← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

Chapter 131: စွမ်းရည်များပေါင်းစပ်ခြင်း၊ ခုနစ်စဥ်ကြယ်၏ပုံစံအစစ်။

လူတိုင်း၏မျက်နှာထက် တုန်လှုပ်သွားသောအမူအရာတစ်ခုချိတ်ဆွဲသွားကြ၏။

အမတအကြီးအကဲနန်ကုန်းတောင် ရင်ထဲ လေပြင်းမုန်တိုင်းများတိုက်ခတ်သွားရလေသည်။

အနှီစကား၏ပထမနှစ်ကြောင်းသည်ကား ခုနစ်စဥ်ကြယ်၏စွမ်းအင်ကိုဖော်ပြနေပြီး ကျန်စကားများကတော့ စုယွမ်က ကြယ်စွမ်းအင်ကို နားလည်ရန်ရက်ပေါင်း၃၀၀မျှသာအချိန်သုံးခဲ့ရကြောင်းပြသနေသည်လေ။

ဤသည်မှာ မည်သို့သော်ယုံကြည်ချက်မျိုးပါနည်း။

သူကတော့ စုယွမ်က ခုနစ်စဥ်အကြောင်းကို လုံးဝကျွမ်းကျင်သွားပြီဟုသေချာပေါက်မထင်၊ သို့သော် အနှီသူဟာဖြင့် ယုံကြည်ချက်ပြည့်ဝလွန်းနေပါ၏။

ဒဏ္ဍာရီများအရဆိုလျှင် မသေမျိုးအမတများကတောင် ကောင်းကင်ရှိကြယ်တို့ကို လှမ်းမျှော်ကြည့်ရန်သာတတ်နိုင်ခဲ့လင့်ကစား သူ့လိုရွှေအမြူတေအဆင့်ကျင့်ကြံသူလေးကတော့ ထိုသို့ပင် ဆိုရဲသေးသည်။ အနှီလူဟာ ဆက်ခံသူအရှင်ဂုဏ်ပုဒ်နှင့်တကယ်ကိုထိုက်တန်သည်ပင်။

စုယွမ်လည်း လူအုပ်ကိုကြည့်လျက် သူ၏အမူအရာကလည်း ရေသေကဲ့သို့တည်ငြိမ်နေသည်။

“ဒီနေ့က ကျွန်တော့်ရဲ့ပထမဆုံးပို့ချချက်ပဲ။ ကျွန်တော် ထိပ်သီးကျင့်စဥ်တွေရဲ့အပိုင်းကိုးပိုင်းကို အကြမ်းဖျင်းရှင်းပြသွားမယ်။နောက်ပြီး ပထမပိုင်းနဲ့နဝမပိုင်းကိုတော့ အသေးစိတ်ရှင်းပြပေးသွားမယ်။ စလိုက်ကြတာပေါ့။”

“ကျွန်တော့်ကျင့်စဥ်တွေရဲ့အဓိကကျောရိုးကတော့ ခုနစ်စဥ်ကြယ်ပဲ။ ဒါက အခြေခံဖြစ်ပြီး တာအိုအယူအဆတစ်ရပ်လည်းဖြစ်တယ်။လူသားတွေက မြေကြီးကိုမှီခိုရပြီး မြေကြီးကတော့ ကောင်းကင်ကိုမှီခိုရတယ်။ နောက်ပြီးကောင်းကင်ကတော့ သဘောဝတရားကိုမှီခိုနေတာပဲ။ ကောင်းကင်နဲ့မြေကြီးကလေ၊မီး၊တိမ်စတဲ့သဘာဝတရားတွေနဲ့ဖွဲ့စည်းထားတယ်၊ ဒါတွေအားလုံးက ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေပဲ။ ဒါပေမဲ့ တစ်ခုချင်းစီမှာလည်းအားနည်းချက်သဘောရှိတယ်၊ လေဟာ ငြိမ်သက်သွားတဲ့အခါမရွေ့လျားနိုင်ဖြစ်ပြီး မီးကလည်းငြိမ်းသက်သွားနိုင်တဲ့သဘောရှိတယ်။ အတူတူပဲ၊ တိမ်တိုက်တွေဆိုတာလည်းပျောက်ကွယ်သွားနိုင်တာပဲ။ ဒါပေမဲ့ ခုနစ်စဥ်ကြယ်၊ ဒီခုနစ်စဥ်ကြယ်ကတော့ ကောင်းကင်အထက်ကိုးဘုံမှာတောင် ထာဝစဥ်တည်တံ့နေမဲ့သဘာဝတရားကြီးဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ခုနစ်စဥ်ကြယ်ရဲ့နိယာမကိုတစ်စွန်းတစ်စလေးပဲ ခပ်ရေးရေးဖမ်းဆုပ်မိရင်တောင် လောကတစ်ခွင်ကို လွတ်လပ်စွာလှည့်လည်လို့ရပြီဆိုလို့ရပါတယ်။”

ဤသည်ကိုကြားတော့ လူတိုင်းမှာ ပို၍စိတ်ဝင်စားလာကြသည်။

အမတအကြီးအကဲနန်ကုန်းကလည်း ချက်ချင်း စုယွမ်၏ကျင့်စဥ်များတွင် ဘာကြောင့်ခုနစ်စဥ်ကြယ်ကနေရာများစွာယူထားကြောင်း နားလည်သွားရသည်၊ ခုနစ်စဥ်ကြယ်ဆိုသည်မှာ အားနည်းချက်မရှိ၊ပျောက်ပျက်မသွားမဲ့အနာဂတ်တာအိုလမ်းကြောင်းအတွက်ညွှန်ပြရာတစ်ခုလည်းဖြစ်နေသည်ကို။

သူ၏ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ရောက်နေပြီဖြစ်သော ကျင်ကြံရေးတွင် သူက မီးစွမ်းအင်ကိုအဓိကထားလေ့လာခဲ့ခြင်းဖြစ်၏၊သို့သော်ငြား ဤသေမျိုးလောကတွင် နက်နဲလှသည့်မီးသဘောတရားဆိုသည်မျိုးဘယ်မှာရှိနိုင်မည်နည်း။ ထိုသို့ရှာမတွေ့သည့်အခါ သူ၏တာအိုလမ်းကြောင်းကလည်း ပိတ်ဆို့သွားခဲ့ခြင်းပေ။ သို့သော်လည်း ခုနစ်စဥ်ကြယ်ကတော့ ကောင်းကင်တွင် ထာ၀စဥ်အမြဲ တည်ရှိနေရာ ဤသည်ကိုကြည့်၍ကျင့်ကြံရမည့်လမ်းကြောင်းကလည်း ရှင်းလင်းပြတ်သားချေမည်ပေ။ ဤအယူအဆသည်ကား သူယခင်တွေးထင်ခဲ့သောအရာများထက် အဆပေါင်းများစွာသာလွန်နေသည်ပင်။

ဤလမ်းကြောင်းက မသေမျိုးဘဝသို့ပင် တိုက်ရိုက်ဦးတည်သွားနိုင်၏။ အကယ်၍ တစ်ယောက်ယောက်က မသေမျိုးဖြစ်၍ကောင်းကင်ဘုံတက်လှမ်းခဲ့လျှင်တောင် ရှေ့ဆက်တိုးတက်ရန်အတွက် လမ်းကြောင်းရှာရန်မလိုဘဲ ဒါကိုသာ စွဲစွဲမြဲမြဲကျင့်ကြံသွားနိုင်ပေသည်။

တကယ်ကိုကောင်းမွန်လှသည့်အတွေးအခေါ်ပါပေ။

အခြားဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများနှင့်စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲများမှာ နားထောင်နေရင်း ရုတ်တရက်သဘောပေါက်သွားကြပြီး လေးစားသွားဟန်တို့ ပြသလာကြသည်။ သို့သော်ငြား အများစုကတော့ သက်ပြင်းချလာခဲ့၏၊ တာအိုလမ်းကြောင်းဆိုတာ ပြောင်းလဲပစ်ရန်ခက်ခဲပေရာ သူတို့တွင် အမတဖြစ်ရန်အခွင့်မရှိလောက်တော့ပါပေ။

အချို့ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများကတော့ နန်ကုန်းတွေးသလိုမျိုး တွေးမိလာရသည်။ သို့သော်လည်း ဤသည်မှာ ကိုယ်စီးနေသည့်လှေကိုချက်ချင်းပြန်၍မီးရှို့ပစ်ရသလိုလုပ်ရပ်မျိုးဖြစ်ရာ မြန်မြန်ဆုံးဖြတ်ချက်မချနိုင်ပါပေ။

ဤသည်များက နန်ကုန်း၏ရလဒ်နှင့် စုယွမ်က အနာဂတ်တွင် မည်မျှဆက်လက်၍အောင်မြင်မည့်အပေါ်တွင်ကိုလည်း စောင့်ကြည့်ရဦးပေမည်။

ထိုသို့ရလဒ်ထွက်ပေါ်ရန် အချိန်များစွာလိုအပ်မည်ဖြစ်လင့်ကစား သူတို့ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်၏သက်တမ်းကလည်း ရှည်လျားလှရာ စောင့်ဆိုင်းခြင်းဆိုသည်မှာ မခက်ခဲလှသည်လေ။

စုယွမ်က တာအိုအကြောင်းရှင်းပြနေရင်းဖြင့် ခုနစ်စဥ်ကြယ်ငယ်လေးများက စုယွမ်၏လက်ဖဝါးပေါ်တွင် လည်ပတ်သရုပ်ပြနေကြသည်။ ရွှေအမြူတေအဆင့်အကြီးအကဲများက စုယွမ်ပြောသည်ကိုနားထောင်ရာ ခုနစ်စဥ်ကြယ်ကိုလည်းကြည့်ရှုကာ ကောင်းကင်နှင့်မြေကြီး၏နိယာမများကိုနားလည်ရန် ကြိုးစားနေကြ၏။

စုယွမ်ကတော့ သူ၏ထိပ်သီးကျင့်စဥ်များအကြောင်းဆက်တိုက်ရှင်းပြလာခဲ့လေသည်။

“ကျွန်တော် ထိပ်သီးကျင့်စဥ်တွေကို အမျိုးအစားခုနစ်ခုခွဲထားပါတယ်၊ ကြယ်တွေရဲ့အမည်အလိုက်ပေါ့။ တစ်ခုချင်းစီက တစ်ကိုယ်တည်းလည်းရပ်တည်နိုင်တာမို့ စတင်လေ့လာသူတွေက ကြိုက်နှစ်သက်ရာကိုရွေးလေ့လာလို့ရပါတယ်။ ကြယ်တွေထဲမှာဆိုရင် ကောင်းကင်ဗဟိုကြယ်ကတော်တော်လေးအရေးကြီးပါတယ်၊ ကောင်းကင်နဲ့မြေကြီးကိုဆက်နွယ်ပေးဖို့တာဝန်ယူထားရတဲ့ကြယ်မလို့ မဖြစ်မနေလေ့လာသင့်တယ်လို့ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်အဓိက သင်ကြားမှာကတော့ ထန်ရှုးကြယ်ပါပဲ၊ သူက အစီအရင်တွေ၊အခင်းအကျင်းတွေအတွက်အရေးပါတဲ့ကြယ်ပါ။”

စုယွမ်က ခုနစ်စဥ်ကြယ်တို့ကို တစ်ခုချင်းဆက်လက်၍ရှင်းလင်းတော့သည်။

စုယွမ်က အခြားသူများ သူ့ကျင့်စဥ်များကို အကုန်လိုက်သင်ယူမည်ကို မစိုးရိမ်ပါချေ၊ ဘာပဲ​ဖြစ်ဖြစ် သူ့တွင် အဓိကဝှက်ဖဲဖြစ်သော ခုနစ်စဥ်ကြယ်စွမ်းရည်နေသည်လေ။

ဤစွမ်းရည်မှာ စုယွမ်၏ထိပ်စီးကျင့်စဥ်များအတွက် အဓိကကျပေသည်ပင်။ အခြားသော အလုပ်နှင့်နားနေဖလှယ်မှုတို့၊တာအိုပညာနှင့်သဘာဝတို့၊ စိတ်အာရုံတို့လိုစွမ်းရည်များက အထောက်အကူပြုစွမ်းရည်များသာဖြစ်ကြပေ၏။

ထိပ်သီးကျင့်စဥ်များကလည်း စနစ်၏စွမ်းရည်များအပေါ်မှီခိုကာ ဖွဲ့စည်းထားခြင်းဖြစ်လေသည့်အတွက် အခြားသူများမှာ ဘယ်သောအခါမှ အဓိကအနှစ်သာရကိုနားလည်မည်မဟုတ်ပါပေ။ စုယွမ်ကိုယ်တိုင်တောင် ဤစွမ်းရည်များအကြောင်းကို ရှင်းရှင်းလင်းလင်းမပြောနိုင်၊သူ့ဆီဘယ်လိုရောက်လာလဲလည်းမသိရာ အခြားသူများဆိုလျှင် ပိုဆိုးတော့ပေမည်။

ထို့ကြောင့် စုယွမ်က နားလည်သမျှအကုန်ကို ရှင်းရှင်းလင်းလင်းချပြရဲခြင်းဖြစ်၏။

ဤအချင်းအရာက နားထောင်သူများရင်ထဲလှုပ်ခတ်သွားစေခဲ့သည်။

ရွှေအမြူတေအဆင့်အကြီးအကဲများစွာတောင် ရင်ထဲထိသွားခဲ့၏။ ဤသို့သော အလွန်ရှင်းလင်းစွာအသေးစိတ်ကျကျ အားကုန်ရှင်းပြနေခြင်းမှာ စုယွမ်တွင် နည်းနည်းလေးမျှဆရာစားချန်ထားလိုသောရည်ရွယ်ချက်မရှိကြောင်း သက်သေထူနေ၏။ လူတိုင်းမှာ ဒါဟာ ဆက်ခံသူအရှင်၏သဘောထားကြီးမြတ်မှုပဲဟုတွေးကာ လေးစားနေရတော့သည်။

အမတအကြီးအကဲနန်ကုန်းသည် နဝမပိုင်းထိလေ့လာနေပြီဖြစ်သည်။ သူက စုယွမ်ပြောတာနားထောင်နေရင်း ယခင်ကရှိခဲ့သောရှုပ်ထွေးမှုများလည်းပြေပျောက်ကာနားလည်သွားခဲ့ရ၏။

ပို့ချချက်အလယ်လောက်တွင်မူ သူဟာ အဋ္ဌမပိုင်းကို ခုနစ်ဆယ်၊ရှစ်ဆယ်ရာခိုင်နှုန်းလောက်တောင် နားလည်သွားပြီး နဝမပိုင်းကို နားလည်ရန်ကြိုးစားတော့၏။

သို့သော်ငြား သူလေ့လာနေရင်း အခက်အခဲဆုံးမှာ ခုနစ်စဥ်ကြယ်နှင့်မည်သို့ဆက်သွယ်ရမှန်းမသိသည့်ပြဿနာဖြစ်မှန်းသတိထားမိသွားသည်။

အစီအရင်အခင်းအကျင်းများကို သုံးပါလျှင် သွယ်ဝှက်၍သာဆက်သွယ်၍ရပေမည်။ သို့သော် ကျမ်းဂန်များတွင်ဖော်ပြထားသည့်အတွက် လွယ်လင့်တကူတိုက်ရိုက်ဆက်သွယ်နိုင်အောင် မည်သို့လုပ်ရပါမည်နည်း။ သူ လုံးဝတွေးမရပါပေ။

“ဟမ်။”

စုယွမ် တာအိုပညာအကြောင်းရှင်းလင်းနေရင်း ခုနစ်စဥ်ကြယ်စွမ်းရည်နှင့်စိတ်အာရုံစွမ်းရည်က ရုတ်တရက် တပြိုင်တည်းပွင့်လာပြီး ချိတ်ဆက်သွားတာကိုတွေ့လိုက်ရသည်။

စုယွမ် ရှုပ်ထွေးသွားရ၏။

သူလည်း အာရုံကိုနှစ်ခြမ်းခွဲလျက် တစ်ဖက်တွင်ရှင်းပြနေရင်း တစ်ဖက်ကိုတော့ စွမ်းရည်များအပေါ်ဂရုထားလိုက်သည်။

သူ ထိုစွမ်းရည်နှစ်ခုကို သူ့စိတ်နှင့်ပါ ဖွင့်လိုက်ပါ၏။

နောက်တစ်ခိုက်တန့်တွင် သူ့အသိစိတ်ပင်လယ်မှာ ဝေးကွာလှသောနေရာဒေသများကိုဖြတ်ကျော်၍ ကြယ်စဥ်တန်းတစ်ခုဆီသို့ရောက်ရှိသွား၏။

သူ၏အသိစိတ်လယ်မှာ တုနှိုင်းမဲ့ကြယ်ကြီးတစ်ခုအပေါ်တွင်ကယ်ညှိသွားသည်းပုံ။ အနှီကြယ်ကြီးကလည်း ပင်လယ်အလား ကျယ်ပြန့်နက်နဲလှကာ အဆုံးအစကိုပင် မမြင်ရပါလေ။

သို့သော် ရုတ်တရက် စုယွမ် သတိထားမိသွားရ၏။ ဤသည်မှာ ကောင်းကင်ဗဟိုကြယ်ပါပေ။

အဝေးရှိကြယ်စဥ်တန်းများကိုလှမ်းမျှော်ကြည့်လိုက်ပါက ကျန်ခြောက်ကြယ်ကလည်း တောက်ပစွာလင်းလက်နေတာကိုတွေ့လိုက်ရသည်။

ဤမြင်ကွင်းမှာ စုယွမ်၏အသိစိတ်ပင်လယ်ထဲ စွဲထင်သွားတော့၏။

သူ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်နှင့်တာအိုပညာနှင့်သဘာဝစွမ်းရည်ကို ဖွင့်လိုက်တော့သည်။

တစ်ခဏချင်းတွင် မြောက်များစွာသောအသိများက သူ့နှလုံးသားထဲဝင်ရောက်လာကြ၏။

လေ့လာချိန်ဆယ့်ကိုးစက္ကန့်ဟူသောအချိန် အလွန့်အလွန်တိုးတောင်လွန်းလင့်စကား စုယွမ်ကတော့ မြင်သမျှအကုန်ကို နားလည်နားရန် ကိုယ်စွမ်းရည်ရှိသမျှ သုံးထားသည်။

သူ၏ခုနစ်စဥ်ကြယ်အပေါ်နားလည်မှုကလည်း မိုးထိတိုင် မြင့်တက်သွားတော့၏။

All Chapters