အခန်း (၁၉၆)
Vol. 20 Ch. 196
ညကင်းလှည့်အဖွဲ့ချုပ်သို့ ရောက်ရှိလာသောအခါ လီနန်ခယ့်သည် လိန်ရှင်းနန်နှင့် သူမ၏ လက်အောက်ငယ်သားများဖြစ်သော ဆိုင်ယွဲ့၊ ဆိုင်ယွင်တို့ ခန်းမဆောင်ကြီးအတွင်း စကားပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အစည်းအဝေးတစ်ခုလုပ်နေပုံရ၏။
လီနန်ခယ့်ဝင်လာသည်ကိုမြင်သော် အဝင်ဝနားတွင်ထိုင်နေသော ယုန်မလေးမုန့်က ခပ်မြန်မြန်လက်ယမ်းပြသည်။
"မြန်မြန်ဝင်လာခဲ့"
လီနန်ခယ့် မိန်းကလေး၏ဘေးတွင်ဝင်ထိုင်ကာ နားမလည်စွာမေးလိုက်သည်။
"သူတို့ဘာလုပ်နေကြတာလဲ"
မိန်းကလေးဆီမှသင်းပျံ့နေသော မွှေးချိုလတ်ဆတ်သည့် အနံ့နုနုလေးမှာ သူ့နှာခေါင်းဝတွင် ပြည့်သိပ်မွှေးကြူလာတော့၏။
ယုန်မလေးမုန့်က သူ့မစကတ်အောက်မှ မုန်လာဥနီလတ်လတ်ဆတ်ဆတ်တစ်လုံးကိုထုတ်ပြီး ဂျွတ်ခနဲကိုက်ချလိုက်ပြီး ဆိုသည်။
"အနှစ်ချုပ်သုံးသပ်ချက် အစည်းအဝေးလေ၊ ဒါမျိုး မကြာမကြာကျင်းပလေ့ရှိတယ်။ အဓိကကတော့ အရင်ကဖြစ်ပွားခဲ့တဲ့ အမှုတွေကို ပြန်လည်သုံးသပ်ပြီး အတွေ့အကြုံယူကြတာ၊ နောက်နောင် ဒီလိုအမှားမျိုး ထပ်မမှားအောင်လို့ပေါ့။ သိပြီလား"
စည်းစနစ်ကျလှချည်လား။
လီနန်ခယ့်သည် ဆရာနှင့် ကျောင်းသားအလိမ္မာလေးများအလား တည့်တည့်မတ်မတ်ထိုင်ကာ လိန်ရှင်းနန်၏စကားကို အာရုံစူးစိုက်နေကြသည့် ထိုသူများကိုကြည့်ကာ တိုးတိုးလေးမေးမိသည်။
"အစည်းအဝေးရှိတာ ဘာလို့ ငါ့ကိုကြိုမပြောကြတာလဲ"
"အစ်မလိန်က ရှင့်ကိုပြောစရာမလိုဘူးဆိုလို့"
"ဪ အဲ့လိုကိုး"
လီနန်ခယ့်နားလည်သွားသည်။
အရမ်းထူးချွန်တဲ့လူတွေက အဲ့လိုပဲ သီးသန့်ဖယ်ထုတ်ခံထားရတာ ထုံးစံပဲမဟုတ်လား။
"ရှားရှားပါးပါး ရက်နည်းနည်းလောက်ခွဲနေလိုက်ရတာဆိုတော့ မင်းကိုယ့်ကိုလွမ်းနေသေးလား"
လီနန်ခယ့်က သူ့ဘေးမှချစ်စရာမိန်းကလေးကို မနေနိုင်စွာစနောက်ကျီစယ်လိုက်သည်။
ယုန်မလေးမုန့်က ခေါင်းကိုခါ၏။
"ကျွန်မဖြင့် တစ်ချိန်လုံးအိပ်နေတာ ရှင့်ကိုလွမ်းရမှာပျင်းလွန်းလို့"
"ဒီလောက်ဝဖြိုးနေတာ မအံ့သြတော့ပါဘူး"
လီနန်ခယ့်က သူမ၏ရင်ဘတ်တစ်ဝိုက်ကို အကြည့်တစ်ချက်ပို့လိုက်ပြီး စနောက်သည်။
"ဘာရယ်"
ဝဖြိုးသည်ဟူသောစကားကြောင့် မိန်းကလေးမှာ အတော်မကျေမနပ်ဖြစ်သွားဟန်ဖြင့် ခါးသွယ်သွယ်လေးကိုမတ်ကာ ပြန်လည်ချေပလာသည်။
"ကျွန်မကဘယ်နားမှာများဝနေလို့လဲ၊ မယုံရင်လာကိုင်ကြည့်လေ"
လူရှေ့သူရှေ့တော့ ငါအဲ့လောက်လက်မရဲနိုင်ပါဘူး။
လီနန်ခယ့် သူမကို ဆက်လက်စနောက်ဖို့ပြင်နေဆဲမှာပင် လိန်ရှင်းနန်၏မျက်လုံးလှလှလေးများ သူ့ကိုလှမ်းကြည့်လာသည်အား ခံစားမိလိုက်၏။ သူ မသိစိတ်ဖြင့် ခါးကိုမတ်လိုက်ပြီး စိတ်ကောက်နေသောမိန်းကလေးကိုလျစ်လျူရှုကာ တစ်ဖက်သို့ အာရုံစိုက်လိုက်သည်။
အစည်းအဝေးပြီးဆုံးသော် လိန်ရှင်းနန်က လီနန်ခယ့်ကို တစ်ယောက်တည်းချန်ရစ်နေစေလိုက်သည်။
"ဒီမယ် ရှင့်ရဲ့သက်သေခံတံဆိပ်ပြား၊ ပြီးတော့ ညကင်းလှည့်အဖွဲ့ချုပ်က အဖွဲ့ဝင်တိုင်းကို လက်နက်တစ်ခုစီ ထုတ်ပေးလေ့ရှိတယ်၊ လက်နက်တွေက ဌာနချုပ်လက်နက်တိုက်ထဲမှာသိမ်းထားတာ။ တိမ်တိုက်မြို့တော်ကိုရောက်ရင် ကျွန်မရှင့်ကို အဲဒီကိုခေါ်သွားပြီး စိတ်ကြိုက်ရွေးခိုင်းမယ်"
လိန်ရှင်းနန်က တံဆိပ်ပြားကိုကမ်းပေးရင်း လေသံဖွဖွဖြင့် ဆက်လက်ရှင်းပြလာ၏။
"ရှင့်ဘက်က အမှုတစ်ခုကို အပြီးသတ်ထိကိုင်တွယ်ပြနိုင်ရင် အဲ့ဒီစွမ်းဆောင်ရည်ကို ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားမှာ၊ အထက်လူကြီးတွေက သင့်လျော်တဲ့ဆုလာဘ်တွေ သတ်မှတ်ချီးမြှင့်လိမ်မယ်"
လီနန်ခယ့်သည် လက်ထဲကသက်သေခံတံဆိပ်ပြားကို စူးစမ်းကြည့်လိုက်သည်။
ထိုတံဆိပ်ပြားကို ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး အစိမ်းနုရောင်ရှိကာ ညကင်းလှည့်အဖွဲ့ချုပ် ဟူသော စာလုံးများအား ထွင်းထုထား၏။
ထိုစာလုံးကို ခြံရံထွင်းထုထားသော မျဥ်းကွေးအချို့မှလွဲ၍ အခြားမည်သည့်အဆင်တန်ဆာမျှ ထူးထူးခြားခြားမရှိသော်လည်း ကိုင်ထားရုံမျှဖြင့် အတွင်း၍စီးဆင်းနေသော ဝိညာဥ်စွမ်းအင်ကို မသိမသာခံစားရနိုင်ပေသည်။
"ကျွန်မက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလား"
ထိုအမျိုးသမီးက ရုတ်တရက်ဆိုလာသည်။
တံဆိပ်ပြားကို စူးစမ်းလေ့လာနေသော လီနန်ခယ့်မှာ ခေတ္တမျှဆွံ့အသွားရ၏။ ထို့နောက် ချက်ချင်းခေါင်းမော့ကာ မျက်စိရှေ့မှ ညှိုးငယ်ညိုမှိုင်းသောမျက်နှာဖြင့် အထက်အရာရှိမလေးကို ဇဝေဇဝါပြန်ဖြေလိုက်သည်။
"မဖြစ်ပါဘူး၊ ဖြစ်စရာလား။ ကျွန်တော်တင်မကပါဘူး၊ အစ်မလိန်ကို လူတိုင်းကချစ်ပြီး လေးစားကြတာပဲကို"
လိန်ရှင်းနန်က ထိုအမျိုးသား၏ အင်္ကျီကော်လံကို လှမ်းပြင်ပေးလိုက်ပြီး ရှုပ်ထွေးနေဆဲအမူအရာဖြင့် ဆို၏။
"အမှန်တော့ ရှင့်အနေနဲ့ ညကင်းလှည့်အဖွဲ့ချုပ်ကို ဝင်ဖို့မလိုပါဘူး။ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်မှုနဲ့ တဇွတ်ထိုးနိုင်မှုကြောင့် ရှင်ဒီလိုဝင်ပါနေရတာ"
လီနန်ခယ့်က ပြုံးလျက်ဆိုသည်။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ။ ကျွန်တော်သာ တကယ်ဆန္ဒမပါရင် ဘယ်သူဘယ်လိုပဲဖိအားပေးပေး ရအောင်ခိုင်းနိုင်မှာမဟုတ်ပါဘူး။ တပ်မှူးနျဲ့ တစ်ခါပြောဖူးတာ တကယ်မှန်တယ်၊ ကျွန်တော့်ရဲ့ စပ်စုချင်စိတ်နဲ့ဆိုရင် ဘယ်သူမှတမင်ဆွဲမခေါ်တောင် ကျွန်တော်ကဝင်ပါနေမိဦးမှာပဲ"
ထိုအမျိုးသားက အမှန်အတိုင်း ဖွင့်ဟပြောဆိုနေသော်လည်း အမျိုးသမီး၏နားထဲတွင်မူ သူမကိုစိတ်ပြေစေဖို့ နှစ်သိမ့်စကားသက်သက်အဖြစ်သာ ထင်မှတ်မိလေသည်။
လိန်ရှင်းနန်၏မျက်နှာထက် သူမကိုယ်သူမ လှောင်ပြောင်သရော်လိုဟန်အရိပ်များ ပေါ်လာသည်။
"မနေ့ညက ညီမလေးလော့က ကျွန်မကိုမေးတယ်၊ ကျွန်မကို သဘောကျတဲ့သူ ဘယ်နှစ်ယောက်ရှိလဲတဲ့၊ ကျွန်မ တကယ်မသိဘူး။ ဒါပေမဲ့ ကျွန်မကိုမုန်းတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုတော့ ကျွန်မ အရမ်းရှင်းရှင်းလင်းလင်း သိထားတယ်။"
"ကျွန်မက စရိုက်မကောင်းဘူး၊ ပြီးတော့ အဲ့စရိုက်ကိုလည်းမဖုံးကွယ်တတ်ဘဲ သဘာဝအတိုင်းနေထိုင်ခဲ့တာ။ သူတစ်ပါးရဲ့ခံစားချက်ကို အမြဲတမ်း လျစ်လျူရှုပစ်တတ်ပြီး မြင်အောင်ကြည့်နိုင်ဖို့လည်းခက်တယ်။ လောကဝတ်တွေကိုလည်း နားမလည်ဘူး။ အရာရာကို ကျွန်မသဘောအတိုင်းပဲ ရှေ့တန်းတင်ခဲ့လို့ ပြဿနာတွေ အများကြီးဖြစ်ခဲ့ရတယ်။"
"ရှင်တိမ်တိုက်မြို့တော်ကိုရောက်ရင် နားလည်လာလိမ့်မယ်။ ကျားဖြူဌာန၊ နဂါးပြာဌာန၊ လိပ်နက်ဌာနနဲ့ အဲဒီက အရာရှိတွေအားလုံး၊ သူတို့အကုန်လုံးက ကျွန်မကိုအရမ်းမုန်းကြတာ၊ ဒေသခံ ဂိုဏ်းအင်အားစုတွေလည်း အပါအဝင်ပေါ့။"
"တစ်ခါတလေကျရင် ကျွန်မအကျင့်ကို ပြောင်းလဲချင်ပေမယ့် ပြောင်းလဲလို့မရဘူး။ သူတစ်ပါးမျက်စိထဲမှာတော့ ကျွန်မက ဖြောင့်မတ်ချင်ဖြောင့်မတ်နေလိမ့်မယ်၊ ဒါပေမဲ့အမှန်တော့ ကျွန်မက အရမ်းဟန်ဆောင်မှုတွေများတာ။ အခုကိစ္စမှာလည်း ကျွန်မရဲ့ ရာထူးအာဏာကိုသုံးပြီး ရှင့်ကို အမှုစုံစမ်းရာမှာ ဇွတ်အတင်းပါဝင်ခိုင်း အရှုပ်အထွေးတွေကြား ဆွဲသွင်းခဲ့မိတယ်လေ"
ထိုအမျိုးသမီး၏ မိမိကိုယ်ကိုအပြစ်တင်မှုများကို အဆက်မပြတ်နားထောင်ရင်း လီနန်ခယ့်သည် အစပိုင်းတွင် နားမလည်နိုင်ဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် သဘောပေါက်လာခဲ့သည်။
တုန်းချီခရိုင်တွင် လိန်ရှင်းနန်ကို မကောင်းပြောမည့်သူမရှိချေ။
ထို့ကြောင့် သူမသည် လီနန်ခယ့်အရှေ့တွင် ကောင်းမွန်သောဂုဏ်သတင်းပုံရိပ်ကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားနိုင်ခဲ့သည်။
သို့သော် သူမမွေးဖွားကြီးပြင်းကာ စတင်အလုပ်လုပ်ခဲ့သည့် တိမ်တိုက်မြို့တော်တွင်မူ သူမကို အတွင်းသိအစင်သိသူ များပြားလှရာ ခါးခါးသီးသီး မုန်းတီးသူများလည်းရှိနေပြီး သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနင်းချေဖို့ ကြိုးစားကြံစည်နေသူများလည်း ဒုနဲ့ဒေးရှိပေသည်။
လီနန်ခယ့် ရောက်သွားသည်နှင့် အကြောင်းအရာသစ်များ အများကြီးကြားသိရမည်ဖြစ်ပြီး သူမ၏နောက်ကြောင်းနှင့် အကျင့်စရိုက်ကို ပိုသိနားလည်လာလိမ့်မည်။
လိန်ရှင်းနန် အကြီးအကျယ်မျက်နှာမကောင်းရသည့်အကြောင်းမှာ ထိုသို့ဖြစ်၏။
ယခုတော့ သူမတစ်ချိန်လုံး လျစ်လျူရှုခဲ့သော လူထုအမြင်နှင့် ဂုဏ်သတင်းကို အလွန်အမင်းစိုးရိမ်နေမိပြီဖြစ်၏။
သို့သော်လည်း သူမ ဘာမှမတတ်နိုင်ချေ။
မိမိရှေ့မှ တစ်ယောက်တည်းအတွေးများနေဟန်ရှိသော အမျိုးသမီးကို ကြည့်ရင်း လီနန်ခယ့်သည် စိတ်မကောင်းစွာဖြင့် သူမ၏လက်ကို လှမ်းဆွဲကိုင်ဖို့ကြိုးစားသော်လည်း အမျိုးသမီးကလက်ကိုရုန်းကာ နောက်ဆုတ်သွားခဲ့သည်။
စိတ်ခံစားချက်များ ရှုပ်ထွေးနေချိန်တွင် ထိုသူနှင့် နီးနီးကပ်ကပ်မနေချင်လှပါချေ။
လီနန်ခယ့်က တည်တည်ငြိမ်ငြိမ်သာ ဆိုလိုက်သည်။
"လူတွေ အစ်မလိန်ကိုမုန်းတီးရတဲ့အကြောင်းရင်း နှစ်ချက်ပဲရှိပါတယ်။ ပထမတစ်ခုက အစ်မလိန်က တကယ်ပဲမကောင်းလို့ လူတွေကရွံရှာကြတာ။ ဒုတိယတစ်ခုကတော့ အစ်မလိန်က အရမ်းကိုထူးချွန်လွန်းလို့ မနာလိုဖြစ်ကြတာပဲ။"
Their hatred for you is mostly jealousy and fear.
"အများစုကတော့ မနာလိုစိတ်နဲ့ ကြောက်စိတ်ကြောင့် မုန်းတီးကြတာတွေပါပဲ"
At least in my heart, Sister Leng is an excellent female superior and someone who genuinely cares about me. I don't care about anyone else.
"အနည်းဆုံးတော့ ကျွန်တော့်နှလုံးသားထဲမှာ အစ်မလိန်က ကျွန်တော့်ကို စိတ်ရင်းနဲ့ဂရုစိုက်ပေးတဲ့ အရမ်းတော်တဲ့အထက်လူကြီးတစ်ယောက်ပဲလေ။ တခြားဘယ်သူဘယ်လိုထင်လဲဆိုတာ ကျွန်တော့်အတွက်အရေးမကြီးဘူး"
Even if Sister Leng becomes my wife in the future, she will be perfect in my eyes."
"အနာဂတ်မှာ အစ်မလိန် ကျွန်တော့်ဇနီးဖြစ်လာရင်တောင် ကျွန်တော့်မျက်လုံးထဲတော့ တစ်သက်လုံး ပြည့်စုံလှပနေမယ့်သူပါပဲ"
The man's words made Leng Xinnan's pretty face flush red, and her heart rate sped up again. She lightly spat, "Wife or not, you are a married man. Don't make such jokes in the future."
အမျိုးသား၏စကားများက လိန်ရှင်းနန်၏မျက်နှာလှလှလေးကို အနီရောင်သမ်းစေကာ ရင်ခုန်သံများ မြန်ဆန်သွားစေခဲ့၏။ သူမက မသိမသာနှာခေါင်းရှုံ့ကာ ဆိုသည်။
"ရှင့်မှာဇနီးရှိပြီးသားကို အဲ့လိုဟာသတွေမလုပ်စမ်းပါနဲ့ မသင့်တော်တာ"
"In any case, I like Sister Leng, and that's enough."
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ အစ်မလိန်ကိုသဘောကျတယ်၊ ဒါဆိုရပြီလေ"
Li Nanke said very straightforwardly.
လီနန်ခယ့်က အလွန်တည့်တိုးဆန်စွာ ဆိုလေသည်။
But whether this "like" was the ordinary liking of a subordinate for a superior, or the romantic love between a man and a woman, the man did not explain.
ငယ်သားတစ်ယောက်က အထက်အရာရှိကို လေးစားအားကျသလို သဘောကျခြင်းပေလော၊ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို စိတ်ဝင်စားသလို သဘောကျခြင်းပေလော၊ တိကျသောဆိုလိုရင်းကိုတော့ အမျိုးသားက ရှင်းပြမလာခဲ့။
The answer was left to her; she had to figure it out herself.
တိကျသောအဖြေကိုတော့ သူမဘာသာ ရှာဖွေဖော်ထုတ်ရပေမည်။
A rosy blush seemed to spread across Leng Xinnan's charming, snowy cheeks. She wanted to say something scolding but didn't know how.
နှင်းဆီရောင်ရှက်သွေးရဲရဲလေးက လိန်ရှင်းနန်၏ ချစ်စရာပါးပြင်နုနုလေးများထက် ဖြတ်ပြေးသွားခဲ့သည်။ သူမ ထိုသူကို ငေါက်ငမ်းဆူပူလိုက်ချင်စိတ် ဝင်လာပါသော်ငြား မည်သို့ဆူပူရမည်မှန်း စဥ်းစားမရခဲ့။
After all, the ambiguous meaning of his words made it difficult for her to distinguish.
နောက်ဆုံးတော့လည်း ထိုစကားလုံးများ၏ ဝေခွဲရခက်သောဆိုလိုရင်းကြောင့် သူမကိုယ်တိုင် အတွေးများသွားခဲ့ရသည်ပင်။
Looking at the man's sincere gaze, a smile involuntarily appeared on the woman's face, spreading from within. She lightly parted her red lips:
အမျိုးသား၏ ရိုးသားဖြူစင်သောအကြည့်အောက်တွင် အမျိုးသငမီး၏မျက်နှာထက် အပြုံးတစ်ခုက မသိလိုက်စွ ပေါ်လွင်လာခဲ့သည်။
"ရှင် တိမ်တိုက်မြို့တော်ကိုရောက်ရင် ကျွန်မခေါ်လို့ပါလာတဲ့လူဖြစ်တဲ့အတွက် လူတွေအများကြီးက ပြဿနာရှာတာကို သေချာပေါက်ခံရဦးမှာနော်၊ နောက်ဖေးပေါက်ကနေဝင်လာတယ်ဆိုပြီး စွပ်စွဲကြမှာမျိုးပေါ့။ ဒါပေမဲ့မကြောက်ပါနဲ့၊ ကျွန်မရှင့်ကိုကာကွယ်ပေးမယ်၊ ရှင့်ဘက်က လိုလိုမလိုလို ကျွန်မကတော့ရှိနေမှာပဲ"
"မစိုးရိမ်ပါနဲ့ အစ်မလိန်၊ ဒီကမ္ဘာမှာ ကျွန်တော်မကြောက်ဆုံးက အတားအဆီးပါပဲ"
လီနန်ခယ့်က မေးကိုပင့်မော့က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်တော်က နောက်ဖေးပေါက်ကဝင်လာတဲ့သူဆိုတာ မငြင်းပေမဲ့ စိတ်ပါရင် အိမ်ရှေ့ပေါက်ကနေ တည့်တည့်ဝင်လာရင်တောင် ဘယ်သူမှမတားနိုင်မယ့်သူမျိုးဆိုတာ ပြပေးရဦးမှာပေါ့"
လိန်ရှင်းနန် မနေနိုင်စွာပြုံးမိကာ အမျိုးသား၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"အင်း ကောင်းကောင်းကြိုးစား"
...
ရွှပ်
ရွှိ
ရွှပ်
တောက်ပသောနေမင်းကြီးက ကောင်းကင်ထက် မြင့်မားစွာထွန်းလင်းနေကာ မျက်စိတစ်ဆုံး တိမ်တိုက်ကင်းစွာ ကြည်စင်နေခဲ့သည်။
ရေကန်၏နံဘေးတွင် လီနန်ခယ့်တစ်ယောက် ဓားထုတ်ခုတ်ခြင်းကျင့်စဥ်ကို ထပ်ခါထပ်ခါလေ့ကျင့်နေရင်း ချွေးသီးချွေးပေါက်များက သူ၏ ကျောက်တုံးပမာကျစ်လျစ်မာကျောသော ရင်ဘတ်ဆီမှ တပေါက်ပေါက်စီးကျလျက် နေရောင်အောက်တွင် တောက်ပစိုလက်နေလျက်။
လော့ချန်းချိုးက တံခါးဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေကာ ဆေးကျမ်းတစ်အုပ်ကိုကိုင်ထားသည်။
တစ်ခါတရံတော့ ဓားကိုဆက်တိုက်လွှဲခုတ်နေသော ခင်ပွန်းဖြစ်သူကိုမော့ကြည့်တတ်ပြီး ဆေးကျမ်းစာမျက်နှာဆီသို့ တစ်ဖန်ပြန်လည်ငုံ့ကိုင်းသွားတတ်သည့် ဟန်ပန်မှာ ပန်းချီဆွဲထားသလို စိတ်ကူးယဥ်ဆန်ကာ ကြည်နူးဖွယ်ကောင်းပေ၏။
မနက်ဖြန်တွင် သူတို့အိမ်ပြောင်းရတော့မည်။ သို့သော် နေထိုင်ရာနေရာမှလွဲ တခြားပြောင်းလဲမှုထူးထူးခြားခြား ရှိမည်မဟုတ်။
ညကင်းလှည့်အဖွဲ့ချုပ်ကလူများ လာရောက်ကူညီကြမည်ဖြစ်သဖြင့် လော့ချန်းချိုးက ဆေးဘက်ဝင်အပင်အချို့ကို သေချာခွဲခြားထုပ်ပိုးကာ သယ်ယူရန်စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
အခြား အိမ်သုံးပစ္စည်းများအတွက်မူ သယ်နိုင်သမျှသယ်ပြီး မသယ်နိုင်သည်များကို စွန့်ပစ်ခဲ့ကြမည်ပင်။
ဥပမာ၊ ငန်းမမကြီးလိုပေါ့။
လီနန်ခယ့်က နဖူးပေါ်မှချွေးများကိုသပ်ချလိုက်ပြီး ရုတ်တရတ် စပ်စပ်စုစုမေးလာသည်။
"မိန်းမ၊ မင်းရယ် တစ္ဆေနတ်ဘုရားလှံသွားရှင်ရယ်၊ ယဲ့ယောင်ယောင်ရယ် တိုက်ကြမယ်ဆိုရင် မင်းဘယ်နှကွက်လောက်တောင့်ခံနိုင်မယ်ထင်လဲ"
"ကျွန်မတို့မှမတိုက်ဖူးတာ ဘယ်သိပါ့မလဲ"
လော့ချန်းချိုးက ခေါင်းယမ်းကာဆိုသည်။
လီနန်ခယ့် မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို အမျိုးသမီးကျင့်ကြံသူတွေထဲ ဘယ်သူကအမြင့်ဆုံး ဘယ်သူကဒုတိယဆိုတာကို ဘယ်လိုကြည့်ခွဲကြလဲ"
လူတချို့ကတော့ တစ္ဆေနတ်ဘုရားလှံသွားရှင်ကို အနိုင်ယူဖူးသူမရှိပေမဲ့ ကျင့်ကြံဆင့်ပိုင်းအရကြည့်မယ်ဆိုရင် ယဲ့ယောင်ယောင်က အနိုင်ယူနိုင်လောက်မယ်လို့ ပြောကြတယ်"
လော့ချန်းချိုးက စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။
"ဒီလိုလည်းဟုတ်သားပဲ။ ဒါဆို အမျိုးသမီးကျင့်ကြံသူတွေထဲ တတိယဆင့်ချိတ်မှာက ဘယ်သူလဲ"
"မာယာနတ်ဆိုးမ ယွီဟုန်ယဲ့"
"မာယာနတ်ဆိုးမဟုတ်လား၊ ကြားရတာ သိပ်မသင့်တော်သလိုပဲနော်၊ မြူဆွယ်တတ်တဲ့မိန်းမဆိုးလေးတစ်ယောက်လို့ ခံစားရတယ်။ သူလည်း အရမ်းစွမ်းအားကြီးတာပဲလား"
"အင်း မဆိုးလှပါဘူး"
လော့ချန်ချိုး၏မျက်လုံးများထဲ အရောင်တချို့ဖြတ်ပြေးသွားခဲ့သည်။ ထိုမိန်းကလေးကို သူမ တစ်နေရာရာမှာ ဆုံတွေ့ခဲ့ဖူးဟန်ပင်။
"သူ့ရဲ့ ဆွဲဆောင်မှုအတတ်ပညာက အရမ်းအင်အားကြီးတယ်"
လီနန်ခယ့်ကပြုံးကာ ရည်မှန်းချက်ကြီးကြီးထား၍ အော်ဟစ်ကြိမ်းဝါးလိုက်သည်။
"ဓားနတ်သမီးပဲဖြစ်ဖြစ် မာယာနတ်ဆိုးမပဲဖြစ်ဖြစ် ကိုယ်တော့ဂရုမစိုက်ဘူး။ ပထမအဆင့်တွေ ဒုတိယအဆင့်တွေ အားလုံး အချိန်ကျတဲ့အခါ ကိုယ့်ဓားသွားအောက်မှာ နာနာခံခံလည်စင်းပေးရလိမ့်မယ်။ အမေတရလောက်တဲ့အထိ ပညာပေးပစ်ဦးမယ်"
ထိုအချိန်တွင် တစ်ဖက်ခြမ်းမှ တောင်တန်းတောအုပ်များကြား၌။
အဖြူရောင်ဝတ်ရုံဖြင့်အမျိုးသမီးသည် ကုန်းမြင့်တစ်ခုပေါ်တွင် ငြိမ်သက်စွာမတ်တတ်ရပ်နေပြီး သူမ၏ မျက်လုံးပေါ်မှ အနီရောင်ပိုးပဝါလေးမှာ လေထဲတွင် တရွရွလွင့်ပျံနေသည်။
အမျိုးသား၏ ကြွေးကြော်သံကား သူတို့နားထိ လွင့်ပျံရောက်ရှိလာ၏။
ဘေးတွင်ယှဥ်ရပ်နေသော ယွီဟုန်ယဲ့က ခပ်ဆိုးဆိုးရယ်သည်။
"ဒီသခင်လေးက လေလုံးတော့အတော်ထွားတာပဲ။ ဘယ်အချိန်ထိ လေဆက်ထွားနေနိုင်မလဲ ကြည့်ကြသေးတာပေါ့။