← Chapters

အလွှတ်ပေးရခြင်း

Vol. 181 Ch. 2592

အလွှတ်ပေးရခြင်း

Vol. 181 Ch. 2592

ဝိညာဉ်စွမ်းအားလေးအနည်းငယ်မျှသည် သူ့အား ၎င်းကို အရိုအသေ‌ပေးစေလိုနေသည်လော။

ရီဖူရှင်းသည် မဟာအင်ပါယာများစွာနှင့် တွေ့ဆုံခဲ့ဖူးပြီး သူတို့၏အမွေအနှစ်များကို အတော်အသင့် ရရှိခဲ့ဖူးပေသည်။

ဟောက်ထျန်းကလန်သည် သူ၏ကမ္ဘာမကြေရန်သူဖြစ်သည်။ သူ၏ကမ္ဘာမကြေရန်သူ၏ ဌာနချုပ်မှ မဟာအင်ပါယာဝိညာဉ်စွမ်းအားလေးတစ်ခုသည် သူ့အား ၎င်းကို ဦးညွှတ်စေလိုနေခြင်းလော။ သူသည် ထိုသို့မလုပ်နိုင်ပေ။

နတ်သက်ကြွေထားသော ထိုကဲ့သို့နတ်ဘုရားအိုကြီးကသာ အနာဂတ်၏ နတ်ဘုရားအသစ်ကို အရိုအသေပေးသင့်ပေသည်။

အရှင်ဟောက်ထျန်းသည် နတ်သက်ကြွေပြီးသော နတ်ဘုရားအိုကြီးဖြစ်သည်။ နတ်ဘုရားအသစ်ဆိုသည်မှာ ရီဖူရှင်းသည် သူ့ကိုယ်သူ ရည်ညွှန်းနေခြင်းပင်။

သူသည် ထိုကဲ့သို့ မာနတစ်ခွဲသားဖြင့် ပြောလိုက်သည်။ သူသည် အနာဂတ်တွင် မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်မည်လော။

“မျိုးမစစ်ကောင်က ပေါက်ကရစကားတွေ ပြောနေတာပဲ...”

အသံက ပြောလိုက်သည်။

ကောင်းကင်ထက်ရှိ မျက်နှာသည် အလွန်ဩဇာပြည့်ဝပေသည်။ မဟာအင်ပါယာတစ်ပါး၏အရှိန်အဝါကျဆင်းလာသည်။ ၎င်းသည် ကြောက်မက်ဖွယ်ပင်။ ရီဖူရှင်းသည်လည်း ထိုအရှိန်အဝါကို ခံစားလိုက်ရသည်။ သို့သော် သူသည် သူ၏စိတ်နှင့် ဝိညာဉ်ကို ကာကွယ်လိုက်သည်။ သူသည် သူ့ကိုယ်သူ တုန်လှုပ်ခွင့်မပြုနိုင်ပေ။ ၎င်းသည် ဖိအားလေးတစ်ခုမျှသာဖြစ်သည်။

“ခင်ဗျားက လှည့်ကွက်တွေ သုံးနေတာပါ...”

ရီဖူရှင်း ခနဲ့လိုက်သည်။

သူထိုသို့ပြောလိုက်ပြီးနောက်တွင် တရှဲရှဲအသံတစ်ခု ထွက်ပေါ်လာသည်။ နတ်သစ်ပင်ကြီး၏ သစ်ကိုင်းများ လှုပ်ခတ်သွားသည်။ ထို့နောက်တွင် ကျင့်ကြံသူများစွာသည် နတ်သစ်ပင်ကြီး၏ သစ်ကိုင်းများနှင့် သစ်ရွက်များမှ ထွက်ပေါ်လာသော ဓားဝိညာဉ်စွမ်းအားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ သူတို့၏ ဝိညာဉ်များ ပျောက်ကွယ်သွားလေသည်။

“ခင်ဗျားကို ခင်ဗျားရဲ့သင်္ချိုင်းမှာ မြှုပ်ထားပြီးပြီပဲ။ ဘာလို့များ ထွက်လာနေရသေးတာလဲ။ ခင်ဗျားရဲ့ သင်္ချိုင်းကိုပဲပြန်တော့”

ရီဖူရှင်းသည် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

ဟောက်ထျန်းကလန်မှ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်း၏ စိတ်ကြီးဝင်နေသောစကားများကို ကြားလိုက်သောအခါ ဒေါသတကြီးဖြစ်သွားကြသည်။ သူတို့သည် သတ်ဖြတ်လိုသည့် မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။

ရီဖူရှင်းသည် အရှင်ဟောက်ထျန်းကိုပင် မလေးမစားဆက်ဆံဝံ့ပေသည်။

ကောင်းကင်ထက်တွင် ဟောက်ထျန်းကလန်၏ ကလန်ခေါင်းဆောင် ပေါ်ပေါက်လာသည်။ သူသည် အရှင်ဟောက်ထျန်း၏ဝိညာဉ်စွမ်းအားနှင့် တစ်သားတည်းကျနေသည်ဟု ထင်ရ၏။ သူသည် အရှင်ဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားကို ကိုယ်စားပြုနေပေသည်။ သူသည် ခေါင်းငုံ့၍ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ အကြွင်းမဲ့ဖိအားသည် ရီဖူရှင်းကို ၎င်း၏အလေးချိန်အောက်တွင် ဖိနှိပ်ပစ်ရန် ရည်ရွယ်၍ ဖိချလိုက်သည်။

“ကျွန်တော့်အရှေ့မှာ ကြီးကျယ်မြင့်မြတ်တဲ့ပုံစံ သရုပ်ဆောင်ဖို့ ကြိုးစားမနေနဲ့...”

ရီဖူရှင်းသည် ကလန်သခင်ကိုကြည့်၍ အေးစက်စက် ကြိမ်းမောင်းလိုက်သည်။ သူထိုသို့ပြောလိုက်ပြီးနောက်တွင် တရှဲရှဲအသံကို ထပ်မံကြားလိုက်ရသည်။ ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများစွာ ထပ်မံသေဆုံးသွားသည်။ သူတို့သည် ရုတ်ခြည်းအသတ်ခံလိုက်ရပြီး သူတို့၏ဝိညာဉ်များလည်း ပျောက်ကွယ်သွားလေသည်။

“ခင်ဗျားက နတ်ဘုရားတစ်ပါးဆိုရင်တောင် ကျုပ်အညံ့ခံမှာ မဟုတ်ဘူး”

ရီဖူရှင်း ကြွေးကြော်လိုက်သည်။

သူက ဟောက်ထျန်းကလန်၏ ကလန်သခင်ကိုကြည့်၍ ပြောလိုက်သည်။

“အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက ဟောက်ထျန်းမြို့မှာ ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို စတေးချင်နေတယ်ဆိုတော့ ကျုပ်ကို သတ်ဖို့အတွက်နဲ့ ဟောက်ထျန်းကလန်က ကျင့်ကြံသူအနည်းငယ်ကို စ‌တေးရမယ်ဆိုလည်း ဘာပြဿနာမှ ရှိမှာမဟုတ်လောက်ဘူး... ဟုတ်တယ်မလား။ ကျုပ် သူတို့ကို ချက်ချင်းသတ်ပစ်လိုက်မယ်”

ရီဖူရှင်းသည် ဟောက်ထျန်းကလန်က မည်သို့ ရွေးချယ်မည်ကို မြင်လိုနေသည်။

သူတို့သည် ချိပ်ပိတ်ထားသည်ကို ဖယ်ရှား၍ သူ့ကိုထွက်သွားခွင့်ပြုမည်လော။ သို့မဟုတ် သူတို့သည် သူ့ကို အင်အားအပြည့်နှင့် တိုက်ခိုက်ဦးမည်လော။ နတ်သစ်ပင်၏ နွယ်ပင်များက ဖမ်းမိထားသောသူများအားလုံးသည် ဟောက်ထျန်းကလန်၏ အရေးပါသူများဖြစ်ကြသည်။ အကယ်၍ သူတို့သာ ရီဖူရှင်းကို အင်အားသုံး၍ သတ်ရန်ကြိုးစားပါက ထိုကျင့်ကြံသူများ သေဆုံးသွားရမည်ဖြစ်သည်။

ထိုစဉ်တွင် ဟောက်ထျန်းကလန်၏ ကလန်သခင်ဘေးတွင် အံ့အားသင့်ဖွယ် အရှိန်အဝါများစွာ ဖြာထွက်လာသည်။ ၎င်းအရှိန်အဝါများသည် ရီဖူရှင်းရပ်နေသော နေရာကို လွှမ်းခြုံသွားသည်။ ထိုအရှိန်အဝါများကို ထုတ်လွှတ်လိုက်သူများမှာ ထျန်းယန်မြို့သခင်နှင့် အခြားကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ဘေးမှကြည့်ကာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

သူတို့သည် ယခင်က ဝမ်ရှောင်တစ်ယောက် စီဝေ့ကြယ်ကောင်းကင်ကို မည်သို့ပင်ဖြစ်စေ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ယခုတွင် သူတို့သည် ဟောက်ထျန်းကလန်သည် ရီဖူရှင်းကို သတ်ရန် အင်အားကုန်သုံးလိမ့်မည်ဟု မျှော်လင့်နေကြလေသည်။

သူတို့သည် ရီဖူရှင်းနှင့်အတူ သေရမည့် လူများမှာ သူတို့၏လူများမဟုတ်သဖြင့် အရေးမစိုက်ကြပေ။

သူတို့သည် ဟောက်ထျန်းကလန်၏ ဌာနချုပ်ကို ဝန်းရံရန် ချိပ်စည်းများစွာကိုပင် ဆင်လိုက်ပြီး ရီဖူရှင်း၏ လွတ်လမ်းများကို ချိပ်ပိတ်လိုက်လေသည်။ သူတို့သည် ရီဖူရှင်းတစ်ယောက် ထိုနေရာမှ အသက်ရှင်လျက် ထွက်သွားမည်ကို မလိုချင်ကြပေ။

“အားလုံးပဲ အလျင်စလို မလုပ်ကြပါနဲ့”

ဟောက်ထျန်းကလန်၏ ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ သူသည် ထိုသူများ၏ ရည်ရွယ်ချက်ကို သိသဖြင့် သတိပေးစကားဆိုလိုက်ခြင်းပင်။ တစ်ချိန်တည်းမှာပင် ကောင်းကင်အရှိန်အဝါသည် ရီဖူရှင်းကိုသာမကဘဲ စွမ်းအားကြီးထိပ်သီးငါးဦးအပါအဝင် ပတ်ဝန်းကျင်ရှိ လူအားလုံးကိုလည်း ဖိနှိပ်လိုက်လေသည်။ ထိုအပြုအမူသည် ထိုသူများကို အလျင်စလို မလုပ်ရန် တိတ်တဆိတ်သတိပေးလိုက်ခြင်းပင်။

အခြားစွမ်းအားကြီးထိပ်သီးငါးဦး၏ မျက်လုံးများသည် တောက်ပလာသည်။ သို့သော် သူတို့သည် အလျင်စလို မလုပ်လိုက်ကြပေ။ ထိုနေရာသည် ဟောက်ထျန်းကလန်၏ နယ်မြေပင် မဟုတ်ပါလား။ အရှင်ဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားသည် နိုးထာလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် မဆင်မခြင်မလုပ်ဝံ့ဘဲ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြလေသည်။

အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်ခဲ့ပါက ဟောက်ထျန်းကလန်သခင်သည် သူတို့ကို ပြန်၍ တိုက်ခိုက်မည်ဖြစ်သည်။

ယခုတွင် အခြေအနေသည် ပို၍ပင် ရှုပ်ထွေးလာပြီဖြစ်သည်။

“ကလန်သခင်...”

“အဘိုး...”

“ဘိုးဘိုးကြီး...”

နတ်သစ်ပင်ကြီး၏ သစ်ကိုင်များကြားတွင် ရီဖူရှင်း ဖမ်းဆီးထားသော လူများက အော်ဟစ်လိုက်ကြသည်။ ဟောက်ထျန်းကလန်၏ ဌာနချုပ်ထဲတွင် နေနိုင်သူအားလုံးသည် အရေးပါသူများသာဖြစ်သည်။ သူတို့များစွာသည် ကလန်သခင်၏ တိုက်ရိုက်မျိုးဆက်များဖြစ်‌ကြသည်။ ရီဖူရှင်းသည် သူတို့အများစုကို တစ်ချက်တည်းဖြင့် ဖမ်းနိုင်ခဲ့သည်။ သူဖမ်းထားသော လူအများစုသည် ဟွာမိသားစု၏ အဓိကမျိုးဆက်များဖြစ်သည်။ သူတို့သည် ဟောက်ထျန်းကလန်သခင်၏ မျိုးဆက်များပင်။

သူတို့အားလုံးသည် သူတို့ကိုကယ်တင်ပေးရန် ဟောက်ထျန်းကလန်သခင်ကို တောင်းဆိုနေကြသည်။

“တကယ်လို့ ငါ ချိပ်ပိတ်ထားတာကို ဖယ်ပေးလိုက်ရင် မင်း သူတို့ကို လွှတ်ပေးမှာလား”

ဟောက်ထျန်းကလန်သခင်က မေးလိုက်သည်။ သူသည် သူ့မျိုးဆက်များ သေဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသောအခါ အသည်းမမာနိုင်တော့ပေ။ ကလန်မှ ကျင့်ကြံသူများသည် သူ၏မျိုးဆက်များပင် မဟုတ်ပါလား။ သူတို့သည် သွေးတူသူများဖြစ်သည်။ သူသည် ရီဖူရှင်း၏အသက်ကိုနှုတ်ရန်အတွက် ထိုသူများ၏အသက်နှင့် မလဲလှယ်လိုပေ။

“ကလန်သခင်ဟွာ...”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ သူ၏လေသံသည် အတန်ငယ် တင်းမားနေသည်။ အစပိုင်းတွင် သူသည် ထိုသို့မဟုတ်ပေ။

ဟောက်ထျန်းကလန်သခင်က ဆက်ပြောလိုက်၏။

“သတ်မိန့်က ထုတ်ပြန်ပြီးသွားပြီ... သူ ဒီနေ့ ဒီနေရာမှာ ဘယ်တုန်းကမှ ထွက်‌ပေါ်မလာခဲ့ဘူးလို့ သဘောထားလိုက်ကြတာပေါ့။ ဒီနေ့ပြီးသွားရင်တော့ ဟောက်ထျန်းကလန်က ဘာပဲလုပ်ရလုပ်ရ သူ့ကို သေချာပေါက် ရအောင်သတ်ပစ်ပြီး စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်မှာပါ။ ဒီနေ့အတွက်တော့ အားလုံးပဲ ကျုပ်ကို မျက်နှာသာပေး,ပေးကြပါ။ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့”

သူသည် အပြင်မှ ကျင့်ကြံသူများ အသက်အန္တရာယ်ရှိနေခဲ့စဉ်က အေးစက်စက်နှင့် အရေးမစိုက်ဘဲနေခဲ့နိုင်သည်။ သို့သော် သူ၏ကလန်မှလူများ အသက်အန္တရာယ်ရှိနေသောအခါ ထိုသို့မလုပ်နိုင်‌တော့ပေ။ သူတို့ကလန်မှ အသက်အန္တရာယ်ရှိနေသူမှာ အနည်းငယ်သာဖြစ်ပါက သူသည် စတေးချင်စတေးနိုင်ပေသေးသည်။ သို့သော် သူ၏ကလန်မှ လူများစွာသည် ရီဖူရှင်း၏လက်ထဲတွင် ရှိနေပေသည်။

ရီဖူရှင်း၏အသက်အတွက် ထိုကျင့်ကြံသူများ၏အသက်နှင့်လဲလှယ်ခြင်းသည် တန်ကြောင်းကို ဟောက်ထျန်းကလန်သခင် သိပေသည်။ သို့ရာတွင် သူသည် သူ့ကိုယ်ပိုင်ကလန်မှ လူများကို မစတေးလိုပေ။

ထို့ကြောင့် သူသည် နောက်ဆုံးတွင် အလျှော့ပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

သူ၏စကားဆုံးသွားသောအခါ အရှင်ဟောက်ထျန်း၏ဝိညာဉ်စွမ်းအားအတွင်းရှိ ကောင်းကင်အရှိန်အဝါ ပျောက်ကွယ်သွားလေသည်။ ဟောက်ထျန်းကလန်သခင်သည် သူ၏ချိပ်စည်းကို ဖယ်ပေးလိုက်ပြီး စွမ်းအားကြီးထိပ်သီးငါးဦးကို ကြည့်လိုက်သည်။

ထျန်းယန်မြို့သခင်နှင့် အခြားစွမ်းအားကြီးထိပ်သီးများသည် သူ့ကိုကြည့်၍ ပြောလိုက်၏။

“ဟောက်ထျန်းကလန်က ဒီနေ့ ဒီမှာ ရီဖူရှင်းကို သတ်မယ့် အစီအစဉ်ကို ဆွေးနွေးဖို့အတွက် ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို စုဝေးခဲ့တာပါ။ ကလန်သခင်က ရီဖူရှင်းကို လွှတ်ပေးချင်နေမှတော့ ကျုပ်တို့က ဘာများပြောနိုင်ဦးမှာလဲ”

သူသည် ထိုသို့ပြော၍ သူ၏ချိပ်စည်းကို ဖယ်ပေးလိုက်သည်။

အခြားစွမ်းအားကြီးထိပ်သီးများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့၏ ချိပ်စည်းများကိုလည်း ဖယ်ပေးလိုက်လေသည်။

ရီဖူရှင်းသည် ရုတ်တရက် ပြုံးလိုက်၏။ တစ်ချိန်တည်းမှာပင် နတ်သစ်ပင်၏ သစ်ကိုင်းများမှနေ၍ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။  ရီဖူရှင်းသည် သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ဟောက်ထျန်းကလန်မှ လူများသည် သွေးများရွှဲစို၍ ကျန်ခဲ့လေသည်။

ဝုန်း...

ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ဟောက်ထျန်းမြို့တစ်မြို့လုံးကို ချိပ်ပိတ်လိုက်သည်။ ကောင်းကင်ထဲတွင် အရှင်ဟောက်ထျန်း၏ ခံ့ညားထည်ဝါသော မျက်နှာကြီး ထပ်မံထွက်ပေါ်လာပြီး အားကောင်းသော ဝိညာဉ်စွမ်းအားကျဆင်းလာကာ မြို့ကို ဖိနှိပ်ထားလိုက်သည်။ ၎င်းသည် အရှင်ဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားပင်။

ဟောက်ထျန်းကလန်သခင်သည် မြေပေါ်သို့ စိုက်ကြည့်နေလေသည်။ ထိုနေရာတွင် ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများသည် သွေးအလိမ်းလိမ်းဖြင့် မရှုမလှ လဲကျသေဆုံးနေကြသည်။ ထိုနေရာတွင် ကျင့်ကြံသူအများအပြားသည် ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။ သူသည် ထိုသူများကို ချမ်းသာမပေးခဲ့ဘဲ အားလုံးကို သတ်ဖြတ်ပစ်ခဲ့ပေသည်။

“ရီဖူရှင်း...”

ဟောက်ထျန်းကလန်သခင်သည် ကောင်းကင်ထက်သို့ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ခင်ဗျားက ကျုပ်ကို လွှတ်ပေးဖို့ သဘောတူပြီးတာတောင် အရှင်ဟောက်ထျန်းရဲ့ ဝိညာဉ်စွမ်းအားက ဟောက်ထျန်းမြို့ကို လွှမ်းခြုံထားတုန်းပဲလေ။ ခင်ဗျားက ခင်ဗျားရဲ့ ကတိကိုမတည်မှတော့ ကျုပ် ရက်စက်တာကို အပြစ်မတင်နဲ့... သူတို့အားလုံးက ခင်ဗျားကြောင့် သေသွားရတာ”

မြို့ပြင်မှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။ အရှင်ဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားသည် ရီဖူရှင်းကို မပိတ်ဆို့နိုင်လိုက်ပုံပင်။ ရီဖူရှင်းသည် လျှပ်တစ်ပြက်အတွင်း ဝန်းရံထားသော ဝိညာဉ်စွမ်းအားထဲမှ ထွက်သွားပြီး ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏အရှိန်အဝါသည် ပျောက်ကွယ်သွားသည်။

“သူ ထွက်သွားပြီ...”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ဟောက်ထျန်းမြို့ထဲရှိ ကျင့်ကြံသူများသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ယနေ့တွင် အဓိက ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုသည် သတ်မိန့်တစ်ခု ထုတ်ပြန်ခဲ့ကြသည်။ ရီဖူရှင်းသည် တစ်ဦးတည်း ရောက်ရှိလာခဲ့၏။ ထို့နောက်တွင် သူသည် အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်၍ ဟောက်ထျန်းကလန်၏ဌာနချုပ်အတွင်းသို့ပင်ဝင်ကာ သတ်ဖြတ်ခဲ့သည်။ ထို့နောက်တွင် သူထွက်ခွာသွားလေသည်။

“အခု ကျုပ်တို့ ကျားကို တောင်ပေါ်ပြန်လွှတ်လိုက်မိပြီ...”

ထျန်းယန်မြို့သခင်က တည်ငြိမ်စွာပြောလိုက်သည်။ သူ၏လေသံထဲတွင် လှောင်သည့်အရိပ်အယောင်များ ပါနေလေသည်။

လူများ အသတ်ခံလိုက်ရသော်လည်း ရီဖူရှင်းသည် ထိုကဲ့သို့ လွတ်မြောက်သွားပေသည်။

ဤတစ်ကြိမ်တွင် ဟောက်ထျန်းကလန်သည် များစွာ ဆုံးရှုံးခဲ့ရပြီး လုံးလုံးအရှက်ရခဲ့လေသည်။

All Chapters