြတော့မည် ဖြစ်သည်မှာ မှန်သော်လည်း သူမကိုယ်တိုင်ကတော့ တစ်ဖက်နယ်မြေဆီသို့ လောလောဆယ် ချက်ချင်း ပြန်ထွက်ခွာသွားရန်အတွက် စိတ်ထဲ၌ လုံးဝ ဆန္ဒရှိမနေခဲ့သောကြောင့် ဖြစ်ပေသည်။

သူမသည် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ နှစ်ဦးစလုံး ပိုင်ဆိုင်ထားကြသည့် ထိုခရမ်းရောင်အဆင့်ရှိသော အဆင့်မြင့် သစ်ပင်အိမ်ကြီးများ၏ အခြေအနေများကို လူကိုယ်တိုင် သေသေချာချာ မြင်တွေ့စစ်ဆေးကြည့်ချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်မိနေခြင်း ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ သူမတို့ ငါးဦးစလုံး ပိုင်ဆိုင်ထားကြသည့် သစ်ပင်အိမ်များ၏ အဆင့်အတန်းမှာမူ လက်ရှိအချိန်အထိ အပြာရောင်အဆင့် အခြေအနေအတွင်း၌သာ ရှိနေကြသေးခြင်း ဖြစ်သဖြင့် သူမကိုယ်တိုင်လည်း ဤမျှအထိ ကြီးမားလှသော ခရမ်းရောင်အဆင့်ရှိ ထိပ်တန်း သစ်ပင်အိမ်ကြီးမျိုးကို ယခင်က တစ်ကြိမ်မှ လူကိုယ်တိုင် မြင်တွေ့ဖူးခြင်းမျိုး လုံးဝမရှိခဲ့ဘူးချေ။

စိတ်ထဲ၌ တကယ့်ကို မနာလိုဖြစ်မှု အချို့ကိုတော့ သေချာပေါက် ခံစားမိနေသောကြောင့် ဖြစ်ပေသည်။

ဒါတင်မကသေးဘဲ သူမ၏ သစ်ပင်အိမ် ရှိရာ နေရာမှာလည်း ၎င်းတယ်လီပို့စနစ်ကြီး ရှိရာ နယ်မြေနေရာနှင့် အလွန် နီးကပ်လွန်းလှသည်မှာ အမှန်ပင်ဖြစ်သဖြင့် ၎င်းတို့အနေဖြင့် ထိုဖက်သို့ တယ်လီပို့လုပ်လျက် ရောက်ရှိသွားခဲ့ပြီဆိုသည်နှင့်တစ်ပြိုင်နက် မိမိ၏ သစ်ပင်အိမ်ကြီးကိုလည်း အလွယ်တကူ တိုက်ရိုက် မြင်တွေ့နိုင်စွမ်း ရှိမည် ဖြစ်သည်။

ကျောက်ရှောင်ချွမ်းကိုယ်တိုင်လည်း ယခင်က ၎င်းနေရာဆီသို့ မကြာခဏ သွားရောက်ဖူးသည့်အတွေ့အကြုံများစွာ ရှိနှင့်နေခဲ့ပြီးသား ဖြစ်သဖြင့် သူမအနေဖြင့် ၎င်းတို့နှစ်ဦးအား လမ်းပြပေးနေဖို့အတွက်လည်း ကြီးကြီးမားမား လိုအပ်ခြင်းမျိုး လုံးဝ ရှိမနေခဲ့ပါပေ။

ရွှီရှင်းသည် မီမီ၊ ငွေရောင်ဘုရင်နှင့် အခြားသော သားရဲကြီးများ အားလုံးကို မိမိ၏ အာကာသလက်ကောက်အတွင်းသို့ ချက်ချင်းပင် တိုက်ရိုက် ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက်၊ ၎င်းလက်ကောက်ကြီးကို ဖြည်းဖြည်းချင်း ချွတ်ကာ ကျောက်ရှောင်ချွမ်း၏ လက်ပေါ်သို့ လွှဲပြောင်းပေးလိုက်တော့၏။

"ဒီနည်းလမ်းက တကယ်ကြီး ဘေးကင်းကင်းနဲ့ အလုပ်လုပ်နိုင်ပါ့မလားဟင်။"

လီဝမ်ရှီးသည် စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်နေမိဆဲ ဖြစ်သဖြင့် "လမ်းမှာ ရုပ်တုကြီးတွေရဲ့ နှောက်ယှက်တာကိုတကယ်ကြီး မခံရနိုင်ဘူးလား" ဟု မေးမြန်းလိုက်၏။

"စိုးရိမ်မနေပါနဲ့ အစ်မဝမ်ရှီးရာ"

ကျောက်ရှောင်ချွမ်းသည် ၎င်းအာကာသလက်ကောက်ကြီးကို မိမိ၏ လက်ထဲတွင် တင်းကြပ်စွာ ကိုင်ထားကာ မျက်နှာတွင် တကယ့်ကို ယုံကြည်မှု ပြည့်နှက်နေလျက် သူ၏ ရင်ဘတ်ကြီးကို လက်ဝါးဖြင့် တဗုန်းဗုန်း မြည်အောင် အားရပါးရ ပုတ်ပြလိုက်၏။

"ငါလည်း ခုနတုန်းက ဒီလိုမျိူးပဲ လုပ်ပြီး ကျောက်ဆစ်ရုပ်တုအုပ်စုကြီးရဲ့ အလယ်ထဲကနေ ဘယ်သူမှ သတိမပြုမိခင် အချိန်အတွင်း အပြင်ဘက်ကို ဘေးကင်းစွာ တွားတက်လာနိုင်ခဲ့တာပဲလေ။ ရန်သူတွေက ငါ့ရဲ့ တည်ရှိမှုကို လုံးဝ မရိပ်မိနိုင်ကြပါဘူး။ ဒါကြောင့်မို့လို့ ငါ့အနေနဲ့ အစ်ကိုရှင်းရဲ့ ခန္ဓာကိုယ်ကို တစ်ဖက်နယ်မြေဆီအန္တရာယ်ကင်းကင်းနဲ့ အရောက်ပို့ဆောင်ပေးနိုင်မယ်လို့ ရာနှုန်းပြည့် အာမခံချက် ပေးနိုင်ပါတယ်" ဟု ဆိုလိုက်ပေသည်။

"ဒါဆိုရင်တော့ နင်တို့နှစ်ယောက်လုံး လမ်းမှာ ကံကောင်းကြပါစေ၊ ငါတို့လည်း နင်တို့နှစ်ယောက်ဆီက သတင်းကောင်းတွေကို စောင့်ရင်း ရွှီရှင်းရဲ့ သစ်ပင်အိမ် မှာပဲ ဆက်ရှိနေပါ့မယ်။"

ဝမ်ကွေ့ရှင်းသည် အဝေးတစ်နေရာတွင် ထင်ရှားစွာ မြင်နေရဆဲဖြစ်သော ခရမ်းရောင်အဆင့် သစ်ပင်အိမ်ကြီးရှိရာဘက်သို့ မျှော်ကြည့်လိုက်၏။

သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ထိုနေရာကို စိုက်ကြည့်ရင်း တိတ်တဆိတ် စကားဆိုလိုက်လေသည်။

ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်ကို ဆန့်ထုတ်ကာ အာကာသလက်ကောက်ကြီးပေါ်သို့ အသာအယာ ထိတွေ့လိုက်၏။ ထိုအခိုက်တွင် လက်ကောက်အတွင်းရှိ အာကာသနယ်ပယ်၏ အလိုအလျောက် သိမ်းဆည်းနိုင်သော အထူးစွမ်းရည်များအားလုံးကို ချက်ချင်း အပြည့်အဝ အသက်သွင်းလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် မူလနေရာမှနေ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် အာကာသလက်ကောက်ကြီး၏ အတွင်းပိုင်း အာကာသနယ်ပယ်အတွင်းသို့ အပြည့်အဝ ဝင်ရောက်ကာ မည်သည့်အနှောင့်အယှက်မှမရှိဘဲ တိတ်တဆိတ် ဝင်ရောက်သွားခဲ့တော့သည်။

"ဝါး... သူက တကယ်ပဲ ခဏအတွင်း လုံးဝ ပျောက်သွားတာလား"

ဝမ်ကွေ့ရှင်းသည် မျက်လုံးကို ပြူးလျက် မယုံကြည်နိုင်မှုများဖြင့် အံ့အားသင့်နေမိသည်။

ထို့နောက် သူက စိတ်ထဲမှ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ဘဲ "ဒီလိုစွမ်းရည်မျိုးကတော့ အပြင်လောကမှာရှိတဲ့ တယ်လီပို့စနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် အဆပေါင်းများစွာ ပိုပြီး ဆန်းကြယ်လွန်းတယ် မဟုတ်လား" ဟု အံ့ဩစွာ ပြောလိုက်လေသည်။

"အီး... အီး"

ခဲခဲလေးကတော့ ရွှီရှင်းနဲ့အတူ အာကာသလက်ကောက်ရဲ့ အတွင်းထဲကို ဝင်သွားလို့မရတာကြောင့် ရွှီရှင်းရဲ့ ပုခုံးပေါ်က မြေပြင်ပေါ်ကို ဘုံးခနဲ ပြုတ်ကျသွားခဲ့၏။

ထို့နောက် သူမသည် မြေပြင်ပေါ်မှ အလျင်အမြန် ပြန်ထကာ မတ်တပ်ရပ်လိုက်ပြီး မျက်နှာပေါ်တွင် အံ့ဩမှုနှင့် နားမလည်နိုင်မှုတို့ ရောနှောနေသော အမူအရာဖြင့် ရပ်နေမိလေသည်။

လီဝမ်ရှီးသည် မြေပြင်ပေါ်က ခဲခဲလေး၏ ခန္ဓာကိုယ်လေးကို မိမိ၏ လက်နှစ်ဖက်ဖြင့် ညင်သာစွာ ကောက်ယူပွေ့ချီလိုက်မိပြီးနောက် "ကဲပါ... ခဲခဲလေးရာ၊ စိတ်ထဲမှာ ထပ်ပြီးတော့ ဇဝေဇဝါဖြစ်မနေပါနဲ့တော့နော်၊ အခုတော့ ငါတို့အားလုံး အတူတူ သစ်ပင်အိမ်စီပဲ အရင်ဆုံး ပြန်နားကြရအောင်။ ရွှီရှင်းလည်း မကြာခင် အချိန်အတွင်း ငါတို့ရဲ့ ဘေးကို ဘေးဘေးကင်းကင်းနဲ့ ချက်ချင်း ပြန်ရောက်လာတော့မှာပါ" ဟု ချော့မော့လိုက်ပေသည်။

"အီး..."

ခဲခဲလေးသည်လည်း စိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားပုံရပြီးခေါင်းလေးကို လီဝမ်ရှီး၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိတ်တဆိတ် မှီကာ ဖွက်ထားလိုက်လေတော့သည်။

အခန်း ( ၅၂၄ ပြီး။

All Chapters