← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

Chapter 132

ကြယ်များအပေါ်နားလည်မှုမှာ ချက်ချင်း အယူအဆအဆင့်သို့ပါရောက်သွားလျက်၊ ၎င်းကလည်းမရပ်တန့်သေး ဆက်လက်နားလည်ရန်ကျန်ရှိနေသေးသည်။

ထို့အပြင် အနှီခုနစ်စဥ်ကြယ်ထဲမှာကို မီးစွမ်းအင်၏လောင်ကျွမ်းခြင်းနှင့်သစ်သားစွမ်းအင်၏သိုလှောင်ခြင်းနိယာမများပါဝင်နေလေသည်။ အနှီစွမ်းအင်အပေါ် နားလည်မှုကလည်းအဆင့်တက်သွားတော့၏။ မီးစွမ်းအင်ကိုနားလည်မှုမှာ အယူအဆအဆင့်သို့အရင်တက်လှမ်းရင်း အဆုံးလောက်မှသာ သစ်သားစွမ်းအင်ကလည်း အယူအဆအဆင့်သို့ရောက်လာ၏။

လေ့လာချိန်ကလည်း လျင်မြန်စွာကုန်ဆုံးသွားနေဆဲ၊ အလျင်လိုနေသည့်စိတ်ဖိအားတစ်ခုမှာ သူ၏ဖိစီးထားလျက် ကျန်ရှိသောစက္ကန့်ပိုင်းလေးအတွင်း နားလည်ရန် အစွမ်းကုန်ကြိုးစားနေရသည်။

သူ နေရာတစ်ခုဆီသို့လှည့်ကြည့်လိုက်ရာ သူ၏အသိစိတ်ပင်လယ်က မြေကမ္ဘာပေါ်ချက်ချင်းဆင်းသွားရပြီး ဂိုဏ်းရှိတောင်တစ်လုံးပေါ်ရှိ ခုနစ်စဥ်ကြယ်အစီအရင်စင်မြင့်ထက်အလယ်တွင် ရှေးဟောင်းဝိညာဥ်တစ်ပါးကိုတည်ရှိနေကြောင်းတွေ့လိုက်ရပြီး ၎င်းက ကောင်းကင်ဗဟိုကြယ်နှင့် ဆက်သွယ်မှုတစ်ခုတည်ဆောက်ရန် ကြိုးစားနေလေသည်။

၎င်းက အမတအကြီးအကဲနန်ကုန်းဖြစ်နေသည်ပင်။

သူက ပို့ချက်ကိုနားထောင်ရင်း သူ၏ရှေးဟောင်းဝိညာဉ်ဖြင့် လာရောက်လေ့ကျင်းနေခြင်းဖြစ်ပေ၏။

သူ ခုနစ်စဥ်ကြယ်နှင့်ဆက်သွယ်နေရင်း စုယွမ်၏အမည်ကိုလည်း တဖွဖွရွတ်နေသည်။ သူဟာ စုယွမ်ကို ခုနစ်စဥ်ကြယ်ဟုပင် သတ်မှတ်ထားခြင်းဖြစ်၏။

ဤသို့ဖြင့် သူ၏ကြိုးစားအားထုတ်မှုက စုယွမ်၏စွမ်းရည်နှစ်ခုစွမ်းဆောင်ရည်နှင့်တိုက်ဆိုင်သွားခဲ့သည်။

ထိုအချိန်တွင် စုယွမ်ဟာ လုပ်ပိုင်ခွင့်တစ်ခုကိုရရှိလိုက်သည့်အတိုင်း သူဟာ အခြားသူများကိုပါ ကောင်းကင်ဗဟိုကြယ်နှင့် ဆက်သွယ်နိုင်ခွင့်ပေးနိုင်သွားခဲ့၏။

သူက ယခင်ကတည်းက ခုနစ်စဥ်ကြယ်ကိုနားလည်ဖို့ကြိုးစားနေတာဖြစ်သောလည်း သူ၏တစ်ဖက်သက်ရူးမိုက်နေမှုသာဖြစ်ခဲ့သည်။ သို့သော်ယခုတွင်တော့ ခုနစ်စဥ်ကြယ်စွမ်းရည်က သူ့ကို အံ့သြစရာတစ်ခုပေးလိုက်လေပြီ။ သူ ကောင်းကင်ဗဟိုကြယ်ကိုယ်စား အမတအကြီးအကဲနန်ကုန်းကို ခုနစ်စဥ်ကြယ်နှင့်ဆက်သွယ်ပေးရန်တောင်အခွင့်ရပေပြီ။

ယခုတွင်တော့ သူ အမတအကြီးအကဲနန်ကုန်းကို ခုနစ်စဥ်ကြယ်နှင့်ဆက်သွယ်ခွင့်ပေးမည်လားကိုဆုံးဖြတ်ရတာချေမည်။ ကြယ်စွမ်းအင်ကျင့်ကြံသူများမှာ ကျင့်ကြံရေးမှတဆင့် ကြယ်များနှင့်အစပြုဆက်သွယ်နိုင်သော်ငြား လိုအပ်ချက်များအလွန်မြင့်မား၏။သို့သော် စုယွမ်က ယခုတွင်တော့ အမတအကြီးအကဲနန်ကုန်းကို ကူညီ၍ ဆက်သွယ်ပေးလို့ရပေပြီ။

စုယွမ် ရုတ်တရက် ယခင်တစ်ခေါက် ကြယ်စွမ်းအင်ကိုသုံးချိန်တွင် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ကျင့်ကြံသူဆယ့်ခုနစ်ယောက်လောက်၏အာရုံကိုဆွဲဆောင်သွားမိကြောင်း သတိရသွားသည်။

အနှီကျင့်ကြံသူများဆီမှရသောအမှတ်များက အလွန်များပြားရာ သူအမြဲ စိတ်ထဲထားမိနေခြင်းဖြစ်၏။

ယခုတွင် သူသာ အမတအကြီးအကဲနန်ကုန်းကို ကောင်းကင်ဗဟိုကြယ်နှင့်ဆက်သွယ်ခွင့်ပေးလိုက်ပါက တစ်ယောက်ယောက်က ဤအကြောင်းလာစိန်ခေါ်ချိန်တွင် သူ အကြီးအကဲကိုသာ ရှေ့ထုတ်လိုက်၍ရသွားပေမည်။

ဤအတွေးကြောင်း စုယွမ်လည်း သေချာသွားရပြီး ဆက်သွယ်၍ခွင့်ပြုပေးလိုက်သည်။

ဤသို့ဖြင့် သူ၏အသိစိတ်ပင်လယ်ကလည်း ကောင်းကင်ဗဟိုကြယ်ကနေ ချက်ချင်းပြန်လည်လွင့်စင်သွားပြီး ခန္ဓာကိုယ်ထဲပြန်ရောက်ရှိသွား၏။

သူ့၏စိတ်ထဲ အလွန်ထိတ်လန့်နေဆဲပင်။ သူဟာ စွမ်းရည်နှစ်ခုကိုသုံး၍ အလင်းနှစ်ပေါင်းများစွာကျော်ဖြတ်ကာ ကောင်းကင်ဗဟိုကြယ်ဆီသို့ တကယ်ကြီးရောက်သွားခြင်းပေလေ။

သူဟာ သေမျိုးကမ္ဘာကထွက်သွားသလိုတောင် ခံစားခဲ့ရပေသည်။

သူ့စွမ်းရည်များ၏လုပ်နိုင်စွမ်းမှာ သူတွေးထားသည်ထက်တောင်အများကြီးပိုနေပါ၏။

ဤသို့ စွမ်းရည်နှစ်ခုဆီကိုပေါင်း၍အသုံးပြုလိုက်ခြင်းက သူ့ကို များစွားသိမြင်လာစေခဲ့သည်။

သူက ခုနစ်စဥ်ကြယ်ကိုလည်း အနီးကပ်မြင်ဖူးသွားသလို ကောင်းကင်ဗဟိုကြယ်ကိုတောင် ထိတွေ့နိုင်ခဲ့သေး၏။ သူဟာ တာအိုပညာကိုတောင် ဖောက်မြင်သွားရသလိုပါပင်။

ဤအချင်းအရာတို့က ခုနစ်စဥ်ကြယ်အပေါ်နားလည်မှုများကို အဆများစွာတိုးပွားလာစေခဲ့သည်။

သူ၏ယခင်တွေးထားသောကျင့်စဥ်များကလည်း သေချာပုံပေါ်လာခဲ့၏။ ရွှေမှုန်အဆင့်၊ ရွှေပဲစေ့အဆင့်၊ ရွှေပုလဲအဆင့်၊ ရွှေကြယ်အဆင့် စသဖြင့်အဆင့်ဆင့်တန်းစီးကာ နောက်ဆုံးမှ ရွှေအမြူတေကိုဖွဲ့စည်းနိုင်ရင်း ပြီးပြည့်စုံသည့်ရွှေအမြူတေကိုရရန်အကြံအစည်ကလည်း ပို၍တိကျလာခဲ့သည်။

စုယွမ်သာမက အမတအကြီးအကဲနန်ကုန်းလည်း တစ်ချိန်တည်းတွင် အလင်းပွင့်နေရသည်၊ ခုနစ်စဥ်ကြယ်မှ ကြယ်အလင်းတစ်ခုက သူ၏စိတ်အတွင်းသို့ရောက်ရှိလာသည်လေ။

အမှတ်တစ်ခုက သူ့နဖူးပေါ်ရောက်ရှိလာလျက် သူဟာ အယူအဆတစ်ခုကို ခပ်ရေးရေးသဘောပေါက်သွားသလိုပင်၊ ယခုဆိုလျှင် သူက ခုနစ်စဥ်ကြယ်ဆီမှာ အသိအမှတ်ပြုမှုသေးသေးလေးတစ်ခုကိုရသွားချေပြီ၊ ထိုအရာကအလွန်သေးငယ်လျှင်တောင် သူ၏ခွန်အားမှာ အဆမတန်တိုးပွားလာရတော့၏။

အမတအကြီးအကဲနန်ကုန်းမှာ သူသာ ယခုလမ်းကြောင်းတွင် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရောက်သွားပါက သူ၏ခွန်အားကို ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် မည်သူမှယှဥ်နိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရသည်၊ မဟုတ်သေး၊ သူက ဆက်ခံသူအရှင်နောက် ဒုတိယစွမ်အားကြီးဖြစ်လာမည်ဟုပြောတာက ပို၍မှန်ပေမည်။

ပို့ချချက်ကလည်း ဆက်လက်နေလျက် စုယွမ်၏ပင်မအသိစိတ်ပင်လယ်နှင့် စိတ်အာရုံမှအသိစိတ်ပင်လယ်တို့ကလည်း သီးသန့်ငြိမ်းချမ်းစွာတည်ရှိနေကြဆဲ။ စုယွမ်မှာ အပြင်ပိုင်းတွင် ရေသေအလားတည်ငြိမ်နေလင့်စကား စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေရသည်ပင်။

သူလည်း နောက်ဆုံးတွင် ပို့ချချက်ကို အဆုံးသတ်ပြီးနောက် ပြောလိုက်သည်။

“ဒီတစ်ခေါက်ပို့ချတာက ကျွန်တော့်အတွက်လည်း တော်တော်အကျိုးရှိသွားခဲ့ပါတယ်။ ကျွန်တော် တံခါးပိတ်ကျင့်ကြံတာပြီးလို့ပြန်လာလို့ရှိရင် ကျင့်စဥ်တွေထဲ အပိုင်းကိုးပိုင်းထပ်ပေါင်းဖြည့်ပါ့မယ်။ နဝမအပိုင်းထိလေ့လာပြီးသွားတဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တပည့်တွေက ဆက်လက်ပြီးလေ့လာလို့ရပါပြီ။”

အမတအကြီးအကဲနန်ကုန်းမှာ တည်တံ့လို့သွားရင်း စုယွမ်အပေါ် ကြောင်အအစိုက်ကြည့်နေတော့သည်။

“ဘယ်လို၊ နောက်ထပ်ကိုးခုတဲ့လား။ မင်းဟာက ပို့ချနေရင်း နောက်ထပ်ချက်ချင်းနားလည်သွားတာလား။ လာနောက်နေတာလား။”

All Chapters