အခန်း ၉၀၅
Vol. 86 Ch. 905
အခန်း (၉၀၅) - ‘မိုးကြိုးကပ်ဘေးကူ’ သတ္တမအဆင့်သို့ အဆင့်တက်ခြင်း၊ နတ်ဘုရားစွမ်းရည် ဥက္ကာပျံမိုးကြိုးလက်ညိုးနှင့် သတ္တမအဆင့်ဆေးနည်းများ ရရှိခြင်း (၂)
အင်မော်တယ်သလင်းကျောက်များသည်သာ အဆင့်မြင့်ကျင့်ကြံသူများ၏ အဓိက ငွေကြေးဖြစ်သော်လည်း အထွတ်အထိပ် စိတ်ဝိညာဉ်ကျောက်တုံးများသည် တန်ဖိုးမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။
တကယ်တမ်းတွင် အထွတ်အထိပ် စိတ်ဝိညာဉ်ကျောက်တုံးများသည်လည်း ငွေကြေးယူနစ်များထဲမှ တစ်ခုပင် ဖြစ်၏။ အစီအရင် အများအပြားကို လည်ပတ်ခြင်း၊ ပျံသန်းရေးသင်္ဘောများကို စတင်မောင်းနှင်ခြင်း အစရှိသည်တို့အတွက် အထွတ်အထိပ် စိတ်ဝိညာဉ်ကျောက်တုံးများကို စွမ်းအင်အရင်းအမြစ်အဖြစ် လိုအပ်ပေသည်။
ထိုသို့မဟုတ်ပါက ဝိညာဉ်ကမ္ဘာရှိ ရတနာများစွာကို အသုံးပြုရန် ခက်ခဲသွားမည် ဖြစ်လေသည်။ သို့ရာတွင် ဤတစ်ကြိမ်၌ ကြီးမားလှသော အကျိုးအမြတ်များကို အမှန်တကယ် ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်၏။ ၎င်းသည် ညတွင်းချင်း သူဌေးဖြစ်သွားခြင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။
"အကယ်လို့ ခြင်နက်မျိုးနွယ်စုလို ကြွယ်ဝချမ်းသာစေတဲ့ လာဘ်ကောင်လေးတွေက ငါတို့ ဖုန်းရှီးကျွန်းကို ထပ်ရောက်လာဦးမယ်ဆိုရင် ငါတို့မှာ အရင်းအမြစ်တွေ ပြတ်လပ်မှာ မဟုတ်တော့ဘူး... သူတို့ဆီက ရတနာတွေကို လုယူရုံနဲ့တင် ငါတို့ကို ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ ကျင့်ကြံဖို့ လုံလောက်နေပြီ..."
ပိုင်စုကျဲ့က သက်ပြင်းချရင်း ဆိုလေသည်။
သူမကိုယ်တိုင်ပင် ယခုအခါ ရတနာရူးသွပ်သူတစ်ဦး ဖြစ်သွားပြီဟု ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် ယခင်က သူမသည် လူသားဧကရာဇ်၏ သမီးတော်ဖြစ်သော်လည်း ဤမျှများပြားသော ရတနာများကို မမြင်ဖူးခဲ့သောကြောင့်ပင် ဖြစ်သည်။
ဤသည်က သူမ၏ လောကအမြင်များကို အသစ်ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
"ဘယ်မှာ အဲဒီလောက် ရိုးရှင်းပါ့မလဲ..."
"သူတို့ကို သတ်ပစ်လိုက်ရုံဆိုရင် ပြဿနာ မဟုတ်ပေမဲ့..."
"ကြောက်စရာအကောင်းဆုံးက လူငယ်တွေကို သတ်လိုက်လို့ လူကြီးတွေ ရောက်လာမှာကိုပဲ..."
"ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကိုတော့ ငါတို့က ခဲရာခဲဆစ် ရင်ဆိုင်နိုင်သေးပေမဲ့ မဟာယာနအဆင့် ကျင့်ကြံသူသာ ရောက်လာခဲ့ရင်တော့ ခုခံနိုင်မှာ မဟုတ်ဘူး..."
"ဒီတစ်ခေါက် ကလဲ့စားချေမှာကို မကြောက်ရတဲ့ အကြောင်းရင်းက ငရဲမိစ္ဆာကမ္ဘာက ကျူးကျော်ဝင်ရောက်လာလို့ ခြင်နက်မျိုးနွယ်စုက အခက်တွေ့နေတာကြောင့်ပဲ... သူတို့မျိုးနွယ်စုဝင်တွေ သေဆုံးသွားတာကို သိရင်တောင် အခုချိန်မှာ ဘာမှ မတတ်နိုင်ဘူးလေ..."
ကျိုးစွေ့က လက်ကာပြရင်း ဆိုလိုက်၏။
ဤကဲ့သို့သော ကိစ္စမျိုးသည်လည်း ဆက်တိုက် ဖြစ်ပေါ်လာနိုင်မည် မဟုတ်ချေ။ တစ်ကြိမ်တစ်ခါ ရှိခဲ့သည်ကပင် တော်တော်လေး ကောင်းမွန်နေပြီ ဖြစ်၏။ မြစ်ကမ်းနားတွင် အမြဲလမ်းလျှောက်နေပါက ဖိနပ်မစိုဘဲ မည်သို့ နေမည်နည်း။
မိမိ၏ စွမ်းအားကို မြှင့်တင်ရဦးမည်ဟုသာ ဆိုရမည် ဖြစ်သည်။ အကယ်၍ ဖုန်းရှီးကျွန်းတွင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးသာ ပေါ်ထွက်လာပါက လုံးဝခြားနားသွားမည် ဖြစ်ပြီး ခြင်နက်မျိုးနွယ်စု၏ ကလဲ့စားချေခြင်းကို ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့နေမည် မဟုတ်ဘဲ အခွင့်အရေးရှိနေဦးမည် ဖြစ်သည်။
"ပြောတာမှန်တယ်... ဒီမဟာမျိုးနွယ်စုကြီးတွေရဲ့ ကလဲ့စားချေမှုက အဲဒီလောက် ရိုးရှင်းတာတော့ မဟုတ်ဘူး..."
"ကံကောင်းလို့ ငရဲမိစ္ဆာကမ္ဘာက ကျူးကျော်လာတာပေါ့... ဒါကြောင့်မို့လို့ ဒီမျိုးနွယ်စုကြီးတွေ ဘေးကြပ်နံကြပ်ဖြစ်နေရတာပဲ..."
"ဒါမှမဟုတ်ရင် ကျန်မတို့တော့ တကယ်ပဲ ဒုက္ခကြီးကြီးမားမားနဲ့ ကြုံတွေ့ရနိုင်တယ်..."
ဟွားစစ်ချင်ကလည်း ထိုအချက်ကို အလွန်ပင် သဘောတူလေသည်။
စောစောကပင် သူမသည် ဗေဒင်တွက်ချက်ကြည့်ခဲ့ပြီး ဤကိစ္စက ဖုန်းရှီးကျွန်းအပေါ် အန္တရာယ်မရှိနိုင်ကြောင်း တွေ့ရှိရသောကြောင့် စိတ်အေးသွားခဲ့ခြင်း ဖြစ်လေသည်။
မှန်ပေသည်၊ ခြင်နက်မျိုးနွယ်စုအနေဖြင့် ဤကိစ္စကြောင့် အလုံးအရင်းဖြင့် ကျူးကျော်လာမည် မဟုတ်ပေ။
"ဒါပေမဲ့ ဘယ်လိုပဲပြောပြော၊ ကျွန်မတို့တော့ အမြတ်ကြီး ထွက်သွားတာပဲ..."
"အချိန်တိုအတွင်းတော့ အရင်းအမြစ်တွေအတွက် ပူပန်ဖို့ မလိုလောက်တော့ဘူး..."
ပိုင်စုကျဲ့က ခေါင်းညိတ်လိုက်၏။
"မှန်တာပေါ့... ဒါဆိုရင်လည်း ကိုယ်တို့တွေ အောင်ပွဲခံကြတာပေါ့..."
"ဒါက ရခဲလှတဲ့ ရတနာပုံဆိုက်ကိန်းပဲလေ..."
ကျိုးစွေ့က ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးဦး၏ ပြည့်ဖြိုးဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးများကို ဖက်တွယ်လိုက်၏။
သူသည် အမျိုးသမီးသုံးဦးထံမှ ထွက်ပေါ်လာသော မွှေးပျံ့သည့်ရနံ့ကို ခံစားလိုက်ရပြီးနောက် ရုတ်တရက် ရင်ခုန်စိတ်လှုပ်ရှားသွားကာ စိတ်နှလုံးများပင် ကြည်နူးသွားခဲ့ချေပြီ။
"အင်း..."
ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့၏ လှပသောမျက်နှာလေးများမှာ နီရဲသွားကြပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့အနေဖြင့် ဤချစ်သူ့ထံမှ ရုန်းထွက်နိုင်မည် မဟုတ်တော့ကြောင်း ခံစားနေကြရသည်။
ရှင်းရှင်းလင်းလင်းပင် အပတ်တကုတ် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စများတွင် တစ်နေ့ကုန် နစ်မွန်းနေတတ်ပြန်သည်။
မှန်ပေ၏၊ သူတို့၏ စိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်နေကြသည်။ မည်သို့ပင်ဆိုစေ ဤသည်က သူတို့ကိုယ်သူတို့ ဆွဲဆောင်မှုရှိကြောင်း သက်သေပြနေခြင်းပင် မဟုတ်ပါလော။
ထိုသို့မဟုတ်ဘဲ အကယ်၍ အမှန်တကယ့်ကို အပတ်တကုတ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေပါက အိပ်ခန်းလွတ်ထဲတွင် အထီးကျန်စွာ နေထိုင်ရမည်ဖြစ်ပြီး အရှင်လတ်လတ် မုဆိုးမဖြစ်နေခြင်းနှင့် များစွာ ကွာခြားမည်မဟုတ်ပေ။
ထို့နောက်တွင်မူကား ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း၊ ကျိုးစွေ့သည်လည်း သူ၏တာအိုလက်တွဲဖော်များနှင့်အတူ ရက်အနည်းငယ်ကြာ အောင်ပွဲခံခဲ့ပြီးနောက် အထွတ်အထိပ် ပျော်ရွှင်မှုများကို ခံစားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းဆိုသည်မှာလည်း အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ရန် လိုအပ်သည် မဟုတ်ပါလော။
မူလက သူသည် အသစ်ရရှိထားသော သတ္တမအဆင့် ဆေးလုံးကို တိုက်ရိုက်ဖော်စပ်လိုခဲ့သော်လည်း ဤဆေးလုံးအတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များက တစ်စုံသာ ရှိပေသည်။
ထို့ကြောင့် 'ဆေးဝါးကူ'က ဝိညာဉ်ဆေးပင်များကို ပိုမိုမွေးဖွားပေးနိုင်မည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် သူ့အနေဖြင့် အလျင်စလို လုပ်ရန် မလိုပေ။
တစ်ချိန်တည်းမှာပင်၊ ကျိုးစွေ့၏ ကိုယ်ပွားသည်လည်း 'ပစ္စည်းရှာဖွေကူ'၏ ညွှန်ကြားချက်အတိုင်း အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်သော မသေမျိုးမြက်၏ မျိုးစေ့ကို ရှာဖွေရန် ဖုန်းရှီးကျွန်း၏ အနောက်တောင်ဘက်သို့ ပျံသန်းသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က 'ရွှေပုစဉ်းရင်ကွဲကူ' သန့်စင်ဖော်စပ်ခြင်းနှင့် သက်ဆိုင်နေသောကြောင့် အမှားအယွင်းခံ၍ မရသောကြောင့်ပင်။
...
ရက်အနည်းငယ် ကြာပြီးနောက်။
တာအိုလက်တွဲဖော်များနှင့်အတူ အောင်ပွဲခံခြင်းကို အဆုံးသတ်ပြီးနောက်၊ ကျိုးစွေ့သည် ကျင့်ကြံမှုအဆင့် တိုးတက်စေရန် ဆက်လက်ကျင့်ကြံရန် သို့မဟုတ် သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို တိုးတက်စေရန် ဆေးလုံးများ ဖော်စပ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ စစ်ယွီရှီးက သူ့ထံသို့ ရောက်လာခဲ့၏။
ယခုအချိန်တွင် ဟွားစစ်ချင်၊ ပိုင်စုကျဲ့နှင့် ထောင်ချီလီတို့ သုံးဦးသည် ကျင့်ကြံမှုအဆင့် တိုးတက်စေရန် တံခါးပိတ်ကျင့်ကြံနေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် သဘာဝကျကျပင် ဤကဲ့သို့သော ကိစ္စများကို ရှောင်လွှဲ၍ မရနိုင်ပေ။
"ကျိုးတာအိုရောင်းရင်း... ကျွန်မ အကူအညီတောင်းစရာလေး ရှိလို့ပါ..."
စစ်ယွီရှီးသည် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အနက်ရောင်ညဝတ်စုံကို ဝတ်ဆင်ထား၏။
သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ပိုင်စုကျဲ့တို့ထက် လျော့နည်းမှုမရှိဘဲ သွယ်လျလှပကာ ပြိုင်ဘက်ကင်းလောက်အောင် ဆွဲဆောင်မှုရှိလှပေသည်။
အထူးသဖြင့် ရှည်လျားသွယ်လျသော ခြေတံရှည်ကြီးများက ပိုမို၍ ညို့ငင်နိုင်စွမ်း ရှိလေ၏။
သူမတွင် ရှည်လျားသော အနက်ရောင်အမြီးတစ်ခုလည်း ရှိပြီး ဟန်ချက်ညီစေရန် တဖြည်းဖြည်း လှုပ်ရမ်းနေ၏။
လမ်းလျှောက်ရာတွင်လည်း အသံတိတ်ဆိတ်နေပြီး ကြောင်ကလေးတစ်ကောင်နှင့်ပင် တူနေချေသည်။
ပုံမှန်ရက်များတွင် သူမသည် တစ္ဆေတစ်ကောင်ကဲ့သို့ သွားလာလှုပ်ရှားတတ်ပြီး သူမ မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို မည်သူကမျှ မသိကြချေ။
ကောလာဟလများအရ သူမတွင် အရိပ်ကြောင်သွေးမျိုးဆက် ရှိပြီး အရိပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာများကို ကျွမ်းကျင်သည်ဟု ဆိုကြသည်။
"တာအိုရောင်းရင်းစစ်... ဘာအရေးကြီးကိစ္စ ရှိလို့လဲ..."
ကျိုးစွေ့က စစ်ယွီရှီးကို စူးစမ်းစွာဖြင့် ကြည့်လိုက်၏။
မည်သို့ပင်ဆိုစေ သူနှင့် ဤအမျိုးသမီးကြားတွင် ထိတွေ့ဆက်ဆံမှု များစွာ မရှိခဲ့ချေ။
သို့သော်ငြား ဟွားစစ်ချင်စသော တာအိုလက်တွဲဖော်များ၏ ညီအစ်မဖြစ်နေသောကြောင့် တစ်ခါတစ်ရံ ဆုံတွေ့လေ့ရှိ၏။
တစ်ဖက်လူက အမှန်တကယ်ပင် လှပဆွဲဆောင်မှုရှိသော မိန်းမလှတစ်ဦး ဖြစ်သော်လည်း သူသည်လည်း လူပျိုပေါက်မဟုတ်တော့သဖြင့် မြင်သမျှလူကို ချစ်မိနေမည် မဟုတ်ပေ။ သူမအပေါ်တွင်လည်း ထူးခြားသော အတွေးမျိုး မရှိပေ။
လောကကြီးထဲတွင် အလှမယ်များစွာ ရှိသော်လည်း အားလုံးကို အိမ်ပေါ်ခေါ်တင်၍ ရနိုင်မည်မဟုတ်ပေ။
"တာအိုရောင်းရင်းစစ်... ဘာကိစ္စရှိလို့လဲ..."
ကျိုးစွေ့က မေးလိုက်၏။
"ကျိုးတာအိုရောင်းရင်းမှာ အခြားကျင့်ကြံသူတွေ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တဲ့ ကပ်ဘေးရှောင်ရတနာတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်မ ကြားထားတယ်..."
"တိုက်ဆိုင်စွာနဲ့ပဲ ကျွန်မလည်း လေဟာနယ်သန့်စင်ခြင်းအလယ်အလတ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီ..."
"မကြာခင် ကောင်းကင်ကပ်ဘေးကို ဆင့်ခေါ်ပြီး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းတော့မှာပါ..."
"ဒါပေမဲ့ ဒီလို သေးငယ်တဲ့ ကောင်းကင်ကပ်ဘေးအတွက် ကျွန်မ ပြင်ဆင်ထားတာတွေ အများကြီးရှိပေမဲ့လည်း နည်းနည်းတော့ မသေချာဘူးလို့ ခံစားရတယ်..."
စစ်ယွီရှီးက ပြောလိုက်သည်။
"ဒါကြောင့် တာအိုရောင်းရင်းက ကျွန်မ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ကူညီပေးဖို့ တောင်းဆိုချင်တာပါ..."
"ဒီလိုတောင်းဆိုတာက တကယ်ကို ရိုင်းစိုင်းလွန်းတယ်ဆိုတာ ကျွန်မ သိပါတယ်..."
"ဒါကတော့ ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံးဖြစ်တဲ့ ကွေ့ဆွေ့နဂါးဝါဆေးလုံး သုံးလုံးပါ... နှစ်ပေါင်းများစွာ ရှာဖွေထားတဲ့ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေပေါ့... တာအိုရောင်းရင်းကို အကျိုးဆောင်ခအနေနဲ့ ပေးချင်ပါတယ်... တာအိုရောင်းရင်းကရော လက်ခံနိုင်မလား..."
စစ်ယွီရှီးက ကျိုးစွေ့ကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်၏။
မည်သို့ပင်ဆိုစေ ဤသည်က သူမတွင်ရှိသော တစ်ခုတည်းသော ရတနာဖြစ်ပြီး တစ်ဖက်လူက သဘောတူမည်လားဆိုသည်ကိုလည်း သူမ မသိပေ။
သို့သော်လည်း ဤကိစ္စက သူမ၏ တာအိုလမ်းစဉ်နှင့် သက်ဆိုင်နေလေသည်။
လက်ရှိတွင် သူမအနေဖြင့် မျက်နှာပြောင်တိုက်၍ တောင်းဆိုရန်သာ တတ်နိုင်တော့၏။
မှန်ပေသည်၊ အကယ်၍ မလိုလားပါက သူမအနေဖြင့်လည်း ဘာမှတတ်နိုင်မည်မဟုတ်ဘဲ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မှီခိုရတော့မည် ဖြစ်သည်။
"ဒါက သေချာပေါက် ပြဿနာမရှိပါဘူး..."
"တာအိုရောင်းရင်းစစ်က ကျုပ်တာအိုလက်တွဲဖော်တွေရဲ့ သူငယ်ချင်းပဲလေ... ဒီလောက်ကတော့ အလွယ်လေး ကူညီပေးလို့ ရပါတယ်..."
ကျိုးစွေ့က အသာအယ်ာ ပြုံးလိုက်ပြီး သဘာဝကျကျပင် သဘောတူလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်ပေါ်ရှိ ‘မိုးကြိုးကပ်ဘေးကူ’သည် သတ္တမအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သောကြောင့်ပင် ဖြစ်၏။ အကယ်၍ အဆင့်သေး ကောင်းကင်ကပ်ဘေး၏ စွမ်းအင်ကို ထပ်မံ၍ ဝါးမြိုနိုင်ပါက သတ္တမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိလာနိုင်ပေသည်။
ထို့ကြောင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။
ထို့အပြင် ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံးသုံးလုံးကိုလည်း ရရှိဦးမည် ဖြစ်သောကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟု ဆို၍ ရပေသည်။ နောက်တစ်ချက်အနေဖြင့် တစ်ဖက်လူက တာအိုလက်တွဲဖော်များ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ကာ ဆက်ဆံရေးလည်း ကောင်းမွန်သောကြောင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။
"အရမ်းကောင်းတာပဲ..."
စစ်ယွီရှီးက ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် စစ်ယွီရှီးမှာ အတိုင်းမသိ ပျော်ရွှင်သွားခဲ့လေသည်။ ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံးသုံးလုံးက အမှန်တကယ်ပင် တန်ဖိုးကြီးမားသော်လည်း သူမ၏ လုံခြုံရေးနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ ဂရုစိုက်စရာ မလိုပေ။
လေဟာနယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်သရွေ့ ကျင့်ကြံမှုအဆင့်နှင့် သက်တမ်းနှစ်ခုလုံးတွင် ကြီးမားသော တိုးတက်မှုများကို ရရှိလာမည် ဖြစ်သည်။
ပေးဆပ်ရသမျှ အရာအားလုံးက တန်ကြေးရှိသည် မဟုတ်ပါလော။