← Chapters

အိမ်ပြောင်းပြီဗျို့

Vol. 20 Ch. 197

အိမ်ပြောင်းပြီဗျို့

Vol. 20 Ch. 197

တိမ်တိုက်မြို့တော်သည် တုန်းချီခရိုင်မှ ဝေးလှသည်မဟုတ်၊ တစ်ရက်လောက် မြန်မြန်သွက်သွက် ခရီးဆက်လိုက်ရုံမျှဖြင့် ရောက်နိုင်သောနေရာဖြစ်သည်။

ညကင်းလှည့်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် သူတို့ ပိုင်ဆိုင်သမျှပစ္စည်းများကို ရထားသုံးစင်းဖြင့်သယ်ကာ ရွှေ့ပြောင်းခဲ့ကြသည်။ အများစုမှာ ဆေးဖက်ဝင်အပင်များသာ။

လီနန်ခယ့်မှာ ဝန်စည်စလွယ်များကိုကြည့်ရင်း သက်ပြင်းချကာ ပစ္စည်းသိုလှောင်မှော်ရတနာတစ်ခုရှိရင်အကောင်းသားဟု တောင့်တမိ၏။

မိန်းကလေးတွေပါ ထည့်ဝှက်ထားနိုင်မယ့် ရတနာမျိုးဆို ပိုကောင်းတာပေါ့လေ။

လီနန်ခယ့် မြို့မှမထွက်ခင် ထိုလျှို့ဝှက်ထူးဆန်းသော တောင်ထက်မှဂူဆီ နောက်တစ်ခေါက်သွားပြီး စူးစမ်းလိုက်သေးသည်။

သို့သော် ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပါချေ။

သူရရှိခဲ့သော မှတ်ဉာဏ်အပိုင်းအစများမှ ခြေရာခံတွက်ချက်ကြည့်လျှင်တော့ တိမ်တိုက်မြို့တော်မှလွတ်ထွက်လာသော ထိုမိစ္ဆာသားရဲသည်လည်းကောင်း၊ ဤမိစ္ဆာမုန့်ချင်သည်လည်းကောင်း ထိုဂူအတွင်းသို့ဝင်သွားပြီးမှ ကြမ်းတမ်းရိုင်းစိုင်းလာကြခြင်း ဖြစ်ပုံရသည်။

သူကိုယ်တိုင် အရင်ကတွေ့ကြုံခဲ့သော ထင်ယောင်ထင်မှားပုံရိပ်နှင့် ပေါင်းကြည့်ရလျှင်....

ထို ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသော၊ မျက်လုံးတစ်ဖက်သာပါရှိသော သီလရှင်အိုကြီးသည်လည်း မိုးနီလောကနှင့် တစ်နည်းနည်းသက်ဆိုင်ဆက်နွယ်နေပေလိမ့်မည်။

အနာဂတ်တွင် နောက်တစ်ကြိမ်ထပ်ပေါ်လာနိုင်ချေရှိသည့် ဇာတ်ကောင်မျိုးပင်။

ကံမကောင်းသည်က သူသည် မိုးနီရေထပ်အသုံးမပြုလျှင် ဖောက်ထွင်မြင်နိုင်စွမ်းရည်ကိုလည်း ထပ်မံအသုံးပြုလို့ရမည်မဟုတ်တော့။

ဤကာလအတွင်း မိုးနီရေပါဝင်သောဆေးဖက်ဝင်ပစ္စည်းများကို လီနန်ခယ့် စမ်းသပ်စားသုံးကြည့်ခဲ့ပါသော်ငြား မည်သည့်သက်ရောက်မှုမျှမရှိခဲ့ပေ။

မိုးနီရေသန့်သန့်ကသာ သူ့အတွက် ထိရောက်ပေလိမ့်မည်။

သို့သော် လီနန်ခယ့်ကို ဒေါသအထွက်ဆုံးအရာမှာ ထိုကိုယ်ပျောက်သင်္ကန်းကြီးပင်။ ထိုအရာကို လက်တွေ့ဘဝမှာအသုံးပြုရန် မိုးနီရေသောက်ဖို့လိုအပ်နေသေးသည်လေ။ သူ့ဘက်က အလုပ်ကိစ္စ တာဝန်ဝတ္တရားအရ ကောင်းကောင်းမွန်မွန်အသုံးချဖို့ လုပ်ထားပါသည်ဆိုမှ ထိုမျှအသုံးမကျနေသော လူကြီးလူကောင်းဆန်စွာ ဒေါသထွက်မိသည်။

...

တုန်းချီလို ခရိုင်ငယ်လေးနှင့်နှိုင်းယှဥ်မိတော့ တိမ်တိုက်မြို့တော်ဟူသည် အလွန်ကျယ်ဝန်းစည်ကားလှပါပေ၏။

မြို့တော်ထဲသို့ဝင်ရောက်ပြီး ဘယ်လောက်မှမကြာမီ လီနန်ခယ့်သည် ဆောင်ကြာမြိုင်သုံးခုကိုမြင်တွေ့လိုက်ရပြီးဖြစ်သည်။ တစ်ခုဆိုလျှင် နေ့ညမရွေး စိတ်တိုင်းကျပျော်ပါးနိုင်လောက်အောင် ၂၄နာရီဖွင့်သည်ဆိုသတတ်။ အတုယူစရာ ဝန်ဆောင်မှုမျိုးပါပေ။

လမ်းမကြီးတလျှောက် ဖြတ်သန်းခရီးဆက်ခဲ့ပြီး ရထားလုံးတန်းသည် အတော်အတန်ငြိမ်သက်သော လမ်းကြားတစ်ခုဆီသို့ ချိုးကွေ့ဝင်ရောက်သွားခဲ့၏။

ဤသို့ဖြင့် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာလောက် ကြာပြီးအချိန်တွင် ရထားလုံးသုံးစင်းသည် သီးသန့်ဆန်ကာ ငြိမ်ဆိတ်သောနေရာတစ်ခုရှေ့ ထိုးရပ်လိုက်ကြသည်။

ဤသည်မှာ လီနန်ခယ့်လူကြုံဖြင့် ကြိုတင်ဝယ်ယူခိုင်းထားသော နေအိမ်ဖြစ်သည်။

ယင်ဝူရှ၏ငွေစက္ကူများကိုလည်း ခိုးယူခဲ့ပြီး လီချန်းဘုရားကျောင်းမှ ဘုန်းတော်ကြီးများဆီမှလည်း ကျေးဇူးတင်လက်ဆောင်များရရှိထားသေးသဖြင့် လီနန်ခယ့်သည် ဇနီးဖြစ်သူကို ပိုက်ဆံမထုတ်စေရဘဲ နေအိမ်အတွက်တာဝန်ယူနိုင်ခဲ့သည်။

သူ့စုငွေများကို ကောကန်းဆီသို့ မျက်နှာတည့်တည့်ပစ်ပေါက်မပေးရုံတမယ် ပစ်ပေးလိုက်ကာ အိမ်ကောင်းတစ်လုံး ရှာဝယ်ခိုင်းထားခြင်းပင်။

နေအိမ်မှာ အရမ်းကြီးမားကျယ်တန်းနေဖို့မလို၊ သို့သော် သန့်ရှင်းသပ်ရပ်ကာ ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိရမည်။ အရေးကြီးဆုံးကတော့ လူသူရှုပ်ထွေးသော ဈေးတန်းဈေးခန်းများနှင့် ဝေးဝေးတွင်ရှိရမည်ဖြစ်ပြီး၊ သို့သော်ငြား အလုပ်နေရာနှင့် မလှမ်းမကမ်းဖြစ်ရမည်။ လော့ချန်းချိုးသည်လည်း တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို ပိုနှစ်သက်မှန်းသိသဖြင့် လီနန်ခယ့် ဤသို့ အထူးတလည်မှာကြားခဲ့လိုက်၏။

ထို့အပြင် ထိုနေအိမ်တွင် ဥယျာဥ်ခြံတစ်ခု သို့မဟုတ် ရေကန်တစ်ကန်တော့ ပါဖြစ်အောင်ပါရမည်ပင်။ သူတို့၏ငန်းမမကြီး ဇိမ်ကျကျရေချိုးနိုင်ဖို့ကလည်း ဦးစားပေးတစ်ခုဖြစ်၏။

လီနန်ခယ့် ငွေတွေဘုံးပေါလအော သုံးဖြုန်းနိုင်နေသည်ကိုမြင်တော့ လိန်ရှင်းနန် ဘာမှဝင်မစွက်ဖက်ပေသည့် လူမြင်ကွင်းရှေ့ မော်မော်ကြွားကြွားမနေမိစေရန် သတိပေးထားလိုက်သည်။

တိမ်တိုက်မြို့တော်သည် သူနေနေကျ တုန်းချီခရိုင်လိုမဟုတ်။

အကယ်၍ ပြဿနာတစ်ခုခု ဖြစ်ပွားပါက အမှောင်ထဲတွင် စောင့်ကြည့်နေမည့် မျက်လုံးပေါင်းများစွာ ရှိနေသည်။

သို့သော် လိန်ရှင်းနန်၏ ဤသို့ ပိုပိုသာသာမျက်နှာလိုက်ခြင်းက ယုန်မလေးမုန့်ကို အကြီးအကျယ်စိတ်ဆိုးစေခဲ့သည်။

ပြီးခဲ့သည့်တစ်ခေါက် သူမ ငွေစလေးအနည်းငယ်ကို လာဘ်လာဘလက်ခံမိစဥ်က အညှာအတာကင်းမဲ့စွာ ဆူပူကြိမ်းမောင်းခြင်းခံခဲ့ရသော်လည်း ယခု ထိုအမျိုးသား အလောင်းစစ်တစ်ဦးအနေနှင့် ရှိမနေနိုင်သည့်ပမာဏမျိုး၊ သေချာပေါက် လာဘ်လာဘသာဖြစ်ရမည့် ငွေကြေးများကို ပေါ်ပေါ်ထင်ထင်သုံးစွဲနေတော့ အန္တရာယ်မဖြစ်အောင် သတိတောင်ပေးလိုက်သေးသည်တဲ့လေ။ အစ်မလိန်က မျက်နှာလိုက်လွန်းအားကြီး၏။

ယုန်မလေးမုန့်မှာ စိတ်ဆိုးလွန်း၍ ရင်ဘတ်ကြီးကြီးနှစ်ခု ပေါက်ကွဲထွက်‌တော့မလိုပင် ခံစားရသည်။

ကံကောင်းထောက်မစွာဖြင့် လီနန်ခယ့်က သူမကို ချက်လက်မှတ်လေးတစ်ခု တိတ်တဆိတ်ပေးကမ်းလာသောကြောင့် မိန်းကလေးမှာ မှုန်မှိုင်းစူပုပ်နေရာမှ ချက်ချင်းပင်လန်းဆန်းတက်ကြွကာ အတော်လေးမျှမျှတတရှိလှပေသည်ဟု ခံစားလိုက်ရလေ၏။

သို့သော် အစ်မလိန်၏ လီနန်ခယ့်အပေါ် ပိုပိုသာသာဂရုစိုက်မှုက သူမကို မနာလိုဝန်တိုဖြစ်မိစေဆဲပင်။

သူမစိတ်ထဲတွင် ထူးထူးဆန်းဆန်း အတွေးတစ်ခုပင် ပေါ်လာခဲ့သေး၏။

နောင်ကျရင် ငါတို့နှစ်ယောက်စလုံး ကိုဉာဏ်ကြီးရှင်ရဲ့ အနောက်ဆောင်မိဖုရားတွေဖြစ်လာခဲ့ရင် မင်္ဂလာဦးညကျ သေချာပေါက် ကိုဉာဏ်ကြီးရှင်ကို တတ်သမျှမှတ်သမျှ မြှောက်ပေးသင်ပေးလိုက်မယ်။ အစ်မလိန် တွေ့ကြသေးတာပေါ့။

နေပါဦး၊ ဒီလက်စားချေတဲ့အတွေးကြီးက နည်းနည်းထူးဆန်းမနေဘူးလား။

ယုန်မလေး သူ့ခေါင်းသူဖတ်ခနဲပြန်ရိုက်ကာ ရူးသွပ်ခါနီးအခြေအနေမှ ကယ်တင်လိုက်သည်။

ကောကန်းမှာ ဘယ်နေရာတွင် ကြောင်တောင်တောင်နိုင်နေပါစေမူ အလုပ်လုပ်ရာတွင်တော့ စည်းစနစ်ကျ၍ ထက်မြက်မြန်ဆန်ကာ လီနန်ခယ့်စိတ်တိုင်းကျအိမ်တစ်လုံးကို အမြန်ရှာဖွေနိုင်ခဲ့လေသည်။

ထိုအိမ်ကို တစ်နှစ်မှ တည်ဆောက်ထားခြင်းဖြစ်သည်။

ပိုင်ရှင်ဖြစ်သူမှာ အခက်အခဲတချို့ရှိသောကြောင့် ပြောင်းရွှေ့နေထိုင်ခြင်းပင်မပြုခင် အိမ်ကိုရောင်းချသွားခဲ့သည်ဖြစ်ရာ လူပင်မနေဖူးသေးသည့် အသစ်စက်စက်နေအိမ်ခြံဝင်းဖြစ်သည်။ ဒေသခံ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းကလည်း ခြံဝင်းကို ကောင်းစွာပြုပြင်ထိန်းသိမ်းထားလေသည်။

သို့သော် လီနန်ခယ့်ကို အအံ့သြစေဆုံးအရာမှာ အလွန်တရာကြီးမားလှသော အိပ်ခန်းကြီးသာဖြစ်၏။

ဘယ်လောက်တောင်ကြီးနေလို့လဲ သိချင်လား။

ဘာပဲလုပ်ချင်ချင် စိတ်ချလက်ချလုပ်လို့ရတဲ့အထိကို ကြီးနေတာ သိပြီလား။

ထို့အပြင် ခြံဝင်းထဲတွင် ငန်းမမကြီးရေချိုးသန့်စင်ရန် ရေကူးအပန်းဖြေရန် အလွန်သင့်တော်အဆင်ပြေသော ရေကန်ငယ်လေးတစ်ခုလည်း ရှိနေသေး၏။

"လူချမ်းသာတွေကတော့ တကယ်ကိုပဲ လောကစည်းစိမ်ကို ကျကျနနခံစားတတ်လိုက်ကြတာ"

လီနန်ခယ့် သက်ပြင်းကြီးချရင်း ရေရွတ်မိသည်။

သို့သော် အိမ်စေမလေးတွေရှိမနေတာတော့ နည်းနည်းနာသည်။

သို့သော် လော့ချန်းချိုး၏ သီးသန့်နေတတ်သောပင်ကိုစရိုက်အရ မလိုအပ်သောလူပိုများကို အိမ်ထဲသို့ဆွဲသွင်းလိမ့်မည်မဟုတ်။ ထို့ကြောင့် ထိုအကြောင်းကိစ္စကို နောက်မှဆွေးနွေးဖို့ ရွှေ့ထားရပေမည်။

အိမ်မှုကိစ္စတွေလုပ်ဖို့ အကြောင်းပြချက်နှင့် အနောက်ဆောင်ကိုလူဖြည့်လို့ရလျှင်လည်း မဆိုးလှ။

အိမ်ဖော်ဝတ်စုံလေးဝတ်ထားသော မင်းသမီးကြီး၏ပုံစံကို ပြေးတွေးလိုက်မိတော့ သူအာရုံနည်းနည်းလွတ်သွားရသည်။

အဖွဲ့ဝင်များက ပစ္စည်းပစ္စယများကို နေရာချထားပြီးနောက် ခြံဝင်းကိုထပ်မံရှင်းလင်းဖို့လည်း ကူညီကြပြန်သေးသည်။ ငန်းမမကြီးနှင့် လိပ်ဆရာအကြီးအတွက် ခွေးအိမ်သေးသေးလေးများပင် တကူးတက ပြင်ဆင်တည်ဆောက်ပေးသွားကြသေး၏။

အရှုပ်အထွေးအားလုံး ရှင်းလင်းပြီးချိန်တွင်တော့ ညနေပင်စောင်းလေပြီ။

လီနန်ခယ့်က ပြောင်းရွှေ့ရေးတွင် ကူညီပေးခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် လိုက်လံကျွေးမွေးရန် ချက်ချင်းပင်အကြံပြုလိုက်သည်။ ဤသည်မှာ လောကဝတ်ထုံးတမ်းတစ်ခုပင် မဟုတ်ပေလော။

သို့သော် လိန်ရှင်းနန်က ငြင်းဆန်လေသည်။

လက်ရှိတွင် သူတို့ တိမ်တိုက်မြို့တော်သို့ ရောက်ခါစသာရှိသေးရာ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး အခြားသော လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံပြီးမှသာ အားလုံးကို လိုက်လံကျွေးမွေးလျှင်လည်း နောက်မကျသေးပါချေ။

လီနန်ခယ့်လည်း သူမထောက်ပြသည့်အချက်ကို သင့်‌လျော်သည်ဟုလက်ခံကာ အထွန့်တက်မနေလိုက်တော့။

သူတို့အားလုံး ထွက်ခွာသွားကြပြီးနောက် လီနန်ခယ့် လက်မောင်းများကိုအားရပါးရဆန့်တန်းကာ ဥယျာဥ်ခြံလေးအတွင်းမှ လေနုလေးကို တဝကြီးခံစားလိုက်ရင်း တိုးတိုးရေရွတ်မိ၏။

"ခန္ဓာကူးပြောင်းလာရတာမိုက်လိုက်တာ၊ အရင်ကမ္ဘာကအခြေအနေနဲ့ဆိုရင် အသက်ရှင်ဖို့ရုန်းကန်နေရတာနဲ့တင် အိမ်ထောင်ပြုဖို့ရော ကိုယ့်အိမ်ကိုယ့်ရာနဲ့နေရဖို့ရော ဖြစ်လာမှာကိုမဟုတ်ဘူး"

"အိမ်ကကြီးလွန်းတော့ နည်းနည်းဟာနေ‌သေးသလိုပဲ။ ယောက်ျား နောက်မိန်းမထပ်ရှာလိုက်ပါလား"

ဝတ်ရုံလေးတလွင့်လွင့်ဖြင့် လော့ချန်းချိုးက သူ့အနောက်ရောက်လာကာ အကြံပေးသည်။ တောင်ကုန်းတောင်တန်းများကဲ့သို့ အမို့အမောက် အကွေ့အကောက် ပြည့်စုံလှသောခန္ဓာကိုယ်သည် ရေကန်မျက်နှာပြင်ထက် တလှုပ်လှုပ်အရိပ်ထင်လျက်။

လီနန်ခယ့် ရင်တစ်ချက်တုန်သွားရသည်။

သူ သဝန်တိုနေပြန်ပြီလား။

ဒီနေ့ ပစ္စည်းတွေရွှေ့ရင်းပြောင်းရင်း အစ်မလိန်တို့ ယုန်မလေးတို့နဲ့ သူ နီးနီးကပ်ကပ် နေလိုက်မိသွားတာလား။

သို့သော် ယုန်မလေးမုန့် ပစ္စည်းကုန်းသယ်သည့်အခါတိုင်း ရင်ဘတ်စလေး လှစ်ဟလာချိန်တွင် သူတစ်ခါလောက်ချောင်းမကြည့်ဘဲ မနေနိုင်ခဲ့ချေ။ ဇနီးဖြစ်သူထံမှ လူမိလည်းမိချင်စရာ။

"ဘယ်မှာဟာနေလို့လဲ ငန်းမမကြီးရှိနေတာပဲလေ"

လီနန်ခယ့် အသံကိုညှစ်ရယ်လိုက်ပြီး ဖြောင့်မတ်စွာပြောဆိုလာသည်။

"ကိုယ်တော့ နောက်မိန်းမယူဖို့ အခုထိမတွေးမိသေးပါဘူး။ ကိုယ့်ပထမဆုံးကို မိန်းမဆီပေးရဦးမှာလေ"

လော့ချန်းချိုးက အိမ်သစ်ကြီးကိုသာ တိတ်ဆိတ်စွာငေးမောနေခဲ့သည်။

"မိန်းမစိတ်ထဲ တစ်ခုခုများထင့်နေသလား"

တကယ်တော့ ဤအိမ်သို့ ပြောင်းရွှေ့လာပြီးကတည်းက လီနန်ခယ့်တစ်ယောက် ဇနီးဖြစ်သူ မျက်နှာမကြည်သည်ကို သတိထားမိခဲ့ခြင်းပင်။ သို့သော် သူမဘက်က ဖွင့်ဟပြောပြချင်ဟန်မရှိသဖြင့် သူလည်း ထပ်ပြီးဖိအားမပေးတော့ဘဲ လွှတ်ထားလိုက်သည်။ သို့သော် ယခုတော့ သူမမေးဘဲမနေနိုင်တော့။

"ကျွန်မတို့ စောင့်ကြည့်ခံနေရတယ်။ ကြည့်ရတာ ကျွန်မရဲ့မိတ်ဆွေဟောင်းတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်"

လော့ချန်းချိုးက ရှင်းလင်းသောအသံဖြင့် မတုန်မလှုပ်ပြောလာလေသည်။

All Chapters