← Chapters

အခန်း ၁၃၁၈

Vol. 115 Ch. 1318

အခန်း ၁၃၁၈

Vol. 115 Ch. 1318

အခန်း ၁၃၁၈

ထိုအရောင်းအဝယ်ကို မြင်လိုက်ရပြီးနောက် ကျူးဝူသည် အလွန်ခံစားသွားကာ မျက်ရည်ပင် ဝဲလုမတတ် ဖြစ်သွားခဲ့ရသည်။ မိမိ၏ မဟာမိတ်များကသာ အကောင်းဆုံး ဖြစ်ပေသည်။

“ငါ့လက်ထဲမှာလည်း ဝက်စာ သိပ်အများကြီးမရှိလို့ လောလောဆယ် ဒီလောက်နဲ့ပဲ ဖြစ်သလို ဖြေရှင်းထားလိုက်ပါဦး။ နောက်ကျလို့ ရိက္ခာသေတ္တာတွေ ထပ်ရရင် မင်းကို ထပ်ပေးမယ်။”

အားကုန်း၏ စကားက ထိုကျေးဇူးတင်စိတ်အနည်းငယ်ကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

“လစ်လိုက်စမ်း မင်း...။”

ကျူးဝူသည် ရယ်လည်းရယ် ဆဲလည်းဆဲရင်း မျက်လုံးကို ပွတ်သပ်ကာ ပြန်ပြောလိုက်သည်။

“ငါ့မှာ စားစရာ ရှိတယ်။ ဝက်စာ မစားဘူးကွ။”

ထိုသို့ပြောရင်း ကျူးဝူသည် တစ်ဖက်လူ၏ အရောင်းအဝယ်ကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

“မဟာမိတ်ခေါင်းဆောင်... ငါ့လက်ထဲမှာ တကယ် စားစရာရှိလို့ပါ။ ယူထားလိုက်စမ်းပါ။ ရိက္ခာသေတ္တာ မကောက်ရဘဲနဲ့ မင်း ငတ်နေတာ ရက်အတော်ကြာပြီ မဟုတ်ဘူးလား။”

အားကုန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ ဒီမှာ ဆရာကြီးတစ်ယောက်နောက်ကို လိုက်နေတာ။ သူက ငါ့ရဲ့ အစားအစာကို တာဝန်ယူပေးထားပြီး ငါ့ကို ကြယ်တံခွန်ပေါ်က အရင်းအမြစ်တွေ ကူစုခိုင်းထားတာ။”

ကျူးဝူက ရှင်းပြလိုက်သည်။ အားကုန်းကိုမူ ဘာမှ ဖုံးကွယ်ထားရန် မလိုပေ။

“မဟာမိတ်ခေါင်းဆောင်... မင်း တကယ်ပဲ ဆရာကြီးတစ်ယောက်နောက် လိုက်နေတာလား။”

အားကုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဒါဆိုရင် စောစောက သူ့မှာ အာကာသယာဉ် ရှိတယ်လို့ မင်းပြောတာက အစစ်လား၊ အတုလား။”

“အစစ်ပေါ့။ သူ ငါ့ကို ပံ့ပိုးပေးထားတဲ့ ပစ္စည်းတွေကို မင်းကို ပြမယ်။ အဲဒါဆိုရင် သူ ဘယ်လောက် လန်းလဲဆိုတာ မင်း သိသွားလိမ့်မယ်။ တခြား ဘာမှ ပြောနေစရာ မလိုတော့ဘူး။”

ကျူးဝူက ပြန်ဖြေလိုက်ပြီး သီးသန့်ချန်နယ်တွင် ပစ္စည်းနှစ်ခုကို ချပြလိုက်သည်။

“မစင်နှင့် ဆီး စုဆောင်းသည့်ကိရိယာ (C အဆင့်) ၁၊ အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁။”

ထိုပစ္စည်းနှစ်ခုကို မြင်လိုက်ရသောအခါ အားကုန်း၏ မျက်လုံးအိမ်များ ပြူးထွက်မတတ် ဖြစ်သွားခဲ့ရသည်။

“သောက်ကျိုးနည်း ဒီဆရာကြီးက S အဆင့် ပစ္စည်းတွေကို ဘယ်ကနေ ရတာလဲ။”

အားကုန်းက ထိတ်လန့်တကြား မေးလိုက်သည်။

“S အဆင့်ပစ္စည်းက ဘာဆန်းလို့လဲ။”

ကျူးဝူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်ကို အခု SSS အဆင့် အာကာသနှစ်ထပ်ဖန်သားပြင်တွေနဲ့ ပတ်ပတ်လည် အပြည့် ကာရံထားတာကို မင်း သိလား။”

“ဘာ...။”

အားကုန်း၏ မျက်လုံးထောင့်များ ကွဲထွက်မတတ် ဆွံ့အသွားသည်။

“ SSS အဆင့် ပစ္စည်းတွေက ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ။”

“ဒါပေမဲ့ အဲဒါက သူဌေးရဲ့ လက်ထဲမှာ ထွက်ပေါ်လာခဲ့တာပဲ။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။

“ဘယ်လိုလဲ။ လန်းတယ် မဟုတ်လား။”

ကျူးဝူ၏ လေသံထဲတွင် ထိုပစ္စည်းများကို သူကိုယ်တိုင် ရရှိထားသကဲ့သို့ပင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေ၏။

“တကယ့်ကို လန်းလွန်းတယ်။ ဒါနဲ့... အခုလို တခြားသူရဲ့ လက်အောက်ငယ်သား ဖြစ်သွားရတာကို မင်း နေသားကျရဲ့လား။”

အားကုန်းက ရုတ်တရက် မေးလိုက်သည်။

“အစွမ်းထက်တဲ့သူကို အညံခံတာပဲလေ။ နေသားမကျစရာ ဘာရှိလဲ။”

ကျူးဝူက ပြန်ချေပလိုက်၏။

“ငါ့ရဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေသရွေ့ ဘယ်နေရာမဆို ငါ လိုက်လျောညီထွေ နေနိုင်တယ်။”

အားကုန်းကလည်း အလွန် ထောက်ခံသည့်အနေဖြင့် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

ဤအချိန်တွင် ဤဂလက်ဆီ၏ အများသုံးချန်နယ်ထဲ၌မူ လော်လီသမားများက လှောင်ပြောင်နေကြဆဲ ဖြစ်သည်။

“ဘော...မင်းတို့နှစ်ယောက် ဇာတ်တိုက်ထားတာ တော်တော်လေး ကောင်းတာပဲ။ ငါဆို တကယ်ပဲ တခြားဂလက်ဆီက လာတယ်လို့ ထင်မိတော့မလို့။”

“ဟုတ်ပ။ တစ်ယောက်က ‘ကုချေသည်ဝက်’၊ နောက်တစ်ယောက်က ‘အားကုန်း’။ တကယ်ကို အောက်တန်းစားတွေ အချင်းချင်း စုမိနေကြတာပဲ။”

“မင်း ပြောချင်တာက သူတို့က ဝက်တွေ၊ ခွေးတွေထက်တောင် ဆိုးတယ်လို့ ပြောချင်တာလား။”

“မဟုတ်တာ၊ မဟုတ်တာ။ ငါတို့က ယဉ်ကျေးတဲ့လူတွေပဲလေ။ အဲဒီလို ရိုင်းစိုင်းတဲ့စကားတွေကို မပြောအပ်ပါဘူး။”

“ဒါပေမဲ့... ငါ စောစောက အဝေးကနေ ငါတို့ဆီကို ဦးတည်ပျံသန်းလာတဲ့ ကြယ်တံခွန်တစ်ခုကို တကယ် မြင်လိုက်ရသားပဲ။ အဲဒါ အမှန်များ ဖြစ်နေမလား။”

“အပေါ်က ညီအစ်ကို... မင်းက တကယ်ပဲ အဲဒီလို ပေါက်ကရစကားတွေကို ယုံနေတာလား။”

“အတိအကျပဲ။ သူက ကြယ်တံခွန်ကို စီးနိုင်တယ်ဆိုရင် ငါက ကြယ်ကြီးကိုတောင် စီးပြလိုက်ဦးမယ်။”

“ဒါပေမဲ့ တကယ်လို့ အမှန် ဖြစ်နေရင်ကော။”

“မှန်တယ်။ တကယ်လို့ သူ့ရဲ့ ကယ်ဆယ်ရေးယာဉ်က ကြယ်တံခွန်ရဲ့ ဆွဲငင်အားကြောင့် ပါလာပြီး ဒီဂလက်ဆီကို ရောက်လာတာဆိုရင် အဲဒါက မဖြစ်နိုင်တာမှ မဟုတ်တာ။”

“ဒါဆိုရင် သူ့ကို မေးကြည့်ကြရအောင်။ သူက တခြားဂလက်ဆီက လာတာဆိုတော့ ထူးခြားတဲ့ သတင်းအချက်အလက်တွေ ရှိမှာပဲ။ မေးကြည့်ရအောင်။”

“ဟုတ်တယ်။ @ကချေသည်ဝက်.. ညီအစ်ကို... တခြားဂလက်ဆီရဲ့ အခြေအနေကို ငါတို့ကို နည်းနည်းလောက် ပြောပြပေးနိုင်မလား။”

တစ်စုံတစ်ဦးက ကျူးဝူ၏ အိုင်ဒီကို မန်းရှင်းခေါ် လိုက်သည်။

ကျူးဝူသည် အားကုန်းနှင့် ခေတ္တမျှ စကားပြောပြီးနောက် အများသုံးချန်နယ်သို့ ပြောင်းလဲကာ ပြောလိုက်သည်။

“ငါ ဒီနေ့ ပထမအဆင့်က မဟာမိတ်ဟောင်းနဲ့ ပြန်ဆုံရလို့ စိတ်ခံစားချက် ကောင်းနေတယ်။ ဒါကြောင့် မင်းတို့လို လော်လီသမားတွေနဲ့ ဖက်မပြိုင်တော့ဘူး။ တခြားဂလက်ဆီရဲ့ သတင်းအချက်အလက်ကို သိချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့ တန်ဖိုးတစ်ခုခုတော့ ပေးရလိမ့်မယ်။”

“ငါတို့ ဘယ်လိုတန်ဖိုးမျိုး ပေးရမှာလဲ။”

“ဥပမာအားဖြင့်... အနက်ရောင်ရွှေ၊ အောက်ဆီဂျင်၊ လျှပ်စစ်ဓာတ်အား၊ အစားအစာ၊ ရေသန့်...ဒါတွေထဲက အဆင်ပြေရာ တစ်ခုခုပေါ့။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။ သူတို့ကို ဓားပြတိုက်ရန် အခွင့်အရေး ရှိနေသဖြင့် ကျူးဝူ သေချာပေါက် အလွတ်ခံမည်မဟုတ်ပေ။

“သေစမ်း... ဒီလောက် မျက်နှာပြောင်တိုက်တဲ့ အသက်ရှင်ကျန်ရစ်သူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။”

“အတိအကျပဲ။ သတင်းအချက်အလက်လေး နည်းနည်း မျှဝေတာကို ပစ္စည်းတွေအများကြီး လိုချင်နေတယ်။”

“ငါက ဒီမှာ စီးပွားရေးလုပ်နေတာကွ။ အားလုံးက ကိုယ့်သဘောနဲ့ကိုယ်ပဲ။ တစ်ယောက်က ပေးချင်လို့ ပေးတယ်၊ နောက်တစ်ယောက်က လဲချင်လို့ လဲတယ်။ အဲဒါ မင်းတို့နဲ့ ဘာဆိုင်လဲ။”

ကျူးဝူက ပြုံးကာ ပြန်လည်ချေပလိုက်သည်။

“အားလုံးပဲ... သူ့ကို မယုံကြနဲ့။ တကယ်လို့ အဲဒီပစ္စည်းတွေကို သူ့ဆီ သွားလဲရင် မင်းတို့ အလိမ်ခံရလိမ့်မယ်။”

“မှန်တယ်။ သူပြောတဲ့အရာတွေက ဘာမှ သက်သေပြလို့မရဘူး။ ဒါကြောင့် လူတိုင်းအနေနဲ့ ဒီလောက် အရေးကြီးတဲ့ အရင်းအမြစ်တွေကို အလဟဿ မဖြုန်းကြပါနဲ့။”

“အဲဒါတော့ ဟုတ်သား။ နောက်ပြီး ငါတို့က တခြားဂလက်ဆီအကြောင်းကို ဘာလို့ ဂရုစိုက်နေရမှာလဲ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်း ရှင်သန်နိုင်ဖို့ပဲ လိုတယ်။”

“ဒါပေမဲ့ ငါတို့က ဆက်ပြီး မရှင်သန်နိုင်တော့ဘူးလေ။ ငါ့ရဲ့ အောက်ဆီဂျင်က ကုန်တော့မယ်။ ပြီးတော့ ဒီနှစ်ရက်အတွင်း ရိက္ခာသေတ္တာတွေထဲကနေ အောက်ဆီဂျင် တစ်ဘူးမှ မရလာဘူး။”

ထိုအသက်ရှင်ကျန်ရစ်သူများ၏ မှတ်ချက်များကို မြင်လိုက်ရသောအခါ ကျူးဝူသည် ပိုက်ဆံရှာရန် လမ်းစတစ်ခုကို ရှာတွေ့သွားပုံရသည်။

“မင်းတို့ဆီမှာ ဒီအရင်းအမြစ်တွေ ဒီလောက်တောင် ရှားပါးနေမှန်း ကြိုသိရင် ငါတို့ဂလက်ဆီကနေ ရိက္ခာတွေကို တိုက်ရိုက် သယ်လာပြီး ရောင်းစားလိုက်ပါတယ်။”

ကျူးဝူက ဂရုထဲတွင် ပြုံးကာ ပြောလိုက်သည်။

သူသည် ကြယ်တံခွန်၏ ပတ်လမ်းလှည့်ပတ်မှုစက်ဝိုင်းကို အပြည့်အဝ အသုံးချပြီး ဂလက်ဆီအမျိုးမျိုးကြား ခရီးနှင်နိုင်ကာ ထို့နောက် သူဌေးဘက်မှ အရင်းအမြစ်များကို အခြားဂလက်ဆီများသို့ ပြန်လည်ရောင်းချနိုင်သည်။

ကြယ်တံခွန်ကုန်သည်ဖြစ်ရတာလည်း မဆိုးလှပါဘူး။

“စေသမ်း... ငါတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဒီကောင်က ဘယ်လိုဖြစ်လို့ ကြွားရတာ ပိုပိုပြီး လက်လွန်လာရတာလဲ။ ဘလော့ပြီကွာ။”

“အတိအကျပဲ။ တခြားဂလက်ဆီက အရင်းအမြစ်တွေကို လာရောင်းဦးမလို့တဲ့လား။ မင်းတို့ဘာသာမင်းတို့ သုံးဖို့တောင် လုံလောက်လို့လား။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တကယ်ကို စိတ်မကောင်းပါဘူး။ အနည်းဆုံးတော့ စောစောက ငါပြောခဲ့တဲ့ အရင်းအမြစ်တွေက ငါ့ဆီမှာ အပြည့်ပဲ။”

“ဖူး... အဲလိုတော့ ငါလည်း ပြောတတ်တာပေါ့။ ငါ့လက်ထဲမှာ လက်ရှိ အနက်ရောင်ရွှေ တန်ချိန် တစ်ဆယ် ရှိတယ်ကွ။”

“ငါလည်း ပြောနိုင်တယ်။ ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်ထဲက အောက်ဆီဂျင်တွေက ပေါက်ကွဲထွက်တော့မတတ်ပဲ။”

“ငါလည်း တူတူပဲ။ ငါ့ယာဉ်ထဲမှာ လျှပ်စစ်ဓာတ်အားတွေ အရမ်းများလွန်းလို့ ကြယ်တစ်စင်းလိုတောင် လင်းထိန်နေပြီ။”

ကျူးဝူသည် သူတို့၏ သရော်စာများကို ပြုံးကာ ကြည့်နေပြီး အများသုံးချန်နယ်ထဲသို့ အရင်းအမြစ်အချို့၏ အခြေအနေကို တိုက်ရိုက် ချပြလိုက်သည်။

“လောင်စာဆီ ၉၈%၊ အောက်ဆီဂျင် ၂၀ လီတာ၊ လျှပ်စစ်ဓာတ်အား ၁၀၀%။”

၎င်းကို ချပြပြီးနောက် ကျူးဝူသည် ရုတ်တရက် ချမ်းသာသွားသည့် အထည်ကြီးပျက်တစ်ဦးကဲ့သို့ မေးလိုက်သည်။

“ဒီလောက်ဆိုရင် လုံလောက်ပြီလား။”

“သောက်ကျိုးနည်း... သူ့မှာ ဘယ်လိုလုပ် လောင်စာဆီတွေ ဒီလောက်အများကြီး ရှိနေတာလဲ။ ငါ့လောင်စာဆီက အောက်ခြေ သုညကို ထိတော့မယ်။”

“မဟုတ်မှလွဲရော... ဆရာကြီး...ငါ့ကို နည်းနည်းလောက် ရောင်းပေးပါ။”

“ငါ အသက်ရှူကျပ်နေပြီ သူဌေး။ အောက်ဆီဂျင် လိုချင်တယ်။”

“ငါ့ယာဉ်ပေါ်က စက်ရုပ်လက်တံက အလုပ်မလုပ်တော့ဘူး။ ရိက္ခာသေတ္တာ သွားဆွဲဖို့ လျှပ်စစ်ဓာတ်အား နည်းနည်းလောက် လွှဲပေးပါလား။”

“မိတ်ဆွေ အသက်ရှင်ကျန်ရစ်သူတို့...စိတ်မကောင်းပါဘူး။ ဒါတွေအားလုံးက ငါ့ရဲ့သူဌေး ငါ့ကို အပိုဆောင်း ပေးထားတဲ့ ပစ္စည်းတွေပဒ။ ငါ မူလဂလက်ဆီကို ဘယ်အချိန်မှာ ပြန်ပြီးပျံသန်းနိုင်မလဲဆိုတာ မသိရသေးတဲ့အတွက် ဒါတွေကို ထုတ်မရောင်းရဲဘူး။ တောင်းပန်ပါတယ်...မကူညီနိုင်ပါဘူး။”

ကျူးဝူက ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။

“တကယ်လို့ ငါ နောက်တစ်ခါ ပြန်လာနိုင်ဦးမယ်ဆိုရင်တော့ လူတိုင်းကို ရောင်းချဖို့အတွက် အရင်းအမြစ်တွေ အလုံအလောက် သေချာပေါက် သယ်လာပေးပါ့မယ်။”

ကျူးဝူ၏ ပြန်လည်ဖြေကြားမှုကို မြင်လိုက်ရသောအခါ အများသုံးချန်နယ်ရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

“မဟုတ်မှလွဲရော သူက တကယ်ကြီး တခြားဂလက်ဆီက လာတာလား။”

“သေစမ်း...ငါ့အထင်တော့ အမှန်ပဲ ဖြစ်နိုင်လိမ့်မယ် ထင်တယ်။ ငါ့တို့ဂလက်ဆီထဲမှာ သူလို ချမ်းသာတဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။”

“သေချာပေါက် မရှိဘူး။ ဒီနှစ်ရက်အတွင်းမှာ လူတော်တော်များများ အသက်ရှူကျပ်ပြီး သေကုန်ကြပြီ။ ဂရုထဲမှာ ခဏခဏ စကားပြောလေ့ရှိတဲ့ လူအချို့ဆို အခု ပျောက်ကွယ်သွားကြပြီ။”

All Chapters