အခန်း ၉၀၂
Vol. 86 Ch. 902
အခန်း (၉၀၂) - အစစ်အမှန်ဝိညာဉ်များ သန်မာရခြင်း၏ လျှို့ဝှက်ချက်၊ အင်မော်တယ်သလင်းကျောက် တစ်သိန်းရရှိခြင်း (၂)
သူမသည် မိမိတို့၏ လင်ယောက်ျားမှာ အလွန်တရာ ထူးခြားထက်မြက်သူဖြစ်ကြောင်း သိရှိသော်လည်း ဤမျှအထိ ထူးခြားဆန်းပြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
အစစ်အမှန်ဝိညာဉ်အဆင့် သက်ရှိများသာ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်နိုင်နေသည် မဟုတ်ပါလော။
"အဆင့်မြင့်ဥပဒေသနဲ့ အဆင့်နိမ့်ဥပဒေသလား... အဲဒါက ဘာကို ပြောတာလဲ..."
ကျိုးစွေ့က စိတ်ဝင်တစား မေးလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အချက်အလက်များကို ဖုန်းရှီးမြို့တော်၏ ကျမ်းစာတိုက်တွင်ပင် ရှာမတွေ့နိုင်သောကြောင့် ဖြစ်၏။ မှန်ပေသည်၊ ဤသည်မှာ မဟာယာနအဆင့်နှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များ ဖြစ်ပေသည်။
လူသားမျိုးနွယ်စု ဧကရာဇ်မြို့တော်ရှိ ကျမ်းစာတိုက်မှတစ်ပါး အခြားမည်သည့်နေရာတွင်မျှ ဤကဲ့သို့သော မှတ်တမ်းမျိုး ရှိနိုင်မည်မဟုတ်ပေ။
"ကျွန်မလည်း အရင်က ဖုန်းရှီးတာအိုအရှင် ပြောပြတာကို တစ်ဆင့် ပြန်ကြားဖူးတာ..."
"ကမ္ဘာမြေကြီးပေါ်မှာ မရေမတွက်နိုင်တဲ့ ဥပဒေသတွေ ရှိကြတယ်တဲ့... ဥပမာ မီးဥပဒေသ၊ ရေဥပဒေသ၊ မြေဥပဒေသ စတာတွေပေါ့..."
"ဒါပေမဲ့ အဲဒီဥပဒေသတွေအားလုံးက အဆင့်နိမ့်ဥပဒေသတွေပဲ ဖြစ်တယ်..."
"အဆင့်မြင့်ဥပဒေသတွေပဲ အားအကောင်းဆုံး စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာ..."
"ဥပမာ အချိန်ဥပဒေသ၊ လေဟာနယ်ဥပဒေသ၊ သေခြင်းတရားဥပဒေသ စတာတွေအားလုံးက အဆင့်မြင့်ဥပဒေသတွေပဲ..."
"နှမြောစရာကောင်းတာက အဲဒီအဆင့်မြင့်ဥပဒေသတွေကို တကယ်တမ်း နားလည်သဘောပေါက်ပြီး အသုံးပြုနိုင်တဲ့ မဟာယာနအဆင့် ကျင့်ကြံသူကတော့ အရမ်းကို ရှားပါးလွန်းတယ်..."
"အစစ်အမှန်ဝိညာဉ်တွေက မဟာယာနအဆင့် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ ပိုပြီးတော့ ကြောက်စရာကောင်းနေရတဲ့ အကြောင်းရင်းကလည်း သူတို့တွေက အဆင့်မြင့်ဥပဒေသတွေကို ပိုင်ဆိုင်ထားလို့ပဲ... ဒါကြောင့်မို့လို့လည်း စိတ်ကူးလို့မရအောင် အစွမ်းထက်နေကြတာပေါ့..."
ထောင်ချီလီက မိမိသိရှိထားသမျှကို အစအဆုံး အသေးစိတ် ရှင်းပြလိုက်လေသည်။
"ဒါဆိုရင် ယောက်ျားသာ မဟာယာနအဆင့်ကို ရောက်သွားခဲ့ရင် တိုက်ခိုက်ရေးစွမ်းအားက အစစ်အမှန်ဝိညာဉ်တွေနဲ့ တန်းတူ ဖြစ်သွားမှာပေါ့..."
ပိုင်စုကျဲ့၏ မျက်ဝန်းအစုံမှာ စိတ်လှုပ်ရှားမှုများကြောင့် တောက်ပလာတော့၏။
သူမသည် ကျိုးစွေ့ကို လွန်စွာ အားကျကြည်ညိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။
အဘယ်ကြောင့်ဆိုသော် လူသားခန္ဓာကိုယ်ဖြင့် အစစ်အမှန်ဝိညာဉ်သက်ရှိများနှင့် ရင်ဘောင်တန်းနိုင်ခြင်းမှာ အလွန်တရာ ဆန်းကြယ်လှသော အံ့ဖွယ်ဆန်းကြယ်မှုကြီး ဖြစ်သောကြောင့်ပင်။
ဝိညာဉ်ကမ္ဘာ၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင်ပင် ဤအရာကို လုပ်ဆောင်နိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှပေသည်။
"ဒါကတော့ အမှန်ပဲ..."
"သာမန်သက်ရှိတွေက အစစ်အမှန်ဝိညာဉ်တွေနဲ့ တန်းတူစွမ်းအားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အဆင့်မြင့်ဥပဒေသတွေကို မဖြစ်မနေ နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ ပြောကြတယ်..."
"ဒါပေမဲ့ ဝိညာဉ်ကမ္ဘာကြီးရဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေထဲမှာ ဒါကို လုပ်ဆောင်နိုင်ခဲ့တဲ့သူက လက်ချိုးရေလို့တောင် ရတယ်..."
"ယောက်ျားသာ ဒါကို တကယ်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့… ဒါက တကယ်ကို အံ့ဖွယ်တွေထဲက အံ့ဖွယ်တစ်ခု ဖြစ်လာမှာပဲ..."
"ပြီးတော့ အခုကြည့်ရတာ တကယ်ကို မျှော်လင့်ချက် အများကြီးရှိနေတာပဲ..."
ထောင်ချီလီက ခေါင်းညိတ်လိုက်၏။
သူမ၏ စိတ်နှလုံးထဲတွင်လည်း အလွန်တရာ အံ့ဩတုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေချေသည်။
အဘယ်ကြောင့်ဆိုသော် မိမိတို့၏ လင်ယောက်ျားသည် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်မျှသာ ရှိသေးသော်လည်း အဆင့်မြင့်ဥပဒေသကို အနည်းငယ်မျှ နားလည်သဘောပေါက်နေပြီ မဟုတ်ပါလော။
အကယ်၍ ခန္ဓာပေါင်းစည်းခြင်းအဆင့် သို့မဟုတ် မဟာယာနအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်နည်း။
အနာဂတ်တွင် လူသားမျိုးနွယ်ထဲမှ အစစ်အမှန်ဝိညာဉ်နှင့် ယှဉ်နိုင်သော တည်ရှိမှုတစ်ခု အမှန်တကယ် ပေါ်ထွက်လာနိုင်ပေသည်။
ထိုအချိန်ကျလျှင် လူသားမျိုးနွယ်သည်လည်း အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်လာရန် အခွင့်အရေးရှိပြီး ဝိညာဉ်လောက၌ လက်ချိုးရေတွက်နိုင်သော ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုကဲ့သို့သောအနာဂတ်ကို တွေးမိလိုက်ရုံနှင့် သူမ မည်သို့ပြောရမည်ပင် မသိတော့ချေ။
အိပ်မက်ထဲတွင်ပင် ထိုသို့သောအနာဂတ်မျိုးကို သူမ တစ်ခါမျှ မမက်ဖူးခဲ့ချေ။
"အကယ်လို ယောက်ျားဆိုရင်တော့ ဒါကို သေချာပေါက် လုပ်နိုင်မှာပဲ... သံသယဖြစ်စရာကို မလိုဘူး..."
ဟွားစစ်ချင်သည် ကျိုးစွေ့အပေါ် ယုံကြည်မှုများ အပြည့်အဝ ရှိနေလေသည်။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသားနှင့် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ပြီးနောက် ဤအမျိုးသားသည် မလုပ်နိုင်သောအရာဟူ၍ မရှိကြောင်း ခံစားရသောကြောင့်ပင် ဖြစ်၏။
အစစ်အမှန်ဝိညာဉ်များသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ယှဉ်ပြိုင်၍မရနိုင်သည်တော့ မဟုတ်ပေ။
"ဟားဟား... အရမ်းကြီး စဉ်းစားရတာ ဝေးလွန်းပါသေးတယ်..."
"လက်ရှိမှာ ကိုယ်က လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာ... ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းလမ်းကိုပဲ အရင်စဉ်းစားရဦးမယ်..."
"ခြေလှမ်းတစ်လှမ်းချင်းစီကို ခိုင်ခိုင်မာမာ လှမ်းသွားရမှာပဲ... အရမ်းဝေးကွာတဲ့အရာတွေကို တွေးနေဖို့ မလိုပါဘူး..."
ကျိုးစွေ့က အသာအယာ ပြုံးလိုက်၏။
သူသည် မိမိကိုယ်ကိုယ် သဘာဝကျကျပင် ယုံကြည်မှုများ အပြည့်အဝ ရှိနေပေသည်။
အဖိုးတန်ရတနာဖြစ်သော ကူနတ်ဘုရားပန်းကန်ကို ပိုင်ဆိုင်ထားသည့် သူသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်မှာ သဘာဝကျကျပင် ဖြစ်ပေသည်။
သို့ရာတွင် ဤအရာအားလုံးအတွက် မရှိမဖြစ်လိုအပ်ချက်မှာ မိမိကိုယ်တိုင် ဘေးကပ်ဆိုးများနှင့် ကြုံတွေ့ကာ မသေဆုံးသွားရန် ဖြစ်၏။
သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ပါရမီရှင်ထူးချွန်သူများ မည်မျှပင် ပေါ်ထွက်ခဲ့ဖူးသည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော် အနည်းငယ်မျှသော ပါရမီရှင်များသာလျှင် ၎င်းတို့၏ပါရမီကို အမှန်တကယ် အသုံးချနိုင်ခဲ့ကြ၏။
အကယ်၍ အလွန်အမင်း ထောင်လွှားဝင့်ဝါနေပါက ဘေးကပ်ဆိုးများအကြားတွင် သေဆုံးသွားနိုင်ပြီး ကျင့်ကြံခြင်းလမ်းစဉ်လည်း ပျက်စီးဆုံးရှုံးသွားနိုင်သည်။
သူသည် ဤမျှနှင့် သတိလျော့လိုက်မည် မဟုတ်ပေ။
အကြွင်းမဲ့ အနိုင်မတိုက်နိုင်သော စွမ်းအားမျိုး မပိုင်ဆိုင်နိုင်သေးသရွေ့ သူ မည်သည့်အခါမျှ တဇွတ်ထိုး ပြုမူလိမ့်မည် မဟုတ်ချေ။
"ယောက်ျား ပြောတာ မှန်ပါတယ်... မဟာယာနအဆင့် ကျင့်ကြံသူဖြစ်ဖို့ဆိုတာ အရမ်းဝေးပါသေးတယ်... အရင်ဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်အောင် အရင်လုပ်ကြတာပေါ့..."
ပိုင်စုကျဲ့ကလည်း မိမိလင်ယောက်ျား ပြောသည်မှာ မှန်ကန်ကြောင်း ခံစားမိလေသည်။
လူတစ်ယောက်အနေဖြင့် အလှမ်းကျယ်လွန်းပြီး လမ်းလယ်တွင် ချော်လဲ၍ မဖြစ်ပေ။
အမှန်အတိုင်း ဆိုရပါက ဤလောကကြီးတွင် မည်မျှပင် ပါရမီထူးချွန်သော ပါရမီရှင်များ လမ်းခုလတ်၌ သေဆုံးပျက်စီးခဲ့ရသည်ကို မသိနိုင်ချေ။
မိမိ၏လင်ယောက်ျားသည် အကန့်အသတ်မဲ့ အလားအလာများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ခြေလှမ်းတိုင်းကို ခိုင်ခိုင်မာမာဖြင့် တစ်လှမ်းချင်း လှမ်းသွားရမည်သာ ဖြစ်သည်။
"ယောက်ျားက တကယ်ကို တည်ငြိမ်တာပဲ..."
"ဒါနဲ့... ဒီတစ်ခေါက် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေကို သတ်ဖြတ်ပြီးနောက်မှာ ဘယ်လိုရတနာတွေ ရခဲ့လဲဆိုတာ မသိရသေးဘူးနော်..."
ဟွားစစ်ချင်က စိတ်အားထက်သန်စွာ မေးလိုက်၏။
သူမသည် ယခုတစ်ကြိမ်တွင် မည်သို့သော ရတနာထူးများ ရရှိခဲ့သည်ကို သိရှိလိုပေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အထဲတွင် တစ်ဦးမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးတစ်ဦးပင် ဖြစ်သောကြောင့် ဖြစ်၏။
ယခုတစ်ကြိမ် ရရှိခဲ့သော ရတနာများမှာ အနည်းငယ်မျှ မဟုတ်နိုင်သည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
"ဒါကတော့... အရင်ဆုံးကတော့ သတ္တမအဆင့် ပျံသန်းရေးသင်္ဘော ခုနစ်စင်း ရခဲ့တယ်..."
"အမှန်အတိုင်း ပြောရရင်... အဲဒီပျံသန်းရေးသင်္ဘောတွေရဲ့ တန်ဖိုးက အကြီးမားဆုံးပဲလို့ ကိုယ်ထင်တယ်..."
"ဒီသတ္တမအဆင့် ပျံသန်းရေးသင်္ဘောတွေ ရှိလာပြီဆိုရင် ငါတို့လူသားတွေလည်း ခွန်ဖန်ပင်လယ်ပြင်ထဲမှာ သွားလာနိုင်ပြီပေါ့..."
"ဒီပျံသန်းရေးသင်္ဘောတွေရဲ့ စွမ်းအားကို အသုံးချပြီး ခွန်ဖန်ပင်လယ်ပြင်ရဲ့ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတွေကို လုံးဝ ခုခံနိုင်မှာပါ..."
"ဒါပေမဲ့ အဲဒါတွေအားလုံးက ခြင်နက်မျိုးနွယ်စုရဲ့ ပျံသန်းရေးသင်္ဘောတွေ ဖြစ်နေတာပဲ..."
"သူတို့တွေက အဲဒီအပေါ်မှာ ဘယ်လိုဝှက်ဖဲတွေ ချန်ထားခဲ့လဲဆိုတာ မသိနိုင်ဘူး..."
"မတော်လို့ စွန့်စားပြီး အသုံးပြုလိုက်မယ်ဆိုရင် ငါတို့လူသားမျိုးနွယ်ရဲ့ ခြေရာလက်ရာတွေကို ခြင်နက်မျိုးနွယ်စုက ရိပ်မိသွားနိုင်တယ်..."
ကျိုးစွေ့က အသေအချာ စဉ်းစားပြီးနောက် မိမိရရှိခဲ့သော ရိတ်သိမ်းမှုများကို ပြောပြလိုက်၏။
ထင်ရှားသည်မှာ သတ္တမအဆင့် ပျံသန်းရေးသင်္ဘောတစ်စင်းစီတိုင်းသည် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်ကြပေသည်။
အကယ်၍ သတ္တမအဆင့် ပျံသန်းရေးသင်္ဘောတစ်စင်းကို သွန်းလုပ်လိုပါက မည်မျှပင် ရှားပါးလှသော ပစ္စည်းများကို သုံးစွဲရမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
အတိတ်ကာလ လူသားမျိုးနွယ်၌ပင် သတ္တမအဆင့် ပျံသန်းရေးသင်္ဘော စုစုပေါင်း တစ်ရာ၊ နှစ်ရာခန့်သာ ရှိခဲ့ဖူး၏။
ဤသည်မှာလည်း လူသားမျိုးနွယ်အနေဖြင့် နှစ်ပေါင်းကုဋေကုဋာတိုင်အောင် စုဆောင်းခဲ့ရသော အခြေခံအုတ်မြစ် ဖြစ်လေသည်။
ယခုမူ တစ်ကြိမ်တည်းနှင့် ခုနစ်စင်း တစ်ပြိုင်နက်တည်း ရရှိခဲ့ရာ အမှန်တကယ်ပင် ရတနာပုံဆိုက်ခြင်း ဖြစ်ပေသည်။
အကယ်၍ ဤအရာများကို လူသားမျိုးနွယ်ဧကရာဇ်မြို့တော်သို့ ယူဆောင်သွားပါက မည်မျှပင်များပြားသော လက်နက်သွန်းလုပ်သူများကို ဝမ်းသာအားရ ဖြစ်စေမည်ကို မသိနိုင်ချေ။
တစ်နည်းအားဖြင့် ဆိုရသော် ပျံသန်းရေးသင်္ဘောသည် လက်နက်သွန်းလုပ်သူများ၏ အမြင့်မားဆုံးသော ဖန်တီးမှုလက်ရာမွန်ကြီးများထဲမှ တစ်ခုပင် ဖြစ်ချေသည်။
"ဒါက ခြင်နက်မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ပေါ့... သတ္တမအဆင့် ပျံသန်းရေးသင်္ဘောကိုတောင် လွယ်လွယ်ကူကူ ထုတ်ပေးနိုင်တယ်ဆိုတော့ တကယ်ကို အရမ်းဖြုန်းတီးလွန်းရာ ရောက်တာပဲ..."
ပိုင်စုကျဲ့က သက်ပြင်းချကာ ရေရွတ်လိုက်၏။
သူမသည် သတ္တမအဆင့် ပျံသန်းရေးသင်္ဘော၏ တန်ဖိုးကို ကောင်းစွာ သိရှိထားသည်။ လက်ရှိအချိန်တွင် ဖုန်းရှီးမြို့တော်၌ပင် တစ်စင်းသာ ရှိသည်။
ထိုအရာသည်လည်း ဖုန်းရှီးတာအိုအရှင်၏ ကိုယ်ပိုင်စီးတော်ယာဉ် ဖြစ်လေ၏။