← Chapters

အခန်း ၉၀၇

Vol. 86 Ch. 907

အခန်း ၉၀၇

Vol. 86 Ch. 907

အခန်း (၉၀၇) - ‘မိုးကြိုးကပ်ဘေးကူ’ သတ္တမအဆင့်သို့ အဆင့်တက်ခြင်း၊ နတ်ဘုရားစွမ်းရည် ဥက္ကာပျံမိုးကြိုးလက်ညိုးနှင့် သတ္တမအဆင့်ဆေးနည်းများ ရရှိခြင်း (၄)

ဝုန်း...

အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရသော်လည်း မရေမတွက်နိုင်သော ကပ်ဘေးမိုးကြိုးစွမ်းအင်များက ‘မိုးကြိုးကပ်ဘေးကူ’၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာမှုနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်မှ အငွေ့အသက်များက တစ်စတစ်စ မြင့်တက်လာကာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

သတ္တမအဆင့် အောက်ခြေအဆင့်။

ချက်ချင်းပင် ကျိုးစွေ့၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ‘မိုးကြိုးကပ်ဘေးကူ’ထံမှ အငွေ့အသက်များနှင့် စွမ်းအားများ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသည့်အလား ပြောင်းလဲသွားသည်ကို ရုတ်တရက် ခံစားလိုက်ရကာ ၎င်းခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးပင်လယ်သည်လည်း အဆဆယ်ဆထက်မက ချက်ချင်း ကျယ်ပြန့်သွားသည်ကို သိရှိလိုက်ရ၏။

၎င်း၏ ခန္ဓာကိုယ်တွင်းရှိ နေရာလွတ်က ပိုမိုကြီးမားသော ကပ်ဘေးမိုးကြိုးစွမ်းအင်များကို လက်ခံနိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ထင်ရှားနေပေသည်။

ခရမ်းရောင်မိုးကြိုးတန်းများ၊ ရွှေငွေရောင်မိုးကြိုးတန်းများနှင့် လေဟာနယ်မိုးကြိုးတန်းများသည် ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ တဖျတ်ဖျတ် လက်နေကြပြီး မရေမတွက်နိုင်သော မိုးကြိုးနဂါးများ အချင်းချင်း တိုက်ခိုက်နေကြသည့်အလား ဟိန်းဟောက်သံများ ထွက်ပေါ်လာကာ ဖျက်ဆီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ယခုအချိန်တွင် ၎င်းသည် မရေမတွက်နိုင်သော ကပ်ဘေးမိုးကြိုးများကို ထိန်းချုပ်နိုင်သည့် မိုးကြိုးနတ်ဘုရားတစ်ပါးအလား ဖြစ်နေပြီး နှိုင်းယှဉ်၍မရနိုင်သော ဖျက်ဆီးခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားချေသည်။

အကယ်၍ ခန္ဓာကိုယ်အတွင်းရှိ ကပ်ဘေးမိုးကြိုးစွမ်းအင်များသာ ပေါက်ကွဲထွက်ပေါ်သွားပါက ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည်မှာ သေချာလှသည်။

"အရမ်း သန်မာတာပဲ..."

ကျိုးစွေ့တစ်ယောက် အလွန်အမင်း အံ့ဩသွားရ၏။

‘မိုးကြိုးကပ်ဘေးကူ’၏ သေးငယ်သော ခန္ဓာကိုယ်လေးထဲတွင် အဆုံးအစမရှိသော မိုးကြိုးစွမ်းအင်များ ပါဝင်နေသည်ကို သူ ခံစားသိရှိနိုင်သည်။ ယခုဆိုလျှင် သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်၏။

အကယ်၍ ကပ်ဘေးမိုးကြိုး၏ စွမ်းအားကိုပါ ထပ်ပေါင်းလိုက်မည် ဆိုပါက ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက သာမန် ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူများထက်ပင် ကျော်လွန်သွားမည်ဖြစ်သည်။ မဟာထူးကဲစွမ်းရည်များကို ပိုင်ဆိုင်ထားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအလား စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် အံ့မခန်း တိုက်ခိုက်နိုင်စွမ်း ရှိနေပေသည်။

ဝုန်း...

ထိုအခိုက်အတန့်တွင် ကျိုးစွေ့က စိတ်ဆန္ဒတစ်ချက်ဖြင့် သတ္တမအဆင့် အောက်ခြေအဆင့် ‘မိုးကြိုးကပ်ဘေးကူ’ကို ချက်ချင်း လှုံ့ဆော်လိုက်၏။

မျက်စိဖြင့်မမြင်နိုင်သော ပိုင်နက်စွမ်းအားတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာလေသည်။

သူ၏ ထိန်းချုပ်မှုကြောင့် ဤပိုင်နက်စွမ်းအားသည် ဂူဗိမာန်အတွင်း၌သာ ဖုံးလွှမ်းနေ၏။

ထိုသို့ဖြစ်လင့်ကစား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပိုင်နက်အာဏာစက်ကို အပြည့်အဝ ဖော်ပြနိုင်စွမ်း ရှိနေဆဲပင် ဖြစ်၏။

'နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက ပိုင်နက်စွမ်းအားကို နားလည်သဘောပေါက်နိုင်ပေမယ့် နှမြောစရာကောင်းတာက နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့ ပိုင်နက်နယ်ပယ်ဆိုတာ အခြေခံအဆင့်လောက်ပဲ ရှိပြီး အများဆုံးမှ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ချီ နည်းနည်းပါးပါးကိုပဲ အသုံးချနိုင်တာ...'

'လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာတော့ လုံးဝ ကွဲပြားသွားပြီ... ပိုင်နက်စွမ်းအားဆိုတာ အတူတူပဲ ဖြစ်ပေမယ့် ဒီအချိန်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ပိုင်နက်နယ်ပယ်က ကောင်းကင်နဲ့မြေကြီး ဓမ္မသဏ္ဌာန်စွမ်းအားတွေကို ပါဝင်နေပြီ... ဒါက တာအိုနဲ့ သဘာဝတရားတွေ ရောယှက်နေတာဖြစ်ပြီး အလယ်အလတ်အဆင့် ပိုင်နက်နယ်ပယ်မှာ ပါဝင်လို့ စွမ်းအားက အဆဆယ်ဆမက တိုးတက်လာတယ်...'

'ခန္ဓာပေါင်းစည်းခြင်းအဆင့် ရောက်ရင်တော့ ပိုပြီး ကြောက်စရာကောင်းသွားပြီ... ခန္ဓာပေါင်းစည်းခြင်း ပိုင်နက်နယ်ပယ်မှာ ပါဝင်ပြီး ဒီအဆင့်ကို ရောက်ရင် လေဟာနယ်စွမ်းအားတွေကိုပါ အသုံးချနိုင်ပြီဖြစ်လို့ ခန္ဓာပေါင်းစည်းခြင်း ပိုင်နက်နယ်ပယ်ထဲမှာ လေဟာနယ်စွမ်းအားတွေ ပါဝင်လာတယ်… ဖြန့်ကျက်ဖုံးလွှမ်းသွားတဲ့အခါမှာဆို ကမ္ဘာငယ်လေးတစ်ခုက ဖိနှိပ်လာသလိုမျိုးပဲ...'

'အကယ်လို့ လေဟာနယ်သန့်စင်ခြင်းအဆင့်မတိုင်ခင် ပိုင်နက်နယ်ပယ်ဆိုရင်တော့ ရန်သူရဲ့ အမြန်နှုန်းက လုံလောက်မယ်ဆိုရင် ပိုင်နက်စွမ်းအားရဲ့ ဖိနှိပ်မှုကနေ ရှောင်ရှားပြီး နယ်ပယ်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်သေးတယ်...'

'ဒါပေမယ့် ခန္ဓာပေါင်းစည်းခြင်း ပိုင်နက်နယ်ပယ်ကတော့ မတူတော့ဘူး... ကောင်းကင်နဲ့မြေကြီး လေဟာနယ်စွမ်းအားတွေကို အသုံးချနိုင်တာကြောင့် ပိုင်နက်နယ်ပယ်က လေဟာနယ် အတားအဆီးတစ်ခု ဖန်တီးနိုင်ပြီး လေဟာနယ်ခံတပ်မြို့ရိုးကြီးတစ်ခု တည်ဆောက်ထားသလိုမျိုး အရပ်လေးမျက်နှာကို ဖုံးလွှမ်းသွားနိုင်တယ်...'

'ဒီလိုဆိုတော့ ရန်သူက ထွက်ပြေးဖို့ ကြိုးစားရင် လေဟာနယ် အတားအဆီးနဲ့ သေချာပေါက် ဝင်တိုက်မိမှာပဲ... ခန္ဓာပေါင်းစည်းခြင်း ပိုင်နက်နယ်ပယ်ကို အသုံးပြုလိုက်တာနဲ့ ရန်သူအားလုံးကို ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ကြီးတစ်ခုလို ဖြစ်သွားမှာပဲ...'

'တစ်နည်းအားဖြင့် ပြောရရင် ဒါက အဆင့်မြင့် ပိုင်နက်နယ်ပယ်ရဲ့ စွမ်းအားပဲ...'

ကျိုးစွေ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။

သတ္တမအဆင့် အောက်ခြေအဆင့် ‘မိုးကြိုးကပ်ဘေးကူ’၏ ကြောက်မက်ဖွယ်ကောင်းမှုသည် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် မဟာပညာရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း သူ အာရုံခံသိရှိလိုက်ရသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို မဟာပညာရှင်များဟု ခေါ်ဆိုကြသည်မှာလည်း မဆန်းတော့ပေ။

ခန္ဓာပေါင်းစည်းခြင်း ပိုင်နက်နယ်ပယ်ကို ဖြန့်ကြက်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားနိုင်ပြီး မည်မျှများပြားသော ရန်သူများ တက်လာသည်ဖြစ်စေ မိမိသေတွင်းကို မိမိတူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

စိတ်ဆန္ဒတစ်ခုလေးနှင့်တင် ခန္ဓာပေါင်းစည်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများကို ပြာကျသွားစေနိုင်ပြီး အရိုးတစပင် မကျန်အောင် ဖျက်ဆီးပစ်ရန် လုံလောက်နေပေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားက ပိုင်နက်နယ်ပယ်တစ်ခုတည်းတွင်သာ မဟုတ်သည့်အကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။

တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေပြီး ရုပ်ခန္ဓာဖြင့် ချက်ချင်းနေရာရွှေ့ပြောင်းခြင်းကိုပင် လုပ်ဆောင်နိုင်နေပြီ ဖြစ်၏။

ပြောရမည်ဆိုလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် ကျင့်ကြံသူများတွင် အားနည်းချက်ဟူ၍ သိပ်မရှိတော့ပေ။

ရန်သူများအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားလျှင်ပင် လုံးဝ မဖြစ်နိုင်သလောက်ဖြစ်၏။

'သတ္တမအဆင့် အောက်ခြေအဆင့် ‘မိုးကြိုးကပ်ဘေးကူ’က မိုးကြိုးပင်လယ် ပိုင်နက်နယ်ပယ်ကို အသုံးပြုနိုင်တယ်...'

'မိုးကြိုးပင်လယ် ပိုင်နက်နယ်ပယ်ရဲ့ ဖုံးလွှမ်းမှုကို ခံရတာနဲ့ ရန်သူတွေက လွတ်မြောက်ဖို့ လုံးဝ လမ်းစမရှိတော့ဘူး...'

'ဒါ့အပြင် ‘မိုးကြိုးကပ်ဘေးကူ’က ကပ်ဘေးမိုးကြိုး အမျိုးမျိုးကို ထိန်းချုပ်ထားနိုင်သေးတယ်...'

'ဥပမာအနေနဲ့ နတ်ဘုရားကပ်ဘေးမိုးကြိုး၊ ယွီရှူးမိုးကြိုး၊ ရွှေငွေရောင်မိုးကြိုး အစရှိတဲ့ အထူးကပ်ဘေးမိုးကြိုးတွေ အားလုံးက အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိကြတယ်...'

'ဒီလိုကပ်ဘေးမိုးကြိုးစွမ်းအားတွေ ပေါက်ကွဲထွက်ပေါ်လာရင် ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်...'

'ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတွေ မပြောနဲ့... ခန္ဓာပေါင်းစည်းခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတွေတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး...'

ကျိုးစွေ့က အလွန်ကျေနပ်သွားပြီး စိတ်ထဲတွင် လွန်စွာမှ ပျော်ရွှင်ကြည်နူးသွားလေသည်။

ယခုဆိုလျှင် သူ၏ခန္ဓာကိုယ်၌ စွမ်းအားကြီးမားလှသော ကောင်းကင်နှင့်မြေကြီး ကူပိုးကောင်တစ်ကောင်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး အနည်းဆုံးအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် မဟာပညာရှင်များကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဖြစ်၏။

နှလုံးသားမျက်လုံး၏ သေမင်းအကြည့်စွမ်းအားကို အသုံးပြု၍ ခန္ဓာပေါင်းစည်းခြင်းအဆင့် မဟာပညာရှိများကို အဆင့်ကျော်လွန်ကာ စိန်ခေါ်နိုင်စွမ်း ရှိသည်ဆိုသော်လည်း ပြဿနာမှာ ထိုကဲ့သို့သော စွမ်းအားမျိုးက ခုနစ်ဆင့်လက်သီးသိုင်းကဲ့သို့ပင် ရန်သူကိုသာမက မိမိကိုယ်ကိုပါ ထိခိုက်စေနိုင်ပြီး ရရှိလာမည့် အကျိုးကျေးဇူးထက် ဆုံးရှုံးရမှုက ပိုများနေခြင်းပင် ဖြစ်လေသည်။

(စကားချပ် - ခုနစ်ဆင့်လက်သီးသိုင်း ဆိုတာက နဂါးနိုင်ဓားထဲကပါ)

ထို့ကြောင့် မတတ်သာသော အခြေအနေမျိုး မဟုတ်လျှင် သူ့အနေဖြင့် ၎င်းကို အသုံးပြုမည် မဟုတ်ပေ။

ဝုန်း...

နောက်တစ်စက္ကန့်တွင် သတင်းအချက်အလက်တစ်ခုက ‘မိုးကြိုးကပ်ဘေးကူ’ထံမှ ချက်ချင်း စီးဆင်းလာပြီး သူ၏သိစိတ်ပင်လယ် နက်ရှိုင်းရာသို့ ဝင်ရောက်သွားကာ ခန္ဓာကိုယ်အတွင်း၌ နက်နဲဆန်းကြယ်လှသော ထူးကဲစွမ်းရည်မျိုးစေ့တစ်ခု ချက်ချင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွား၏။

'ဒီလိုလား... ဒါက သတ္တမအဆင့် ‘မိုးကြိုးကပ်ဘေးကူ’ဆီကနေ မွေးဖွားလာတဲ့ သွေးမျိုးဆက် ထူးကဲစွမ်းရည်ပဲ...'

'ဒီနာမည်က ဥက္ကာပျံမိုးကြိုးလက်ညိုး တဲ့လား...'

ကျိုးစွေ့၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ချက် လက်လာလေသည်။

ယခင်က ‘မိုးကြိုးကပ်ဘေးကူ’သည် ကောင်းကင်ဒေါသမိုးကြိုးအသံနှင့် ဧကရာဇ်မိုးကြိုးလက်ဝါး အမည်ရှိသော သွေးမျိုးဆက် ထူးကဲစွမ်းရည်နှစ်မျိုးကို မွေးဖွားပေးခဲ့ဖူးသည်။

၎င်းတို့၏ စွမ်းအားသည်လည်း သာမန်မဟုတ်ဘဲ မှော်ပညာရပ်များ၏ အထွတ်အထိပ် စွမ်းအားနီးပါး ရှိပေသည်။

ယခု မွေးဖွားလာသော ဤဥက္ကာပျံမိုးကြိုးလက်ညိုး သွေးမျိုးဆက် ထူးကဲစွမ်းရည်သည်လည်း အတူတူပင် ဖြစ်၏။

၎င်းက သေချာပေါက် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ထူးကဲစွမ်းရည် မှော်ပညာရပ်တစ်ခုပင် ဖြစ်လေသည်။

ဝှစ်...

ချက်ချင်းပင် ကျိုးစွေ့က ကိုယ်ဟန်တစ်ချက် လှုပ်ရှားလိုက်ပြီး 'တည်နေရာပြောင်းကူ'ကို ချက်ချင်း အသုံးပြုကာ ဂူဗိမာန်မှ ထွက်ခွာ၍ အနီးအနားရှိ ပင်လယ်ပြင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤသွေးမျိုးဆက် ထူးကဲစွမ်းရည်၏ စွမ်းအားကို မိမိ၏ဂူဗိမာန်အတွင်း စမ်းသပ်ကြည့်ရန်မှာ အဆင်မပြေလှပေ။

အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးသာလျှင် အကောင်းဆုံးနေရာ မဟုတ်ပါလော။

မိမိအနေဖြင့် ထူးကဲစွမ်းရည်ကို မည်သို့ပင် အသုံးပြုစေကာမူ ပတ်ဝန်းကျင်အတွက် ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ပေ။

All Chapters